Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၆.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ထိုင်း PTTEPက မြန်မာM-11လုပ်ကွက် အတွက် လက်တွဲရန် ပြင်သစ်Totalနှင့် ဂျပန်JX Nipponကိုရွေးချယ်

(Reuter Newsမှ 3Sept 2012ရက်စွဲပါ “Thai PTTEP chooses Total ,JX Nippon until for Myanmar M-11” သတင်းကို ဘာသာပြန်ဆို သည်။)

  1. အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ၏ အဓိက အလေးပေးမှုမှာ ထိုင်းနှင့် အာဆီယံဖြစ်

(The Nation သတင်းစာမှ 1 Sept 2012 ရက်စွဲပါ Achara Deboonme ရေးသားသော Thailand, Asean foucs of US investmentကို ဘာသာ ပြန်ဆို သည်)

***********************************************************

ဘာသာပြန်သတင်းများ

ထိုင်း PTTEP က မြန်မာM-11လုပ်ကွက်အတွက် လက်တွဲရန် ပြင်သစ်Totalနှင့် ဂျပန် JX Nippon ကိုရွေးချယ်

(Reuter Newsမှ 3Sept 2012ရက်စွဲပါ “Thai PTTEP chooses Total ,JX Nippon until for Myanmar M-11” သတင်းကိုဘာသာပြန်ဆိုသည်။)

ထိုင်းနိုင်ငံ၏ ထိပ်တန်းရေနံကုမ္ပဏီ PTTEP ကမြန်မာနိုင်ငံ ရေနံလုပ်ကွက် M-11လုပ်ကွက်တွင် ပူးပေါင်းရန်ဖက်စပ် စီးပွားဖက် အဖြစ်ပြင်သစ် ရေနံ ဘီလူးကြီး (ကုမ္ပဏီကြီး)Total(SA)နှင့် ဂျပန်JX Nippon Oil and Gas Exploration Cropတို့ကို ရွေးချယ်ထားကြောင်း တနင်္လာနေ့က ထုတ်ဖော် ပြောကြားသည်။

မတ်တာဘန် ပင်လယ်ကွေ့တွင် တည်ရှိသော M-11 လုပ်ကွက်တွင် Total E&P Myanmar ကရှယ်ယာ၄၀ရာခိုင်နှုန်းနှင့် JX Nippon Oil and Gas Exploration (Myanmar)က ရှယ်ယာ၁၅ရာခိုင်နှုန်း အသီးသီး ထည့်ဝင်ကြမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ PTTEP ရေနံကုမ္ပဏီက အများစုရှယ်ယာ ၄၅ရာခိုင်နှုန်းကို ထိန်းချုပ်၍ လုပ်ငန်း အကောင်အထည်ဖော်မည်ဟု သိရှိရသည်။ အဆိုပါ သဘောတူညီချက်ကို မြန်မာအစိုးရထံ ခွင့်ပြုဖို့ တင်ပြထားသည်ဟု ကုမ္ပဏီက ပြောကြားသည်။

ယခုဆောင်ရွက်ချက်သည် ထိခိုက်နိုင်ခြေကို ခွဲဖြန့်ပစ်လိုက်သော PTTEPမဟာဗျူဟာ၏ အစီအစဉ်တစ်ရပ် ဖြစ်သည်။ ၂၀၁၃တတိယ သုံးလပတ် တွင် စမ်းသပ်တွင် ကို တူးဖော်ရန် စီစဉ်နေသည်ဟုလည်း သိရှိရသည်။

--------------------------------------------------------------------------------------------------------------------------------

အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ၏ အဓိကအလေးပေးမှုမှာ ထိုင်းနှင့် အာဆီယံဖြစ်

(The Nation သတင်းစာမှ 1 Sept 2012 ရက်စွဲပါ Achara Deboonme ရေးသားသော Thailand, Asean foucs of US investmentကို ဘာသာ ပြန်ဆို သည်)

မြန်မာနိုင်ငံတွင် တံခါးဖွင့်သည့်စနစ် ပြန်လည်ကျင့်သုံးလာမှု အပါအဝင် ဒေသတွင်း စီးပွားရေး အင်အား ကောင်းမွန်လာမှု၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နိုင်မှု အစရှိသည်တို့ကြောင့် အာဆီယံ၊ (အထူးသဖြင့် ထိုင်းနိုင်ငံ)သည် အမေရိကန် ကုမ္ပဏီများအတွက် အခရာကျသော ရင်းနှီးမြှုပ်နှံမှု ဇုန်အဖြစ် သတ်မှတ်ဖော်ပြခံလာရသည်။

အာဆီယံ-အမေရိကန် ကုန်သည်ကြီးများအသင်း(Amcham)က ပြုလုပ်သော စစ်တမ်းတစ်ရပ်အရ အသင်းဝင် ၉၂ရာခိုင်နှုန်းက ထိုင်းနှင့် အာဆီယံ နှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် အမြင်(သို့မဟုတ်) အလွန်အမင်း အပြုသဘောဆောင်သည့် အမြင်ရှိကြသည်။ အဆိုပါ စစ်တမ်းကို အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန် အခြေစိုက် Amchamနှင့် ပူးပေါင်းပြုလုပ်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်ထရာ၏ ရှေ့မှောက်တွင် သြဂုတ် လ ၃၁ရက်နေ့က ထုတ်ပြန်ခဲ့သည်။

"စီးပွားရေးအရ ဒူပေနာပေခံနိုင်မှု ရှိခြင်းကြောင့် အမေရိကန် ကုမ္ပဏီတွေဟာ ထိုင်းနိုင်ငံကို ရင်းနှီးမြှုပ်နှံလို့ ကောင်းတဲ့နိုင်ငံတွေမှာ ကမ္ဘာ့ထိပ်တန်း နိုင်ငံအဖြစ် ဆက်လက် သတ်မှတ်ကြပါတယ်" ဟု ထိုင်းနိုင်ငံအခြေစိုက် Amcham ဥက္ကဌ Joe Mannixက ပြောကြားသည်။ ၎င်းသည် ၂၀၁၁ ခုနှစ် အဆိုးရွားဆုံး ရေလွှမ်းမိုးမှု နောက်ပိုင်း ထိုင်းနိုင်ငံ၏ ပြန်လည်နာလန်ထူမှုကို ကောင်းစွာနားလည် သဘောပေါက်ထားသူ ဖြစ်သည်။

ထိုင်းနိုင်ငံရှိ Amcham အဖွဲ့ဝင်ဦးရေ ၇၀၀ ၏ ၆၅ ရာခိုင်နှုန်းက တိုင်းပြည်စီးပွားရေးအင်အား ကောင်းမွန်မှုကြောင့် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန် စီစဉ်လျက်ရှိကြောင်း၊ အာဆီယံနိုင်ငံများမှ အဖွဲ့ဝင်များသည်လည်း ဒေသတွင်းချိတ်ဆက်ပူးပေါင်းနိုင်မှုနှင့် မြန်မာနိုင်ငံတွင် တံခါးဖွင့်စနစ် ပြန်လည်ကျင့်သုံး လာမှုတို့နှင့် ပတ်သက်၍ အပြုသဘောဆောင်သည့် အမြင်များ ရှိနေကြာင်း Joe Mannixက ပြောကြားသည်။

အာဆီယံဆိုင်ရာ စစ်တမ်းတွင်မူ အဖွဲ့ဝင် သုံးပုံနှစ်ပုံခန့်က ဒေသတွင်း နိုင်ငံများ၌ ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိသည်။ သို့သော် လာမည့်၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေး အသိုင်းအဝိုင်း ဖြစ်ပေါ်အောင် ဆောင်ရွက်နိုင်ခြင်း ရှိ၊မရှိဟူသော ကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့က သံသယ ဖြစ်လျက်ရှိသည်။ သို့အတွက်ကြောင့် ထိုင်းနိုင်ငံ အနေဖြင့် ရောင်းရင်းအာဆီယံ အဖွဲ့ဝင် နိုင်ငံများကို အဆိုပါ ပန်းတိုင်သို့ရောက်ရှိအောင် တွန်းအားပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း Joe Mannix ကဆိုသည်။

ထိုင်းနိုင်ငံရှိ အမေရိကန်ကုမ္ပဏီ သုံးပုံတစ်ပုံမှာ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့ရန် အလေးအနက် ထည့်သွင်းစဉ်းစား လျက်ရှိသည်ဟု ၎င်းကဆိုသည်။ အဆိုပါ ကုမ္ပဏီများ၏ ထိုင်းနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၄၀ဘီလီယံသို့ ရောက်ရှိလာ လိမ့်မည် ဖြစ်သည်ဟု ဆိုသည်။

အာဆီယံသည် ယခုအခါ အမေရိကန်ပြည်ထောင်စုသို့ ကုန်ပစ္စည်းတင်ပို့သော စတုတ္ထအကြီးဆုံး ဈေးကွက်ဖြစ်ပြီး ပဉ္စမအကြီးဆုံး ထောက်ပံ့သူဖြစ်သည်။ အမေရိကန်ပြည်ထောင်စုမှာမူ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးအရ ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံး စီးပွားရေးမိတ်ဖက်နိုင်ငံဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ရင်းလတ်ရှင်နာဝပ်ထရာက ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းများဖြစ်ပေါ်အောင် အဂတိလိုက်စားမှုနှင့် ကြိုးနီစနစ်များ လျှော့ချ ပေးသွားမည်ဟု ကတိကဝတ်ပြု ပြောဆိုထားမှုကိုလည်း အမေရိကန် ကုမ္ပဏီများက အသိအမှတ် ပြုကြသည်။ ဝန်ကြီးချုပ် ရင်းလတ်က သဘာဝဘေးအန္တရယ်ဆိုးများ အကောင်းဆုံးသောနည်းလမ်းများဖြင့် အကာအကွယ်ပေးခြင်းအားဖြင့်လည်း ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းများ ပိုမိုဖြစ်ထွန်းအောင် လုပ်ဆောင် ပေးမည်ဟု ဆိုထားသည်။ ထိုင်းနိုင်ငံအနေဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးအရ နံပါတ်၁ အဆင့်သို့ ရောက်ရှိနိုင်ရေးအတွက် စီးပွားရေး လုပ်ငန်းများကို ပိုမိုကြီးထွားအောင် လုပ်ကိုင်ကြရန် ဝန်ကြီးချုပ်က ကုမ္ပဏီကြီးများကို အားပေးအားမြှောက် ပြုထားသည်။

Amchamစစ်တမ်း တစ်ခုလုံးကို ခြုံငုံကြည့်မည်ဆိုလျှင် အာဆီယံနိုင်ငံများသည် နိုင်ငံခြား ကုမ္ပဏီများအတွက် သက်တောင့်သက်သာဖြစ်သည့် ပတ်ဝန်း ကျင်မျိုးကို ဖန်တီးပေးထားနိုင်သည်ကို တွေ့ရသည်။

အာဆီယံတွင် လာမည့်ငါးနှစ်အတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် Amchamအဖွဲ့ဝင် ၉၀ရာခိုင်နှုန်းက မျှော်လင့်ထားကြသည်။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာသည် ဟူသည်မှာ အာဆီယံ အလုပ်သမားများအတွက် သတင်းကောင်း တစ်ခုပင်ဖြစ်သည်။ စစ်တမ်းအရ ကုမ္ပဏီများ၏ ၆၀ရာခိုင်နှုန်းက လာမည့် ၂နှစ်အတွင်း အာဆီယံလုပ်သား အင်အားကို တိုးမြှင့်ရန် မျှော်မှန်းထားကြသည်။

မည်သို့ပင်ဆိုစေ အာဆီယံဒေသတွင်း အမေရိကန် ကုမ္ပဏီများ အနေဖြင့် စီးပွားရေး လုပ်ငန်းများ လည်ပတ်လုပ်ကိုင်ရာ၌ အဂတိ လိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုတို့က ကြီးမားသော စိုးရိမ်စရာအဖြစ် ကျန်ရှိနေဆဲ ပင်ဖြစ်သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment