Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၁.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ရခိုင်ပြည်နယ်မှ လူသားချင်း  စာနာမှုဆိုင်ရာ အခြေအနေကို အမေရိကန် စိုးရိမ်

(ABC Radio Austuralia Newsမှ 11Sept 2012ရက်စွဲပါ “US Humanitarian concern over Rakhine State”ကိုဘာသာပြန်ဆိုသည်)

  1. Coke ကမြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် အချိုရည်များ သင်္ဘောတင်ပို့

(10 September 2012ရက်စွဲပါ Reuter မှCoke ship first drinks to Myanmar in decade ကိုဘာသာပြန်ဆိုသည်။)

***********************************************************

ဘာသာပြန်သတင်းများ

Coke ကမြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် အချိုရည်များ သင်္ဘောတင်ပို့

(10 September 2012ရက်စွဲပါ Reuter မှCoke ship first drinks to Myanmar in decade ကိုဘာသာပြန်ဆိုသည်။)

ကိုကာကိုလာ ကုမ္ပဏီက ၎င်းသည် မြန်မာနိုင်ငံမှ ဖောက်သည်များအတွက် အချိုရည်များ သင်္ဘောတင်ပြီး ဖြစ်ကြောင်းနှင့် နှစ်ပေါင်း၆၀အတွင်း ပထမဆုံး အကြိမ်အဖြစ် တင်ပို့ခြင်း ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားသည်။

မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းပေးခဲ့ အပြီးတွင် Cokeသည် မြန်မာနိုင်ငံမှ ပင်းယကုမ္ပဏီနှင့် တွဲ၍ ကိုကာကိုလာ ၊ကိုကာ ကိုလာ(Light)နှင့် Sprite တို့ကို နိုင်ငံအဝှမ်း ဖြန့်ချိမည် ဖြစ်သည်။

ပြိုင်ဘက် ပက်စီကုမ္ပဏီက  ပြီးခဲ့သည့်လက ၎င်း၏အချိုရည်အချို့ကို မြန်မာနိုင်ငံတွင် ရောင်းချရန်စီစဉ်နေပြီ ဖြစ်ကြောင်း ပြောခဲ့ရာ ဆယ်စုနှစ် ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက်တွင် အထီးကျန်ဖြစ်မှုမှ လွတ်မြောက်လာသော မြန်မာနိုင်ငံတွင် ဧရာမအချိုရည် ကုမ္ပဏီများအကြား ပြိုင်ဆိုင်မှုများ ကြီးမားလာတော့မည် ဖြစ်သည်။

ကမ္ဘာပေါ်တွင် အကြီးဆုံးအချိုရည် ထုတ်လုပ်သူဖြစ်သော Coke သည် ပင်းယကု မ္ပဏီနှင့် ပေါင်း၍ မြန်မာနိုင်ငံတွင် အချိုရည် ပုလင်းများသွပ်၍ ထုတ်လုပ်မှု အမြန်ဆုံး စတင်ရန် လုပ်ဆောင်လျက် ရှိသည်ဟု Cokeကပြောသည်။

ဇွန်လက Cokeသည် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ၎င်းသည် ၎င်း၏လှူဒါန်းမှုများ ပြုလုပ်သော ဖောင်ဒေးရှင်းမှ တစ်ဆင့် NGOတစ်ခုသို့ မြန်မာ နိုင်ငံတွင် အမျိုးသမီးများ ၊ စီးပွားရေး ထူထောင်နိုင်ရန်နှင့် အလုပ်အကိုင် ဖန်တီးရန် ဒေါ်လာ၃သန်း ခွင့်ပြုခဲ့သည်ဟု ဆိုပါသည်။

သမ္မတ ဦးသိန်းစိန်၏ ဝက်ဆိုက်တွင် စက်တင်ဘာ ၆ရက်နေ့က ဖော်ပြထားသော ထုတ်ပြန်ချက်အရ ကိုကာကိုလာသည် လာမည့်သုံးနှစ် အတွင်း မြန်မာနိုင်ငံတွင် ဒေါ်လာသန်း၁၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပြီး မြန်မာနိုင်ငံတွင် အလုပ်အကိုင်နေရာ ၂၀၀၀ခန့် ဖန်တီးပေးနိုင်မည်ဟု သိရှိရသည်။

အဆိုပါ ထုတ်ပြန်ချက်ကို အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး David Carden၊ အမေရိကန် သမ္မတနှင့် အာဆီယံ ၁၀နိုင်ငံ ခေါင်းဆောင် များ ဖွဲ့စည်းထားသော ASEAN Eminent Persons Group တို့ကလည်း ဖော်ပြခဲ့သည်။

သို့သော် Cokeမှ ပြောခွင့်ရပုဂ္ဂိုလ်က အဆိုပါ အစီအစဉ်ကို အတည်ပြုခြင်း မရှိဘဲ ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် မည်၍မည်မျှ ရင်းနှီး မြှုပ်နှံ မည် ဆိုသည်ကို အတိအကျပြောရန် စောလွန်းသေးကြောင်း ပြောကြားခဲ့သည်။ ၎င်းက အဆိုပါ အစီအစဉ်မှာ လာမည့်နှစ်များအတွင်း အရေးကြီးသော ငွေအရင်းအနှီးကို ရင်းနှီးမြှုပ်နှံရန် ဖြစ်ကြောင်း ပြောခဲ့သည်။

Coke၏ ရှယ်ယာသည် နယူယောက် စတော့အိတ်ချိန်းတွင် 17cents သို့မဟုတ် ၀.၄ရာခိုင်နှုန်း ကျဆင်းပြီး ဒေါ်လာ(၃၇.၇၃)တွင် ရှိနေသည်။

---------------------------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ်မှ လူသားချင်း  စာနာမှုဆိုင်ရာ အခြေအနေကို အမေရိကန် စိုးရိမ်

(ABC Radio Austuralia Newsမှ 11Sept 2012ရက်စွဲပါ “US Humanitarian concern over Rakhine State”ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ အဓိကရုဏ်း ဘေးဒဏ်သင့် ရခိုင်ပြည်နယ်၏ လူသားချင်း စာနာမှုဆိုင်ရာ  အနေအထားအပေါ် စိုးရိမ်ပူပန် မိသည်ဟု ယင်းဒေသသို့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီးသည့်နောက်  အမေရိကန် ပြည်ထောင်စုက ပြောကြားလိုက်သည်။

ဇွန်လအတွင်းက လူပေါင်းဒါဇင်နှင့်ချီ သေဆုံး၍ လူထောင်ပေါင်းများစွာ အိုမဲ့အိမ်မဲ့ ဖြစ်စေခဲ့သော အဓိကရုဏ်း ဖြစ်ပွားခဲ့သော ဒေသသို့ မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်နှင့် အကြီးတန်း သံတမန် ဂျိုးဇက်ယွန်းတို့ ပါဝင်သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့ နှစ်ရက်ကြာ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

တနင်္လာနေ့ သွားရောက်ခဲ့သော ခရီးစဉ်အပြီး ရန်ကုန်မြို့အမေရိကန် သံရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် “နှစ်ဖက်အသိုင်း အဝိုင်း၏ ကျယ်ပြန့်သော နယ်မြေအနှံ့တွင် ဖြစ်ပွားထိခိုက်ခဲ့ပြီး လူသားချင်း စာနာမှု အနေအထားမှာ ကြီးကြီးမားမား စိုးရိမ်နေရဆဲ ဖြစ်သည်ဟု ဖော်ပြထားသည်။”

ရေရှည်စဉ်ဆက်မပြတ် ပြေလည်မှု ရစေမည့် လက်တွေ့စီမံချက်ကို ချမှတ်အကောင်အထည် ဖော်နေစဉ် အရေးပေါ် လိုအပ်ချက်များကို ဖြေရှင်း သွားရန် အရေးကြီးသည်ဟု လည်းဖော်ပြသည်။

ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာ ရခိုင်များအကြား အကြမ်းဖက်မှု ဖြစ်ရပ်များအတွင်း လူပေါင်း ၉၀ခန့် သေဆုံးခဲ့သည်ဟု တရားဝင် ကိန်းဂဏန်း များ က ဆိုသော်လည်း အမှန်တကယ် သေဆုံးမှုနှုန်း မှာ သိသိသာသာ ပိုမိုများပြားသည်ဟု လူ့အခွင့်အရေး အုပ်စုများက အစီရင်ခံ တင်ပြထားကြသည်။

ရိုဟင်ဂျာ မူစလင်များကို အစိုးရတပ်ဖွဲ့များက ပစ်ခတ်ခဲ့သည်ဟု နယူယောက်အခြေစိုက် Human Rights Watchက စွပ်စွဲခဲ့ပြီး ကုလသမဂ္ဂက သတ်မှတ်ထားသော ရိုဟင်ဂျာများ၏ အနေအထားအပေါ် အစ္စလာမ် ကမ္ဘာတစ်လွှား စိုးရိမ်ပူပန်မှု အသံများ ကျယ်လောင်လာခဲ့သည်။

အမေရိကန် ကိုယ်စားလှယ် အဖွဲ့သည် ဒုက္ခသည် စခန်းများ ဒေသတွင်း စီးပွားရေး လုပ်ငန်းများ ၊ ဘုန်းကြီးကျောင်းများ၊ ဗလီများသို့ သွားရောက် ခဲ့ပြီး နှစ်ဖက် အသိုင်းအဝိုင်းများကို တွေ့ဆုံခဲ့သည်ဟု သံရုံး၏ ကြေညာချက်တွင် ပါရှိသည်။ အဆိုပါ ခရီးစဉ်တွင် နယ်စပ်ရေးရာဝန်ကြီး အပါအဝင် ဒေသခံ နိုင်ငံရေး ခေါင်းဆောင်များနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး ရေရှည်လုံခြုံရေးနှင့် တည်ငြိမ်မှု၊ ဒေသခံများ၏ လွတ်လပ်စွာ သွားလာခွင့်၊ လူသားချင်း စာနာ မှု ဆိုင်ရာ အကူအညီ အထောက်အပံ့များ ရရှိနိုင်မှုနှင့် အကာအကွယ် ပေးရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် နေထိုင်ကြသော အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် ဘင်္ဂါလီ ဘာသာစကားပြော ရိုဟင်ဂျာ ၈၀၀၀၀၀ခန့်ကို မြန်မာအစိုးရနှင့် ပြည်သူ အများစုက တရားမဝင် ရွှေ့ပြောင်းဝင်ရောက် နေထိုင်သူများဟု ရှုမြင်သတ်မှတ် ထားကြသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment