Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၂.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် Western Union၏ နိုင်ငံတကာ ငွေလွှဲလုပ်ငန်း စတင်တော့မည်

(I Stock Analyst မှ 11Sept 2012 ရက်စွဲပါ “Western Union to Launch International money transfer services in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ရိုဟင်ဂျာ ပြဿနာ ဆုံးခန်းတိုင်ဖို့ ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံကြရန် ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

(The Daily Star Newsမှ 12Sept 2012ရက်စွဲပါ “Invest in Rakhine state to end Roheingya crisis”သတင်းကို ဘာသာပြန်ဆိုသည်)

  1. တရုတ်ဒုသမ္မတ Xi Jinping မြင်ကွင်းမှ ပျောက်နေခြင်းအတွက် ကောလဟာလများထွက်ပေါ်

(11 September 2012 ရက်စွဲပါ BBC News မှ China’s absent Vice-President Xi Jinping prompts rumours ကို ဘာသာပြန်ပါသည်။)

************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် Western Union၏နိုင်ငံတကာငွေလွှဲလုပ်ငန်း စတင်တော့မည်

(I Stock Analyst မှ 11Sept 2012 ရက်စွဲပါ “Western Union to Launch International money transfer services in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

ငွေလွှဲနှင့် ပေးချေမှု လုပ်ငန်းများ ဆောင်ရွက်နေသော Western Union Coသည် မြန်မာ့ အရှေ့တိုင်းဘဏ်နှင့် လက်မှတ်ထိုးကာ မြန်မာနိုင်ငံတွင် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများ စတင်လုပ်ကိုင်တော့မည်ဟု ပြောကြားသည်။

ကုမ္ပဏီ၏ ငွေလွဲဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက် ရန်ပထမဆုံးအေးဂျင့် အဖြစ်မြန်မာ့အရှေ့တိုင်း ဘဏ်နှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ၎င်းငွေလွှဲလုပ်ငန်းကြောင့် ပေးပို့ငွေလွှဲလုပ်ငန်းကြောင့် ကမ္ဘာတစ်လွှားမိသားစုဝင်များ ပေးပို့သော ပိုက်ဆံကို မြန်မာနိုင်ငံသားများ ယုံကြည်စိတ်ချစွာ လက်ခံရရှိတော့ မည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းစမည့် ပထမဆုံး နိုင်ငံတကာ ငွေလွှဲကုမ္ပဏီများ ထဲမှတစ်ခုဖြစ်သော Western Union သည် အနောက်အုပ်စုများ၏ ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှု တားမြစ်ထားသော sanction များရုတ်သိမ်းပြီး ၃လအကြာ တွင်တရားဝင်ငွေလွှဲပြောင်းမှု လုပ်ကိုင်ရန်လမ်းဖွင့်ထားခြင်း ဖြစ်သည်။

လတ်တလောတွင် ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ကိုးရီးယား၊ အမေရိကန်၊ ဥ ရောပနှင့် သြစတြေးလျနိုင်ငံများ၌ အလုပ်လုပ်နေသော မြန်မာ လူမျိုးအရေအတွက် နှစ်သန်းခန့်ရှိမည်ဟု ခန့်မှန်းထားသည်။

ပြည်တွင်း၌ ၁၉နှစ်သက်တမ်းရှိနေပြီ ဖြစ်သော မြန်မာအရှေ့တိုင်းဘဏ်သည် မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေကြေး ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသော ပထမအသုတ် ပုဂ္ဂလိက ဘဏ်များထဲတွင် ပါဝင်သည်.။

ရန်ကုန်၊ မန္တလေး၊မုံရွာ၊ မော်လမြိုင်၊ပါအဝင်ဘဏ်ခွဲ၁၉ခု ကွန်ယက်ချိတ်ဆက်ထားသော မြန်မာအရှေ့ တိုင်းဘဏ်သည်               Western Union ကုမ္ပဏီနှင့် လက်တွဲကာ မြန်မာနိုင်ငံ ဗဟိုဘဏ်၏ စည်းမျဉ်းများ အ တိုင်း လုပ်ငန်းများ စတင်တော့မည်ဖြစ်သည်။

Western Union၏ ငွေကြေးလွှဲပြောင်းဝန်ဆောင်မှု များတွင် ကုမ္ပဏီ- ကုမ္ပဏီချင်း နယ်စပ်ဖြတ်ကူးရောင်းဝယ်မှု ၌ ငွေကြေးယူနစ်များ ပြောင်းလဲခြင်းအပါအဝင် တစ်ကြိမ်တည်း သို့မဟုတ် အကြိမ်ကြိမ် ငွေပေးချေမှုများ ပြုလုပ်နိုင်ရန် ရွေးချယ်စရာ အစီအစဉ်များ ဖြည့်ဆည်းပေးမည်ဟုသိရှိရသည်။

ထို့ပြင်ဖောက်သည်ဖောက်သည်ချင်းပေးချေမှု၊ ကမ္ဘာလုံးဆိုင်ရာအရောင်းအဝယ်ပေးချေမှု အစီအစဉ်များလည်း ပါဝင်သည်ဟုဆို သည်။ ပြီးခဲ့ သော ၂၅ပတ်အတွင်း ၁၄.၅၅ဒေါ်လာနှင့်  ၁၉.၈၂ဒေါ်လာအကြား ပြေးနေသော Western Union ၏စတော့ရှယ်ယာ ဈေးနှုန်းသည်  အင်္ဂါနေ့တွင်  ၀.၆၀ရာခိုင်နှုန်း တက်ကာ ၁၈.၃၅ဒေါ်လာဖြင့် အရောင်း အဝယ် ဖြစ်ခဲ့သည်။

---------------------------------------------------------------------------------------------------------------------

ရိုဟင်ဂျာ ပြဿနာ ဆုံးခန်းတိုင်ဖို့ ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံကြရန် ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

(The Daily Star Newsမှ 12Sept 2012ရက်စွဲပါ “Invest in Rakhine state to end Roheingya crisis”သတင်းကို ဘာသာပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ် အစိုးရ အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးဖို့ ရင်းနှီးမြှုပ်နှံကြရန် နှင့် သို့မှသာ ရိုဟင်ဂျာတို့၏ ဒုက္ခများ ထာဝစဉ်အဆုံးသတ်သွားမည် ဖြစ်ကြောင်းမနေ့က တိုက်တွန်းပြောကြားသည်။ ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက်လည်း  ရိုဟင်ဂျာများ ထပ်မံစီးဝင်လာမှုမှ သက်သာရာ ရစေလိမ့်မည်ဟု ဆိုသည်။

ရိုဟင်ဂျာပြဿနာအပေါ် ရေရှည်ခံ လူသားချင်းစာနာမှု အဖြေထွက်လာရေးအတွက် ဘင်္ဂလားဒေ့ရှ် ၏ထင်မြင်ယူဆချက်များကို မေးမြန်မးခဲ့သော အမေရိကန်နိုင်ငံခြားရေး ဌာနအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ထိုသို့အကြံပြုခဲ့ခြင်းဖြစ်သည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည်  ဗုဒ္ဓဘာသာရခိုင်နှင့် မွတ်စလင် ရိုဟင်ဂျာတို့နေထိုင်ကြသော ရခိုင်ပြည်နယ်မှ ဒုက္ခသည်စခန်းများသို့ ၃ရက် ကြာ သွားရောက်ကြည့်ရှုခဲ့ပြီး နောက်ဒက္ကားသို့မနေ့က ရောက်ရှိ လာခဲ့သည်။

၎င်းကိုယ်စားလှယ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူများနှင့် မနေ့က မွန်းလွဲပိုင်း တွင်တွေ့ဆုံခဲ့သည်။ ထိုအ စည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက ဒက္ကားသည် နေပြည်တော်နှင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကာ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကာ လက်ကျန် ရိုဟင်ဂျာများကို မြန်မာနိုင်ငံသို့ ပြန်ပို့လိုကြောင်း ထပ်မံပြောဆိုခဲ့သည်။

ကော့ဘဇားခရိုင်ရှိ ဒုက္ခသည် စခန်းများမှ အန်ဂျီအို လုပ်ငန်းများအပေါ် ထားရှိသော ဘင်္ဂလားဒေ့ရှ်၏ မူဝါဒကို အမေရိကန် ကိုယ်စားလှယ်အဖွဲ့က မေမြန်းသောအခါ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက “ခိုအာပါရာနှင့် ကူတူပါလွန် ဒုက္ခသည် စခန်းများမှ နိုင်ငံတကာ အန်ဂျီအို အဖွဲ့သုံးဖွဲ့သည် သူတို့၏ လုပ် ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင် နေခြင်းကြောင့် စီမံချက်ကာလ သက်တမ်းတိုးခြင်းကို ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်”ဟု ပြန်ကြားပြောဆိုသည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွင် ဗဟိုအာရှနှင့် တောင်အာရှရေးရာ ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Alyssa Ayers ၊ အရှေ့တောင် အာ ရှနှင့် ပစိဖိတ်ရေးရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun၊ လူဦးရေ၊ ဒုက္ခသည်နှင့် ရွှေ့ပြောင်းမှုဆိုင်ရာ ဗျူရို ဒုလက်ထောက် နိုင်ငံခြား ရေး ဝန် ကြီး Kelly Clements၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ ဗျူရို ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး  Daniel Baerတို့ ပါဝင်လိုက်ပါ ကြ သည်။

ဒက္ကားမြို့သံရုံးမှ အမေရိကန် သံအမတ်ကြီး Dan Mozenaလည်း အစည်းအဝေးသို့ ပါဝင်တက်ရောက် ခဲ့ကြသည်။ အမေရိကန် အဆင့်မြင့် ကိုယ် စားလှယ် အဖွဲ့သည် ကုလသမဂ္ဂ တာဝန်ရှိသူများ အပါအဝင် ဒက္ကားမြို့ သံတမန် အသိုင်းအဝိုင်းနှင့်လည်း တိုင်ပင်ညှိနှိုင်း ကြမည်ဖြစ်ပြီး ကော့ဘဇားနှင့် တက်ကနပ်သို့ ယနေ့သွားရောက် ကြည့်ရှုကြမည်ဟု သိရှိရသည်။

---------------------------------------------------------------------------------------------------------------------

တရုတ်ဒုသမ္မတ Xi Jinping မြင်ကွင်းမှ ပျောက်နေခြင်းအတွက် ကောလဟာလများထွက်ပေါ်

(11 September 2012 ရက်စွဲပါ BBC News မှ China’s absent Vice-President Xi Jinping prompts rumours ကို ဘာသာပြန်ပါသည်။)

လူမြင်ကွင်းမှ တစ်ပတ်ကျော်ခန့် ပျောက်ကွယ်လျှက်ရှိသော တရုတ်နိုင်ငံ၏ ဒုတိယသမ္မတ Xi Jinping ဘယ်ရောက်နေသလဲဆိုသည့် မှန်းဆချက်များ တိုးပွားလျှက်ရှိပါသည်။ ၎င်းသည် တနလာင်္နေ့က ဒိန်းမတ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံရန် ပယ်ဖျက်ခဲ့ရာ လေးကြိမ်မြောက် တွေ့ဆုံခြင်းများ ပယ် ဖျက်ခဲ့ခြင်း ဖြစ်ပါသည်။

ထို့အပြင် ၎င်းသည် သောကြာနေ့က အရေးကြီးသော ကွန်မြူနစ်ပါတီ အစည်းအဝေးသို့လည်း တက်ရောက်ရန် ပျက်ကွက်ခဲ့ပါသည် Mr Xi မှာ လာမည့်လတွင် ကျင်းပမည့် ပါတီကွန်ဂရက်တွင် တရုတ်နိုင်ငံ၏ သမ္မတအဖြစ် ခန့်အပ်ခြင်း ခံရလိမ့်မည်ဟု အများက မျှော်လင့်နေပါသည်။ လာမည့်လ ပါတီကွန်ဂရက်တွင် ထိပ်ပိုင်းခေါင်းဆောင် နေရာများ အဓိကအပြောင်းအလဲတွေ့ရမည် ဖြစ်ပါသည်။

သို့သော် အဆိုပါ အစည်းအဝေးကျင်းပမည့်ရက်ကို သတ်မှတ်ခြင်းမရှိသေးပေ။ အကြောင်းမှာ ခေါင်းဆောင်ပိုင်း အာဏာလွန်ဆွဲမှုများ ဖြေရှင်းပြီး စီး ခြင်း မရှိသေးသောကြောင့်ဟု သတင်းများထွက်ပေါ်ခဲ့ကြောင်း BBC ၏ အာရှသုံးသပ်ရေးမှုး Charles Scanion ကပြောကြားခဲ့ပါသည်။

Mr Xi၏ ဒိန်းမတ်ဝန်ကြီးချုပ် Helle Thorning-Schmidt နှင့် တွေ့ဆုံမည့်အစီအစဉ်ကို သတင်းစာ ဆရာများက ရက်အနည်းငယ် ကြိုတင်ဖော်ပြခဲ့ ကြသော်လည်း တွေ့ဆုံမည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့ပါသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ၎င်းသည်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဆွေးနွေးမည့် အစီအစဉ်ကို ရုတ်တရက် ဖျက် သိမ်း ခဲ့ပါသည်။ ယခုနှစ် အစောပိုင်းက Mr Xi၀ါရှင်တန်သို့ သွားရောက်လည်ပတ်စဉ် နိုင်ငံအကြီးအကဲ တစ်ဦးကဲ့သို့ ဧည့်ခံခဲ့ပါသည်။

ထို့အပြင် ၎င်းသည်စင်္ကာပူဝန်ကြီးချုပ်နှင့်လည်းကောင်း၊ ရုရှားအစိုးရတာဝန်ရှိသူနှင့် လည်းကောင်း တွေ့ဆုံရန်ပျက်ကွက်ခဲ့ပါသည်။ တရုတ်နိုင်ငံခြား ရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးသည် တနလာင်္နေ့က အစည်းအဝေးတွင် Mr Xiမတက်ရောက်မှုအတွက် မေးခွန်းများကို ရှောင်ရှားခဲ့ပါသည်။ သ တင်းများ၏ အဆိုအရ ၎င်းသည် ထိုမေးခွန်းများ ဖြေဆိုရန် သတင်းအချက်အလက် မရရှိကြောင်း ပြောကြားသည်ဟု သိရှိရပါသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မလွဲသာမရှောင်သာ ကောလဟာလ အမျိုးမျိုးကို ကြားရပါသည်။ သတင်းစာမျက်နှာများနှင့် Twitterအဆုံး Mr Xiနှင့် ပတ်သက်၍ ကားတိုက်မှု မတော်တဆ ဖြစ်သည်မှစ၍ အာဏာလွန်ဆွဲမှုအထိ အမျိုးမျိုး ခန့်မှန်းပြောဆိုမှုများ ရှိကြောင်း BBC သတင်းထောက်က ပြောကြား သည်။

အစောပိုင်းက ကလင်တန်နှင့် တွေ့ဆုံရန် ပျက်ကွက်ကတည်းက အွန်လိုင်းတွင် သတင်းများ ပျံနှံ့ခဲ့ရာ ၎င်းသည် ဘောလုံးကန်ခြင်းလိုလို၊ ရေကူး ခြင်းလိုလို၊ golfကစားခြင်း လိုလိုမှ နောက်ကျောထိခိုက်ခြင်းဟု ကောလဟာလများ ထွက်ခဲ့ပါသည်။ နောက်ထပ် ကောလဟာလ တစ်ခုကမူ ၎င်းသည် နှလုံး ရောဂါ အနည်းငယ် ခံစားရကြောင်း ဆိုပါသည်။

တရုတ် micro-blogging ဆိုဒ်များတွင် Mr Xi ၏ အမည်ဖြင့်ရှာဖွေခြင်းများကို ပိတ်ထားပါသည်။ Mr Xiသည် လာမည့် အောက်တိုဘာ ဒုတိယလ ၀က်တွင် ကျင်းပဖွယ်ရှိသည့် ပါတီကွန်ဂရက်တွင် သမ္မတ ဟူကျင့်တောင်၏ နေရာဆက်ခံမည့်သူဟု ခန့်မှန်းနေကြသော်လည်း အစည်းအဝေး ကျင်းပမည့် ရက်မှာ မသတ်မှတ် ရသေးပေ။ ခန့်မှန်းမှုများအရ အားကောင်းသည့် ပေါလစ်ဗျူရို လုပ်ငန်းကော်မတီ ကိုးခုတွင် အချို့နေရာ ချထားမှု မပြီးသေး၍ဟု သိရ သည်။ အချို့ကလည်း ကော်မတီကိုးခုမှ ခုနှစ်ခုသို့ လျှော့ချ နိုင်သည်ဟုလည်း ဆိုကြပါသည်။

Beijingတွင် ပြီးခဲ့သည့် လများအတွင်း တက်လမ်းရှိသည့် ကြယ်ပွင့်ဖြစ်သည့် Bo Xilaiနှင့် အမျိုးသမီး Gu Kailaiတို့အား ထုတ်ပယ်ခဲ့သည့် နိုင်ငံရေး ပြစ်မှုကြီး၏ လှုပ်ခတ်မှု ခံခဲ့ရပါသည်။ Gu Kailaiသည် ဗြိတိသျှ စီးပွားရေး လုပ်ငန်းရှင်အား သတ်ဖြတ်မှုဖြင့် စုံစမ်းစစ်ဆေး ခံခဲ့ရသည်။

သို့သော် Beijingတွင် ခေါင်းဆောင်မှုနှင့် ပတ်သက်၍ လျှို့ဝှက်ထားသော သဘာဝနှင့် စိတ်လှုပ်ရှားစွာ စောင့်စားရမှုများသည် ကာလရှည် စောင့်စားနေသော မျိုးဆက်သစ်သို့ ခေါင်းဆောင်မှု ပြောင်းလွှဲပေးရေးမှာ မသေချာ မရေရာမှုများ ကြီးထွားလျှက်သာ ရှိနေစေသည်ဟု BBCသုံးသပ်သူ တစ် ဦးက ပြောပါသည်။

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment