Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၆.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ထိုးစစ်ရပ်ဆိုင်းရန်အစိုးရကို ကချင်အုပ်စုတိုက်တွန်း

(AFP သတင်းမှ 15 Sept 2012 ရက်စွဲပါ “Kachin rebls urge Myanmar to end fighting”သတင်းကို ဘာသာပြန်ဆိုသည်)

  1. အမေရိကန်ကာကွယ်ရေးဝန်ကြီးက အာရှနယ်မြေအငြင်းပွားမှုကို သတိပေး

(14 September 2012 ရက်စွဲပါ BBC News မှ US defence chief Panetta warns on Asia territory rows ကိုဘာသာပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစတင်

( 101 News မှ 17 Sept 2012  ရက်စွဲပါ  “Suu Kyi begins American tour”သတင်းကို ဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

ထိုးစစ်ရပ်ဆိုင်းရန်အစိုးရကို ကချင်အုပ်စုတိုက်တွန်း

(AFP သတင်းမှ 15 Sept 2012 ရက်စွဲပါ “Kachin rebls urge Myanmar to end fighting”သတင်းကို ဘာသာပြန်ဆိုသည်)

နှစ်ဖက်ဆက်ဆံရေးတိုးတက်စေရန်အတွက် ကချင်ပြည်နယ်မှ စစ်ဆင်ရေးများကိုရပ်ဆိုင်းရန် ကချင်လက်နက်ကိုင်တပ်များက မြန်မာ့ တပ်မတော်အား တိုက်တွန်းလိုက်သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကပြောရေးဆိုခွင့်ရှိသူက စနေနေ့တွင်ပြောကြားသည်။

နိုင်ငံမြောက်ပိုင်းမှ ပဋိပက္ခကိုဖြေရှင်းရန် အကြိမ်ကြိမ်ဆွေးနွေးမှုများအပေါ်တွင် လက်ရှိတိုက်ပွဲများက လောင်းရိပ်မိုးလျက်ရှိပြီး နှစ်ဖက်အုပ်စု အကြားဆက်ဆံရေးမှာ ချုပ်ရိုးပြုတ်လုဖြစ်နေပြီဟု အကဲခတ်သူများက ဆိုသည်။

အစိုးရက ကချင်ပြည်နယ်သို့ နောက်ထပ်တပ်များပို့ထားသည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောကြားသည်။

“အစိုးရအနေနဲ့ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းပစ်ဖို့လိုပါတယ်။ ဒါမှသာ ကချင်ပြည်နယ်ဟာ အနေအထားတစ်ခုအထိ တည်ငြိမ် လာမှာပါ။ အခုတော့ နှစ်ဖက်ဆက်ဆံရေးက တဲတဲပဲကျန်ပါတော့တယ်။ နှစ်ဖက်စလုံးကသီးခံမှုကိုပြသမှသာ နောက်ထပ်ဆွေးနွေးပွဲပြန်လည်ကျင်းပ နိုင်မယ့် အလားအလာ ရှိမှာပါ” ဟု ဦးလနန်က AFP သတင်းဌာန သို့ပြောကြားသည်။

မနှစ်က ဇွန်လတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားကာ KIA နှင့် အစိုးရကြား ၁၇ နှစ်ကြာ အပစ်ရပ်စဲမှုပျက်ပြားသွားပြီးနောက်တွင် ဒေသခံပြည်သူ ထောင်ပေါင်းများစွာ စစ်ဘေးရှောင်ထွက်ပြေးခဲ့ကြရပြီး ခန့်မှန်းချေ ဒုက္ခသည် ၅၀၀၀ ခန့်မှာ တရုတ်နိုင်ငံဖက်သို့ ထွက်ပြေးခိုလှုံလျက်ရှိသည်။

တရုတ်နိုင်ငံသည်လည်း ယင်းဒုက္ခသည်များကို အတင်းပြန်ပို့ရန် ကြိုးစားမှုကြောင့် လူ့အခွင့်အရေးအုပ်စုများ၏ ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ခြင်းကို ခံနေရသည်။

ထိုသို့ KIA နှင့် အစိုးရတပ်များအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး တရုတ်နိုင်ငံကလည်း ဒုက္ခသည်များလက်ခံရန် မလိုလားသောကြောင့် ကချင်ပြည်နယ်အတွင်းမှ ဒုက္ခသည်စခန်းများတွင် အရေအတွက် ၁၅၀၀၀ ခန့်အထိ တိုးပွားလာခဲ့သည်ဟု လွတ်လပ်သောငြိမ်းချမ်းရေးစေ့စပ်သူ တစ်ဦးက ပြောကြားသည်။

ငြိမ်းချမ်းရေးအတွက် ကြားဝင်ညှိနှိုင်းပေးနေသူ စီးပွားရေးလုပ်ငန်းရှင် ဦးယွပ်ဇော်ခေါင်က “နှစ်ဖက်စလုံးက တိုက်ခိုက်မှုကိုမလျှော့ကြလို့ ကြားထဲက ပြည်သူတွေအထိနာနေပါပြီ။ တစ်ကယ့်ကို အကျပ်အတည်းပါပဲ”ဟု သတိပေးပြောဆိုသည်။

“မြို့ထဲ၊ ရွာထဲမှာနေထိုင်သူတွေလည်း အခက်အခဲတွေ့နေကြပါပြီ၊ လူတွေက ခြံတွေ၊ ရွာတွေကို မသွားရဲကြတော့ဘူး၊ မြို့ပေါ်နေသူတွေလည်း ဒုက္ခသည်ဖြစ်နေကြပြီ”ဟု  သူကဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံအနှံ့တွင် ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည်။ မနှစ်က အာဏာရလာခဲ့သော အရပ်ဖက် အစိုးရက ယခင်မူဝါဒကိုပြောင်းလဲကာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်ရပ်သဘောတူညီမှုများရယူကာ ငြိမ်းချမ်းရေးဆွေးနွေးရန် ကြိုးပမ်းလျက်ရှိသည်။

                                                                ********************************

အမေရိကန်ကာကွယ်ရေးဝန်ကြီးက အာရှနယ်မြေအငြင်းပွားမှုကို သတိပေး

(14 September 2012 ရက်စွဲပါ BBC News မှ US defence chief Panetta warns on Asia territory rows ကိုဘာသာပြန်ဆိုသည်)

အရှေ့တောင်အာရှတွင်ဖြစ်ပေါ်နေသော နယ်မြေအငြင်းပွားမှုများတွင် ရန်စမှုများမလျော့ပါက ပိုမိုကျယ်ပြန့်သော ပဋိပက္ခအသွင်ဆောင်လာရန် အလားအလာရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက သတိပေးခဲ့သည်။

“တစ်ဖက်ဖက်ကိုဘက်လိုက်ပြီး မှားယွင်းအကဲဖြတ်ခဲ့မိမယ်ဆိုရင် ပဋိပက္ခအသွင်ဆောင်လာနိုင်ပါတယ်။ ပြင်းထန်တဲ့ ဖြစ်ရပ်တွေလည်း  ဖြစ်လာ နိုင်ပါတယ်”ဟု Leon Panelta  က ၎င်း၏ အာရှခရီးစဉ်အစတွင်ပြောကြားခဲ့သည်။

အငြင်းပွားနေသော ကျွန်းများကိစ္စနှင့်ပတ်သက်၍ တရုတ်ပြည်တစ်ဝှမ်းတွင် ဂျပန်ဆန့်ကျင်ရေးဆန္ဒပြမှုများ ဆက်လက်ဖြစ်ပေါ်နေပြီးနောက် ၎င်း၏ မှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။

ဆန္ဒပြမှုများမှာ တရုတ်ပြည်မြို့ကြီးများတွင် တနင်္ဂနွေနေ့က ဒုတိယနေ့အဖြစ် ဆက်လက်ဖြစ်ပွားခဲ့သည်။

အဓိကရုဏ်းနှိမ်နင်းရေးရဲများက တရုတ်နိုင်ငံတောင်ပိုင်း Shenzhen တွင် ဒေါသဖြစ်နေသောလူအုပ်ကြီးအား မျက်ရည်ယိုဗုံးများ၊ ရေများ ပက်ဖျန်းခြင်းများဖြင့် လူစုခွဲခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်  Yoshihiko Noda က Beijing ကို ဂျပန်နိုင်ငံသားများအပေါ် အကာအကွယ်ပေးရန်တိုက်တွန်းခဲ့ပြီး နှစ်နိုင်ငံစလုံးမှ အာဏာပိုင်များ ဆိတ်ဆိတ်နေသင့်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

“ပဋိပက္ခဖြစ်လာခဲ့ရင်လည်း ဆက်လက်ကြီးထွားနိုင်တဲ့ အလားအလာ ရှိပါတယ်”ဟု Panelta က သတိပေးသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးက တိုကျိုတွင်ဆွေးနွေးစဉ် ထိုသို့အလေးပေးပြောကြားခဲ့ပြီး၊ Beijing တွင်လည်း ထိန်းထိန်းသိမ်းသိမ်း ကာကွယ်ရန် မေတ္တာရပ်ခံမည် ဖြစ်သည်။

Mr Panelta ကပြောကြားရာတွင် အဆိုပါ အာရှမှနယ်မြေ အငြင်းပွားမှုများနှင့်ပတ်သက်၍ ဝါရှင်တန်အနေဖြင့် ဝင်ရောက်နေရာယူမည် မဟုတ်ကြောင်း ဆိုခဲ့သည်။

၎င်းသည် နယူးဇီလန်သို့လည်း သွားရောက်မည်ဖြစ်သည်။

တနင်္ဂနွေနေ့က ရာပေါင်းများစွာသော တရုတ်ဆန္ဒပြသူများသည် Beijing ရှိ ဂျပန်သံရုံးရှေ့တွင် အဓိကရုဏ်းရဲများနှင့် ရန်ပွဲများ ဖြစ်ပွားခဲ့သည်။

Xi’an မြို့တွင် ကိုယ်တွေ့ကြုံသူတစ်ဦးက BBC သို့စနေနေ့က ပြောကြားရာတွင် ၎င်း၏ကင်မရာမှာ ဂျပန်အမှတ်တံဆိပ်ဖြစ်နေ၍ လုယူဖျက်ဆီး ခံရပုံကို ပြောပြခဲ့သည်။

“ဂျပန်နိုင်ငံလုပ် ကားတွေကိုလည်းရပ်ခိုင်းပြီး ကားမောင်းသူတွေကို ဆွဲထုတ်ပြီး ကားကိုထုရိုက်ပြီး မီးရှို့တာတွေလုပ်ပါတယ်။ ရဲနဲ့စစ်တပ်ကလည်း ဒီအဓိကရုဏ်းတွေကို နဲနဲပဲကိုင်တွယ်ပါတယ်”ဟု ၎င်းကပြောသည်။

ဂျပန်အစိုးရက ကျွန်းအချို့ကို ဂျပန်ပုဂ္ဂလိကပိုင်ရှင်များထံမှ ဝယ်ယူပြီးနောက် ယခုအပတ် တင်းမာမှုများပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံကလည်း တုန့်ပြန်သောအားဖြင့် သောကြာနေ့က အဆိုပါကျွန်းများဝန်းကျင်သို့ ကင်းထောက်ရေယာဉ်ခြောက်စီး စေလွှတ်ခဲ့သည်။

အဆိုပါကျွန်းများကို ထိုင်ဝမ်ကလည်းတောင်းဆိုထားပြီး ဒေသတွင်းတွင် ကာလကြာရှည်ကဖြစ်နေသော ပွတ်တိုက်မှုဖြစ်သည်။

ဂျပန်ကျွန်းများကို ဝယ်ယူရန်ဆုံးဖြတ်ခြင်းမှာ မျိုးချစ်စိတ်ပြင်းထန်သော တိုကျိုမြို့တော်ဝန်၏ ဆန္ဒဖြစ်ပုံရပြီး ရန်စသည့်စီမံချက်တစ်ခုဖြစ်ပုံ ရကြောင်း သုံးသပ်သူများက ရှုမြင်ကြသည်။

သို့သော် အဆိုပါဆန္ဒပြမှုများကိစ္စကို တရုတ်နိုင်ငံပိုင်မီဒီယာတွင်ဖော်ပြခြင်းမရှိပဲ အင်တာနက်တွင်ဆွေးနွေးမှုများကိုလည်း ထိန်းချုပ်ရန်ကြိုးစား မှုများ ရှိကြောင်း BBC အာရှ-ပစိဖိတ်သုံးသပ်ရေးမှူး Charles Seanlon ကပြောသည်။

တရုတ်ကွန်မြူနစ်ခေါင်းဆောင်ပိုင်းအနေဖြင့် ယခုအမျိုးသားရေး ဒေါသဖော်ထုတ်မှု၏ အကောင်းအဆိုးထင်ဟပ်မှုကို ချိန်ဆနေပုံရကြောင်း ၎င်းကပြောသည်။ ယခု ဆန္ဒပြမှုများသည် ဂျပန်ကိုသတင်းစကားပါးမှုတွင် အသုံးဝင်နိုင်သော်လည်း မီးပွားဖြစ်ပြီးမကျေနပ်မှု ဖော်ထုတ်ခြင်းများ ထိန်းမနိုင် သိမ်းမရ ဖြစ်မည်ကိုလည်း စိုးရိမ်ရသည်။

လာမည့်ရက်များအတွင်း တွက်ဆမထားသည်များ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းကပြောသည်။ တရုတ်ငါးဖမ်း လှေအုပ်စုများသည် အငြင်းပွားနေသော ရေပြင်သို့ဝင်ရောက်ပြီး ကျွန်းများပေါ်သို့တက်ရောက်ကာ ဂျပန်အားရန်စမှုများ ဖြစ်နိုင်ကြောင်း ဆိုသည်။

ဂျပန်နိုင်ငံတွင် အစိုးရသည် ရွေးကောက်ပွဲအတွက်စိုးရိမ်၍ နောက်ဆုတ်သွားမည့်သဘောမတွေ့ရပေ။

ဂျပန်သတင်းစာများတွင် ဆွေးနွေးနေကြသည်မှာ နှစ်ဖက်စလုံးမှအချို့သည် ရေတပ်ခြင်းရန်ပွဲဖြစ်မှု အန္တရာယ်ကိုဖိတ်ခေါ်ရန် ဆန္ဒရှိနေကြောင်း ဖြစ်သည်ဟု BBC သုံးသပ်သူကပြောပါသည်။

နောက်ထပ်ရှုပ်ထွေးစေမည့်ကိစ္စများမှာ အသစ်ခန့်ထားသော တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ဖြစ်သူ အသက် ၆၀ ရှိ Shinichi Nishimiya သည် တနင်္ဂနွေနေ့ က သေဆုံးသွားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကပြောသည်။

အဆိုပါသံအမတ်ကြီးကို အောက်တိုဘာလကခန့်အပ်ခဲ့ပြီး လွန်ခဲ့သောရက်များကပင် တိုကျိုရှိ ၎င်း၏နေအိမ်တွင် အိပ်ရာထဲတွင်လဲနေခဲ့ခြင်း ဖြစ်ရာ ၎င်းသေဆုံးရသည့် အကြောင်းအရင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနက လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိပေ။

                                                    ************************************************

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစတင်

( 101 News မှ 17 Sept 2012  ရက်စွဲပါ  “Suu Kyi begins American tour”သတင်းကို ဘာသာပြန်ဆိုသည်)

နိုင်ငံရေးအကျဉ်းသားဘဝမှ ကမ္ဘာတစ်လွှား လူသိများကျော်ကြားသော နိုင်ငံရေးခေါင်းဆောင် လူထုခေါင်းဆောင်အဖြစ်သို့ သမိုင်းဝင်အထင်ကရ ခရီးစဉ်လျှောက်လှမ်းနေသူ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယခု သီတင်းပတ်တွင် ဝါရှင်တန်သို့ရောက်ရှိကာ အမေရိကန်ကွန်ဂရက်၏ အမြင့်ဆုံးဂုဏ်ပြုရွှေတံဆိပ်ကို လက်ခံရယူတော့မည် ဖြစ်သည်။

အံ့သြကုန်နိုင်ဖွယ် ရဲရင့်သော၊ ထင်ရှားသော၊ ကျော်ကြားသော၊ ကမ္ဘာကျော် မြန်မာ့နိုင်ငံရေးခေါင်းဆောင်သည် သူမ၏ ၁၇ ရက် ကြာမြင့်မည့် အမေရိကန်ခရီးစဉ်ကို တနလာင်္နေ့က စတင်လိုက်ပြီဖြစ်ပြီး အဆိုပါခရီးစဉ်တွင် နိုင်ငံခြားရေးဌာနတွင်လည်ကောင်း၊ အိမ်ဖြူတော်တွင်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုပြုလုပ်မည့်အစီအစဉ်များ ပါဝင်သည်ဟုဆိုသည်။

သူမသည် ဝါရှင်တန်တွင် ဆုတံဆိပ်လက်ခံပြီးနောက်တွင် အမေရိကန်အနောက်အလယ်ပိုင်း နယူးယောက်နှင့် ကယ်လီဖိုးနီးယားသို့ သွားရောက်မည် ဖြစ်သည်။

Burma ဟုကမ္ဘာကသိကြသော မြန်မာနိုင်ငံအပေါ်ချမှတ်ထားခဲ့သည့် Sanctions များကို ယခုအခါ အိုဘားမားအစိုးရက ဖြေလျော့ပေးရန် စဉ်းစားနေပြီဖြစ်သောကြောင့် မြန်မာခေါင်းဆောင်များ၏ ခရီးစဉ်ပေါ်ထွက်လာခြင်းဖြစ်သည်။

ယခုလအတွင်းကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့တက်ရောက်ရန် မြန်မာအစိုးရအကြီးအကဲ သမ္မတဦးသိန်းစိန်သည်လည်း အမေရိကန်ပြည်ထောင်စုသို့ လာရောက်မည်ဟု သိရှိရသည်။

၂၀၀၈ ခုနှစ် အကျယ်ချုပ် ထိန်းသိမ်းခံနေရစဉ် ကွန်ဂရက်ရွှေတံဆိပ်ဆုချီးမြှင့်ခံရသူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ နိုဝင်ဘာလတွင် လွတ်မြောက်လာပြီးနောက်ပိုင်းတွင် မြန်မာအရပ်ဖက်အစိုးရသစ်၏ မူဝါဒအပြောင်းအလဲများကြောင့် ယခင်အလွတ်သဘော အတိုက်အခံခေါင်းဆောင် အဖြစ်မှ ယခုအခါ တရားဝင်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့ပြီး အောက်လွှတ်တော်၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment