Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၂.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို သတိထားကြိုဆို

(UPI News မှ 20Sept,2012 ရက်စွဲပါ “Cautious praise for Myanmar’s reforms” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. လာမည့် IMF အစည်းအဝေးတွင် မြန်မာအတွက် ကြွေးမြီသက်သာခွင့်ရရန် ဂျပန် ကြိုးပမ်းမည်

(22 September 2012 ရက်စွဲပါ GMA News မှ Reuters ၏ Japan to seek debt relief for Myanmar at IMF meeting ကိုဘာသာပြန်ဆိုသည်)

***********************************************************

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို သတိထားကြိုဆို

(UPI News မှ 20Sept,2012 ရက်စွဲပါ “Cautious praise for Myanmar’s reforms” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထိန်းသိမ်းခံရသူများ (သို့မဟုတ်) နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးနေခြင်းကြောင့် အသိ အမှတ်ပြု ချီးကျူးနေကြသော်လည်း  ထောင်ဒဏ်ကျခံနေရဆဲ ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရဦးမည်ဟု လူ့အခွင့်အရေးဆိုင် ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်က ပြောသည်။

မြန်မာအစိုးရသည် နိုင်ငံခြားသားအချို့ အပါအဝင် အကျဉ်းသား ၅၁၄ဦးကို လူသားချင်း စာနာထောက် ထားမှုအရ ယခုတစ်ပတ်အတွင်း လွတ် ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ ယင်းလွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်လာသူများကို အကူအညီပေးရေးအသင်း AAPPက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူး ကိုယ်စားလှယ် တိုမားစအိုးဂျာ ကင်တားနားက ၎င်းအနေဖြင့် မြန်မာအာဏာပိုင်များ၏ ဆုံးဖြတ် ချက်ကြောင့် အားတက်မိသည်ဟု ပြောကြားသည်။

“အတိတ်က အရိပ်ဆိုးကို ကျော်လွှားဖို့အတွက် သိသာတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဖို့လိုပါတယ်။ ယုံကြည်ချက် အကျဉ်းသားတွေ မရှိတော့ဘူး ဆိုတဲ့ အချက်ကို သေချာအာမခံဖို့ လိုပါတယ်”ဟု ကင်တားနားက ကြေညာချက်ထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် ၂၀၁၀ရွေးကာက်ပွဲအပြီး စတင်ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များကြောင့် ယခုအခါ နိုင်ငံတကာ အသိုင်း အဝိုင်း၏ အသိအမှတ်ပြု ချီးကျူးခံရမှုကို ခံယူနေရပြီး ယခုလွှတ်တော်ကိုယ်စားလှယ် ဖြစ်နေသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လည်း ဒီမိုကရေစီ  လိုလားသော သူမ၏မူဝါဒများကြောင့် ယခုသီတင်းပတ် ဝါရှင်တန် ခရီး၌ ခြိမ်ခြိမ့်သဲ ကြိုဆိုဂုဏ်ပြု ခြင်းခံရသည်။

အမေရိကန် ဘဏ္ဍာရေးဌာန ကလည်း မြန်မာသတင်းဌာန ကလည်း မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့နှစ်ဦး အား ၎င်းတို့၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကြိုးပမ်းချက်များ ကြောင့် ၎င်းတို့အပေါ် ယခင်ချမှတ်ထားသော တစ်ဦးချင်း အပေါ်ချမှတ်ထားသော sanctions များကို ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်သည်။

---------------------------------------------------------------------------------------------------------------------

လာမည့် IMF အစည်းအဝေးတွင် မြန်မာအတွက် ကြွေးမြီသက်သာခွင့်ရရန် ဂျပန် ကြိုးပမ်းမည်

(22 September 2012 ရက်စွဲပါ GMA News မှ Reuters ၏ Japan to seek debt relief for Myanmar at IMF meeting ကိုဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပမည့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) အစည်းအဝေး၏ အရန်ဆွေးနွေးမှုတွင် ဂျပန်နိုင်ငံသည် မြန်မာ နိုင်ငံက တင်ရှိသော ကြွေးမြီများ သက်သာခွင့်ပေးရန် သဘောတူရေး ကြားဝင်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီး Jun Azurni က စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားသည်။

ဂျပန်နိုင်ငံသည် ဧပြီလက မြန်မာနိုင်ငံက ပေးရန်ရှိသော ကြွေးမြီဒေါ်လာ ၃ ဒဿမ ၇ ဘီလီယံကို လျှော်ပစ်ခဲ့ပြီး၊ မြန်မာနိုင်ငံ၏ တိုးတက်နေသော ရင်းနှီးမြှုပ်နှံမှု ရာသီဥတုနှင့် အရေးပေါ် လိုအပ်နေသည့် အခြေခံအဆောက်အဦး လိုအပ်ချက်ကို ငွေကြေးထောက်ပံ့နိုင်ရေး ရည်ရွယ်ချက်ကို ရှင်းရှင်းလင်း လင်း ဖော်ပြခဲ့သည်။

ဧပြီလက နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခံရခြင်း ကလည်း မြန်မာနိုင်ငံ၏ ဆိုးရွားသော ပုံရိပ်ကို ပြောင်းလဲရာတွင် အထောက်အကူပြုခဲ့ပြီး အနောက်နိုင်ငံများက ၎င်းတို့၏ အရေးယူမှုများရုပ်သိမ်းရေးအတွက်ဆွဲဆောင်ခဲ့သည်။

သုံးသပ်သူများနှင့် ပညာရှင်များက ပြောကြားရာတွင် စွမ်းအင်၊ သတ္တုတွင်းနှင့် ဆောက်လုပ်ရေးမှစ၍ စိုက်ပျိုးရေး၊ ငွေကြေးကဏ္ဍနှင့် ခရီးသွား လုပ်ငန်းအဆုံး စက်မှုကဏ္ဍ တစ်လွှားတွင် နိုင်ငံခြား ကုမ္ပဏီများအတွက် အခွင့်အလမ်းများ ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း ဆိုခဲ့ကြသည်။

မြန်မာနိုင်ငံကို ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ သိမ်းပိုက်ခဲ့သော ဂျပန်နိုင်ငံသည် မြန်မာ၏ အကြီးဆုံး ငွေချေးသူဖြစ်သည် "လာမယ့် IMF အစည်းအဝေးမှာ မြန်မာနိုင်ငံက တင်ရှိနေတဲ့ ကြွေးမြီများ ကိစ္စအတွက် အခြေတင် ဆွေးနွေးလိုပါတယ်။ ဒီကိစ္စမှာ ဂျပန်နိုင်ငံရဲ့ နေရာကိုလည်းရှင်းပြပါမယ်" ဟု Azumiက သတင်းထောက်များကို ပြောကြားသည်။

"တကယ်လို့သာ ဒီကိစ္စနဲ့ပတ်သက်ပြီး အားလုံးအမြင် တူညီခဲ့ပြီဆိုရင် မြန်မာနိုင်ငံဟာ စီးပွားရေးအရ ကန့်သတ်ထားမှုတွေက လွတ်သွားမှာပါ။ ဒါ ကြောင့် ဂျပန်ကုမ္ပဏီတွေ အပါအဝင် ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံကို ချောချောမွေ့မွေ့ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောကြားသည်။

လာမည့် IMF/ကမ္ဘာ့ဘဏ် နှစ်ပတ်လည် အစည်းအဝေးတွင် အရန်အဖြစ် အောက်တိုဘာ ၁၁ ရက်နေ့၊ တိုကျိုမြို့၌ မြန်မာနိုင်ငံအတွက် နိုင်ငံတ ကာ ကွန်ဖရင့်တစ်ခုကို ဂျပန်ဘဏ္ဍာရေး ဝန်ကြီးက ကြီးမှူးကျင်းပမည်ဖြစ်သည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့တွင် မြန်မာနိုင်ငံမှ ပေးရန်ရှိသော ကြွေးမြီများ ပြည့်မီရေးကို ဂျပန်ဘဏ်များ အုပ်စုတစ်ခုမှ တစ်ဆင့် လုပ် ဆောင်လျက်ရှိရာ ဂျပန်သည် ဒေါ်လာ သန်း ၉၀၀၊ တံတားနှင့် ပတ်သက်သော ချေးငွေပေးရန် စီစဉ်လျက်ရှိသည်။

ဂျပန်ကုမ္ပဏီ အစုအဖွဲ့ တစ်ခုသည် ရန်ကုန်မြို့ အစွန်တွင် အထူးစီးပွားရေးဇုန် ပူးတွဲတည်ထောင်ရန် သြဂုတ်လက သဘောတူညီချက် လက်မှတ် ရေး ထိုးခဲ့သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment