Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၃၀.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. သတ္တုတွင်းဥပဒေအား ဆန့်ကျင်၍ ကုမ္ပဏီများ ရွှေမျောတိုက်လုပ်ငန်း လုပ်ဆောင်
  2. ပြည်တွင်းသို့ ကုန်ပစ္စည်းများတင်သွင်းရာတွင် ကွဲလွဲမှုအများအပြားဖြစ်ပေါ်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. အမေရိကန်-မြန်မာ စစ်ရေးပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
  1. တိုင်းဒေသကြီး/ုပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ် နှင့် အဆောင်အယောင်ဆိုင်ရာ ဥပဒေပြင်ဆင်သည့် ဥပဒေကြမ်း ထုတ်ပြန်
  2.  ညီနောင်တိုင်းရင်းသားပါတီများ ပြောင်းလဲပြင်ဆင်ဖွဲ့စည်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

သတ္တုတွင်းဥပဒေအား ဆန့်ကျင်၍ ကုမ္ပဏီများ ရွှေမျောတိုက်လုပ်ငန်း လုပ်ဆောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပာုမ္မလင်းမြို့နယ်အတွင်းရှိ ပုဂ္ဂလိကရွှေတူးဖော်ရေး ကုမ္ပဏီများမှ သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေများကိုဆန့်ကျင်၍ လယ်ယာမြေများအနီးတွင် မြေတူးစက်များအသုံးပြုကာ ရွှေမျောတိုက် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ပုဂ္ဂလိကကုမ္ပဏီများက မြေတူးစက်များအသုံးပြု၍ ရွှေမျောတိုက်လုပ်ငန်းများ လုပ်ဆောင်နေသည့် အတွက် သောက်သုံးရေနှင့် မြစ်ချောင်း အင်းအိုင်များ ပျက်စီးကာ သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခဲ့ပြီး စွန့်ပစ်မျောမီး သဲစာကျောက်များ၊ မျောမီးနွံရေများက လယ်ယာ မြေများနှင့် အင်းအတွင်းသို့ စီးဝင်နေမှုများကြောင့် ရေအရင်းအမြစ်များလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဒေသခံတစ်ဦးက ပြောကြားသည်။

“ကုမ္ပဏီတွေက ရွှေမျောတိုက်တာတွေကို မြေတူးစက်တွေအသုံးပြုပြီး ဆောင်ရွက်နေကြပါတယ်။ သူတို့က ဒီလိုလုပ်တဲ့အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေဖြစ်တယ်။ ပြီးတော့ ရွှေမျောတွေကြောင့် လယ်ယာမြေတွေ အဆိပ်သင့် တဲ့အပြင် ရေတွေလည်းအဆိပ်သင့်ပြီး သောက်လို့ကို မရတော့ပါဘူး”ပာု ၎င်းက ပြောကြားသည်။

လက်ရှိအချိန်တွင် မော်လိုက်အထက်ဘက် ယောစုရွာတွင် ရွှေမျောတိုက်လုပ်ငန်းများကို ရွှေကျင်စက်လှေ ၇၀ခန့်ဖြင့် အကြီးအကျယ် ဆောင်ရွက်လျက်ရှိပြီး မုံရွာ၊ မော်လိုက်၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ ဖောင်းပြင်၊ ပာုမ္မလင်းနှင့် ခန္တီး စသည့် ဒေသများတွင်ပါ ချင်းတွင်းမြစ်ရေအား သောက်သုံးရေအတွက်သာမက ဆက်သွယ်သွားလာရေးအတွက်ပါ အသုံး ပြုလျက်ရှိကြောင်း သိရသည်။

“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတွေ သိပ်အားမကောင်းသေးတော့ ချင်းတွင်းမြစ်နဲ့ ပတ်သက်ပြီး တိတိကျကျ သုံးသပ်မှုတွေ မလုပ်နိုင်ကြသေးပါဘူး။ လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကတော့ တစ်လကို ရွှေ ၅ ကျပ်သားပေးပြီး ဝင်လုပ်တယ်လို့ သိကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လုပ်ရပ်တွေကြောင့် နောက်ပိုင်းချင်းတွင်းမြစ် တိမ်ကောလာမှာတောင် စိုးရိမ်စရာပါပဲ”ပာု ဒေသခံတစ်ဦးက ဆိုသည်။

ချင်းတွင်းမြစ်အတွင်း ရွှေတူးဖော်ရေးလုပ်ငန်းများ အကြီးအကျယ် လုပ်ကိုင်နေသည့်အတွက် သဘာဝ ငါးမျိုးစိတ်များ ရှင်သန်ပေါက်ပွားမှုကို ထိခိုက်စေသည့်အပြင် ခေတ်ပေါ် နည်းပညာများဖြင့် ရွှေ အကြီးအကျယ် တူးဖော်နေသဖြင့် မြစ်ရေလည်း ကြည်လင်မှု မရှိတော့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------

ပြည်တွင်းသို့ ကုန်ပစ္စည်းများတင်သွင်းရာတွင် ကွဲလွဲမှု အများအပြားဖြစ်ပေါ်

ပြည်တွင်းသို့ ကုန်ပစ္စည်းများတင်သွင်းရာတွင် သွင်းကုန်လိုင်စင်၊ ပါမစ်၊ ကုန်ပါပစ္စည်းစာရင်းများ အများအပြား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပြည်တွင်းကိုကုန်ပစ္စည်းတွေ တင်သွင်းတာမှုာ သွင်းကုန်လိုင်စင်တွေ၊ ပါမစ်တွေ၊ ကုန်ပါပစ္စည်းတွေပာာ အမျိုးမျိုး ကွဲလွဲနေပါတယ်။ ပြီးတော့ မော်တော်ယာဉ်များအတွင်း ရိုးရိုး truck နဲ့ Box truck တွေ၊ အထွေထွေ ကုန်ပစ္စည်း တွေအတွက် STAND FAN နဲ့ TABLE FAN တွေ အများကြီး ကွဲလွဲနေပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအစိုးရသစ် လက်ထက်မှစတင်၍ တရားဝင်လွတ်လပ်စွာ ကားတင်သွင်းခွင့်ပြုလိုက်ပြီးနောက် ကားဆက်စပ်ပစ္စည်း တင်သွင်း မှုများ၊ လိုင်စင်/ပါမစ်ခွင့်ပြု mODEL YEAR ထက်ကျော်လွန်၍ အမြင့်တင်သွင်းခြင်း၊ ခွင့်ပြုချက်များနှင့် ကွဲလွဲခြင်းများ၊ သွင်းကုန်ပါမစ် ကွဲလွဲမှုများ အများအပြားဖြစ်ပေါ်ခဲ့ပြီး ယခုကဲ့သို့ သွင်းကုန်လိုင်စင်ပါမစ်နှင့် ကုန် ပါစာရင်းများ ကွဲလွဲမှုများအပေါ် အကောက်ခွန်ဦးစီးဌာနက ဒဏ်ကြေးများ ပြင် ဆင်သတ်မှတ်၍ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီလိုကွဲလွဲမှုတွေဖြစ်နေတာတွေကို အရေးယူဆောင်ရွက်သွားတော့မှာပါ။ အကောက်ခွန်က ဒဏ်ကြေးတွေကိုလည်း ပြင်ဆင်လိုက်ပါပြီ။ ထိထိ ရောက်ရောက်အရေးယူသွားမှာပါ။ အများစုက တင်သွင်းဖို့အတွက် မှတ်ပုံတင်ထားတာက တစ်မျိုး။ တစ်ကယ့်တစ်ကယ်တမ်း သွင်းလာတော့ တစ်မျိုး လုပ်ဆောင်ကြပါတယ်”ပာု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းသို့ ယာဉ်အသစ်များတင်သွင်းပါက ထုတ်လုပ်သည့်နိုင်ငံ Asean trade in good agreement atiga form-d လက်မှတ်အား တင်ပါလာပါက အာဆီယံကုန်သွယ်ရေး သဘောတူစာချုပ်များအရ အင်ဂျင်ပါဝါ အမျိုးအစားအားလုံးအတွက် အကောက်ခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံ သွားမည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

အမေရိကန်-မြန်မာ စစ်ရေးပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

အမေရိကန်နှင့် မြန်မာနိုင်ငံတို့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်နှင့် တပ်မတ်ေအရာရှိများအား သင်တန်းပေးရန် စစ်ဘက် ဆိုင်ရာ အကြီးအကဲအသီးသီးမှ စတင်ဆွေးနွေးဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“Financial time မှာလည်း ဖော်ပြထားပါတယ်။ အမေရိကန်-မြန်မာ ကနဦးစစ်ရေး ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ စစ်ရေးနဲ့မဆိုင်တဲ့ မပာာဗျူပာာ လေ့လာရေးသင်တန်းတွေကို စပေးဖို့ လုပ်ဆောင်နေပါတယ်။ ဒီလေ့ကျင့်တဲ့ စစ်သင်တန်းတွေနဲ့ စစ်ရေးအထောက်အပံ့တွေကို အမေရိကန်နိုင်ငံက ပေးသွားနိုင်ဖွယ် ရှိတယ်လို့ ဖော်ပြထားပါတယ်”ပာု ပြည်တွင်းမီဒီယာတစ်ခုမှ သတင်းထောက်တစ်ဦးက ပြောကြားသည်။

အမေရိကန်-မြန်မာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ဝါရှင်တန်အခြေစိုက် မပာာဗျူပာာနှင့် နိုင်ငံတကာ လေ့လာရေးဌာန (CSIS)၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် အရပ်ဘက်အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းနေပြီဖြစ်သည့်အတွက် ပြည်တွင်းငြိမ်းချမ်းရေးရရှိပြီဆိုပါက အမေရိကန် နိုင်ငံအနေဖြင့် မြန်မာတပ်မတော်နှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန်နှင့် မြန်မာတပ်မတော်အတွင်းရှိ အရာရှိများအား အမေရိကန်သို့ ဖိတ်ခေါ်၍ နိုင်ငံတကာစစ်ရေးပညာနှင့် သင်တန်းအစီအစဉ်များ ပေးစေလိုကြောင်း ဖော်ပြထားသည်။

“မြန်မာနိုင်ငံပာာ ဒီနှစ်ပိုင်းအတွင်းမှာကို တခြားနိုင်ငံတွေနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်လာပါတယ်။ ဗီယက်နမ်၊ တောင်ကိုရီး ယားနဲ့၊ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတွေနဲ့ပါ စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေ တယ်လို့ကြားပါတယ်”ပာု အစိုးရပိုင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်သာမက အိန္ဒိယနိုင်ငံနှင့်ပါ စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၂ စက်တင်ဘာလ ပထမပတ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစစ်ရေးနှင့် လုံခြုံရေး ပူးတွဲဆောင်ရွက်မှုများကို မြှင့်တင်သည့်အနေဖြင့် အိန္ဒိယအစိုးရက မြန်မာ့တပ်မတော်သား များအား ပိုမိုလေ့ကျင့်သင်တန်းပေးသွားရန်နှင့် လက်နက်မပာုတ်သည့် စစ်ရေးဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ကူညီသွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------

တိုင်းဒေသကြီး/ုပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ် နှင့် အဆောင်အယောင်ဆိုင်ရာ ဥပဒေပြင်ဆင်သည့် ဥပဒေကြမ်း ထုတ်ပြန်

တိုင်းဒေသကြီး(သို့)ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်မှ စက်တင်ဘာလ ၂၉ ရက်နေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းဥပဒေကြမ်းတွင် တိုင်းဒေသကြီး(သို့)ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် များဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ခ)တွင် ပါရှိသော “တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး”ဆိုသည့် စကားရပ်ကိုပယ်ဖျက်ပြီး “တိုင်းဒေသကြီး(သို့)ပြည်နယ်ဝန်ကြီး”ပာူသည့် စကားရပ်၏ နောက်၌ “တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး” ဆိုသည့် စကား ရပ် ကိုဖြည့်စွက် အစားထိုးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် တိုင်းဒေသကြီး(သို့)ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေပုဒ်မ ၄ တွင်ပါရှိသည့် ပုဒ်မခွဲ(ဂ)၏နောက်၌ ပုဒ်မခွဲ(ဃ) “တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး”အဖြစ်လည်းကောင်း၊ ပုဒ်မ ခွဲ(ဃ)နှင့် (င)တို့ကို (စ)တို့အဖြစ် ပြောင်းလဲသတ်မှတ်ရ မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေစရိတ်နှင့် အဆောင်အယောင်များဆိုင်ရာဥပဒေတွင် ပုဒ်မ ၅ ၌ပါရှိသော “တိုင်းရင်းသား လူမျိုးရေးဝန်ကြီးနှင့်”ဆိုသည့် စကားရပ်အား ပယ်ဖျက်၍ တိုင်းဒေသကြီး (သို့) ပြည်နယ် အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် များဆိုင်ရာ ဥပဒေပုဒ်မ ၁၆ ၌ပါရှိသော “တိုင်းဒေသကြီး သို့ မပာုတ် ပြည်နယ်ဝန်ကြီး”ဆိုသည့် စကားရပ်၏နောက်တွင် “တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး”ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

တိုင်းဒေသကြီး(သို့) ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေတွင် ပုဒ်မ ၁၇ ကို ပယ်ဖျက်ရမည် ဖြစ်ပြီး တိုင်းဒေသကြီး(သို့)ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင် အယောင် များ ဆိုင်ရာဥပဒေတွင် ပါရှိသော ပုဒ်မ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄ နှင့် ၂၅ တို့ကို ပုဒ်မ ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ နှင့် ၂၄ တို့အဖြစ် ပြောင်းသတ်မှတ်ရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး (သို့) ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။

YC

-----------------------------------------------------------------------------------------------------------------------

 ညီနောင်တိုင်းရင်းသားပါတီများ ပြောင်းလဲပြင်ဆင်ဖွဲ့စည်း

တိုင်းရင်းသားပါတီ ငါးခုဖြင့်ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားပါတီများ (National Brotherhood Forum) အား ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း(National Brotherhood Federation)အဖြစ် ပြောင်းလဲပြင်ဆင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပါတီဝင်တစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

“စဖွဲ့စည်းကတည်းကကို တစ်ချိန်မှာတော့ ဖက်ဒရေးရှင်းအဖြစ်ပြောင်းမယ်ဆိုပြီး စပြီးဖွဲ့စည်းခဲ့တာပါ။ အရင်တုန်း ကတော့ ဖက်ဒရယ်ဆိုတဲ့ အသုံးအနှုန်းကို အသုံးပြုဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ခုတော့ လူတွေအားလုံးက ဒီဖက်ဒရယ် စနစ်ကို နားလည်လာပြီ။ လက်ခံလာပြီဖြစ်လို့ ကျွန်တော်တို့ ပြောင်းလဲဖွဲ့စည်းလိုက်ရတာပါ”ပာု ချင်းအမျိုးသားပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခု ပြောင်းလဲပြင်ဆင်ဖွဲ့စည်းလိုက်သည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF)အနေဖြင့် ငြိမ်း ချမ်းရေးနှင့် ဖက်ဒရယ်ဆိုင်ရာ တောင်းဆိုမှုများနှင့် လှုပ်ရှားမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့် ၂၀၁၅တွင်လည်း NBF အနေဖြင့် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် နယ်မြေအပြည့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၀ ရွေးကောက်ပွဲကာလအပြီးမှစတင်၍ ဖွဲ့စည်းခဲ့သည့် ညီနောင်တိုင်းရင်းသားပါတီများ(NBF)တွင် ချင်း အမျိုး သားပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါ တီ၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ကယန်းပါတီတို့ဖြစ်ပြီး လေ့လာသည့်ပါတီများအနေဖြင့် တိုင်းလိုင် ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီ၊ အင်းအမျိုးသားများ ဖွံ့ဖြိုးတိုး တက် ရေးပါတီနှင့် အရှိုချင်းအမျိုးသားပါတီတို့ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းသော၊ တန်းတူညီမျှသော၊ စစ်မှန်သည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးအတွက် ပြည်ထောင်စု တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းလက်တွဲဆောင်ရွက်ကြရန် ညီနောင်တိုင်းရင်းသားပါတီ ခြောက်ပါတီက ဖေဖော် ၀ါရီလ ၁၂ ရက်နေ့က ကျရောက်ခဲ့သည့်(၆၅)နှစ်မြောက် ပြည်ထောင်စုနေ့တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။

 

Ref:Unity

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“အပြောင်းအလဲတွေ ရှိနေပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ရည်မှန်းထားတဲ့၊ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ပေါ်ထွန်းလာရေး ပန်းတိုင်နားတော့ မရောက်သေးပါဘူး။ ကျွန်မတို့သွားနေတဲ့ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ပေါ်ထွန်း လာဖို့ အတွက်လိုအပ်တဲ့ ပြောင်းလဲမှုတိုင်း အလုံးစုံ အပြည့်အ၀ မရသေးပါဘူး။ ဒါပေမယ့် ပြောင်းလဲမှုတွေတော့ ရှိနေပါတယ်”

စက်တင်ဘာ၂၈ရက်နေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ် အတွဲ(၃၀) အမှတ်(၅၈၈)တွင် ပါရှိသည် “ဒီမိုကရေစီ လူ့အဖွဲ့အစည်း ပေါ်ထွန်းလာ ရေးအတွက် အမေရိကန်က လက်တွဲကူညီရန် ဒေါ်အောင်ဆန်းစုကြည်တောင်း ဆို”သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့ ဒီကျောက်တိုင်ကို ကိုယ့်သဘောနဲ့ကိုယ် စိုက်တာ မဟုတ်ဘူး။ ပြည်သူတွေရဲ့ ဆန္ဒကိုခံယူတယ်၊ ကျောက်တိုင်ကို စိုက်ထူ ရမလားလို့ သုံးကြိမ်မေးတယ်။ အားလုံးက တညီတညွှတ်တည်း ထောက်ခံတဲ့အတွက် စိုက်ထူခဲ့ခြင်းဖြစ်ပါတယ်။ စိုက်ထူတဲ့အခါမှာလည်း ဒီကျောက်တိုင်ကို ဖယ်ရှား လိုသူဟာ ငြိမ်းချမ်းရေးကို တကယ် လိုလားသူ မဟုတ်လို့သာမြင်မယ်လို့ လူထုကိုအသိပေးခဲ့ပြီးသားပါ”

အောက်တိုဘာ၂ရက်နေ့ထုတ် news watch (စောင့်ကြည့်သတင်းဂျာနယ်) အတွဲ(၇)၊ အမှတ်(၆၅)တွင် ပါရှိသည်  “လူထုငြိမ်းချမ်းရေး ကျောက်တိုင် ပျောက်ဆုံး”သတင်းမှ Generation Wave(GW)မှ ကိုမိုးသွေးက စက်တင်ဘာ ၂၂ရက်တွင် ပြောကြားချက် အပေါ်ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------

“ဒီဥပဒေတစ်ခု ထပ်တိုးတာထက်စာရင် တည်ရှိနေတဲ့ ဥပဒေတွေထဲက ကျွန်တော်တို့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိပါးနေတဲ့ အချိန်မရွေး အန္တရာယ် ပေးနိုင်တဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့ အရင်ကြိုးစားသင့်တယ်လို့ ထင်တယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတဲ့ ဥပဒေတွေကို ပယ်ဖျက် လိုက်ရင် အများကြီး အသက်ရှုချောင်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူ များ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက် သည့် ဥပဒေကိုတင်ရင်၊ ကျွန်တော်တို့ကလည်း ဒီမိုကရေစီအား နှောင့်ယှက်ဖျက်ဆီးမှုမှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေမျိုး မတင်သင့်ဘူးလား။ ဒါကဒီမိုကရေစီဘက်ကပြောတာပါ။ ဒါကြောင့် သတင်သမားအခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေမျိုးတင်ရင်တော့ ဒီဥပဒေမျိုးကိုလက်ခံပါ တယ်”

စက်တင်ဘာ ၂၉ရက်အောက်တိုဘာ ၅ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ(၁)၊ အမှတ်(၂၉)တွင် ပါရှိသည့် “မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)အား မီဒီယာဥပဒေအသစ် ပြန်လည်ရေးဆွဲစေမည်”သတင်းမှ စာနယ်ဇင်းကောင်စီ(ယာယီ) ဒုတိယဥက္ကဋ္ဌ ဆရာဝံသ၏ ပြောကြားချက် အပေါ်ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment