Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၃၁.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ယဉ်ကျေးမှုတိုက်ပွဲ အဓွန့်မရှည်ဖို့  

*****************************************

ဆောင်းပါးကဏ္ဍ

ယဉ်ကျေးမှုတိုက်ပွဲ အဓွန့်မရှည်ဖို့  

အယ်ဒီတာ့အာဘော်

ယခုလက်ရှိအချိန်တွင် နိုင်ငံတကာမီဒီယာမျက်နှာစာပေါ်၌  မြန်မာနိုင်ငံ၏ အနောက်ဘက်ရှိ ရခိုင်နှင့် ဘင်္ဂါလီတို့ကြား ဖြစ်ပွားလျက်ရှိနေသော လူမျိုးရေးပဋိပက္ခသတင်းများကိုသာ အခြားအကြောင်းအရာများ ထက်ပိုမိုတွေ့မြင်နေရသည်။ ဦးသိန်းစိန်အစိုးရအနေဖြင့်လည်း နိုင်ငံကို စနစ်သစ်ဖြင့် စတင်တာဝန်ယူရ သည့်အခင်းအကျင်းမျိုးတွင် အချိန်ကိုက်ပေါ်ပေါက်လာသည့် ယင်းပဋိပက္ခကို ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်နေသည်ကို တွေ့မြင်နေ ရသည်။ တစ်ဖက်တွင် ပြည်သူလူထု၏ တောင်းဆိုချက်များကို အလေးထားရသလို (OIC ဖွင့်လှစ်ခြင်းအပေါ် ပိတ်ပင်ခြင်းမျိုး) တစ်ဖက်၌လည်း နိုင်ငံတ ကာအသိုင်းအဝိုင်း၏ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် စွပ်စွဲချက်များအပေါ် ညှိညှိနှိုင်းနှိုင်း ဖြေရှင်းလျက်ရှိနေသည်။

လူမျိုးရေးပဋိပက္ခဆိုသည်မှာလည်း နေရာမျိုးစုံတွင် ပုံစံမျိုးစုံဖြင့်ရှိနေနိုင်သည်။ မြန်မာနိုင်ငံတွင် ယေဘူယျအားဖြင့် လူမျိုးရေးတင်းမာမှုပုံစံ နှစ်မျိုးဖြင့်ရှိနေသည်။ တစ်မျိုးမှာ မြန်မာနိုင်ငံတွင် အများစုနေထိုင်သည့် မြန်မာများနှင့် ရှေ့ရာစုနှစ်ပေါင်းများစွာကတည်း အတူတကွနေထိုင်လာသည့် တိုင်းရင်းသားလူမျိုးများကြားရှိ  လူမျိုးရေးတင်းမာမှုဖြစ်ပြီး ကျန်တစ်မျိုးမှာ အိမ်နီးချင်းနိုင်ငံများမှ နယ်စပ်ဖြတ်ကျော်ပြီး နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက် နေထိုင်ကြသူများနှင့် မြန်မာတိုင်းရင်းသားလူမျိုးများကြားရှိ လူမျိုးရေးတင်းမာမှုတိ့ ဖြစ်သည်။ ပထမပုံစံကြောင့် မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော်ကြာ ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ပြည်တွင်းစစ်ကြီးနှင့် ရင်ဆိုင်နေရသည်မှာ ယခုအစိုးရလက်ထက်ထိတိုင်ပင်ဖြစ်သည်။ သို့သော် အစိုးရသစ်၏ ငြိမ်းချမ်း ရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များအောက်တွင် ထာဝရငြိမ်းချမ်းရေးဖြစ်ထွန်းဖို့ လမ်းစများလည်း ပေါ်လာလေပြီဖြစ်သည်။

ဒုတိယပုံစံမှာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ကုလား-ဗမာအရေးအခင်း၊ တရုတ်-ဗမာ အရေးအခင်းကဲ့သို့ လူမျိုးရေးပဋိပက္ခများပင်ဖြစ်သည်။ သို့သော် ယခုဖြစ်ပေါ်နေသည့် ရခိုင်-ဘင်္ဂါလီအရေးမှာ ထင်မှတ်ထားသည်ထက် သိမ်မွေ့သည့်ပြဿနာဟု ဆိုချင်သည်။ ကနေဦးအစတွင် နယ်စပ် ပြဿနာအဖြစ် ဖြစ်တည်ခဲ့ရာမှ ရန်စွယ်မီး မငြိမ်းသတ်နိုင်ကြဘဲ တစ်စတစ်စ ဆက်လက်တောက်လောင်လာလျက်ရှိနေလေရာ ယဉ်ကျေးမှုတိုက်ပွဲများ ဆီသို့ ဦးတည်လာသည်ကို တွေ့မြင်နေရသည်။

အစိုးရအနေဖြင့် ပဋိပက္ခတွင် ခံစားရသည့် ဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားမှုဖြင့် အကူအညီများပေးအပ်မှုကို အလေးထားရ မှာဖြစ်သလို တစ်ပြိုင်နက်တည်းမှာပင် ပြဿနာဖြေရှင်းရာ၌ အမျိုးသားလုံခြုံရေးအတွက်ပါ အရေးတကြီးဆောင်ရွက်ရတော့မည်ဖြစ်သည်။ သို့မှသာ နိုင်ငံတကာမီဒီယာများ မှ ဤအရေးနှင့်ပတ်သက်၍ လူ့အခွင့်အရေးချိုးဖောက်နေသည်ဟူသော  စွပ်စွဲချက်များအပေါ် လူသားချင်းစာနာထောက်ထားမှု အစီအစဉ်များဖြင့် ချေဖျက်ကာ နိုင်ငံ၏ ကျက်သရေကို မြှင့်တင်နိုင်မှာဖြစ်သလို လူမျိုးစွဲဒေါသမီးများ တောက်လောက်အောင် စနစ်တကျဆောင်ရွက်နေ သည့် အဖျက်သမားများအားလည်း အမျိုးသားလုံခြုံရေးအတွက် ထိထိရောက်ရောက်ဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း….။

***************************************

     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၃၁.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. မြန်မာ့ပို့ဆောင်ရေးကဏ္ဍ အာရှဖွံ့ဖြိုးရေးဘဏ်ကူညီမည်
  2. ပတ်စ်ပို့သက်တမ်းတိုးမြှင့်တော့မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. အစိုးရနှင့် KIO တွေ့ဆုံမည့်သတင်းထုတ်ပြန်ခြင်းမပြုရန် တရုတ်တားမြစ်
  2. ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်ပအခြေစိုက် UNFC တို့တွေ့ဆုံမည်
  3. စီမံကိန်းတစ်ခုနှင့်ပတ်သက်၍ NDF ပါတီသို့ရွေးကောက်ပွဲကော်မရှင် သတိပေးစာပို့

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

မြန်မာ့ပို့ဆောင်ရေးကဏ္ဍ အာရှဖွံ့ဖြိုးရေးဘဏ်ကူညီမည်

မြန်မာနိုင်ငံအား နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ကူညီပေးမှုများ ရပ်နားထားသည့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ ယခုအခါ မြန်မာ့သယ်ယူပို့ ဆောင်ရေးကဏ္ဍတွင် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ADB က မြန်မာပို့ဆောင်ရေးကဏ္ဍတိုးတက်စေဖို့အတွက် ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ အဓိကတော့ ယိုယွင်းပျက်စီးနေတဲ့ မြန်မာ့ပို့ဆောင်ရေးကဏ္ဍက အခြေခံအဆောက်အအုံတွေကို တိုးတက်စေဖို့ ဆောင်ရွက်ပေးသွားမှာပါ။ သယံဇာတကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်မှုတွေ မြန်ဆန်စေဖို့အတွက် ဆောင်ရွက်ပေးသွားမှာပါ”ပာု ADB မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် အာရှဖွံ့ဖြိုးရေးဘဏ်၏ ကနဦးချေးငွေများကို မြန်မာနိုင်ငံသို့ ကဏ္ဍလိုက် ပြန်လည်ထုတ်ပေးရန် နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးဆုံး ဖြတ်ခဲ့ပြီး  အောက်တိုဘာလအတွင်း ကမ္ဘာ့ဘဏ်၏ သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံမှ ဘဏ်တစ်ခုနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုသည် ဘဏ်နှစ်ခုအကြား ပုံမှန်မပာုတ်သည့် အမြင့်ဆုံးပူးပေါင်းဆောင်ရွက်မှုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရကြောင်း သိရသည်။

“မြန်မာအစိုးရသစ်လက်ထက်မှာ ချေးငွေတွေ ပြန်ကူညီပေးဖို့ ADB ဘဏ်က ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေး၊ စီးပွားရေးနဲ့ ကျေး လက်ဖွံ့ဖြိုးရေးတွေမှာ ငွေကြေးတွေခွဲဝေသုံးစွဲသွားမှာပါ။ လာမယ့် ဇန်နဝါရီလမှာ ADB ဘဏ်ထုတ်ချေးမယ့် ချေးငွေပမာဏပာာ ဒေါ်လာသန်း ၅၅၀ နဲ့ ၆၀၀ ကြားရှိပါတယ်”ပာု ပြည်တွင်းဘဏ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍအား တိုးတက်လာနိုင်စေရန် လုပ်ဆောင်မည်ဆိုပါက အနည်းဆုံး အချိန်(၂)နှစ်ခန့် ကြာမြင့်မည်ဖြစ် ကြောင်း ADB မှသတင်းထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည့်အတွက် အာရှဖွံ့ဖြိုး ရေးဘဏ်(ADB)အပါအဝင် နိုင်ငံတကာရှိဘဏ်များက ဘဏ္ဍာရေးအကူအညီပေးမှုများ ပြန်လည်စတင်ခဲ့သည်။

YC

 -------------------------------------------------------------------------------------------------------------------

ပတ်စ်ပို့သက်တမ်းတိုးမြှင့်တော့မည်

ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်ကြမည့်သူများနှင့် ပညာတော်သင်သွားရောက်မည့်သူများအတွက် ပတ်စ်ပို့သက်တမ်း ငါးနှစ် အထိတိုးမြှင့်ပေးတော့မည်ဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်ရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပြည်ပနိုင်ငံကို သွားရောက်အလုပ်လုပ်တဲ့သူတွေ အဆင်ပြေစေနိုင်ဖို့ ရည်ရွယ်ပြီးတော့ ပတ်စ်ပို့သက်တမ်းကိုငါးနှစ်အထိ တိုးမြှင့်ပေးသွားမှာပါ။ ခုလို ပတ်စ်ပို့သက်တမ်းကိုတိုးလိုက်ပေမယ့် ကုန်ကျမယ့် ကုန်ကျစရိတ်တွေကတော့ အတူတူပါပဲ။ ဘာမှပြောင်းလဲသွားမှာ မပာုတ်ပါဘူး။ လာလျှောက် တဲ့သူတွေ အချက်အလက်ပြည့်စုံမှန်ကန်တယ်ဆိုရင် သက်တမ်းငါးနှစ်အထိ ပေးသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံသားများ ပြည်ပသို့ထွက်ခွာရာတွင် ပတ်စ်ပို့ရရှိရေးအတွက် လုပ်ဆောင်ရသည့် အမြတ်ခွန်ကင်းရှင်းကြောင်း ပုံစံ ၁၇၊ ၁၉ ကိုပယ်ဖျက်ပေးတော့မည်ဖြစ်ပြီး ယခုကဲ့သို့ ပယ်ဖျက်ပေးရာတွင် လုပ်ငန်းကြီးများကိုမူ ဆက်လက်ထားရှိဦးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပုံစံ ၁၇၊ ၁၉ ဖျက်လိုက်တာကောင်းပါတယ်။ ဒီကိစ္စက နိုင်ငံတော်အနေနဲ့လည်း အခွန်မရသလို နိုင်ငံခြားထွက်မယ့်သူတွေလည်း အချိန် ကြန့်ကြာမှုတွေဖြစ်ရပါတယ်။ ခု နိုင်ငံတော်က နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ့်သူတွေအတွက် ပတ်စ်ပို့သက်တမ်းကို ထပ်တိုးပေးလိုက်ပြီဆိုတော့ ပြည်ပထွက်မယ့်သူတွေအတွက် ပိုပြီးအဆင်ပြေနိုင်တာပေါ့”ပာု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံခြားသို့သွားရောက်မည့် ပြည်တွင်းနိုင်ငံသားများအတွက် ယခင် ပတ်စ်ပို့သက်တမ်းများကို ငါးနှစ်၊ လေးနှစ်နှင့် သုံးနှစ်တို့ဖြင့် ထုတ် ပေးလေ့ရှိသော်လည်း ယခုအခါ ပတ်စ်ပို့သက်တမ်းကို ငါးနှစ်အထိတိုးမြှင့်ဆောင်ရွက်ပေးတော့မည်ဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောကြားသည်။

                YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

အစိုးရနှင့် KIO တွေ့ဆုံမည့်သတင်းထုတ်ပြန်ခြင်းမပြုရန် တရုတ်တားမြစ်

တရုတ်နိုင်ငံ ရွှေလီမြို့၌ အောက်တိုဘာလ ၃၀ ရက်နေ့တွင်တွေ့ဆုံမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက် ရေးအဖွဲ့(KIO)တို့ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများပြုလုပ်မည့် သတင်းနှင့် ပတ်သက်၍  အစိုးရသတင်းမီဒီယာများသို့ တရားဝင်သတင်းမထုတ်ပြန်ရန် တရုတ်နိုင်ငံကတားမြစ်ထားကြောင်း သိရသည်။

“တရုတ်-မြန်မာ နယ်စပ်ရွှေလီမှာလုပ်မယ့် KIO နဲ့ဆွေးနွေးပွဲကို အစိုးရပိုင်မီဒီယာတွေမှာ တရားဝင်သတင်းမထုတ်ပြန်ဖို့အတွက် တရုတ်က လှမ်း တောင်းဆိုတယ်လို့ သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကပြောသွားပါတယ်။ ဘာကြောင့်လဲဆိုတာတော့ မသိပါဘူး။ လေယာဉ်ပေါ်မှာ သတင်း ထောက်တွေကိုရှင်းပြနေတုန်း ထည့်ပြောသွားတာပါ”ပာု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခု ပထမဆုံးအကြိမ်တရားဝင်တွေ့ဆုံမည့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့ဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းအပါအဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအုန်းမြင့်၊ ဦးဝင်းထွန်းနှင့် ကာကွယ်ရေးဝန် ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်များပါဝင်ပြီး လက်ရှိအချိန်တွင် ပြည်တွင်းရှိ သတင်းထောက်များမှာ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သတင်းယူရန် ရန်ကုန်မှထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့အတွက် အစိုးရငြိမ်းချမ်းရေးအဖွဲ့က KIO ကိုကမ်းလှမ်းခဲ့တာပါ။ ဒီကမ်းလှမ်းမှုကို KIO ဘက်က လက်ခံ လိုက်ပါပြီ။ ဒီဆွေးနွေးပွဲမှာ နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုတွေထက် အပစ်အခတ်ရပ်စဲရေးနဲ့ နှစ်ဖက်တပ်တွေ ရွှေ့ပြောင်းရေးကို အဓိကထားဆွေးနွေးသွားမှာ ပါ”ပာု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ခဲ့ပြီး လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၁)ဖွဲ့အနက် (၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူညီမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

YC

 -------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်ပအခြေစိုက် UNFC တို့တွေ့ဆုံမည်

သမ္မတရုံးပြည်ထောင်စုဝန်ကြီးမှ ဒုတိယဥက္ကဋ္ဌအဖြစ်ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်ပအခြေစိုက် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)တို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လာမယ့်နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ နှစ်ကြိမ်အလွတ်သဘော တွေ့ဆုံသွားဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေအားလုံးနဲ့ နှစ်ဦးနှစ်ဖက်အကောင်ဆုံးဖြစ်အောင် တွေ့ဆုံညှိနှိုင်းသွားနိုင်ဖို့ ကြိုးစားနေပါတယ်။ တိုင်းရင်းသားတွေနဲ့ အစိုးရချထားတဲ့ မူဘောင်တွေထဲကပဲ ဆွေးနွေးသွားမှာပါ”ပာု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် အောက်တိုဘာလ ၃၀ရက်နေ့တွင် တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့၌ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်သွားမည်ဖြစ်ပြီး ယခုဆွေးနွေးမည့် ဆွေးနွေးပွဲသည် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းပြီးနောက် လေးကြိမ်မြောက်ဆွေးနွေးခြင်းဖြစ်သည်။

“ဒီတစ်ကြိမ်က လုပ်ငန်းကော်မတီသစ်နဲ့ဆွေးနွေးတာပါ။ ရလဒ်ကောင်းတွေထွက်လာနိုင်ပါတယ်။ ပြီးတော့ UNFC နဲ့လည်း ဆွေးနွေးဖို့တွေ ရှိတယ်။ ဒီတစ်ကြိမ်တော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အကောင်းမွန်ဆုံးလုပ်ဆောင်နိုင်ပြီး တိုင်းရင်းသားအားလုံးပါဝင်တဲ့ ညီလာခံကြီးတစ်ခု ကျင်းပ နိုင်ဖို့အထိ ရည်ရွယ်ထားပါတယ်”ပာု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ပအခြေစိုက် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားသည့်အဖွဲ့တစ်ခုဖြစ်ပြီး ယင်းအဖွဲ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ပါဝင်ကြောင်း သိရသည်။

                                                                                                                             YC

 -------------------------------------------------------------------------------------------------------------------

စီမံကိန်းတစ်ခုနှင့်ပတ်သက်၍ NDF ပါတီသို့ရွေးကောက်ပွဲကော်မရှင် သတိပေးစာပို့

လှိုင်သာယာမြို့နယ်အတွင်းတည်ဆောက်မည့် ဆင်းရဲသားမြို့တော်စီမံကိန်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေ စီအင်အားစု(NDF)ပါတီသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။

“မင်းကြီးမပာာမင်းခေါင်လမ်းဘေးမှာရှိတဲ့ ကျုးကျော်တံတားတွေကို နေရာချထားပေးဖို့ဆိုပြီး ဆင်းရဲသားမြို့တော်စီမံကိန်းနဲ့ ထူထောင်ရေး အစည်းအဝေးကိုကျင်းပခဲ့ပါတာယ်။ ပြီးတော့ ဒီပါတီက ဆင်းရဲသားရွှေမြို့တော်စီမံကိန်းနဲ့ပတ်သက်ပြီး ဖြန့်ဝေတဲ့ လက်ကမ်းစာစောင်တွေမှာလည်း အုပ်ချုပ်ရေးဆိုင်ရာ အချို့ကိစ္စရပ်တွေ ငြိစွန်းတဲ့အတွက် ခုလိုသတိပေးအကြောင်းကြားစာ ပေးပို့တာပါ”ပာု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် နေရာအနှံ့အပြားတွင် ကျုးကျော်လူတန်းစားများမှာ နေထိုင်ရန်ခက်ခဲလျက်ရှိပြီး ၎င်းလူတန်းစားများ နေထိုင်ရန် သင့်တော် မည့်နေရာနှင့် သင့်တင့်သည့်ဈေးနှုန်းဖြင့် ရရှိနိုင်မည့် ကျုးကျော်(၅၀၀၀)ကျော်အတွက် စီမံကိန်းတစ်ခုရေးဆွဲ၍ လှိုင်သာယာမြို့နယ်အတွင်း ဆင်းရဲ သားမြို့တော်ကို တည်ထောင်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တာဝန်ရှိသူတစ်ဦးက မကြာသေးမီကာလအတွင်းက ပြောကြားသည်။

“အဓိကတော့ နေထိုင်စရာနေရာတွေ၊ အိမ်တွေမရှိသေးတဲ့ သူတွေအတွက် ဆင်းရဲသားမြို့တော် တည်ထောင်မယ်ဆိုပြီး စိတ်ကူးရခဲ့တာပါ။ လက်ရှိက ကျူးကျော်တွေကိုဖျက်သိမ်းခိုင်းတဲ့အမှုက အရမ်းကိုများနေတယ်။ ပြည်သူတွေအဆင်ပြေစေနိုင်ဖို့အတွက် ဒီစီမံကိန်းကို အကောင်အထည် ဖော်တာပါ။ ဒီလိုကောင်းတာလုပ်တာကို ကော်မရှင်က သတိပေးစာပို့တယ်ဆိုတော့ စဉ်းစားစရာပေါ့လေ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ဒီစီမံကိန်းကိုတော့ ဆက်ပြီးအကောင်အထည်ဖော်မှာပါ”ပာု NDF ပါတီမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီသည် ဆင်းရဲသားရွှေမြို့တော်စီမံကိန်းလုပ်ဆောင်ရာတွင် သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်း များကို အကြောင်းကြားရမည်ဖြစ်သော်လည်း ယင်းပါတီအနေဖြင့် အကြောင်းကြားခြင်းမရှိသည့်အတွက် တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရန်နှင့် ထိန်းသိမ်းကြပ်မတ်ပေးနိုင်ရန် ယခုကဲ့သို့ အကြောင်းကြားစာပေးပို့ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"လူတစ်ယောက်ဟာ နေရာတစ်ခုတတည်းမှာ အကြာကြီးထိုင်နေမယ်ဆိုရင် အဲဒီလူရဲ့ အိုင်ဒီယာတွေဟာ ကြာလာရင် အဆင်မပြေတော့ဘူး။ တကယ် တော်တဲ့ အရည်အချင်းပြည့်ဝတဲ့လူငယ်တွေကို နေရာပေးဖို့လိုတယ်။"

နိုဝင်ဘာ ၁ရက်နေ့ထုတ် 7 Days News Journal အတွဲ (၁၁)၊ အမှတ် (၃၄) တွင်ပါရှိသည့်"အသင်းအဖွဲ့များမှ အာဏာရှင်များ" ဆောင်းပါးမှ မန္တလေးမြို့မှ ကွန်ပျူတာပညာရှင် ဦးရဲမြတ်သူ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

"အခုလိုမျိုး အထူးစီးပွားရေးဇုန်ဥပဒေကို အားလုံးအတွက်တစ်ခုတည်းပဲ ပြဠာန်းတော့မယ်လို့ကြားရတာကို အင်မတန်ကောင်းတယ်လို့ ဆိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုတောင် မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေ၊ ထားဝယ်အထူးစီးပွားရေးဇုန်ဥပဒေဆိုပြီး အမျိုးမျိုးဖြစ်နေတော့ ရင်းနှီးမြှုပ်နှံမယ့်သူက မျက်စိလည်သွားနိုင်တယ်။ နောက်ထပ်လည်း အထူးစီးပွားရေးဇုန်တွေက ထပ်လုပ်ဦးမှာဆိုတော့ ဇုန်တစ်ခုစီတိုင်းသာ ဥပဒေတစ်ခုလိုက်ပြနေရရင် အလုပ်လုပ်မယ့်သူအတွက်ရော ဥပဒေရေးဆွဲပြဌာန်းရေးအတွက်ပါ လုပ်ကြရမယ့်သူတွေအဖို့ မလွယ်ပါဘူး။"

နိုဝင်ဘာ ၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ် အတွဲ(၈) အမှတ်(၄၂) တွင်ပါရှိသည့်"အထူးစီးပွားရေးဇုန်ဥပဒေ နယ်မြေခွဲခြားခြင်း မပြုတော့ဘဲ တစ်ခုတည်းသာ ပြဠာန်းတော့မည်"သတင်းမှ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးနှင်းဦး၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

"ဒါဟာ မြန်မာနဲ့အမေရိကန် တပ်မတော်နှစ်ရပ်အကြားချည်နှောင်မှုကို နေရာတစ်နေရာ ပြန်လည်ဖော်ဆောင်ရယူခြင်းလို့ တရုတ်ဘက်က စိတ်ပူပန်မှုကို ဖြစ်စေနိုင်ပေမယ့် စိတ်ပူပန်ရမယ့်ကိစ္စမျိုး မဖြစ်သင့်ပါဘူး။ တရုတ်နိုင်ငံနဲ့ကောင်းမွန်ရင်းနှီးတဲ့ ဆက်ဆံမှုမျိုးထားရှိဖို့နဲ့ အမေရိကန်နဲ့လည်း ဆက်ဆံရေး ကောင်းမွန်နေမှာပါပဲ။ ဒါကအကြောင်းပြချက်မဟုတ်ပါဘူး။ ပထဝီအနေအထားအရ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးသောအိမ်နီးချင်းအဖြစ် အမြဲရှိနေမှာပါပဲ။"

နိုဝင်ဘာ ၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ် အတွဲ (၈) အမှတ် (၄၂)တွင်ပါရှိသည့်"တရုတ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော အိမ်နီးချင်းအဖြစ် အမြဲရှိနေမည်ဖြစ်ကြောင်း သမိုင်းပညာရှင် ဦးသန်းမြင့်ဦးပြောကြား"သတင်းမှ ဒေါက်တာသန်းမြင့်ဦး၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive