Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၎.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံသမ္မတနှင့် စကားပြောခြင်း

(30 Sept 2012ရက်စွဲပါ The New York Timesမှ Bill Keller၏ “A conversation with President U Thein Sein of Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအရှိန်ရဟု ADBပြော

(3Oct 2012ရက်စွဲပါ The Nationမှ Myanmar economic growth to speed up,ADB saysကိုဘသာပြန်ဆိုသည်။)

***********************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ သမ္မတနှင့် စကားပြောခြင်း

(30 Sept 2012ရက်စွဲပါ The New York Timesမှ Bill Keller၏ “A conversation with President U Thein Sein of Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

အောက်ပါအင်တာဗျူးသည် စက်တင်ဘာ၂၈ရက်နေ့က နယူယေက်တွင် သမ္မတဦးသိန်းစိန်နှင့် အင်တာဗျူးဖြစ်သည်။

Bill Keller။ ။ တစ်ခြား ကိစ္စတွေမမေးခင် ပုဂ္ဂိုလ်ရေး လေးနည်းနည်း မေးချင်ပါတယ်။ အမေရိကန် တွေက သမ္မတကြီး အကြောင်း သိပ်မသိပါဘူး။ မိဘတွေ အကြောင်း၊ ပညာရေးအကြောင်း ပြောပြနိုင်မလား။

ဦးသိန်းစိန်။ .။ ကျွန်တော်ဟာ သာမာန်မျိုးရိုး ကဆင်းသက်လာတာပါ။ ကျွန်တော့်ကို မြစ်ဝကျွန်းပေါ် ဟိုင်းကြိးကျွန်းနားက ရွာတစ်ရွာမှာ မွေးပါတယ်။ ကျွန် တော့် မိဘတွေဟာ လယ်သမားတွေပါ။

Bill Keller။ ။အဖေက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးလို့ ကျွန်တော်ဖတ်ဖူးပါတယ်။ အဲဒါဟုတ်ပါသလား။

ဦးသိန်းစိန်။ ။ကျွန်တော်ဖခင်ဟာ ဇနီးဆုံးသွားတဲ့ နောက်ပိုင်းမှာ ဘုန်းကြီးဝတ်ပါတယ်။ သူ့ဇနီးဆုံးပြီးတဲ့နောက်ပိုင်း ကျွန်တော်နဲ့ ဆယ်နှစ်လောက် အတူနေ ပါသေးတယ်။ နောက်ပိုင်းဘုန်းကြီးဝတ်ပြီး ရဟန်းဝတ်နဲ့ ပြန်လွန်တော်မူပါတယ်။ (စကားပြန်မှ နောက်ပိုင်းတွင် မြန်မာဗုဒ္ဓဘာသာ မုဆိုးဖိုများတွင် ၎င်းတို့၏ နောက်ဆုံးနေ့များ၌ ဘုန်းကြီးဝတ်သည်မှာ ဖြစ်လေ့ရှိသည်ဟု ရှင်းပြသည်။)

Bill Keller။ ။ ရွာမှာကျောင်းနေပါသလား။

ဦးသိန်းစိန်။ ။ ရွာမှာမူလတန်းကျောင်းပဲရှိပါတယ်။ ကျွန်တော်တို့ဒေသရဲ့ မြို့တော်မှာ တစ်နှစ်ကျောင်းသွားတက်သေးတယ်။ ရွာမှာအလယ်တန်းကျောင်း မရှိဘူး။ အနီးဆုံးက မိုင်လေးဆယ်လောက်ဝေးပါတယ်။ အဲဒီမှာ သုံးနှစ်လောက်ကျောင်းတက်ပါတယ်။ နောက်ပုသိမ်မှာ သုံးနှစ်နေပြီး စစ်တက္ကသိုလ် ဝင်ခွင့် အောင်သွားတဲ့အတွက် လေးနှစ်တက်ရပါတယ်။ B.Aဘွဲ့ရပြီး စစ်တပ်မှာ ဒုတိယဗိုလ် ဖြစ်လာတာပါ။

Bill Keller။ ။ မြန်မာနိုင်ငံရဲ့ ပြင်ပကမ္ဘာကို ဘယ်အချိန်မှာ စတင်မြင်တွေ့ဖို့ အခွင့်အရေး ရခဲ့ပါသလဲ။

ဦးသိန်းစိန်။ ။ ပထမဆုံး နိုင်ငံခြား ထွက်ခွင့်ရတာ စစ်ရုံးမှာ စစ်ဦးစီး ဗိုလ်မှူးကြီး ဘဝနဲ့ပေါ့။ တရုတ်နဲ့ စင်ကာပူကို သွားခဲ့ပါတယ်။

Bill Keller။ ။ အဲဒီတုန်းက သမ္မတကြီး အသက်ဘယ်လောက် ရှိပြီလဲ။

ဦးသိန်းစိန်။ ။ အသက်၄၅နှစ် ဝန်းကျင်ပါ။

Bill Keller။ ။ မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ နိုင်ငံတကာ အရေးယူမှုများနဲ့ ရှိနေခဲ့ပါတယ်။ အရေးယူမှုတွေရဲ့ သက်ရောက်မှုကို ဘယ်လိုပြောချင်ပါသလဲ။

ဦးသိန်းစိန်။ ။ အရေးယူမှုတွေဟာ သာမာန်ပြည်သူတွေ အပေါ်မှာ ကြီးစွာသော အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိတယ်လို့ ကျွန်တော်ထင် ပါတယ်။ အရေးယူမှုတွေကြောင့် ကျွန်တော်တို့ဆီကို နိုင်ငံခြားက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ မလာတဲ့အတွက် သာမာန်ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အရေး အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ တော်တော်နည်းပါတယ်။ကျွန်တော်တို့ ပြည်သူအများစုဟာ အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်ရှာ ရပါ တယ်။ လူဦးရေသုံးသန်းခန့်ဟာ ထိုင်းနိုင်ငံနဲ့ အခြားဒေသတွင်း နိုင်ငံတွေမှာ အလုပ်လုပ်နေပါတယ်။ အရေးယူမှုတွေဟာ စစ်အစိုးရကို အားနည်းစေတယ်လို့ ဆိုပေမယ့် သာမာန်ပြည်သူတွေကို ပိုပြီးထိခိုက်စေပါတယ်။

Bill Keller။ ။ ဒီအချက်တွေက သမ္မတကြီး သို့မဟုတ် ခေါင်းဆောင်ပိုင်းတွေရဲ့ အတွေးမှာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ကို ပိုမိုသွားဖို့ လိုအပ်တယ် လို့ ဖြစ်ပေါ်စေပါသလား

ဦးသိန်းစိန်။ ။ ကျွန်တော်အစကတည်းက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေအတွက် ဆယ်စုနှစ် နှစ်ခုလောက် အချိန်ယူခဲ့ပါတယ်။ ကျွန်တော်တို့ ပညာရေးစနစ် ကောင်းအောင်လုပ်ရပါတယ်။ လမ်းညွှန်မြေပုံ ခုနှစ်ချက်ကို ချမှတ်ပြီး အခြေခံ ဥပဒေ ရေးဆွဲအတည်ပြုခြင်း၊ ရွေးကောက်ပွဲများ ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ အရေးယူမှုတွေ ကို အမှုမထားပဲ ပြုပြင်ပြောင်းလဲရေး တွေကို အကောင်အထည် ဖော်ခဲ့ပါတယ်။ အရေးယူ မှုတွေကြောင့် ကျွန်တော်တို့ဒါတွေ လုပ်ခဲ့တာ မဟုတ်ပါဘူး။

(မှတ်ချက် မြန်မာနိုင်ငံသည် ၁၉၉၀ခုနှစ်က ရွေးကောက်ပွဲပြုလုပ်ခဲ့ရာအတိုက်အခံက ၈၀ရာခိုင်နှုန်းအနိုင်ရရှိ ခဲ့သည်။စစ်တပ်က အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည်.။ အခြေခံဥပဒေသစ်ကို ၂၀၀၈ခုနှစ်တွင်အတည်ပြုခဲ့ပြီး ၂၀၁၂တွင် အတိုက်အခံသည် ရွေးကောက်ပွဲဝင်ရန် သဘောတူခဲ့ပြီး နေရာအနည်းငယ်ပင် ပါဝင်ခွင့်ရပါသေးသည်။)

Bill Keller။ ။ မနေ့က Asia Society မှာ သမ္မတကြီး ဖြေခဲ့တာ ကျွန်တော်ကြားပါတယ်။ ဒါပေမယ့် ကျွန်တော်ရှင်းရှင်းလင်းလင်း သဘောမပေါက်သေးဘူး။ ပြည်သူတွေက စစ်အစိုးရက ဘာ့ကြောင့်အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်ရတယ်ဆိုတာ အမျိုးမျိုး တွက်ဆနေကြပါတယ်။ တချို့က နာဂစ်ဆိုင်ကလုန်း အပြီးမှာ တိုင်းပြည်ပြုပြင် ပြောင်းလဲရေးတွေ လိုနေပြီ။ ဒါမှသာ ပြည်သူတွေကို ပိုမိုကြည့်ရှုနိုင်မယ်လို့ သဘောပေါက်သွားတယ်လို့ ထင်နေပါတယ်။ တချို့ ကလည်း အာရပ်နွေဦးက အချက်တစ်ခုလို့ဆိုပါတယ်။

ဦးသိန်းစိန်။ ။အဓိက အကြောင်းအရင်းကတော့ ပြည်သူတွေရဲ့ဆန္ဒပါပဲ။ အစကတည်းက ပြည်သူတွေဟာ ဒီမိုကရေစီကို လိုလားတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အပြောင်းအလဲကို ရုတ်တရတ် မဖြစ်စေလိုပါဘူး။ အန္တရာယ်များပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဆီမှာ အပြောင်း အလဲတွေ တဖြည်းဖြည်း ဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။ အာရပ်နွေဦးကြောင့် ဘာကြောင့် မဟုတ်ပါဘူး။ ပြည်သူတွေ လိုချင်လို့ ကျွန်တော်တို့ လုပ်ပေး ခဲ့တာပါပဲ။

Bill Keller။ ။ လက်ရှိအခြေခံဥပဒေမှာ ဒီမိုကရေစီအတွက် အကန့်အသတ်ဖြစ်နေဆဲ ဥပဒေအချို့ရှိနေပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ အရေးပေါ် အခြေအနေမှာ အာဏာပြန်ယူတာမျိုး ။လွှတ်တော်က ၂၅ရာ ခိုင်နှုန်းကို စစ်တပ်အတွက် သတ်မှတ်ထားတာမျိုးပါ။ ဒီဥပဒေတွေ ဘယ်လောက် ကြာကြာ ရှိနေဖို့ လိုအပ်တယ်လို့ထင်ပါသလဲ။

ဦးသိန်းစိန်။ ။ တပ်ချုပ်က အရေးပေါ် အခြေအနေကို သူ့သဘောနဲ့ သူကြေညာလိ့မရပါဘူး။တပ်ချုပ်ကို သမ္မတကခန့်တာပါ။ အရေးပေါ် အခြေအနေ ဖြစ်လာခဲ့ရင် သမ္မတနဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ပေးမှာပါ။ ခင်ဗျားရဲ့ ဒုတိယမေးခွန်းက လွှတ်တော်မှာ စစ်တပ်ရဲ့ အခန်း ကဏ္ဍပါ။ တပ်မတော်ဟာ ကျွန်တော်တို့ နိုင်ငံရေးမှာ အရေးပါတဲ့ ကဏ္ဍကပါဝင်လာတာ နှစ်ပေါင်းများစွာရှိနေပါပြီ။ ဒါ့ကြောင့် အသွင်ကူးပြောင်းရေး လုပ်ငန်း စဉ်မှာ သူတို့ကို ဖယ်ထုတ်လို့ မရနိုင်သေးပါဘူး။ အချိန်ကြာလာ တာနဲ့အမျှ စစ်တပ်ကိုယ်စားလှယ် ရာခိုင်နှုန်း လျော့ကျလာနိုင်ပါတယ်။ ဒါမျိုးအခြေအနေကို အင်ဒိုနီးရှားမှာ တွေ့ဖူးမှာပါ။

Bill Keller။ ။ ဒါဆိုအချိန်ကြာ လာတာနဲ့အမျှ စစ်တပ်ရဲ့ ကိုယ်စားပြုမှု မှေးမှိန်သွားနိုင်တယ်လို့ သမ္မတကြီင်္းက ထင်တယ်ပေါ့။

ဦးသိန်းစိန်။ ။ အခြေအနေတွေ ပြောင်းလဲသွားတာနဲ့ အမျှပေါ့။

Bill Keller။ ။ အရေးပေါ် အခြေအနေမှာရှိမယ့် အာဏာကရော။ ကျန်နေဦးမှာလား။

သမ္မတရဲ့ အကြံပေး။ ။ အခြေခံဥပဒေမှာ အရေးပေါ်အခြေအနေကိုအမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီရဲ့သဘောတူညီချက်နဲ့ သမ္မတက ဆုံးဖြတ် တယ်လို့ ပါပါတယ်။ သမ္မတက အခရာပါ။

Bill Keller။ ။ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လို ဒီအာဏာကို သုံးမလဲ။

ဦးသိန်းစိန်။ ။ အရေးပေါ်အခြေအနေကို တိုင်းပြည်ရဲ့ ဒေသတစ်ခုမှာဖြစ်ဖြစ် ၊တိုင်းပြည်တစ်ခုလုံးမှာပဲဖြစ်ဖြစ် ထုတ်ပြန်နိုင်ပါတယ်။ ပြည်သူတွေအပေါ် အန္တရာယ် မကျရောက်ပြီလို့ဆိုရင် ဒီလိုအမိန့်ထုတ်ပြန်ဖို့ သမ္မတက စဉ်းစားမှာပါ။ တရားဥပဒေနဲ့ အမိန့်ပြန်လည် စိုးမိုးရေးအတွက် လိုအပ်တဲ့နေရာတွေမှာ သမ္မတက တပ်ချုပ်ကို စေလွှတ်ပြီး တာဝန်ယူစေမှာဖြစ်ပါတယ်။

Bill Keller။ ။ နောက်ဆုံးမေးခွန်း မေးခွင့်ပြုပါ။သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အမေရိကန်ခရီးစဉ်အတွင်းမှာ တစ်ဦးအပေါ်တစ်ဦး လေးစား ကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တစ်ချိန်မှာ သမ္မတဖြစ်ဖို့ ရည်မှန်းချက်ရှိပါသလားလို့ မေးတော့သူက ပါတီအကြီးအကဲတိုင်းဟာ နိုင်ငံ့ခေါင်းဆောင် ဖြစ်လိုကြတာပဲလို့ ဖြေပါတယ်။ သမ္မတဒေါ်အောင်ဆန်းစုကြည်ရယ်လို့ စိတ်ကူးနိုင်ပါသလား။

ဦးသိန်းစိန်။ ။ သူဟာ အခြေခံဥပဒေရဲ့ လိုအပ်ချက်ကို ပြည်မီဖို့တော့ လိုမှာဖြစ်ပါတယ်။[မှတ်ချက်။ ။သူသည်အခြေခံဥပဒေ အရ သားသမီးများသည် နိုင်ငံခြားသားများ ဖြစ်နေ၍ ဘောင်မဝင်ပေ။] ဒါပြီးရင် ပြည်သူဆုံးဖြတ်ရမယ့် အပေါ်မှာ မူတည်ပါတယ်။

---------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအရှိန်ရဟု ADBပြော

(3Oct 2012ရက်စွဲပါ The Nationမှ Myanmar economic growth to speed up,ADB saysကိုဘသာပြန်ဆိုသည်။)

အာရှမှ စီးပွားရေးများသည် ကမ္ဘာလုံးဆိုင်ရာဝယ်ယူမှုကျဆင်းလာခြင်းကြောင့် နှေးကွေးမည်ဟု ခန်မှန်းရသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ အရှိန်မြင့်လာလိမ့်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ဗုဒ္ဓဟူးနေ့ကပြောကြားသည်။

မနီလာအခြေစိုက် ADB ကပြောကြားရွာင် အစပိုင်းက ဒေသတွင်း တိုးတက်မှုအား ယခုနှစ်တွင် ၆.၉ရာခိုင်နှုန်းနှင့် ၂၀၁၃ခုနှစ်တွင် ၇.၃ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားရာ လျှော့ချ၍ ၆.၁ရာခိုင်နှုန်းနှင့် ၆.၇ာခိုင်နှုန်း အသီးသီးခန့်မှန်းခဲ့သည်ဟု ဆိုသည်။

သို့သော် မြန်မာနိုင်ငံအတွက် မူအစပိုင်းက ယခုနှစ်အတွက် ၆ရာခိုင်နှုန်းနှင့် ၂၀၁၃ခုနှစ်အတွက် ၆.၃ရာခိုင်နှုန်းအသီးသီး တိုးတက်မည်ဟု ADB ကတိုးတက်ခန့်မှန်းသည်။

အားလုံးထဲမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေဟာ ပိုကောင်းလာတဲ့သဘောဖြစ်နေတယ် ဟု ADB ၏ထိုင်းနိုင်ငံဒါရိုက်တာ Crig Steffensen ကဗုဒ္ဓဟူးနေ့ ကပြောကြားသည်

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment