Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၂.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရိုဟင်ဂျာအခွင့်အရေးကိုကာကွယ်ပေးရန် မြန်မာနှင့် ဘင်္ဂလားဒေရှ့်ကို အမေရိကန်တိုက်တွန်း

(Business Recorder မှ 10 October 2012 ရက်စွဲပါ“US urges Myanmar, Bangladesh on groups's right” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တွင် လေသံမဟိန်းဟောက် နိုင်တော့သည့် တရုတ်

(6 October 2012 ရက်စွဲပါ The Economist မှ Relation with Myanmarး Less thumder out of China ကို ဘာသာပြန်ပါသည်)

  1. ထိုင်းနိုင်ငံက အစိုးရချင်း သဘောတူညီမှုဖြင့် အလုပ်သမာများ   တင်သွင်းမည်

(12 October 2012 ရက်စွဲပါ Bernama မှ Thailand to import workers under G –to-G agreement ကိုဘာသာပြန်ဆိုသည်။)

***********************************************

ဘာသာပြန်သတင်းများ

ရိုဟင်ဂျာ အခွင့်အရေးကို ကာကွယ်ပေးရန် မြန်မာနှင့် ဘင်္ဂလားဒေရှ့်ကို အမေရိကန်တိုက်တွန်း

(Business Recorder မှ 10 October 2012 ရက်စွဲပါ“US urges Myanmar, Bangladesh on groups's right” သတင်းကို ဘာသာပြန်ဆိုသည်)

အလွန်အကျွံ ခွဲခြားဆက်ဆံခြင်း ခံနေရသော ရိုဟင်ဂျာ မွတ်ဆလင် အုပ်စု၏ အခွင့်အရေးများကို ကာကွယ်ပေးကြရန် မြန်မာနှင့် ဘင်္ဂလားဒေရှ့်ကို အမေရိကန် ပြည်ထောင်စုက အင်္ဂါနေ့တွင် တိုက်တွန်းလိုက်သော်လည်း ခက်ခဲသောလုပ်ငန်း ဖြစ်လိမ့်မည်ဟု ဝန်ခံပြောကြားခဲ့သည်။

ဇွန်လက ရခိုင်ပြည်နယ် အကြမ်းဖက်မှုများကြောင့် နှစ်ဖက်စလုံးမှ လူပေါင်း၉၀ခန့် အသက်ဆုံးရှုံးခဲ့ရပြီး၊ ဘင်္ဂလားဒေရှ့် နိုင်ငံကလည်း ဒုက္ခသည် အသစ်များ ထပ်မဝင်နိုင်အောာင် တားဆီးလျက်ရှိသည်။

အမေရိကန် တာဝန်ရှိသူ ၄ဦးပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ယခင်လက နှစ်နိုင်ငံစလုံးသို့ သွားရောက်၍ အာဏာပိုင်များ၊ အရပ်ဖက် အဖွဲ့အ စည်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံက နိုင်ငံသားအဖြစ် အသိအမှတ်မပြုသော ရိုဟင်ဂျာများ၏ အခြေအနေကို အကဲဖြတ် လေ့လာခဲ့ကြ သည်။

အထောက်အထားရှိသော ရိုဟင်ဂျာများ နိုင်ငံသားဖြစ်နိုင်မည့် နည်းလမ်းများကို မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးခဲ့သည်ဟု လူဦးရေ ဒုက္ခသည် များနှင့် ရွှေ့ပြောင်းခြင်းဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကယ်လီကလီးမင့်က ပြောကြားသည်။

“စီးပွားရေး ဖွံ့ဖြိုးခြင်း၊ ဆင်းရဲမွဲတေမှုဖယ်ရှားပေးခြင်း၊ ဒေသခံတို့၏ အခြေခံ အခွင့်အရေးကို အာမခံခြင်းတို့ကို ဆောင်ရွက်မှသာလျှင် ရခိုင်ပြည်နယ် ငြိမ်းချမ်းနိုင်ချေ ရှိသည်”ဟု Open Society Foundation and Refugees Internationalက ပြုလုပ်သော ဆွေးနွေးပွဲ အခမ်းအနားတွင် သူမကပြောကြား သည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ၈သိန်းခန့် နေထိုင်လျက်ရှိပြီး၊ ဘင်္ဂလားဒေရှ့် အရှေ့မြောက်ပိုင်း သားများကဲ့သို့ ဘင်္ဂါလီ ဘာသာစကား ပြောဆိုသော ရို ဟင်ဂျာများကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများဟု မြန်မာနိုင်ငံဖက်က သတ်မှတ်ထားသည်။

ကျန်ရိုဟင်ဂျာ ၃သိန်းခန့်နေထိုင်နေသော ဘင်္ဂလားဒေရှ့် နိုင်ငံကလည်း နောက်ထပ်ရိုဟင်ဂျာ ဒုက္ခသည်များ ဝင်မလာစေရန်အတွက် ရှိရင်းစွဲ နိုင်ငံ တကာ ကယ်ဆယ်ရေး အေဂျင်စီ လုပ်ငန်းများကို တားမြစ်ပိတ်ပင်လျက်ရှိသည်။

“အမေရိကန် ပြည်ထောင်စုသည် ဘင်္ဂလားဒေရှ့်မှ ကယ်ဆယ်ရေးလုပ်ငန်းများကို တသမတ်တည်း ထောက်ခံအားပေးခဲ့သူဖြစ်ပြီး ဘင်္ဂလားဒေရှ့် အနေဖြင့်လည်း ၎င်း၏မြေပေါ်တွင် အထောက်အထား မရှိဘဲ နေထိုင်သူ ရိုဟင်ဂျာများကို ကူညီလိမ့်မည်ဟု အမေရိကန်က မျှော်လင့်ကြောင်း” ကယ်လီက လီးမင့်က ပြောကြားသည်။

“ဒီရိုဟင်ဂျာတွေကို မှတ်ပုံတင်ပေးဖို့၊ သူတို့ကို လက်ခံထားတဲ့ နယ်ခံဘင်္ဂလားဒေရှ့် အသိုင်းအဝိုင်း အပါအဝင် သူတို့အားလုံးရဲ့ လူနေမှုအဆင့်ကို မြှင့်တင်ပေးဖို့ ဘင်္ဂလားဒေရှ့် အစိုးရကို တိုက်တွန်ထားပါတယ်။ ပိုက်ဆံမရှိလို့ ကလေးတွေကို ကျောင်းထုတ်တာတွေ၊ အာဟာရ ချို့တဲ့တာတွေ အပါအဝင် လိုအပ်ချက်တွေ ကြီးထွားလာတာကို တွေ့မြင်နေရပါတယ်။ ဒါပေမယ့်လည်း ဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေအောင်မြင်ဖို့ ခက်ခဲနေပုံ ရတာ ကတော့ ဝမ်းနည်းစရာပါပဲ”ဟု ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ နှစ်ပေါင်း၂၀ခန့် လုပ်ကိုင်ခဲ့သူ ကလီးမင့်က ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာ ဖြေလျှော့ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆွေးနွေးခြင်းစသော မြန်မာ နိုင်ငံ၏ သိသာသော အပြောင်းအလဲများကို အမေရိကန် ပြည်ထောင်စုက အားပေးရန် ကြိုးစားနေသည့်အလျှောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာ ရီကလင်တန်က ရိုဟင်ဂျာမစ်ရှင်ကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်ပေါင်း နှစ်ဆယ်နီးပါး နိုင်ငံရေး အကျဉ်းသားအဖြစ် အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသူ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည်လည်း ယခုအခါ လွှတ်တော်ကိုယ်စားလှယ် အမတ်ဖြစ်လာကာ ယခင်လက အမေရိကန် ပြည်ထောင်စုသို့ သမိုင်းဝင်ခရီး သွားရောက်ခဲ့သည်။

 --------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တွင် လေသံမဟိန်းဟောက်နိုင်တော့သည့် တရုတ်

(6 October 2012 ရက်စွဲပါ The Economist မှ Relation with Myanmarး Less thumder out of China ကို ဘာသာပြန်ပါသည်)

တရုတ်နယ်စပ်မြို့ ဖြစ်သော ရွှေလီရှိ Everything is good ကျောက်စိမ်းကုမ္ပဏီ အရောင်းပြခန်းတွင် လာရောက်သော ဧည့်သည်များသည် ပြထား သော အရာများထဲမှ အမဲရောင် ကျောက်တုံး တစ်ခုကို အာရုံကျ နေကြသည်။ တစ်ဖက်တွင် အနည်းငယ် လှီးပြထားရာ အတွင်းမှ အစိမ်းရောင် နှင့် ခရမ်း ရောင်ကို မြင်နေရပြီး ၄င်းသည် အမှန်တကယ် တန်ဖိုးရှိကြောင်း ပြသနေပါသည်။ ၄င်းသည် မြန်မာနိုင်ငံမှ အရည်အသွေး မြင့်မားသော ကျောက်စိမ်းဖြစ်ပြီး နားလည်သော တရုတ် ဖောက်သညများက ကမ္ဘာပေါ်တွင် အကောင်းဆုံးဟု ဆိုကြပြီး တန်ဖိုးကိုလည်း ဒေါ်လာ (၁.၂)သန်းဟု ကပ်ထားပါသည်။

ရွှေလီတွင် ထိုသို့သော ဆိုင်များ ရာနှင့်ချီ၍ ရှိပြီး အများစု မှာ ကျောက်စိမ်းကို လက်ဝတ်ရတာများလုပ်၍ ရောင်းချကြပါသည်။ တရုတ်လူမျိုးများ အတွက် မြန်မာနိုင်ငံမှ သစ်များ၊ ကျောက်တုံးများ ရောင်းခြင်းဖြင့် စီးပွားရေး ကောင်းမွန်လျက်ရှိသည်။ သို့သော် မြန်မာ အများစုကမူ တရုတ်တို့သည် မိမိတို့ နိုင်ငံမှ သယံဇာတ များခိုးယူနေသူများအဖြစ် သာ ရှုမြင်ကြပါသည်။ ၁၉၉၀ ခုနှစ်များ အလယ်ပိုင်းဆီက မြန်မာနိုင်ငံသည် အနောက်နိုင်ငံများ၏ စီးပွားရေးအရ အရေးယူမှု များကို ခံရကတည်းက တရုတ်တို့သည် မြန်မာနိုင်ငံအပေါ် လွတ်လပ်စွာ ချုပ်ကိုင်ခွင့် ရရှိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ရွှေလီတွင် စီးပွားရေး ၊ အားကောင်းလာခြင်းသည် ထိုအချက် မှန်ကန်ကြောင်း သက်သေပင် ဖြစ်သည်။ ယူနန်မှ စီးပွားရေး သမားများသည် မြန်မာနိုင်ငံမှ သွင်းကုန်များ ၊ အချို့ကို အဂတိ လိုက်စားသော မြန်မာအစိုးရ တာဝန်ရှိသူများနှင့် ပေါင်း၍ သွင်းကာ အကျိုးအမြတ်အကြီးအကျယ် ရခဲ့ကြသော်လည်း မြန်မာအများစုမှာ နယ်စပ်ကုန် သွယ်ရေးမှ အနည်းငယ်သာ အကျိုးခံစားခွင့် ရကြကြောင်း မြန်မာများက ငြီးတွားခဲ့ကြသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ၊ မလုပ်မီအထိ တရုတ်၏ တဖက်သတ် ဖြစ်မှုများအတွက် ဘာမျှထူးထူးခြားခြား ဖြစ်ပျက်မှုများ မရှိခဲ့ပေ။ ကုန်သွယ်ရေး တွင်သာမက နယ်စပ်တစ်လျှောက် တရုတ်၏ ရှေးရိုးစဉ်လာ အကျိုးစီးပွားများသည်လည်း တည်ငြိမ်လျက်ရှိပါသည်။ တရုတ်အာဏာ ပိုင် များသည် မြန်မာအစိုးရနှင့် ကချင်တိုင်းရင်းသား ၊ကရင်တိုင်းရင်းသား များကြား လက်နက်ကိုင် တိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသော အကျိုး သက် ရောက်မှုများကို ကာလရှည်ကြာ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် ကြိုးစားခဲ့ကြသည်။ ထို့နည်းတူစွာပင် ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါးများ တရုတ်နိုင်ငံ အတွင်းသို့ စီးဝင်နေမှုကိုလည်း တရုတ်အာဏာပိုင်များက ရပ်တန့်သွားအောင် ကြိုးစားခဲ့ကြသည်။ မကြာသေးမီက ယူနန်ပြည်နယ်မြို့တော် ကူ မင်းတွင် ရှမ်းမူးယစ်ဆေးဝါးရာဇာ နော်ခမ်းကို လူသိရှင်ကြားအမှု စစ်ဆေးမှုမှာ တရုတ်အာဏာပိုင်များ အနေဖြင့် မူးယစ်ဆေးဝါး ၏ ခြိမ်းခြောက်မှုကို မည်သို့ အလေးအနက် ထားသည်ဆိုသည်ကို ဖော်ပြနေပြီး ၊ ဒေသတွင်း မည်မျှသြဇာ လွှမ်းမိုးနေပြီ ဆိုသည်ကိုပါ ဖော်ပြနေသည်။

သို့သော်တရုတ် တို့သည် အဆိုပါ ကိစ္စရပ်များတွင် အာရုံပြုနေသော်လည်း မြန်မာနိုင်ငံတွင် ၄င်းတို့၏ စီးပွားရေးအရ ခြေဆန့်မှုများနှင့် တည်ရှိနေ မှု အပေါ် မြန်မာနိုင်ငံသားများ၏ မကျေနပ်မှုများ တဖြည်းဖြည် ကြီးထွားလာသည့် အချက်ကို သတိလက်လွတ် ဖြစ်လျက်ရှိသည်။ ရလာဒ်အားဖြင့် တရုတ်တို့ အသာစီး ရထားသော မြန်မာနိုင်ငံနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ဆက်ဆံရေးတွင်မြန်မာနိုင်ငံ အတွက် ရေရှည်အကျိုးသက်ရောက်မှုများ၊ အရှေ့တောင် အာရှတွင် ပါဝါချိန်ခွင် ညှိမှုများနှင့် ဆင်းရဲသော နိုင်ငံများအပေါ် တရုတ်၏ စီးပွားရေး လုပ်ရာတွင် သဘောထားများတွင် ပေါက်ကွဲမှုများ ကြုံတွေ့နေရပြီဖြစ် သည်။

ပီကင်းတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပါမောက္ခ Zhu Feng ကပြောကြားရာတွင် ပြီးခဲ့သည့် နှစ် မြစ်ဆုံစီမံကိန်း ရုတ်တရတ် ရပ်ဆိုင်းပြီး က တည်းက တရုတ်နိုင်ငံ အတွက် မြန်မာနိုင်ငံနှင့် ပတ်သက်သော အချက်ပေး ခေါင်းလောင်းသံများ စတင်မြည်လာခဲ့ကြောင်း ဆိုသည်။

မူလက တရုတ်တို့သည် ထိုဖွံ့ဖြိုးရေး လုပ်ငန်းကို မြန်မာတို့က ကြိုဆိုခဲ့လိမ့်မည် ဟု မှတ်ယူထားခဲ့ကြပါသည်။ သို့သော် မြန်မာအများစုက သယံဇာ တပေါသော မြန်မာနိုင်ငံနှင့် သယံဇာတကို အငမ်းမရ ရှာဖွေနေသော အိမ်နီးချင်းနိုင်ငံကြား မညီမျှသော ကုန်သွယ်မှု သတ်မှတ်ချက်များနှင့် ပတ်သက်၍ မကျေနပ်မှုများသည် မြစ်ဆုံတွင် စု၍ပေါက်ကွဲခြင်းဖြစ်ပါသည်။ ရွာများ ရွှေ့ပြောင်းပေးရခြင်း၊ ရေကာတာကြောင့် လယ်မြေများ ရေလွှမ်းခံရခြင်းများ ရှိသော် လည်း ထွက်ရှိသော လျှပ်စစ်ဓါတ်အား အများစုမှာ တရုတ်နိုင်ငံသို့သာ ရောင်းချထားခြင်းကြောင့် ကချင်ပြည်သူများမှာ ယခင်နှင့် ဘာမျှ မထူးခြားဟု ဆိုနိုင် သည်။

ထို့ကြောင့် မြန်မာနိုင်ငံမှ သမ္မတသစ် ဦးသိန်းစိန်သည် ပြည်သူလူထု၏ လိုလားချက်ကို နားထောင်သော ခေါင်းဆောင်တစ်ဦးအဖြစ် ရေကာတာ ဆောက်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီး အမြတ်ထုတ်သော သဘောထားရှိသည့် တရုတ်တို့ကို ဆန့်ကျင်ခဲ့ပါသည်။ ဤကိစ္စမှာ အလွန်တော်ပြီး ကွက်ကျော်မြင်သော ပြည်တွင်းနိုင်ငံရေး အရွေ့တစ်ခု ဖြစ်ပြီး တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ အတွက် သမိုင်းမှတ်တိုင် ဖြစ်ပါသည်။ တရုတ်နိုင်ငံမှ ပညာရှင်များ ၊ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ အတွက်မှူ ၄င်းတို့အား ကြိုတင်အသိပေးခြင်း မရှိပဲ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အတွက်အံ့သြခြင်း၊ တုန်လှုပ်ခြင်းများကို ယခု တိုင် ပြောနေဆဲဖြစ်ပြီး အစာမကြေဖြစ်လျက် ရှိတုန်းပင် ဖြစ်သည်။  

ပြန်စဉ်းစားရလျှင် မြန်မာနိုင်ငံတွင် တရုတ်တို့၏ အမှားမှာ တရုတ်တို့သည် အစိုးရတာဝန်ရှိသူ များနှင့် ဆက်ဆံရေး ကောင်းမွန်ရေးကိုသာ အာရုံပြု ပြီး ပြည်တွင်းနိုင်ငံရေးအရ ခံစားမှုများကို အလေးထားခြင်းမရှိခြင်းပင်ဖြစ်ကြောင်း Mr Zhu က ရှင်းပြခဲ့ပါသည်။ ထို့ကြောင့် တရုတ်တို့သည် အရေးကြီးသော မူဝါဒများ ၊ နိုင်ငံရေးအရ တွေးခေါ်မှုများ ပြောင်းသွားသည်ကို သတိမမူမိခဲ့ပဲ အခြားအသံများကို နားထောင်ပြီး အဓိပ္ပါယ် ဖွင့်ရန် မလုပ်ဆောင်နိုင်ခဲ့ပေ။ ထိုအစား ၄င်းတို့သည် မြန်မာအစိုးရအား တိုင်းပြည်တစ်ခုအနေဖြင့် မဟုတ်ပဲ တရုတ်ပြည်တွင်းက ဒေသတစ်ခုအဆင့်တွင်သာ ဆက်ဆံခဲ့ခြင်း အမှားဖြစ် သည်။ ထိုအချက်သည် တရုတ်တို့အတွက် ဆိုးရွားသည့် လုပ်ရပ်ဖြစ်ကြောင်း Mr Zhu က ပြောပါသည်။ “ဒါဟာကြီးမားတဲ့ သင်ခန်းစာပဲ ဒါကို သင်ခန်းစာယူရပါမယ်”ဟု ၄င်းကဆိုသည်။

တရုတ်နိုင်ငံ၏ တခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူဝါဒသည် လက်ရှိ ဖြစ်နေသော ရှုတ်ထွေသည့် နိုင်ငံရေး အခြေအနေ များကို နားလည်နိုင်မှု စွမ်းရည်ကို အကန့်အသတ် ဖြစ်စေသည်။ ထိုအားနည်းချက်သည် ကိုယ့်အတ္တကိုသာ အလေးထားပြီး အခြားအရာများကို မသိနားမ လည်သော အခြေအနေကိုသာ ဖြစ်ပေါ်ရန် အားပေးသကဲ့သို့ ဖြစ်ပြီး ထိုဖြစ်ရပ်မျိုးကို ရွှေလီတွင် သက်သေပြစရာ များစွာရှိသည်။ ရွှေလီတွင် တရုတ်လူမျိုး များသည် မြန်မာနိုင်ငံအကြောင်း ဘာမျှမသိပဲ မြန်မာနိုင်ငံသည် ဆင်းရဲသည်။ အန္တရာယ်များသည် ဆိုတာကိုသာ သိကြသည်။

Beijingရှိနိုင်ငံခြား လေ့လာရေးတက္ကသိုလ်မှ အကူအညီပေးရေး မူဝါဒပညာရှင် Zhang Xiaominက ထောက်ပြရာတွင် တရုတ်သည် အာဖရိက တွင်လည်း ထိုသို့ သောကိစ္စရပ်များဖြစ်ပွားလျက်ရှိကြောင်း ဆိုပါသည်။ သို့သော ၄င်းတို့ မြန်မာနိုင်ငံတွင် ရရှိခဲ့သော အတွေ့အကြုံ မှာ ပြဿနာကို ရှင်းရှင်း လင်းလင်း သဘောပေါက်သွားစေသည်ဟု ၄င်းကပြောသည်။ ရလာဒ်အားဖြင့် တရုတ်အစိုးရသည် ယခုအခါ တရုတ်စီးပွားရေး လုပ်ငန်းများ၊ အထူးသဖြင့် နိုင် ငံပိုင် စီးပွားရေး လုပ်ငန်းများကို နိုင်ငံရပ်ခြားတွင် ပို၍ အလေးပေးဆက်ဆံရန် ပြောကြားနေရပြီ ဖြစ်ပါသည်။ အနောက် နိုင်ငံများက ပြောလေ့ရှိသည့် လူမှု ရေးအရ တာဝန်ယူမှုများ တွင် ပို၍ရင်းနှီးမြုပ်နှံရန် ပြောဆိုနေပါသည်။ ထို့ကြောင့် ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ပိုက်လိုင်းတည်ဆောက်နေသော China National Petroleum Cooperationသည် ပိုက်လိုင်းဖြတ်သန်းရာ အနီးရှိ ရွာများတွင် စာသင်ကျောင်းများ ဆောက်လုပ်ပေးလျက် ရှိသည်။

တရုတ်တို့သည် မြန်မာနိုင်ငံတွင် မည်သည့် ကိစ္စများမှားခဲ့သည် ဆိုသည်ကို သုံးသပ်ရာတွင် မှန်ကန်မှု ရှိခဲ့ပါသည်။ သို့သော်အားလုံးကို သုံးသပ်မိ ခြင်း မရှိသေးပေ။ မြန်မာအများစု စောဒကတက်သည့် ကိစ္စမှာ တရုတ်တို့သည် လမ်းများ ၊ တံတားများ၊ တည်ဆောက်ပေးသော်လည်း ဘဏ်လုပ်ငန်း၊ အ  စိုးရ အုပ်ချုပ်ရေး ပိုင်တွင် အကြံဥာဏ်များနှင့် ပို၍နက်နဲသိမ်မွေ့သော ဝန်ဆောင်မှုများ ကဲ့သို့သော အနောက်နိုင်ငံများ အထူးကျွမ်းကျင်သည့် ပါဝါအပျော့ ထည် ကိစ္စရပ်များတွင် အကူအညီပေးရန် လိုလားခြင်းမရှိဟူသော အချက်ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးရာ မူဝါဒကျွမ်းကျင်သူ အတော်များများက စိုးရိမ်ပူပန်သည့် အချက်တစ်ခုမှာ မြန်မာနိုင်ငံတွင် တရုတ်တို့၏ အမှားကြောင့် Beijing၏အရှုံးမှာ ဝါရှင်တန်အတွက် အမြတ်ထွက်စေသည်ဆိုသည့် အချက်ဖြစ်သည်။ ဒေသတွင်းတွင် အမေရိကန်နှင့် တရုတ်တို့၏ တင်းမာမှုများ အသစ် ပြန်လည် ဖြစ်ပေါ်လာချိန် တွင် မြန်မာ၏ တံခါးဖွင့်မှုသည် အမေရိကန်တို့၏ အာရှဗဟိုပြုရေး အစိတ်အပိုင်းအပေါ် အနောက်သို့ ဦးလှည့်သွားစေသည် ဟု အဆိုပါ ပညာရှင်များက အဓိပ္ပါယ် ဖွင့်ဆိုကြသည်။ အမှန်တကယ်ပင် တရုတ်တို့၏ လျှို့ဝှက်တက်သော စိတ်ကြောင့် မြန်မာတို့သည် တရုတ်၏ နိုးထလာမှု ကို ထိန်းညှိရန် ပြန်လည်ပေါ်ပြူလာ ဖြစ်လာသော အမေရိကန်ထံ ဦးတည်ရန် ပြောင်းလဲမှု ဖြစ်သွားစေပါသည်။ တရုတ် ပညာများ၏ နောက်ထပ်ပူပန်မှု တစ် ခုမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုများသည် တနည်းမဟုတ်တနည်း တရုတ်နိုင်ငံ၏ အခြေအနေပေါ်တွင်သြဇာလွှမ်းမိုးမှု ရှိမည်ဆိုသည့် အချက်ပင် ဖြစ်သည်။

ခြုံကြည့်မည်ဆိုပါက မြန်မာနိုင်ငံမှ ဒီမိုကရေစီ အသွင်ပြောင်းမှု များသည် တရုတ်အစိုးရအပေါ် သက်ရောက်မှု ပါဝါကြီးကြီးဖြင့် အတွေ့အကြုံ များ ရစေသည်။ အနည်းဆုံးအားဖြင့် အချို့သင်ခန်းစာများကိုတော့ ရယူနိုင်မည်ဟု မှတ်ယူရသည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment