Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၄.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အရာရှိတစ်ဦးနှင့် အခြားအဆင့်ရဲဝန်ထမ်းတစ်ဦးတို့ အမေးအဖြေပြုလုပ်ခဲ့မှုကြောင့် ဖဖ်းဆီးစစ်ဆေးမှု ခံနေရ
  2. ကြေးနီစီမံကိန်း အခြေအနေနှင့် ပတ်သက်၍ ဖွင့်ချခဲ့သည့် ရဲဝန်ထမ်းနှစ်ဦး ကချင်ပြည်နယ်နှင့် ချင်းပြည်သို့ ပြောင်းရွှေ့ခံရ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှကာကွယ်ရေးဥပဒေပယ်ဖျက်ပေးရန် အဆိုတင်သွင်း
  2. ညီနောင်တိုင်းရင်းသားမပာာမိတ်များပါတီများအဖွဲ့ အမည်ပြောင်းလဲ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အရာရှိတစ်ဦးနှင့် အခြားအဆင့်ရဲဝန်ထမ်းတစ်ဦးတို့ အမေးအဖြေပြုလုပ်ခဲ့မှုကြောင့် ဖဖ်းဆီးစစ်ဆေးမှု ခံ နေရ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် နေရာတွင် တာဝန်ကျနေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင် ရဲအရာရှိတစ်ဦး နှင့် ဒုတပ်ကြပ်တစ်ဦးတို့အား ပြည်တွင်းသတင်းထောက်တစ်ဦးမှ တာဝန်ထမ်းဆောင်နေရသည့် အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခန်းတစ်ခု ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှ ၎င်းတို့နှစ် ဦးအား အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဖဖ်းဆီးခဲ့ပြီး ယနေ့အချိန်ထိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း အမည်မဖေါ်ပြလိုသည့် ရုပ်သံ သတင်း ထောက်တစ်ဦးမှ ပြောဆိုခဲ့သည်။

မြန်မာစီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိသူများ၊ ယင်းစီမံကိန်းနေရာတွင် တာဝန်ကျနေသည့် တပ်မတော်သားအချို့နှင့် တရုတ်နိုင်ငံမှ လာ ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် မြန်မာဝမ်ဘို မိုင်းနင်းကော့ပါးလီမိတက်မှ တရုတ်နိုင်ငံသားဝန်ထမ်းများ အပါအဝင် ရဲတပ်ဖွဲ့ဝင်တို့၏ အခြေအနေ များ၊ အထက်အရာရှိများ၏ အခြေအနေများကို သတင်း ထောက်အား ရဲရဲဝင့်ဝင့် ထုတ်ဖေါ်ပြောကြားခဲ့ကြသည့် ဗီဒီယိုဖိုင်မှာ မြန်မာပြည်တဝှမ်းလုံးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပျံ့နှံ့သွားခဲ့ပြီးနောက်ပိုင်း ပြည်သူ့ဝန်ထမ်း ရဲအုပ်အောင်ကြည်စိန်နှင့် ဒုတပ်ကြပ် အောင်ဝင်းထွန်းတို့အား ယခုကဲ့သို့ ဖဖ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“သူတို့ကို ပထမတော့ အမှတ် ၂ ရဲစခန်းမှာ ထားတယ်၊ တစ်မြန်မနေ့ကတော့ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ စစ်ဆေးမေးမြန်းမှုတွေ လုပ်တယ်လို့ သိရ တယ်။ အခုတော့ သူတို့နှစ်ယောက်လုံး အဲဒီစခန်းမှာ မရှိတော့ဘူးလို့ သိရတယ်၊ သူတို့ကို တစ်နေရာပြီးတစ်နေရာ ရွှေ့ပြောင်းနေတယ်လို့ ထင်တယ်၊ ဒါ့ အပြင် သူတို့ကို အင်တာဗျူးလုပ်ခဲ့တဲ့ Golden Star စားသောက်ဆိုင်ပိုင်ရှင် ဦးအောင်မင်းကိုလည်း ၁၈ ရက်နေ့ နေ့လည် ၁၂နာရီ ၃၀ မိနစ်လောက်ကနေ ၁၉ ရက်နေ့ ၁၀ နာရီ လောက်အထိ ပုခုံးမှာ အပွင့်နှစ်ပွင့်နဲ့ တစ်ခွေပါတဲ့ ရဲအရာရှိက မုံရွာ အမှတ် ၂ ရဲစခန်းက ခေါ်ယူစစ်ဆေးတယ်ဆိုတာ သိရတယ်။ အင်တာဗျူးလုပ်ခဲ့တဲ့ သတင်းထောက်ကိုလဲ လူပုံသဏ္ဍန်တွေ၊ ဝတ်ထားတဲ့ အဝတ်အစားတွေ၊ နာမည်တွေ၊ နေရပ်လိပ်စာတွေကို သိသလားဆိုတာ မေး မြန်းတယ်လို့ သိရတယ်”ဟု အမည်မဖေါ်လိုသူ ရုပ်သံသတင်းထောက်တစ်ဦးက ပြောပြခဲ့သည်။

ဆက်လက်ပြီး ၎င်းက ကျနော်မေးတော့ ဆိုင်ပိုင်ရှင်က သူ့ကို စာတွေရိုက်ထားတဲ့ စာရွက် ၄၀ လောက်ရှိတဲ့ စာရွက်တွေပေါ်မှာ လက်မှတ်ထိုး ခိုင်းတယ် ပြောတယ်။ သူက ဘာလို့ထိုးခိုင်းတာလဲမေးတော့ အစိုးရသက်သေ လုပ်ခိုင်းမလို့လို့ ပြောတယ်။ စာရွက်ပေါ်မှာ ဘာတွေရေးထားလဲဆိုတာကို လဲ ဖတ်ခွင့်မပေးဘူး ပြောတယ်။ ရဲနှစ်ယောက်ကိုလဲ အမှတ် ၂ ရဲစခန်းက အခန်းတစ်ခုထဲမှာ တွေ့တယ်လို့ ပြောတယ်ဟု ပြောပြခဲ့သည်။

“ကျနော် yangon.chronicle@facebook.com ဝဘ်ဆိုဒ်နဲ့ တင်ထားတာနဲ့ DVB မှာလွှင့်သွားတဲ့ သူတို့ရဲ့ အင်တာဗျူးတွေကို ကြည့်ရတယ်။ ပြည်သူ့ဖက်က ရပ်တည်ပြီး အမှန်ကိုအမှန်အတိုင်း ထုတ်ဖေါ်ပြောကြားတာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အခုလို ဖဖ်းဆီးအရေးယူမှုလုပ်တာ ကျနော် လုံးဝ လက်မခံပါဘူး။ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်နေပြီလို့ ပြောနေတဲ့အခြေအနေမှာ အခုလုပ်ရပ်က အရမ်းကို အရုပ်ဆိုးလွန်းပါတယ်။ အခုဖြစ်ရပ် က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း တင်ပြလိုက်သလိုမျိုးလဲ ဖြစ်သွားတယ်”ဟု ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကို မျက် ခြေမပြတ် စောင့်ကြည့်လေ့လာနေသူ အလွတ်တန်းသတင်းထောက် ကိုညီမှ ပြောဆိုခဲ့သည်။

လက်ပံတောင်းတောင် ပြည်သူ့ညီလာခံကို အောင်မြင်အောင် အစမှအဆုံး ဝိုင်းဝန်းကူညီခဲ့သူများထဲမှ တစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားမိသား စုများ အကျိုးဆောင်ကွန်ယက်မှ တာဝန်ခံ ကိုဟန်ဝင်းအောင်က "လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ပြည်သူ့ဖက်က ရပ်တည်ပြီး ဦးပိုင်လီမိတက်ရဲ့ မတရားဖိနှိပ်ခိုင်းစေမှုတွေကို ထုတ်ဖေါ်ပြောဆိုမှုနဲ့ ပတ်သက်ပြီး ရဲဝန်ထမ်းနှစ်ယောက်ကို ဖဖ်းဆီးထားတယ်။ ဒါဟာ ပြည်သူ့ရဲဝန်ထမ်း တွေရဲ့ အနေအထားနဲ့ အဆင့်အတန်းကို မေးခွန်းထုတ်စရာ ဖြစ်ပါတယ်"ဟု ပြောပြခဲ့သည်။

ဆက်လက်ပြီး ၎င်းမှ "ရဲဝန်ထမ်းတွေကို ပြည်သူတွေအတွက် တာဝန်ထမ်းဆောင်ခွင့်ပေးပါ။ ပြည်သူ့ဖက်က ရပ်တည်လို့ ရဲဝန်ထမ်းတွေကို မဖမ်း ပါနဲ့၊ သေချာတာတစ်ခုက ရဲဝန်ထမ်းတွေလည်း အပြောင်းအလဲကို ပါဝင်ခွင့်မရှိဘူးဆိုရင် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်ပါတယ်။ အခု သူတို့ ဆိုး ဆိုးရွားရွား နှိပ်စက် စစ်ကြောခံနေရတယ်။ တစ်ယောက် ဆိုရင် အစာအိမ်ရောဂါဖြစ်နေတယ်။ မိသားစုနဲ့ လုံးဝဆက်သွယ်လို့မရဘူး၊ စိတ်မကောင်းစရာပါ။ ဒါပေမယ့် သူတို့လုပ်ရပ်ကို သူတို့ကိုယ်တိုင် ပြည်သူ့အတွက် ရွေးချယ်ခဲ့တာဖြစ်လို့ စိတ်ဓါတ်မကျဘူးလို့ ကြားသိရလို့ လေးစားမိပါတယ်"ဟု ပြောပြခဲ့ သည်။

အဆိုပါ ပြည်သူ့ရဲဝန်ထမ်းနှစ်ယောက် ဖဖ်းဆီးခံထားရသည့် အခြေအနေနှင့် ပတ်သက်၍ ဖုံးနံပါတ် ၀၇၁ ၂၁၀၁၈ သို့ ဆက်သွယ်ပြီး တာဝန်ရှိသူ ရဲအုပ်ဝင်းကိုကိုအား မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

ပြည်သူ့ရဲဝန်ထမ်းနှစ်ဦးဖြစ်သူ ရဲအုပ် အောင်ကြည်စိန်နှင့် ဒုတပ်ကြပ် အောင်ဝင်းထွန်းတို့ နှစ်ဦး လွတ်မြောက်ရေး အပါအဝင် ယခုကိစ္စရပ်များကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ပေးနိုင်ရေးအတွက် လွှတ်တော်တွင်း၊ လွှတ်တော်ပ နှစ်ခုစလုံးမှ ကြိုးစားသွားမည်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများထံ မှ သိရှိရသည်။

               ရန်နိုင်

------------------------------------------------------------------------------------------------------------------------

ကြေးနီစီမံကိန်း အခြေအနေနှင့် ပတ်သက်၍ ဖွင့်ချခဲ့သည့် ရဲဝန်ထမ်းနှစ်ဦး ကချင်ပြည်နယ်နှင့် ချင်းပြည်သို့ ပြောင်းရွှေ့ခံရ

မုံရွာ၊ အောက်တိုဘာလ ၂၃။

စစ်ကိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ရှိ တိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် ဖမ်းဆီးချုပ်နှောင်ခံနေရသည့် ရဲအုပ် အောင်ကြည်စိန်အား ယနေ့ ညနေ ၄နာရီ ၄၀ မိနစ်တွင် ကချင်ပြည်နယ်သို့ ပြောင်းရွှေ့ခဲ့ပြီး ဒုတပ်ကြပ် အောင်ဝင်းထွန်းအား မနက်ဖြန်တွင် ချင်းပြည်နယ်သို့ ပြောင်းရွှေ့ရန် ညွှန်ကြားချက် ထုတ်ပြန်ပြီး ကြောင်း ခိုင်လုံသည့်သတင်းများအရ သိရှိရပါသည်။

နိုင်ငံရေးအကျဉ်းသားများမိသားစု အကျိုးဆောင်ကွန်ယက်မှ တာဝန်ခံ ကိုဟန်ဝင်းအောင်က“အခု သိရသလောက်ကတော့ ပြည်သူတွေဖက်က ရပ်တည်လိုက်လို့ ခေါ်စစ်ခံရတယ်၊ ဝေးလံသီခေါင်သီတဲ့နယ်တွေကို ရွှေ့ပြောင်းခံရတယ်။ တစ်ဖက်က သူတို့ကို နိုင်ထက်စီးနင်းလုပ်ခဲ့တဲ့ ဦးပိုင်လီမိတက် အပေါ်တော့ ဘာအရေးယူဆောင်ရွက်မှုမှ မလုပ်ဖူး။ ဒီအချက်ဟာဆိုရင် ဦးပိုင်လီမိတက်ကို လာမထိနဲ့၊ ရဲတွေကိုတောင်မှ အခုလို အရေးယူလိုက်လို့ရ တယ်ဆိုတဲ့ပုံစံမျိုး ပြည်သူတွေကို တိုက်ရိုက် အသိပေးခြောက်လှန့်လိုက်တာပဲ ဖြစ်တယ်။ ပြည်သူတစ်ရပ်လုံးနဲ့ တာဝန်သိသူတွေက ချင့်ချင့်ချိန်ချိန်နဲ့ စီမံကိန်းကို ကန့်ကွက်ပြောဆိုနေတာတောင်မှ ဒီကနေ့ ၂၃ ရက်နေ့မှာ ဦးပိုင်က ဆက်လုပ်မယ်လို့ ပြောနေတယ်။ ပြည်သူ့ရဲတွေကို အရေးယူပြတာ စီမံ ကိန်းကို တစ်ဖက်သက် ဆက်လုပ်ရဲနေတာဟာ ဦးပိုင်လီမိတက်ကို ခိုင်ခိုင်မာမာ ကျောထောက်နောက်ခံပေးနေတဲ့ ပယောဂအင်အားတွေ ရှိနေတာ ပေါ် လွင်စေပါတယ်”ဟု ပြောဆိုခဲ့သည်။

“ကျနော်သိရတာကတော့ ကိုအောင်ကြည်စိန်ကို ဒီနေ့ညနေပိုင်းမှာ ရွှေဘိုကတစ်ဆင့် ကချင်ပြည်နယ်ကို ပို့လိုက်ပြီ၊ အောင်ဝင်းထွန်းကိုတော့ မနက်ဖြန်ညနေမှာ ချင်းပြည်ကို ပို့မယ်ဆိုတာကို သူတို့နဲ့ နီးစပ်သူတွေကတစ်ဆင့် သိရှိရပါတယ်” ဟု မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကျောင်းသားများ ကွန်ယက်မှ တာဝန်ခံ ကိုသောင်းထိုက်က ပြောပြခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် တာဝန်ကျနေသည့် ရဲအုပ်အဆင့်နှင့် ဒုတပ်ကြပ်အဆင့်ရှိ ရဲဝန်ထမ်းနှစ်ဦးမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်နှင့် မြန်မာဝမ်ဘို မိုင်းနင်းကော့ပါးလီမိတက် အပါအဝင် အဆိုပါစီမံကိန်းတွင် တာဝန်ကျနေသည့် တပ်မတော်သားအချို့နှင့် ရဲတပ်ဖွဲ့အတွင်း အခြေအနေများကို စက်တင်ဘာ လစန်းပိုင်းက ပြည်တွင်းသတင်းထောက်တစ်ဦးနှင့် တွေ့ဆုံပြီး ပြောဆိုခဲ့သည်။ ယင်းနောက်ပိုင်းတွင် yangon. chronicle@facebook.com နှင့် DVB တို့တွင် တင်ပြ၊ ထုတ်လွှင့်သွားခဲ့သည်။ ယင်းအတွက် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ နိုဝင်ဘာ ၁၇ ရက် တွင် ဖဖ်းဆီးခဲ့ပြီး မုံရွာမြို့ အမှတ် ၂ရဲစန်းတွင် ချုပ်နှောင်ကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။ ယင်းနောက် ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့် တိုင်းရဲတပ်ဖွဲ့ရုံးတို့တွင် စစ်ဆေးမေးမြန်းမှုများကို ဆက်လက်ပြုလုပ်ခဲ့ကြသည်ဟု သိရှိရသည်။ ယင်းကဲ့သို့ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးစစ်ဆေးအရေးယူမှုနှင့် ပတ်သက်ပြီး ပြည်တွင်း သတင်းဌာနများ၊ အင်တာနက်စာမျက်နှာများ၊ နိုင်ငံတကာ ရုပ်သံသတင်းဌာနများမှ ထုတ်လွှင့်၊ ရေးသား၊ ဖေါ်ပြခဲ့ကြသည်။ ယင်းနောက်ပိုင်းတွင် နိုင်ငံရေး အင်အားစုများနှင့် ဒေသခံပြည်သူလူထုကြီးမှ ကန့်ကွက်မှုများကို ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် အောက်တိုဘာလ ၂၃ရက်နေ့၌ မနက်ပိုင်းအချိန်တွင် မြန်မာ့စီးပွာရေးဦးပိုင်မှ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စီမံကိန်းဌာန၌ သဘာဝပတ် ဝန်းကျင် နှီးနှောဖလှယ်ပွဲတစ်ခု ပြုလုပ်ကြောင်း သိရှိရသည်။

အဆိုပါနေ့တွင် လက်ပံတောင်းတောင်မှ ဒေသခံလယ်သမားအချို့မှ ဦးပိုင်လီမိတက်အား ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဖမ်းဆီးချုပ်နှောင် ထားသည့် ရဲဝန်ထမ်းနှစ်ဦးအား ပြန်လည်လွှတ်ပေးရန်ဆိုသည့် သဘောထားကြေညာချက် အချို့ပါသော ဆိုင်းဘုတ်များကိုင်စွဲ၍ ဆန္ဒပြတောင်းဆိုခဲ့ကြ ကြောင်း သိရှိရသည်။

"ဆန္ဒပြတဲ့နေ့မှာ ကျွန်တော်တို့က ဦးပိုင်လီမိတက်က စီမံကိန်းတာဝန်ခံ ဦးမြင့်အောင်ငြိမ်းကို မေးတယ်။ လက်ရှိ ဖမ်းဆီးထားတဲ့ ရဲဝန်ထမ်းနှစ်ဦးနဲ့ သတင်းထောက်တစ်ဦးတို့ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုအစီအစဉ်ရှိလဲဆိုပြီး မေးတော့ သူက ဘာမှပြန်ပြီးဖြေကြားတာ မရှိပါဘူး"ဟု အဆိုပါ ဆန္ဒပြတောင်းဆိုမှုတွင် ပါဝင်သည့် ဒေသခံလယ်သမားတစ်ဦးက ဆိုသည်။

ထို့နောက် ယင်းသို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအခြေအနေနှင့် ပတ်သက်၍ မီဒီယာသို့ ဖွင့်ချပြောကြားခဲ့သည့် ဒုတပ်ကြပ် အောင်ဝင်းထွန်းအား မုံရွာမြို့မှ ချင်းပြည်နယ်သို့ ပို့ဆောင်ရန်ရှိကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သတင်းရရှိသည်။

"ကျွန်တော်တို့က ဒုရဲမှူး ဦးတင့်အောင်ကို ဖုန်းလှမ်းဆက်ပြီး အဖမ်းခံထားရတဲ့ ရဲဝန်ထမ်းနှစ်ဦးရဲ့ အခြေအနေကို မေးတယ်။ မေးတော့ ဒုရဲမှူးက စိတ်မကောင်းလို့ ဘာမှမပြောပါရစေနဲ့ဆိုပြီး ဖုန်းချသွားတယ်"ဟု သတင်းထောက်တစ်ဦး က ပြောကြားသည်။

ယင်းရဲဝန်ထမ်းနှစ်ဦးအား အင်တာဗျူးမေးမြန်းခဲ့သည့် သတင်းထောက် ရဲရင့်ကိုလည်း သက်ဆိုင်ရာအာဏာပိုင်များမှ ဖမ်းဆီးရန် လိုက်လံစုံစမ်း လျက်ရှိကြောင်းနှင့် ၎င်း၏အခြေအနေမှာ စိုးရိမ်နေရဆဲဖြစ်ကြောင်း ဒေသခံပြည်သူတစ်ချို့ ၏ ပြောကြားချက်အရ သိရသည်။

ရန်နိုင်

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှကာကွယ်ရေးဥပဒေပယ်ဖျက်ပေးရန် အဆိုတင်သွင်း

အောက်တိုဘာလ ၂၃ ရက်နေ့၌ ကျင်းပခဲ့သည့် ပထမအကြိမ်ပြည်သူ့လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်က ၁၉၇၅ ခုနှစ်တွင် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၃ အဖြစ်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ် မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ပယ်ဖျက်ပေးရန်အဆိုကို တင်သွင်းခဲ့သည်။

ယင်းအဆိုနှင့်ပတ်သက်၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က မြန်မာနိုင်ငံရှိ စက်မှုဇုန်များသည် တစ်ခုနှင့်တစ်ခု ဖွဲ့စည်း ထားသည့် အသွင်သဏ္ဍာန်၊ ထုတ်လုပ်မှုလုပ်ငန်းများနှင့် တည်ရှိသည့်အနေအထား မတူညီမှုတို့ကြောင့် စက်မှုဇုန်များအားလုံးကို ဥပဒေတစ်ခုတည်း ပြဋ္ဌာန်းပြီး တစ်ပြေးညီလုပ်ကိုင်ဆောင်ရွက်စေမည်ဆိုပါက အခက်အခဲများရှိနိုင်သည်ကို စက်မှုဇုန်များအား တင်ပြထားပါကြောင်း ပြောကြားသည်။

ထို့ပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ အစီအမံအရ စက်မှုဇုန်အလိုက် ရေးဆွဲထားသော ဥပဒေများအတိုင်းသာ ဆောင်ရွက်မည်ဆိုပါက ပိုမိုသင့်လျော်နိုင်မည်ဖြစ်သည့်အတွက် အဆိုကိုမှတ်တမ်းတင်နိုင်ရေး ဆောင်ရွက်ပေးနိုင်ပါရန် ရှင်းလင်းဖြေကြားအပ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က တင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အဆိုကို သဘောတူပါကြောင်း တင်ပြခဲ့သည့်အတွက် လွှတ် တော်မှ အဆိုကို မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း အတည်ပြုဆုံးဖြတ်ခဲ့သည်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် မေးခွန်း ၅ ခု မေး မြန်းခြင်း၊ အဆို ၂ ခုတင်သွင်းခြင်းနှင့် ဥပဒေကြမ်းအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

YC

------------------------------------------------------------------------------------------------------------------------

ညီနောင်တိုင်းရင်းသားမပာာမိတ်များပါတီများအဖွဲ့အမည်ပြောင်းလဲ

ညီနောင် တိုင်းရင်းသားမပာာမိတ်ပါတီများအဖွဲ့ကို National Brotherhood Federation အမည်သစ်ဖြင့် ပြန်လည်ဖွဲ့စည်းလိုက်ပြီဖြစ် ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ညီနောင်တိုင်းရင်းသားမပာာမိတ်ပါတီများအဖွဲ့ကို အမည်သစ်နဲ့ ဖွဲ့စည်းလိုက်ပါပြီ။ ပြည်သူတွေရဲ့အရေးကို ပိုပြီး ဆောင်ရွက်သွားဦးမှာပါ”ပာု ၎င်းက ပြောကြားသည်။

ညီနောင်တိုင်းရင်းသားမပာာမိတ်များ အဖွဲ့အမည်ပြောင်းလဲလိုက်ရခြင်းမှာ ယင်းအဖွဲ့သို့ တိုင်းရင်းသားပါတီများ ထပ်မံပူးပေါင်းဝင်ရောက်လာ ခြင်းကြောင့်ဖြစ်ပြီး ယခုအခါ National Brotherhood Federation အဖွဲ့တွင် တိုင်းရင်းသားပါတီစုစုပေါင်း ၁၃ ပါတီရှိလာမည်ဖြစ်ကြောင်း ချင်းအမျိုး သားပါတီက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လာမယ့် ၂၀၁၅ မှာ ပြည်နယ် ၇ ခုလုံးက တိုင်းရင်းသားညီနောင်ပါတီတွေနဲ့ ပါတီတစ်ခု စနစ်တကျဖွဲ့စည်းပြီး NLD နဲ့ ပြည်ခိုင်ဖြိုးပါတီကို ယှဉ်ပြိုင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ တိုင်းရင်းသားတွေအတွက် စစ်မှန်တဲ့အကျိုးစီးပွားနဲ့ ပြည်ထောင်စုနိုင်ငံတစ်ခု ဖြစ်ပေါ်လာနိုင်ဖို့အတွက် ရည်ရွယ် ချက်နဲ့ အကွက်ကျကျ လုပ်ဆောင်နေပါတယ်”ပာု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

National Brotherhood Federation အဖွဲ့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေ သလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အရှိုချင်းအမျိုးသားပါတီနှင့် ထပ်မံပူးပေါင်းမည့် ပါတီများအဖြစ် ‘ဝ’ဒီမိုကရက်တစ်ပါတီ၊ တအောင်း(ပလောင်)၊ အမျိုးသားပါတီပအိုင်းအမျိုးသားအဖွဲ့ချုပ်တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“ဖက်ဒရယ်ဆိုတာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးနဲ့ အကျုံးဝင်တယ်။ တိုင်းရင်းသားတွေနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘူး။ ဗမာဆိုတာကလည်း တိုင်းရင်းသားပဲ လေ။ မြန်မာနိုင်ငံထဲမှာနေတဲ့ ရှမ်း၊ မြန်မာနိုင်ငံထဲမှာနေတဲ့ ကချင်စသည်ဖြင့် ပြည်ထောင်စုကြီးကို ပိုခိုင်မာစေပါတယ်”

အောက်တိုဘာလ ၂၅ရက်နေ့ထုတ် Popular News ဂျာနယ် အတွဲ (၄) အမှတ် (၄၂) တွင်ပါရှိသည့်"ပြည်ထောင်စု ဖက်ဒရယ်စနစ် ဖော်ဆောင်နိုင်လျှင် ပြည်တွင်း ငြိမ်းချမ်းရေး ချက်ချင်းရနိုင်ဟုဆို"သတင်းမှ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးအောင်သန်း ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment