Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၈.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. တာချီလိတ်သို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်လာရန်စီစဉ်

(Bangkok Post မှ 27 October 2012 ရက်စွဲပါ “ Thatsin plans trip to Tachilck ” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် မည်မျှလျင်မြန်စွာ ပြောင်းလဲနိုင်မည်လဲ

(26 October 2012 ရက်စွဲပါ Business Insider တွင် Simmon Black နှင့် Soverign Man တို့ရေးသားသော Myanmar:How quickly things can change ကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

တာချီလိတ်သို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်လာရန်စီစဉ်

(Bangkok Post မှ 27 October 2012 ရက်စွဲပါ “ Thatsin plans trip to Tachilck ” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်နှင့် မျက်နှာချင်းဆိုင်မြန်မာနယ်စပ် တာချီလိတ်မြို့သို့ လာမည့် လဆန်းတွင် သွားရောက်မည်ဖြစ်ပြီး ရက်အတိအကျ မသတ်မှတ်ရသေးဟု ၎င်းအားထောက်ခံသူများက ပြောကြားသည်။

ဝန်ကြီးချုပ်ဟောင်းသည် တာချီလိတ်တွင် ၄ ရက်၊ ၅ ရက်ခန့်နေထိုင်ရန်စီစဉ်ထားပြီး တာချီလိတ်မှ ရွှေတိဂုံပုံစံတူဘုရားကိုလည်း ဖူးမျှော်မည်ဟု အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီ ရှပ်နီညီညွတ်ရေးတပ်ဦး UDD သတင်းရပ်ကွက်က ဆိုသည်။

သက်ဆင်၏ညီမ ဝန်ကြီးချုပ်ယင်လပ်က သက်ဆင်မိသားစုနှင့် အလွမ်းသင့်သူများပါဝင်လာမည့် အစိုးရအဖွဲ့ရာထူး အပြောင်းအလဲပြုလုပ်ရေး အတွက် ထိုင်းဘုရင်၏ထောက်ခံမှုရရန် ကြိုးစားခဲ့ပြီး ရက်ပိုင်းအကြာတွင် ယခုခရီးစဉ်ပေါ်ထွက်လာခြင်း ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်သို့ သက်ဆင်လာရောက်မည့် သတင်းပျံ့နှံ့သွားသောကြောင့် မြောက်ပိုင်းချင်းရိုင်ပြည်နယ်မှ သက်ဆင်ထောက်ခံသူ ရှပ်နီ အုပ်စုဝင်များက ၎င်းအားတွေ့ဆုံနှုတ်ဆက်ဖို့ တာချီလိတ်သို့သွားရောက်ရန် ပြင်ဆင်နေကြသည်ဟုသိရှိရသည်။

ယခု တာချီလိတ်ခရီးစဉ်သည် သက်ဆင်ကိုရှပ်နီအဖွဲ့ဝင်များ၊ ဖြူထိုင်းပါတီဝင်လွှတ်တော်အမတ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တွေ့ဆုံခွင့် ရရန်ရည်ရွယ်ခြင်းဖြစ်ပြီး၊ ၎င်းအတွက် စီစဉ်ကျင်းပပေးမည့် ဘာသာရေးဆုတောင်းပွဲ အခမ်းအနားသို့လည်း သက်ဆင်တက်ရောက်လိမ့်မည်ဟု အမည် မဖော်လိုသော ဖြူထိုင်းပါတီ သတင်းရပ်ကွက်က ပြောသည်။

                                                                    ******************************************

မြန်မာနိုင်ငံတွင် မည်မျှလျင်မြန်စွာ ပြောင်းလဲနိုင်မည်လဲ

(26 October 2012 ရက်စွဲပါ Business Insider တွင် Simmon Black နှင့် Soverign Man တို့ရေးသားသော Myanmar:How quickly things can change ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် မနေ့ကမိစ္ဆာဝင်ရိုးစွန်းမှ တရားမဝင်အစိုးရတစ်ခုဖြစ်ခဲ့သည်။ ထိုစဉ်က စစ်အစိုးရသည် အစိုးရဆန့်ကျင်သူအားလုံးကို ထောင်ချ ခဲ့သည်။ မြန်မာနိုင်ငံအပေါ်အရေးယူ ပိတ်ဆို့မှုများလည်း ကြီးစွာချမှတ်ခံရသည်။ အသက်ကြီးနေသော Sylvester Stallone ကိုရိုက်ကူးသော Rambo ရုပ်ရှင်ကပင် မြန်မာနိုင်ငံကို အခြေခံရိုက်ကူးခဲ့ဘူးသည်။

Rambo ဇာတ်လမ်းတွင် အချို့အစိတ်အပိုင်းများကမှန်ကန်သည်။ အမေရိကန်အထူးတပ်ဖွဲ့များသည် ကာလကြာရှည်ကပင် သူပုန်များအား လေ့ကျင့်ပေးခြင်း၊ အစိုးရဆန့်ကျင်သူများအား အားပေးခြင်းများရှိခဲ့သည်။

ယနေ့အချိန်တွင်မူ အခြေအနေမှာ လုံးဝခြားနားသွားပြီ ဖြစ်သည်။

အရေးယူမှုများလည်း ဖြေလျော့သွားခဲ့သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ရွေးကောက်တင်မြှောက်ခံရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်နေပြီ။ မြန်မာနိုင်ငံကို ကမ္ဘာ့အသိုင်းအဝိုင်းက ပြန်လည်ကြိုဆိုခဲ့ကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဗြိတိသျှ ဝန်ကြီးချုပ် David Cameron တို့သည် မြန်မာနိုင်ငံသို့သွားရောက်ကြပြီး ချစ်ကြည်ရေးအသစ်ကို ခိုင်မာအောင်လုပ်ဆောင်ခဲ့ကြသည်။

နောက်ဆုံးတော့ ထိုအချက်များကို မြန်မာနိုင်ငံသည် စီးပွားရေးအတွက် တံခါးဖွင့်ခဲ့ပြီဟု အဓိပ္ပါယ်ဖွင့်ဆိုရမည် ဖြစ်သည်။

Tom Hanks နှင့်ရိုက်သော Big ဆိုသည့်ရုပ်ရှင်ကို ကြည့်ဘူးသူများရှိပါက သတိရပါလိမ့်မည်။ လူငယ်တစ်ဦးသည် တစ်နေ့ကြီးလာပါက လောကကြီးနှင့်ထိတွေ့ရတော့မည် ဖြစ်သည်။ ထိုနည်းတူစွာပင် မြန်မာနိုင်ငံသည်လည်း ကမ္ဘာကြီးနှင့်ထိတွေ့ရတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံသည် ခေတ်နောက်ပြန်ဆွဲနေသောနိုင်ငံ၊ အပယ်ခံနိုင်ငံဖြစ်နေခြင်းကြောင့်၊ လွန်ခဲ့သောလအနည်းငယ်ကအထိ ATM စက်များကို မြန်မာနိုင်ငံတွင် မတွေ့နိုင်သေးပေ။ မြန်မာနိုင်ငံသည် ငွေသားကိုသာကိုင်သုံးသော လူ့အဖွဲ့အစည်းဖြစ်နေသည်မှာ ကာလရှည်ကြာနေပြီဖြစ်ပြီး၊ နိုင်ငံတကာ ငွေကြေးစနစ်ဖြင့် ငွေသွင်း၊ ငွေထုတ်ပြုလုပ်ခြင်းမှာ ဝေးကွာလွန်းပြီး ထူးဆန်းလွန်းနေပေသည်။

ထိုအရာများအားလုံး စတင်ပြောင်းလဲနေပြီဖြစ်သည်။ တဖြည်းဖြည်းချင်း ဖြစ်သည်။ Hanks ရုပ်ရှင်ကားထဲကအတိုင်း ဖြစ်သည်။ တိုင်းပြည်နှင့် ယဉ်ကျေးမှုသည် ကမ္ဘာကြီးနှင့်ထိတွေ့ရာ၌ အစပထမတွင် အံဝင်လိမ့်ဦးမည်မဟုတ်ပေ။ အချိန်တော့ ယူရမည်ဖြစ်သည်။ ၎င်းတို့တွင် တယ်လီဖုန်း ဆက်သွယ်ရေးနှင့် IT အခြေခံအဆောက်အဦးများတွင် ဆိုးရွားစွာလိုအပ်ချက်များရှိနေသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ငွေပေး၊ ငွေယူနှင့် ကုန်သွယ်ရေးအတွက် သင့်တင့်လျောက်ပတ်သော ငွေကြေးစနစ်တစ်ခု လိုအပ်နေသည်။ အဆိုပါ အခြေခံလိုအပ်ချက်များမရှိဘဲနှင့် အမှန်တကယ် စီးပွားရေးလုပ်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ ကြက်မနှင့်ကြက်ဥ ကစားပွဲသာဖြစ်နေသေးသည်။ ကုမ္ပဏီကြီးများသည် မြန်မာနိုင်ငံသို့ ခုန်ဝင်လာမည့်အချိန်ကို စောင့်ကြည့်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် အရေးယူမှုများသည် ဖြေလျော့သွားပြီး၊ ဈေးကွက်ကတံခါးဖွင့်ပေးခဲ့ပြီ ဆိုသော်လည်း၊ ၎င်းသည် ခြေခင်းလက်ခင်းသာသော စီးပွားရေးဝန်းကျင်အခြေအနေ ဖြစ်သည်ဟုဆိုလိုခြင်း မဟုတ်သေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သဘောတူညီမှုများမှာ နှေးကွေးနေဆဲ ဖြစ်သည်။

ရေရှည်တွင်မူ ရင်းနှီးမြှုပ်နှံရန်အကောင်းဆုံးနေရာတစ်ခု ဖြစ်လာမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် လူဦးရေသန်း(၆၀) ရှိပြီး၊ သယံဇာတ ကြွယ်ဝသော နိုင်ငံတစ်ခုဖြစ်သည်။ တိုင်းပြည်အရွယ်အစားမှာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်တူညီနီးပါးရှိသော်လည်း တစ်ဦးချင်း GDP မှာ အရွယ်အစားနှင့်စာလျှင် နည်းပါးနေသည်။ အများကြီးတိုးတက်ကြီးထွားလာနိုင်သည့် အနေအထားတွင်ရှိသည်။ လာမည့်နှစ်အနည်းငယ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ သွန်ချလိုက်သလိုစီးဝင်လာမည်ဟု မျှော်လင့်နိုင်သည်။

စတော့အိတ်ချိန်းအသစ်ကလည်း ၂၀၁၅ တွင်စတင်ရန် စီစဉ်ထားကြောင်း သိရသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ သယ်ဆောင်လာပြီး အရင်းအနှီးများတိုးမြှင့်နိုင်ရန် များစွာအထောက်အကူ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် စောစောနေရာရရန် ရောက်ရှိပြီးနေသူ များလည်း ရှိသည်။

အကယ်၍သင်သည် မြန်မာနိုင်ငံအကြောင်းကိုသိလိုပါက မြန်မာနိုင်ငံတွင် ပမာဏကြီးကြီးလုပ်ကိုင်လျက်ရှိသော စင်္ကာပူစာရင်းဝင်ကုမ္ပဏီ တစ်ချို့ရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ ကုန်းတွင်းရေနံရှာဖွေခွင့်ရထားသော Interra Resources နှင့်မြန်မာ့ကျွန်းစိုက်ပျိုးရေးတွင် ကြီးစွာ ရင်းနှီး မြှုပ်နှံထားသော Ginnacle Import-Export တို့ ရှိသည်။

ကျွန်ုပ်သည် အများပိုင်ကုမ္ပဏီများအကြောင်း များများစားစားမသိရှိဘဲ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကလုပ်ကိုင်နေသူ အနည်းငယ်သာသိရှိသည်။ ထို့ကြောင့် စိတ်ဝင်စားပါက ဟောင်ကောင်ရှိ Boom Securities တွင် account ဖွင့်၍ ဝင်ရောက်ကြည့်ရှုနိုင်သည်။

 *********************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment