Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၃၀.၁၀.၂၀၁၂

ပြည်တွင်းသတင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှု ပုဂ္ဂလိကသို့ မကြာမီလွှဲပြောင်းမည်

ကျောက်ဖြူရေနက်စီမံကိန်းအား အရည်အသွေးနိမ့် ကုန်ကြမ်းများဖြင့် တည်ဆောက်လျက်ရှိ

  1. ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏လုပ်ပိုင်ခွင့် လျှော့ချရေးအပေါ် လွှတ်တော်တွင်ဆွေးနွေးမည်

  1. သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

 ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှု ပုဂ္ဂလိကသို့ မကြာမီလွှဲပြောင်းမည်

တစ်နှစ်လျှင် ပြည်တွင်းပြည်ပခရီးသည် ၂.၈သန်းခန့်အား ဝန်ဆောင်မှုပေးနေသော ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သည် လေကြောင်း လိုအပ်ချက် ကြီးမားလာခြင်းကြောင့် ၂၀၁၃မေလကုန်မှစ၍ လေဆိပ်တိုးချဲ့ တည်ဆောက်ခြင်း၊ လေဆိပ်ဝန်ဆောင်မှုတို့ကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင် ရွက် သွားမည်ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ထိုသို့စီမံရခြင်းမှာလည်း မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသည်များမှာ တစ်နှစ်ထက်တစ်နှစ် တိုး၍များပြားလာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ သို့သော်အကြောင်းတိုက်ဆိုင်စွာ မြန်မာနိုင်ငံသည် လွန်ခဲ့သော လေးလခန့်မှစ၍ နိုင်ငံ၏အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဒေသခံ ရခိုင်များနှင့် ရွှေ့ပြောင်းလာသူ လူမျိုးစုများ၏ လူမျိုးရေး အဓိကရုဏ်းကြောင့် ထိုသို့ ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်းအပေါ် အများစုက လုံခြုံရေးအရ စိုးရိမ်မကင်းမှုများ ရှိနေ သည်။

ထိုသို့ပုဂ္ဂလိကပိုင် ပြုခြင်းကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လုပ်ငန်း စွမ်းဆောင် ရည် ပိုမိုမြင့်မား လာစေမည်ဖြစ်ပြီး မြင့်တက်လာ သည့် ဈေးကွက်လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းနိုင်မည်ဖြစ် ကြောင်း သိရသည်။

၁၉၄၇တွင် စတင်တည်ဆောက်ခဲ့သော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အရှေ့တောင်အာရှတွင် အကောင်းဆုံး လေဆိပ် ဖြစ်ခဲ့ပြီး ၂၀၀၇ခုနှစ်မေလတွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ပြေးဆွဲရန် အဆင့်မြှင့်တင် တိုးချဲ့ခဲ့သည်။ ယခုအခါတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်တွင်း လေကြောင်းလိုင်း ၅ခုနှင့် နိုင်ငံတကာ လေကြောင်းလိုင်း ၁၇ခုခန့် ပြေးဆွဲလျက်ရှိသည်။

 -------------------------------------------------------------------------------------------------------------------

ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းအား အရည်အသွေးနိမ့် ကုန်ကြမ်းများဖြင့် တည်ဆောက်လျက်ရှိ

ရခိုင်ပြည်နယ် ပဒဲကျွန်းရှိ ကျောက်ဖြူရေနက်စီမံကိန်း တည်ဆောက်မှုတွင် အသုံးပြုရန်လိုအပ်သည့် ကျောက်၊ သဲ၊ ကျောက်စရစ် စသည့် ကုန်ကြမ်းများကို ယခင်က ပြည်တွင်းလုပ်ငန်းရှင်များထံမှ ဝယ်ယူ ခဲ့သော်လည်း ယခုချိန်တွင် တရုတ်ပြည်မှ အစားထိုးတင်သွင်းလာသော ကုန်ကြမ်းများ ပြောင်းလဲ အသုံးပြုမှုကြောင့် ပြည်တွင်းကျောက်လုပ်ငန်းများ ရပ်ဆိုင်းထားရပြီး အလုပ်သမားတွေလည်း အလုပ်လက်မဲ့ဖြစ်နေရကြောင်းကို ပြည်တွင်းကျောက်မိုင်း လုပ်ငန်းရှင် တစ်ဦးမှပြောကြားသည်။

၂၀၁၀ခုနှစ်မှ စတင်တည်ဆောက်သော အဆိုပါ ရေနက်စီမံကန်း၏ တည်ဆောက်ရေးလုပ်ငန်းအတွက် ကျောက်ဖြူမြို့နယ်မှ ကျောက်စရစ်၊ အမ်းမြို့နယ်မှ ရေချိုသဲနှင့် မော်လမြိုင်မှ နိုင်ငံတကာအဆင့်မှီ ဂရပ်နက်ကျောက်များအား တင်ပို့ရောင်းချရကြောင်း ၊ ယခုအခါတွင် မိုင် ၃၅၀၀ ဝေးသော တရုတ်ပြည်မှ တန်ချန် ၃၀၀၀၀ဆန့် ရေယာဉ်ဖြင့် ကုန်ကြမ်းများကို အစားထိုး တင်သွင်းနေကြောင်းကို ပြည်တွင်း ရေယာဉ်ပိုင်ရှင်များ အသင်းမှ လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

တရုတ်ပြည် CITIC GROUP ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသော အဆိုပါရေနက်စီမံကိန်းတွင် အဆင့်မြင့်အိမ်ယာ၊ လေဆိပ်နှင့် ရေယာဉ် ဆိပ်ကမ်းများ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏လုပ်ပိုင်ခွင့် လျှော့ချရေးအပေါ် လွှတ်တော်တွင်ဆွေးနွေးမည်

              NLDလွှတ်တော် အမတ်များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပါ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော် မ ရှင်၏ လုပ်ပိုင်ခွင့်အာဏာ များနေသည်ဟု ယူဆသဖြင့် လွှတ်တော်၌ တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

              အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသည် ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေကြမ်းအဖြစ် အ တည်ပြုပြီး နိုင်ငံတော်သမ္မထံသို့ လက်မှတ် ရေးထိုး အတည်ပြုရန် ရောက်ပြီးခါမှ ပြင်ဆင်ရန် လိုအပ်ချက်များ ရှိ ခြင်းကြောင့် ပြင်ဆင်ပြီး လွှတ်တော်သို့ ပြန်လည်ပေးပို့ထား ခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံတော် သမ္မတ၏ ပြင်ဆင်ချက်ကို လွှတ်တော်သို့ မတင်ပို့မီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မတီတွင် လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်တွင် လည်း ကောင်း တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

              သို့သော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတွင်  ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှု အမျိုးအစား၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးပမာဏ၊ လုပ်ငန်းသက်တမ်း တို့ကို သတ်မှတ်ခြင်း၊ ပြောင်းလဲ သတ်မှတ်ခြင်းများကို ပြည်ထောင်စုအစိုး၏ သဘောတူညီချက်ဖြင့်ဆောင်ရွက်နိုင်ခြင်းနှင့် အခွန်ကင်း လွတ်ခွင့်နှင့် သက်သာခွင့်ပေးရန်မလိုသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို သတ်မှတ်ခြင်း စသည်တို့လုပ်ဆောင် နိုင်သည့်အတွက် ကော်မရှင်၌ ဆုံးဖြတ်နိုင်သည့်အာဏာ များပြားနေသည်ဟု ဝေဖန်သုံးသပ်ကြသည်။

တစ်ဖက်၌လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် တိုင်းပြည်တွင် ဝင်ရောက်လာမည့် ရင်းနှီး မြှုပ်နှံမှုသူများနှင့် ချိတ်ဆက် ဆက်သွယ် သွားမည့် အဖွဲ့အစည်းတစ်ခုဖြစ်ရာ ထိုသို့လုပ်ပိုင်ခွင့်များ ပေးထားခြင်းသည် ပေးသင့်ပေးထိုက်သော အခွင့်အာဏာများ ဖြစ်သည်ဟုလည်း သုံးသပ်ကြခြင်း များလည်းရှိ သည်။

ယခုကျင်းနေသည့် ပထမအကြိမ် ပဉ္စမပုံမှန် လွှတ်တော်အစည်းအဝေတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ကို တစ်ပြိုင်နက်တည်း အတည်ပြုသွားဖွယ်ရှိသည်ဟု သိရသည်။            

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

မ္မတက ငြိမ်းချမ်းရေးဟာ ပြည်သူသန်း၆၀နဲ့ သက်ဆိုင်တယ်သာပြောနေတာ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေမှာ ပြည်သူတွေ ပါဝင်ရမယ့် အခန်းကဏ္ဍက တိတိကျကျ ဆောင်ရွက်ထားတာ တစ်ခုမှမရှိသေးဘူး။

အောက်တိုဘာ၃၀ရက်ထုတ် မဇ္ဈိမဂျာနယ် အတွဲ(၁) အမှတ်(၆)တွင် ပါရှိသည့် ရန်ကုန်ဝင်ဒါမီယာ တွင်ငြိမ်း ချမ်းရေး စင်တာဖွင့်မည်၊ လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည် သတင်းမှ ကချင်ငြိမ်းချမ်းရေး ကွန် ယက်မှကို ဂျော်ဂွန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေကြမ်းမှာ စဉ်းစားရမယ့်အပိုင်းနှစ်ခုရှိတယ်လို့ ကျွန်တော်မြင်တယ်။ တစ်ခုက ကော်မရှင်ဟာ သြဇာသိပ်များနေလား။ နောက်ဆုံးဆုံးဖြတ်ချက်တွေကို သူကလုပ်နေတယ်ဆိုရင်တော့ ဒါဟာအဟန့် အတားဖြစ်နိုင်တယ်။ တစ်ဖက်မှာလည်းကော်မရှင်အနေနဲ့ နိုင်ငံခြားကတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို တိုင်းပြည်အတွက် အကျိုးရှိလား၊ မရှိဘူးလားဆိုတာ ကြီးကြပ်စိစစ်ဖို့လည်း လိုတော့ သူမှာငြင်းပယ်ခွင့်လည်း ရှိမှဖြစ်မယ်။ လိုအပ်တဲ့အာဏာ ရရရှိဖို့တေတတာ့ လိုမယ်။ သူ့ကိုပြည်ထောင်စု အစိုးရအဖွဲ့ကပြန်ပြီးကြီးကြပ်ဖို့တော့ လိုပါတယ်။

အောက်တိုဘာ၃၀ရက်ထုတ် Floewr Newsဂျာနယ် အတွဲ(၈) အမှတ်(၄၂)တွင် ပါရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ လုပ်ပိုင်ခွင့်အာဏာ လျှော့ချရေး လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်းဆွေးနွေးမည် သတင်းမှ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

ဒေသနဲ့ဆိုင်တဲ့ နာမည်အသစ်နဲ့   ဖွဲစည်းမယ့် ပြည်ထောင်စု ၊အဲဒါကိုလည်းပဲ ဒီမို၁၀ပါတီကနေပြီးတော့ သမ္မ တ အကြံပေးအဖွဲ့နဲ့ တွေ့တော့ အဲဒါကို ထပ်ပြီးတော့တင်တယ်လေ။ အဲဒီတော့ ကျွန်တော်တို့အဖွဲ့တွေက လက်မခံ နိုင်ဘူး။ ဒါကိုငြင်းဆန်တာပေါ့နော်၊ ဒါကို ဒေသအပေါ် အခြေခံသော အမည်သစ်ဆိုတော့ ရှမ်းပြည် နယ်က ကမ္ဘောဇတိုင်း ဖြစ်သွားမယ်။ ရှမ်းပြည်နယ် မဟုတ်တော့ဘူး။ လူမျိုးကို အစွဲပြုပြီးတော့ ပေးတဲ့နာမည် မဟုတ်တော့ဘူး။

အောက်တိုဘာ ၃၀ရက်ထုတ် Venus News ဂျာနယ်အတွဲ(၄) အမှတ်(၁၅)တွင်ပါရှိသည့် “ဒေသအပေါ် အခြေခံ သော အမည်သစ်များဖြင့် ဖွဲ့စည်းမည့်ပုံစံကို SNLD ဆန့်ကျင်” သတင်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

*****************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment