Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၃၀.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဆန္ဒပြမှုများကြောင့် တရုတ်ရေနံဓာတု စက်ရုံတိုးချဲ့မည့်အစီအစဉ် ရပ်ဆိုင်း

(BBC သတင်းဌာနမှ 29 Oct 2012 ရက်စွဲပါ China protesters force halt to Zhejiang factory plan ကိုဘာသာပြန်ဆိုသည်)

  1. ဦးသိန်းစိန်နှင့် ၎င်း၏အာဏာရပါတီဟု မဆိုနိုင်သော ပါတီတို့ကြားရှိ စိတ်ဝင်စားဖွယ်ဆက်ဆံရေး

( 26 october 2012 ရက်စွဲပါ The Foreign policy မှ Min Zin ရေးသားသော The Curious relationship between Burma’s president and his not quite ruling party ကို ဘာသာပြန်ပါသည်။)

***********************************************

ဘာသာပြန်သတင်းများ

ဆန္ဒပြမှုများကြောင့် တရုတ်ရေနံဓာတုစက်ရုံ တိုးချဲ့မည့် အစီအစဉ် ရပ်ဆိုင်း

(BBC သတင်းဌာနမှ 29 Oct 2012 ရက်စွဲပါ China protesters force halt to Zhejiang factory plan ကိုဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဒေသတွင် ရေနံဓာတုစက်ရုံတိုးချဲ့တည်ဆောက်မည့်အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် အစီအစဉ်

ရပ်ဆိုင်း ထားလိုက်ကြောင်း သိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့တွင် အဆိုပါ စက်ရုံတိုးချဲ့မည့် အစီအစဉ်ကို ကန့်ကွက်သည့် ဆန္ဒပြ လူအုပ်ကြီးက ဇီဂျန်းပြည်နယ်၊ နန်ဘိုမြို့ရှိရဲ တပ်ဖွဲ့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

နန်ဘိုမြို့ အုပ်ချုပ်ရေးအဖွဲ့မှ အရာရှိကြီးများက ရေနံဓာတုစက်ရုံ တိုးချဲ့မည့် လုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမည် မဟုတ်ဘဲ ရပ်ဆိုင်းထား ကြောင်း ကြေညာသည်။

အောက်တိုဘာလ ၂၈ရက်နေ့တွင် နန်ဘိုမြို့ရှိ အစိုးရရုံးများ ရှိရာသို့ ဆန္ဒပြသူများက ချီတက်သွားကြသည်။ ရေနံဓာတုစက်ရုံ တိုးချဲ့မည့် အစီအစဉ် ကို China Petroleum and Chemical Corporation၏ လက်အောက်ခံ လုပ်ငန်းတစ်ခုက လုပ်ဆောင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

"အစိုးရအပေါ်မှာ ပြည်သူလူထုရဲ့ယုံကြည်မှုဟာ အင်မတန် နည်းပါးပါတယ်။ သူတို့က ကျွန်တော်တို့ ဆန္ဒဆက်မပြတော့ စေတာ တစ်ခုတည်း ကြောင့် ရပ်ဆိုင်းတယ်လို့ ပြောနေတာ။ ပြီးတော့ စီမံကိန်းကို ဆက်လုပ်မယ်ဆိုရင် ဘယ်သူသိနိုင်မှာလဲ"ဟု ဆန္ဒပြသူ တစ်ဦးဖြစ်သူ Liu Liက APသတင်းဌာ နသို့ ပြောပြသည်။

ရုန်းရင်းဆန်ခတ်မှုများ

အောက်တိုဘာလ ၂၈ ရက်နေ့တွင် နန်ဘိုရဲတပ်ဖွဲ့က ဆန္ဒပြသူ ၁၀၀၀ ကျော်ကို အင်အားသုံး လူစုခွဲလိုက်သည်။ မျက်မြင်သက်သေများ အဆိုအရ

ရုန်ရင်းဆန်ခတ်မှုများ ဖြစ်ပေါ်ခဲ့သလို ဖမ်းဆီးထိန်းသိမ်းခံရမှုများလည်းရှိကြောင်းသိရသည်။

ဒေသခံရဲများကမူ ဆန္ဒပြသူများသည် ရဲအရာရှိများအား ကျောက်ခဲများ၊ အုတ်ခဲများနှင့် ပစ်ပေါက်ကြကြောင်း ပြောဆိုသော်လည်း အနီးရှိ ရပ်ကွက် များတွင် နေထိုင်သူများအဆိုအရ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် စတင်ပစ်ခတ်မှုကြောင့်သာ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မည်သို့ပင်ဆိုစေ ဒေသခံအရာရှိကြီးများက ဆန္ဒပြသူများနှင့်ယင်းနေ့တွင်ပင်တွေ့ဆုံပြီး ၎င်းတို့၏ တောင်းဆိုမှုများကို နားထောင်ခဲ့ကြသည်။ တရုတ်နိုင်ငံတွင် စီးပွားရေး အဆမတန် တိုးတက်လာမှုက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကိုလည်း များစွာဖြစ်ပေါ်စေလျက်ရှိသည်။

တရုတ်နိုင်ငံသား အတော်များများမှာ ယခုအခါ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိစိတ်ဓာတ်များ ပိုမိုနိုးကြားလာပြီး လေထုညစ်ညမ်းမှု များနှင့် ပတ်သက်၍လည်း လွန်စွာစိုးရိမ် ပူပန်လျက်ရှိကြောင်း သတင်းထောက်များက ဆိုသည်။

------------------------------------------------------------------------------------------------------------

ဦးသိန်းစိန်နှင့် ၎င်း၏အာဏာရပါတီဟု မဆိုနိုင်သော ပါတီတို့ကြားရှိ စိတ်ဝင်စားဖွယ်ဆက်ဆံရေး

( 26 october 2012 ရက်စွဲပါ The Foreign policy မှ Min Zin ရေးသားသော The Curious relationship between Burma’s president and his not quite ruling party ကို ဘာသာပြန်ပါသည်။)

မြန်မာနိုင်ငံမှ အရပ်သားစစ်စစ် သမ္မတ မဟုတ်သော ဦးသိန်းစိန်သည် ပြီးခဲ့သည့် အပတ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဌအဖြစ် ပြန်လည် ရွေးကောက်တင်မြှောက်ခံရပြီးနောက် တနင်္ဂနွေနေ့က ပြည်တွင်းမီဒီယာများနှင့် ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ သည်။ USDPသည် 2010 ရွေးကောက်ပွဲတွင် ၈၀ရာခိုင်နှုန်း အနိုင်ရခဲ့ရာ ဝေဖန်သူများက တရားမျှတမှု မရှိကြောင်း ဝေဖန်ခဲ့ကြသည်။

ဦးသိန်းစိန်သည် ထူးခြားမည့် သတင်းများကိုလည်း ရှောင်ရှားခဲ့သည်။ ၎င်းသည် ကချင်ပြည်နယ်မှ စစ်ပွဲအကြောင်း၊ အများမျှော်လင့်နေသော ရင်းနှီးမြှပ်နှံမှု ဥပဒေ၊ ဖြစ်လာနိုင်သည့် အမေရိကန်-မြန်မာ စစ်တပ်ဆက်ဆံရေးနှင့် အခြားအကြောင်းအရာများကို အမြင်ကျယ်သော စကားလုံးများသုံး၍ ဖြေ ကြားခဲ့သည်။ ၎င်း၏ အဖြေစကားများအနက် စာရေးသူအား သတိပြုစေသော အဖြေတခုမှာ USDPနှင့် ၎င်း၏ဆက်ဆံရေးကို ဖြေကြားသော စကားဖြစ် သည်။ ၎င်းအားမေးမြန်းသော မေးခွန်းမှာ တိုင်းပြည်၏ အခြေခံဥပဒေကို ပြင်ဆင်ရန် ၎င်း၏ပါတီမှ လွှတ်တော်ကိုစားလှယ်များအားတိုက်တွန်းမည်လော ဟူသော မေးခွန်းဖြစ်သည်။ ”အခြေခံဥပဒေအရ သမ္မတဟာ သူရဲ့သက်တမ်းအတွင်းမှာ ပါတီရဲ့လုပ်ငန်းများတွင် ပါဝင်ခွင့် မရပါဘူး။ သူတို့ ဘာလုပ်ပါလို့ သွားပြီး တိုက်တွန်းလို့ မရပါဘူး။ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စဟာ USDP ကလွှတ်တော်ကိုယ်စားလှယ်များ၊ အခြားပါတီတွေ ကလွှတ်တော် ကိုယ်စား လှယ်များ အပေါ်မူတည်မှာပါ ” ဟုဖြေကြားခဲ့ပါသည်။

၎င်းသည်အခြေအနေအရ လိုအပ်သောကြောင့် မေးခွန်းကိုရှောင်၍ ဖြေကြားသွားခဲ့ပါသည်။ သို့သော် ၎င်း၏အဖြေသည် စိတ်ဝင်စားဖွယ် ကောင်း သည့် နိုင်ငံရေးအရ သက်ရောက်မှုများ ဖြစ်လာနိုင်သည်။ စာရေးသူအနေဖြင့် အရေးကြီးသည်ဟု ထင်ရသော ကိစ္စသုံးခုကို မီးမောင်းထိုး ပြလိုပါသည်။

ပထမအချက်အားဖြင့် ၂၀၀၈ အခြေခံဥပဒေအရ ရှုမြင်ထားခြင်း ဖြစ်သည်။ အောက်တိုဘာ ၁၆ရက်နေ့က ဦးသိန်းစိန်အား (USDP) ဥက္ကဌ အဖြစ် အားလုံး သဘောတူညီမှုဖြင့် ပြန်လည်ရွေးချယ် တင်မြှောက်ခြင်းသည် အခြေခံဥပဒေနှင့် မညီပေ။ သမ္မတရုံးမှ ညွှန်ကြားရေးမှုးကမူ ဦးသိန်းစိန်သည် ပါတီ လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်း မရှိသောကြောင့် အခြေခံဥပဒေနှင့်ညီကြောင်း ကာကွယ်ပြောကြားခဲ့သည်။ အဆိုပါ ကာကွယ်ပြောကြားမှုမှာ ဆင်ခြေ ပေးခြင်းမျှသာ ဖြစ်သည်။ USDP၏ နှစ်ပတ်လည် အစည်းအဝေးသို့ သမ္မတ တက်ရောက်ခြင်းသည် ပါတီ၏ လုပ်ငန်းဆောင်တာများတွင် ပါဝင်ခြင်းမရှိဟု မည်သူ ပြောနိုင်အံ့နည်း။ ဦးသိန်းစိန်သည် ကိုယ်စားလှယ်ရာပေါင်းများစွာကို နှုတ်ဆက်ခဲ့ပါသေးသည်။ ၎င်း၏အိမ်အပြန်လမ်းတွင် မိတ်ဆွေအားရပ်၍ နှုတ် ဆက်သည့် အဆင့်မျိုးထက် သာလွန်ပေသည်။

ဒုတိယကိစ္စရပ်မှာ ဦးသိန်းစိန်သည်မကြာသေးမီက BBC ၏ Hardtalk နှင့် အင်တာဗျူးတွင် ကြော်ငြာဆန်ဆန် လူထုဆက်ဆံရေး သတင်းစကားကို ပြန်လည်၍ ပြောကြားခြင်းဖြစ်သည်။ ဦးသိန်းစိန်က ပြောကြားရာတွင် အကယ်၍ ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် လက်ခံခဲ့ပါက ၎င်းအနေဖြင့်လည်း လက်ခံမည်ဖြစ်ကြောင်း ဆိုခဲ့ပါသည်။ သို့သော် အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် အမည်စာရင်း တင် သွင်း ခွင့်ကို တားဆီးထားသည်။

ဦးသိန်းစိန်သည်        Hardtalkအင်တာဗျူးတွင် ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် တွေ့မြင်ရရေး ပြဿနာမရှိကြောင်း ရှင်းပြခဲ့ သည်။ အဆိုပါ အင်တာဗျူးသည် မြန်မာနိုင်ငံတွင်းမှ ပြည်သူများနှင့် စောင်ြ့ကည့်လေ့လာနေသူများအပေါ် မျှော်လင့်ချက်များ (မျှော်လင့်ချက် အမှားများ ဖြစ်ဖို့ များပါသည်) ဖြစ်ပေါ်စေသည်မှာ ယုံမှားသံသယ ဖြစ်ဖွယ်မရှိပေ။ ဒေါ်အောင်ဆန်းစုကြည် သည်ပင်လျှင် ဦးသိန်းစိန်၏ အဆိုပါ မှတ်ချက်ကို သတင်းစာ ရှင်း လင်းပွဲတွင် တုံ့ပြန်ခဲ့သည်။ သူက သမ္မတအဖြစ် တိုင်းပြည်ကို ဦးဆောင်ရန်ဆန္ဒရှိကြောင်း၊ သူ၏ပါတီသည် အခြေခံဥပဒေတွင် သူ့အားသမ္မတ ဖြစ်ရန် ကန့်သတ် ထားမှု များကိုပြင်ဆင်နိုင်ရန် လုပ်ကိုင်သွားမည် ဟု ဆိုပါသည်။ ၂၀၁၅ ခုတွင် သူ၏ပါတီ NLD သည် လွှတ်တော်၌ ၇၅ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည့် တိုင် စစ်တပ်မှ ၂၅ရာခိုင်နှုန်း ရှိနေသောကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၇၅ရာခိုင်နှုန်းကျော် ထောက်ခံမှုရရန် မလွယ်ကူပေ။ လက်ရှိအားဖြင့် သူ၏ပါတီသည် လွှတ်တော်တွင် နေရာရထားမှုမှာ ၇ရာခိုင်နှုန်းထက် နည်းပါသည်။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတအား ၎င်း၏သြဇာ အသုံးပြု၍ လုပ်ဆောင်ရေးကို မျှော်လင့်နေသည့်ပုံ ရှိသည်။ ဦးသိန်းစိန်ကမူ ယခင်ပြောကြားခဲ့မှုအပေါ် ၎င်းက စတင် လုပ်ဆောင်မည် မဟုတ်ဘဲ ပြည် သူများအပေါ်သာ တာဝန်များ ပုံချကာ ဦးတည်ချက် ပြောင်းခဲ့သည်။

ဦးသိန်းစိန်၏ အခြေခံ ဥပဒေကို ကိုးကား၍ သူ့ပါတီ၏အလုပ် လုပ်ကိုင်ခြင်း မရှိကြောင်း ပြောကြားမှုမှ ဖြစ်ပေါ်လာသော တတိယ အရေးကြီးသော သက်ရောက်မှုမှာ ဦးသိန်းစိန်သည် လက်ရှိပြုပြင်ပြောင်းလဲမှုများကို အဘယ်ကြောင့် လုပ်ကိုင်ရသနည်း ဆိုသည်ကို ရှင်းလင်းပြသည့်သဘော သက်ရောက် သွားခြင်းပင် ဖြစ်သည်။ သမ္မတသည်လည်းကောင်း၊ ကက်ဘိနက် ရာထူးများ ပေးခြင်းခံရ သူများသည် လည်းကောင်း၊ USDPကို တရားဝင် တာဝန်ခံရခြင်း မရှိပေ။ ၎င်းတို့သည် USDP ချမှတ်ထားသော အစီအစဉ်များကို လိုက်၍်လုပ်ဆောင်ရန် မလိုအပ်ပေ။ ၎င်းတို့သည် USDP၏ မူဝါဒများကို အကောင်အထည် ဖော်နေခြင်း မဟုတ်ပေ။

ထိုအချက်သည် အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် USDPသည် သမ္မတ ဦးသိန်းစိန်နှင့်လည်းကောင်း၊ သူ၏အဖွဲ့နှင့်၎င်း ယှဉ်လျှင် များစွာ ခေတ်နောက်ပြန်ဆွဲသော အယူအဆရှိသည်။ USDP သည် ၂၀၁၂ နှစ် ကြားဖြတ်ရွှေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် သူ၏ပါတီ အနိုင်ရ မည်ကို ကြိုတင်သိမြင် ခဲ့သည့်အလျှောက် ၊ NLDပါဝင်မှုကို ဆန့်ကျင်ခဲ့ကြသည်။ USDPသည် ၎င်း၏ပါတီဝင်များ ဖြစ်သော အစိုးရအဖွဲ့မှ ပုဂ္ဂိလ်များ ပါတီ တာဝန် ထမ်းဆောင်ခွင့် ပြန်ရရန် အခြေခံဥပဒေပြင်ဆင်ရေးကို တိုက်တွန်းခဲ့ပါသေးသည်။ သို့သော် သမ္မတသည် အဆိုပါ အဆိုပြုမှုများကို ပယ်ချနိုင်ခဲ့သည်။ ၎င်းသည် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးနောက် ကမ္ဘာသို့ ၎င်း၏ပြုပြင်ပြောင်းလဲမှုများကို သက်သေပြ လိုသောကြောင့်ဖြစ်သည်။

USDP၏ ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက တရုတ်မီဒီယာသို့ ပြောကြားခဲ့ရာတွင် သမ္မတ၏ အရေးကြီးသော ဆုံးဖြတ်ချက် အချို့သည် ၎င်း၏ ကိုယ်ပိုင်အိုင်ဒီယာသာဖြစ်ပြီး ပါလီမန်၏ ဆုံးဖြတ်ချက်များ မပာုတ်ကြောင်း ပြောခဲ့သည်။ ၎င်းကဆက်လက် ပြောကြားရာတွင် ပါတီသည် သမ္မတ၏ ဆုံးဖြတ်ချက်များကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။ သူကတရုတ်နှင့် မြန်မာဆက်ဆံရေးကို ပြတ်တောက်အောင် ကြိုးစားနေတာပါပာု ဦးအောင်သိန်း လင်းက ပြောသည်။ ၎င်းမှာဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ဆန့်ကျင်မှတ်ချက် ပြုမှုများကြောင့် ၎င်း၏နေရာမှ ဖယ်ရှားခံခဲ့ရသည်။                

                ထိုနေရာတွင် USDPသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အာဏာရပါတီ မပာုတ်ပာု ဆိုရမည်ဖြစ်သည်။ ထိုအချက်သည် ဦးသိန်း စိန်က ၎င်း၏မူဝါဒဆိုင်ရာ လုပ်ဆောင်ချက်များအား ပညာရှင်များအပေါ် မှီခိုလုပ်ဆောင်ရန် ဖြစ်လာသည်။ အခြေခံဥပဒေပါ ဥပဒေများ၏ ဖွဲ့စည်း ထားပုံက ဦးသိန်းစိန်အား ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ ပြုလုပ်ရာတွင် ပါတီ၏ ကန့်သတ်ထားမှုများ မရှိဘဲ လုပ်ဆောင်ခွင့် ရစေခဲ့သည်။

*****************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment