Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၉.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာသမ္မတ သြစတြေးလျသို့ လာရောက်လည်ပတ်မည်

(29 Nov 2012 ရက်စွဲပါ National Times မှ Daniel Flitton ရေးသားသော Burma Prsident to visit Australia သတင်းကို                   ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၌ရှေ့တွင် စိန်ခေါ်မှုများရှိဟု ဗြိတိန်ရှုမြင

         (27 Nov 2012 ရက်စွဲပါ UPI မှ U.K sees challenges ahead of Myanmar ကိုဘာသာပြန်ဆိုသည်)

  1. Juroku Bank နှင့် မြန်မာဘဏ် သဘောတူလက်တွဲ

(Kyodo News မှ 29 Nov 2012 ရက်စွဲပါ “joroko, Myanmar banks tie up” သတင်းကိုဘာသာပြန်ဆိုသည်)

  1. ကြေးနီစီမံကိန်းကိစ္စ နောက်ဆုံးဆန္ဒပြမှု ဦးဆောင်လှုပ်ရှားသူများကို မြန်မာရဲတပ်ဖွဲ့ဖမ်းဆီး

(Reuters မှ 29 Nov 2012 ရက်စွဲပါ “Myanmar Police arrest activists over latest copper mine protest” သတင်းကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာသမ္မတ သြစတြေးလျသို့ လာရောက်လည်ပတ်မည်

(29 Nov 2012 ရက်စွဲပါ National Times မှ Daniel Flitton ရေးသားသော Burma Prsident to visit Australia သတင်းကို ဘာသာပြန်ဆိုသည်)

Gillard အစိုးရသည် မြန်မာနိုင်ငံတွင် သြဇာလွှမ်းမိုးမှုရနိုင်ရန် တည်ဆောက်လျက်ရှိရာ မြန်မာသမ္မတဦးသိန်းစိန်သည် ရှေ့လတွင် ကော်ဇောနီဖြင့် ဧည့်ခံခြင်းကိုခံယူရန် သြစတြေးလျနိုင်ငံသို့ လာရောက်မည်ဖြစ်ပါသည်။

စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်ကြီးဖြစ်ခဲ့သော သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံအား ဒီမိုကရေစီသို့ဦးတည်ရန် ပဲ့ကိုင်ခဲ့သောကြောင့် ချီးမွမ်းမှုကို ခံခဲ့ရပါသည်။ ဆယ်စုနှစ်များစွာ ဒေါ်အောင်ဆန်းစုကြည်အား ဖိနှိပ်နေမှုများကိုလည်း ဖယ်ရှားပေးခဲ့ပါသည်။

၎င်းသည် ဒီဇင်ဘာ ၁၀ ရက်မှစ၍ ကင်ဘာရာနှင့်ဆစ်ဒနီသို့ နှစ်ရက်တာလာရောက်မည် ဖြစ်ပါသည်။ ပြီးခဲ့သည့် ဇွန်လက နိုင်ငံခြားရေးဝန်ကြီး Bob Carr က ဦးသိန်းစိန်အား လာရောက်လည်ပတ်ရန် စတင်ဖိတ်ကြားခဲ့ပြီး၊ မကြာမီက ဝန်ကြီးချုပ် Julia Gillard က ထပ်မံဖိတ်ကြားခဲ့ပါသည်။

သို့သော် လူ့အခွင့်အရေးလှုပ်ရှားသူ Zette Brake ကပြောကြားရာတွင် ဦးသိန်းစိန်အား သြစတြေးလျသို့ဖိတ်ခေါ်ရန် အချိန်မတိုင်သေးကြောင်း၊ တိုင်းရင်းသားအုပ်စုများအပေါ် နှိပ်စက်မှုများမှာ ထင်ရှားနေသေးကြောင်း ဆိုပါသည်။

ဦးသိန်းစိန်မှာ မကြာသေးမီကအထိ သြစတြေးလျ၏ ဗီဇာပိတ်ပင်ခြင်းနှင့်ငွေကြေးဆိုင်ရာ အရေးယူမှုများစာရင်းတွင် ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါ သည်။

သြစတြေးလျသည် ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော ကန့်သတ်ချက်များကို ရုတ်သိမ်းပေးခဲ့ပြီး၊ Mr Carr သည် စစ်အစိုးရ ပြောင်းပေးခဲ့သော Myanmar ဟူသောအမည်ကို ပြောင်းလဲလက်ခံခဲ့သူဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် စစ်တပ်ချင်းဆက်ဆံရေး ပြန်လည်ပြုလုပ်ရန် စကားပြောမှုသည် စိုးရိမ်ဖွယ်ဖြစ်ကြောင်း Ms Brake က ပြောကြားခဲ့ပါသည်။

သံတမန်ဟောင်းတစ်ဦးဖြစ်သူ Griffith Asia Institute မှ Andrew Selth ကမူ ဦးသိန်းစိန်လာရောက်မှုကို ကြိုဆိုသင့်ကြောင်း ပြောပါသည်။

“မြန်မာနိုင်ငံမှာ မဖြေရှင်းရသေးတဲ့ ပြဿနာတွေအများကြီး ရှိနေသေးတယ်ဆိုပေမယ့်၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ရဲ့အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပြုပြင်ပြောင်းလဲရေးသမားတွေကို ထောက်ခံအားပေးဖို့ ဖြစ်ပါ တယ်”ဟု ၄င်းကပြောပါသည်။

***************************************

မြန်မာနိုင်ငံ၌ရှေ့တွင် စိန်ခေါ်မှုများရှိဟု ဗြိတိန်ရှုမြင်

( 27 Nov 2012 ရက်စွဲပါ UPI မှ U.K sees challenges ahead of Myanmar ကိုဘာသာပြန်ဆိုသည် )

ကုလသမဂ္ဂက မြန်မာနိုင်ငံမှ လူ့အခွင့်အရေးကိစ္စနှင့်ပက်သက်၍ ဆုံးဖြတ်ချက်ချမှတ်ရန်ကိစ္စကို ကြိုဆိုကြောင်း ဗြိတိသျှအစိုးရက ပြောကြားခဲ့ပါ သည်။

ဗြိတိသျှနိုင်ငံခြားရေးရုံးဝန်ကြီး Hugo Swire ကပြောကြားရာတွင် ၄င်းအနေဖြင့် မြန်မာနိုင်ငံမှ လူ့အခွင့်အရေးကိစ္စအပေါ် ဆုံးဖြတ်ချက်ချမှတ်ရန် အများသဘောတူမှုအားကြိုဆိုကြောင်း ဆိုခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲမှအစပြုခဲ့သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုထိုက်ကြောင်း ၄င်းက ပြောကြားခဲ့ပါ သည်။

“ရှေ့မှာ စိန်ခေါ်မှုရှိနေသေးတယ်ဆိုတာကိုလည်း ကျွန်တော်တို့အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်”ဟု ၄င်းက ကြေငြာချက်တွင် ဖော်ပြထားပါ သည်။

ရခိုင်ပြည်နယ်တွင် မူဆလင်များနှင့် ဗုဒ္ဓဘာသာများကြားတွင်ဖြစ်ပွားသော ပြင်းထန်သောဖြစ်ရပ်များကြောင့် အိုးမဲ့အိမ်မဲ့မှုများ ကျယ်ပြန့်စွာဖြစ်ခဲ့ ပြီး ဒါဇင်ပေါင်းများစွာ သေကြေပျက်စီးခဲ့ရပါသည်။ ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ခဲ့သော်လည်း ထောင်ထဲတွင် ရှိနေသေးကြောင်း Swire က ပြောပါသည်။

မြန်မာသမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂအထွေအထွေညီလာခံတွင် ပြောကြားရာ၌ ၄င်း၏အစိုးရသည် လက်နက်ကိုင်အုပ်စု အမျိုးမျိုးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အတူလုပ်ကိုင်လျက်ရှိကြောင်း ဆိုပါသည်။

“အစိုးရဟာနိုင်ငံရေး၊ လူမှုရေးနဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့လုပ်ဆောင်နေချိန်မှာ ကံမကောင်းစွာနဲ့ မမျှော်လင့်တဲ့ ကိစ္စတွေပေါ်လာခဲ့ပါတယ်”ဟု ၄င်းကပြောပါသည်။

ကုလသမဂ္ဂ၏ အရေးပေါ်ကိစ္စများအတွက် ရန်ပုံငွေဗဟိုဌာနသည် ရခိုင်ပြည်နယ်မှအိုးမဲ့အိမ်မဲ့များ ကယ်ဆယ်ရေးအတွက် ဒေါ်လာ(၅.၃)သန်း ပေးမည်ဟု ကုလသမဂ္ဂက ကြေညာခဲ့ပါသည်။

**********************************************

Juroku Bank နှင့် မြန်မာဘဏ် သဘောတူလက်တဲ

(Kyodo News မှ 29 Nov 2012 ရက်စွဲပါ “joroko, Myanmar banks tie up” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဂျပန်ကုမ္မဏီများ ထူထောင်ဖွဲ့စည်းရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဂျပန်ဘဏ်နှင့် မြန်မာဘဏ်အကြား ပထမဦးဆုံး သဘောတူညီမူဖြင့် ဧရာဝတီဘဏ်နှင့် သဘောတူလက်မှတ် ရေးထိုးခဲ့သည်ဟု ဂျပန် juroko Bank က အင်္ဂါနေ့တွင်ပြောကြားသည်။

အဆိုပါ သဘောတူညီမူအရ ဂျီဖုအခြေစိုက် Juroku Bank ၎င်း၏ဖောက်သည် ကုမ္မဏီများအား မြန်မာနိုင်ငံ၏ တရားဥပဒေစနစ်နှင့် စီးပွားရေး လောက သတင်းအချက်အလက်များကို ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။

၂၀၁၀ သြဂုတ်လက စတင်တည်ထောင်ခဲ့သော ဧရာဝတီဘဏ်သည် ယန်းငွေ ၂၄.၂ ဘီလျံနှင့်ညီမျှသော မတည်ငွေရှိထားပြီး၊ ဘဏ်ခွဲပေါင်း ၂၈ ခု ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည်။

***********************************************

ကြေးနီစီမံကိန်းကိစ္စ နောက်ဆုံးဆန္ဒပြမှု ဦးဆောင်လှုပ်ရှားသူများကို မြန်မာရဲတပ်ဖွဲ့ဖမ်းဆီး

(Reuters မှ 29 Nov 2012 ရက်စွဲပါ “Myanmar Police arrest activists over latest copper mine protest” သတင်းကိုဘာသာပြန်ဆိုသည်)

တရုတ်တို့ အကောင်အထည်ဖော်နေသော ကြေးနီစီမံကိန်းတိုးချဲ့ရန် စဉ်းစားထားမှုကို နောက်ဆုံးကန့်ကွက်ဆန္ဒပြမှုတွင် ဦးဆောင်ခဲ့သော ခေါင်းဆောင် ၆ ဦးကို မြန်မာရဲများက ဖမ်းဆီးလိုက်ပါသည်။ ဒေသခံများ၏ မကြေလည်မှုများကိုနားထောင်ရန် ထိုဒေသသို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သွားရောက်ရန် စီစဉ်နေချိန်တွင် ယင်းသို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံအနောက်မြောက်ပိုင်း မုံရွာဒေသ ကြေးနီစီမံကိန်းတစ်ဝိုက်မှ ထောင်နှင့်ချီသော ရွာသူ၊ ရွာသားများသည် စစ်အုပ်ချုပ်ရေးအလွန် ယိုင်နဲ့နဲ့လွတ်လပ်ခွင့် အသစ်များကိုအသုံးပြု၍ ဒေါ်လာတစ်ဘီလျံတန် တရုတ်ကြေးနီစီမံကိန်းတိုးချဲ့မှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါ သည်။

စစ်ကိုင်းတိုင်းဒေသရှိ စီမံကိန်းအတွက် လယ်ဧက ၇၈၀၀ ကျော်ကို ဥပဒေနှင့်မညီပဲ သိမ်းယူခြင်းခံရသည်ဟု ရွာသူ၊ ရွာသားများက ပြောကြား သည်။

ဒေသခံတို့၏အခက်အခဲများကို ထုတ်ဖော်ပြသရန်အတွက် ရန်ကုန်မြို့တော်တွင် တနလာင်္နေ့ကပြုလုပ်ခဲ့သည့် နောက်ဆုံးဆန္ဒပြမှုတွင် ဦးဆောင် လှုပ်ရှားသူများကို နောက်တစ်နေ့တွင် ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်ဟု ဆန္ဒပြပွဲထောက်ခံသူများက ပြောကြားသည်။

“သူတို့ကို မနေ့က အင်းစိန်ထောင်ကို ခေါ်သွားပြီး ထိန်းသိမ်းထားပါတယ်။ စစ်ဆေးကြားနာမှုကို ဒီဇင်ဘာ ၃ ရက်သို့ ရွှေ့ဆိုင်းထားပါတယ်”ဟု ထောက်ခံလှုပ်ရှားသူ ဦးဝင်းချိုက မနေ့ကပြောကြားသည်။

ယခုအခါ အာဏာပိုင်များသည် မုံရွာစီမံကိန်းနယ်မြေမှ ဆန္ဒပြမှုကိုနှိမ်နှင်းရန် လှုပ်ရှားနေကြသည် ဟုသိရှိရသည်။

မြန်မာ့ရေးရာ ကျွမ်းကျင်သူအကဲခတ်တစ်ဦးက “အမှန်တစ်ကယ်ကတော့ မြန်မာအာဏာပိုင်တွေဟာ တရုတ်နိုင်ငံနဲ့အငြင်းပွားရမယ့် ပြဿနာတွေ ကို ကိုင်တွယ်ရာမှာ ပြည်သူတွေကိုကြားခံပြီး ကျားကွက်ရွှေ့လေ့ရှိပါတယ်။ ဒါဟာ အရင်အကြီးအကဲဟောင်းရဲ့ ဗျူဟာတွေပါ။ ဒီအခြေအနေမှာ လူများစု အခွင့်အရေးအတွက်လှုပ်ရှားတဲ့ ပရဟိတလှုပ်ရှားသူတွေ ကြားညှပ်ပြီးဖမ်းဆီးခံရတာ ဖြစ်ပါတယ်”ဟု မှတ်ချက်ပေးသည်။

***********************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment