Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၃၀.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ADB စွမ်းအင်အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ စွမ်းအင်အရင်းအမြစ်ကြွယ်ဝဟုဆို

(27 Nov 2012 ရက်စွဲပါ ADB မှ ADB energy assesment shows wealth of possibilities in Myanmar ကိုဘာသာပြန်ဆိုသည်)

  1. အမေရိကန်ဆီနိတ်တာက ဖမ်းမိသောမြောက်ကိုးရီးယား ပစ္စည်းသတင်းများနှင့်ပတ်သက်၍ ရှင်းလင်းရန် တောင်းဆို

(29 November 2012 ရက်စွဲပါ Canada.com မှMelthew Pennington ,AP ရေးသားသော US senator writes Myanmar Leader over seported seizure of suspect North Korea cargo ကိုဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းများ

ADB စွမ်းအင်အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ စွမ်းအင်အရင်းအမြစ်ကြွယ်ဝဟုဆို

(27 Nov 2012 ရက်စွဲပါ ADB မှ ADB energy assesment shows wealth of possibilities in Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် စွမ်းအင်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ရေနံနှင့်သဘာဝဓာတ်ငွေ့အစ မြေတွင်းအပူဓာတ်များ၊ သုံးမကုန်နိုင်သော သဘာဝရင်းမြစ်များ အဆုံးများစွာရှိနေသော်လည်း၊ ထုတ်လုပ်သုံးစွဲရန် ငွေအရင်းအနှီး လိုအပ်လျက်ရှိကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍအပေါ် ကနဦးအကဲဖြတ်ချက်တွင် ဖော်ပြထားပါသည်။

“မြန်မာ့စွမ်းအင်ကဏ္ဍဟာ ဆယ်စုနှစ်များစွာထိုက်သင့်တဲ့ ရင်းနှီးမြှုပ်နှံမှုမရှိခဲ့ပါဘူး။ ဒါကြောင့်လူလေးဦးမှာ တစ်ဦးသာ လျှပ်စစ်အသုံးပြု နိုင်ပါတယ်”ဟု ADB ၏ အရှေ့တောင်အာရှဌာန စွမ်းအင်ဌာနခွဲဒါရိုက်တာ Anthony Jude ကပြောပါသည်။

“မြန်မာနိုင်ငံမှာတံခါးဖွင့်လာတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းစွမ်းအင် အရင်းအမြစ်တွေကို အသုံးပြုနိုင်မယ့် အခွင့်အရေး ကောင်းတွေရှိလာပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာတွေကို ကာကွယ်စောင့်ရှောက်မှုကို ဦးစားပေးရပါမယ်”ဟု ၄င်းက ဆိုပါ သည်။

လက်ရှိမြန်မာနိုင်ငံတွင် တစ်ဦးချင်း လျှပ်စစ်အသုံးပြုနိုင်မှုသည် အာရှတွင်အနိမ့်ဆုံးအဆင့်၌ ရှိပါသည်။ ခန့်မှန်းခြေအားဖြင့် မြန်မာနိုင်ငံတွင် မူလစွမ်းအင် အသုံးပြုမှု၏သုံးပုံနှစ်ပုံသည် ထင်း၊ မီးသွေး၊ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများနှင့် တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများကဲ့သို့သော အရာများမှ ရရှိပါသည်။ လျှပ်စစ်ဓာတ်အားပေးနိုင်မှုသည် ရန်ကုန်တွင် ၆၇% ရှိပြီး၊ ကျေးလက်ဒေသများတွင် ၁၆% သာရှိပါသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ကဲ့သို့သော စွမ်းအင်အရင်းအမြစ်များစွာ ရှိသော်လည်း၊ ၄င်းတို့ကိုအသုံးပြုရန် နှောင့်နှေး နေရခြင်းမှာ ငွေကြေးအကန့်အသတ်ဖြစ်နေခြင်း၊ အရည်အချင်းပြည့်ဝသော ပညာရှင်များ မရှိခြင်း၊ စည်းမျဉ်းဥပဒေများ ချို့တဲ့ခြင်း၊ စွမ်းအင်နှင့်ဆိုင်သော ဝန်ကြီးဌာနများကြား ပူးပေါင်းဆောင်ရွက်မှုနှင့် စီမံမှုမရှိခြင်းကြောင့်ဟု အကဲဖြတ် အစီရင်ခံစာတွင်ဖော်ပြထားပါသည်။

အကဲဖြတ် အစီရင်ခံစာတွင်အကြံပြုထားရာတွင် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများသည် အလယ်အလတ်ကာလနှင့် ကာလရှည်စီမံချက်များကို အာရုံပြုရမည်ဟု ဖော်ပြထားပါသည်။ စွမ်းအင်ထုတ်လုပ်မှု ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းနှင့် ရန်ကုန်တွင်ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ ဆောက်လုပ်ခြင်း၊ မြောက်ဖက်မှ ရန်ကုန်သို့ 500KV ဓာတ်အားလိုင်းတည်ဆောက်ခြင်း၊ ရေအားလျှပ်စစ်တိုးတက်ထုတ်လုပ်ရာတွင် စုစည်းနိုင်မှု၊ အသေးစိတ်ပါဝင်နိုင်မှု အစီအစဉ်များချနိုင်ရေး၊ ကျောက်မီးသွေးနှင့် ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများ ပြန်လည်ပြင်ဆင်ရေးနှင့် အဆင့်မြှင့်ခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်းများ ပြင်ဆင်အဆင့်မြှင့်ခြင်းများ ပါဝင်ပါသည်။

                        *******************************************************

အမေရိကန်ဆီနိတ်တာက ဖမ်းမိသောမြောက်ကိုးရီးယား ပစ္စည်းသတင်းများနှင့်ပတ်သက်၍ ရှင်းလင်းရန် တောင်းဆို

(29 November 2012 ရက်စွဲပါ Canada.com မှMelthew Pennington ,AP ရေးသားသော US senator writes Myanmar Leader over seported seizure of suspect North Korea cargo ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသို့သွားသော သဘောင်္ပေါ်မှ နျူကလီယားကိစ္စတွင် အသုံးပြုဖွယ်ရှိသောပစ္စည်းများ ဖမ်းသောသတင်းများနှင့် ပတ်သက်၍ မြန်မာသမ္မတထံသို့ အဖြေတစ်စုံတစ်ရာပေးပါရန် အမေရိကန်ဆီနိတ်တာတစ်ဦးက တောင်းဆိုထားပါသည်။

မြောက်ကိုးရီးယားသည် ယူရေနီယံသန့်စင်မှု(သို့မဟုတ်) ဒုံးကျည်ထုတ်လုပ်မှုတွင် အသုံးပြုမည့်ပစ္စည်းများကို တရုတ်နိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ သဘောင်္တင်ပို့ရန် ကြိုးစားကြောင်း ဂျပန်နိုင်ငံ၏ အဆာဟိရှင်ဘွန်း သတင်းစာတွင် ဖော်ပြထားပါသည်။ ဂျပန်အာဏာပိုင်များသည် သြဂုတ်လက မြောက်ကိုရီးယားသဘောင်္ ဂျပန်တွင်ပြင်ဆင်နေစဉ်အတွင်း အမေရိကန်၏တောင်းဆိုမူကြောင့် ဖမ်းဆီးခဲ့ရာ သတ္တုပိုက်များနှင့် အဆင့်မြင့် အလျုမီနီယမ်သတ္တုစပ်များ ပါဝင်သည်ဟု အဆိုပါသတင်းစာက ဆိုပါသည်။

ကွန်ကရက်တွင် နျူကလီယားမပြန့််ပွားရေး ဦးဆောင်လှုပ်ရှားသူ ရီပတ်ဗလစ်တင် ဆီနိတ်တာ Richard Lugar ကအင်္ဂါနေ့က မြန်မာသမ္မတထံ စာရေး၍ အဆိုပါပစ္စည်းများအသုံးပြုရန် စီစဉ်ထားမှုများနှင့် ရည်ရွယ်ချက်များကိုဖွင့်ပြောရန် တောင်းဆိုခဲ့ပါသည်။ AP သတင်းဌာနက ကြာသာပတေးနေ့က အဆိုပါစာ၏မိတ္တူကို ရရှိခဲ့ပါသည်။

ယခုဖမ်းမိမှုများသည် မြန်မာနိုင်ငံက မြောက်ကိုးရီးယားနှင့် စစ်ရေးအရဆက်ဆံရေးကို ဖြတ်တောက်ရန် ကတိများလိုက်နာခြင်းနှင့်ပတ်သက်၍  စိတ်ပူပန်ဖွယ်ရာ ဖြစ်ရပါသည်။

ဦးသိန်းစိန်က မကြာသေးမီက နျူကလီးယားလုပ်ဆောင်မှုမှန်သမျှ ကုလသမဂ္ဂ၏ စစ်ဆေးမှုခံယူခြင်းကို ခွင့်ပြုရမည့် နိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် သဘောတူညီမူအား Lugau ကချီးကျုးခဲ့ပါသည်။

ယခု ဂျပန်က ဖမ်းဆီးရမိမှုများမှာ မြန်မာအစိုးရအတွက် ပွင့်လင်းမြင်သာမှုကိုပြသရန် အခွင့်ကောင်းဖြစ်သည်ဟု Lugar ကပြောပါသည်။

“သဘောင်္မှပစ္စည်းများ၏ ရည်ရွယ်ချက်သည် အာဆီယံအဖွဲ့အတွင်း ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ပါတယ်”ဟု lugar ကရေးသားထားပါသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment