Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၁.၁၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ရခိုင်ပြည်နယ်မှ မူဆလင်နိုင်ငံသားကိစ္စကို မြန်မာအစိုးရစစ်ဆေး

(Associated Press မှ 30 Nov 2012 ရက်စွဲပါ “Myanmar Verifying Muslims citizenship” သတင်းကို ဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းများ

ရခိုင်ပြည်နယ်မှ မူဆလင်နိုင်ငံသားကိစ္စကို မြန်မာအစိုးရစစ်ဆေး

(Associated Press မှ 30 Nov 2012 ရက်စွဲပါ “Myanmar Verifying Muslims citizenship” သတင်းကို ဘာသာပြန်ဆိုသည်)

ဇွန်လမှစ၍ဖြစ်ပွားခဲ့သော ရခိုင်နှင့်မူဆလင်အကြမ်းဖက် အဓိကရုဏ်းကြောင့် စုတ်ပြတ်ကြေမွသွားသည့် အနောက်ဖက်ကမ်းရိုးတန်း ရခိုင် ပြည်နယ်တွင် မွတ်ဆလင်များ၏ နိုင်ငံသားဖြစ်ခွင့်အထောက်အထားကို စစ်ဆေးရန်ရည်ရွယ်သည့် အဓိကစီမံချက်ကို မြန်မာအစိုးရက စတင်လိုက်ပြီ ဖြစ်သည်။

ရခိုင်ပြည်နယ်တွင်နေထိုင်သော ရိုဟင်ဂျာမွတ်ဆလင်များအနေဖြင့် မြန်မာနိုင်ငံသားခံယူရန်သတ်မှတ်ချက် ကိုက်ညီခြင်းရှိသလားဟူသော မေးခွန်းများသည် လူပေါင်း ၂၀၀ နီးပါး သေဆုံး၍ ၁၁၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော ပဋိပက္ခ၏ အရေးကြိးဆုံးအစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။

ရခိုင်ကမ်းရိုးတန်း ပေါက်တောမြို့နယ်အတွင်းရှိ ဝေးလံခက်ခဲ၍ လျှပ်စစ်မီးမရှိသောကျွန်းပေါ်မှ ဆင်သက်မော်ကျေးရွာသို့ ရောက်ရှိခဲ့သော Associated Press သတင်းထောက်အဖွဲ့က ထိုကျေးရွာတွင် တစ်အိမ်ဝင် တစ်အိမ်ထွက် သန်းခေါင်စာရင်း ကောက်ယူသကဲ့သို့ စေ့စေ့စပ်စပ် စစ်ဆေး နေကြသည့် လူဝင်မှုကြီးကြပ်ရေး အရာရှိများကို တွေ့ရှိခဲ့ကြသည်။

ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူဦးဝင်မြိုင်က ၎င်းစီမံချက်ကို ဆင်သက်မော်ကျေးရွာအပါဝင် ပေါက်တောမြို့နယ်တွင် နိုဝင်ဘာ ၈ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အနှံ့ ပြုလုပ်သွားမည်ဟု ပြောကြားသည်။

ယခုအချိန်အထိ မွတ်ဆလင်မိသားစုပေါင်း ၂၀၀၀ ကျော်ခန့်ကို စစ်ဆေးပြီးပြီဖြစ်ပြီး တရားမဝင်နေထိုင်သူများ မတွေ့ရသေးဟု ဦးဝင်းမြိုင်က ဆိုပါသည်။

တရားမဝင်နေထိုင်သူများဟု သတ်မှတ်ခံရသူများ မည်သို့ဖြစ်လာမည်ကို လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးပါ။                 ၎င်းတို့ ပြန်ပို့ခံရနိုင်သလားဟူသော မေးခွန်းကို ဦးဝင်းမြိုင်က ဖြေရန်ငြင်းဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် Arakan Project အုပ်စုကမူ ယခုစီမံချက်၏ရလဒ်အဖြေများအား ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်ကို အပြီးသတ် ငြင်းပယ် ရာတွင် အသုံးပြုဖွယ်ရှိသည်ဟု ဝေဖန်ပြောကြားသည်။

မြန်မာနိုင်ငံမှ ထွက်ပြေးသော ရိုဟင်ဂျာဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်းလက်သင့်မခံပဲ ပြန်လည်မောင်းထုတ်လျှက်ရှိသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment