Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၅.၁၂.၂၀၁၂

ပြည်တွင်းသတင်း  

  1. ဘဏ်မဟုတ်သော ငွေကြေးဆိုင်ရာအဖွဲ့အစည်းများကို Money Changer ဆောင်ရွက်ခွင့်ပြု
  2. မြန်မာ့ရေထွက်ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် အမေရိကန်ကူညီမည်

နိုင်ငံရေးသတင်း

  1. လက်ပံတောင်းတောင်စစ်ဆေးစုံစမ်းရေးကော်မရှင် အဖွဲ့ ၃ ခုခွဲ၍ဆောင်ရွက်မည်
  1. မြန်မာနိုင်ငံသားများလူ့အခွင့်ရေးဆိုင်ရာ ကာကွယ်ရေးဥပဒေကြမ်းရေးဆွဲရန် NDF ပါတီမှအဆိုတင်သွင်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

ဘဏ်မဟုတ်သော ငွေကြေးဆိုင်ရာအဖွဲ့အစည်းများကို Money Changer ဆောင်ရွက်ခွင့်ပြု

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံတဝန်းလုံးတွင် နိုင်ငံခြားငွေလဲလှယ်ရာတွင် အဆင်ပြေရန်အတွက်ဘဏ် မဟုတ်သော ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများသည်လည်း ကောင်တာများဖွင့်လှစ်လိုပါက နိုင်ငံတော် ဗဟိုဘဏ်လက်အောက်ရှိ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနတွင် ဒီဇင်ဘာ ၃ ရက်နေ့မှစတင်ကာလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် များလျှေက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသွားများ အများဆုံးလာရောက်နိုင်သည့်နေရာများ ဖြစ်သောလေဆိပ်၊ ဟော်တယ်နှင့် ဈေးဝယ် စင်တာများတွင် ပုဂ္ဂလိကဘဏ် များမှနိုင်ငံခြားငွေလဲလှယ်ရးစင်တာများကို ဗဟိုဘဏ်မှ သက်မှတ်ပေးထားသော ဈေးနှုန်းအတိုင်းလဲလှယ်ပေးလျှက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၈ ဘဏ်သို့ ထိန်ကျောင်းမှုရှိသော နှုန်းရှင်ငွေ လဲလှယ်ခွင့်များကို ၂၀၁၂ ဧပြီလ ၁ ရက်နေ့မှစတင်ကာ နိုင်ငံခြားငွေလဲလှယ်သော Money Changer စင်တာများဖွင့်လှစ် ပေးခဲ့ကြောင်းသိရသည်။

YC

---------------------------------------------------------------------------

မြန်မာ့ရေထွက်ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် အမေရိကန်ကူညီမည်

မြန်မာနိုင်ငံ၏ ရေထွက်ကုန်ထုတ်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်နိုင်ငံ၏  Win Rock International အဖွဲ့မှကူညီပေး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းအဖွဲ့အစည်းအနေဖြင့် ပြည်တွင်း ရေထွက်ကုန်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများဖြစ်သည့် အသားနှင့်ငါးထုတ်လုပ်ရေး ကဏ္ဍတွင်လိုအပ် သည့်ငွေကြေးနှင့် နည်းပညာအကူအညီများကို အဓိကပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကြာမီကာလအတွင်း အမေရိကန်ပညာရှင်များက မြန်မာနိုင်ငံသို့ ၁၅ ရက်ခန့် လာရောက်မည်ဖြစ်ပြီး မြန်မာ့သားငါးထုတ်လုပ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားအကြံပြုချက်များ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ထိုသို့သင်ကြားပြသမှုများနှင့်အတူ ပြည်တွင်းရေ ထွက်ကုန်လုပ်ငန်းမှ ထွက်ရှိလာမည့် ကုန်ပစ္စည်းများကို အမေရိကန်နိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခွင့်ကိုလည်းရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံအနေဖြင့် ရေထွက်ကုန်ပစ္စည်းများကို အမေရိကန်နိုင်ငံသို့တင်ပို့ရောင်းချရာတွင် အခြားနိုင်ငံများနည်းတူအရည်အသွေးနှင့် ဈေးနှုန်း ယှဉ်ပြိုင်နိုင်မှသာလျှင် ဈေးကွက်ထုတ်ဖောက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများပြုလုပ်ထားသည့် အမေရိကန်နိုင်ငံ၏ သမ္မတအိုဘားမားသည် နိုဝင်ဘာလ ၁၉ ရက် နေ့တွင် မြန်မာနိုင်ငံသို့လာရောက်ခဲ့ကြောင်း သိရသည်။ ၎င်း မလာရောက်မီ နှစ်ရက်ခန့်အလို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ထားသော ပိတ်ဆို့မှုများအနက် ကျောက်မျက်မှလွဲ၍ ကျန်ပို့ကုန်တင်ပို့မှုများကို ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

YC

****************************************************************************************

နိုင်ငံရေးသတင်း

လက်ပံတောင်းတောင်စစ်ဆေးစုံစမ်းရေးကော်မရှင် အဖွဲ့ ၃ ခုခွဲ၍ဆောင်ရွက်မည်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးနိုင်ရန် ဒီဇင်ဘာလ ၃ ရက်နေ့တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်သစ်အနေဖြင့် အဖွဲ့ ၃ ခုဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီတွင် နေပြည်တော် လွှတ်တော်ဝင်း I-12 အစည်းအဝေးခန်းမ၌ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ပထမဆုံးအကြိမ် အစည်းအဝေးကိုကျင်းပခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်မှ လက်ရှိ ဖြစ်ပွားလျက်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စသည် ယခင်က တည်းကပင် ပွင့်လင်းမြင်သာမှု အားနည်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်းနှင့် ယင်းကိစ္စရပ်အား ဖြေရှင်းနိုင်ရန် ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုနှင့် ဥပဒေစိုးမိုးမှုများလိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရန် ဆန္ဒပြသူများနှင့် သပိတ်စခန်းဖွင့်လှစ်ထားသူများအား နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီ အချိန်တွင် အာဏာပိုင်များက ရဲအင်အား ၅၀၀၀ ခန့်သုံး၍ မီးလောင်ဗုံးများဖြင့်ပစ်၍ လူစုခွဲခဲ့သည့်အတွက် ဒေသခံပြည်သူ အများအပြားသေဆုံး ဒဏ်ရာရရှိခဲ့မှုများအား ယင်းကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တာဝန်ယူ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး ကျန်ကိစ္စရပ်များအား အဖွဲ့ ၃ ခု ဖွဲ့စည်း၍ တပြိုင်နက် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခု ဖွဲ့စည်းလိုက်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ခွဲ(၃)ခုအနေဖြင့် ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများအသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ/မရှိ၊ ကြေးနီစီမံကိန်းကြောင့် လူမှု ပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ်ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်များ၊ ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်၊ ပြည်သူလူ ထုနှင့် အနာဂါတ်မျိုးဆက်များအတွက် အကျိုး ရှိ/မရှိ ကိစ္စရပ်များအား စုံစမ်းစစ်ဆေးမှုများပြုလုပ်ရမည်ဖြစ်ကြောင်းသိရသည်။

YC

-------------------------------------------

မြန်မာနိုင်ငံသားများလူ့အခွင့်ရေးဆိုင်ရာ ကာကွယ်ရေးဥပဒေကြမ်းရေးဆွဲရန် NDF ပါတီမှအဆိုတင်သွင်း

မြန်မာနိုင်ငံသားများလူ့အခွင့်ရေးဆိုင်ရာ ကာကွယ်ရေးဥပဒေကြမ်း တစ်ခုကို NDF ပါတီမှ ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားကြောင်းသိရ သည်။

သို့ရာတွင် အဆိုပါဥပဒေကြမ်းကို ပိုမိုပြည့်စုံစွာ ဆွေးနွေးဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက မြန်မာနိုင်ငံသား များလူ့အခွင့်ရေးဆိုင်ရာ ကာကွယ်ရေးဥပဒေကြမ်း တစ်ခုရေးဆွဲရန် အဆိုအဖြစ်ပြောင်းလဲ တင်သွင်းပေးပါရန် တောင်းဆိုခဲ့သောကြောင့် အဆိုအဖြစ် ပြောင်းလဲတင်သွင်းခဲ့ပြီး ဆွေးနွေးရန် ခွင့်ပြုချက်ရပြီဖြစ်ကြောင်း၊ ယခုပြန်လည်ဖွင့်လှစ်မည့်ပြည်သူ့လွှတ်တော်အစည်းဝေးပွဲတွင် ဆွေးနွေးကြမည်ဖြစ် ကြောင်း NDFပါတီပြန်ကြားရေးဦးတိုးတိုးကပြောကြားခဲ့ပါသည်။

NDF ပါတီမှတင်သွင်းထားသောဥပဒေကြမ်းအဆိုတွင် ရေးသားပါရှိသောဥပဒေများမှာ ၁၉၇၅ ခုနှစ် မြန်မာနိုင်ငံ သားလူ့အခွင့်ရေးကာကွယ်ရေး ဥပဒေ တွင်ပါရှိသည်များကို ဖြည့်စွက် ပြုပြင်ထားသောဥပဒေကြမ်း တစ်ခုဖြစ်ကြောင်း လည်းသိရပါသည်။

YC

****************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ လက်ပံတောင်းတောင်ကို သွားခဲ့တယ်။ ကျွန်တော်တို့ အများကြီးကြိုးစားခဲ့ပြီးပြီ အားမတန်လို့ မာန်လျှော့ခဲ့ရတယ်။ ကျွန်တော်တို့ တောင် ပေါ်တက်တဲ့ တရုတ်အမျိုးသားပိုင်မြေဆိုပြီး တရုတ်ဘာသာနဲ့ရေးထားတဲ့ဆိုင်းဘုတ်တွေတွေ့ခဲ့ရတယ်။ ကျွန်တော်တို့ နိုင်ငံဟာတရုတ်အမျိုးသား ပိုင်နက် ဖြစ်သွားပြီလား မေးချင်ပါတယ်။ မတရားဖမ်းဆီးအကြမ်းဖက်တာကိုလည်း ရှုတ်ချပါတယ်။ ”

ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် အင်ပါယာ ဂျာနယ် အတွဲ (၁) အမှတ် (၃၈) တွင်ပါရှိသော “ဗဟန်းဆန္ဒပြမှုတွင် ဦးဆောင်သူနှစ်ဦးဖမ်းဆီးခံရ” သတင်းမှ ဆန္ဒပြရာတွင်ပါဝင်သူ ရန်ကုတ်ပြည်သူ့ကွန်ယက်မှ ကိုအောင်စိုး ၏ပြောပြချက်အား ကောက်နှုတ်ချက်။

*********************************************************

“ကျွန်တော်တို့တောင်းဆိုခဲ့သော ကြေးနီသပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ စစ်တပ်ကတာဝန်ရှိသူ တွေကိုစုံစမ်းစစ်ဆေးဖို့ပါ။ သူတို့ဖွဲ့လိုက်တာ လွှတ်တော်ကတောင်းဆိုတဲ့ကော်မရှင်လည်းမဟုတ်ဘူး။ ပြည်သူကတောင်းဆိုတဲ့ ကော်မရှင်လည်းမဟုတ်တဲ့ကော်မရှင်ပါ။ ဒီကော်မရှင်မှာနိုင်ငံရေး လည်းပါပါတယ်။ ငြိမ်းချမ်းရေးကို ပြောလာတာလည်း နှစ်ပေါင်း ၆၀ ကျော်ပါပြီ ပြည်သူတွေမှာ အခုအချိန်အထိ နင်းပြားကနင်းပြား ပါပဲ ”

ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် အင်ပါယာ ဂျာနယ် အတွဲ (၁) အမှတ် (၃၈) တွင်ပါရှိသော “ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ပါဝင်လိုခြင်းမရှိကြောင်း သိရ” သတင်းမှ ဦးမင်းဇေယျ ၏ပြောပြချက်အား ကောက်နှုတ်ချက်။

*********************************************************

“၁၉၈၈ ခုနှစ် မတိုင်ခင် ကမ္ဘာ့ဘဏ်တို့၊ ADB ဘဏ်တို့အပြင် ဒီ USAID တွေကူညီခဲ့ကြတာပဲ။ တောင်သူတွေဘဝက ဒုံရင်းကဒုံရင်းပဲ။ ဒါကဘာ့ကြောင့် လဲဆိုရင် တကယ့်အားနည်းချက်ကို ရှာမတွေ့လို့ပဲ။ အခုလည်းဒီလိုမျိုး ဆက်ဖြစ်လာမှာကို စိုးရိမ်မိတယ်။ အမျိုးသားအဆင့် လုပ်မယ်ဆိုရင် ပညာရှင်တွေ အပြင်လက်တွေ့လုပ်နေကြသူပါ ပါသင့်ပါတယ်”

ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် Popular News Journal အတွဲ (၄) အမှတ် (၄၈) တွင်ပါရှိသော “စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးရန် လာမည့်နှစ်တွင် အမေရိကန်အကူအညီ စတင်မည်” သတင်းမှ ဒေါက်တာစိုးထွန်း ၏ပြောကြားချက်အားကောက်နှုတ်ချက်။

*********************************************************

****************************************************************************************

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment