Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၅.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ယခုလတွင်း တာဝေးပစ်ရော့ကက် မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်မည်

(BBC သတင်းဌာနမှ 2 Dec 2012 ရက်စွဲပါ North Korea to launch long-range rocket in December ကိုဘာသာပြန်ဆိုသည်)

  1. တရုတ် မျက်မမြင် နိုင်ငံရေးသမားက Xi Jinping အားမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းအတိုင်းသွားရန် တိုက်တွန်း

(4 Dec 2012 ရက်စွဲပါ Reuters မှ Blind Chinese Dissident urges Xi follow Myanmar path to reform ကိုဘာသာပြန်ဆိုသည်)

  1. လာမည့်အပတ်တွင် ထိုင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမစ်ရှင် မြန်မာနိုင်ငံသို့သွားမည်

(4 Dec 2012 ရက်စွဲပါ The Nation မှ Trade, investment mission to Myanmar next week ကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

ယခုလတွင်း တာဝေးပစ်ရော့ကက် မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်မည်

(BBC သတင်းဌာနမှ 2 Dec 2012 ရက်စွဲပါ North Korea to launch long-range rocket in December ကိုဘာသာပြန်ဆိုသည်)

လာမည့် ဒီဇင်ဘာ ၁၀ ရက်နှင့် ၂၂ ရက်အကြား ရက်ပိုင်းများအတွင်း မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ်ရော့ကက်ပစ်လွှတ်မည်ဖြစ်ကြောင်း ယင်းနိုင်ငံပိုင်သတင်းအေဂျင်စီက ရေးသားဖော်ပြသည်။ ထိုသို့ရော့ကက်ပစ်လွှတ်ရသည့် ဦးတည်ချက်မှာ ဂြိုလ်တုလွှတ်တင်ရန်ဖြစ်ကြောင်း KCNA ကဆို သည်။

မြောက်ကိုရီးယားသည် ယခင်က ထိုသို့ ရော့ကက်စမ်းသပ်ပစ်လွှတ်မှုများပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။ ကုလသမဂ္ဂကပိတ်ပင် ကန့်သတ်ထားသော ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများကို ပြုလုပ်ခြင်းကြောင့်ပြစ်တင်ဝေဖန်ခံခဲ့ရသည်။ ယခုကဲ့သို့ရော့ကက်ပစ်လွှတ်မည် ဟူသောကြေညာ ချက်ကြောင့် အိမ်နီးချင်းတောင်ကိုရီးယားနှင့်တင်းမာမှုများ ပိုမိုဖြစ်ထွန်းလာဖွယ်ရှိသည်။ တောင်ကိုရီးယားကလည်းအဆိုပါကြေညာချက်နှင့် ပတ်သက်၍ စိုးရိမ်မိသည်ဟု ထုတ်ဖော်ပြောဆိုသည်။

တောင်ကိုရီးယား အရာရှိကြီးများက မြောက်ကိုရီးယား၏ လုပ်ရပ်ကိုလွန်စွာစိုးရိမ်စရာကောင်းပြီး အန္တရာယ်များလွန်းသောရန်ပြုမှုဖြစ်သလို နိုင်ငံ တကာအသိုင်းအဝိုင်းအတွက် စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်ကြောင်း ပြောကြားသည်။လာမည့် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၌ သမ္မတ ရွေးကောက်ပွဲကျင်းပပြုလုပ်တော့မည်ဖြစ်ရာ ယင်းနိုင်ငံတွင်း အခြေအနေအရပ်ရပ်မှာ တင်းမာလျက်ရှိကြောင်း BBC သတင်းဌာနမှ Lucy Williamson ကပြောကြားသည်။

မြောက်ကိုရီးယား၏ နောက်ဆုံးဧပြီလတွင်း ပစ်လွှတ်ခဲ့သော ရော့ကက်ပစ်လွှတ်မှုမှာ အရေးနိမ့်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့အဆိုအရ ယင်းရော့ကက်သည် လေထဲတွင် အချိန်အနည်းငယ်သာ ပျံသန်းနိုင်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ် နှင့်ဝေးရာ ပင်လယ်ပြင်ထဲသို့ ပျက်ကျသွားကြောင်းသိရသည်။

ငြိမ်းချမ်းသော ဦးတည်ချက် မြောက်ကိုရီးယား သိပ္ပံပညာရှင်များနှင့် နည်းပညာရှင်များသည် ဧပြီလတွင် ပစ်လွှတ်ခဲ့သော ရော့ကက်နှင့် ပတ်သက်၍ အပြစ်အနာအဆာများကို ဆန်းစစ်လေ့လာမှုများပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု ကိုရီးယားအာကာသနည်းပညာဆိုင်ရာ ကော်မတီ၏ပြောဆိုချက်ကို KCNA ကကိုးကားဖော်ပြသည်။

ယခုပစ်လွှတ်မည့် ရော့ကက်သည် ဧပြီလတွင်း စမ်းသပ်ခဲ့သည့် Unha-3 အမျိုးအစားရော့ကက်နှင့်တူညီကြောင်း၊ ယင်းရော့ကက်ကိုတရုတ် နိုင်ငံနယ်စပ်ဒေသအနီး Sohae စခန်းတောင်ဘက်မှ ပစ်လွှတ်မည်ဖြစ်ကြောင်း KCNA သတင်းဌာနကဆိုသည်။ ရော့ကက်အားအရှေ့တရုတ်ပင်လယ် ပြင်ထဲသို့ တိုက်ရိုက်ပစ်လွှတ်မည်ဖြစ်ပြီး အပိုင်းအစများ အိမ်နီးချင်းနိုင်ငံထဲသို့ ပြုတ်မကျစေနိုင်မည့် လမ်းကြောင်းကိုရွေးချယ်ထားသည်ဟုဆိုသည်။

'Unha' ဟူသည်မှာ ကိုရီးယားဘာသာစကားဖြင့် နဂါးငွေ့တန်းဟု အဓိပ္ပာယ်ရပြီး မြောက်ကိုရီးယားတို့က ပေးခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယား သည်တေပိုဒေါင်-၂ အမည်ရသောအာကသဒုံးကျည်အမျိုးအစားကို စမ်းသပ်ပစ်လွှတ်ခဲ့ဖူးသော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။ ယင်းဒုံးကျည်သည်ကီလိုမီ တာ ၂၂၀၀ အကွာအဝေးသို့ ရောက်ရှိနိုင်သည်ဟု ဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်သောကြေညာချက်အရယခုစမ်းသပ်ပစ်လွှတ်မည့် အစီအစဉ်သည် ငြိမ်းချမ်းရေးကိုသာ ဦးတည်ကြောင်းသိ ရသည်။ ယခုစမ်းသပ်မှုမှာ ခေါင်းဆောင်သစ် ကင်ဂျွန်အန်၏ အုပ်ချုပ်မှုအောက်တွင် ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။

*************************************

တရုတ် မျက်မမြင် နိုင်ငံရေးသမားက Xi Jinping အားမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းအတိုင်းသွားရန် တိုက်တွန်း

(4 Dec 2012 ရက်စွဲပါ Reuters မှ Blind Chinese Dissident urges Xi follow Myanmar path to reform ကိုဘာသာပြန်ဆိုသည်)

တရုတ် မျက်မမြင်နိုင်ငံရေးလှုပ်ရှားသူ Chen Guangcheng က ကွန်မြူနစ်ခေါင်းဆောင်နှင့် သမ္မတဖြစ်ရန်စောင့်ဆိုင်းနေသူ Xi Jinping အား ပြုပြင်ပြောင်းလဲရေးတွင် မြန်မာနိုင်ငံ၏ ပုံစံအား အတူယူရန်နှင့် သို့မပာုတ်ပါက ပြင်းထန်သောနိုင်ငံရေး အသွင်ကူးပြောင်းမှုအတွက် အန္တရာယ်ရှိကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

Chen ကအစိုးရအား ၎င်း၏မိသားစုအား မတရားဖိနှိပ်စက်မှုအတွက် စုံစမ်းစစ်ဆေးပေးရန် ကတိဖောက်ဖျက်မှုအားစွပ်စွဲခဲ့ကြောင်း ၎င်းအား ထောက်ခံအားပေးသော Texas အခြေစိုက် ခရစ်ယာန်အုပ်စု China Aid အဖွဲ့မှတင်ထားသော You Tube အရသိရှိရပါသည်။

Chen သည် မိမိဘာသာမိမိလေ့လာထားသော တရားဥပဒေအရေးလှုပ်ရှားသူဖြစ်ပြီး ဧပြီလက နေအိမ်အကျယ်ချုပ်မှထွက်ပြေးခဲ့ပြီး အမေရိကန် သံရုံးတွင် ဒုက္ခသည်အဖြစ် ခိုလှုံခဲ့ရာ တရုတ်အစိုးရကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့ပါသည်။ နှစ်နိုင်ငံ သံတမန်ရေးအရ အငြင်းပွားမှုကို ဖြစ်စေခဲ့ပါသည်။

Chen အား တရုတ်နိုင်ငံမှ ထွက်ခွာခွင့်ပြုခဲ့ပြီး ယခုအခါ နယူးယောက်တွင် ပညာသင်ကြားလျက်ရှိပါသည်။ ပြီးခဲ့သည့်အပတ်အကုန်က Chen ထုတ်ပြန်သောသတင်းစကားတွင် မြန်မာသမ္မတဦးသိန်းစိန်ပင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ လူမျိုးအား လွှတ်ပေးနိုင်ခဲ့လျှင် Xi အနေဖြင့် တရုတ်နိုင်ငံမှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအား လွှတ်ပေးသင့်ကြောင်း ဆိုခဲ့ပါသည်။

"ဦးသိန်းစိန်ရဲ့ အမြင်ကျယ်မှုပာာ မြန်မာပြည်သူတွေရဲ့ထာက်ခံမှုကိုရစေပါတယ်။ နိုင်ငံတကာကလည်းအသိအမှတ်ပြုပါတယ်။ ဦးသိန်းစိန် တောင်လုပ်နိုင်သေးရင် Xi Jinping ကဘာလို့မလုပ်သေးတာလဲ။ သူမလုပ်နိုင်တဲ့ ကိစ္စမပာုတ်ပါဘူး။ မလုပ်တာသာဖြစ်ပါလိမ့်မယ်"ပာု Chen ကပြော ပါသည်။

Chen ၏တူဖြစ်သူ Chen Kegui မှာပြီးခဲ့သည့်အပတ်က သုံးနှစ်သုံးလေထောင်ဒဏ်ချမှတ်ခြင်းခံရပါသည်။ အကြောင်းမှာ ၎င်း၏ဦးလေး ဖြစ်သူသည် Beijing ရှိအမေရိကန်သံရုံးသို့ ထွက်ပြေးခဲ့သည်ကို အစိုးရကသိရှိသွားပြီး ဧပြီ(၂၇)ရက်နေ့က ၎င်း၏နေအိမ်သို့ ဝင်ရောက်လာသူအစိုးရတာ ဝန်ရှိသူကို ဓားဖြင့်ကာကွယ်ရန် ကြိုးပမ်းခဲ့မှုကြောင့်ဖြစ်ပါသည်။

"ကျွန်တော်တိုင်းပြည်က ထွက်ပြေးခဲ့လို့ အစိုးရက ကျွန်တော့်တူ Chen Kegui နဲ့တစ်ခြားသူတွေကို လက်စားချေတာပါ။ Chen Kegui ပာာ ကျွန်တော့်မိသားစုအတွက် ကာကွယ်တာပါ။ သူပာာဒီနေ့အထိ ထောင်ထဲမှာနေနေရပါတယ်"ပာု Chen ကပြောသည်။

"ကွန်မြူနစ်ခေါင်းဆောင်တွေပာာ အပြောင်းအလဲကိုဆန္ဒရှိပြီး မှန်ကန်တဲ့လုပ်ရပ်တွေလုပ်မယ်ဆိုတဲ့ လေသံတောင်မပာပါဘူး"ပာု Chen ကဖြည့် စွက်ပြောပါသည်။

"ပြည်သူတွေပာာ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကောင်းကောင်းမွန်မွန်တောင်းဆိုတာကို လိုက်လုပ်မလား၊ အသွင်ကူးပြောင်းရေးကာလကိုငြိမ်းချမ်း စွာဖြစ်စေလိုသလား။ ပြင်းထန်တဲ့လမ်းကြောင်းသွားမလားဆိုတာကတော့ ခင်ဗျားရွေးရမှာပါ"ပာု Chen က Xi သို့ရည်ရွယ်ပြောဆိုခဲ့ပါသည်။

Chen Kegui အပေါ်အမိန့်ချမှတ်ခြင်းအတွက် များစွာစိတ်အနှောက်အယှက်ဖြစ်ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါသည်။

သို့သော် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei ကပြောကြားရာတွင် ထိုကိစ္စ၌ အမေရိကန်ပြည်ထောင်စုအနေဖြင့် ဝင်ရောက် စွက်ဖက်ရန် အလုပ်မရှိကြောင်းဆိုပါသည်။

" Chen Kegui ကိစ္စပာာ တရုတ်ရဲ့ပြည်တွင်းရေးကိစ္စသာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှ တရားဥပဒေရှိပါတယ်။ ဒီလူနဲ့ မိသားစုဝင်တွေအတွက် တရားဥပဒေအခွင့်အရေးကို အပြည့်အဝအာမခံပါတယ်"ပာု Hong ကနေ့စဉ်သတင်းများ ပြောကြားမှုတွင် ပြောပါသည်။

"တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ရိုင်းစိုင်းစွာ ဝင်ရောက်စွက်ဖက်တာကို မကျေနပ်ပါဘူး။ ဒါကို လက်မခံနိုင်ပါဘူး"ပာု ၎င်းကပြောပါသည်။

****************************************

လာမည့်အပတ်တွင် ထိုင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမစ်ရှင် မြန်မာနိုင်ငံသို့သွားမည်

(4 Dec 2012 ရက်စွဲပါ The Nation မှ Trade, investment mission to Myanmar next week ကိုဘာသာပြန်ဆိုသည်)

ထိုင်းကုန်သွယ်ရေး ဘုတ်အဖွဲ့နှင့် ထိုင်းကုန်သည်ကြီးများအသင်းတို့သည် လာမည့်အပတ်တွင် မြန်မာနိုင်ငံ၌ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းအသစ်များအတွက် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည်ဖြစ်ပါသည်။

ယခု သွားရောက်ချိန်တွင် ထိုင်းနိုင်ငံ၌ နှစ်သစ်မှစ၍ တစ်ပြည်လုံး အနည်းဆုံးလုပ်ခ ဘတ်(၃၀၀)တိုးပေးရန် ကိစ္စနှင့်ပတ်သက်၍ သက်ရောက်မှု များအလေးအနက် စိုးရိမ်နေရချိန်ဖြစ်ပါသည်။

အဖွဲ့ကိုဦးဆောင်မည့် Phongsak Assakul ကအင်္ဂါနေ့ကပြောကြားရာတွင် ထိုင်းလုပ်ငန်းအတော်များများလုပ်ကိုင်ရန် မြန်မာနိုင်ငံသည် အာဆီယံတွင် အလားအလာအကောင်းဆုံးဖြစ်နေသဖြင့် ရင်းနှီးမြှုပ်နှံရန်သို့မပာုတ်ဖက်စပ်ပြုလုပ်ရန် စိတ်အားထက်သန်နေကြောင်း ပြောပါသည်။ ပြည် တွင်းကြီးထွားလာမည့် ဈေးကွက်အတွက် ထုတ်လုပ်မှုတိုးချဲ့ရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်သည်ပာုဆိုပါသည်။

******************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment