Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၆.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံသည် ၂၀၁၂ တွင်လည်း အဂတိလိုက်စားမှုနှင့်ပတ်သက်သော အဆင့်၌အောက်ဆုံးတွင် ရှိနေဆဲ

(5 December 2012 ရက်စွဲပါ Trustlour မှ Myanmar still near bottom of corruption ranking in 2012 despite reform ကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံသည် ၂၀၁၂ တွင်လည်း အဂတိလိုက်စားမှုနှင့်ပတ်သက်သော အဆင့်၌အောက်ဆုံးတွင် ရှိနေဆဲ

(5 December 2012 ရက်စွဲပါ Trustlour မှ Myanmar still near bottom of corruption ranking in 2012 despite reform ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ယခုတစ်နှစ်အတွင်းလုပ်ဆောင်ခဲ့သော မထင်မှတ်သည့် ပြုပြင်ပြောင်းလဲမှုများသည် ပြည်သူလူထုနှင့် သက်ဆိုင်သော ကဏ္ဍများရှိ အဂတိလိုက်စားမှုနှင့်ပတ်သက်သော Transparency International (TI) ၏ နောက်ဆုံးထုတ်ပြန်သော ညွှန်းကိန်းများ၌ မြန်မာနိုင်ငံ၏ ရပ်တည်မှုကို လုံးဝသက်ရောက်မှုမရှိခဲ့ပေ။ အဆိုပါ စောင့်ကြည့်ရေးအဖွဲ့က Trustlour သို့ပြောကြားရာတွင် ၂၀၁၃ တွင် မြန်မာနိုင်ငံသည် ရပ်တည်သည့် ရလဒ် ကောင်းလာရန် ပြုပြင်ပြောင်းလဲရေးများ ဆက်လက်လုပ်ဆောင်ရန်နှင့် နိုင်ငံရေးအရ ဆန္ဒပြင်းထန်မှုရှိနေရန် လိုအပ်ကြောင်းဆိုပါသည်။

နိုင်ငံပေါင်း (၁၇၆) နိုင်ငံအား ယခုနှစ် ရရှိထားသော အဂတိလိုက်စားမှုဆိုင်ရာ အချက်များကို အခြေခံ၍ နှစ်စဉ်အဆင့်သတ်မှတ်ချက်များ ပေးပါသည်။ အဂတိလိုက်စားမှုကို (၀) ရာခိုင်နှုန်းမှ ၁၀၀% ထိ အမှတ်ပေးရာတွင် ရမှတ် (၀) ရရှိပါက အဂတိလိုက်စားမှုအများဆုံးဟု သတ်မှတ်ပါသည်။

နှစ်နှစ်တာကာလအတွင်း စောင့်ကြည့်အမှတ်ပေးပါသည်။

ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးအောက်မှလွတ်မြောက်လာသူ ဆင်းရဲမွဲတေသည့်မြန်မာနိုင်ငံသည် ၁၅% သာ အမှတ်ရရှိရာ ၎င်း၏အောက်တွင် ဆိုမာလီယာ၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန် နှင့် ဆူဒန် တို့သာရှိပါသည်။

၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံသည် ၁၀ တွင် ၁.၅ အဆင့်ရသဖြင့် ဆိုမာလီယာနှင့် မြောက်ကိုရီးယား တို့၏အထက်တွင်ရှိပါသည်။ သို့သော် TI ၏ နည်းလမ်းပြောင်းလဲမှုကြောင့် တိုက်ရိုက်နှိုင်းယှဉ်ရန် ခက်ခဲပါသည်။

မြန်မာနိုင်ငံရှိနေသောအဆင့်မှာ အောက်ပိုင်းတွင်သာ နိမ့်ကျနေဆဲဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အဂတိလိုက်စားမှုညွှန်းကိန်း (Corruption Perception Index-CPI) တွက်ချက်မည့် အချက်အလက်များမှာ နှစ်နှစ်အတွင်းသာဖြစ်သောကြောင့် ရလဒ်ကောင်းများ ရရှိကြောင်း မျှော်လင့်ရန် စောသေးကြောင်း အရှေ့တောင်အာရှ TI ၏ အစီအစဉ်ဒါရိုက်တာ Samantha Grant ကပြောကြားခဲ့ပါသည်။

“မြန်မာနိုင်ငံလို ပြုပြင်ပြောင်းလဲရေး အခုမှစတဲ့နိုင်ငံမှာ လူတွေရဲ့အမူအကျင့်၊ ခံယူချက်တွေပြောင်းဖို့ အချိန်ယူရလိမ့်မယ်” ဟုသူက Alert Net သို့ အီးမေးလ်ဖြင့် အင်တာနက်ဗျူးတွင် ပြောကြားခဲ့ပါသည်။

စီးပွားရေးလုပ်ငန်းရှင်များက အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီး ခံယူချက်ပြောင်းမှသာ မြန်မာနိုင်ငံသည်အဆင့်သတ်မှတ်ချက် မြင့်တက်လာနိုင် မည် ဖြစ်ပါသည်။

“၂၀၁၃ မှာ ရမှတ်တွေတိုးတက်လာဖို့ဆိုရင် မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်လုပ်ကိုင်ဖို့လိုအပ်သလို ထိပ်ပိုင်းကစပြီး နိုင်ငံရေးအရပြင်းပြတဲ့ ဆန္ဒတွေ အဆတ်မပြတ်တွေ့နိုင်ဖို့ လိုအပ်ပါတယ်။” ဟု ၎င်းကဖြည့်စွက်ပြောပါသည်။ “ဒီလုပ်ငန်းစဉ်တွေဟာ အချိန်ယူရပါလိမ့်မယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံဟာ ရနိုင်သမျှကူညီပံ့ပိုးမှုတွေလိုအပ်ပါတယ်။” ဟု ဆိုပါသည်။ TI အနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများကို ထောက်ခံကူညီနိုင်ရန် မြန်မာပြည်သူများနှင့် အတူတွဲလုပ်ကိုင်နိုင်မည်ဟု မျှော်လင့်နေ ပါသည်ဟု Grant ကပြောပါသည်။

မြန်မာအစိုးရသည် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေခြင်းကြောင့် အနောက်နိုင်ငံအရေးယူမှုများ ကို ဖြေလျှော့လာစေပါသည်။

လောလောဆယ် ရှင်းရှင်းလင်းလင်း မမြင်နိုင်သည်မှာ ပွင့်လင်းမြင်သာလာစေရန် Extractive Industries Transparency Initiative သို့ ဝင်ရောက်ရန် ရည်ရွယ်ကြောင်း ဖော်ပြခဲ့ပါသည်။

အခြားပိုမိုပွင့်လင်းမြင်သာပြီး တာဝန်ယူမှုနှင့်ပတ်သက်၍ ကြိုးပမ်းမှုများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေရေးဆွဲခြင်း အစိုးရတာဝန်ရှိသူများ မတရားရယူထားသောငွေများပြန်သွင်းခိုင်းခြင်းနှင့် ပြည်သူများကအဂတိလိုက်စားမှုများကိုသိရှိက တိုင်ကြားရန် ပြည်ထဲရေးက အမိန့်ထုတ်ပြန်ခြင်း များ ဖြစ်ပါသည်။

အပြောသက်သက်ဖြင့် မလုံလောက်ကြောင်း Grant ကပြောပါသည်။ အရည်အသွေးမြင့်သော ဥပဒေများကို ထိရောက်စွာ ချမှတ်အကောင် အထည်ဖော်ရန် လိုအပ်ပါသည်။ “မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင့်ရှင်းကို လက်မှတ်ရေးထိုးထားပေမယ့် လိုက်နာကျင့်သုံးခြင်းမရှိတဲ့ အာဆီယံရဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်” ဟု ၎င်းကပြောပါသည်။

“အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေချမှတ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး အာဏာပိုင်တွေ တွေ့လာရဖို့ လိုလားပါတယ်။ တခြားနိုင်ငံ တွေမှာ အရှင်းဆုံးလုပ်ဆောင်နေတဲ့ ကိစ္စတွေပါ။” ဟု ၎င်းကပြောပါသည်။

Grant က ဆက်လက်ပြောကြားရာတွင် မြန်မာနိုင်ငံသည် အင်ဒိုနီးရှား၊ မလေးရှား နဲ့ ထိုင်းနိုင်ငံတို့မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်များ၏ အောင်မြင်မှု၊ ကျရှုံးမှုများကို နမူနာယူသင့်ကြောင်း လွတ်လပ်ပြီးရပိုင်ခွင့်ရှိသော ရေခံမြေခံကောင်းသော ကော်မရှင်တစ်ခု တည်ထောင် ရမည်ဖြစ်ကြောင်း ပြောကြားပါသည်။

“တိုင်းပြည်က အများကြီး လုပ်ရဦးမှာပါ။ CPI ရဲ့အောက်ဆုံးအဆင့်များပဲ ရှိနေပါသေးတယ်။” ဟု ၎င်းကပြောပါသည်။

ခြုံ၍ကြည့်မည်ဆိုလျှင် ၂၀၁၂ တွင် ကမ္ဘာတစ်လွှား၌ ပြည်သူ့ကဏ္ဍနှင့် ပတ်သက်၍ အဂတိလိုက်စားမှုများတွင် ပြောင်းလဲသည့် လက္ခဏာ မပြပေ။ ပြီးခဲ့သည့်နှစ်က အုံကြွမှုများ အချို့အကျင့်ပျက်မှု များသော အစိုးရများ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဖယ်ရှားခြင်းများရှိခဲ့သော်လည်း မထူးခြား ခဲ့ပေ။

ယခုနှစ်တွင် နိုင်ငံများ၏ သုံးပုံနှစ်ပုံသည် ၅၀% အမှတ်အောက်တွင်သာ ရှိနေသည်ကို တိုင်းတာသိရှိရပြီး ဒိန်းမတ်၊ ဖင်လန်နှင့် နယူးဇီလန် တို့သာ သန့်ရှင်းကြောင်းတွေ့ရပါသည်။ ၎င်းသုံးနိုင်ငံသာ ၂၀၁၁ ကလည်း ထိပ်ဆုံးတွင်ရှိခဲ့ပါသည်။

အာရှပစိဖိတ်ဒေသနိုင်ငံများ၏ ၆၈% သည် ၅၀% အောက်တွင်သာ အမှတ်ရရှိကြပါသည်။

“အာရှမှာ အဂတိလိုက်စားမှုဟာ အရေးပေါ်ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်တဲ့ အဓိကပြဿနာကြီး ဖြစ်ပါတယ်။” ဟု Grant က ပြောပါသည်။ အစိုးရသည် ဥပဒေများ အဖွဲ့အစည်းများကို အားကောင်းအောင် မပြုလုပ်ကြကြောင်း ဆိုပါသည်။

နိုင်ငံအများစုသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေများကို ထိရောက်စွာ အကောင်အထည်ဖော်မှုမရှိခြင်း သတင်းပေးပိုင်ခွင့် ဥပဒေ သံချောင်းခေါက်သည့် အကာအကွယ်ပေးမှု စသည်များ အားနည်း ခြင်းကို သူကပြောပါသည်။

“အာရှမှာ အဓိကဖြစ်နေတာက လွတ်လပ်ပြီး၊ ငွေကြေးပြည့်စုံပြီး စဉ်ဆက်မပြတ်လုပ်နိုင်မယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် မရှိတာရယ်၊ ထိရောက်စွာ လုပ်ဆောင်ဖို့ ကျွမ်းကျင်ဝန်ထမ်း မရှိတာတွေပါ။” ဟု သူကဖြည့်စွက် ပြောပါသည်။

အာရှတွင် ကမ္ဘာကြီး၏ စုစုပေါင်းလူဦးရေ၏ ၆၀% နေထိုင်လျက်ရှိရာ ရလာဒ်ကောင်းလာရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံသားတိုင်း ပိုမိုပါဝင်လာရန်အရေးကြီးလှကြောင်း Grant ကပြောပါသည်။

******************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment