Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၇.၁၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. Obama ၏ မြန်မာနိုင်ငံကိုယ်စားလှယ် ယခုအပတ်တွင်အိန္ဒိယသို့ သွားရောက်မည်

(6 December 2012 ရက်စွဲပါ the Statesman မှ Obama’s pointman on Myanamr to travel to India this week ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုအတွက် ခရီးကြမ်း

(7 December 2012 ရက်စွဲပါ The Diplomat မှ Luke Hunt ရေးသားသော A rough road for inform in Burma ကို ဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းမျာ

Obama ၏ မြန်မာနိုင်ငံကိုယ်စားလှယ် ယခုအပတ်တွင်အိန္ဒိယသို့ သွားရောက်မည်

(6 December 2012 ရက်စွဲပါ the Statesman မှ Obama’s pointman on Myanamr to travel to India this week ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအတွက် အမေရိကန်ထိပ်တန်း တာဝန်ရှိသူတစ်ဦးသည် ယခုအပတ်တွင် အိန္ဒိယနိုင်ငံသို့ သွားရောက်မည် ဖြစ်ပါသည်။ ၎င်းသည် မြန်မာနိုင်ငံ၏ လက်ရှိပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ အိန္ဒိယအစိုးရ တာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးနွေးမည် ဖြစ်ပါသည်။

ခေတ္တအမေရိကန် အထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံအတွက် မူဝါဒညှိနှိုင်းရေးမှူး Patrick Murphy သည်ဒီဇင်ဘာ ၇-၈ တွင် နယူးဒေလီသို့ သွားရောက်မည်ဖြစ်ပြီး ၎င်း၏နှစ်ပတ်ကြာ ခရီးစဉ်တွင် ဘရပ်ဆဲ၊ လန်ဒန်၊ ရန်ကုန်နှင့် Beijing တို့သို့လည်း သွားရောက်မည်ဖြစ်ပါသည်။

“၎င်းသည် အကြီးတန်းအစိုးရတာဝန်ရှိသူများ၊ NGO များ၊ ဥာဏ်ကြီးရှင်အဖွဲ့များ၊ ပညာရှင်များ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သော အမေရိကန်မူဝါဒ၊ မြန်မာနိုင်ငံမှပြုပြင် ပြောင်းလဲရေးနှင့် ပြန်လည်စည်းလုံး ညီညွတ်ရေးကြိုးပမ်းမှုများ အားကောင်းရေးအတွက် ထောက်ခံပံ့ပိုးရန်များကို ဆွေးနွေးမည်ဖြစ်သည်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

Murphy သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၂ မှ ၁၈ ထိသွားရောက်မည်ဖြစ်ရာ ရန်ကုန်နှင့်နေပြည်တော်တွင် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ တိုင်းရင်းသားနှင့် လူထုအခြေပြု အဖွဲ့အစည်းခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဖြစ်ပါသည်။

၎င်းသည် အမေရိကန်သံအမတ်ကြီး Derek Mitchell နှင့်အတူ လူကုန်ကုးမှုတားဆီးရေးအတွက် MTV အစီအစဉ်ဖြစ်သော End Explaitation and Trafficking (EXIT) တွင်ပါဝင်ဆင်နွှဲမည် ဖြစ်ပါသည်။

                                                        **************************************

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုအတွက် ခရီးကြမ်း

(7 December 2012 ရက်စွဲပါ The Diplomat မှ Luke Hunt ရေးသားသော A rough road for inform in Burma ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ရိုလာကိုစတာ စီးရသကဲ့သို့ရှိသည့် ပြုပြင်ပြောင်းလဲရေးသည် ပြင်ပကမ္ဘာသို့ စဉ်းစားရကြပ်သည့် လက္ခဏာများ ပေးနေပြန်ပြီ ဖြစ်ပါ သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် အကြီးတန်းကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက အိုးမဲ့အိမ်မဲ့ဖြစ်နေရသူ မူဆလင်ရိုဟင်ဂျာများအတွက် အခြေအနေ ဆိုးရွားစွာထားရှိမှုကို ဝေဖန်ခြင်းခံခဲ့ရပါသည်။ ၂၀၀၇ ခုနှစ် ဆန္ဒပြစဉ်က ခေါင်းဆောင်တစ်ဦးကိုလည်း ပြန်လည်ဖမ်းဆီးခဲ့ပါသည်။ သမ္မတ ဦးသိန်းစိန်သည် ပြည်တွင်းတွင် စိုးရိမ်ပူပန်ဖွယ်များ ရှိခြင်းကြောင့် သြစတြေးလျနှင့် နယူးဇီလန်ခရီးစဉ်များကို ဖျက်သိမ်းခဲ့ပါသည်။

အဆိုပါ လုပ်ဆောင်ချက်များသည် လွန်ခဲ့သောနှစ်ပတ်ကမှ သမ္မတ Obama လာရောက်ခြင်းကြောင့် သံတမန်လောကအလယ်တွင် မျက်နှာပန်းလှခဲ့ခြင်း ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပသော အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် အများ၏အာရုံစိုက်မှု ခံရခြင်းများနှင့် သိသာစွာ ခြားနားသောအပြုအမူများ ဖြစ်ပါသည်။

Obama က တောင်းဆိုမှုကြောင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့စဉ်က ချီူးကျူးမှုများရရှိခဲ့ပါသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားညီညွတ်ရေး မျက်နှာစာကိုပြသနိုင်ခဲ့ပြီး နိုင်ငံတကာစင်မြင့်တွင် လုပ်နိုင်စွမ်းရှိသော နိုင်ငံခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း သက်သေပြခဲ့ပါသည်။

သို့သော်ခေါင်းမာသော ဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာများကြား ပဋိပက္ခများကိုကိုင်တွယ်ရာတွင် မစွမ်းဆောင်နိုင်မှုသည် ၎င်း၏ဂုဏ်သိက္ခာကို ထိခိုက်စေပါသည်။ ခြောက်လအတွင်း လူပေါင်း(၁၃၅၀၀၀)ခန့်နေအိမ်များ စွန့်ခွာထွက်ပြေးခဲ့ကြရရာ ၎င်းတို့၏ စခန်းများသည် အခြေအနေဆိုးရွားကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်လက်အောက်မှ လူသားချင်းစာနာသောကိစ္စရပ်များနှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Valerie Amos ကဖော်ပြခဲ့ပါသည်။

ထို့အပြင် Amos က မြန်မာနိုင်ငံတွင် ကုလသမဂ္ဂသည် ရန်ပုံငွေမလုံလောက်မှု ပြဿနာကို ကြုံတွေ့နေရကြောင်း ဗီဇာမှန်မှန် ရရှိမှုတွင်လည်း ပြဿနာရှိကြောင်း၊ စခန်းများသို့ သွားရောက်ရန်လည်း မလွယ်ကြောင်း ဝေဖန်ခဲ့ပါသည်။

Amos ၏မှတ်ချက်များတွင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင်ဦးဆောင်ခဲ့သူ ဦးဂမ္ဘီရမှာပျောက်ဆုံးနေပြီး ကြေးနီစီမံကိန်း ဆန္ဒပြသူများအား ထောက်ခံပံ့ပိုးပေးမှုဖြင့် အဖမ်းခံရကြောင်း သံသယများရှိနေကြောင်း ပါဝင်ပါသည်။

၎င်း၏မိသားစုက သတင်းထောက်များသို့ ပြောကြားရာတွင် ရဲများသည်၎င်းအား သူ၏ယောက်ဖနေအိမ်မှ စနေနေ့ညတွင် ဖမ်းဆီးခဲ့ကြောင်း ဆိုပါသည်။ ရဲများက ၎င်း၏မိသားစုများကို ပြောကြားရာတွင် အင်းစိန်ထောင်သို့ပို့မည်ဖြစ်ကြောင်း ဆိုခဲ့သော်လည်း ထောင်တာဝန်ရှိသူများက အင်းစိန် ထောင်တွင်မရှိကြောင်း ငြင်းဆိုခဲ့ပါသည်။

ဦးဂမ္ဘီရမှာ ပြီးခဲ့သည့် ဇန်နဝါရီလက ဦးသိန်းစိန်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရာပေါင်းများစွာ ထောင်မှလွှတ်ပေးခဲ့ရာတွင် ပါဝင်သူ ဖြစ်ပါသည်။ ထိုသို့လွှတ်ပေးခြင်းကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုခဲ့ကြပါသည်။

ထို့အပြင် ယခုဦးသိန်းစိန်သည် သြစတြေးလျနှင့် နယူးဇီလန်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရာတွင် မည်သည့်အတွက်ကြောင့်ဟု အဓိက အကြောင်းအရင်း ပေးခဲ့ခြင်းမရှိပေ။ အဆိုပါ နှစ်နိုင်ငံသည် ခရီးသွားလာရေး ကန့်သတ်ချက်များနှင့် စီးပွားရေးအရ အရေးယူမှုများကို ရုတ်သိမ်းပေးခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် ကင်ဘာရာသည် မြန်မာအစိုးရနှစ်သက်သည့် ‘Myanmar’ ဆိုသည့်အမည်ကို အသိအမှတ်ပြုခဲ့ပါသည်။

သို့သော် ဦးသိန်းစိန်တွင် ချက်ချင်းကိုင်တွယ်ဆောင်ရွက်ရမည့် ကိစ္စများရှိနေသည်မှာ အထင်အရှားဖြစ်ပါသည်။ လာမည့်နှစ်တွင် ၎င်း၏ပြုပြင် ပြောင်းလဲရေးများသည် ပို၍အရေးပါလာမည်ဖြစ်ပြီး ၎င်း၏ ပြဿနာများလှသောတိုင်းပြည်ကို အများကပိုမိုလက်ခံလာရန် လိုအပ်လှပါသည်။ သို့မဟုတ်ပါက ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဌတာဝန်ကို ပထမဦးဆုံးအကြိမ်အဖြစ် တာဝန်ယူရာတွင် အခက်ခဲဆုံးအချိန်များ ဖြစ်လာလိမ့်မည် ဖြစ်ပါသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment