Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၈.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရိုဟင်ဂျာဒုက္ခသည်စခန်းများအခြေအနေ အလွန်အမင်းဆိုးရွားဟု ကုလသမဂ္ဂပြောကြား

(BBC သတင်းဌာနမှ 5 Dec 2012 ရက်စွဲပါ Burma camp for Rohingyas dire – Valerie Amos ကိုဘာသာပြန်ဆိုသည်)

  1. မလေးရှား Scomi ကုမ္ပဏီက မြန်မာဓာတ်ငွေ့စီမံကိန်းတွင် ရင်းဂစ် ၉၃.၆ သန်းတန် ကန်ထရိုက်ရရှိ

(Business Times မှ 8 Dec 2012 ရက်စွဲပါ "Scomi wins RM 93.6m Myanmar contract" သတင်းကို ဘာသာပြန်ဆိုသည်)

  1. သြစတြေးလျား AN2 ဘဏ် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်မည်

(Banking Times မှ 7 Dec 2012 ရက်စွဲပါ "AN2 to open representative office in Myanmar"သတင်းကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

ရိုဟင်ဂျာဒုက္ခသည်စခန်းများအခြေအနေ အလွန်အမင်းဆိုးရွားဟု ကုလသမဂ္ဂပြောကြား

(BBC သတင်းဌာနမှ 5 Dec 2012 ရက်စွဲပါ Burma camp for Rohingyas dire – Valerie Amos ကိုဘာသာပြန်ဆိုသည်)

ရခိုင်ပြည်နယ်တွင်းရှိ ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်များ၏ အခြေအနေမှာ အလွန့်အလွန်ကြောက်မက်ဖွယ်ရာ ကောင်းသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာသော အကူအညီပေးရေးဆိုင်ရာ ထိပ်တန်းအရာရှိကြီး Valerie Amos က သုံးသပ်ပြောကြားပြီး ၎င်းတို့၏ ဘဝတိုးတက်ကောင်းမွန် အောင်လုပ်ဆောင်ပေးကြရန် တိုက်တွန်းပြောဆိုလိုက်သည်။

မစ္စတာ Valerie Amos သည်ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့သွားရောက်ကြည့်ရှုပြီးနောက် ထိုသို့သုံးသပ်ပြောဆိုခြင်းဖြစ်သည်။ ခြောက်လတာမျှဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွင်လူပေါင်း ၁၃၅၀၀၀ ခန့်နေရာရွှေ့ပြောင်းနေထိုင်ခဲ့ရပြီးအများစုမှာ ရိုဟင်ဂျာများ ဖြစ်ကြသည်။

BBC မှ Jonah Fisher က ရိုဟင်ဂျာများသည် ရခိုင်ဗုဒ္ဓဘာသာဝင်များထက် ပိုမိုဆိုးရွားသော အခြေအနေဖြင့် နေထိုင်ကြရသည် ဟုဆိုသည်။မြေပုံမြို့နယ်တွင်ရှိသော ဒုက္ခသည်စခန်းများမှာ ရခိုင်ဗုဒ္ဓဘာသာဝင်များအတွက် သီးသန့်ဆောက်လုပ်ပေးထားခြင်းဖြစ်ပြီး ရေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပုံမှန်ရရှိကြောင်း ၎င်းကပြောသည်။

သို့သော် ယင်းမြို့နယ်မှကားဖြင့်ခဏတာ မောင်းသွားပါကမီးလောင်ပျက်စီးပြီးပြိုကျနေသော အိမ်ခြေများအနီးတွင် ရိုဟင်ဂျာ ၄၀၀၀ ခန့် နေထိုင် လျက်ရှိကြောင်း၊ ၎င်းတို့သည် ညစ်ပတ်ပေကျံနေသော ပတ်ဝန်းကျင်တွင် နေထိုင်ကြရခြင်း ဖြစ်ကြောင်းပြောကြားသည်။ ရိုဟင်ဂျာများကို အဆိုပါနေရာမှ ထွက်မသွားအောင် မြန်မာလုံခြုံရေးတပ်ဖွဲ့များက လေးဘက်လေးတန် စောင့်ကြပ်လျက်ရှိသည်။“ဒါဟာ အလွန်အမင်းဆိုးရွားတဲ့အခြေအနေပါ။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တစ်ခုခုလုပ်ရပါလိမ့်မယ်” ဟု Baroness Amos က BBC သတင်းဌာနသို့ပြောသည်။

“ကျွန်မတို့ ကုလသမဂ္ဂအနေနဲ့ အဲဒီကလူတွေအတွက် ဝင်ရောက်လုပ်ကိုင်နိုင်မှု မရှိလို့အခြေအနေတွေဟာ ကြောက်စရာကောင်းလောက်အောင် ဆိုးရွားနေတာ”ပာု ၎င်းကဆက်လက်ပြောကြားသည်။

ကုလသမဂ္ဂ၏ လုပ်ဆောင်ကြိုးပမ်းချက်များမှာလည်း ဗီဇာနှင့် စီမံခန့်ခွဲမှုဆိုင်ရာပြဿနာများကြောင့် ထိခိုက်လျက်ရှိသလို ရန်ပုံငွေ လျော့နည်းမှု များလည်းရှိကြောင်း ၎င်းကဆိုသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရခိုင်ပြည်နယ်ပြဿနာအတွက် ရက်ရောစွာအကူအညီပေးကြလိုကြောင်း၊ မြန်မာအာဏာပိုင်များအနေဖြင့် လည်းရိုဟင်ဂျာနှင့် ရခိုင်များပြန်လည်သင့်မြတ်ရေးအတွက် အကူအညီပေးရမည် ဖြစ်ကြောင်း ၎င်းကဆက်လက် တိုက်တွန်းသည်။ ရခိုင်ပြည်နယ်တွင်း အဆိုပါဒေသများတွင် တင်းမာမှုများမှာဆက်လက်ဖြစ်ပေါ်လျက်ရှိဆဲပင်ဖြစ်သည်။

ရိုဟင်ဂျာများအတွက် ဒုက္ခသည်စခန်းအနီးရှိ မြေနေရာများကို ရခိုင်ဗုဒ္ဓဘာသာဝင်များ အားလုံးက ထိန်းချုပ်ထားရာ အကူအညီ အထောက်အပံ့ များယူဆောင်ထောက်ပံ့ရေးမှာ ဖြစ်နိုင်ခြေမရှိပေ။ ထို့ပြင်ရခိုင်နှင့် ရိုဟင်ဂျာလူမျိုးစုနှစ်ခုအကြား ပြဿနာမှာ ရခိုင်တစ်ပြည်လုံး အတိုင်းအတာဖြင့် ပျံ့နှံ့လျက်ရှိသည်။

*****************************************

မလေးရှား Scomi ကုမ္ပဏီက မြန်မာဓာတ်ငွေ့စီမံကိန်းတွင် ရင်းဂစ် ၉၃.၆ သန်းတန် ကန်ထရိုက်ရရှိ

(Business Times မှ 8 Dec 2012 ရက်စွဲပါ "Scomi wins RM 93.6m Myanmar contract" သတင်းကို ဘာသာပြန်ဆိုသည်)

မလေးရှား Scomi ကုမ္ပဏီအုပ်စု၏ လုပ်ငန်းခွဲ ရေနံတွင်းဝန်ဆောင်မှုလုပ်ငန်း Scomi Oil tools သည် ထိုင်း PTTEP International ရေနံ ကုမ္ပဏီထံမှ ရင်းဂစ် ၉၃.၆ သန်းတန် ကန်ထရိုက်ရရှိသွားပြီဖြစ်သည်။

ယခုနှစ် စတုတ္ထသုံးလပတ်တွင် စတင်ခဲ့သော မြန်မာနိုင်ငံမှ လုပ်ကွက် ၃ ခုအတွက် တွင်းတူးဆေးရည်နှင့် တွင်းတူးစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု ကိရိယာနှင့် ဆက်စပ်အင်ဂျင်နီယာလုပ်ငန်းများကို ဖြည့်ဆည်းလုပ်ကိုင်သွားမည်ပာု Scomi ကုမ္ပဏီကယနေ့ထုတ်ပြန်သောကြေညာချက်တွင် ပြောကြား သည်။

Scomi Oiltools ၏ဈေးကွက်ဌာနအကြီးအကဲ၏ ဝမ်ဆာလာဒင်က မိမိတို့ကုမ္ပဏီသည် အလုပ်အပ်သူဖောက်သည် မျှော်မှန်းထားသော အရည်အသွေးပြည့်ဝန်ဆောင်မှုကိုပေးရန် စိတ်ချယုံကြည်မှုရှိသည်ပာု ပြောကြားသည်။ရေနံဓာတ်ငွေ့နယ်ပယ်တွင် ဝန်ဆောင်မှုလုပ်ကိင်နေသူ Scomi Oiltools ၏ပစ္စည်းနှင့် ဝန်ဆောင်မှုအရည်အသွေးကို ယခု PTTEP ၏ မြန်မာဓာတ်ငွေ့စီမံကိန်းတွင် ကန်ထရိုက်ရရှိခြင်းက သက်သေပြနေသည်ပာု ၎င်းက ဆိုသည်။

ဒီလုပ်ငန်းပာာ ကျွန်တော်တို့ဖောက်သည်နဲ့ လက်တွဲနိုင်ရုံသာမကပဲ ပြည်တွင်း လူ့အရည်အသွေးဖွံ့ဖြိုးရေးကတစ်ဆင့် လူ့အဖွဲ့အစည်း အသိုင်း အဝိုင်းကိုကျေးဇူးဆပ်ဖို့ အခွင့်အလမ်းကို ရရှိတဲ့အတွက် ဒီကန်ထရိုက်လုပ်ငန်းရဲ့ အလားအလာနဲ့ပတ်သက်ပြီး ကျွန်တော်တို့စိတ်လှုပ်ရှားနေကြ ပါတယ်ပာု ၎င်းကဆက်လက်ပြောကြားသည်။

Scomi Oiltools လုပ်ငန်းသည် အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ဖိုး တင်ဒါလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

                            *****************************************************

သြစတြေးလျား AN2 ဘဏ် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်မည်

(Banking Times မှ 7 Dec 2012 ရက်စွဲပါ "AN2 to open representative office in Myanmar"သတင်းကိုဘာသာပြန်ဆိုသည်)

သြစတြေးလျား AN2 ဘဏ်ကမြန်မာနိုင်ငံတွင်ရုံးခန်းဖွင့်ရန် ဗပာိုဘဏ်ထံမှခွင့်ပြုချက်ရပြီပာု ထုတ်ပြန်ကြေညာသည်။ AN2 သည်ယင်းကဲ့သို့ လိုင်စင် ရရှိသော ပထမဆုံးသြစတြေးလျားဘဏ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ရုံးဖွင့်ရန် မီးစိမ်းပြခြင်းခံရသော ဂျပန်ပိုင်မပာုတ်သည့် ပထမဆုံး OECD ဘဏ် တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးအခြေအနေတိုးတက်ပြောင်းလဲလာပြီးနောက်ပိုင်းတွင်မြန်မာနိုင်ငံအပေါ်ဒဏ်ခတ်ထားခဲ့သောSanctions များကို အနောက်အုပ်စုကဆိုင်းငံ့ဖြေလျော့ပေးထားသည်။ ယခုခြေလှမ်းသည် ကုမ္ပဏီ၏ပိုမိုကျယ်ပြန့်သောဒေသတွင်းမပာာဗျူပာာအတွက်အရေးကြီးသော အဆင့် တစ်ခုဖြစ်သည်ပာု AN2 စီအီးအို အဲလက်စ်သပ်စ်ဘီက ပြောကြားသည်။

ရန်ကုန်မြို့တော်တွင် ရုံးစိုက်မည့် AN2 ကိုယ်စားလှယ်ရုံးသစ်ကို AN2 ကမ္ဘောဒီးယား စီအီးအိုနှင့် AN2 လာအိုဥက္ကဋ္ဌဖြစ်သူ ဂရန့်နပ်ကီးက စီစဉ်ကြီးကြပ်သွားမည်ပာု သိရသည်။ AN2 ဘဏ်သည် ယခုနှစ်အစောပိုင်းတွင် မလေးရှား၌ ပထမဆုံးဘဏ်ခွဲဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံတွင်လည်း RMB ဆက်စပ်ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ လုပ်ကိုင်ခွင့်ရသော ပထမဆုံးသြစတြေးလျားဘဏ်ဖြစ်လာခဲ့သည်။

******************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment