Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၁.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုကို တရုတ်တို့က အန္တရာယ်ရှိလာစေသလော

(10 Dec 2012 ရက်စွဲပါ Bangkok Post မှ China poses risk to Myanmar’s reform ကိုဘာသာပြန်ဆိုသည်)

  1. ထားဝယ်စီမံကိန်း ကန်ထရိုက်စာချုပ် လက်မှတ်ထိုးရန် ကြန့်ကြာ

(Bangkok Post မှ 11 Dec 2012 ရက်စွဲပါ “Dawei deal signing delayed”သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာကမ်းလွန် ဒုတိယလုပ်ကွက်လိုင်စင်အတွက် Woodside Petroleum သဘောတူလက်မှတ်ထိုး

(World Oil News မှ 10 Dec 2012 ရက်စွဲပါ “Wood side agrees on deal for second offshore Myanmar License”သတင်းကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုကို တရုတ်တို့က အန္တရာယ်ရှိလာစေသလော

(10 Dec 2012 ရက်စွဲပါ Bangkok Post မှ China poses risk to Myanmar’s reform ကိုဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုသမ္မတ Barak Obama သည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသွားရောက် လည်ပတ်ခဲ့ရာ တစ်ချိန်က အပယ်ခံနိုင်ငံအဖို့ ပြုပြင်ပြောင်းလဲမှုများတွင် ထပ်မံတိုးလာသော မှတ်တိုင်တစ်ခုဖြစ်ခဲ့ရပါသည်။

အမေရိကန်-မြန်မာဆက်ဆံရေးတွင် အထက်ပါတိုးတက်မှုများသည် သံသယဖြစ်ဖွယ်မရှိ ကောင်းမွန်စွာထွက်ပေါ်လာခဲ့ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများ လုပ်ကိုင်လာခဲ့သည်နှင့်အမျှ တစ်ချိန်က မြန်မာနိုင်ငံအပေါ် ပြင်းထန်သော အရေးယူမှုများ ချမှတ်ထားခဲ့သော အမေရိကန်သည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အားပေး၍ ကူညီပံ့ပိုးရန် ကြိုးစားလာပါသည်။

နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့ပါသည်။ အမေရိကန်သည် ယခုအခါ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော စီးပွားရေးဆိုင်ရာ အရေးယူမှုအများစုကို ယာယီရုတ်သိမ်းခြင်း(သို့မပာုတ်) ရုတ်သိမ်းခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။

ထို့ကြောင့် အမေရိကန်နှင့် ၎င်း၏မပာာမိတ် ငွေကြေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံအပေါ် အကူအညီများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် အကြံဉာဏ်ပေးနိုင်ရန် လမ်းခင်းပေးသကဲ့သို့ ရှိလာပါသည်။

အမေရိကန်နှင့် အနောက်နိုင်ငံကုမ္ပဏီများအတွက်မူ လူဦးရေ သန်း(၆၀)ရှိ ဈေးကွက်ကြီးတွင် လျင်မြန်စွာတိုးတက်မည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရှိနေသည်ကို တွေ့နေရပါသည်။

သိုသော် အဆိုပါ အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုများ၏ နောက်ကွယ်တွင် အန္တရာယ်များက ဆီးကြိုနေပါသည်။ အမေရိကန်၏ ပါဝင်လာမှု တိုးလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏အိမ်နီးချင်းဖြစ်သူ တရုတ်က အထိမခံ တုန့်ပြန်လာနိုင်သည့် အလားအလာများရှိလာနိုင်ပါသည်။

တရုတ်အတွက် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးသည် စီးပွားရေးအရလည်းကောင်း၊ မပာာဗျူပာာအရလည်းကောင်း တန်ဖိုးတစ်ခုရှိပါသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများအတွက် ဈေးကွက်ကြီးတစ်ခုဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန်များမှ အစပြု၍ ငါးများ၊ သတ္တုများနှင့် သဘာဝဓာတ်ငွေ့အဆုံး ကုန်ပစ္စည်းများတင်ပို့နေပါသည်။ တရုတ်သည် မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်းအချို့၊ ကျောက်ဖြူရှိ အထူးစီးပွားရေးဇုန် စသည်ဖြင့် အပါအဝင် အခြေခံအဆောက်အဦးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် ပါဝင်လျက်ရှိပါသည်။

တရုတ်သည် ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းနှစ်ခုနှင့် ကျောက်ဖြူမှ တရုတ်နယ်စပ်မြို့ရွှေလီအထိ သယ်ယူပို့ဆောင်ရေး စင်္ကြန်တစ်ခုကိုပါ တည်ဆောက်လျက်ရှိပါသည်။

သဘာဝဓာတ်ငွေ့ကို မြန်မာနိုင်ငံမှ ရရှိမည်ဖြစ်ပြီး၊ ရေနံကိုမူ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ သယ်ယူလာမည်ဖြစ်ပါသည်။

ပိုက်လိုင်းများကြောင့် တရုတ်သည် မလက္ကာရေလက်ကြားကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။ မလက္ကာရေလက်ကြားမှာ အမေရိကန်ရေတပ်၏ ပိတ်ဆို့ထားနိုင်သည့် အလားအလာရှိပါသည်။

တရုတ်နိုင်ငံက တရုတ်-မြန်မာဆက်ဆံရေးတွင် ပာန်ချက်ညီသော ‘ပေါက်ဖော်’ဆက်ဆံရေးကို အမြဲအလေးထားဖော်ပြပါသည်။

တရုတ်နှင့် မြန်မာပဋိပက္ခများသည် ၁၉၈၀ ခုနှစ်များအလယ်ပိုင်းတွင်ပြီးဆုံးခဲ့ရာ တရုတ်ကတော်လှန်ရေးကို ထောက်ပံ့ပေးနေရာမှ ကုန်သွယ်ရေး ကို အားပေးလာခြင်းကြောင့်ဖြစ်ပါသည်။

ယနေ့မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များပေါ်ပေါက်လာချိန်တွင် တရုတ်က ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအမြင်ဖြင့် ဖုံးကွယ်ထားရန် ကြိုးစားနေပါသည်။

မြန်မာပြည်သူများကမူ တရုတ်ကုမ္ပဏီများသည် လာဘ်ပေးလာဘ်ယူကိုအသုံးပြုကြောင်း၊ တရုတ်အစိုးရကလည်း မြန်မာနိုင်ငံမှ သယံဇာတများနှင့် အခြေခံအဆောက်အဦးစီမံကိန်းများကို ရရှိနိုင်ရန် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို ထောက်ခံပေးခဲ့ကြောင်း ရှုမြင်ကြပါသည်။ ပြည်သူအများစုက မြန်မာစစ်တပ်သည် တရုတ်အား တိုင်းပြည်ကိုရောင်းစားသွားသည်ပာု မြင်ကြပါသည်။

တပ်မတော်သည် အာဏာရှင်ဆန်ဆန်စနစ်ကို ကျင့်သုံးနေသ၍ တရုတ်ကုမ္ပဏီများကလည်း တရုတ်တွင်လုပ်ဆောင်နေသည့် ပုံစံအတိုင်း ဆက်လက်လုပ်ဆောင်နေဦးမည်သာဖြစ်ပါသည်။

တရုတ်နိုင်ငံတွင် စီမံကိန်းမှန်သမျှ အဓိကကျသည်မှာ အစိုးရနှင့် အဆက်အသွယ်ကောင်းကောင်းရှိရေးပင်ဖြစ်ပါသည်။ ဒေသခံများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ အခြားပါဝင်ပတ်သက်သူများနှင့် ဆက်ဆံရေးကောင်းမွန်ရန် မလိုအပ်ပေ။ ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေများပြောင်းသွားပြီး အရပ်သားအစိုးရသစ်သည် ပြည်သူများ၏ ဆန္ဒနှင့်အညီ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေရာ တရုတ်စီမံကိန်းများကို ပြည်သူအများကထောက်ခံမှု မရှိတော့ခြင်းကြောင့် ထိခိုက်နစ်နာဖွယ်များ ကြုံတွေ့နေရပါသည်။

မြန်မာနိုင်ငျွှံင် ပြောင်းလဲသွားသည်မှာ ၂၀၁၁ ခုနှစ် စက်တင်ဘာလက သမ္မတသည် တရုတ်တို့လုပ်ဆောင်နေသော မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်ပြီးကတည်းက ဖြစ်ပါသည်။

ထိုသို့ ရပ်ဆိုင်းရခြင်းမှာ အဆိုပါစီမံကိန်းသည် တရုတ်၏အမြတ်ထုတ်ခြင်းပာု ခံယူသောကြောင့် အဓိကဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အား မလုံလောက်မှုအကြီးအကျယ်ဖြစ်နေသော တိုင်းပြည်တွင်ထွက်လာသော လျှပ်စစ်ဓာတ်အား၏ ၉၀% ကို တရုတ်သို့တိုက်ရိုက်ရောင်းချမည် ဖြစ်သောကြောင့်ဖြစ်ပါသည်။

မကြာသေးမီက တရုတ်တို့လုပ်ဆောင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒပြမှုများရှိလာရာ မြန်မာနိုင်ငံတွင်းရော နိုင်ငံတကာကပါ အာရုံစိုက်မှုများ ရှိလာကြပါသည်။

တရုတ်တို့၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကိုလည်း NGO များက မြေများအသုံးပြုမှု၊ လျော်ကြေးပေးမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများဖြင့် ပြင်းထန်စွာဝေဖန်မှုများပြုလုပ်လျက်ရှိပါသည်။ နိုင်ငံတကာ NGO များကလည်း ပဋိပက္ခဖြစ်နေသော နယ်မြေများတွင် ပိုက်လိုင်းများတည်ဆောက်ထားမှုအတွက် ဝေဖန်မှုများပြုလုပ်ခဲ့ပါသည်။ ဒီမိုကရက်တစ်အတိုက်အခံများက ပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံ အချုပ်အခြာအာဏာကိုထိပါးခြင်းပာု ဆိုကြပြန်ပါသည်။

တရုတ်မူဝါဒဆိုင်ရာပညာရှင်အများစုက အမေရိကန်-မြန်မာဆက်ဆံရေးတိုးတက်လာခြင်း၊ မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် တရုတ်စီမံကိန်းများတွင် ပြဿနာများဖြစ်လာခြင်းတို့သည် တရုတ်အားထိန်းချုပ်ရန် အမေရိကန်တို့စီမံနေခြင်း၏ အစိတ်အပိုင်းဖြစ်နိုင်သည်ပာု ရှုမြင်ကြပါသည်။

တရုတ်၏ခေတ်ပြိုင် နိုင်ငံတကာရေးရာ အင်စတီကျူ၏ အမေရိကန်သုတေသနဗပာိုမှ Yuan Peng က People’s Daily သတင်းစာတွင်ရေးသားထားရာ၌ “အမေရိကန်သည် တရုတ်၏တိုးတက်လာမှုကို နှောင့်နှေးအောင် စစ်ရေးမပာုတ်သော အခြားနည်းလမ်းပေါင်းစုံကို သုံးမည်ဖြစ်သည်”ပာုဆိုပါသည်။

အဆိုပါလုပ်ဆောင်မှုများတွင် မပာာမိတ်များ အားကောင်းလာစေရေး၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖြစ်လာစေရေးနှင့် တရုတ်နှင့်မြောက်ကိုရီးယား၊ ပါကစ္စတန်၊ မြန်မာတိ့ဆက်ဆံရေး အားနည်းလာစေရန် ပြုလုပ်ခြင်းများလည်း ပါဝင်ပါသည်။ အိုဘားမားအစိုးရ၏ အာရှကိုဗပာိုပြုခြင်းသည် ထိုသို့ဖြစ်လရန် အထောက်အကူပြုပြီး တရုတ်ကိုသံသယများ ဝင်လာစေရန်ဖြစ်ပါသည်။

အမေရိကန်-မြန်မာဆက်ဆံရေး တိုးတက်လာမှုကိစ္စတွင် တရုတ်က အဘယ်ကြောင့် စိုးရိမ်ပူပန်မှုသင့်သနည်း။ တရုတ်စီမံကိန်းများသည် ပါဝင်သူများ၏အကျိုးစီးပွားကို ကျယ်ကျယ်ပြန့်ပြန့်ထည့်သွင်းစဉ်းစားခြင်းမပြုသောကြောင့် ပြဿနာများကို ဖိတ်ခေါ်သယောင် ရှိနေပါသည်။ သို့သော် မြန်မာနှင့် တရုတ်တို့သည် ရှည်လျားသော နယ်စပ်ထိစပ်လျက်ရှိခြင်းကြောင့် ဆက်ဆံရေးတိုးတက်မှု နှေးကွေးသွားသော်လည်း တရုတ်သည် စီးပွားရေးအရ အင်အားကြီးအဖြစ်ရှိနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ကြီးမားစွာဆက်လက်သြဇာလွှမ်းမိုးနေဦးမည်သာဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများတွင် တရုတ်နှင့် တရုတ်ကုမ္ပဏီများ၏ထောက်ခံ ပံ့ပိုးမှုများသည် အကောင်အထည်ဖော်ရာတွင် မြန်ဆန်ရန်နှင့် လေးနက်မှုကို အထောက်အကူပြုမည်ဖြစ်ပါသည်။ တရုတ်ကို အတိုက်အခံပြုမှုသည် နှောင့်နှေးမှု၊ ရပ်တန့်မှုတို့ကို ဖြစ်စေမည်ဖြစ်ပါသည်။

Mr.Obama အနေဖြင့် တရုတ်၏စိုးရိမ်ပူပန်မှုများ လျော့ပါးအောင် ဘာလုပ်သင့်သနည်း။ ပထမဦးစွာ ၎င်းအနေဖြင့် တရုတ်-မြန်မာ-အမေရိကန်ဆက်ဆံရေးသည် တစ်ဖက်သတ်အမြတ်ထွက်ရေး ကစားပွဲ(Zero-sum game)တစ်ခုမပာုတ်၊ အမေရိကန်အနိုင်ရမှုသည် တရုတ်ကိုရှုံးနိမ့်မှုဖြစ်စေခြင်းဖြစ်သည်ပာု ရှင်းရှင်းလင်းလင်းသဘောပေါက်ရန် ကြိုးစားရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် မျှတပြီးအဆက်မပြတ်ရှိမည့် ပြုပြင်ပြောင်းလဲရေးကိုအောင်မြင်စွာအကောင်အထည်ဖော်ရာတွင် တရုတ်၊ အမေရိကန်၊ အာဆီယံနှင့် ၎င်း၏အိမ်နီးချင်းများ၏ ထောက်ခံထောက်ခံပံ့ပိုးမှုကို လိုအပ်ပါသည်။

ဒုတိယအချက်အားဖြင့် Mr.Obama သည် အမေရိကန်၏ပြုပြင်ပြောင်းလဲမှုအတွက် ထောက်ခံပံ့ပိုးမှုသည် တရုတ်လက်ကိုင်ထားသည့် တည်ငြိမ်ရေးနှင့် win-win ရလဒ်ဘောင်အတွင်း၌သာ ရှိရေးကို ကြိုးစားသင့်ပါသည်။ ပြုပြင်ပြောင်းလဲရေးများသည် တိုင်းပြည်ကိုတည်ငြိမ်မှုရှိစေရမည်ဖြစ်ပါသည်။ ထိုသို့တည်ငြိမ်မှသာ တရုတ်၏ ရေရှည်အကျိုးစီးပွားကို ပိုမိုအကာအကွယ်ပေးပြီး တရုတ်ရင်းနှီးမြှုပ်နှံသူများကိုလည်း ပါဝင်သူများအားလုံး၏ အကျိုးစီးပွားကို ကြည့်ရှုအောင် တွန်းအားပေးနိုင်မည်ဖြစ်ပါသည်။

တရုတ်၏ မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုများအပေါ် ထောက်ခံပံ့ပိုးမှုများသည် မြန်မာ၊ အမေရိကန်နှင့် တရုတ်ကို အကျိုးအမြတ်ရစေမည့် win-win-win အခြေအနေကို ရရှိစေနိုင်မည်ဖြစ်ပါသည်။

                                                    ----------------------------------------------------------------------------------------------

ထားဝယ်စီမံကိန်း ကန်ထရိုက်စာချုပ် လက်မှတ်ထိုးရန် ကြန့်ကြာ

(Bangkok Post မှ 11 Dec 2012 ရက်စွဲပါ “Dawei deal signing delayed”သတင်းကိုဘာသာပြန်ဆိုသည်)

ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်း ကန်ထရိုက်လုပ်ငန်း လက်မှတ်ထိုးရေးကိစ္စသည် မြန်မာတို့က ထိုင်းနိုင်ငံထံမှ ဖက်စပ်အကောင်အထည်ဖော်မှု အစီအစဉ် အသေးစိတ်အချက်များကို စောင့်ဆိုင်းနေခြင်းကြောင့် နှောင့်နှေးကြန့်ကြာလျက်ရှိသည်။

၎င်းဖွံ့ဖြိုးရေးစီမံကိန်းသည် မူလအစီအစဉ်ထက် ၇ လ၊ ၈ လခန့်နောက်ကျနေသည်ပာု အီတာလျံ-ထိုင်းကုမ္ပဏီဥက္ကဋ္ဌ ပရင်ချိုင်းကာနာဆူတာက ပြောကြားသည်။

အီတာလျံ-ထိုင်း၏ လုပ်ငန်းခွဲ ထားဝယ်ဖွံ့ဖြိုးရေးကုမ္ပဏီသည် မြန်မာနိုင်ငံနှင့် သြဂုတ်လတွင် ကန်ထရိုက်စာချုပ်လက်မှတ်ထိုးရန် အစောပိုင်းက စီစဉ်ထားခဲ့သည်။ သို့သော်လည်း မြန်မာအစိုးရက ထားဝယ်အထူးစီးပွားရေးဇုန် ပူးတွဲအကောင်အထည်ဖော်မှုအစီအစဉ်နှင့် ဆက်စပ်စီမံကိန်းများ၏ အသေးစိတ်အချက်များကို ကြည့်ရှုလိုခြင်းကြောင့် ကန်ထရိုက်စာချုပ်ကို ယခုအထိ လက်မှတ်မထိုးရသေးပါပာု ပရင်ချိုင်းက ပြောကြားသည်။

အဆိုပါ ပူးတွဲအကောင်အထည်ဖော်ရေး အစီအစဉ်အသေးစိတ်အချက်များမှာ နောက်နှစ်ဖေဖော်ဝါရီလတွင် ထွက်ပေါ်လာမည်ပာု မျှော်လင့် ရသည်။

၎င်းကဆက်လက်၍ “ကုမ္ပဏီ ၁ဝ၀ ကျော်က ထားဝယ်စက်မှုဇုန်တွင် စက်ရုံတည်ရန် စိတ်ဝင်စားနေကြောင်း၊ ကုမ္ပဏီအနေဖြင့် စက်ရုံများများ ဝန်ဆောင်မှုပေးရန်အတွက် အဆင့် ၆ ခုစလုံးကို တစ်ချိန်ထဲတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း”ပြောကြားသည်။

ပထမအဆင့်တွင် အထည်အလိပ်ကုမ္ပဏီများ၊ ဒုတိယအဆင့်တွင် အီလက်ထရောနစ်ကုမ္ပဏီများ၊ တတိယအဆင့်တွင် ရာဘာပစ္စည်းကုမ္ပဏီများ၊ စတုတ္ထအဆင့်တွင် ပရိဘောဂနှင့် ရာဘာသစ်ကုမ္ပဏီများ၊ ပဉ္စမအဆင့်တွင် အအေးခံနှင့် စည်သွပ်စားသောက်ကုန်ကုမ္ပဏီများ၊ ဆဋ္ဌမအဆင့်တွင် သားရေကုမ္ပဏီများ ပါဝင်မည်ပာု အီတာလျံ-ထိုင်းကုမ္ပဏီဥက္ကဋ္ဌ ဆိုပါသည်။

မြန်မာနိုင်ငံသည် လာမည့်နှစ်တွင် ဥရောပ၊ အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့ထဲမှ ပို့ကုန်ဆိုင်ရာ အထူးအခွင့်အရေး စနစ်ကိုခံစားရမည်ဖြစ်၍ ထားဝယ်တွင် စက်ရုံတည်ခြင်းဖြင့် အကျိုးအမြတ်ရရှိရန် အထည်အလိပ်ကုမ္ပဏီများက မျှော်လင့်လျက်ရှိသည်ပာု ပရင်ချိုင်းက ပြောကြားသည်။

အီတာလျံ-ထိုင်းကုမ္ပဏီသည် စက်မှုဇုန်မြေကွက်များကို လာမည့် တစ်လ၊ နှစ်လအတွင်း စတင်ရောင်းချသွားမည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းကို အရှိန်မြှင့်ကာ လျှပ်စစ်ဓာတ်အားနှင့် အခြေခံပံ့ပိုးမှုများကို လာမည့်နှစ်ဆန်းတွင် အဆင်သင့်ဖြစ်အောင် ဆောင်ရွက်မည်ပာု သိရှိရသည်။

မြေဧကတစ်သောင်းငါးထောင်ခန့်ကျယ်ဝန်းမည့် ထားဝယ်စက်မှုဇုန်အတွက် ဘတ်ငွေ ၄.၅ ဘီလျံ ရင်းနှီးမြှုပ်နှံရန်လိုအပ်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ဘတ်ငွေ ၁၀၀ ဘီလျံခန့် လိုအပ်မည်ပာုဆိုသည်။

-------------------------------------------------------------------------------------------------------------

မြန်မာကမ်းလွန် ဒုတိယလုပ်ကွက်လိုင်စင်အတွက် Woodside Petroleum သဘောတူလက်မှတ်ထိုး

(World Oil News မှ 10 Dec 2012 ရက်စွဲပါ “Wood side agrees on deal for second off shore Myanmar License”သတင်းကိုဘာသာပြန်ဆိုသည်)

ကုမ္ပဏီကြီးထွားရန်အတွက် သြစတြေးလျားဓာတ်ငွေ့ကဏ္ဍဖွံ့ဖြိုးမှုပေါ်တွင် မှီခိုနေခြင်းကို လျှော့ချရန်ကြိုးစားသည့်အနေဖြင့် ပင်လယ်ရပ်ခြား လုပ်ငန်းကို တိုးချဲ့နေသော Woodside Petroleum က မြန်မာကမ်းလွန်လုပ်ကွက် ဒုတိယလိုင်စင်တွင် ရှယ်ယာ ၅၀% ပါဝင်မည်ပာု ပြောကြား လိုက်သည်။

မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းရှိ လုပ်ကွက် A-6 တွင်ပါဝင်ရန် Woodside ကကမ်းလှမ်းခြင်းကို လိုင်စင်ပိုင်ရှင် MPRL E&P က လက်ခံခဲ့သည်ပာု ကုမ္ပဏီ၏ဝက်ဆိုဒ်တွင် Woodside ကထုတ်ပြန်ကြေညာထားသည်။

လုပ်ရမည့်လုပ်ငန်းနှင့် အစိုးရခွင့်ပြုချက်များအပါအဝင် သတ်မှတ်ချက်များစွာ အကြုံးဝင်သည့် သဘောတူညီမှုသည် အနာဂါတ် ရေနံ၊ ဓာတ်ငွေ့ တူးဖော်ခြင်းလုပ်ငန်းတွင် ရွေးချယ်စရာတစ်ခု ရရှိလာစေသည်ပာု ကုမ္ပဏီကဆိုပါသည်။

အဆိုပါသဘောတူညီချက်ကြောင့် နောက်ထပ်ရေနက်လုပ်ကွက် လေလံများတွင် Woodside နှင့် MPRL E&P တို့ပူးပေါင်းနိုင်မည့် အခွင့်အလမ်းကိုလည်း ရရှိစေသည်ပာု ကုမ္ပဏီကပြောကြားသည်။

ရခိုင်ကမ်းလွန်၌ပင် Daewoo ကအကောင်အထည်ဖော်နေသော လုပ်ကွက် AD-7 တွင် Woodside ကရှယ်ယာ ၄၀ ရာခိုင်နှုန်းပါဝင်ရန် အောက်တိုဘာလတွင် သဘောတူညီမှုရရှိပြီးနောက် ယခုထပ်မံ သဘောတူညီမှုရရှိခြင်းဖြစ်သည်။

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment