Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၃.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် ဂျပန် KDDI ၏နံပါတ်စဉ် ၁၀၀ မြောက်ရုံးခွဲ ဖွင့်လှစ်မည်

(The Next web မှ 12 dec 2012 ရက်စွဲပါ "Japan's KDDI to open an office in Myanmar, marking its 100th site overseas"သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာပုဂ္ဂလိကဓာတ်အားစီမံကိန်းအတွက် GE ဂက်စ်တာဘိုင်နည်းပညာ ရွေးချယ်ခံရ

(Electric Energy News မှ 11 Dec 2012 ရက်စွဲပါ "GE Aeroderivative Gas Turbines Tapped for Independent Power Project in Myanmar"သတင်းကိုဘာသာပြန်ဆိုသည်)

  1. MUFG သည်အမေရိကန် အရေးယူမှုများကို ချိုးဖောက်ခြင်းကြောင့် ဒဏ်ကြေး ဒေါ်လာ ၈.၆ သန်းပေးရမည်

(13 Dec 2012 ရက်စွဲပါ Reuters မှ MUFG to Pay $8.6 million in U.S sanctions case ကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မန်မာနိုင်ငံတွင် ဂျပန် KDDI ၏နံပါတ်စဉ် ၁၀၀ မြောက်ရုံးခွဲ ဖွင့်လှစ်မည်

(The Next web မှ 12 dec 2012 ရက်စွဲပါ "Japan's KDDI to open an office in Myanmar, marking its 100th site overseas"သတင်းကိုဘာသာပြန်ဆိုသည်)

ဂျပန် KDDI ကုမ္ပဏီသည် ရန်ကုန်မြို့တော်တွင် ရုံးခွဲဖွင့်လှစ်မည်ပာု ကြေညာပြီးနောက်တွင် မြန်မာနိုင်ငံသို့ ခုန်ဝင်လာသည့် နောက်ဆုံး နိုင်ငံ တကာတယ်လီကွမ်းကုမ္ပဏီဖြစ်လာပါသည်။မြန်မာနိုင်ငံသည် ပြီးခဲ့သော ၆ လအတွင်း နိုင်ငံရေးနှင့် လူမှုရေးချုပ်ချယ်မှုများကို သိသိသာသာဖြေလျော့ပေး ခဲ့သည်။ တံခါးပိတ် လက်ဝါးကြီးအုပ် အာဏာရှင်စနစ်ကို လမ်းခွဲလိုက်ပြီဖြစ်သော မြန်မာနိုင်ငံ၌ ပေါ်ထွက်လာသော အခွင့်အလမ်းများစွာတွင် တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းလည်းပါဝင်လာသည်။

လူဦးရေ သန်း ၅၀ ကျော်သောနိုင်ငံသို့ နိုင်ငံတကာကုမ္ပဏီများ တိုးဝှေ့ဝင်လာခြင်း၊ အိုင်တီ၊ တယ်လီကွမ်းနှင့် နည်းပညာကဏ္ဍများအတွက် များစွာအလားအလာရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံကို ကျောက်ရိုင်းတုံးကလေးပာု IDC ကခေါ်ဝေါ်လိုက်သည်။ ပင်လယ်ရပ်ခြားကုမ္ပဏီခွဲအဖြစ်နာမည် ပေးထားသော KDDI Myanmar ကို KDDI Japan နှင့် စင်္ကာပူကုမ္ပဏီခွဲတို့ပူးပေါင်း၍ ဖက်စပ်ထူထောင်ခဲ့ခြင်းဖြစ်ပြီး၊ ကုမ္ပဏီ၏ နံပါတ်စဉ် ၁၀၀ မြောက် နိုင်ငံခြားရုံးခွဲဖြစ်လာမည်ပာု သိရှိရသည်။ KDDI သည် ဂျပန်တွင် မိုဘိုင်းဖုန်းအော်ပရေတာလုပ်ငန်းအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများစွာကို လုပ်ကိုင် နေသော်လည်း မြန်မာနိုင်ငံရှိ ခွင်မှာမူ စီးပွားရေးလုပ်ရန် အကန့်အသတ်ရှိနေသည်ပာုဆိုသည်။

KDDI သည် မြန်မာနိုင်ငံတွင် Coca-Cola နှင့် WPP အပါအဝင် နိုင်ငံတကာကုမ္ပဏီများအတွက် ဂျပန်အရည်အသွေးမှီ ကွန်ယက်နှင့် အခြေခံ အဆောက်အဦးစနစ်ကို ဖြည့်ဆည်းပေးရန် ရည်မှန်းထားသည်ပာု ကုမ္ပဏီက ရှင်းလင်းပြောကြားသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ မြန်မြန်ဆန်ဆန်ကူးပြောင်းနေပြီး၊ နိုင်ငံခြားကုမ္ပဏီများစီးဝင်မှု ကြီးထွားလာသော်လည်း ကုမ္ပဏီလုပ်ငန်းများ အတွက် နည်းပညာလုံလုံလောက်လောက် တပ်ဆင်ထားသော ရုံးခန်းများ လတ်တလောမရှိသေးပေ။ ထို့ကြောင့် KDDI Myanmar ကရန်ကုန်မြို့လယ် တွင် KDDI Myanmar Business Center ကိုဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် နိုင်ငံတကာကုမ္ပဏီများ မြန်မြန်လုပ်ငန်းစနိုင်အောင် အိုင်တီ အခြေခံစနစ် အပြည့်အဝဝန်ဆောင်မှုပေးမည့် ရုံးခန်းနေရာများကို ဖြည့်ဆည်းပေးသွားမည်ပာု သိရှိရသည်။

အထက်ပါ ရည်မှန်းချက်ဖြင့် ဝင်လာသောကုမ္ပဏီမှာ KDDI တစ်ခုထဲမပာုတ်ပါ။ ဂျပန်ကုမ္ပဏီ NTT Com သည်အောက်တိုဘာလက ရန်ကုန်သို့ ခြေချခဲ့ပြီး၊ မြန်မာနိုင်ငံရောက် ပထမဆုံး တယ်လီကွန်းကုမဏီဖြစ်လာခဲ့ပြီးဖြစ်သည်။ NTT Com ကလည်း အလားတူအခြေခံစနစ်နှင့် အိုင်တီဝန်ဆောင်မှု များပေးရန် ကမ်းလှမ်းထားသည်။

မြန်မာနိုင်ငံသည် ဂျပန်နာမည်ပျက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Rocket Internet သည် မြန်မာနိုင်ငံတွင် ဝက်ဆိုဒ်ဆားဗစ် ၃ ခုကို ဇူလိုင် လက စတင်ခဲ့သည်။

                                        **********************************************

မြန်မာပုဂ္ဂလိကဓာတ်အားစီမံကိန်းအတွက် GE ဂက်စ်တာဘိုင်နည်းပညာ ရွေးချယ်ခံရ

(Electric Energy News မှ 11 Dec 2012 ရက်စွဲပါ "GE Aeroderivative Gas Turbines Tapped for Independent Power Project in Myanmar"သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်သော Sanctions များကို ဝါရှင်တန်က ရုတ်သိမ်းပေးပြီးနောက်ပိုင်း ယင်းနိုင်ငံတွင် အကောင် အထည်ဖော်မည့် စီမံကိန်းများထဲမှ တစ်ခုအတွက် GE ကုမ္ပဏီ၏ အေရိုဒရစ်ဗတစ် ဓာတ်ငွေ့တာဘိုင် နည်းပညာကိုရွေးချယ်လိုက်ပြီဖြစ်သည်။ မြန်မြန် ဆန်ဆန်အကောင်အထည်ဖော်တော့မည့် အဆိုပါ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစီမံကိန်းသည် ၂၀၁၃ ဒုတိယသုံးလပတ်ထက် နောက်မကျဘဲဝန် ဆောင်မှုပေးမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ လျင်မြန်စွာကြီးထွားလာသော ဓာတ်အားလိုအပ်ချက်ကို ကူညီဖြည့်ဆည်းရန် ၁၀၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးမည် ဖြစ်သည်။

ယခုကြေညာလိုက်သောစီမံကိန်းသည် မြန်မာနိုင်ငံမှ အမြင်ကျယ်ပြောင်းလဲလာသော လူ့အဖွဲ့အစည်းကိုပံ့ပိုးရန် အခြေခံအဆောက်အဦးစနစ် အားပြင်ဆင်နေမှုကို ကူညီရာတွင် GE ၏ကမ္ဘာကို ဆက်လက်ကျယ်ပြန့်စေမည်ဖြစ်သည်။ GE Healthcare နှင့် GE Capital Aviation Services Limited တို့ကလည်း မြန်မာနိုင်ငံတွင် အခြားအစီအစဉ်များဆောင်ရွက်နေကြောင်း ယခုနှစ်အစောပိုင်းတွင် ကြေညာခဲ့သည်။

GE ကုမ္ပဏီသည် ရန်ကုန်မြို့တော် အလုံမြို့နယ်ရှိ ဓာတ်အားပေးစက်ရုံအတွက် LM-6000-PC Sprint အေရိုဒရစ်ဗတစ် ဓာတ်ငွေ့တာဘိုင် ဓာတ်အားပေးစက်နှစ်လုံးနှင့် နည်းပညာအကြံပေး ဝန်ဆောင်မှုကို ဖြည့်ဆည်းပေးသွားမည်ပာုသိရသည်။ ၎င်းဓာတ်အားပေးစက်ရုံကို လုပ်ကိုင်မည့် ပိုင်ရှင်ဖြစ်သော ပုဂ္ဂလိကဓာတ်အားထုတ်လုပ်သူ Toyo Thai Power Corp (စင်္ကာပူတွင် TTPSG)က မြန်မာလျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ ဓာတ်အား ရောင်းချပေးမည်ဖြစ်သည်။

TTPSG ကုမ္ပဏီစီအီးအို ပီာရိုနိုဘူ လိုင်ရီယာက "မြန်မာနိုင်ငံမှ များပြားတဲ့ စွမ်းအင်ရင်းမြစ်တွေရှိနေပါတယ်။ အထူးသဖြင့်ကတော့ ရေအား လျှပ်စစ်တွေ၊ ဓာတ်အားထုတ်လုပ်နိုင်မယ့် သဘာဝဓာတ်ငွေ့တွေ၊ ရေနံနဲ့ဓာတ်ငွေ့ ရှာဖွေရေးစီမံကိန်းတွေပါပဲ"ပာု ပြောကြားသည်။ "မြန်မာနိုင်ငံမှသဘာဝ ဓာတ်ငွေ့ရရှိနိုင်တဲ့အတွက် လျှပ်စစ်ဓာတ်အားများများ အရေးပေါ်လိုအပ်နေတာကို ပိုမိုဖြည့်ဆည်းပေးနိုင်ဖို့ လုပ်ဆောင်ရာမှာ ဓာတ်ငွေ့လောင်စာသုံး Conbined-cycle profects တွေပာာ ပိုပြီးအရေးပါတဲ့ ကဏ္ဍကနေ ပါဝင်လာပါလိမ့်မယ်"ပာုလည်း ၎င်းက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၅ နောက်ဆုံးထား၍ နိုင်ငံ၏တပ်ဆင်လျှပ်စစ်ဓာတ်အားပမာဏကို နှစ်ဆတိုးအောင်ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ဓာတ်ငွေ့လောင်စာသုံးစက်ရုံများမှ ဓာတ်အား ၄၅၀ မဂ္ဂါဝပ် ထပ်မံထွက်ရှိအောင် စီစဉ်နေပါသည်။ လက်ရှိတွင်နိုင်ငံ၏ တပ်ဆင်လျှပ်စစ်ဓာတ်အားပမာဏ (စုစုပေါင်းထုတ်လုပ်နိုင်မှု ပမာဏ)၏ ၂၀ ရာခိုင်နှုန်းကျော်ကို သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်ပေးလျက်ရှိသည်။

GE Power & Water ၏စီအီးအို ဒါရယ်လ်ဝီလ်ဆန်က "ပြည့်ကျပ်နေတဲ့ ဓာတ်အားပေးအစီအစဉ်တွကု ပြည့်မှီနိုင်ဖို့အတွက် ဓာတ်ငွေ့လောင်စာ သုံး Conbined-cycle ဓာတ်အားပေးစက်တွေကို ဖြန့်ဖြူးတပ်ဆင်ပေးနေတာပါ။ မြန်မာနိုင်ငံရဲ့ဓာတ်အားအရေးပေါ်လိုအပ်မှုကို ဖြေရှင်းရာမှာ အကောင်း ဆုံးအံဝင်ခွင်ကျဖြစ်အောင် ဒီနည်းပညာကို ဖြန့်ဖြူးပေးနေတာပါ။ ဒီဓာတ်အားပေးစက်ရုံတွေရဲ့ ယုံကြည်စိတ်ချရမှုနဲ့ စွမ်းဆောင်နိုင်မှုကိုတော့ ကမ္ဘာတစ် လွှားထောင်နဲ့ချီတဲ့ လက်ခံသုံးစွဲမှုတွေက သက်သေပြပြီးသားပါ"ပာု ပြောကြားသွားသည်။                                        ************************************************

MUFG သည်အမေရိကန် အရေးယူမှုများကို ချိုးဖောက်ခြင်းကြောင့် ဒဏ်ကြေး ဒေါ်လာ ၈.၆ သန်းပေးရမည်

(13 Dec 2012 ရက်စွဲပါ Reuters မှ MUFG to Pay $8.6 million in U.S sanctions case ကိုဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံ၏ Mitsubishi UFJ Financial Group Ine ကပြောကြားရာတွင် ၎င်းသည် ငွေလွှဲပြောင်းမှုများတွင် အမေရိကန်၏အရေးယူပိတ်ဆို့မှု ဥပဒေများကို ချိုးဖောက်ခြင်းကြောင့် ဒေါ်လာ ၈.၆ သန်းပေးရမည်ပာုဆိုပါသည်။

Yomiuri နေ့စဉ်ကပြောကြားရာတွင် MUFG ၏အဓိကဖြစ်သော Mitsubishi UFJ ဘဏ်သည် အမေရိကန်အစိုးရတာဝန်ရှိသူများအား သတင်း ပို့ရာ၌ ၎င်းတို့၏ဘဏ်သည် ဘဏ်၏ဖောက်သည်များကိုယ်စား အမေရိကန်အရေးယူမှုစာရင်းတွင်ပါဝင်သည့် အီရန်၊ ဆူဒန်၊ မြန်မာနှင့် အခြားနိုင်ငံများမှ ကုမ္ပဏီများထံ ငွေလွှဲပို့ခဲ့ကြောင်းဆိုပါသည်။

Standard Chartered Plc သည်လည်း အမေရိကန်၏ အရေးယူမှုများကို ချိုးဖောက်ခြင်းကြောင့် ဒေါ်လာ ၃၂၇ သန်းပေးရန် သဘောတူ ခဲ့ပါသည်။ ၎င်းသည် သြဂုတ်လကလည်း အီရန်နိုင်ငံအပေါ် အရေးယူထားမှုအား ချိုးဖောက်ခဲ့ခြင်းကြောင့် ဒေါ်လာ သန်း ၃၄၀ ဒဏ်ကြေးပေးခဲ့ရပြီးဖြစ်ပါ သည်။

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment