Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၆.၁၂.၂၀၁၂

ပြည်တွင်းသတင်း

  1. နိုင်ငံတကာမှငွေကြေးနှင့် နည်းပညာအထောက်အပံများရရှိမှသာစီးပွားရေးဇုန်ထူထောင်ရန်လွယ်ကူမည်
  2.  မြန်မာနိုင်ငံမှဆန်ကို တရုတ်နှင်တရားဝင် ရောင်းဝယ်နိုင်အောင်ညှိနှိုင်း

နိုင်ငံရေးသတင်း

  1. မြန်မာရေပြင်ပိုင်နက်တွင် ၂၀၁၃ မှစတင်ကာနိုင်ငံခြားငါးဖမ်းလှေနှင့်သဘောင်္များကို ဖမ်းဆီးခွင့်ရပ်ဆိုင်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

နိုင်ငံတကာမှငွေကြေးနှင့် နည်းပညာအထောက်အပံများရရှိမှသာစီးပွားရေးဇုန်ထူထောင်ရန်လွယ်ကူမည်

အထူးစီးပွားရေးဇုန်များဖော်ဆောင်ရာတွင် နိုင်ငံတကာမှငွေကြေး၊ နည်းပညာနှင့် ပညာရှင်များ၏အကူအညီများ လိုအပ်ပြီး အကူအညီများ မရရှိပါက စီးပွားရေးဇုန် ဖော်ဆောင်ရာတွင် အခက်အခဲများရှိနိုင်ကြောင်းကို စီးပွားရေးလုပ်ငန်းရှင် များနှင့်ပညာရှင်များက သုံးသပ်ပြောကြားကြောင်းသိရ  သည်။

ဂျပန်နိုင်ငံ၏ငွေကြေးနှင့် နည်းပညာအကူအညီများဖြင့် ဆောက်လုပ်နေသော သီလဝါအထူးစီးပွားရေးဇုန်သည် အောင်မြင်ရန် အလားအလာ များရှိနေသော်လည်းထားဝယ်ရေနက်ဆိပ်ကမ်းတွင်မူ ငွေကြေးမလုံလောက်မှုကြောင့် ပြဿနာအနည်းငယ်ရှိကြောင်းသိရသည်။ သီလဝါအထူးစီးပွားရေး ဇုန်တွင်ဂျပန်နှင့် မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း ဆောက်ရွက်နိုင်ရန်အတွက်အများပိုင်ကုမ္ပဏီဖွဲ့စည်းရန် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာနမှ ညွှန်ကြားထားကြောင်းသိရသည်။

စီးပွားရေးဇုန်များဆောင်ရွက်ရာတွင်နိုင်ငံတကာမှ နည်းပညာများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ငွေးကြေးဆိုင်ရာ အကူအညီများသည်များစွာ လိုအပ်ကြောင်း၊ ယခုလက်ရှိအချိန်တွင် ထာဝယ်အထူးစီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များကို အကောင် အထည်ဖော် ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။

YC

-----------------------------------------------------------

 မြန်မာနိုင်ငံမှဆန်ကို တရုတ်နှင်တရားဝင် ရောင်းဝယ်နိုင်အောင်ညှိနှိုင်း

ထိုင်းနိုင်ငံမှဆန်များကိုတရုတ်နိုင်ငံသို့တရားဝင်တင်ပို့နိုင်အောင် ၂၀၁၂ ခုနှစ်အတွင်းနှစ်နိုင်ငံ သဘောတူစာချုပ် ဆိုခဲ့သဖြင့် မြန်မာနိုင်ငံ အနေဖြင့်လည်း  တရုပ်နိုင်ငံသို့နယ်စပ်မှတဆင့် တရားဝင်ဆန်တင်ပို့နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဌာန နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးခင်မောင်လေးက ပြေားကြားကြောင်းသိရသည်။

မြန်မာနိုင်ငံအနေဖြင့် တရုပ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်ရာတွင် တရုပ်ကုမ္ပဏီများနှင့်သာ ဆက်ဆံရကြောင်း၊ ဘာသာ စကားကျွမ်းကျင်မှုအားနည်းကြောင့်၊ တခါတရံတွင်ကြားခံပွဲစားများဖြင့်သာ ဆက်ဆံရသဖြင့် မြန်မာကုန်သည်များအနေဖြင့် များစွာနစ်နာရကြောင်းကို လားရှိမြိုက ဆန်ကုန်သည်များအသင်းမှဥက္ကဌ ဦးကျော်မြင့်မှ ပြေားကြားကြောင်းသိရသည်။

နှစ်နိုင်ငံအစိုးရအဆင့် ဆွေးနွေးညှိနှိုင်းမှုအဆင်ပြေသွားပါက နိုင်ငံတော်အတွက်အခွန်များ ရရှိရုံသာမက ကုန်သည်များအနေဖြင့်လည်း တရားဝင် ဆန်တင်ပို့နိုင်မှုကြောင့် အကျိုးအမြတ်များ ရှိနိုင်ပြီးပြည်တွင်းဆန်ဈေးကွက်လည်း ကောင်းမွန်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြေားကြား ကြောင်းသိရသည်။

မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်နှင့်ဆန်စပါးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပိုခွင်ပရှိသော်လည်း တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံရှိ လယ်သမားများ၏ အကျိုးစီးပွးကိုကာကွယ်သောအားဖြင့် မြန်မာ့လယ်ယာထွက်ကုန်များကို ပြည်နယ်အဆင့်စက်မှုကုန်ကြမ်း အဖြစ်သာအဆင့်နှိပ် ဝယ်ယူလျှက်ရှိကြေင်း သိရသည်။

YC

***********************************************************************************

နိုင်ငံရေးသတင်း

မြန်မာရေပြင်ပိုင်နက်တွင် ၂၀၁၃ မှစတင်ကာနိုင်ငံခြားငါးဖမ်းလှေနှင့်သဘောင်္များကို ဖမ်းဆီးခွင့်ရပ်ဆိုင်း

                နိုင်ငံတကာမှငါးဖမ်းသင်္ဘောများနှင့် ချုပ်ဆိုထားသောစာချုပ်မှာသက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သောကြောင့်  ၂၀၁၃ ခုနှစ်မှစတင်ကာ မြန်မာပင်လယ်ပြင်ရေပိုင်နက်အတွင်း နိုင်ငံခြားငါးဖမ်းသင်္ဘောများ ဝင်ရောက်ဖမ်းဆီးခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း မြန်မာနိုင်ငံပင်လယ်ကမ်း ဝေးငါးဖမ်းလုပ်ငန်းရှင်များအသင်းမှ ပြေားကြားကြောင်းသိရသည်။

ဂျိုနသန်ကုမ္ပဏီအနေဖြင့် နိုင်ငံတကာမှငါးဖမ်းသင်္ဘောများ မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းခွင့်ရအောင်ဆောင်ရွက်ပေးပြီး အဆိုပါကုမ္ပဏီ အနေဖြင့် မြန်မာအစိုးရနှင့် တစ်နှစ်တကြိမ်စာချုပ် ချုပ်ပြီး ငါးဖမ်းဆီးခအဖြစ် တစ်လလျှင် အမေရိကန်ဒေါ်လာ တစ်သောင်း ပေးရကြောင်း၊ အများစုမှာ ထိုင်းနိုင်ငံမှ ငါးဖမ်းသင်္ဘောများ ဖြစ်ကြောင်းနှင့်လည်းကောင်းတို့ဖမ်းဆီးသော ယာဉ်များမှာ တရွတ်ဆွဲယာဉ်၊ ငါးမျှားတန်းယာဉ်များဖြင့် ဖမ်းဆီးသော ကြောင့်ရေသံယံဇာတနှင့် ငါးမျိုးစိတ်ပေါင်းများစွာ ပျက်စီးစေကြောင်း ကိုပြည်တွင်းနေ ငါးဖမ်လုပ်ကိုင်သူများမှ ပြေားကြားကြောင်းသိရသည်။

အပြည်ပြည်ဆိုင်ရာရေကြောင်း ဥပဒေအရ ကုန်းမြေနှင့်ထိစပ်နေသောရေပြင် မိုင်ငါးဆယ်အထိကို ကုန်းမြေထိစပ် နေသောနိုင်ငံမှပိုင်ဆိုင် ကြောင်း၊ မိုင်ငါးဆယ်အပြင်ဘက်တွင်သာ ဖမ်းရမှာကိုအတွင်းထဲထိ ဝင်ဖမ်းနေကြောင်း၊ ထိုသို့ဝင်ရောက်လာသော ငါးဖမ်းလှေများကို လိုက်လံဖမ်းဆီးနိုင် တာတပ်မတော်ရေတစ်ခုတည်းပဲရှိသည့်အတွက် မလုံလောက်ကြောင်းကို ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးမောင်မောင်စိုးက ပြေားကြားကြောင်း သိရသည်။

                နိုင်ငံတကာတွင်မိမိပိုင်နက်အတွင်းငါးဖမ်းဆီးမှုများကို ကျူနာကဲ့သို့သောငါးကြီးများကိုသာ ဖမ်းဆီးခွင့်ပြုကြောင်း တရွတ်ဆွဲယာဉ်နှင့် ငါးမျှားတန်းယာဉ်ကဲ့သို့သော ငါးဖမ်းသင်္ဘောများနှင့်ဖမ်းဆီးခွင့်မပြုကြောင်းသိသည်။  

YC

**********************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ 

 “လူငယ်တွေစည်းလုံးတဲ့အင်အားက နည်းမှန်လမ်းမှန်နဲ့ဖြစ်ဖို့ အရေးကြီးတယ်။ စည်းလုံးမှုလမ်းလွဲပြီး အဆိပ်အတောက်ဖြစ် သွားရင် အလွန်အန္တရာယ် ကြီးပါတယ်။ လူငယ်ကလူငယ်အမြင်နဲ့ပဲမြင်မှာပါ။ အစိုးရကိုတင်ပြတဲ့နေရာမှလည်း တောင်းဆို တာနဲ့အကြံပြုတာ မတူဘူးဆိုတာကို သတိချပ်စေချင်ပါ တယ်။”

ဒီဇင်ဘာ ၁၇ ရက်နေ့ထုတ် Voice Journal အတွဲ (၈) အမှတ် (၅၀) တွင်ပါရှိသော “ငြိမ်းချမ်းရေးမှုဝါဒပြဋ္ဌာန်းပြီး ဖက်ဒရယ်စနစ် ဖော်ဆောင်ပေးရန် တောင်းဆို” သတင်းမှ အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဒေါ်ခင်ဝိုင်းကြည် ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။

-------------------------------------------------

“ဒုက္ခသည်တွေအခြေအနေကလည်း ထူးမခြားနားပါပဲ။ ဖွံ့ဖြိုးမှုနောက်ကျခဲ့ရတဲ့ ရခိုင်ပြည်နယ်ဟာ အခုဆိုရင်စီးပွားရေးမှာ တော်တော်ဆိုးရွားသွေားပြီး။ အခုစပါးပေါ်ချိန်မှာဈေးတွေကထိုးကျတယ် Border Trade ကလည်းမရှိဘူး။ အရင်တုန်းက ရောင်းလိုက် ဝယ်လိုက်နဲ့ရှိသေးတယ်အခုက လူအဖွဲ့အစည်း နှစ်ခုကြားမှာ အမုန်းတွေ၊ အကြောက်တွေနဲ့ရှေဆက်ကြရင် ကြာရင်သီးခြားဖြစ်ပြီး စီးပွားရေးအရ အများကြီးထိခိုက်သွားလိမ်မယ်”

ဒီဇင်ဘာ ၁၇ ရက်နေ့ထုတ် Favourite News Jouurnal အတွဲ (၃) အမှတ် (၁၇၉) တွင်ပါရှိသော “လူအဖွဲ့အစည်းနှစ်ခုအကြား အငြိုးအမုန်း တွေပွားနေရင် ကြာရင်သီးခြားစီဖြစ်ပြီး စီးပွားရေးပြိုလဲသွားလိမ့်မယ်” သတင်းမှ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ဦးလှစော ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

------------------------------------------------------

“လက်ပံတောင်းတောင်ကိစ္စနဲ့ပတ်သက်လို့ ပြည်သူတွေရဲ့ဆန္ဒကို နားထောင်ရမှာပါ။ တဘက်ကလည်းနိုင်ငံတကာရဲ့ ဆန္ဒကို ပြန်ကြည့်ရမှာပါ။ တကယ်တမ်းပြောရမယ်ဆိုရင် အာဏာသိမ်းတဲ့အစိုးရတောင်မှ အရင်အစိုးရတွေရဲ့ စာချုပ် ကိုတောင်ပစ်ပယ်လို့မရဘူး။ နှစ်ဖက်အပြန်အလှန်ကြည့်ရမှာ ပါ။ တကယ်အရးကြီးတာက သတ္တုတွေထုတ်တယ်ဆိုတဲ့ နေရာမှာ သဘာဝပတ်ဝန်းကျင်တွေကိုထိခိုက်သလား။ ဒါကိုကြည့်ရမှာပါ။ ဒါနဲ့ပတ်သက်ပြီး ကော်မရှင်လုပ်ထားပြီးဆိုတော့ ရှင်းရှင်းလင်းလင်း သိရတော့မှာပါ။”

ဒီဇင်ဘာ ၁၇ ရက်နေ့ထုတ် Favourite News Jouurnal အတွဲ (၃) အမှတ် (၁၇၉) တွင်ပါရှိသော “ပြည်ခိုင်ဖြိုးပါတီဒုတိယ ဥက္ကဋ္ဌကပြေား ပြီ ဖလက်ပံတောင်းတောင်ကိစ္စ ပြည်သူတွေရဲ့ဆန္ဒနားထောင်ရမည် ရခိုင်အရေးကိစ္စမကြီးထွားသင့်တော့ဘူး” သတင်းမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

  *************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment