Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၆.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1.    မြန်မာနိုင်ငံတွင်စိတ်ရှည်သည်းခံရန်လိုအပ်

(15 Dec 2012 ရက်စွဲပါ Asia Times online မှ Christopher O' Haro ရေးသားသော Patience a necessity in Myanmar ကိုဘာသာ ပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင်စိတ်ရှည်သည်းခံရန်လိုအပ်

(15 Dec 2012 ရက်စွဲပါ Asia Times online မှ Christopher O' Haro ရေးသားသော Patience a necessity in Myanmar ကိုဘာသာပြန်ဆို သည်)

ဦးသိန်းစိန်အစိုးရသည် ၂၀၁၁ မတ်လမှစတင်တာဝန်ယူကတည်းက လူအများအသိအမှတ်ပြုသည့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လာ ခြင်းကြောင့် ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က အရေးယူမှုများကို ယာယီရုတ်သိမ်းပေးခဲ့ကြပါသည်။ သို့သော် ပြုပြင်ပြောင်းလဲရေးပြုလုပ်ရ သောစစ်မှန်သည့် ရည်ရွယ်ချက်များမှာမူ မသဲမကွဲရှိနေဆဲဖြစ်ပါသည်။

ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသော်လည်း၊ အစိုးရအဖွဲ့အတွင်း ဖွဲ့စည်းမှုအပြောင်းအလဲများ အနည်းဆုံးသာပြုလုပ်နိုင်ခဲ့ပါသည်။ စစ်တပ် သည်အခြေခံ ဥပဒေပြောင်းလဲမှုပြုလုပ်ရန် အဆိုပြုလာမှုများကို ဗီတိုအာဏာသုံး၍ ပယ်ချနိုင်ခွင့်ရှိနေပါသည်။ စစ်တပ်သည် လွှတ်တော်တွင်၂၅% ကိုယ်စားပြုခွင့်ရရှိထားပါသည်။ အခြေခံဥပဒေတွင် အဓိကပြောင်းလဲမှုများ လုပ်ဆောင်လိုပါက လွှတ်တော်နှစ်ရပ်မှ ၇၅% အတည်ပြုချက်လိုအပ်ရာ၊ စစ်တပ်က ပြုပြင်ပြောင်းလဲရေး အဆိုပြုမှုများအတွက် ပယ်ချခွင့်အာဏာရှိနေသည်ပာု ဆိုလိုခြင်းဖြစ်ပါသည်။

ထို့အပြင် အများစုက ယေဘူယျလက်ခံထားသော ကိစ္စရပ်တစ်ခုမှာ ဦးဆောင်နိုင်ငံရေးပါတီကြီးဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ(USDP)သည် ဗိုလ်ချုပ်ကြီးပောာင်းများဖြင့် ဖွဲ့စည်းထားရာ စစ်တပ်အတွက် အားထားရမည့်အဖွဲ့ကြီးဖြစ်သည်ပာူသောအချက်ဖြစ်ပါသည်။ အဖြစ်နိုင် ဆုံးစဉ်းစား၍ရနိုင်သောကိစ္စမှာ USDP သည်ဆက်လက်ချုပ်ကိုင်ထားပြီး နိုင်ငံတကာအသိုင်းအဝိုင်းတွင် မျက်နှာကောင်းရရန် သနပ်ခါးလိမ်းခြင်း၊ စီးပွားရေးအရ အထီးကျန်မှုကိုလျှော့ချခြင်းနှင့် အရှေ့တောင်အာရှ နိုင်ငံများကြားတွင် အစိုးရမျက်နှာပန်းလှရေး ပြန်လည်ထူထောင်ခြင်းများ ဆက်လက် လုပ်ဆောင်လိမ့်မည်ဖြစ်ပါသည်။ နိုင်ငံ၏ ပုံရိပ်ကောင်းသွားရေးအတွက် လက်ရှိလည်း ထိုသို့လုပ်ဆောင်လျက်ရှိပါသည်။ နောက်ဆုံးတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ပိုမိုရရှိရေး နိုင်ငံတကာက ထောက်ခံရန် တိုင်းပြည်ကို တပ်ဆိပ်သစ်ကပ်ရေး၌ လက်ရှိအာဏာရပါတီကသာ ဆက်လက်ဦးဆောင်ဖွယ်ရှိပါ သည်။

သို့သော် လက်ရှိဖြစ်ပေါ်နေသော အမှန်တရားများသည် အကောင်းဆုံးပာု မဆိုသာသော်လည်း အပေါင်းလက္ခဏာဆောင်သော အသင့်တော် ဆုံးဖြစ်ပျက်မှုများဖြစ်ပါသည်။ အဆိုပါ ပြုပြင်ပြောင်းလဲမှုများသည် တရုတ်မပာုတ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်ပေးပါသည်။ နိုင်ငံတကာ အကူအညီများကို လမ်းဖွင့်ပေးပါသည်။ အာဆီယံ ဥက္ကဋ္ဌနေရာအတွက် လမ်းပွင့်သွားခဲ့ပါသည်။ ယခု ပြုပြင်ပြောင်းလဲမှုများကို ယခုမှအစပြုသည်ပာုရှုမြင် သင့်ပါသည်။

ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်တွင် ပြည်တွင်းမှရှယ်ယာရှင်များ ပါဝင်မှုမလိုအပ်တော့ဘဲ လူမှုအရေးအရ တာဝန်ယူမှုရှိသော နိုင်ငံခြားကုမ္ပဏီများ အတွက်လိုအပ်နေသော ဥပဒေသစ်ပင်ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ လုပ်ချင်လုပ်လာသော တရုတ်နိုင်ငံပိုင်ကုမ္ပဏီများကိုသာ မျှော်နေကြရာမှ အပြောင်း အလဲများ ဖြစ်လာပါသည်။

တိုင်းပြည်ကို ရင်းနှီးမြှုပ်နှံမှုအသစ်များ၊ အထူးသဖြင့် အရေးပါသော ဒေသတွင်း ပဲာဗီးဝိတ်အိန္ဒိယမှ ရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်ပေးခဲ့ခြင်းသည် အရှေ့တောင်အာရှတွင် ကုန်သွယ်မှုလမ်းကြောင်းများနှင့် စွမ်းအင်စင်္ကြန်များ ပေါင်းဆုံရန် ခွင့်ပြုပေးလိုက်သလို ရှိပါသည်။ အီးယူ၊ နော်ဝေနှင့် သြစတြေးလျကဲ့သို့သော နိုင်ငံစုံအဖွဲ့အစည်းများမှ လိုအပ်နေသော အကူအညီအထောက်အပံ့များ အဆိုပြုလာခြင်းသည်လည်း စီးပွားရေးနှင့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အထောက်အကူပြုပါသည်။ အစိုးရအတွင်းမှ အဖွဲ့အစည်းများ၊ အစိုးရမပာုတ်သော အဖွဲ့အစည်းများသည် တိုင်းရင်းသား ဒေသများတွင် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု ရာသီဥတုတည်ငြိမ်အောင် လုပ်ဆောင်ရာတွင် အရေးပါလှပါသည်။

အစိုးရပောာင်း မရှိတော့သည့်အချိန်၌ အာဏာအတွက်လစ်လပ်မှုရှိပြီး မတည်ငြိမ်မှုများ ဖြစ်လေ့ရှိတက်ပါသည်။ အီဂျစ်တွင် ဘော့ဇနီမူဘာရက် အလွန်နှင့် ဘောလ်ကန်နိုင်ငံများတွင် Josip Broz Tito အလွန်ဖြစ်ရပ်များကို နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ သို့မပာုတ် မြန်မာ့သမိုင်းကြောင်းကိုပင် ရိုးရိုးလေး ပြန်ကြည့်က သိနိုင်ပါသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုခန့် အစိုးရအားနည်းမှု၊ သူပုန်ထမှုများနှင့် နိုင်ငံရေးအရ ပြင်းထန်သောဖြစ်ရပ် များကြောင့် ၁၉၅၈ တွင်ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းသည့် ဖြစ်ရပ်ဖြစ်ခဲ့ ခြင်းကိုတွေ့နိုင်ပါသည်။ တစ်ဖန် ၁၉၆၂ ခုနှစ်တွင် အရပ်သားအစိုးရနှစ်နှစ် အုပ်ချုပ်အပြီး၊ အုပ်ချုပ်ရေးမထိရောက်မှုများ၊ သူပုန်ထမှုများ ဆက်လက်ဖြစ်ပေါ်ခြင်းနှင့် ရှမ်းပြည်နယ်မှ ခွဲထွက်ရန်တောင်းဆိုမှုကြောင့် စစ်တပ်ကထပ်မံ အာဏာသိမ်းခဲ့ပါသည်။

ယခု စစ်တပ်က ထိပ်မှနေ၍ တဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာသော လက်ရှိအခြေအနေကို လုပ်ငန်းစဉ်၏ အစပာုရှုမြင်သင့်ပါ သည်။ နေ့ချင်းညချင်း ဒီမိုကရေစီသည် မြန်မာနိုင်ငံမှ ဆိုးရွားသောအခြေအနေဆိုးများကို ကုစားနိုင်လိမ့်မည်ပာု ယူဆခဲ့လျှင် မှားမည်ဖြစ်ပါသည်။ အခြား နေရာအများအပြားတွင် အနောက်က လုပ်ဆောင်ပေးသော ဒီမိုကရေစီသည်လည်း အမှားတစ်ခုပင်ဖြစ်ပါသည်။ အီရတ်တွင် ဆဒန်ပာူစိန်အပြီးနှင့် ယူဂိုဆလားဗီးယားတွင် ကွန်မြူနစ်ဖွဲ့စည်းပုံပြိုကွဲအပြီး ဥပမာတို့ကိုကြည့်က သိနိုင်ပါသည်။

ယခု လုပ်ငန်းစဉ်များသည် အနာဂါတ်တွင် အမျိုးမျိုးဖြစ်လာနိုင်ပါသည်။ အဖြစ်နိုင်ဆုံး ဖြစ်လာနိုင်သည်များမှာ မပြည့်စုံသည့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများသည် အရှိန်အပာုန် ဆက်ထိန်းသိမ်းထားနိုင်မည့် ရွှေခေတ်ကို ရောက်လာနိုင်သည်။ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတိုး လာနိုင်သည်။ တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးသဘောတူညီမှုများ ပိုရလာနိုင်သည်။ (တိုက်ပွဲများ အကန့်အသတ်နှင့်ရှိနေနိုင်သည်) အစိုးရအဖွဲ့ အတွင်းပြုပြင်ပြောင်းလဲရေး သမားများ အာဏာပိုမိုရလာနိုင်သည်။ အတိုက်အခံကလျင်မြန်သော ပြောင်းလဲရေးကို တောင်းဆိုပြီးဒီမိုကရေစီ လုပ်ငန်းစဉ် များမြန်ဆန်လာခြင်းလည်းဖြစ်နိုင်သည်။ စစ်တပ်အစိုးရကို ဖယ်ထုတ်ရန်တောင်းဆိုမှုကြောင့် ပြုပြင်ပြောင်းလဲရေး သမားများနှင့် စစ်တပ် အားကောင်းလာ ကာပြုပြင် ပြောင်းလဲရေးများ ပြန်လည် နောက်ဆုတ်သွားခြင်းလည်း ဖြစ်နိုင်ပါသည်။

ဖြစ်လာနိုင်သည့် ရလဒ်များမှာ လက်ရှိအစိုးရ၊ အတိုက်အခံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့၏ လုပ်ဆောင်မှုများပေါ်တွင် မူတည်နေပါသည်။ ၎င်းတို့ လက်ရှိလုပ်ငန်းစဉ်အပေါ် မည်သို့ရှုမြင်သည်ဆိုသည့်အပေါ်တွင်လည်း မူတည်နေပါသည်။ ၎င်းတို့က သည်းခံစိတ်ရှည်ခြင်းကို လက်ကိုင်ထားရန် ဆိုကြပါသည်။ ယခု မြန်မာနိုင်ငံ၏ ကိစ္စရပ်တွင် သည်းခံစိတ်ရှည်ခြင်းသည် လိုအပ်လှပါသည်။

************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment