Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၈.၁၂.၂၀၁၂

ပြည်တွင်းသတင်း

  1. ဗပာိုဘဏ် သမ္မတလက်အောက်တွင် မရှိသင့်ကြောင်း ဦးကြည်မြင့်(လသာ)ပြောကြား
  1. ဆားလင်းကြီးကားလမ်းဘေးတွင် သပိတ်စခန်းပြန်လည်ဖွင့်လှစ်

နိုင်ငံရေးသတင်း

  1. ပထမအကြိမ် ဆဋ္ဌမလွှတ်တော်ပုံမှန်အစည်းအဝေးများကျင်းပရန်ခေါ်ယူ
  2. ရခိုင်ပြည်နယ်လွှတ်တော်တွင် ဥပဒေရေးရာ အကြံပေးအဖွဲ့ ဖွဲ့စည်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

ဗပာိုဘဏ် သမ္မတလက်အောက်တွင် မရှိသင့်ကြောင်း ဦးကြည်မြင့်(လသာ)ပြောကြား

ဗပာိုဘဏ်အနေဖြင့် သမ္မတ၏တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်မရှိသင့်ဘဲ လုံးဝလွတ်လပ်သည့် ငွေကြေးဘောဂဗေဒ ပညာရှင် ဒါရိုက်တာအဖွဲ့ လက်ထဲတွင်သာ လုပ်ပိုင်ခွင့်အပြည့်ဖြင့်ရှိသင့်ကြောင်း ဦးကြည်မြင့်(လသာ)က ပြောကြားခဲ့သည်။

ဗပာိုဘဏ်ဥပဒေကြမ်းတွင် သမ္မတမှ ဗပာိုဘဏ်အား တာဝန်ခံရမည်ပာုဖော်ပြထားရာ ဗပာိုဘဏ်အနေဖြင့် ယခင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနလက်အောက်တွင် ရှိတော့မည်မပာုတ်တော့သော်လည်း သမ္မတလက်အောက်တွင်ဆက်ရှိနေခြင်းဖြင့် အမှန်တကယ်လွတ်လပ်သော အဖွဲ့အစည်း ဖြစ်လာဦးမည်မပာုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဗပာိုဘဏ်ဥပဒေကြမ်းအရ သမ္မတ၏တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ဆက်လက်ထားရှိမည့် ဗပာိုဘဏ်အနေဖြင့် ငွေကြေးမူဝါဒ၊ ဘတ်ဂျက်မူဝါဒများချမှတ်ရာတွင် သီးခြားလွတ်လပ်စွာဆောင်ရွက်နိုင်ရန် ခက်ခဲနေဦးမည်ဖြစ်သည့်အတွက် ဗပာိုဘဏ်ဥပဒေသီးခြားလွတ်လပ်စွာ ရပ်တည်နိုင်ရန် ပြင်ပမှကျွမ်းကျင်ပညာရှင်များ ဖိတ်ခေါ်၍ အကြံဉာဏ်များရယူကာ သီးခြားလွတ်လပ်ခွင့်ရရေး အဆင့်ဆင့်လုပ်ဆောင်သင့်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင်းသို့ မကြာမီကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာတော့မည်ဖြစ်သည့်အတွက် Production၊ Trading၊ Manufacturing နှင့် Servicing လုပ်ငန်းများတိုးတက်လာသည်နှင့်အမျှ ဘဏ်များ၊ ငွေကြေးဝန်ဆောင်မှုများလိုအပ်လာမည်ဖြစ်သည့်အပြင် အလားအလာကောင်းသောမြို့များတွင် ဘဏ်များတိုးချဲ့ဖွင့်လှစ်သွားရန်၊ ဘဏ်ကျွမ်းကျင်ဝန်ထမ်းများ လုံလောက်စေရန်၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်းများကို စဉ်ဆက်မပြတ်တိုးမြှင့်ရန်နှင့် သမဝါယမ ဘဏ်ဒါရိုက်တာများအနေဖြင့် ဘဏ်ဝန်ထမ်းများအား ဘဏ်၏ Share Holder များဖြစ်လာစေရန် တိုက်တွန်းလိုကြောင်း သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးစေတီလမ်းရှိ ဆီဒိုးနားပာိုတယ်၌ ကျင်းပပြုလုပ်ခဲ့သော သမဝါယမ ဘဏ်လီမီတက်(အများနှင့်သက်ဆိုင်သော ဘဏ်ကုမ္ပဏီလီမတီတက်)၏ ၂၀၁-၂၀၁၂ ဘဏ္ဍာရေးနှစ် နှစ်ကတ်လည် အထွေထွေအစည်းအဝေး၌ ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းများတည်ငြိမ်နိုင်စေရေးအတွက် ဗပာိုဘဏ်မှ နှုန်းရှင်စနစ်ဖြင့် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်အနက် ၁၆ ဘဏ်ကို နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း သိရသည်။

                YC

-----------------------------------------------------------------------------------------------------

ဆားလင်းကြီးကားလမ်းဘေးတွင် သပိတ်စခန်းပြန်လည်ဖွင့်လှစ်

လက်ပန်တောင်းတောင်ဒေသ၊ ဆားလင်းကြီးကားလမ်းဘေး၊ တုံရွာထိပ်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့က ဆရာတော် ဦးစန္ဒာသီရိ ဦးဆောင်၍ သပိတ်စခန်းပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ သပိတ်စခန်းအား သံဃာ ၁၀ ပါး၊ ဒေသခံပြည်သူ ၂၅၀ ခန့်ဖြင့် ပြန်လည်စတင်လိုက်ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့က အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထိုသို့ ပြန်ဖွင့်ခဲ့ခြင်းဖြစ်သည်။

ကြေးနီစီမံကိန်း လုံးဝရပ်တန့်ရန်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က သပိတ်စခန်းဖြိုခွင်းသူများအား အရေးယူရန်နှင့် စီမံကိန်းအား လုံးဝဖျက်သိမ်းပေးရန်ဟူသော အချက်(၃)ချက်ကို အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ယင်းနေ့ နေ့ လည် ၂ နာရီတွင် ပြည်ထဲရေးဝန်ကြီးဋ္ဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်မြင့်က တရားဝင်စာတင်ပြီးမှသာ သပိတ်စခန်းပြန်လည်ဖွင့်လှစ်ရန် လာရောက်ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပန်တောင်းတောင်ဒေသ ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် ဖွင့်လှစ်ထားသော သပိတ်စခန်းများအား ဖြိုခွင်းမှုကြောင့် သံဃာတော်အပါး ၁၀၀ ကျော်ထိခိုက်ခဲ့မှုနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၁၅ ရက်နေ့က သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်သော အစိုးရအဖွဲ့က မန္တလေးမြို့ အတုလဝေယံကျောင်းတော်ကြီးတွင် ဝန်ချတောင်းပန်ပွဲပြုလုပ်ခဲ့သည်။ ထိုတောင်းပန်ပွဲသို့ ဒေသခံသံဃာများအား ဖိတ်ကြားခြင်း မရှိခဲ့သော်လည်း ဒေသခံသံဃာများနှင့် ပြည်သူများက ယင်းဝန်ချ တောင်းပန်ပွဲကို ကြိုဆိုကြောင်းသိရသည်။

                                                                                                           YC

***********************************************************************************

နိုင်ငံရေးသတင်း

ပထမအကြိမ် ဆဋ္ဌမလွှတ်တော်ပုံမှန်အစည်းအဝေးများကျင်းပရန်ခေါ်ယူ

ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆဋ္ဌမလွှတ်တော်ပုံမှန်အစည်းအဝေးများ ပြန်လည်ကျင်းပနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များအား ပြန်လည်ခေါ်ယူကြောင်း ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၆ နှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နှင့်  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၅ နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ တို့အရ ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ပထမအကြိမ် ပြည်သူ့လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် နံနက် ၁၀း၀၀ နာရီတွင်ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာချက်အမှတ်(၄/၂၀၁၂)ကိုထုတ်ပြန်ကြေညာခဲ့သည်။

နောက်ဆုံးအကြိမ် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည်။

YC

-----------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ်လွှတ်တော်တွင် ဥပဒေရေးရာ အကြံပေးအဖွဲ့ ဖွဲ့စည်း

ရခိုင်ပြည်နယ်၌ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ပြုလုပ်သော ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသာညွန့်က ဦးဆောင်ပြီး ဥပဒေပညာရှင် ကိုးဦးပါဝင်သော ဥပဒေရေးရာ အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

ဥပဒေရေးရာအကြံပေးအဖွဲ့ ဖွဲ့စည်းနိုင်ရန် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထိန်လင်းကိုယ်တိုင် အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်၏ သဘောတူညီချက်ရယူကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လွှတ်တော်၏ အဓိကတာဝန်မှာ ဥပဒေပြုရေးဖြစ်ပြီး အချို့ကိစ္စများတွင် အကြံပေးပုဂ္ဂိုလ်များလိုအပ်မည်ဖြစ်သောကြောင့် ယခုကဲ့သို့ ဥပဒေရေးရာအကြံပေးအဖွဲ့ ဖွဲ့စည်းရခြင်းဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးရာကော်မတီလည်း ရှိပြီး ယင်းကော်မတီ၏တာဝန်များအဖြစ် ဥပဒေမူကြမ်းများရေးဆွဲရာတွင် ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မှုရှိမရှိ၊ အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ ဥပဒေ၊ စာချုပ်များပါ သဘောတူညီချက်များနှင့် ကိုက်ညီမှုရှိမရှိနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှုရှိမရှိတို့ကို စစ်ဆေးညှိနှိုင်းရန် တာဝန်ပေးအပ်ထားသည်။

                                                                                                                       YC

**********************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ 

“FDI တွေဝင်လာဖို့ မျှော်လင့်နေကြတာပဲလေ။ လေ့လာနေတဲ့ နိုင်ငံတကာ စီးပွားရေးသမားတွေလည်း အများကြီးပါပဲ။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ အားလုံးမျှော်လင့်နေကြတဲ့ FDI Law တွေလည်း အငြင်းအခုံများစွာနဲ့ ထွက်လာပြီပဲ။ ပြောချင်တာ ဥပဒေတွေဘယ်လောက်ပျံ့နေပါစေ တခြားလိုအပ်ချက်တွေလည်း အများကြီးရှိနေပါသေးတယ်။ တကယ်ရင်းနှီးမြှုပ်နှံတွေ လာစေချင်တယ်ဆိုရင် အခြေခံအဆောက်အအုံပိုင်းကအစ နိုင်ငံတကာအဆင့်ရောက်အောင် လုပ်ရမယ်။ လုပ်အားခသက်သာရုံနဲ့တော့ ရင်းနှီးမြှုပ်နှံသူတွေက စိတ်မဝင်စားဘူး။ နောက်အရေးကြီးတာတွေက နိုင်ငံသားတွေလိုပဲ ခံစားခွင့် အပိုင်းတွေ ပေးသင့်တဲ့နေရာတွေ ပေးသွားရမယ်။ နောက်ဆုံး အရေးကြီးတာကတော့ ပြည်တွင်းငြိမ်းချမ်းမှုနဲ့ နိုင်ငံရေးအရ လုံခြုံမှုအပိုင်းပဲ။ ဒါကတော့ မြင်သာပါတယ်။ စစ်ဖြစ်နေတဲ့ နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မှမလုပ်ကြပဲ”

ဒီဇင်ဘာ ၂၀ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၈) အမှတ် (၄၉) တွင်ပါရှိသော “အပြောင်းအလဲများ၊ ဆန္ဒပြတောင်းဆိုမှုများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခြေလှမ်း” သတင်းမှ ဝါရင့်နိုင်ငံရေးသမား ဦးဘတင့်ဆွေ ၏ပြောကြားချက်အားကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------

“ဒါသမ္မတကြီးကိုယ်တိုင် လုပ်ခိုင်းတဲ့ပွဲပါ၊ ယုံကြည်မှုကိုတည်ဆောက်ကြတဲ့ပွဲပါ။ ဒဏ်ရာရကိုယ်တော်တွေ ကိုယ်တိုင်သဘောတူလက်ခံလို့ ဒီလို တောင်းပန်ပွဲကြီးဖြစ်လာတာပါ”

ဒီဇင်ဘာ ၂၀ ရက်နေ့ထုတ် Venus News Journal အတွဲ (၄) အမှတ် (၂၂) တွင်ပါရှိသော “ဒဏ်ရာရ သံဃာတော်များကို သမ္မတရုံးဝန်ကြီး နှင့်အဖွဲ့ အစိုးရကိုယ်စား ဝန်ချတောင်းပန်” သတင်းမှ ပြည်တွင်းငြိမ်းချမ်းမှုဖော်ဆောင်ရေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၏ ပြောကြား ချက်အားကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------

“ကျွန်တော့အမြင်ပြောရရင်တော့ ပိတ်ရက်တွေနည်းနည်းများနေတယ် ထင်ပါတယ်။ နိုင်ငံတကာပိတ်ရက်တွေသေချာ မသိရပေမယ့် ဒီမှာတော့ နည်းနည်းများတယ်လို့ထင်တယ်။ နိုင်ငံခြားမှာပေးတဲ့ ပိတ်ရက်ဆိုတာက ခွင့်တစ်လပေးတာမျိုးကိုဆိုလိုတာ။ တစ်နှစ်ပတ်လုံး အလုပ်ကြိုးစားကြလို့ ပေးတဲ့ခွင့်ရက်ရှည်ဖြစ်ပြီးတော့ ပိတ်ရက်သတ်မှတ်တာမျိုးလည်းမဟုတ်ပါဘူး။ ဒီလိုပိတ်ရက်မျိုးကိုတော့ ဥရောပနိုင်ငံတွေနဲ့ အမေရိကန် နိုင်ငံတွေလို မျိုးက ကျင့်သုံးပါတယ်။”

ဒီဇင်ဘာ ၂၀ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၈) အမှတ် (၄၉) တွင်ပါရှိသော “မြန်မာနိုင်ငံ၏ တရားဝင်အစိုးရရုံးပိတ်ရက်များသည် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက သိသာစွာများပြား” သတင်းမှ ဦးထင်အောင်ကျော် ၏ပြောကြားချက်အားကောက်နှုတ်ချက်။

  *************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment