Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၄.၁၂.၂၀၁၂

ပြည်တွင်းသတင်း

  1. AEC အားယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံအတွင်း အများပိုင်ကုမ္ပဏီအများအပြား ပေါ်ပေါက်လာရန်လိုအပ်
  2. တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ ဖြားယောင်းသွေးဆောင်မှုကြောင့် မြန်မာကုန်သည်များနစ်နာဆုံးရှုံးလျက်ရှိ
  3. ဘဏ္ဍာရေးနှစ်ကုန်ဆုံးရန် သုံးလကျန်သော်လည်း ခုနစ်နှစ် အတွင်း နိုင်ငံတကာသို့ဆန်တင်ပို့မှု အများဆုံးဖြစ်လာ
  4. မြန်မာနိုင်ငံနယ်စပ်နှင့်အချက်အချာဒေသများတွင် စက်မှုဇုန်သစ် ခုနစ်ခုတည်ထောင်မည်

နိုင်ငံရေးသတင်း

  1. လွှတ်တော် ကော်မတီနှစ်ရပ်ပေါင်း၍ ကေအိုင်အေ နှင့်ငြိမ်းချမ်းရေး အမြန်ဆောင်ရွက်နိုင်ရန် အဆိုတင်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

AEC အားယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံအတွင်း အများပိုင်ကုမ္ပဏီအများအပြား ပေါ်ပေါက်လာရန်လိုအပ်

အာဆီယံစီးပွားရေးအသိုက်အဝန်း(AEC)ဖြစ်ပေါ်လာပါက အာဆီယံဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် ပြည်တွင်းရှိကုမ္ပဏီများအနေဖြင့် ပြည်ပလုပ်ငန်းရှင်ကြီးများနှင့်ပူးပေါင်း၍ စီးပွားရေးကော်ပိုရေးရှင်းများဖြင့် အများပိုင်ကုမ္ပဏီများ တည်ထောင်နိုင်ရန် အထူးလိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ကုန်သည်/စက်မှုအသင်းချုပ်၌ ကျင်းပခဲ့သည့် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးရေးဘဏ်လီမီတက်၏ ၂၀၁၁-၂၀၁၂ နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိကစီးပွားရေးအခန်းကဏ္ဍ မြင့်တက်လာနိုင်စေရေးအတွက် အရည်အသွေးရှိအများပိုင်ကုမ္ပဏီများ အများအပြား ပေါ်ပေါက်လာရန်လိုအပ်သည့်အပြင် နိုင်ငံတော်အနေဖြင့်လည်း ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်လာရေး၊ ငွေကြေးမူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒများ ဖြစ်ပေါ်လာနိုင်စေရေး ဆောင်ရွက်လျက်ရှိသည့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အစုရှယ်ယာဈေးကွက် ပေါ်ပေါက်လာမည်ဆိုပါက အများပိုင် ကုမ္ပဏီများတည်ထောင်၍ ရှယ်ယာရောင်းချနိုင်ပါက နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်းမွန်ဆုံးဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် အများပိုင်ကုမ္ပဏီများကို တိုးချဲ့ဖွဲ့စည်းလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ငါးနှစ်ကျော်သက်တမ်းရှိပြီဖြစ်သည့် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမီတက်(GLAD) ကုမ္ပဏီ၏ နှစ်စဉ်အမြတ်ဝေစု ခွဲဝေပေးနိုင်မှုများကိုလည်း အထူးအလေးထားဂုဏ်ယူမိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် ASEAN-China, ASEAN-Japan, ASEAN-India, ASEAN-Korea စသည့် ဒေသဆိုင်ရာစီးပွားရေးနယ်ပယ်များဖြစ်သည့် လွတ်လပ်သောကုန်သွယ်မှုဒေသ(CFTA)များတွင် ပါဝင်သည့်အလျောက် နိုင်ငံစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများအတွက်  ကုန်သွယ်မှုအပိုင်းကို အဓိကထားကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထိုသို့ကြိုးပမ်းဆောင်ရွက်မှုများကြောင့် မြန်မာ နိုင်ငံ၏ကုန်သွယ်မှုကဏ္ဍသည် နှစ်စဉ်တိုးတက်များပြားလာကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်အနေဖြင့် ပုဂ္ဂလိကကုမ္ပဏီများ၊ အရင်းအနှီးစုဆောင်း လုပ်ဆောင်နိုင်ရန် အများပိုင်ကုမ္ပဏီများ အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရေးအတွက် နိုင်ငံတော်မှ ပျိုးထောင်ပေးလျက်ရှိကြောင်း သိရသည်။

YC

------------------------------------------------------------------------------------------------

တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ ဖြားယောင်းသွေးဆောင်မှုကြောင့် မြန်မာကုန်သည်များနစ်နာဆုံးရှုံးလျက်ရှိ

တရုတ်နိုင်ငံသို့ကုန်ပစ္စည်းများတိုက်ရိုက်တင်ပို့ပါက ဈေးပိုပေးမည်ဖြစ်ကြောင်း တရုတ်စီးပွားရေးလုပ်ငန်းရှင်များမှ နည်းအမျိုးမျိုးဖြင့် ဖြား ယောင်းသွေးဆောင်ပြောကြားခဲ့သော်လည်း အမှန်တကယ်တင်ပို့သောအခါ ဈေးလျှော့၍ဝယ်ယူမှုများကြောင့် မြန်မာလုပ်ငန်းရှင်များ ဆုံးရှုံးနစ်နာလျက် ရှိကြောင်း သိရသည်။

တရုတ်လုပ်ငန်းရှင်များက မြန်မာနိုင်ငံရှိ ကုန်ပစ္စည်းများဝယ်ယူရာတွင် ကချင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသော စစ်ပွဲများကိုအကြောင်းပြ၍ မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှုများအပေါ် တရားမဝင်ဝယ်ယူလျက်ရှိသည့်အပြင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ စကားမတည်ဘဲ လိုသလို ပြောင်းလဲ အသုံးချမှုများကြောင့် မြန်မာကုန်သည်များအနေဖြင့် ငွေကြေးဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ တရုတ်စီးပွားရေးလုပ်ငန်းရှင်များမှ ဈေးပိုပေးမည်ပာု မက်လုံးပေးမှုများကြောင့် မြန်မာကုန်သည်များမှ ပြည်တွင်းထွက်ကုန်စည်များကို ဈေးနှုန်းပိုပိုသာသာပေး ဝယ်ယူ၍ တရုတ်နိုင်ငံသို့တင်ပို့ရောင်းချရာတွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက ဈေးနှုန်းလျှော့ချဝယ်ယူခဲ့ကြကြောင်းသိရ သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၉၈၅.၄၂၄ သန်းရှိကြောင်းသိရသည်။ တရုတ်နိုင်ငံသို့ မြန်မာ့ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ တရုတ်နိုင်ငံမှတင်သွင်းသည့် သွင်းကုန်တန်ဖိုးထက် အမေရိကန်ဒေါ်လာ ၆၅၈.၃၇၂ သန်း ပိုမိုမြင့်မား လျက်ရှိကြောင်းသိရသည်။

                                  YC         

------------------------------------------------------------------------------------------------

ဘဏ္ဍာရေးနှစ်ကုန်ဆုံးရန် သုံးလကျန်သော်လည်း ခုနစ်နှစ် အတွင်း နိုင်ငံတကာသို့ဆန်တင်ပို့မှု အများဆုံးဖြစ်လာ

ပြည်ပနိုင်ငံများသို့ဆန်တင်ပို့မှုသည် ဒီဇင်ဘာလအထိ ဆန်တင်ပို့မှုတန်ချိန် ၈၇၄၀၀၀ ကျော်တင်ပို့မှုကြောင့်  အမေရိကန် ဒေါ်လာ ၃၄၃ သန်း ကျော်ရရှိထားပြီဖြစ်၍ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန်သုံးလကျန်နေသော်လည်း လွန်ခဲ့သည့် ခုနစ်နှစ် ဘဏ္ဍာရေးနှစ်တနှစ်လုံးတင်ပို့မှုထက် ကျော်လွန်နေကြောင်းကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။

ဆန်များကိုပင်လယ်ရေကြောင်းသာမက နယ်စပ်ကုန်သွယ်ရေးစခန်းများကပါ တင်ပို့ခွင့်ပြုထားကြောင်း အများဆုံးဝယ်ယူသည့်နိုင်ငံများမှာ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် အာဖရိကနိုင်ငံများကို တင်ပို့လျှက်ရှိကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့်လည်း ဆန်တန်ချိန်ကို ငါးသိန်းအထိ တိုးကာဝယ်ယူမည်ဖြစ်ကြောင်းကိုလည်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း အသင်းချုပ်ဥက္ကဋ္ဌဦးချစ်ခိုင်က ပြောကြားကြောင်းသိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပနိုင်ငံများသို့ဆန်တန်ချိန် ၅၂၇၀၀၀ တန်ချိန် တင်ပို့မှုကြောင့် အမေရိကန် ဒေါ်လာ ၁၉၄ ဒသမ ၆၈၀ သန်းရရှိခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်ဆန်တန်ချိန် တစ်သန်းခွဲအထိ တင်ပို့နိုင်ရန်စီစဉ်လျှက်ရှိ ကြောင်းသိရသည်။

၂၀၁၁ နှစ်အတွင်း ကမာ့္ဘဆန်တင်ပို့မှုအများဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် အဆင့် ၈ တွင်သာ ရပ်တည်လျှက်ရှိပြီး ယခု ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတကာသို့ ဆန်တန်ချိန်တစ်သန်းခွဲတင်ပို့နိုင်ပါက ဥရုဂွေး၊ ကမ္ဘာဒီးယားနှင့် ဘရာဇီးလ် နိုင်ငံတို့ကိုပင် ကျော်တက်ကာ အဆင့် ၅ တွင် ရောက်ရှိနိုင်ကြောင်းသိရသည်။

YC

--------------------------------------------------------------

မြန်မာနိုင်ငံနယ်စပ်နှင့်အချက်အချာဒေသများတွင် စက်မှုဇုန်သစ် ခုနစ်ခုတည်ထောင်မည်

ထိုင်း-မြန်မာနယ်စပ်၊ တရုတ်-မြန်မာနယ်စပ်အပါအဝင် ရခိုင်ပြည်နယ်၊ နေပြည်တော်နှင့်  မန္တလေးတိုင်းဒေသကြီး တို့တွင်စက်မှုဇုန်သစ် ခုနစ်ခုကို တည်ထောင်သွားမည်ဖြစ်ကြောင်း  ဒီဇင်ဘာ ၁၇ ရက်နေ့တွင်ကျင်းပသော မြန်မာ-ထိုင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးကပြေားကြား ကြောင်းသိရသည်။

စက်မှုဇုန်သစ်များကို နေပြည်တော်တပ်ကုန်း၊ မန္တလေးတိုင်းဒေသကြီတံတားဦး၊ ရခိုင်ပြည်နယ်ပုဏ္ဏားကျွန်ုး၊ တရုတ်-မြန်မာနယ်စပ် မူဆယ်နှင့် ထိုင်း-မြန်မာနယ်စပ်ဖြစ်သော ကရင်ပြည်နယ်ရှိ မြဝတီ၊ ဘုရားသုံးဆူနှင့် ဘားအံတို့တွင် တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။ ယခုအချိန်တွင် ဘားအံ စက်မှုဇုန်မှာ အကောင်အထည်ဖော်ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။

ကရင်ပြည်နယ် ဘားအံ၊ မြဝတီနှင့် ဘုရားသုံးဆူဒေသများရှိ စက်မှုဇုန်များတွင် ထိုင်းနိုင်ငံရှိစက်ရုံများနှင့် မူဆယ်စက်မှုဇုန်များတွင် တရုတ်နိုင်ငံမှ စက်ရုံများအဓိက ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ကြောင်းကို ကုန်သွယ်မှု လုပ်ငန်းရှင်များကသုံးသပ်ထားကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်တည်ဆောက်ထားသောစက်မှုဇုန်များတွင် တစ်ဝက်လောက်သည် လုပ်ငန်းအပြည့်အဝလုပ်ကိုင်မှုမရှိဘဲ မြေကွက်များဝယ်ယူကာ ဈေးကစားသည့်အနေအထားတွင်ရှိပြီး ကျန်တစ်ဝက်လောက်သာ လုပ်ငန်းကိုအပြည့်အဝလည်ပတ်လျှက်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံရှိပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စက်မှုဇုန်ပေါင်း ၃၀ ဇုန်အထိရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန် ၁၄ ဇုန်အထိရှိပြီး စက်မှုဇုန်အများဆုံးတည်ရှိသောဒေသ ဖြစ်ကြောင်းသိရသည်။

 YC

***********************************************************************************

နိုင်ငံရေးသတင်း

လွှတ်တော်ကော်မတီနှစ်ရပ်ပေါင်း၍ ကေအိုင်အေ နှင့်ငြိမ်းချမ်းရေး အမြန်ဆောင်ရွက်နိုင်ရန် အဆိုတင်မည်

အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်ကေအိုင်အေတို့အကြား တိုက်ပွဲများရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ထိရောက်စွာနှင့် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန်အတွက် အဆိုတင်သွင်းသွားမည်ဖြစ်ကြောင်းကို အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီအတွင်းရေးမှုး ဦးခက်ထိန်က ပြေားကြားကြောင်းသိရသည်။

ယင်းအဆိုကို ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ပြည်သူများ၏ပြောဆိုချက်များကို ကွင်းဆင်းလေ့လာပြီး စုစည်းတင်ပြထားခြင်းဘ ဖြစ်ကြောင်း၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ တိုင်းရင်းသားရေးရာကော်မတီနှစ်ရပ်ပေါင်း၍ လာမည့်လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်သွားမည်ဖြစ်ကြောင်းကို ၎င်းကဆက်လက်ပြောကြားကြောင်းသိရသည်။

လက်ရှိပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆွေးနွေးရာ၌ အပစ်အခတ် ရပ်စဲရေးကို ပထမအဆင့်အနေဖြင့်လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ဒုတိယအဆင့်အနေဖြင့် နယ်မြေဒေသလုံခြုံရေးနှင့်ဖွံ့ဖြိုးရေးကို လုပ်ဆောင်ရမည် ဖြစ်ကာနောက်ဆုံးအဆင့်အနေဖြင့် တိုင်းရင်းသားအားလုံးပါဝင်သောအစည်းအဝေးကို ပြုလုမ်ဖြစ်ကြောင်းသိရသည်။  ကေအိုင်အေ အနေဖြင့်မူ နိုင်ငံရေးအရညှိနှိုင်းမှု ပြုလုပ်ပြီးမှသာအပစ်အခတ်ရပ်စဲရေးကို သဘောတူမည်ဖြစ်ကြောင်း သိရသည်။

အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တို့သည် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလတွင် နှစ်ဖက်အပစ်အခက်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့သော်လည်း ၂၀၁၁ ဇွန်လ ၁ ရက်နေ့ မှ စတင်ကာနှစ်ဖက် တပ်များတိုက်ပွဲဖြစ်ပွားမှုကြောင့် သဘောတူညီမှု ပြက်ပြယ်ခဲ့ရသည်။

YC

**********************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ 

“ငယ်ငယ်က အစိုးရဝန်ထမ်းလုပ်ဖို့ စိတ်ကူးခဲ့တယ်။ ဒါပေမယ့် တစ်ကယ်တမ်းကျတော့ အပြင်ဝန်ထမ်းပဲလုပ်ဖြစ်ခဲ့တယ်။ လူငယ်တွေစိတ်ထဲ ကိုယ့်တိုင်းပြည်အတွက်ရှိမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့်လည်း အစိုးရဝန်ထမ်းလုပ်ဖို့ကျတော့ ယုံကြည်ချက်တွေကင်းမဲ့သွားတယ်။”

ဒီဇင်ဘာ ၂၄ ရက်နေ့ထုတ် The Street View Journal အတွဲ (၁) အမှတ် (၅၀) တွင်ပါရှိသော “လူငယ်များ၏ မျှော်မှန်းချက်များနှင့် ၂၀၁၃”သတင်းမှ ပြင်ပရေနံကုမ္ပဏီတွင် လုပ်ကိုင်နေသော ကိုဇော်ထက်ဝင်း ၏ပြောကြား ချက်အားကောက်နှုတ်ချက်။

--------------------------------------------------------------------------------

“တပ်မတော်အနေနဲ့ အဏုမြူနည်းပညာကို လူအများသေစေမယ့် လက်နက်များဖန်တီးထုတ်လုပ်ဖို့ မဟုတ်ဘဲ လူအများအတွက် အကျိုးရှိစေမယ့် ငြိမ်းချမ်းစွာအသုံးပြုနိုင်သော ဆေးပညာနယ်ပယ်၊ တက္ကသိုလ်ဓာတ်ခွဲခန်းများမှာ သုတေသနပြုတဲ့ သိပ္ပံပညာနယ်ပယ်၊ စွမ်းအင်ဆိုင်ရာ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲရေးနယ်ပယ်တွေမှာ အသုံးချနိုင်ဖို့လိုအပ်တဲ့ လေ့လာသင်ယူမှုတွေ စမ်းသပ်မှုတွေကိုလည်း နိုင်ငံတကာစံနှုန်းများနဲ့ ဆောင်ရွက်သွားကြမှာ ဖြစ်တယ်။”

ဒီဇင်ဘာလ ၂၅ ရက်နေ့ထုတ် True News Journal အတွဲ (၅) အမှတ် (၁၂) တွင်ပါရှိသော “နျူကလီးယားကို ငြိမ်းချမ်းစွာ အသုံးပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား” သတင်းမှ ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ၏ပြောကြားချက် အားကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------

“စစ်မှန်တဲ့ပြည်ထောင်စုကို ထူထောင်တဲ့နေရာမှာ အာဏာရမှဆိုတာက သူ့အယူအဆပါ။ ကောင်းတယ်၊ မကောင်းဘူးဆိုတာ မပြောချင်ပါဘူး။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD အနိုင်ရလို့ရှိရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းဆိုရင်တော့ မလွယ်ပါဘူး။ ဒါပေမယ့် အခြေခံဥပဒေဆိုတာကို လူတွေပဲရေးဆွဲတာဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရစေချင်ရင် ပြင်ချင်ပြင်မှာပေါ့။ မဖြစ်စေရင်လည်း မဖြစ်ဘူးပေါ့။”

ဒီဇင်ဘာလ ၂၅ ရက်နေ့ထုတ် True News Journal အတွဲ (၅) အမှတ် (၁၂) တွင်ပါရှိသော “ဒေါ်အောင်ဆန်းစုကြည် အာဏာလိုချင်သည်ဟု ပြောဆိုသည့်အပေါ် သူတို့အမြင်” သတင်းမှ အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း ၏ပြောကြားချက် အားကောက်နှုတ်ချက်။

  *************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment