Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၄.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဇန်နဝါရီလတွင် မြန်မာနိုင်ငံ၌ နိုင်ငံတကာစီးပွားရေးကွန်ဖရင့်ကျင်းပမည်

(24 December 2012 ရက်စွဲပါ Daily Yomiuri Online မှ Intel economic meet in Myanmar set for Jan ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာ-ကချင်စစ်ပွဲများ အရှိန်မြင့်

(23 December 2012 ရက်စွဲပါ Bangkok Post မှ Myanmar-Kachin War escalator ကိုဘာသာပြန်ဆိုသည်)

  1. ယမာဟာက မြန်မာနိုင်ငံတွင် အရောင်းစင်တာဖွင့်ရန် စီစဉ်

(23 December 2012 ရက်စွဲပါ Japan Times မှ Yamaha Plans Myanmar Sales unit ကိုဘာသာပြန်ဆိုသည်)

  1. အခြေခံအဆောက်အဦး ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံရန် အိန္ဒိယကို မြန်မာဖိတ်ခေါ်

(Indo-Asian News မှ 23 Dec 2012 ရက်စွဲပါ “Myanmar seeks Indian Investment in Infrastructure”  သတင်းကို ဘာသာပြန်ဆိုသည်)

  1. ထားဝယ်စီမံကိန်း အရွယ်အစားကိုမြန်မာဖက်မှ လျှော့ချလို

(Bangkok Post မှ 19 Dec 2012 ရက်စွဲပါ “Myanmar wants to Scale down Dawei” သတင်းကို ဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

ဇန်နဝါရီလတွင် မြန်မာနိုင်ငံ၌ နိုင်ငံတကာစီးပွားရေးကွန်ဖရင့်ကျင်းပမည်

(24 December 2012 ရက်စွဲပါ Daily Yomiuri Online မှ Intel economic meet in Myanmar set for Jan ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် နိုင်ငံတကာ ကွန်ဖရင့်တစ်ခုကို မြန်မာနိုင်ငံ နေပြည်တော်တွင် ဇန်နဝါရီလ ၁၉-၂၀ ၌ ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးကကြေညာပါသည်။

နှစ်ရက်တာဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံနှင့် အခြားနိုင်ငံမှ ဝန်ကြီးအဆင့်တာဝန်ရှိသူများ တက်ရောက်ရန်ရှိပြီး မြန်မာအစိုးရက ၎င်း၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို ရှင်းပြမည်ဖြစ်ပါသည်။

မြန်မာအစိုးရတာဝန်ရှိသူများသည် တရားဝင်လုပ်ဆောင်နိုင်သည့် မူဝါဒစည်းမျဉ်းများနှင့် အခြားလိုအပ်သော ကိစ္စများကို အခြားတက်ရောက်သူ များနှင့်ဆွေးနွေးမည် ဖြစ်ကြောင်းအဆိုပါ တာဝန်ရှိသူက သောကြာနေ့က ပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံသည် ယခုအပတ် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဦးဆောင်သော အစိုးရအဖွဲ့အသစ်တက်အပြီးတွင် မြန်မာနိုင်ငံသွားရောက်မည့် ကိုယ်စားလှယ်အဖွဲ့ကိုဆုံးဖြတ်မည် ဖြစ်ပါသည်။

နိုင်ငံတကာ၌ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုတိုးတက်နေရာ ဂျပန်နိုင်ငံကလည်း သင့်တော်သောလုပ်ဆောင်မှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းကပြောပါသည်။

-----------------------------------------------------------------------------------

မြန်မာ-ကချင်စစ်ပွဲများ အရှိန်မြင့်

(23 December 2012 ရက်စွဲပါ Bangkok Post မှ Myanmar-Kachin War escalator ကိုဘာသာပြန်ဆိုသည်)

တိုင်းရင်းသားကချင်သူပုန်များနှင့် မြန်မာစစ်တပ်ကြားတိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် ထွက်ပြေးကြရသော အရပ်သားများအတွက် ယာယီစခန်းများတွင်ကြောက်ရွံ့မှုများ၊ အခက်အခဲများ ပိုမိုတိုးပွားလာစေသည်ဟု တနင်္ဂနွေနေ့က သတင်းများတွင် ဖော်ပြထားပါသည်။

မြန်မာတိုင်းမ်က ကချင်သူပုန်များ၏ သတင်းအရင်းအမြစ်ကို ကိုးကားဖော်ပြရာတွင် KIA ၏ဌာနချုပ် လိုင်ဇာ၏ တောင်ဖက်နှင့် တရုတ်-မြန်မာနယ်စပ်ရှိ ကချင်ပြည်နယ်မြောက်ပိုင်းမြို့ဖြစ်သည့် ပန်ဝါတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းဆိုပါသည်။

“နေ့စဉ်တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ စိတ်ပျက်စရာပါပဲ” ဟု ထိုင်းနိုင်ငံအခြေစိုက် National Council of the Union of Burma မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမြင့်သိန်း ကပြောပါသည်။

ကချင်သူပုန်ခေါင်းဆောင်များက ကချင်ပြည်နယ်တွင် တိုက်ပွဲများမြင့်တက်လာခြင်းနှင့် ပတ်သက်၍ မြန်မာစစ်တပ်မှ သဘောထားတင်းမာသည့် အရာရှိများကို အပြစ်တင်ခဲ့ပါသည်။

“လိုင်ဇာအနီးမှာ မြန်မာစစ်တပ်ကအင်အား (၄၀၀) လောက်နဲ့ ပန်ဝါအနီးမှာ အင်အား (၅၀၀) လောက်ရှိတယ်လို့ ကျွန်တော်တို့ သတင်းရရှိထားပါတယ်” ဟု မြင့်သိန်းက ပြောပါသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့မှစပြီး တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်သည် ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ရှိခဲ့ကြောင်းကချင်သူပုန်များ၏ သတင်းများအရ သိရှိရပါသည်။

အဆိုပါ ဂျာနယ်တွင် တရားဝင်အကူအညီပေးရေးအဖွဲ့ဖြစ်သည့် Kachin Baptist Convention မှ တာဝန်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ဖော်ပြရာတွင် ပန်ဝါအနီးရှိ ဒုက္ခသည်စခန်းများသို့တိုက်ပွဲများ နီးကပ်လာပါက ထွက်ပြေးကြရဦးမည်ကို စိုးရိမ်ကြောင်းဖော်ပြထားပါသည်။

“လူတွေကကြောက်နေကြတယ်၊ ဘာလို့လဲဆိုတော့ တိုက်ပွဲတွေက သူတို့စခန်းနားကို နီးလာလို့ ဖြစ်ပါတယ်” ဟု ၎င်းကပြောပါသည်။

---------------------------------------------------------------------------------------------------

ယမာဟာက မြန်မာနိုင်ငံတွင် အရောင်းစင်တာဖွင့်ရန် စီစဉ်

(23 December 2012 ရက်စွဲပါ Japan Times မှ Yamaha Plans Myanmar Sales unit ကိုဘာသာပြန်ဆိုသည်)

Yamaha Mortor Co သည် လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ မော်တော်ဆိုင်ကယ်ရောင်းချရေး ယူနစ်တစ်ခုထူထောင်မည်ဖြစ်ကြောင်း ဥက္ကဌ Hiroyuki Yanagi ကကြေညာပါသည်။

ကုမ္ပဏီသည် လက်ရှိအားဖြင့် မြန်မာနိုင်ငံတွင်တစ်နှစ်ဆိုင်ကယ်ရောင်းချရမှုမှာ ထောင်ဂဏန်းသာရှိပြီး ဒေသဆိုင်ရာကိုယ်စားလှယ်များမှ တဆင့်ရောင်းချရခြင်းဖြစ်ပါသည်။ သို့သော် Yamaha သည် ယခုနွေဦးတွင် ကိုယ်စားလှယ်ရုံး ရန်ကုန်တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။

“လာမယ့်နှစ်မှာနောက်တစ်ဆင့်တက်လှမ်းသွားမှာပါ” ဟု Yanagi က Iwata ရှိ ကုမ္ပဏီဌာနချုပ်တွင် ပြုလုပ်သော မီဒီယာ အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

Yanagi က ပြောကြားရာတွင်လက်ရှိ မြန်မာနိုင်ငံ၌ စက်ရုံတည်ထောင်ရန်မလိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ် တင်သွင်းမှု အတွက် အခွန်အလွန်နည်းပါးကြောင်း ၅% နှုန်းသာရှိကြောင်း ပြောပါသည်။

------------------------------------------------------------------------------------------------------

အခြေခံအဆောက်အဦး ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံရန် အိန္ဒိယကို မြန်မာဖိတ်ခေါ်

(Indo-Asian News မှ 23 Dec 2012 ရက်စွဲပါ “Myanmar seeks Indian Investment in Infrastructure”  သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ အခြခံအဆောက်အဦစနစ်နှင့် ဓါတ်အားစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းကို အိန္ဒိယစီးပွားရေး လောကသို့ ကမ်းလှမ်းလိုကြောင်း နယူးဒေလီရောက် မြန်မာသမ္မတက ပြောကြားလိုက်ပါသည်။

ထို့အပြင် လယ်ယာစိုက်ပျိုးရေးစကဏ္ဍမှ ရွေးချယ်စရာခွင်များကိုလည်း လေ့လာစေလိုကြောင်း အိန္ဒိယစက်မှုလုပ်ငန်းရှင်အသင်းက စီစဉ်သော ဆွေးနွေးပွဲတွင် သမ္မတဦးသိန်းစိန် ကဖိတ်ခေါ်ခဲ့သည်။

“အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်း ဆက်ကြောင်းဟာ အိန္ဒိယအစိုးရရဲ့ အကူအညီနဲ့ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေအထိ ရောက်အောင်ဆက်သွယ်မှာဖြစ်လို့ ဒေသတွင်းဆက်သွယ်ရေး၊ ကုန်သွယ်ရေးကိုသေချာပေါက်အထောက်အကူဖြစ်စေမှာပါ” ဟု ဦးသိန်းစိန်က ပြောကြားသည်။

ဦးသိန်းစိန်က မြန်မာနိုင်ငံ၏ စွမ်းအင်နယ်ပယ်တွင် ရင်းနှီးမျြုပ်နှံကြရန် အိန္ဒိယစီးပွားရေး ဦးဆောင်ကုမ္ပဏီများကို တိုက်တွန်းခဲ့ပြီး၊ အိန္ဒိယစက်မှုလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ အေဒီဂေါ့ဒရေ ကလည်း အိန္ဒိယ မြန်မာ စီးပွားရေးဆက်ဆံမှု ခိုင်မာစေမည့် အချက်ငါးချက်ပါ အစီအစဉ်ကို ပြန်လည်အဆိုပြုခဲ့သည်ဟု သိရှိရသည်။

နှစ်နိုင်ငံအကြားယဉ်ကျေးမှုနှင့် ကုန်သွယ်မှုကဏ္ဍအဆက်အသွယ်ကိုအားပေးရန်၊ ဓါတ်အားနှင့် ရထားလမ်းကဏ္ဍများတွင် ပူးပေါင်းလုပ်ကိုင်မှု တိုးမြှင့်အားပေးရန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အဆင်ပြေချောမွေ့စေမည့် ဘဏ်လုပ်ငန်းသဘောတူညီချက်များရရှိရန် ခရီးသွားလုပ်ငန်းနှင့် ကွန်ပျူတာဆော့ဖ်ဝဲကဲ့သို့ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရာ၌ အပြန်အလှန်ထိတွေ့ဆက်ဆံမှုကိုအားပေးရန် မြန်မာနိုင်ငံမှ မန်နေဂျာများကို  အိန္ဒိယ စီးပွားရေးလောက အကောင်းဆုံးစင်တာများသို့ ဖိတ်ကြားရန် စသည်တို့ကို အေဒီဂေါ့ဒရေ က အဆိုပြုခဲ့ပါသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုသည် ဖြေးဖြေးမှန်မှန်တိုးတက်လျက်ရှိပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၃၄၇.၄ သန်းဖြင့် အိန္ဒိယသည် မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံး ကုန်သွယ်ဖက်အဖြစ်ရပ်တည်နေသည်ဟု တရားဝင်ကိန်းဂဏန်းများအရ သိရှိရသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် မြန်မာသည် အိန္ဒိယသို့ဒေါ်လာ ၁၀၄၆ သန်းဖိုးတင်ပို့ကာ ယခင်နှစ်ထက် နှစ်ဆယ်ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အိန္ဒိယက မြန်မာသို့ ဒေါ်လာ ၃၂၄.၅ သန်းဖိုးတင်ပို့ကာ ယခင်နှစ်ထက် ၆၆.၅ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပါသည်။ မြန်မာနိုင်ငံဖက်မှ လယ်ယာ နှင့်သစ်တောထွက်ကုန်များတင်ပို့ခဲ့ပြီး အိန္ဒိယနိုင်ငံဖက်မှ သံနှင့် သတ္တုထွက်ကုန်များ၊ ဆေးဝါးများ၊ ပို့ဆောင်ရေးပစ္စည်းကိရိယာများ၊ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ ပြန်လည်တင်ပို့ခဲ့သည်။

-----------------------------------------------------------------------------------------------

ထားဝယ်စီမံကိန်း အရွယ်အစားကိုမြန်မာဖက်မှ လျှော့ချလို

(Bangkok Post မှ 19 Dec 2012 ရက်စွဲပါ “Myanmar wants to Scale down Dawei” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံက ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်၏ အရွယ်အစားကို လျှော့ချလိုသော်လည်း ထိုသို့လျှော့ချခြင်းကြောင့် ဆက်စပ် စီမံကိန်းများ၏ လုပ်ခွင့်သာမှုအပေါ် ထိခိုက်လာမည်ကို ထိုင်းနိုင်ငံက စိုးရိမ်နေပါသည်။

မြန်မာနိုင်ငံက ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုံ၏ဧရိယာ အရွယ်အစားကို ၂၀၄.၅ စတုရန်း ကီလိုမီတာမှ ၁၅၀ စတုရန်းကီလိုမီတာသို့  လျှော့ချလိုကြောင်း ဝန်ကြီးချုပ်ယင်လပ်ရှင်နာဝပ်ထရာ၏ ယခင်အပတ်ထားဝယ်ခရီးစဉ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု ထိုင်းပို့ဆောင်ရေးဝန်ကြီး ချတ်ချပ်ဆီတီပေါင်က ပြောကြားသည်။

ယင်းသို့အရွယ်အစားလျှော့ချမှုကြောင့် စီမံကိန်းပင်မကန်ထရိုက်တာ အီတာလျံထိုင်း ကုမ္ပဏီကို ထိခိုက်နိုင်သည်ဟု ဆိုသည်။

ဧရိယာသေးငယ်သွားမှုသည် စီမံကိန်းတစ်ခုလုံး၏ သွင်ပြင်လက္ခဏာကို ထိခိုက်နိုင်ဖွယ်ရှိသောကြောင့် ဖြစ်နိုင်ချေ အကျိုးဆက်အားလုံးကို ပထမဦးဆုံးစွာလေ့လာရဦးမည်ဖြစ်၍ မြန်မာနိုင်ငံ၏အဆိုပြုမှုကို ထိုင်းဖက်မှ မတုန့်ပြန်ရသေးဟု ဝန်ကြီးကပြောကြားသည်။

သမ္မတဦးသိန်းစိန်က ထားဝယ်စီမံကိန်းသို့ ပင်လယ်ရပ်ခြားမှ အထူးသဖြင့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံသည် နှစ်ရှည်ချေးငွေ ရင်းမြစ်များရှိသည့် အပြင်ဆိပ်ကမ်းများ၊ လမ်းများစသော အခြေခံအဆောက်အဦးစနစ်များ ရင်းနှီးမြှုပ်နှံရာတွင် မှတ်တမ်းကောင်းရှိထားသောကြောင့် ထားဝယ်စီမံကိန်းများကို ကြီမားစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ယင်လပ်၏ ထားဝယ်ခရီးစဉ်တွင် ပြောကြားခဲ့သည်ဟု သိရှိရသည်။

ထားဝယ်စီမံကိန်းနှင့်သက်ဆိုင်သည့် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအတွင်းမှ ဆက်စပ်စီမံကိန်းများ၏ တန်ဖိုးသည် ဘတ်ငွေ ၇၅ ဘီလီယံနီးပါး ကုန်ကျမည်ဖြစ်ပြီး နော့သ်ဘူရီခရိုင် ဘန်ယိုင်ဒီစတြိတ် နှင့် ကန်ချနာဘူရီခရိုင် ဆက်သွယ်သော ဘတ်ငွေ ၄၅ ဘီလီယံ ကုန်ကျမည့် ကားလမ်း၊ ကန်ချနာဘူရီမှ ထိုင်း-မြန်မာ နယ်စပ် ဘန်နမ်ဖူရောင် ကျေးရွာသို့ဆက်သွယ်သော ဘတ်ငွေ ၁၀ ဘီလီယံကုန်ကျမည့်ကားလမ်းတို့ ပါဝင်ကြောင်း ဝန်ကြီးကရှင်းလင်းပြောကြားသည်။

ထို့အပြင် ထိုင်း-မြန်မာ နယ်စပ်မှ ထိုင်းအရှေ့ဖက်ကမ်းရိုးတန်းသို့ ချိတ်ဆက်မည့် ဘတ်ငွေ ၂၀ ဘီလီယံတန် ရထားလမ်းလည်း ပါဝင်ဦးမည်ဟု သိရသည်။

နယ်စပ် ဘန်နမ်ဖူရောင်ကျေးရွာနှင့် ကန်ချနာဘူရီ ခရိုင်ကိုဆက်မည့် ကားလမ်းသည် ယခုတိုင် အတည်မပြုနိုင်သေးသော စီမံကိန်းအသေးစိတ် နောက်ဆုံးအချက်အလက်များပေါ်တွင် မူတည် နေသည်ဟု ထိုင်းပို့ဆောင်ရေးဝန်ကြီး ချတ်ချပ်ဆီတီပေါင် ကပြောကြားသည်။

           **********************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment