Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဆရာနေဝင်းမောင်၏ သမိုင်းကိုရေးသားကြသူများသို့

 ******************************************************************************

ကွယ်လွန်သူ ဒေါက်တာနေဝင်းမောင်အား ဂုဏ်ပြုမော်ကွန်းရေးထိုး မှတ်တမ်းတင်ခြင်း မြန်မာအီးဂရက်စ်ကို တည်ထောင်သူတစ်ဦးဖြစ်သည့် ဒေါက်တာ နေဝင်းမောင်သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် အစောပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးအထူးကြပ်မတ် ကုသဆောင်တွင် ကွယ်လွန် သွားခဲ့ပါသည်။ ဒေါက်တာနေဝင်းမောင်သည် မြန်မာနိုင်ငံ၏ အဓိကနိုင်ငံရေးအင်အားစုကြီးနှစ်ခုလုံးက မသိရှိခဲ့ကြသော တတိယလမ်းကြောင်းတစ်ခုကို ဖောက်ခဲ့သူအဖြစ် လူသိများသည်။ ဒေါက်တာနေဝင်းမောင်မှာအင်စတီကျူးရှင်းများကသာ ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်ကို မောင်းနှင်နိုင်လိမ့်မည်ဟု ယုံကြည်ယူဆသူ ဖြစ်သည့်အလျှောက် ၎င်းအမြဲတမ်းရေးသား ပြောဆိုလေ့ရှိသည့် လူမပြောင်းစနစ်ပြောင်းဆိုသည့် အမြင်အပေါ်ပြည်တွင်း၊ ပြည်ပမှ ဝေဖန်တိုက်ခိုက်မှုများ အမြဲတမ်း လိုလို ခံရလေ့ရှိသည်။

သို့သော် ယနေ့အချိန်အခါတွင် ဒေါက်တာနေဝင်းမောင် ကြိုတင်နမိတ်ဖတ်ခဲ့သော ရွေးကောက်ပွဲကသာ လမ်းကြောင်းမှန် ဖြစ်ကြောင်း အဖြေထွက်ခဲ့ပြီ ဖြစ်ပါသည်။ ရန်ကုန်ခရော်နီကယ်အနေဖြင့် အချို့သောကိစ္စရပ်များတွင် မြန်မာအီးဂရက်စ်၊ The Voice Weekly တို့နှင့် အမြင်ချင်း မတူသည့်တိုင် ဒေါက်တာ နေဝင်းမောင်၏ တစ်ဦးချင်း အရည်အသွေး၊ တိုင်းပြည်အပေါ်ထားရှိသည့် စေတနာနှင့် ရိုးသားမှုဟူသည့် ဂုဏ်သရေမှာ မြန်မာနိုင်ငံတစ်ခုလုံးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံတွင် အပြောင်းအလဲ၏ ဖခင်ကြီးဖြစ်ကြောင်း ဂုဏ်ပြုမော်ကွန်း ရေးထိုးအပ်ပါသည်။ ဒေါက်တာနေဝင်းမောင်အတွက် အမှတ်တရ ဖွင့်လှစ်ထားသော The Memorial of Dr.Nay Win Maung Facebook စာမျက်နှာမှ “ ဆရာနေဝင်းမောင်၏ သမိုင်းကိုရေးကြသူများ” ဆိုသည့် ဆောင်းပါးတစ်ပုဒ်ကို ကူးယူဖော်ပြ ဂုဏ်ပြုအပ်ပါသည်။

ဆောင်းပါးကဏ္ဍ 

ဆရာနေဝင်းမောင်၏ သမိုင်းကိုရေးသားကြသူများသို့

ပြည်ပနိုင်ငံရေးအင်အားစု အချို့အနေဖြင့် ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်တိုးတက်လျှက်ရှိသည့် အပေါင်းလက္ခဏာဆောင်သော နိုင်ငံရေး ဖြစ်ထွန်းမှု များကို  ရွေးကောက်ပွဲမတိုင်မီကာလများ၌ အနာဂတ်တွင်ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်းကောင်းများအဖြစ် မမျှော်လင့်ခဲ့ကြ၍ ဆရာနေဝင်းမောင်နှင့် တတိယအင်အားစုများ ယုံကြည်လက်ခံသော ရွေးကောက်ပွဲနှင့် ဆန္ဒမဲပေးရေးကို ဆန့်ကျင်မှု ပြုခဲ့ကြသည်။ ဆရာနေဝင်းမောင်အနေဖြင့် နိုင်ငံရေးအရ၊ ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံ၍ သူ၏ယုံကြည်ရာ လမ်းကြောင်းဖြစ်သော ရွေးကောက်ပွဲရေး ဆန္ဒမဲပေးရေး လှုပ်ရှားမှု(I Vote Campaign) များကို စိတ်စွမ်းအား၊ ကိုယ်စွမ်းအား တတ်စွမ်းသမျှ လုပ်ဆောင်ခဲ့သည်။ တစ်ဖက်တွင်လည်း ဆရာနေဝင်းမောင်သည် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခင်းအကျင်းအတွက် လိုအပ်သော လူသားအရင်းအမြစ်များ တည်ဆောက်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည်။ ရွေးကောက်ပွဲအပြီးတွင်လည်း မျှော်လင့်သည့် ရလဒ်များ ထွက်ပေါ်လာမှု မရှိခဲ့စေကာမူ လွှတ်တော်များ အားကောင်းခိုင်မာပြီး လမ်းကြောင်းမှန်ပေါ် ရောက်ရှိရေး၊ မူဝါဒများ ပီပီပြင်ပြင် ဖြစ်ပေါ်လာရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှု ( Good Governance) များ ဖြစ်ပေါ်လာရေး တို့အတွက် တစိုက်မတ်မတ် ရေးသား၊ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

မိမိတို့အနေဖြင့်လည်း ဆရာနေဝင်းမောင်၏ ယူဆချက်များကို အဖြူနှင့် အမည်း၊ အမှားနှင့် အမှန်ဆိုသည်ထက် လက်တွေ့ကျသည့် လမ်းကြောင်း တစ်ခုအဖြစ် နှစ်သက်လက်ခံ၍ မိမိတို့နှင့်နီးစပ်ရာ အသိုင်းအဝိုင်းများကို ရွေးကောက်ပွဲနှင့် ဆန္ဒမဲပေးရေးများတွင် ပါဝင်လာစေရန် စည်းရုံးလှုံ့ဆော်ခဲ့ကြပြီး သူနှင့် အတူ ရပ်တည်ခဲ့ကြပါသည်။ ယနေ့ နိုင်ငံရေးအရ တိုးတက်မှုများဖြစ်သည့် ပထမအကြိမ် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ရရှိလာခြင်း၊ သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုများမှတဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ ဝင်လာခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုများ ပြုလုပ်နိုင်ခဲ့ခြင်း၊ ဒုတိယအကြိမ် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်တွင်  ဦးဇာဂနာကဲ့သို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများ ပိုမို လွတ်မြောက်လာခြင်း၊ မြန်မာနိုင်ငံကို နှစ်ပေါင်းအတော်ကြာ ပိတ်ဆို့အရေးယူထားသော နိုင်ငံကြီးများနှင့် အပေါင်းလက္ခဏာဆောင်သော ဆက်ဆံရေးများ တိုးတက်ဖြစ်ထွန်းလာခြင်း စီးပွားရေးအရ တိုးတက်မှုများဖြစ်သည့်  ပင်စင်လစာများ တိုးတက်ရရှိ လာခြင်း၊ မလိုလားအပ်သည့် အခွန်အခများ လျော့ကျသွားခြင်း၊ မော်တော်ယာဉ် အဟောင်းများနှင့် အသစ်များ လဲလှယ်ခွင့်နှင့် တင်သွင်းခွင့်များ ရရှိလာခြင်း၊ အစိုးရနှင့် မီဒီယာအကြား ဆက်ဆံရေးများ တိုးတက်ဖြစ်ထွန်းလာပြီး ပွင့်လင်းမြင် သာမှုများ ပိုမိုရရှိလာခြင်း စသည် တို့သည် ဆရာနေဝင်းမောင်၏ ရေးသား၊ လှုံဆော်၊ သင်ကြား၊ အကြုံပြု ၊ ဆွေးနွေး ကြိုးပမ်းမှုများအပေါ်တွင် များစွာ မူတည်ခဲ့သည်ဟု မိမိတို့ အလေးအနက်ယုံကြည်ပါသည်။ ထို့ပြင် ဆရာနေဝင်းမောင် သည် မကွယ်လွန်မီ အချိန်ကလေး၌ပင် The Voice Weekly ၂၀၁၂ ဟောကိန်း စာမူဖြင့်  နှစ်သစ်တွင် ဖြစ်ပေါ်လာမည့်  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို အချက်အလက် ကျစွာ ကြိုတင် တွက်ဆ ရေးသားသွားခဲ့ပါသည်။

အကယ်၍သာ ရွေးကောက်ပွဲမတိုင်မီကာလများက ဆရာနေဝင်းမောင်ကို နိုင်ငံရေးအရ၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လိုသူများ၏ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုများ အောင်မြင်သွားခဲ့လျှင်လည်းကောင်း၊ ရွေးကောက်ပွဲရလဒ်ကို  စိတ်ပျက်၍ နိုင်ငံရေးကို ကျောခိုင်းခဲ့ကြလျှင်လည်းကောင်း ယနေ့ ဖြစ်ပေါ်တိုးတက်လျက်ရှိသော နိုင်ငံရေး ဖြစ်ထွန်းမှုများလည်း ရရှိနိုင်လိမ့်မည်မဟုတ်ဘဲ အသွင်ပြောင်းထားသော စစ်အာဏာရှင်စနစ် သက်ဆိုးရှည်သွားဖွယ်ရာ ရှိနိုင်ပါသည်။ နိုင်ငံရေးတွင် အမည်းရောင်မှအဖြူရောင်သို့ ကူးပြောင်းရသောကာလ၌ ဖြတ်သန်းရသည့် မီးခိုးရောင်အဆင့်တွင် ကြုံတွေ့ရမည့် သိမ်မွေ့ခက်ခဲမှု များကို နားလည်နိုင်စွမ်းမရှိလျှင်  အဖြူနှင့်အမည်း နှိုင်းယှဉ်၍ ဝေဖန် ပြစ်တင်ရန် လွယ်ကူပါသည်။ သို့ရာတွင် ဆရာနေဝင်းမောင်သည် ထိုကဲ့သို့ နားလည်နိုင်ရန် သိမ်မွေ့ခက်ခဲသော ကိစ္စရပ်များကို ခြုံငုံစဉ်းစားပြီး အနိုင်ရရှိသည့် လူပုဂ္ဂိုလ်ထက် မူဝါဒ၏စနစ်က မောင်းနှင်မည့် ဖြစ်နိုင်ခြေရှိသည့် အပြောင်းအလဲများကို မျှော်တွေး၍ ရွေးကောက်ပွဲရလဒ်ကို စိတ်ပျက်အားလျော့ခြင်းမရှိဘဲ သူ့အပေါ် ဝေဖန်တိုက်ခိုက် လာမှုများကို ကြံ့ကြံ့ခံရင်း လွှတ်တော်များ လမ်းကြောင်းမှန်ပေါ် ရောက်ရှိရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှု( Good Governance)များ ဖြစ်ပေါ်လာစေရန်အတွက် အားသစ်လောင်းပြီး ရေးသား ကြိုးပမ်းခဲ့ပြန်ပါသည်။ ထိုသို့ ဝေဖန်တိုက်ခိုက် မှုများကို တိုင်းပြည်နှင့်လူမျိုးအတွက်ဟူသော သူ၏ “တစ်ချောင်းတည်းသောစိတ်” ဆိုသည့် ခိုင်မာသည့် ယုံကြည်မှု တစ်ခုတည်း ဖြင့်သာ ကြံ့ကြံ့ခံ ရင်ဆိုင်၍ ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

                ရွေးကောက်ပွဲ ပြီးပြီးချင်း ရလဒ်များအရ ရွေးကောက်ပွဲမှာ အငြင်းပွားဖွယ်ရာ ကိစ္စရပ်တစ်ခုအဖြစ်သာ ရှုမြင်နိုင်ခဲ့သော်လည်း ယနေ့ ဖြစ်ပေါ်တိုးတက် နေသော နိုင်ငံရေးဖြစ်စဉ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဲ့သို့သော အဓိက နိုင်ငံရေးအင်အားစုကြီးတစ်ခုက  ရွေးကောက်ပွဲ လမ်းကြောင်းမှာ လက်တွေ့ ကျသည့်ကိစ္စဟု ယူဆ၍ ပါတီကို ပြန်လည်မှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ချိန်တွင် ရွေးကောက်ပွဲ လမ်းကြောင်းမှာ မှန်သည်၊မှားသည် ဆိုသည့် အငြင်းပွားမှု ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ရွေးကောက်ပွဲလမ်းကြောင်းကသာ ဒီမိုကရေစီရေးနှင့် ပြည်သူလူထုအတွက် လက်တွေ့ကျသည့် ထွက်ပေါက် ဖြစ်ကြောင်း ငြင်းခုံစရာ မလိုအောင်ပင် သက်သေပြနိုင်ခဲ့ပြီ ဖြစ်ပါသည်။

ရွေးကောက်ပွဲ မတိုင်မီ ကာလများနှင့် ရွေးကောက်ပွဲပြီးပြီးချင်း လွှတ်တော်များနှင့် မူဝါဒဆိုင်ရာများ လမ်းကြောင်းမှန်ပေါ် မရောက်သေးသည့် ကာလများတွင် ဆရာနေဝင်းမောင်ကို နိုင်ငံရေးအရ၊ လူပုဂ္ဂိုလ် ရေးအရ ဝေဖန်တိုက်ခိုက် ရေးသားထားမှုများမှာ ယခုအချိန်တွင် ဒီမိုကရေစီရေးနှင့် ပြည်သူလူထု အတွက် ရွေးကောက်ပွဲဆိုသည့် လက်တွေ့ကျသော နိုင်ငံရေးအရွေ့တစ်ခုကို အင်တိုက်အားတိုက် စတင်တွန်းခဲ့သူမှာ ဆရာနေဝင်းမောင်ဖြစ်သည်ဟူ၍ သက်သေထူရာရောက်သည့် သမိုင်းမှတ်တိုင် အဖြစ် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါသည်။ ဆရာ နေဝင်းမောင် ရုတ်တရက် ကွယ်လွန်မည်ဟု ထင်မှတ်မထားကြ၍ သူ၏ သမိုင်းမှတ်တမ်းများကို တကူးတက ပြုစုထားခြင်းမရှိသည့် မြန်မာအီးဂရက်စ်အနေဖြင့် ဆရာနေဝင်းမောင်၏ သမိုင်းမှတ်တမ်းကို မရည်ရွယ်ဘဲ ပြုစုပေးသကဲ့သို့ ဖြစ်စေခဲ့ကြသော ဆရာနေဝင်းမောင်ကို နိုင်ငံရေးအရ၊ ပုဂ္ဂိုလ်ရေးအရ ဝေဖန်တိုက်ခိုက်ခဲ့ကြသည့်  မီဒီယာများ လူပုဂ္ဂိုလ်များကို အထူးပင် ကျေးဇူး ဥပကာရ တင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

***************************************************************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၃.၁.၂ဝ၁၂

ပြည်တွင်းသတင်းများ

  1. စက်မှုမြေကွက်များ ဆောက်လုပ်ခြင်းမရှိပါက ပြန်လည်သိမ်းဆည်းမည်
  2. ပာိုတယ်ဇုန် စီမံကိန်းသစ် ၁၂ ခုဖော်ထုတ်ရန် မြေနေရာ တောင်းခံထား
  3. လျှပ်စစ်ကဏ္ဍ ပုဂ္ဂလိကပိုင်ပြုမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. လျှော့ရက်နှင့် လွတ်ငြိမ်းချမ်းသာခွင့် နိုင်ငံတော်သမ္မတ ထုတ်ပြန်ကြေညာ
  1. ဒိန်းမတ်ဝန်ကြီးတစ်ဦး မြန်မာနိုင်ငံသို့ လာရောက်မည်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

********************************************

ပြည်တွင်းသတင်းများ

စက်မှုမြေကွက်များ ဆောက်လုပ်ခြင်းမရှိပါက ပြန်လည်သိမ်းဆည်းမည်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ စက်မှုမြေကွက်များကို ခြောက်လအတွင်း ဆောက်လုပ်ခြင်း မရှိပါက နိုင်ငံတော်မှ ပြန်လည်သိမ်းဆည်း သွားမည်ဖြစ်ကြောင်း စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှ သတင်းထုတ်ပြန် ကြေညာခဲ့သည်။

၎င်း ထုတ်ပြန်ကြေညာချက်၌ ယခုကြေညာချက်ထုတ်ပြန်ပြီး သုံးလအတွင်း မြေကွက်ပိုင်ရှင်အနေဖြင့် မိမိပိုင်မြေကွက်ကို ခြံစည်းရိုးခတ်ပြီး ခြောက်လ အတွင်း စက်ရုံအဆောက်အအုံ ဆောက်လုပ်ရန် ညွှန်ကြားထားပြီး ဆောက်လုပ်ရန် သတ်မှတ်ထားသည့် ရက်ပြည့်ပါက သက်ဆိုင်ရာမှ စစ်ဆေးမှုပြုလုပ်ကာ စည်းကမ်းချက်လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက မြေကွက်ဝယ်ယူခွင့်ကို ပယ်ဖျက်၍ ပေးသွင်းထားသည့် စက်မှုမြေကွက်တန်ဖိုးကို ပြန်လည်ထုတ်ပေးသွားမည်ဟု စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှ သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ စက်မှုမြေကွက် ပြန်လည်သိမ်းဆည်းမည်ဆိုသည့် ထုတ်ပြန်ချက်များကြောင့် ၎င်းမြေများကို ဝယ်ယူစုဆောင်းထားသူများမှ အခြား အမှန်တကယ် အလုပ်လုပ်ကိုင်မည့်သူများကို ပြန်လည်ရောင်းချမှုများ ရှိနေကြောင်း စက်မှု မြေကွက်ဝယ်ယူထားသူတစ်ဦးက ပြောကြားခဲ့သည်။

မြေကွက်ပြန်လည် သိမ်းဆည်းမည်ဆိုသည့် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ “အစိုးရသစ်လက်ထက်မှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေက တရှိန်ထိုး ဝင်ရောက်လာတယ်။ ဒါ့အပြင်နိုင်ငံတော်က စက်မှုဇုန်တွေ အများအပြားထူထောင်ပေးနေတော့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရှိလာနိုင်ပါတယ်။ မြေကွက်ဝယ်ပြီး ဘာမှမလုပ်ဘဲ ဒီအတိုင်းပစ်ထားမယ်ဆိုရင်တော့ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး” ပာု ပြောကြားခဲ့သည်။

                YC

-----------------------------------------------------------------------------------------------------------------------------------

 ပာိုတယ်ဇုန် စီမံကိန်းသစ် ၁၂ ခုဖော်ထုတ်ရန် မြေနေရာ တောင်းခံထား

မြန်မာနိုင်ငံ ပိာုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းမှ ပိာုတယ်ဇုန်စီမံကိန်းသစ် ၁၂ ခုဖော်ထုတ်နိုင်ရန် သက်ဆိုင်ရာသို့ မြေနေရာ တောင်းခံထားကြောင်း ပိာုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် နေပြည်တော်ဇုန်၊ ရန်ကုန်ဇုန်၊ တောင်ကြီးဇုန်၊ ငွေဆောင်ဇုန်၊ ချောင်းသာဇုန်၊ မန္တလေးဇုန်၊ ရခိုင်ဇုန်၊ မော်လမြိုင်ဇုန်၊ ပဲခူးဇုန်၊ ပုဂံဇုန်၊ ရွှေတြိဂံဇုန်ပာူ၍ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီး(အင်းလေး)တွင် ပိာုတယ်ဇုန် အသစ်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ တာချီလိတ်နှင့် ကျိုင်းတုံ ဒေသများတွင် ပိာုတယ်ဇုန်များ ဆောက်လုပ်ရန် မြေနေရာမရှိသည့်အတွက် ဝန်ကြီးဌာနသို့ ၎င်းမြေနေရာ အနေအထားအခြေအနေများကို စာတင်ပို့ထားကြောင်း ရွှေတြိဂံဇုန်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ပိာုတယ်ဇုန်အသစ်များ ပြုလုပ်ဖော်ဆောင်ရာတွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ သဘောတူညီမှုများကို ရယူရမည်ဖြစ်ပြီး ပိာုတယ် ဇုန်အသစ်များ ဆောက်လုပ်ခြင်းအားဖြင့် ဒေသခံတိုင်းရင်းသားပြည်သူလူထု၏ စီးပွားရေးအလုပ်အကိုင်များ ပိုမိုရရှိလာမည်ဖြစ်သည့်အပြင် ကျေးလက်နေ လူမှုဘဝများလည်း မြင့်မားလာစေနိုင်မည်ဖြစ်ကြောင်း ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ပိာုတယ်လုပ်ငန်းများ၌ ပြည်ပရင်းနှီးမြှုပ်နှံမှုများမှာ ၂၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်ရှိလာခဲ့ပြီး ယခု ၂၀၁၂ ခုနှစ်အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ယခုထက်ပိုမိုဝင်ရောက်လာပါက သန်းပေါင်း ၁၅၀၀ ဝန်းကျင်အထိမြင့်တက်သွားနိုင်ဖွယ်ရှိကြောင်း ပိာုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ပာိုတယ်လုပ်ငန်းများ၌ ပြည်ပရင်းနှီးမြှုပ်နှံမှုများမှာ စင်္ကာပူနိုင်ငံသည် စီမံကိန်း ၁၂ ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၅၉၀ ကျော်၊ ထိုင်းနိုင်ငံသည် စီမံကိန်း ၁၁ ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော်၊ ဂျပန်နိုင်ငံသည် စီမံကိန်း ခြောက်ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော်၊ ပောာင်ကောင်နိုင်ငံသည် စီမံကိန်း လေးခုအတွက် အမေရိကန်ဒေါ်လာ ၇၇ သန်းကျော်၊ မလေးရှားနိုင်ငံသည် စီမံကိန်းနှစ်ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်၊ အင်္ဂလန်နိုင်ငံသည် စီမံကိန်းတစ်ခုအတွက် အမေရိကန်ဒေါ်လာ ၃ သန်းကျော် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

              YC

-----------------------------------------------------------------------------------------------------------------------------------

 လျှပ်စစ်ကဏ္ဍ ပုဂ္ဂလိကပိုင်ပြုမည်

မြန်မာနိုင်ငံ၌ အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံတော်ပိုင်လုပ်ငန်းအချို့အား ပုဂ္ဂလိက ကဏ္ဍသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ယခုအခါ နိုင်ငံတော်မှ နှစ်စဉ်အရှုံးခံ၍ လုပ်ဆောင်လျက်ရှိသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအား မကြာမီ ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုရန် စီစဉ်နေကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံတော်မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် နိုင်ငံတော်ပိုင်အဆောက်အအုံများ၊ စက်ရုံများ၊ လုပ်ငန်းအချို့ကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးသကဲ့သို့ မကြာမီအချိန်တွင်လည်း နိုင်ငံတော်ပိုင်လုပ်ငန်း တစ်ခုဖြစ်သည့် လျှပ်စစ်ကဏ္ဍအားပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုတော့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍသည် ဝင်ငွေနှင့် ထွက်ငွေ ညီမျှမှုမရှိဘဲ နိုင်ငံတော်မှ နှစ်စဉ်အရှုံးခံ လုပ်ဆောင်နေရသည့်အတွက် နိုင်ငံတော်၏ ဝန်ပေါ့သွားနိုင်စေရန်နှင့် နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ အရှိန်အပာုန်မြှင့်တင်၍ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍအား ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့လျှပ်စစ်ကဏ္ဍ၌ လက်ရှိအချိန်ထိတိုင် ဝင်ငွေနှင့် ထွက်ငွေ မျှတမှုမရှိသေးသည့်အတွက် လျှပ်စစ်မီ တာခများကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ စတင်၍ တိုးကောက်ခံသွားမည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်းရှိ ပြည်သူများ အသုံးပြုနိုင်စေရန် လျှပ်စစ်ဓာတ်အားများကို ရေအားလျှပ်စစ်မှ ၇၂ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံများမှ ၂၀ ရာခိုင်နှုန်း၊ ရေနွေးငွေ့သုံးဓာတ်အားပေးစက်ရုံမှ ရှစ်ရာခိုင်နှုန်းနှင့် အခြားနည်းလမ်း များမှ ၀.၃ ရာခိုင်နှုန်း ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

              Ref: ကုမုဒြာ

*******************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

လျှော့ရက်နှင့် လွတ်ငြိမ်းချမ်းသာခွင့် နိုင်ငံတော်သမ္မတ ထုတ်ပြန်ကြေညာ

မြန်မာနိုင်ငံအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများနှင့် အခြားပြစ်မှုများကြောင့် အကျဉ်းကျခံနေရသူများအတွက် နှစ်ကာလလျှော့ရက်နှင့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အား နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် ၁/၂၀၁၁ ဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ (ခ)အရ နိုင်ငံတော်သမ္မတသည် ၁၃၇၃ ခုနှစ် ပြာသိုလဆန်း ၉ ရက်(၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂ ရက်) မတိုင်မီ ကျုးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီးပါက ၎င်းကဲ့သို့ ကျခံနေရသော ပြစ်ဒဏ် အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြော်ငြာစာ၌ ဖော်ပြပါရှိသည်။

၎င်း အမိန့်၌ (က) သေဒဏ်ချမှတ်စေခြင်း ခံရသူများအတွက် ထောင်ဒဏ် တစ်သက် (နှစ်အကန့်အသတ်မရှိသို့ လည်းကောင်း)၊ (ခ) ထောင်ဒဏ် နှစ် ၃၀ အထက်(နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ် တစ်သက်ကျခံနေရသည့် အကျဉ်းသားများမပါ)အား ထောင်ဒဏ် နှစ်သုံးဆယ်သို့လည်းကောင်း၊ (ဂ) ထောင်ဒဏ် နှစ် ၂၀ မှ နှစ် ၃၀ ကျခံနေရသည့် အကျဉ်းသားများအား ထောင်ဒဏ် နှစ် ၂၀ သို့ လျှော့ပေါ့ကျခံစေရန်လည်းကောင်း၊ (ဃ) ထောင်ဒဏ် နှစ် ၂၀ အောက် ကျခံနေရသည့် အကျဉ်းသားများအား ၎င်းတို့ကျခံနေရသည့် ပြစ်ဒဏ်၏ လေးပုံတစ်ပုံအား လျှော့ပေါ့ကျခံစေရန်လည်းကောင်း နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်း ချမ်းသာခွင့် လျှော့ပေါ့ခွင့်ပြုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ သမ္မတအစိုးရသစ်လက်ထက်တွင် ပထမအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် မေလ ၁၇ ရက်နေ့ တွင် ထောင်အသီးသီးမှ အကျဉ်းသား ၁၄၆၀၀ ကျော်ကိုလွှတ်ပေးခဲ့ပြီး သေဒဏ်ကျအကျဉ်းသား ၃၄၈ ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းအဖြစ် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သည်။ ဒုတိယအကြိမ် လွတ်ငြိမ်း ချမ်းသာခွင့်ကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ပေးခဲ့ပြီး ထောင်အသီးသီးမှ အကျဉ်းသား ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ကြောင်း သိရ သည်။                               

YC

-----------------------------------------------------------------------------------------------------------------------------------

 

ဒိန်းမတ်ဝန်ကြီးတစ်ဦး မြန်မာနိုင်ငံသို့ လာရောက်မည်

မြန်မာ-ဒိန်းမတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံသို့ ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး မစ္စတာ ခရစ်စတီယန်း ဖရစ်ဘာ့သည် ဇန်နဝါရီလ ၆ ရက်နေ့တွင် လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ခရစ်စတီယန်း ဖရစ်ဘာ့၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်ရှိ အစိုးရ အကြီးအကဲများအပါအဝင် မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မစ္စတာ ခရစ်စတီယန်း ဖရစ်ဘာ့သည် ဒိန်းမတ်အစိုးရ၏ ကူညီပံ့ပိုးမှုများဖြင့် ရှမ်းပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသွားမည်ဖြစ်ပြီး ၎င်းလုပ်ငန်း၌ လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည့် ဝန်ထမ်းများနှင့် လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဒိန်းမတ်နိုင်ငံသံရုံးမှ သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ဒိန်းမတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီများကို လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကပင် အကူအညီပေးလာခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းမှု နယ်ပယ်များတွင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ref: ရန်ကုန်တိုင်းမ်

*******************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- ၂၀၁၂ ခုနှစ်ရဲ့ ပုံရိပ်စာ မြန်မာနိုင်ငံသားတွေ အတွက် ပုံရိပ်ကောင်းတစ်ခုအဖြစ် အားလုံးက မျှော်လင့်လို့ ရနိုင်ပါသလား။ ဘယ်ကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲ ဖြေလျှော့ဖို့သင့်မလဲ။ အကြုံပြုပေးပါ။

ဖြေ- အခုလို အဘက်ဘက်က ပြုပြင်ပြောင်းလဲမှုတွေလုပ်ရာမှာ၊ နောက်ဥပဒေတွေအတည် မပြုခင်မှာလည်း Notification တွေနဲ့ ပြုလုပ်ဆောင်ရွက် နေတာတွေကို တွေ့ရတယ်။ မကြာခင်မှာလည်း ရေနက်ဆိပ်ကမ်းတွေ၊ SEZ တွေ ပေါ်ပေါက်လာမှာဖြစ်လို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလဲ စီးဝင်လာတော့မှာ ဖြစ်ပါတယ်။ စက်မှု ကဏ္ဍအတွက်လည်း လိုအပ်တဲ့ လျှပ်စစ်နဲ့ပတ်သက်တဲ့ MoU တွေကိုလဲ အာရှနိုင်ငံကြီးတွေနဲ့ ရေထိုးနေပြီ ဖြစ်ပါတယ်။ ဒီလိုတိုးတက်အောင် လုပ်ဆောင်ရာ မှာလည်း environmental friendly ဖြစ်ဖို့နဲ့ လုပ်ငန်းရှင်များအနေနဲ့လည်း CSR(Corporate Socal Responsibility) ကို လိုက်နာဖို့ လိုပါတယ်။

ဇန်နဝါရီ ၃ ထုတ် The Flower News အတွဲ (၈) အမှတ် (၁) တွင်ပါသည့် “ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင် အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့်တွေ့ဆုံခြင်း” မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“သူအခု ပြည်ပမှာ Schlorship ပေးနေတာတွေကို ပြည်တွင်မှာ အခြေစိုက်ပြီး အစကနေအဆုံးအထိ ထောက်ပံ့ကူညီဖို့ အစိုးရအဖွဲ့က လူကြီးတွေနဲ့ ပြောဆိုကြတယ်လို့တော့ ကြားတယ်။ အစိုးရအဖွဲ့ကလည်း ဘယ်အတိုင်းအတာထိ လုပ်ခွင့်ပေးမယ်ဆိုတာတော့မသိဘူး။ သူ့အရင်က ထောက်ပံ့ကူညီ နေတာက ပြည်ပအခြေစိုက်တဲ့သူတွေကိုဆိုတော့ အစိုးရအဖွဲ့နဲ့လည်း ဘယ်အတိုင်းအတာထိ ယုံကြည်မှုတည်ဆောက်ခွင့်ရမလဲဆိုတာ မသိဘူးပေါ့။ အကောင်းမြင်နဲ့ ကြည့်ရင် ဒီမှာ ပညာရေးအတွက် အလုပ်တွေလာလုပ်မယ်ဆိုရင်တော့ ကောင်းတာပေါ့”

ဇန်နဝါရီ ၄ ထုတ် The Myanmar Post အတွဲ (၄) အမှတ် (၁)တွင်ပါသည့် “ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံလာ ရောက်ခြင်းက မြန်မာနိုင်ငံငွေကြေး မူဝါဒအတွက် မဟုတ်ဘဲ ပညာရေးကဏ္ဍ အထောက်အပံ့ပေးနိုင်ရန် အတွက်သာဟုဆို” သတင်းမှ ပါမောက္ခ ဒေါ်ရီရီမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“တည်ဆဲဥပဒေများမှာ ဥပဒေနဲ့မညီညွတ်တဲ့ အဂိတိလိုက်စားတဲ့ စီရင်ချက်တွေချမှတ်တဲ့ တရားသူကြီးများကို အရေးယူနိုင်တဲ့ ဥပဒေမျိုး သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းထားခြင်း မရှိသေးတာကိုလည်း ကော်မတီအနေနဲ့ လေ့လာတွေ့ရှိရပါတယ်။ ဥပဒေနဲ့ မညီညွတ်တဲ့ အဂတိလိုက်စားတဲ့ တရားသူကြီးမျိုးတို့၊ ဥပဒေ ဝန်ထမ်းမျိုးတို့၊ ရှေ့နေ ရှေ့မျိုးတို့ တရားရေး အသိုင်းအဝိုင်းမှာရှိသူတွေကို အရေးယူမယ့် ဥပဒေမျိုးရေးဆွဲနိုင်ဖို့ အချက်အလက်စတင် စုဆောင်းနေပါပြီ”

ဇန်နဝါရီ ၄ ထုတ် The Myanmar Post အတွဲ (၄) အမှတ် (၁)တွင်ပါသည့် “အဂတိလိုက်စားသည့် တရားသူကြီးများကို အရေးယူနိုင်မည့် ဥပဒေပြဋ္ဌာန်းနိုင်ရန် စီစဉ်” သတင်းမှ သူရဦးအောင်ကို၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

***************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs