Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁ဝ.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. တောင်ကိုရီးယားသမ္မတ တရုတ်သို့ နိုင်ငံတော်ခရီးစဉ်အဖြစ်ရောက်ရှိ

(BBC သတင်းဌာနမှ 9 Jan 2012 ရက်စွဲပါ South Korea's Lee Myaung bak in China for state visit ကို ဘာသာ ပြန်ဆိုသည်)

  1. အမေရိကန်၏ အာရှစစ်ရေးမဟာဗျူဟာအပေါ် တရုတ်သတိပေး

(BBC သတင်းဌာနမှ 7 Jan 2012 ရက်စွဲပါ China warns US on Asia military strategy ကိုဘာသာပြန်ဆိုသည်)

*****************************************************************************

တောင်ကိုရီးယားသမ္မတ တရုတ်သို့ နိုင်ငံတော်ခရီးစဉ်အဖြစ်ရောက်ရှိ

(BBC သတင်းဌာနမှ 9 Jan 2012 ရက်စွဲပါ South Korea's Lee Myaung bak in China for state visit ကို ဘာသာ ပြန်ဆိုသည်)

တောင်ကိုရီးယားနိုင်ငံသမ္မတ လီမြောင်ဘတ်သည် ဘေဂျင်းမြို့တော်သို့ ၃ ရက်တာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလျက်ရှိကြောင်း သိရသည်။ သမ္မတ လီမြောင်ဘတ်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ဟူဂျင်တောင်နှင့် တွေ့ဆုံဆွေးနွေးမှုမပြုမီ ထိပ်တန်းဥပဒေပြုပုဂ္ဂိုလ် Wu Bangguo နှင့်တွေ့ဆုံမည်ဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်ကွယ်လွန်သွားပြီးနောက် တောင်ကိုရီးယားနှင့် တရုတ် ခေါင်းဆောင်များ ပထမဆုံးတွေ့ဆုံခြင်းဖြစ်ပြီး မစ္စတာ ဟူဂျင်တောင်က လီမြောင်ဘတ်အား နိုင်ငံတော်ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံပိုင်မီဒီယာများအဆိုအရ ဘေဂျင်းအစိုးရ အနေဖြင့် လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက်ကိစ္စနှင့် စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် ကမ်းလှမ်းဖွယ် ရှိသည်။

သမ္မတ လီမြောင်ဘတ်ကလည်း နှစ်နိုင်ငံအကြား မဟာဗျူဟာမိတ်ဖွဲ့မှုပြုလုပ်နိုင်မည့် နည်းလမ်းများနှင့် ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပူးတွဲ လုပ်ဆောင်ရမည့်အရေးကိစ္စများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်း၏သမ္မတရုံးမှ ကြေညာချက်ကဆိုသည်။ လေ့လာ စောင့်ကြည့်သူများကမူ တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားအရေးကိစ္စနှင့်ပတ်သက်၍ ဘေဂျင်းအစိုးရနှင့် အနီးကပ် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု ရယူလိုကြောင်း ပြောကြားသည်။ တရုတ်သည် မြောက်ကိုရီယား၏ ပင်မကုန်သွယ်ဘက်နှင့် မဟာမိတ်နိုင်ငံဖြစ်ပြီး ကွယ်လွန်သွားသော ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ သားဖြစ်သူ ကင်ဂျွန်အန် ခေါင်းဆောင်နေရာရရှိမှုကို ထောက်ခံထားသော နိုင်ငံလည်း ဖြစ်သည်။ ထို့ပြင် တရုတ်သည် ယခုအခါ ရပ်ဆိုင်းထားသည့် မြောက်ကိုရီးယားနျူကလီးယားစွန့်လွှတ်ရေးဆိုင်ရာ ခြောက်နိုင်ငံဆွေးနွေးပွဲ၏ ဥက္ကဋ္ဌရာထူးကို ယူထားသောနိုင်ငံလည်းဖြစ်သည်။

****************************************************************************

အမေရိကန်၏ အာရှစစ်ရေးမဟာဗျူဟာအပေါ် တရုတ်သတိပေး

(BBC သတင်းဌာနမှ 7 Jan 2012 ရက်စွဲပါ China warns US on Asia military strategy ကိုဘာသာပြန်ဆိုသည်)

ဝါရှင်တန်အစိုးရက အာရှပစိဖိတ်ဒေသအပေါ် ဖိုးကပ်စ်လုပ်သည့် ကာကွယ်ရေးဆိုင်ရာ သုံးသပ်ချက်တစ်ရပ်ကို ထုတ်ဖော်လိုက်ပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံပိုင် မီဒီယာက အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား တိုးချဲ့မှုအပေါ် သတိပေးတုံ့ပြန်လိုက်သည်။

ဇန်နဝါရီလ ၆ ရက်နေ့ ဆင်ဟွာသတင်းဌာန၏ အယ်ဒီတာ့အာဘော်တွင် အာရှဒေသတွင်း အမေရိကန်တို့ တည်ရှိမှုကို တိုးမြှင့်မည့် အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ အစီအစဉ်သည် ဒေသတွင်းတည်ငြိမ်ရေးနှင့် ကြွယ်ဝချမ်းသာရေးကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ သို့သော် အမေရိကန် စစ်ရေးတိုးချဲ့မှုက သဘောထား ဖောက်ပြန်မှုများကို ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းမှုအပေါ် အန္တရာယ်ကျရောက်စေနိုင်ကြောင်း ရေးသားဖော်ပြထားသည်။

သမ္မတအိုဘားမား၏ အစီအစဉ်အရ လာမည့် ဆယ်စုနှစ်အတွင်း ကန်တပ်ဖွဲ့ထောင်ပေါင်းများစွာကို လျှော့ချမည်ဖြစ်သည်။ ထို့ပြင် အမေရိကန် ကွန်ဂရက်က စစ်သုံးစရိတ်လိုငွေလျှော့ချမည့် အစီအစဉ်ကို သဘောတူညီမှု မရှိခဲ့ရာ ယခုနှစ်ကုန်ပိုင်းအတွင်း စစ်သုံးစရိတ် ကန်ဒေါ်လာ ၅၀၀ ဘီလီယံခန့် လျော့ကျသွားဖွယ်ရှိသည်။

အိုဘားမားက “အာဖဂန်နစ္စတန်တွင် စစ်ပွဲဒီရေကျဆင်းလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် စီးပွားရေးပါဝါကို ပြန်လည်ဆန်းသစ်ရမည် ဖြစ်ကြောင်း” ပြောဆိုထားသည်။

ဒေသတွင်းအငြင်းပွားမှုများ

မည်သို့ပင်ဆိုစေ “အာရှပစိဖိတ်ဒေသမှာ ကျွန်တော်တို့ရဲ့တည်ရှိမှုကို ဆက်လက်အင်အားကောင်းမွန်သွားအောင် ပြုလုပ်မှာဖြစ်ပြီး ဘတ်ဂျက် လျှော့ချမည့်ကိစ္စက အဆိုပါအစီအစဉ်အပေါ် သက်ရောက်မှုရှိမည်မဟုတ်ပါ” ဟု အိုဘားမားက ပင်တဂွန်တွင် သတင်းထောက်များကိုပြောကြားသည်။

ဆင်ဟွာသတင်းဌာနရေးသားချက်အရ အမေရိကန်ပြည်ထောင်စု၏ အခန်းကဏ္ဍသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအတွက် ငြိမ်းချမ်းသော ပတ်ဝန်းကျင်ဖြစ်အောင် လုပ်ကိုင်ရာတွင် ကောင်းကျိုးဖြစ်ထွန်းစေနိုင်ကြောင်း၊ တရုတ်အနေဖြင့်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

သို့သော် အမေရိကန်အနေဖြင့် အာရှပစိဖိတ်ဒေသတွင်း စစ်ဘက်ရေးရာတည်ရှိမှု မြှင့်တင်နေစဉ်ကာလအတွင်း စစ်အင်အားပြသည့် လုပ်ရပ်များကို ရှောင်ကြဉ်သင့်ကြောင်း၊ ထိုသို့အင်အားပြမှုဖြင့် ဒေသတွင်းအငြင်းပွားမှုများကို ဖြေရှင်းပေးနိုင်မည် မဟုတ်ကြောင်း ဆင်ဟွာက သတိပေး ရေးသားဖော်ပြသည်။ “အကယ်၍ အမေရိကန်ပြည်ထောင်စုကသာ အာရှဒေသတွင်း စစ်ရေးဝါဒီကျင့်သုံးမှုကို လိမ္မာပါးနပ်စွာမပြုလုပ်ပါကကြွေထည်ဆိုင်ထဲ ရောက်သည့် နွားသိုးတစ်ကောင်တစ်ဖွယ်ဖြစ်လာနိုင်သည်။ ထို့ပြင် ဒေသတွင်းတည်ငြိမ်မှုကိုအကောင်အထည်မဖော်နိုင်ဘဲ ငြိမ်းချမ်းရေးပင် ထိပါးလာနိုင်သည်” ဟု ရေးသားထားသည်။

BBC သတင်းဌာနမှ အာရှရေးရာလေ့လာဆန်းစစ်သူ Charles Scanlon က အာရှဒေသအပေါ် ဖိုးကပ်စ်ထားရန် အမေရိကန်ပြည်ထောင်စု၏ ဆုံးဖြတ်မှုသည် တရုတ်ပြည်အတွက် အံ့အားသင့်စရာဖြစ်ရပ်မဟုတ်ကြောင်းပြောကြားသည်။ မည်သို့ပင်ဆိုစေကာမူ တရုတ်ကွန်မြူနစ်ပါတီအာဘော် Global Times သတင်းစာက ဝါရှင်တန်အနေဖြင့် တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုကို ရပ်တန့်နိုင်မည်မဟုတ်ကြောင်း၊ ဘေဂျင်းအစိုးရ အနေဖြင့်လည်း အမေရိကန်ရေတပ်ကို ဟန့်တားနိုင်ရေးအတွက် တာဝေးပစ်ဒုံးကျည်များ ထပ်မံ တပ်ဆင်ထုတ်လုပ်သင့်ကြောင်း တိုက်တွန်း ရေးသားထားသည်။

************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁ဝ.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ထိုင်းသို့ သွား၍ ထားဝယ်စီမံကိန်းကိစ္စဆွေးနွေး

(The Reuters မှ 9 Jan 2011 ရက်စွဲပါ “Myanmar army Chiefs visits Thailand, Dawei project in focus” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ထားဝယ်ရေနက်ဆိပ်ကမ်း ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံစီမံကိန်း ရပ်ဆိုင်း

(Associated Press မှ 9 January 2012 ရက်စွဲပါ Myanmar cancels planned coal power plant သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာစစ်တပ်က သမ္မတ၏ အပစ်ရပ်အမိန့်ကို ဖီဆန်ဟုဆို

(Monster and Critics မှ 10 January 2012 ရက်စွဲပါ Myanmar army accused of ignoring president’s ceasefire order ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့တပ်မတော်ထိုးစစ်ကြောင့် ထွက်ပြေးရသူ ကျေးရွာသား ၆၀၀၀၀ ခန့်ရှိ

(7 Jan 2011 ရက်စွဲပါ Atiran ၏ “6000 villagers flee Burma military assault” သတင်းကို ဘာသာပြန်ဆိုသည်)

**********************************************************************************

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ထိုင်းသို့ သွား၍ ထားဝယ်စီမံကိန်းကိစ္စဆွေးနွေး

(The Reuters မှ 9 Jan 2011 ရက်စွဲပါ “Myanmar army Chiefs visits Thailand, Dawei project in focus” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီးနှင့် တနင်္လာနေ့က ရှားရှားပါးပါး တွေ့ဆုံဆွေးနွေးမှုပြုလုပ်၍ ထားဝယ်ဒေသရှိ ဒေါ်လာဘီလျံများစွာ ကုန်ကျမည့် စက်မှုဇုန်အနီးတွင် နယ်စပ်စစ်ဆေးရေးဂိတ်သစ်များ ဖွင့်လှစ်ရေးကို ဆွေးနွေးခဲ့သည်။

ယခင်တပ်မတော် အစိုးရ အကြီးအကဲပောာင်း ဗိုလ်ချုပ်မှူးကြီးပောာင်း သန်းရွှေ၏ အရေးပေးခြင်းခံရသူ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည် ထိုင်းကာကွယ်ရေးဝန်ကြီး ယူသာဆပ်ဆာဆီပရာပာာနှင့် ဘန်ကောက်တွင် တစ်နာရီကျော် တွေ့ဆုံကာ မြန်မာတို့၏ တိုင်းရင်းသားပဋိပက္ခ ပြဿနာများက ဒုက္ခပေးနေသော နယ်စပ်တစ်လျှောက် လုံခြုံရေးအပေါ် ကာလရှည်ကြာ သဘောထားကွဲလွဲခဲ့ကြသော နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးတက်စေမည့် အစီအစဉ်များကို ထုတ်ဖော်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“စီမံကိန်း ပြီးစီးချိန်တွင် အရှေ့တောင်အာရှ၌ အကြီးဆုံးဖြစ်လာမည့် ဒေါ်လာဘီလျံ ၅၀ စက်မှုစီးပွားဇုန် တည်ဆောက်နေသော ထားဝယ်နှင့် ကပ်လျက် ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနာဘူရီ ပြည်နယ်တွင် နယ်စပ် စစ်ဆေးရေးဂိတ်အသစ်များ ထပ်မံဖွင့်လှစ်ရေးသည်လည်း ဆွေးနွေးခဲ့သော ကိစ္စရပ်များထဲတွင် ပါဝင်သည်”ပာု ယူသာဆပ်က သတင်းထောက်များကို ပြောကြားသည်။

ဒေါ်လာ ၈ ဘီလျံတန် ရေနက်ဆိပ်ကမ်း၊ ရေနံချက်စက်ရုံ၊ ကျောက်မီးသွေးလောင်စာသုံးဓာတ်အားပေးစက်ရုံ၊ ရေနံဓာတုစက်ရုံလုပ်ငန်းများ ပါဝင်သော ၂၅၀ စတုရန်းကီလိုမီတာ(၉၇ စတုရန်းမိုင်) ကျယ်ဝန်းသည့် ထားဝယ်အထူးစီးပွားရေးဇုန်သည် အိန္ဒိယသမုဒ္ဒရာ ကမ်းခြေ၊ မြန်မာတောင်ဖက် ကမ်းရိုးတန်း တနင်္သာရီဒေသတွင် တည်ရှိပြီး ဘန်ကောက်၏ အနောက်ဖက် ၃၅၀ ကီလိုမီတာ ကွာဝေးသည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီ Italian-Thai Development Pcl က ယင်းစီမံကိန်းကို ဦးဆောင်လျက်ရှိပြီး၊ ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ် အခြေခံအဆောက်အဦးများတည်ဆောက်လုပ်ကိုင်ရန်အတွက် Dawei Development Co.,Ltd ကို ဖွဲ့စည်းထူထောင်သည်။

အဆိုပါ ကုမ္ပဏီသည် ဓာတ်အားပေးစက်ရုံများ၊ ရေနံစိမ်းနှင့် ဓာတ်ငွေ့၊ ရေနံဓာတု၊ ဓာတ်မြေသြဇာ၊ သံမဏိ စက်ရုံများ အပါအဝင် စီမံကိန်း ၆ ခု အတွက် လုပ်ဖော်ကိုင်ဖက် စီးပွားဖက် ပါတနာများရရှိရန် ကြိုးစားနေပြီး၊ ကုမ္ပဏီ၏ ၅၁ ရာခိုင်နှုန်းကို ရယူထိန်းသိမ်းထားကာ မြန်မာပုဂ္ဂလိက ကဏ္ဍသို့ ၂၅ ရာခိုင်နှုန်း ရောင်းချပေးရန် စီစဉ်လျက်ရှိသည်။

အင်အားကြီး KNU အုပ်စု၏ ခွဲထွက်ရေးသူပုန်များက ထားဝယ်စီမံကိန်းများကို အနှောက်အယှက်ပေးရန် ကြိုးစားနိုင်သည်ပာု စိုးရိမ်ပူပန် နေကြသော နှစ်နိုင်ငံစလုံးအတွက် လုံခြုံရေးသည် အဓိက ကိစ္စရပ်တစ်ခုဖြစ်နေသည်။ ကန်ချနာဘူရီသို့ ဆက်သွယ်သည့် ကီလိုမီတာ ၁၆၀ လမ်းပိုင်းကို စောင့်ရှောက်ရန် အတွက် မြန်မာအစိုးရက တပ်ဖွဲ့များ စေလွှတ်ထားသည်ပာုလည်း သိရှိရသည်။

****************************************************************************

ထားဝယ်ရေနက်ဆိပ်ကမ်း ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံစီမံကိန်း ရပ်ဆိုင်း

(Associated Press မှ 9 January 2012 ရက်စွဲပါ Myanmar cancels planned coal power plant သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရက ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစက်မှုဇုန်၌ တည်ဆောက်ရန် စီစဉ်ထားသည့် ၄ဝဝဝ မဂ္ဂါဝပ်၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးခင်မောင်စိုးက သတင်းထောက်များကို မနေ့က ပြောကြားရာတွင် ယင်းသို့ ရပ်ဆိုင်းလိုက်မှုသည် သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်စေမည့်ပြဿနာများကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံမှ အီတာလျံ-ထိုင်းကုမ္ပဏီက တည်ဆောက်နေသော ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသည် စီမံကိန်းပြီးစီးပါက ဧရာမစက်မှုဇုန်တစ်ခု ဖြစ်လာမည်ဖြစ်ကာ ယခုကဲ့သို့ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ တည်ဆောက်မှုကို ပယ်ဖျက်လိုက်ခြင်းသည် အဆိုပါဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေမည်ဖြစ်သည်။

******************************************************************

မြန်မာစစ်တပ်က သမ္မတ၏ အပစ်ရပ်အမိန့်ကို ဖီဆန်ဟုဆို

(Monster and Critics မှ 10 January 2012 ရက်စွဲပါ Myanmar army accused of ignoring president’s ceasefire order ကို ဘာသာပြန်ဆိုသည်)

မြန်မာစစ်တပ်သည် ပြီးခဲ့သည့်လအတွင်းက သမ္မတက ကချင်တိုင်းရင်းသားလက်နက်ကိုင်များအပေါ် အပစ်အခတ်ရပ်ရန် အမိန့်ထုတ် ထားသော်လည်း ပစ်ခတ်မှုများကို ဆက်လက်ပြုလုပ်နေဆဲ ဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့ တစ်ခုက အင်္ဂါနေ့ (ယနေ့)တွင် ပြောကြားလိုက်သည်။

“ဒီဇင်ဘာလတုန်းက သမ္မတဦးသိန်းစိန်က စစ်တပ်ကို တိုက်ခိုက်မှုရပ်ဖို့ အမိန့်ထုတ်ထားပါတယ်” ဟု လူသားချင်း စာနာမှု အကူအညီပေးရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သော Refugees International က ဆိုသည်။ “ဒါပေမဲ့ခုဒီစာကို ရေးနေတဲ့ထိ တိုက်ခိုက်မှုတွေ ဆက်နေတုန်းပါပဲ။ ဒါ ဘာကို ပြသလဲဆိုရင် အရပ်ဘက်အစိုးရအသွင် ကူးပြောင်းခြင်းကို စစ်တပ်က မလိုလားသေးဘူးဆိုတာကိုပါ။” ဟု ပြောသည်။

ကချင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ပြည်သူလူထု သုံးသောင်းကျော်မှာ အိုးအိမ်နေရာများ ရွှေ့ပြောင်းခဲ့ရပြီး လူမှုရေးဒုက္ခများပြင်းထန်စွာ ခံစားနေရကြောင်း အဆိုပါအဖွဲ့က သတိပေး ပြောကြားသည်။

သမ္မတဦးသိန်းစိန်က စစ်ရေးတိုက်ခိုက်မှုများရပ်ဆိုင်းရန် ဒီဇင်ဘာ ၁၃ ရက်က ညွှန်ကြားလိုက်ခြင်း ဖြစ်သော်လည်း တိုက်ခိုက်မှုများမှာ ရပ်တန့်သွားခြင်း မရှိသေး ဟု Refugees International က ပြောသည်။ ကုလသမဂ္ဂက တင်ပြထားသော ကယ်ဆယ်ရေးအလှူငွေဒေါ်လာ ၆.၄ သန်းကို အလှူရှင်များက လျင်လျင်မြန်မြန် မပေးနိုင်ပါက ဒုက္ခသည်များ အနေဖြင့် လာမည့်လအနည်းငယ်ခန့်အတွင်း အစားအစာနှင့် ဆေးဝါးများ ပြတ်လပ်မှုနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း ယင်းတို့က ဆိုသည်။

လက်ရှိသမ္မတသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပွင့်လင်းစွာ မျက်နှာချင်းဆိုင် ဆွေးနွေးခြင်း၊ နိုင်ငံရေးအကျဉ်းသား ၃ဝဝ ကျော်လွှတ်ပေးခြင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတပ်မတော်(SSA-S)၊ China National Front စသည့် လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး စာချုပ်များ ချုပ်ဆိုခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။ လာမည့်ကြာသပတေးနေ့တွင်လည်း အစိုးရအဖွဲ့သည် ၆၃ နှစ်ကြာ လက်နက်ကိုင်တိုက်ခိုက်ခဲ့သည့် ကရင်အမျိုးသားယူနီယံ (Karen National Union-KNU) နှင့် ငြိမ်းချမ်းရေး စတင်ဆွေးနွေးမည် ဖြစ်သည်။

*****************************************************************

မြန်မာ့တပ်မတော်ထိုးစစ်ကြောင့် ထွက်ပြေးရသူ ကျေးရွာသား ၆၀၀၀၀ ခန့်ရှိ

(7 Jan 2011 ရက်စွဲပါ Atiran ၏ “6000 villagers flee Burma military assault” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရတပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်အကြား နယ်မြေများမှ ထွက်ပြေးလာသော ဒုက္ခသည်များဖြင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းဝင်းများတွင် ပြည့်လျှံနေသည်ပာု အကူအညီလိုအပ်နေသော လူထုက သတင်းပေးပို့သည်။

ဒုက္ခသည်များ ခံစားနေရသော အခက်အခဲနှင့် ဒုက္ခသုက္ခများမှာ အလွန်တရာဆိုးဝါးကြီးမားလျက်ရှိပြီး အများစုသည် ယာယီ တာပေါ်လင်တဲများဖြင့် နေထိုင်ရသည်မှာ ၆ လခန့်ပင်ရှိခဲ့ပြီဖြစ်သည်။ ဒုက္ခသည်များ၏ ၃၅ ရာခိုင်နှုန်းမှာ အသက် ၁၂ နှစ်အောက် ကလေးများဖြစ်၍ ကလေးများရော၊ လူကြီးများပါ တိုက်ပွဲများ၊ ကျေးရွာ ဖျက်ဆီးခံရမှုများကြောင့် ထိခိုက်ဒဏ်ရာ ရရှိထားကြပြီး အရွယ်ရောက်သူများမှာလည်း အိမ်မပြန်ရသည်မှာ ကြာပြီဖြစ်၍ အလုပ်လက်မဲ့ဖြစ်နေကြသည်။

တိုက်ပွဲများရပ်ဆိုင်းရန် သမ္မတဦးသိန်းစိန်က အမိန့်ထုတ်ပြန်ထားသော်လည်း စစ်ဖက်၊ အရပ်ဖက် ပစ်မှတ်များအပေါ် မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ လျှော့ပါးသွားခြင်းမရှိပေ။ ဘားအံ၊ ပြည်နှင့် ချင်းပြည်နယ်တို့မှ တပ်အင်အားအကူများ ကချင်ပြည်နယ်သို့ ထပ်မံရောက်ရှိလျက် ရှိနေပြီး တိုက်ပွဲများကြောင့် ကျေးရွာများ မီးလောင်ကာ စိုက်ခင်း၊ ယာခင်းများ ပျက်စီးသွားခဲ့ပြီဖြစ်သည်။ တရုတ်နယ်စပ် အနီးတွင် တိုက်ပွဲများ ပြင်းထန်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးသွားကာ ၂၀၁၁ ဒီဇင်ဘာ ၂၈ ဗုဒ္ဓပာူးနေ့နောက်ပိုင်းတွင် မြစ်ကြီးနား၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့သည်။

မြစ်ကြီးနားနှင့် ဝိုင်းမော် တစ်မြို့ထဲ၌ပင် ဒုက္ခသည် ၇၇၉၉ ဦးရှိနေပြီး ကချင်ပြည်နယ်အတင်း အစိုးရထိန်းချုပ်ထားသော နေရာများတွင် ဒုက္ခသည် စုစုပေါင်း ၁၅၀၆၇ ဦးရှိနေသည်။ တိုက်ပွဲကြောင့် ဘေးကင်းရာသို့ထွက်ပြေးလာကြသော ဒုက္ခသည်များမှာ KIO ထိန်းချုပ်နယ်မြေများတွင် ၄၅၁၃၂ ဦး အထိပင် ရောက်ရှိနေပြီဖြစ်သည်။(၂၀၁၁ ဒီဇင်ဘာ ၂၄ ရက်နေ့ ကိန်းဂဏန်းများဖြစ်သည်)

မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်များတွင် UNHCR၊ UNOCHA နှင့် WFP အဖွဲ့အစည်းများက အကူအညီပေးလျက်ရှိသော်လည်း ဗန်းမော်နှင့် တရုတ်နယ်စပ်တစ်လျှောက် KIO နယ်မြေများတွင်မူ ခရစ်ယာန်နှင့် အခြားဒေသခံအဖွဲ့အစည်းများ၏ အကူအညီကို ကြီးမားစွာ မှီခိုနေကြရသည်။

ကုလသမဂ္ဂ၏ UN OCHA အဖွဲ့အစည်းသည်ပင် ၎င်း၏ အစီရင်ခံစာများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးခြင်းမရှိသည့် အလျှောက် ယခုကဲ့သို့ လူသားချင်းစာနာထောက်ထားစရာ ကပ်ဘေးသင့်မှု(ဒုက္ခသည် ၆၀၀၀၀) ၏ ပြင်းထန်မှု အစစ်အမှန် အတိုင်းအတာကို ကချင်ပြည်နယ်ပြင်ပတွင် သိရှိသူ နည်းပါးလှသည်။

အထက်ပါ ကိန်းဂဏန်းများနှင့် သတင်းများကို တက်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးကြရန် လိုအပ်နေသည်။ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး၏ မြန်မာခရီးစဉ်တွင် တိကျသော သတင်း၊ အချက်အလက်များရရှိပါက ၎င်းတို့၏ ဒုတိယကမ္ဘာစစ် မပာာမိတ်များ၏ အခက်အခဲများနှင့် ပတ်သက်သော သတင်းများကို ထုတ်ပြန်ရန် သတင်းဌာနများကို အခွင့်အလမ်းပေးသင့်ပါသည်။ စိတ်မကောင်းစရာမှာ မြန်မာနိုင်ငံ၏ အင်တာနက် နှေးကွေးမှုကြောင့် ဓာတ်ပုံများ ပေးပို့၍ မရနိုင်ပါ။

*****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၀.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တရားဥပဒေစိုးမိုးမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီခိုင်မာရေး

*****************************************

ဆောင်းပါးကဏ္ဍ

တရားဥပဒေစိုးမိုးမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီခိုင်မာရေး

စာရေးသူတို့ Yangon Chronicle မှ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ရန် စေတနာရှေ့ထား ရေးသားလာသည်မှာ တစ်နှစ်ပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ လက်ရှိ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ငြိမ့်ငြိမ့်ညောင်းညောင်းနှင့် အားလုံး ပါဝင်နိုင်သည့် နိုင်ငံရေးဖြစ်အောင် နိုင်ငံရေးအင်အားစုများအကြား ညှိနှိုင်းအဖြေရှာနိုင်ခဲ့သည့် နိုင်ငံခေါင်းဆောင်အချို့၏ နိုင်ငံရေးစေတနာကို စာရေးသူ အထူးပင် ကျေးဇူးတင်ပါသည်။ သို့သော် အဓိက နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ဆောင်ရွက်နိုင်သော်ငြားလည်း မြန်မာပြည်သူများစနစ် အသက်ဝင်ရေးအတွက်တော့ တိုက်တွန်း နှိုးဆော်ရမည့် ကိစ္စများစွာကျန်ရှိနေပါသေးသည်။  တနည်းဆိုရလျှင် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သော အချုပ်အခြာအာဏာသုံးရပ် ခွဲခြားကျင့်သုံးမှု ပီပြင်စေရေး အတွက် စာရေးသူတို့လို နိုင်ငံသားများများစွာ ကြိုးစားဆောင်ရွက်ရဦးမည်ဖြစ်သည်။

နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်အောင် ဆောင်ရွက်အပြီး ပြည်သူများမှာ နိုင်ငံရေးနှင့် ပတ်သက်သည့် မျှော်လင့်ချက်များ ပြည့်ဝလာပြီဖြစ်ရာနောက်ထပ် အရေးကြီးသည့် အပြောင်းအလဲဖြစ်သော စီးပွားရေးတိုးတက်မှုကို အထူးလိုလားစောင့်မျှော်လျက်ရှိပါသည်။ ထို့အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီ ခိုင်မာအားကောင်းရေးသည့် များစွာဆက်စပ်မှုရှိသည့်အရာ ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှ ဒီမိုကရေစီ ခိုင်မာအားကောင်းမည်ဟု ကံသေကံမပြောဆို မရနိုင်စေကာမူ ရင့်ကျက်သည့် ဒီမိုကရေစီကျင့်သုံးမှုရှိသည့် နိုင်ငံတိုင်းတွင်တော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိသည်ကို တွေ့မြင်ရသည်။ တနည်းဆိုရလျှင် ဒီမိုကရေစီခိုင်မာ အားကောင်းရေးဆိုသည်မှာ ပြည်သူများကြားတွင် ဒီမိုကရက်တစ်အလေ့အထများ ထုံကူးပြောင်းလဲပြီးတော့မှ ဖြစ်ပေါ်လာလျက်ရှိခြင်းကြောင့် ယင်းကို စိတ်ရှည်စွာ စနစ်တကျ တည်ဆောက်ယူရမည် ဖြစ်သည်။ သို့သော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မရှိသည့်နိုင်ငံများတွင်တော့ ဒီမိုကရက်တစ် အလေ့ အထများ ဖြစ်ပေါ်လာခြင်းမရှိဘဲ လူမှုစီးပွားရေးအကျပ်အတည်းများနှင့် အာဏာပိုင်စနစ်သို့ နောက်ကြောင်းပြန် လှည့်သွားသည်မျိုးလည်း ရှိပါသည်။ ထိုအတွက်ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ဒီမိုကရေစီ ခိုင်မာရင့်ကျက်ရေး အတွက် ထောက်ကူ အားပေးမှုများရှိသည်ဟုဆို၍ရနိုင်ပါသည်။

ထိုကြောင့် မြန်မာနိုင်ငံ၏ ရရှိထားသော အမျိုးသားညီညွတ်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်ရန် နိုင်ငံခေါင်းဆောင်များအနေနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အလေးထားအာရုံစိုက်ရမည့် ကိစ္စပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အသစ်ဖြစ်ထွန်းလာတော့မည့် ကုန်ထုတ်ဆက်ဆံရေးတွင် နိုင်ငံသားအားလုံး တန်းတူညီတူ ယှဉ်ပြိုင်နိုင်မည်ဟု စာရေးသူ များစွာမျှော်လင့်မိပါသည်။ ယခင် လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ရှာသည့် Rent- seeking စီးပွားရေးမှာ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားပြီး နိုင်ငံသားများအားလုံးကို ချမ်းသာကြွယ်ဝမှုဆီသို့ ဆောင်ကြဉ်းသွားနိုင်ခြင်း မရှိသည့်အဖြစ်မှာ သင်ခန်းစာယူစရာပင် ဖြစ်သည်။ အခြား စက်မှု ဖွံ့ဖြိုးသည့် OECD နိုင်ငံများနည်းတူ စီးပွားရေးအကွက်အကွင်းချပေးရာ၌ နိုင်ငံသားတိုင်း ပါဝင်နိုင်မှုရှိအောင် ဆောင်ရွက်နိုင်မှုရှိအောင် Rent Free အနေအထား ထားရှိရန် ခက်ခဲနိုင်ပါသည်။ တနည်းဆိုရလျှင် မြန်မာနိုင်ငံ၏ စီးပွားရေးမူမှာ ယခင် တပ်မတော်အစိုးရ၏ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့် စီးပွားရေး အနေ အထားမှာ ဆိုးရွားစွာ ပုံစံပျက်ခဲ့ရသည်။ တားမြစ်ထားသော တရားမဝင်ရောင်းချသည့် ကုန်စည်များကြောင့် ယင်းဖြင့် ချမ်းသာကြွယ်ဝလာ သူများမှာ Rent Free အနေအထားတွင် စီးပွားရေး အကွက်အကွင်း တော်တော်များများကို လက်ဝါးကြီးအုပ်သွားမည့်သဘောမျိုးအပြည့်ရှိနေလျက်ရှိသည်။ ထိုအတွက်ကြောင့် နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးအပြောင်းအလဲများကို လိုလားသော နားလည်တတ်ကျွမ်းမှုရှိသည့် နိုင်ငံသားများကိုသာ ရွေးချယ်၍ economic rent ပေးအပ်သည့် မူဝါဒကောင်းများချမှတ်သင့်ပါသည်။

ထိုသို့ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ၌ တရားဥပဒေစိုးမိုးမှု အုပ်ချုပ်သူအစိုးရ၏ အဓိကလုပ်ဆောင်ရမည့် အရေးအရာပင် ဖြစ်သည်။ တရားဥပဒေစိုးမိုးမှုရှိမှသာ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို အလေးထားနိုင်မည် ဖြစ်သည်။ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ဆိုသည်မှာ နိုင်ငံ၏ စီးပွားရေး ပါဝင်ပတ်သက် နေသည့် နိုင်ငံသားတိုင်း၏ မက်လုံးဖြစ်သည်။ ယင်းမက်လုံးကြောင့်ပင်လျှင် ယခင်ထက် အလုပ်များကိုပိုမိုလုပ်ကိုင်မည် ဖြစ်ပြီးစွန့်ဦးတီတွင် ယဉ်ကျေးမှုများ ထွန်းကားလာနိုင်မည်ဖြစ်သည်။ အမှန်စင်စစ် တရားဥပဒေစိုးမိုးမှုဆိုသည်မှာ နိုင်ငံတော်သမ္မတကြီးပြောသည့် ကောင်းမွန်သည့်အုပ်ချုပ်ရေး (Good governance) ပင်ဖြစ်သည်။ လွှတ်တော်တွင် ပြဋ္ဌာန်းလိုက်သည့် ဥပဒေကို အုပ်ချုပ်ရေးမှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေအတိုင်း ကျင့်သုံး အကောင်အထည်ဖော်ခြင်း၊ အုပ်ချုပ်ရေးမှ ဥပဒေအတိုင်း ကျင့်သုံးမှု ရှိ၊မရှိကို လွှတ်တော်၏ ရေးရာကော်မတီများမှ ကြားနာစစ်ဆေးခြင်းနှင့် တရားစီရင်ရေးမှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီခြင်းရှိ၊ မရှိကို အဓိပ္ပယ်ဖွင့်လေ့လာခြင်း အစရှိသည့် အချုပ်အခြားအာဏာသုံးရပ်မှ အပြန်အလှန် ထိန်းကျောင်း ကြပ်မတ်မှသာလျှင် Rule of law မှာ ပီပီပြင်ပြင် ဖြစ်ထွန်းလာနိုင်ပါသည်။ ထိုအတွက်ကြောင့် စာရေးသူ အထက်ကဆိုခဲ့သလို စနစ်အသက်ဝင်ရေးမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပါအဝင်၊ တရားဥပဒေစိုးမိုးမှု ရှိစေခြင်းနှင့် နောက်ဆုံး ဒီမိုကရေစီ ရင့်ကျက်ခိုင်မာစေရေးအတွက် အဆင့်ဆင့် အထောက်အကူပြုသည် ဖြစ်ရာ နိုင်ငံခေါင်း ဆောင်းများနှင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး စနစ်အသက်ဝင်အောင် အားထုတ်ကြိုးပမ်းရေးမှာ သမိုင်းပေး တာဝန်တစ်ရပ်ပင် ဖြစ်သည်။ ထိုသို့ စနစ်အသက်ဝင် ရေးအတွက် နိုင်ငံရေးစေတနာ ပြည့်ဝမှုကို လက်မလွှတ် တမ်းထိန်းသိမ်းထားမှုမှာလည်း နိုင်ငံခေါင်းဆောင်များ၏ သမိုင်းဝင်စေမည့် လုပ်ရပ်ဖြစ်ကြောင်းကိုလည်း အလေးအနက် နှလုံးသွင်းစေချင်ပါသည်။

*****************************************

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs