Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂ဝ.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် ဘိန်းထုတ်လုပ်မှု ထိန်းချုပ်ကန့်သတ်ရန် မျှော်လင့်ချက်များတိုး

(VOA News မှ 19 Jan 2011 ရက်စွဲပါ Ron Corben ရေးသားသော Burmese Political reforms raise hope for curbing opium production ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသို့ ချောင်းပေါက်အောင်သွားနေကြပြီ

(Asia News Network မှ 18 Jan 2012 ရက်စွဲပါ The Straits Times ၏ Beating a path to.... where? ကို ဘာသာ ပြန်ဆိုသည်)

****************************************************************************************

မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် ဘိန်းထုတ်လုပ်မှု ထိန်းချုပ်ကန့်သတ်ရန် မျှော်လင့်ချက်များတိုး

(VOA News မှ 19 Jan 2011 ရက်စွဲပါ Ron Corben ရေးသားသော Burmese Political reforms raise hope for curbing opium production ကို ဘာသာ ပြန်ဆိုသည်)

ယခုအပတ်တွင် မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်တပ်တစ်စုနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာ ခေါင်းဆောင်များသည် ဘိန်းများ ထုတ်လုပ်သော ရှမ်းပြည်နယ်မြောက်ပိုင်းမှ ရှမ်းပြည်တပ်မတော်(SSA)နှင့်လည်း သဘောတူညီချက်ရရှိပြီးဖြစ်သည်။ မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံပြီးနောက် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးဘိန်းထုတ်လုပ်သည့်နိုင်ငံ ဖြစ်သည်။ အာဖဂန်နစ္စတန်သည် ကမ္ဘာ့ဘိန်း ထုတ်လုပ်မှု၏ ၉၀% ကိုထုတ်လုပ်သည်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး(UNODC) ကပြောကြားရာတွင် ၂၀၁၁ ခုနှစ်၌ မြန်မာနိုင်ငံသည် ဘိန်း ၄၃၀၀၀ ပာက်ကာ စိုက်ပျိုး နေကြောင်း ငါးနှစ်အတွင်း ဘိန်းနှစ်ဆတိုးထုတ်လျက်ရှိကြောင်းဆိုသည်။မြန်မာနိုင်ငံသည် အင်ဖက်တမင်း စိတ်ကြွဆေးထုတ်လုပ်သော အဓိကတိုင်းပြည် တစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်တွင် ထုတ်လုပ်သည်။ တိုင်းရင်းသားဒေသများတွင် နလံမထူနိုင်သော ဆင်းရဲမွဲတေမှုနှင့် ပြည်တွင်း ပဋိပက္ခများကြောင့် ပီားရိုးအင်း၏ ကုန်ကြမ်းဖြစ်သော ဘိန်းကိုနှစ်ဆတိုးထုတ်ရန် အကြောင်းများဖြစ်လာရကြောင်း UNODC ကပြောသည်။ ယခုအခါ သမ္မတဦးသိန်းစိန် သည် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လုပ်ဆောင်လာရာ၊ သမ္မတကြီးသည် မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို ကိုင်တွယ်ရန် ကြိုးစားလာလိမ့်မည်ပာု ကုလသမဂ္ဂကပြောသည်။ “ကျွန်တော်တို့ပာာ အစိုးရက သုံးနှစ်အခြား အစားထိုးနည်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေးမပာာဗျူပာာကို တွေ့နေရပါတယ်။ တိုင်းရင်းသားသူပုန်မျိုးစုံနဲ့လည်း အပစ်အခတ်ရပ်စဲပြီး လုပ်ဆောင်နေတော့ မြန်မာနိုင်ငံနဲ့ တွဲဖက်လုပ်ကိုင်လိုသူတွေရော ဘိန်းအစားထိုးလုပ်ဖို့ လုပ်ကိုင်နေတဲ့ အသိုင်းအဝိုင်းကရော အားတက်ဖွယ် အခွင့်အလမ်းတွေ ရလာမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်” ပာု UNODC ၏ အရှေ့အာရှနှင့်ပစိဖိတ်ဒေသ ကိုယ်စားလှယ် Gary Lewis က ပြောသည်။ UNODC ၏အစီအစဉ်များတွင် ရှမ်းပြည်တောင်ပိုင်းတွင် အခြားနည်းလမ်းများဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်သမားများအား ထောက်ပံ့ ကူညီမည့် စီမံကိန်းများပါဝင်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်၏ ယခင် လူ့အခွင့်အရေးမှတ်တမ်းများကြောင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားအကူအညီများသည် အကန့်အသတ်နှင့် ရှိနေပြီး နိုင်ငံတကာအလှူရှင်များအတွက် ဆက်ဆံရာတွင် ကန့်သတ်ချက်များ ရှိခဲ့သည်။ သို့သော် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်းကဲ့သို့သော ပြုပြင်ပြောင်းလဲမှုများကြောင့် အလှူရှင်ရန်ပုံငွေများ လမ်းပွင်းသွားမည်ဖြစ်ကြောင်း သုံးသပ်သူများက ပြောသည်။ UNODC မှ Lewis ကပြောကြားရာတွင် ဘိန်းကို ပယ်ဖျက်ရေးနှင့် အစားထိုးထုတ်လုပ်မှုကိုဖြစ်စေတဲ့ စီးပွားရေးနဲ့ လူမှုရေး မသေချာ မရေရာမှုတွေ အဆုံးသတ်သွားဖို့ နိုင်ငံရေးအရ အဖြေရှာမှသာ ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အစိုးရက တိုင်းရင်းသား ပဋိပက္ခတွေဖြစ်နေတဲ့ ဒေသမှာ ဘိန်းကို ဖျက်ပစ်ဖို့ အခြားသီးနှံစိုက်ပျိုးရေး အစီအစဉ်တွေလုပ်နေတာ ဘယ်တော့မှ အောင်မြင်မယ်လို့ ကျွန်တော်မမြင်ပါဘူး။ တိုင်းရင်းသားပြဿနာတွေအတွက် နိုင်ငံရေးအရ အဖြေရှာဖို့ လိုအပ်ပါတယ်။ ဒါလည်း မလွယ်လှပါဘူး”ပာု Lintner ကပြောသည်။ လူ့အခွင့်အရေး အကာအကွယ်ပေးရေး အထူးသဖြင့် မြေများတွင် အလုပ်လုပ်ခွင့်သည်လည်း အသိအမှတ်ပြုရန် လိုအပ်သည် ပာု Alternative ASEAN Network မှ ပြောခွင့်ရအမျိုးသမီး Debbie Stothard ကပြောသည်။ ယခင်က တရားဝင် ဘိန်းဖျက်သိမ်းရေး အစီအစဉ်များတွင် ဒေသခံများထံမှ မြေသိမ်းယူခြင်းများကို ဖြစ်စေသည်။ “တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေး ရဖို့အထူးလိုအပ်ပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်လည်း လိုအပ်ပါတယ်။ ဘိန်းဖျက်သိမ်းရေး နိုင်ငံတကာအစီအစဉ်တွေကို အစိုးရက ဝင်ရောက် ကိုင်တွယ်ရာမှာ ဒေသခံတွေဆီက မြေပေါ်က ဖယ်ပေးရာတာတွေရှိခဲ့ပါတယ်”ပာု သူမကပြောသည်။

Stothard က ပြောကြားရာတွင် စစ်တပ်များဖယ်ရှားရေးကလည်း လိုအပ်ကြောင်း၊ စစ်တပ်များသည် ဒေသခံများထံမျ အတင်းအဓမ္မရန်ပုံငွေ ကောက်ခံမှုများ ရှိနေကြောင်း စွပ်စွဲမှုများရှိသည်ပာု ဆိုသည်။ သူမက ပြောကြားရာတွင် ဘိန်းဖျက်သိမ်းမှုထိရောက်အောင်မြင်စေရန် ဥပဒေများနှင့် အဖွဲ့အစည်းများ စနစ်တကျ ပြန်လည် ပြုပြင်ပြောင်းလဲရေး လိုအပ်သည်ပာုဆိုသည်။

***********************************************************************

မြန်မာနိုင်ငံသို့ ချောင်းပေါက်အောင်သွားနေကြပြီ

(Asia News Network မှ 18 Jan 2012 ရက်စွဲပါ The Straits Times ၏ Beating a path to.... where? ကို ဘာသာ ပြန်ဆိုသည်)

အနောက်နိုင်ငံမှ နိုင်ငံရေးသမားများ မြန်မာနိုင်ငံတွင် ချောင်းပေါက်နေသည်ကို ကြည့်၍ အာဆီယံမြို့တော်များတွင် ဝမ်းသာခြင်းနှင့် စိတ်အနှောင့်အယှက် ဖြစ်ခြင်းတို့ ရောပြွမ်းနေသော အပြုံးများ ဖြစ်ပေါ်နေသည်။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး များသည် ၎င်းတို့ကြားခဲ့ရသော ပြောင်းလဲမှုများကို သွားရောက်အကဲဖြတ်ကြည့်ရှုကြပြီးဖြစ်သည်။ အမေရိကန်က ယခုသံအမတ်ကြီး အဆင့် ပြန်လည် ထားရှိရန် အသင့်ဖြစ်နေပြီဖြစ်သည်။ အမေရိကန် ဆီးနိတ် ရီပတ်ဗလစ်ကင်ခေါင်းဆောင် မစ်ခ်ျမက်ကော်နဲသည် စိတ်ကျေနပ်မှုရသွားပြီး၊ ၎င်းသည် စီးပွားရေးအရ အရေးယူမှုများ ကို ပြန်လည်စဉ်းစားရန် အသင့်ဖြစ်နေပြီဖြစ်သည်။ တကယ်တမ်းတွင် ၎င်းက အရေးယူမှုများပြုလုပ်ရန် စတင်ကြိုးပမ်းခဲ့သူ ဖြစ်သည်။ ယခင် စစ်အစိုးရကို ဦးဆောင်ဝေဖန်ခဲ့သူ ဆီနိတ်တာ ဂျွန်မက်ကိန်းသည်လည်း လာရောက်လည်ပတ်ဦးမည်ဖြစ်သည်။

၎င်းတို့၏ ခရီးစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ဂါဝရပြုရခြင်းသည်လည်း အစိတ်အပိုင်းကြီး တစ်ခုဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရခြင်းမှာ အဆိုပါ အစိုးရများက သူမအားနှိပ်ကွပ်ခဲ့သော စစ်အစိုးရအား ဆန့်ကျင်ကြောင်း သက်သေပြကြခြင်းဖြစ်သည်။

                သို့သော် ဧည့်သည်များသည် ပြုပြင်ပြောင်းလဲရေးများ၏ အတိမ်အနက်ကို မမြင်ရသေးဘဲ သိထားသမျှနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်နှင့် စကားပြောပြီးချိန်တွင် သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ တူညီစွာ ပြောလေ့ရှိသည်မှာ “ယခု အထိ လုပ်ဆောင်သမျှ ကောင်းပါသည်။ ကျေးဇူးပြု၍ ပိုမိုလုပ်ဆောင်ပြပါဦး” ပာူ၏။ အစိုးရဆန့်ကျင်သူများလွှတ်ပေးခြင်းမှာ ကြီးမားသောခြေလှမ်းကြီးဖြစ်ပြီး ၎င်းတို့က နိုင်ငံရေးလုပ်ငန်းစဉ်တွင် အောင်အောင် မြင်မြင် အကျိုးပြုနိုင်ခြင်းရှိမရှိဆိုသည်မှာ ပို၍ကြီးမားသော စမ်းသပ်မှုပင်ဖြစ်လိမ့်မည် ဖြစ်သည်။ အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရ၍ အစိုးရတွင်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့လျှင် မြန်မာနိုင်ငံသည်လမ်းကြောင်းပေါ်ရောက်သင့်ပြီဖြစ်သည်။

အမေရိကန်နှင့် ဥရောပတို့သည် မြန်မာနိုင်ငံအား အထီးကျန်ပြုထားခြင်းဖြင့် မြန်မာဗိုလ်ချုပ်များ နားလည်လက်ခံလာလိမ့်မည်ပာု ထင်နေ ချိန်တွင် အာဆီယံသည် မြန်မာနိုင်ငံနှင့် လမ်းကြောင်းဖွင့်ထားပြီး၊ တဖြည်းဖြည်း နားချသည့် လုပ်ငန်းကို ယခင်ကတည်းက လုပ်ဆောင် လာခဲ့သည်။ အစိုးရကမူ ဘာမျှပြောင်းမသွားခဲ့ပါ။ သာမန်ပြည်သူများသာ အစိုးရ၏ လုံးဝလစ်လျူရှုမှုနှင့် အုပ်ချုပ်မှုကြောင့် ပိုမိုထိန်းချုပ်ခံလာရသည်။ အာဆီယံ၏ စိတ်ရှည်စွာ ဆက်ဆံရေးကို တခါတရံ စိတ်ပျက်ဖွယ်လုပ်ရပ်ပာု ထင်ရသော်လည်း၊ ပြောင်းလဲမှုများ ဖြစ်လာသည်နှင့်အမျှ အရေးပါသည်ပာု တဖြည်းဖြည်း သက်သေပြနိုင်လာသည်။ မြန်မာနိုင်ငံသည် တရုတ်တို့လုပ်ဆောင်နေသော ရေလှောင်တမံစီမံကိန်းအား ရပ်တန့်ပြီး မပာာမိတ် တရုတ်နှင့် ခပ်ခွာခွာ နေလာခြင်းဖြင့် အနောက်နိုင်ငံများ၏ အာရုံကို ဖမ်းစားလာချိန်တွင် မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေမရှိချိန်တွင် အာဆီယံ ပါတနာများက နံဘေးတွင် ရပ်ပေးသည်ဆိုသည့် အချက်ကို မမေ့သင့်ပေ။

ကန့်သတ်ချက်များအားလုံး ဖယ်ရှားပြီးပါက အနောက်နိုင်ငံ စီးပွားရေးလုပ်ငန်းများသည် တရှိန်ထိုး ဝင်လာတော့မည် ဖြစ်သည်။ မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ၊ သစ်နှင့် ရေအား အလွန်ပေါပါသည်။ (အရေးယူမှုများသည် ရှင်းလင်းစွာ အဓိပ္ပါယ် ဖွင့်ဆိုချက် မရှိခြင်းကြောင့် အနောက်နိုင်ငံစွမ်းအင် ကုမ္ပဏီနှစ်ခုဖြစ်သော Chevron နှင့် Total တို့မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသည်ကို မတားဆီးနိုင်ခဲ့ပေ)။ ခရီးသွားလာရေး လုပ်ငန်းသည်လည်း ပိာုတယ်များဆောက်ပြီးသည်အထိ အချိန်စောင့်ရန် လိုအပ်သကဲ့သို့ ထုတ်လုပ်ရေးလုပ်ငန်း အတွက် ရင်းနှီးမြှုပ်နှံသူများသည်လည်း သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်စွမ်းအင် ဖြည့်ဆီးပေးနိုင်မှုပေါ်တွင် ပိုမိုလိုအပ်ချက်များ ရှိမည်ဖြစ်သည်။ သန်း(၆၀)မျှ ရှိသော လူဦးရေအတွက် လူသုံးကုန် ထုတ်လုပ်မည့် သူများအတွက် မျက်စိကျဖွယ်ရှိသော်လည်း၊ လိုအပ်သော ဝယ်လိုအားမှာ နှစ်ပေါင်း များစွာအတွင်း ရရှိရန် မဖြစ်နိုင်ပေ။ သို့သော် မြန်မာနိုင်ငံသည် ရေအားလျှပ်စစ်၊ လမ်းများ၊ဆိပ်ကမ်းများ၊ လေကြောင်းဆက်သွယ်မှုများ ကဲ့သို့သော အခြေခံ အဆောက်အဦး စီမံကိန်းများ အပြိုင်အဆိုင်လုပ်ကိုင်ရန်မူ အချိန်တန်နေပြီဖြစ်သည်။ အာဆီယံ တိုင်းပြည်များသည် အနောက်နိုင်ငံများက ပိတ်ဆို့ထားချိန်၌ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီဖြစ်၍ နိုင်ငံတကာနှင့် ကောင်းကောင်းယှဉ်ပြိုင်နိုင်သည့် အနေအထားတွင် ရှိသည်။

***************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂ဝ.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. နောက်ထပ် ကျားတစ်ကောင် မြန်မာနိုင်ငံလား

(The Diplomat မှ 20 Jan 2012 ရက်စွဲပါ “Burma the Next Tiger Cub?” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. ဒီမိုကရက်တစ် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို အိန္ဒိယ အရှိန်မြှင့်တော့မည်

(Calcutta News. Net မှ 18 Jan 2012 ရက်စွဲပါ “India to scale up ties with democratic Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

  1. တိုးတက်ဖြစ်ထွန်းမှုဒီရေ မြင့်တက်နေသည့် မြန်မာ

(Asia Times မှ 19 Jan 2012 ရက်စွဲပါ The progress flows in Myanmar ကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်)

************************************************************************

နောက်ထပ် ကျားတစ်ကောင် မြန်မာနိုင်ငံလား

(The Diplomat မှ 20 Jan 2012 ရက်စွဲပါ “Burma the Next Tiger Cub?” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် ဥရောပသမဂ္ဂတို့၏ အရေးယူဒဏ်ခတ်မှု Sanctions များကြောင့် အနောက်နိုင်ငံကုမ္ပဏီများ မဖြစ်မနေ လက်ရှောင်ခဲ့ကြသော မြန်မာနိုင်ငံတွင် မနှစ်က ပေါ်ထွက်လာသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလှိုင်းနှင့်အတူ အမေရိကန်ပြည်ထောင်စုကလည်း သံတမန် ဆက်ဆံမှုများကို အဆင့်မြင့်ရန် စီစဉ်နေပြီဖြစ်သောကြောင့် နိုင်ငံတကာကုမ္ပဏီများစွာက မြန်မာနိုင်ငံသို့ စတင်ခြေချရန် မျှော်ကြည့်နေကြပြီဖြစ်သည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ လာရောက်ခဲ့သည့်အတွက် ဂျပန်စီးပွားရေးဦးဆောင်ပုဂ္ဂိုလ်များ ကိုယ်စားလှယ် အဖွဲ့သည်လည်း မြန်မာနိုင်ငံသို့ မကြာသေးမီက လာရောက်ခဲ့သည်။ အမေရိကန်သန်းကြွယ်သူဋ္ဌေး၊ ငွေကြေးမြှုပ်နှံသူ၊ အလှူရှင် ဂျော့ဆိုရော့သည်လည်း မကြာသေးမီကပင် လာရောက်ခဲ့သည်။ (အမေရိကန်ပြည်ထောင်စုအနေဖြင့် Sanctions များ ရုတ်သိမ်းပေးမှ ရင်းနှီးမြှုပ်နှံမှုများပေါ်ပေါက်လာမည်ဖြစ်သော်လည်း ယခုအခါ ပိုမို၍ အလားအလာ ကောင်းနေပြီဖြစ်သည်)။ Asia Sentinel ကလည်း မြန်မာနိုင်ငံမှ ကော်ပိုရိတ် စီးပွားရေး အကျိုးအမြတ်များနှင့် ပတ်သက်သော နောက်ဆုံးရ အချက်အလက်အားလုံးကို ဖြည့်ဆည်းပေးထားသည်။

စာရေးသူအနေဖြင့် မြန်မာနိုင်ငံ၏ ကြီးမားသော အလားအလာကို တွေ့မြင်ထားကြသော အနောက်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင် အတော်များများ ထံမှ အယူအဆများကို ကြားသိထားရပြီဖြစ်သည်။ ၎င်းတို့က မြန်မာနိုင်ငံ၏ လူဦးရေများပြားမှု၊ ဗြိတိသျှဥပဒေရှိခြ့သော သမိုင်းကြောင်း၊ ကမ်းလွန်ရေနံ ဓါတ်ငွေ့အပါအဝင် သိသိသာသာ ကြွယ်ဝသော သဘာဝသယံဇာတများ စသည်တို့ကို ထည့်သွင်းစဉ်းစားကြပြီး အနောက်နိုင်ငံရင်းနှီးမြှုပ်နှံမှုများကို လိုလိုလားလား တံခါးဖွင့်ခဲ့သော ၁၉၉၀ ခုနှစ်များအစောပိုင်း ဗီယက်နမ်နှင့် လတ်တလော မြန်မာနိုင်ငံတို့၏ တူညီမှုကို နှိုင်းယှဉ် သုံးသပ်ကြခြင်း ဖြစ်သည်။

သို့ရာတွင် အနည်းဆုံးအားဖြင့် လက်ရှိမျက်မှောက်အချိန်တွင် အထက်ပါနှိုင်းယှဉ်မှုမှာ ပြစ်ချက် မကင်းနိုင်သေးပါ။ မြန်မာနိုင်ငံသည် ကြီးမားသော စားသုံးသူဈေးကွက်တစ်ခုဖြစ်သည်မှာ မှန်သော်ငြားလည်း နိုင်ငံ၏ ဖွံ့ဖြိုးမှုစံနှုန်းများသည် အာဖရိက ဆာဟာရဒေသတွင်း အဆင်းရဲဆုံး နိုင်ငံများ၏ အဆင့်နှင့် သိပ်မကွာလှပါ။ နိုင်ငံ၏ နယ်မြေဒေသအများစုမှာ အခြေခံအဆောက်အဦး မရှိသလောက်နီးပါးပင်ဖြစ်၍ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်မှုများကသာ နှစ်ပေါင်းများစွာ လွှမ်းမိုးထားခဲ့သည်။ ဗြိတိသျှ ကိုလိုနီခေတ်၏ အမွေဖြစ်သော အရည်အသွေးပြည့် ပညာရေးနှင့် အင်္ဂလိပ်ဘာသာသုံးစွဲမှု သမိုင်းကြောင်းရှိခဲ့သော်လည်း မြန်မာ့သမိုင်းတွင် အကြိမ်ပေါင်းများစွာ တွေ့ရသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ၏ ရေခံ မြေခံဖြစ်သည့် တက္ကသိုလ်နယ်မြေများကို ကြောက်ရွ့သော ယခင် အာဏာရှင်အစိုးရက အကောင်းဆုံး တက္ကသိုလ်ကျောင်းများကို ပိတ်ထားခဲ့သည်မှာ ဆယ်စုနှစ်များပင် ကြာညောင်းခဲ့ပြီဖြစ်သည်။

ထိုကဲ့သို့ နိုင်ငံ၏ အသက်သွေးကြော ပညာရေးကို မိုက်မိုက်မဲမဲ ပစ်ပယ်ထားခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေး အနာဂါတ်အပေါ်တွင် အပြင်းထန်ဆုံး ရိုက်ချိုးဖျက်ဆီးမည့် ထိုးနှက်ချက်တစ်ခုဟု ဆိုဖွယ်ရှိသည်။ လက်ရှိနှစ်ပိုင်းများတွင် အစိုးရတာဝန်ရှိသူအချို့က အိုင်တီနှင့် ကွန်ပြူတာသိပ္ပံ အကြောင်းကို တွင်တွင်ပြောနေကြသော်လည်း အမှန်စင်စစ် မြန်မာနိုင်ငံသည် အာရှတွင် နည်းပညာဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများထဲ၌ ပါဝင်နေသည်။ နိုင်ငံတကာကုမ္ပဏီများ အနေဖြင့်(ယခုအချိန်တွင် မဖြစ်နိုင်သေးသော) ပြည်ပရောက် မြန်မာကျွမ်းကျင်လုပ်သားများ ပြန်လည်စုဆောင်းခေါ်ယူခြင်း မရှိပဲနဲ့ မြန်မာနိုင်ငံ၌ ထိပ်တန်းတန်ဖိုးမြင့်(သို့) အလယ်အလတ် တန်ဖိုးမြင့် ကုန်ထုတ်လုပ်ငန်းများ ထူထောင်ရန် လွန်စွာ ခက်ခဲပါလိမ့်မည်။        

သို့သော်လည်း သဘာဝသယံဇာတ ထုတ်ယူခြင်းကဲ့သို့သော သီးခြားကဏ္ဍများတွင်မူ အထက်ပါ ပြစ်ချက်များ အားလုံးမှာ ပြဿနာမရှိပဲ မနှစ်မြို့စရာ ကောင်းသော အနေအထားဝန်းကျင်၌ပင် ရေနံကုမ္ပဏီကြီးများ အကျိုးအမြတ် ရရှိနေသည်ကို အားလုံးသိရှိကြပြီး ဖြစ်ပါလိမ့်မည်။ သို့သော်ငြားလည်း ဗီယက်နမ်တွင် မဖြစ်ခဲ့ဘူးသော ပြဿနာတစ်ခု မြန်မာနိုင်ငံ၌ ရှိနေသည်။ ယင်းပြဿနာမှာ နိုင်ငံ၏ ချို့ယွင်းချက်များကို လျစ်လျူရှုနိုင်သည့် သယံဇာတထုတ်ယူရေးကဏ္ဍ ဖြစ်နေသည့်တိုင်အောင် မြန်မာနိုင်ငံ၌ တိုတောင်းသော ထောက်ပံ့ရေးလမ်းကြောင်း၊ ပိုမိုကြီးမားသော သံတမန် အထောက်အပံ့၊ ပိုမိုများပြားသော မတည်ရင်းနှီးငွေများဖြင့် အခြေကျနေပြီးသား တရုတ်ကုမ္ပဏီများထက် အနည်းဆုံး ၁၀ နှစ်ခန့် နောက်ကျကာ အနောက် ကုမ္ပဏီများ စတင်တာထွက်ရမည့် ကိစ္စပင်ဖြစ်သည်။

*****************************************************

ဒီမိုကရက်တစ် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို အိန္ဒိယ အရှိန်မြှင့်တော့မည်

(Calcutta News. Net မှ 18 Jan 2012 ရက်စွဲပါ “India to scale up ties with democratic Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပြုလုပ်နေချိန်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အိန္ဒိယနိုင်ငံသို့ လာမည့် သီတင်းပတ်အတွင်း လာရောက်မည့် ခရီးစဉ်သည် နှစ်နိုင်ငံအကြားစီးပွားရေးနှင့် စွမ်းအင်ဆိုင်ရာ အကျိုးတူဆောင်ရွက်မှုများကို အားပေး မြှင့်တင်နိုင်မည်ဟု မျှော်လင့်ရသည်။

                အိန္ဒိယပြည်ပရေးရာဝန်ကြီး SM. Krishna သည် အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်ဖူလုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၊ အခြေခံအဆောက်အအုံတည်ဆောက်မှုတို့ကို အရျိန်မြှင့်ရန်အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်မည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်၏ မနှစ်က ခရီးစဉ်တွင် ဆုံးဖြတ်ခဲ့ကြသော သဘောတူညီချက်များနှင့် ကိစ္စရပ်များ အကောင်အထည် ဖေါ်ရာတွင် တိုးတက်မှု ရှိ/ မရှိကို ဝန်ကြီးနှစ်ဦးက ပြန်လည်သုံးသပ်ကြမည်ဟု သိရှိရသည်။ ထို့အပြင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အိန္ဒိယကမ္ဘာ့ရေးရာကော်စီ (ICWA) တွင် “မြန်မာ သို့မဟုတ် ဒီမိုကရေစီသို့ ကူးပြောင်းနေသော နိုင်ငံ” ခေါင်းစဉ်ဖြင့် ဟောပြောပို့ချဦးမည်ဟုဆိုသည်။

အိန္ဒိယသမ္မတ မန်မိုဟန်ဆင်းကလည်း ဆည်မြောင်းကဏ္ဍအပါအဝင် ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ခေးငွေ ဒေါ်လာ သန်း ၅၀၀ ကူညီရန် မနှစ်က ကြေညာထားပြီးဖြစ်ည်။ သမ္မတ မန်မိုဟန်ဆင်းက မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းမှု ဆက်လက်ခိုင်မာအားကောင်းစေရန်အတွက် ပိုမိုကျယ်ပြန့်နက်ရှိုင်းသော အတိုင်းအတာဖြင့် ကူညီရန် ကမ်းလှမ်းထားသည့်အပြင် ပါလီမန်( လွှတ်တော်) စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများ၊ လက်တွေ့ကျင့်သုံးပုံ ကျင့်သုံးနည်းများ တိုးတက်ပြောင်းလဲရေးတွင် အိန္ဒိယ၏ အတွေ့အကြုံများကို မျှဝေရန် အဆင်သင့်ရှိကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

သယံဇာတကြွယ်ဝသော အရှေ့ဖက် အိမ်နီးချင်းမြန်မာနိုင်ငံမှ ဒီမိုကရေစီ အင်စတီကျူးရှင်း တည်ဆောက်နေမှုအား အိန္ဒိယနိုင်ငံက အပြည့်အဝ ထောက်ခံအားပေးခြင်းကို ယခုထပ်မံ ကြေညာဦးမည်ဟု မျှော်လင့်ရသည်။ ကမ္ဘာ့လူသိအများ ဒီမိုကရေစီနိုင်ငံမှ အသားကျနေသောစနစ်များကို လေ့လာရန် မြန်မာနိုင်ငံမှ လွှတ်တော်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ အိန္ဒိယသို့ ပြီးခဲ့သောလက လာရောက်လည်ပတ်ခဲ့သည်ဟုလည်း သိရသည်။ မြန်မာ အစိုးရသစ်က စတင်ပြုလုပ်နေသော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများသည် တစ်ကမ္ဘာလုံးက အကောင်းမြင် ချီးကျူးလာကြအောင် ဆွဲဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အပါအဝင် ဥရောပ နိုင်ငံခြားရေးဝန်ကြီများစွာသည်လည်း နှစ်ပေါင်း ၅၀ အတွင်း ပထမဦးဆုံး အဆင့်မြင့် သံတမန်ခရီးစဉ်များအဖြစ် မြန်မာနိုင်ငံသို့ ခြေချခဲ့ကြပြီဖြစ်သည်။

************************************************************

တိုးတက်ဖြစ်ထွန်းမှုဒီရေ မြင့်တက်နေသည့် မြန်မာ

(Asia Times မှ 19 Jan 2012 ရက်စွဲပါ The progress flows in Myanmar ကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်)

ဖမ်းဆီးထိန်းသိမ်းခံထားရသော အတိုက်အခံနိုင်ငံရေးသမားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုသောကြေညာချက် ထွက်ပေါ်လာခြင်း၊ အမေရိကန်-မြန်မာ ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိလာခြင်း အစရှိသည်တို့နှင့် အတူ မြန်မာနိုင်ငံ၏ သိသာထင်ရှားသော တိုးတက်ဖြစ်ထွန်းမှုများသည် ပွင့်လင်းမှုရှိရာသို့ ဦးတည်နေပြီဟူသောအချက်ကို ကျွန်ုပ်တို့ တွေ့စတင်တွေ့မြင်ရပြီ ဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်လည်ပတ်စဉ် မြန်မာနိုင်ငံတွင်း "တိုးတက်ဖြစ်ထွန်းမှုများ မှိတ်တုပ်မှိတ်တုပ်ပေါ်လာသည်" ဟူသော သမ္မတအိုဘားမား၏ သုံးသပ် ပြောဆိုချက်ကို လက်တွေ့ကျကျတွေ့မြင်ခဲ့သည်။

ယခုဆိုလျှင် အဆိုပါ မှိတ်တုပ်မှိတ်တုပ်အရာလေးများမှာ စစ်မှန်သော တိုးတက်ဖြစ်ထွန်းမှုအဆင့်သို့ ရောက်ရှိလာပြီဟုပင်ဆိုရတော့မည်။ မြန်မာနှင့် ပတ်သက်၍ မေးစရာဖြစ်လာသည်မှာ "မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်းပေါ်တွင် ကောင်းစွာလျှောက်လှမ်း နိုင်မည်လော သို့မဟုတ် အတိတ်ကာလက အဖြစ်အပျက်များအတိုင်း လွတ်လပ်မှုတံခါးကို ခပ်မြန်မြန်ပင်ပြန်ပိတ်ပစ်မည်လော" ဟူ၍ပင်ဖြစ်သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှလွတ် မြောက်ခဲ့သည်။ အဆိုပါလွတ်မြောက်မှုသည် နှစ်ပေါင်း ၁၅ နှစ်ကျော်ကြာမျှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် သူမအတွက် နာကြည်းစရာဇာတ်လမ်းတစ်ပုဒ် အဆုံးသတ်သွားခြင်းပင်ဖြစ်သည်။ ယခုဆိုလျှင် သူမအနေဖြင့် အထင်ကရဒီမိုကရေစီခေါင်းဆောင်တစ်ဦးအနေဖြင့် ဒီမိုကရေစီရေးအတွက် နိုင်ငံတွင်း ဆက်လက် လှုပ်ရှားဆောင်ရွက်နေပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာမှု၊ လတ်တလော ပြုပြင်ပြောင်းလဲမှု အစရှိသည်တို့ကို ယခင်စစ်ဗိုလ်ချုပ်ဟောင်းကြီးများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိသမ္မတ ဦးသိန်းစိန်ကမူ မြန်မာစစ်အာဏာရှင်စနစ်၏ ဖြေလျှော့မှုများကို လုပ်ကိုင်ပြသခဲ့သည်။

ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းကဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ မဲ ၅၉ ရာခိုင်နှုန်းဖြင့်အနိုင်ရရှိခဲ့သည်။ သို့သော် သူမသည် ထိုအချိန်မှစ၍ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသည်။ ယခုတစ်ကြိမ်တွင်မူ စစ်ဗိုလ်ချုပ်ကြီးများက ရွေးကောက်ပွဲသို့မဟုတ် ဆန္ဒပြမှုများ၏ အခန်းကဏ္ဍမည်သို့ပင်ရှိနေစေကာမူ အာဏာကို လက်လွတ်ဆုံးရှုံးခံမည်မဟုတ်ပေ။

ဒေါ်အောင်ဆန်းစုကြည်မှာ ၈၈ အရေးတော်ပုံဟု လူသိများသော ၁၉၈၈ ခုနှစ်၊ ကျောင်းသားခေါင်းဆောင်သော ဆန္ဒပြမှုများမှစ၍ အမျိုးသား ခေါင်းဆောင်သို့မဟုတ်လူထုခေါင်းဆောင်အဖြစ်လူသိများလာသည်။ ယင်း ၈၈ အရေးတော်ပုံကြီးကပင် မြန်မာပြည်တွင်းလွန်စွာဆိုးရွားသော စစ်အာဏာရှင်စနစ်ကြီးကို ဆောင်ကျဉ်းလာတော့သည်။ စစ်သားများက ဆန္ဒပြသူများကို ပစ်ခတ်ခဲ့ရာ ရာပေါင်း သို့မဟုတ် ထောင်ပေါင်းများစွာ သေဆုံးခဲ့သည်။

၂၀၀၇ ခုနှစ်၊ သြဂုတ်လတွင်မူ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများဦးဆောင်ကာ စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ “ရွှေဝါရောင်တော်လှန်ရေး” ဟု လူသိများသည့် အဆိုပါ ဆန္ဒပြပွဲမှာလည်း ၁၉၈၈ ခုနှစ်ကလိုပင် ရက်စက်စွာဖြိုခွင်းနှိမ်နင်းခြင်းခံခဲ့ရသည်။ သို့သော် ၈၈ အရေးတော်ပုံနှင့် မတူညီသည်မှာ အင်တာနက်နည်းပညာခေတ် ဖြစ်လာသည့်အားလျော်စွာ စစ်အာဏာပိုင်များအနေဖြင့် သတင်းအချက်အလက်စီးဆင်းမှုကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ကြရသည်။ မြန်မာစစ်အာဏာရှင်စနစ်ကြီးစိုးခဲ့သည့် အချိန်ကာလတစ်လျှောက်ကိုကြည့်မည်ဆိုလျှင် ပြည်တွင်းပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရပေမည်။ ကချင်၊ ကရင်၊ ရှမ်း၊ မွန်အစရှိသော တိုင်းရင်းသားလူနည်းစုများနှင့် မြန်မာ(ဗမာ) လူမျိုးများအကြား အသေးစားစစ်ပွဲများဖြစ်ပေါ်ခဲ့သည်။ မြန်မာစစ်တပ်ကမူ အဆိုပါတိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့် သူပုန်များကိုကာလကြာရှည်စွာတိုက်ခိုက်နှိမ်နင်းခဲ့သည်။ လွန်စွာသေချာသည့် အချက်မှာ အမျိုးသမီးများနှင့် ကလေးငယ်များမှာ ယင်းတိုက်ပွဲများကြောင့် ထွက်ပြေးရွှေ့ပြောင်းခဲ့ကြရခြင်းပင်ဖြစ်သည်။ ၎င်းတို့မှာ အိမ်နီးချင်း ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်ကာ ဒုက္ခသည်စခန်းများ၌အခြေချနေထိုင်ခဲ့ကြရသည်။ ယခုဆိုလျှင် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျနှင့် ဥရောပနိုင်ငံများ၌ မြန်မာတိုင်းရင်းသားလူနည်းစုများ၏ ကွန်မြူနစ်တီငယ်လေးများစွာ အခြေချနေထိုင်နေပြီဖြစ်သည်။ ၎င်းတို့က နေရာထိုင်ခင်းသစ်မှ နေကာ အမိမြန်မာနိုင်ငံတွင်းမှ ပြဿနာများနှင့် ပဋိပက္ခများကို ဖြန့်ဝေပြောဆိုလျက်ရှိကြသည်။

အဆိုးရွားဆုံးသော ဖြစ်ရပ်များအနက်မှ တစ်ခုမှာ ၂၀၀၈ ခုနှစ်အတွင်း နာဂစ်မုန်တိုင်းကျရောက်ခဲ့ခြင်းပင် ဖြစ်သည်။ အဆိုပါဖြစ်ရပ်ကြောင့် လူပေါင်း ၁၃၈၀၀၀ ခန့်သေဆုံးခဲ့သည်။ နာဂစ်ကြောင့် ဒုက္ခရောက်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားပေးရေးဆိုင်ရာ အကူအညီများ ဝင်ရောက်လုပ်ကိုင်ပေးလိုကြောင်း နိုင်ငံတကာက ကမ်းလှမ်းခဲ့သော်လည်း စစ်အစိုးရကငြင်းပယ်ခဲ့သည်။ ကူညီထောက်ပံ့ရေးပစ္စည်းများ အပြည့်အစုံ တင်ဆောင်လာသော သင်္ဘောများမှာ မြန်မာ့ဆိပ်ကမ်းသို့ ကပ်ခွင့်မရရှိခဲ့ပေ။ သို့အတွက်ကြောင့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များမှာ မလိုလားအပ်သည့် ဒုက္ခမျိုးစုံကို ဆက်လက်ခံစားခဲ့ကြရသည်။ အခြေအနေအရပ်ရပ်မှာ အဆိုးရွားဆုံးအဆင့်ထိသို့ပင် ရောက်ရှိနိုင်သည်ဟုပင်ဆိုရပေမည်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် ကမ္ဘာ့အဆိုးဆုံး အာဏာရှင်အဖြစ် သတ်မှတ်ခြင်း မခံရတောင်မှ အာရှ၏အဆိုးဆုံး အာဏာရှင် အဖြစ် သမိုင်းတွင်မည်မှာ အသေအချာပင်ဖြစ်၏။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာလွှဲပြောင်းပေးသည့်အချိန်မှစ၍သာ ကျွန်ုပ်တို့အနေဖြင့် ယခုကဲ့သို့ တိုးတက်ဖြစ်ထွန်းမှုများကို စတင် တွေ့မြင်လာရခြင်း ဖြစ်လေသည်။

သို့ဆိုရလျှင် အာရပ်ကမ္ဘာ၏နွေဦးတော်လှန်ရေးဆီမှ ဆန္ဒပြမှုမျိုး မြန်မာနိုင်ငံတွင်ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိခဲ့ပေ။ တရုတ် သို့မဟုတ် မြောက်ကိုရီးယားကဲ့သို့သော နိုင်ငံတစ်နိုင်ငံ၏ လက်အောက်ခံနိုင်ငံ မဖြစ်လိုသောကြောင့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ကာ အနောက်နိုင်ငံများမှ စီးပွားရေး အခွင့်အလမ်းများရရှိအောင် ကြိုးပမ်းနေခြင်းလည်း ဖြစ်ကောင်းဖြစ်ဟန်ရှိသည်။ လွန်စွာစိတ်ဝင်စားစရာကောင်းနေသည့် အချက်မှာ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဦးသိန်းစိန်ရော နှစ်ဦးစလုံးမှာ သက်တူရွယ်တူများဖြစ်နေခြင်းပင်ဖြစ်သည်။

သူတို့နှစ်ဦးစလုံးအနေဖြင့် သက်တူရွယ်တူဖြစ်သောကြောင့် ကာလကြာရှည်စွာ အိပ်မက်မက်ခဲ့ရသော ဒီမိုကရေစီနှင့် လွတ်လပ်မှုနှင့်ပတ်သက်၍ အမြင်ချင်းလည်း တူကောင်းတူဟန်ရှိသည်။

************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs