Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၅.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီခရီး နီးအောင်ပင်လှမ်း

*******************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီခရီး နီးအောင်ပင်လှမ်း

မောင်ဝံသ

(ပြည်သူ့ခေတ်၊ အတွဲ ၂၊ အမှတ် ၇၉ မှ ထုတ်ယူဖော်ပြသည်)

နှစ်သစ်မှာ ပထမဆုံးထွက်ပေါ်လာခဲ့တဲ့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် အတော်ကလေး စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့တဲ့ ကျွန်တော်တို့တစ်တွေ ပထမအမိန့်ထွက်ပြီး ရက်သတ္တပတ်နှစ်ပတ်တောင် မကြာသေးတဲ့အချိန်မှာ ထပ်မံထွက်ပေါ်လာတဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ နောက်တစ်နေ့မှာ ကြားရမြင်ရတဲ့ အဖြစ်အပျက်တွေကြောင့် တကယ့်ကို လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရတယ်ဗျာ။ ယခု ဇန်နဝါရီ ၁၃ ရက်မှာ လွှတ်လိုက်ပုံက အစုလိုက်အပြုံ လိုက် ဆိုတော့ ပျော်စရာတောင်ကောင်းသေးလို့ ပြောရမလိုဖြစ်နေတယ်။

ကြုံဖူးတယ်

ကျွန်တော်ရဲ့ သတင်းစာသမားဘဝနဲ့ နိုင်ငံရေးဘဝ ရာစုနှစ် ထက်ဝက်ခန့်ကာလအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းချခြင်းခံထားရသူတွေ အစုလိုက်အပြုံလိုက် ပြန်လည်လွတ်မြောက်လာတဲ့ အဖြစ်အပျက်မျိုးကို လေးငါးခြောက်ကြိမ် ခုနှစ်ကြိမ်ထက်မနည်း ကျွန်တော်ကြုံခဲ့ဖူးတယ်ဗျ။ အထူးသဖြင့်  ကိုယ်တိုင် နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီးဖြစ်စေ၊ မကြေညာပဲဖြစ်စေ၊ ယုံကြည်ချက် အကျဉ်းသား တွေကို အတော်များများ(သို့) တစ်ယောက်မကျန် လွတ်မြောက်လာတဲ့အဖြစ်မျိုးတွေကို ကြုံတွေ့ခဲ့ဖူးတယ်။ သို့ပေမယ့် ခုတစ်ကြိမ်လောက် ထူးထူးခြားခြား ဝမ်းမြောက်ပျော်ရွှင်တယ်ဆိုတဲ့ ခံစားမှုမျိုး ရင်ထဲမှာ မပေါ်ခဲ့တာ အမှန်ပဲဗျာ။ “သြော်... လွတ်လာကြပြီကိုး” ဆိုတဲ့ အသိလောက်ပဲ ရှိခဲ့တယ်ဗျာ။

မျှော်လင့်ချက်နဲ့ မဆက်စပ်

အရင်က ယုံကြည်ချက် အကျဉ်းသားတွေ အစုလိုက်အပြုံလိုက် ပြန်လွှတ်ခဲ့ကြတယ်ပေါ့။ ကျွန်တော့်စိတ်ထဲ ထူးထူးခြားခြား ဝမ်းသာပျော်ရွှင်မှု ဘာကြောင့်မရှိခဲ့တာရလဲဆိုတဲ့ အကြောင်းရင်းကို စဉ်းစားကြည့်လိုက်တော့ အဲ့ဒီလွတ်မြောက်မှုတွေနဲ့ ကျွန်တော်အပါအဝင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေး မျှော်လင့်ချက်အကြား ဆက်စပ်မှု မရှိသလောက်နီးပါး ဖြစ်ခဲ့လို့ဆိုတာကို သွားတွေ့တယ်။ တနည်းပြောရရင် အဲ့ဒီ အခေါက်တွေတုန်းက ယုံကြည်ချက် အကျဉ်းသားတွေရဲ့ လွတ်မြောက်လာမှုက ကျွန်တော်တို့ရဲ့ ဒီမိုကရေစီရေး မျှော်လင့်ချက်အပေါ် သက်ရောက်မှု မရှိသလောက် ဖြစ်ခဲ့လို့ပဲ ဖြစ်တယ်ဗျ။ တော်လှန်ရေးကောင်စီအစိုးရလက်ထက်၊ လမ်းစဉ်ပါတီ အစိုးရလက်ထက်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးအစိုးရလက်ထက်၊ နိုင်ငံတော် အေးချမ်းသာယာရေးအစိုးရလက်ထက်တွေမှာ ပေါ်ပေါက်ခဲ့ဖူးတဲ့ ယုံကြည်ချက်အကျဉ်းသား အစုလိုက် အပြုံလိုက် လွတ်မြောက်မှုတွေက မိမိတို့ရဲ့ ဒီမိုကရေစီရေးမျှော်လင့်ချက်ကို ထူးခြားသိသာစွာ ပိုမိုလင်းလက်တောက်ပစေခြင်းမရှိခဲ့တာ မြန်မာပြည်သူတွေအသိ ဖြစ်တယ်ဗျ။

လွတ်လွတ်ကျွတ်ကျွတ်အောင်သွားပြီ

ဒါပေမဲ့ ခုတစ်ကြိမ်ကတော့ အဓိပ္ပါယ်က သိပ်ကို ထူးခြားလေးနက်နေတယ်ဗျာ။ ဘာကြောင့်လဲဆိုတော့ အငြင်းပွားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့တဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲတို့က တစ်ဆင့်တက်လာခဲ့တာ ဖြစ်ပေမယ့် ပြည်သူ့ဆန္ဒကို အလေးထားတဲ့လုပ်ရပ်တွေ တစ်ခုပြီးတစ်ခု လုပ်ဆောင်ခဲ့တာကြောင့် ပြည်သူလူထုနဲ့ ယုံကြည်မှုကို တိုးတက်ရရှိလာနေခဲ့တဲ့ တစ်ချိန်တည်းမှာ ရှေ့တစ်လှမ်းတိုး နောက်တစ်လှမ်းဆုတ်သလို ဖြစ်နေတဲ့ လုပ်ပာန်ကြောင့် ပြည်သူ့ယုံကြည်မှုရရှိရေး စာမေးပွဲမှာ မော်ဒရေးရှင်းခံရမလိုဖြစ်နေတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပာာ အခုနောက်ဆုံး လုပ်ရပ်နဲ့ လွတ်လွတ်ကျွတ်ကျွတ် အောင်မြင်သွားခဲ့လို့ပဲဖြစ်တယ်ဗျ။

ဆက်ညှိနှိုင်းသွားရင် ရလောက်တယ်

အခုထိ ယုံကြည်ချက်အကျဉ်းသားဆိုတဲ့ အသုံးအနှုန်းကို လက်မခံသေးတာ ကျွန်တော်တို့က ယုံကြည်ချက် အကျဉ်းသားအနည်းငယ် ကျန်နေသေး တယ်လို့ ပြောနေရတာ စတဲ့ ကိစ္စတွေကိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည်ရဲ့ အနာဂါတ်ကို မျှော်တွေးပြီး ဆက်လက် ညှိနှိုင်းသွားရင် ရနိုင်ကောင်းတယ်လို့ ကျွန်တော်ယူဆတယ်ဗျာ။

ခုဆို ကျွန်တော်တို့နိုင်ငံ ရှေ့တိုးသွားနိုင်ဖို့ ကိစ္စမှာ အရေးကြီးဆုံး အခြေခံပြဿနာကြီးနှစ်ခုထဲက တစ်ခုဖြစ်တဲ့ ယုံကြည်ချက်အကျဉ်းသားများ လွတ်မြောက်ရေးကိစ္စ ပြေလည်သွားခဲ့ပြီဖြစ်သလို နောက်တစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေးကိစ္စမှာလည်း အလားအလာကောင်းတွေ မြင်တွေ့နေရပြီဖြစ်တယ်ဗျာ။ သမိုင်းတစ်ပတ် ပြန်လည်သွားလောက်အောင်တော့ အခြေအနေမဆိုးနိုင်ဘူးလို့ ကျွန်တော်ယုံကြည်နေတယ်ဗျာ။

သံချေးကိုက်နေတဲ့ တံခါးကြီး

ကျွန်တော်တို့နိုင်ငံရဲ့ နှစ်ပေါင်းရှည်ကြာ ပိတ်ထားခဲ့မှုကြောင့် ပတ္တာတွေ သံချေးကိုက်နေတဲ့ ဒီမိုကရေစီတံခါးကြီးပာာ စေ့ရာမှ ပာ၊ပာရာမှ တဖြည်းဖြည်းချင်း ကျယ်သထက်ကျယ်စွာ ပွင့်ပာလာနေပြီလို့ ကျွန်တော်မျက်စိထဲ မြင်နေတယ်ဗျ။ ပြောရရင် ဒီမိုကရေစီလိုလားတဲ့ ရပာန်းရှင်လူ ကျောင်းသားပြည်သူတွေနဲ့ နိုင်ငံတကာ မိတ်ဆွေအသိုင်းအဝိုင်းတွေရဲ့ ကြိုးပမ်းမှုကို သမ္မတကြီးဦးသိန်းစိန် အစိုးရက ထပ်မံလိုက်လျောခဲ့တာလို့ ပြောနိုင်မယ်ဗျ။

ဗြုတ်စဗျင်းတောင်း အရှုပ်တွေ

တံခါးပိုပိုပြီး ပွင့်လာချိန်မှာ ကျွန်တော်တို့ပာာ ရာစုတစ်ဝက်လောက် ပိတ်ထားခဲ့တဲ့ အခန်းထဲက ဗရမ်းဗတာ၊ ကသောင်းကနင်း၊ ဖရိုဖရဲ၊ အလဲလဲ အပြိုပြို ဖြစ်နေတဲ့ ပစ္စည်းတွေကိုလည်း မြင်တွေ့နေရပြီဖြစ်တယ်ဗျ။ ကျွန်တော်တို့ပာာ တံခါးကို ပွင့်သထက်ပွင့်လာပြီး နောက်ဆုံးမှာ ပာင်းလင်းဖြစ် သွားအောင် ကြိုးပမ်းနေကြရမယ့်အချိန်ထဲမှာ အခန်းထဲက ဗြုတ်စဗျင်းတောင်း အရှုပ်အထွေးတွေကိုလည်း အားကြိုးမာန်တက် ရှင်းကြလင်းကြရမှာ ဖြစ်တယ်ဗျ။

ဒီမိုကရေစီနဲ့ မတန်တဲ့ စိတ်တွေ

ပထမဆုံး လှည်းကျင်းရှင်းထုတ်ကြမှာကတော့ ဒီမိုကရေစီကို အလေးမထားခဲ့တဲ့ စနစ်ဆိုးကြီးစိုးခဲ့တဲ့ တစ်လျှောက်လုံး တဖြည်းဖြည်းချင်း ရင့်သန်အမြစ်ဆွဲလာခဲ့တဲ့ ကျွန်တော်တို့ခေါင်းထဲက ဒီမိုကရေစီနဲ့ မထိုက်တန်တဲ့ အတွေးအခေါ် အညစ်အနွမ်း အပောာင်းအမြေ့ အမှိုက်သရိုက်တွေ ဖြစ်တယ်ဗျ။ ပျင်းတာ၊ စိတ်ဓာတ် သိမ်ဖျင်းတာ၊ တစ်ယောက်အပေါ် တစ်ယောက်မကောင်း သတင်းလွှင့်တာ၊ ကိုယ့်ထက်သာ မနာလိုတာ၊ မုဒိတာတရား ခေါင်းပါးတာ၊ ငါသာ အသိဆုံး၊ အတက်ဆုံး၊ အတော်ဆုံးလို့တွေးတာ၊ ကိုယ်နဲ့မတူတဲ့ သဘောထားကို စိတ်ရှည်သည်းခံနိုင်စွမ်းမရှိတာ၊ ပြိုင်ဘက်ကို ကိုယ့်အရည်အသွေး တက်လာအောင် ကူညီပံ့ပိုးနေသူအဖြစ် မမြင်နိုင်ဘဲ အပြတ်ရှင်းပစ်ရမယ့် ရန်သူလို သဘောထားတာ၊ ချက်အောက်ထိုးပြီး အနိုင်ယူ ချင်တာ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောစိတ်မွေးတာ၊ အမှန်တကယ် ရှက်ရမယ့် ကြောက်ရမယ့် အလုပ်ကို မရှက်မကြောက်လုပ်ပြီး အမှန်တကယ် မရှက်မကြောက်ရမယ့် ကိစ္စတွေကို ရှက်တာကြောက်တာ။ ပြောရရင်တော့ ပြောမဆုံးပေါင် တောသုံးတောင်ပဲဗျ။ တစ်ခါလည်း ကျွန်တော် စိတ်ရှိလက်ရှိ ရေးပြီးပြီဗျာ။

တာထွက်မှတ် မျှသာ

နှစ်ပေါင်း ငါးဆယ်လောက်ဒီမိုကရေစီနဲ့ ကွာရှင်းပြတ်စဲထားခဲ့ရတာ ဆိုတော့လည်း ဒီမိုကရေစီပာာ ကျွန်တော်တို့ ပြည်သူတွေအတွက် တစိမ်းတရံဆံ လိုဖြစ်ပြီး အခုပြန်တွေ့ချိန်မှာ အမ်းတမ်းတမ်း ဖြစ်နေတာက သဘာဝကျပါတယ်။ ဒါကြောင့် ဒီမိုကရေစီနဲ့ ပြန်ပြီးယဉ်ပါးလာအောင် စုံမက်မြတ်နိုးစွာ ရွေးချယ်ခဲ့တဲ့ လမ်းဖြစ်တဲ့အတွက် ဘယ်လောက်ဝေးဝေး လျှောက်လှမ်းကြရမှာပဲဖြစ်တယ်ဗျ။ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီအစိုးရစစ်စစ် တစ်ရပ်ကို ရွေးချယ် ဖွဲ့စည်းနိုင်ခဲ့တယ်ဆိုရင်တောင် အဲ့ဒါပာာ ဒီမိုကရေစီခရီးကြမ်းရဲ့ ပန်းတိုင်မပာုတ်သေးဘဲ တာထွက်မှတ်သာ ဖြစ်တယ်ဆိုတာကို မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းတွေက အကြိမ်ကြိမ် သက်သေပြခဲ့ပြီးဖြစ်တာမို့ ကျွန်တော်တို့နိုင်ငံအဖို့ ခုအချိန်မှာ ဒီမိုကရေစီပန်းတိုင်ဆီသို့ ဤခရီးနီးအောင် အတော်လှမ်းရဦးမယ်လို့ပဲ ဆိုလိုက်ချင်တယ်ဗျာ။

***************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၅.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် လိုငွေပြမှု ဘီလီယံ ၅၀နီးပါး လျော့ချနိုင်
  2. ပြည်ပယှဉ်ပြိုင်မှု မြှင့်တင်ရေး ဆန်တစ်တန် ဒေါ်လာ ၂၀ ဈေးချ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မြန်မာခေါင်းဆောင်များအား ဥရောပသမဂ္ဂ ပြည်ဝင်ခွင့်ပြုပြီ
  2. ပါကစ္စတန်သမ္မတမှ ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီဆုချီးမြှင့်
  3. ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ငွေဒဏ်အစား ထောင်ဒဏ်ကိုသာကျခံမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် လိုငွေပြမှု ဘီလီယံ ၅၀နီးပါး လျော့ချနိုင်

၂၆ရက်နေ့တွင် နေပြည်တော်၌ စတင်ကျင်းပမည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းချေ ငွေစာရင်းကို ဆွေးနွေးရန်ရှိပြီး လွှတ်တော်မှတင်ပြသည့် စီမံကိန်းများအား လုပ်သင့်မလုပ်သင့်နှင့် လိုငွေပြ စီမံကိန်းများကို လွှတ်တော်မှ စိစစ်ထိန်းချုပ်သွားမည်ဟု သိရသည်။

ဤနိုင်ငံသည် ဆင်းရဲသော နိုင်ငံဖြစ်သည့်အတွက် ဘတ်ဂျက်လိုငွေပြမှုများရှိသည့် စီမံကိန်းတစ်ချို့အား ဖျက်နိုင်သမျှ ဖျက်ရမည်ဖြစ်ပြီး ယခုအချိန် နိုင်ငံတော်တွင် ထိုစီမံကိန်းမှာ လိုအပ်သလား၊ စီမံကိန်းများသာ လုပ်သော်လည်း ဘတ်ဂျက်လိုသဖြင့် ချေးငွေဖြင့်လုပ်ခြင်းများ ရှိသည့် စီမံကိန်းများကို မလုပ်သင့်ကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်မှ ပြောကြားသည်။

အရင် အစိုးရ၏ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် ဘီလီယံ ၂၃၀၀ကျော်လိုငွေပြမှုများရှိနေသည်။ ထိုလိုငွေပြမှုထဲတွင် ဗဟိုအစိုးရမှ ၂၂၀၁.၄၅၀ ဘီလီယံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ ၁၇၀.၄၉၅ဘီလီယံဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းအား အကြိုဆွေးနွေးပွဲအား ဇန်နဝါရီ ၁၇ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် လိုငွေပြမှု ဘီလီယံ ၅၀နီးပါး လျော့ချနိုင်ခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းမှ ပြောကြားခဲ့သည်။

“အစည်းအဝေးကတော့ လုပ်သွားတယ်။ ဘယ်လောက်လျော့သွားတယ်ဆိုတာပဲ ပြောသွားတယ်။ အသေးစိတ် ဘယ်နေရာတွေမှာ လျော့သွားတယ်ဆိုတာကို မပြောသွားဘူး” ဟု NDF ပါတီမှ ပြည်သူ့ငွေစာရင်းကော်မတီဝင် ဒေါ်တင်နွယ်ဦးက ပြောကြားသည်။

ထို့ပြင် ယခုနှစ် ဘဏ္ဍာရေးနှစ်တွင်လည်း အစည်းအဝေးမှာ ရှင်းပြတဲ့ ကိန်းဂဏန်းတွေအရ လိုငွေပြလိမ့်ဦးမည်ဟု ခန့်မှန်းရသည်။ ထို့နောက် မတ်လ ၃၁ရက်နေ့တွင် အစိုးရဟောင်းမှ ပြဋ္ဌာန်းထားသည့် ရသုံးမှန်းခြေစာရင်းမှ ကုန်ဆုံးမည်ဖြစ်ပြီး  ယခုအစိုးရသစ်လက်ထက်တွင် ဧပြီလ ၁ရက်နေ့မှ စတင်၍ ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ရသုံးမှန်းခြေငွေစာရင်းစမည်ဟု အမျိုးသား ဒီမိုကရေစီပါတီသစ်မှ လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်မှ ပြောကြားသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ပြည်ပယှဉ်ပြိုင်မှု မြှင့်တင်ရေး ဆန်တစ်တန် ဒေါ်လာ ၂၀ ဈေးချ

မြန်မာနိုင်ငံ၏ အဓိကထွက်ကုန်ဖြစ်သော မြန်မာ့ဆန် ၂၅ မှတ်တန်ကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ဈေးကွက်ယှဉ်ပြိုင်မှု မြှင့်တင်နိုင်ရေး အတွက် ယခုလကုန်မှစတင်၍ ဆန်တစ်တန်လျှင် ကန်ဒေါ်လာ ၂၀ ဈေးလျှော့ချ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင် ပြည်ပသို့တင်ပို့မည့် မြန်မာဆန် ၂၅ မှတ်တန်ကို တစ်တန်လျှင် ကန်ဒေါ်လာ ၃၅၀ ရောင်းချရာမှ ယခုအခါ ဆန်တစ်တန်လျှင် ၃၃၀ သို့ လျှော့ချလိုက်ပြီး လက်ရှိအချိန်တွင် ပြည်ပပို့ကုန်ရငွေတန်ဖိုးသည် တစ်ဒေါ်လာလျှင် ၈၅၀ အထိ ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ပဆန်ဈေးကွက် ယှဉ်ပြိုင်မှုမြှင့်တင်သည့်အနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရောင်းဝယ်ခြင်း ပြုလုပ်မည့် လုပ်ငန်းရှင်များအား ဆန်တင်ပို့ခွင့် လျှောက်ထားရာတွင် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ ထောက်ခံချက်ယူစရာမလိုဘဲ ဆောင်ရွက်ပေးတော့မည်ဖြစ်ပြီး ပြည်ပ ဆန်တင်ပို့မည့် လုပ်ငန်းရှင်များကို လုပ်ငန်းလုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ချေးငွေ ထုတ်ချေးပေးဦးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှုကဏ္ဍတွင် ပြည်တွင်းရှိ လုပ်ငန်းရှင်ကြီးအချို့မှ လက်ဝါးကြီးအုပ်၍ ဈေးကစားခြင်း ပြုလုပ်မှုများနှင့် ကုမ္ပဏီငယ်များပါ ဆန်တင်ပို့ခွင့်ရရှိနိုင်စေရန် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းက ထောက်ခံချက်ဖြင့်သာ ပြည်ပဆန်တင်ပို့ခွင့်လိုင်စင် ထုတ်ပေး ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်ပသို့ဆန်တင်ပို့မှုများ ၂၀၁၁ မေလမှ ယခုနှစ် ဇန်နဝါရီလထိ ဆန်တန်ချိန် နှစ်သန်းငါးသောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိရန်ကုန်ဈေးကွက်တွင် ၂၅ မှတ်တန်ဆန်ဈေးမှာ တစ်အိတ်လျှင် ၁၁,၅၀၀ ကျပ်ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မြန်မာခေါင်းဆောင်များအား ဥရောပသမဂ္ဂ ပြည်ဝင်ခွင့်ပြုပြီ

မြန်မာနိုင်ငံမှ ထိပ်တန်းခေါင်းဆောင်များအား ဥရောပသမဂ္ဂနိုင်ငံများက ပြည်ဝင်ခွင့်ပိတ်ပင်ထားခြင်းကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပပြုလုပ်သော ဥရောပသမဂ္ဂနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ မြန်မာ့အရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲတွင် ထိုသို့သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

"ကောင်စီက ပထမအဆင့်အနေနှင့် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး သမ္မတ၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ် များအား ဥရောပသမဂ္ဂဝင် နိုင်ငံ ၂၇ နိုင်ငံက ပြည်ဝင်ခွင့်ပိတ်ပင်ထားခြင်းကို ယခု ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း၊ ဆက်လက် ဖြေလျှော့ရန်ကိုမူ ဆက်လက်ဆွေးနွေးကြဦးမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန် ကြေညာချက်တွင် ပါရှိသည်။

ထိုသို့ ပယ်ဖျက်လိုက်ခြင်းမှာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော သိသာထင်ရှားသည့် အပြောင်းအလဲများကြောင့် ဖြစ်ကြောင်းလည်း ယင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

ဥရောပသမဂ္ဂကောင်စီ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ခေါင်းဆောင် ကက်သရင်းအက်ရှ်တန် ကလည်း "အခုလ အတွင်းမှာကို အတော်ထူးခြားတဲ့ ပြောင်းလဲမှုတွေကို တွေ့လာရတယ်”ဟု ပြောကြားသည်။

၎င်းသည် ဧပြီလတွင် မြန်မာနိုင်ငံသို့ အလည်အပတ် သွားရောက်ရန်ရှိကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပါကစ္စတန်သမ္မတမှ ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီဆုချီးမြှင့်

ပါကစ္စတန်သမ္မတ အာဆစ်ဖ် အလီ ဇာဒါရီသည် ဇန်နဝါရီလ၂၅ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ညနေ ၃နာရီကျော်တွင် တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့တွေ့ဆုံရာ၌ လွန်ခဲ့သောနှစ် ဇွန်လတွင် ပြည်သူ့ပါတီမှ ဘနီဇီယာဘူက ချီးမြှင့်ခဲ့သည့် “Shaheed Benazir Bhutto Award for Democracy” ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါဆုသည် ၂ဝဝ၇ခုနှစ် ဒီဇင်ဘာတွင် လုပ်ကြံခံရကာ အသက်ဆုံးခဲ့သော ဝန်ကြီးချုပ် ဘနာဇီယာဘူတို၏ ပါကစ္စတန်ပြည်သူ့ပါတီက တည်ထောင်ခဲ့သောဆုဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၅နှစ် ပြည့်မွေးနေ့ ၂ဝ၁ဝခုနှစ် ဇွန်လကတည်းက ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ် အကျယ်ချုပ် ကျခံနေရချိန်ဖြစ်၍ ယခုမှသာ ကိုယ်တိုင်ဆုလက်ခံယူနိုင်ခြင်း ဖြစ်သည်။

အဆိုပါဆုကို ဘူတို၏ သမီးဖြစ်သူ ပါကစ္စတန် ပြည်သူ့ပါတီလက်ရှိဥက္ကဋ္ဌ Bilawal Bhutto Zardari က ကိုယ်တိုင်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပါကစ္စတန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် ၎င်း၏သားသမီးများလည်း လိုက်ပါလာပြီး ရန်ကုန်မြို့ရှိ မဂိုဘုရင်ဟောင်းဖြစ်သူ စပါးရှား၏ အုတ်ဂူအား သွားရောက်၍ ဂါရဝပြုမည်ဟု သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ငွေဒဏ်အစား ထောင်ဒဏ်ကိုသာ ကျခံမည်

ဇန်န၀ါရီလ ၁၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်သည် ယခုအခါတွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်များအား တရားမဝင်တင်သွင်းခဲ့သည့်အတွက် တရားရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

“စွဲချက်အမှုကတော့ အင်းစိန်ထောင်ထဲကို တရားမဝင်တဲ့ ဗိုလ်ချုပ်ပုံပါ တီရှပ်များ၊ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ Newsweek စာစောင်တစ်စောင်နှင့် “တပ်မတော်အစ ဗိုလ်ချုပ်အောင်ဆန်းက” စာတမ်းပါ ရင်ထိုးနှစ်ခုတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ပုံ တီရှပ်တွေက တရားမဝင်ဘူးဆိုတာမှ မရှိတာ။ အဲဒါကိုလည်း ပြန်လည်ထုချေထားပြီးပြီ။ တကယ်လို့ ဒီအမှုအတွက် ငွေဒဏ်ကို ပေးမယ်ဆိုရင်တောင် ကျွန်တော်ကတော့ ထောင်ဒဏ်ကိုပဲ ကျခံမှာဖြစ်တယ်”ဟု ကိုနေမျိုးဇင်မှ ပြောကြားသည်။

ကိုနေမျိုးဇင်သည် လွတ်မြောက်လာပြီးမှစ၍ ယခုအကြိမ်နှင့်ဆို တရားရုံးချိန်းသွားရသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း ဒုတိအကြိမ်အဖြစ် ၂၃ရက်နေ့ မနက် ၁၁နာရီတွင်လည်း ဗဟိုတရားရုံးသို့သွားရောက် တရားရင်ဆိုင်ခဲ့ရကြောင်း  လာမည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ၎င်း၏ရှေ့နေ ဦးလှမျိုးမြင့်က လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း လာမည့်အပတ်အတွင်း အင်းစိန်အကျဉ်းထောင်တွင် အမိန့်ချမှတ်နိုင်ဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကိုနေမျိုးဇင်သည် ၂၀၁၁ခုနှစ်ကလည်း အီလက်ထရောနစ်ပုဒ်မဖြင့် ထောင်ဆယ်နှစ်ကျခံခဲ့ရပြီး ပြီးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် ပြန်လည် လွတ်မြောက်လာသူ တစ်ဦးလည်းဖြစ်ပြီး တပ်မတော်ထဲတွင် ၁၀နှစ်ခန့် ထမ်းဆောင်ခဲ့သည်။

ATM

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- လွတ်လာပြီးတဲ့နောက်ပိုင်း အခြေအနေနဲ့ ပတ်သက်လို့ မေးချင်ပါတယ်။တစ်ဖက်မှာက လူထုနဲ့ယှဉ်တဲ့ လူထုနိုင်ငံရေးကို အားသန်တယ်ဆိုတဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားအုပ်စု ရှိနေပါတယ်။ တစ်ဖက်မှာတော့ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်နိုင်ငံရေးမှာ ပါဝင်မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရှိနေပါတယ်။ ကြားထဲမှာ အသက်အငယ်ဆုံးမျိုးဆက်ဖြစ်နေတဲ့ ကိုကျော်ကိုကိုတို့အုပ်စုက ဘယ်လို ဆက်သွားဖို့ စဉ်းစားထားလဲ။

ဖြေ- ကျွန်တော်ရဲ့ အမြင်ပေါ့။ ကျွန်တော်ရဲ့ အမြင်ကို အရင်ဆုံးပြောချင်တယ်ပေါ့။ လွှတ်တော်တွင်း နိုင်ငံရေးကို ကျွန်တော်ကတော့ တစ်ဦးတည်းအားဖြင့် စိတ်မဝင်စားဘူးဗျ။ လတ်တလောမှာ။ လွှတ်တော်ပြင်ပနိုင်ငံရေးမှာ ကိုမင်းကိုနိုင်ပြောတဲ့ လူထုအကျိုးပြုတဲ့ လုပ်ငန်း၊ လူထုနဲ့ တစ်သားတည်းကျတဲ့ နိုင်ငံရေး၊ လူထုလိုက်ပါ ဆောင်ရွက်နိုင်တဲ့ နိုင်ငံရေးမျိုးပဲ ကျွန်တော်က စိတ်ဝင်စားတယ်။ ကိုမင်းကိုနိုင်နဲ့ ကျွန်တော် သဘောထားချင်း တိုက်ဆိုင်မှု ရှိပါတယ်။ ဒါဟာလည်း ဘာကြောင့်လဲဆိုတော့ သူဟာ ကျွန်တော်တို့ရဲ့ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့တယ်။ ပြီးတော့သူရဲ့ ရင်ခုန်သံကို ကျွန်တော်တို့ ဝတ်မှုန် ကူးခဲ့ကြတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ရင်ခုန်သံချင်း ထပ်တူကျတယ်ပေါ့လေ။ အဲဒီပုံစံမျိုး ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မျိုးဆက်က ရှေ့မျိုးဆက်တွေနဲ့ ယှဉ်လိုက်ရင် အင်မတန်မှ ငယ်လွန်းတဲ့အရွယ်တွေ ပါတယ်။ ငယ်ပေမဲ့ လက်ရှိလူငယ်မျိုးဆက်ကို ကျွန်တော်တို့က ဦးဆောင်သွားနေရတဲ့ အခါကျတော့ ဒီမျိုးဆက်ဟာ လမ်းကြောင်းတစ်ခုပေါ်ကို မှန်မှန်ကန်ကန် ရောက်ရှိဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်ရမယ်၊ ကြိုးစားရမယ်၊ အဓိက ဘယ်လမ်းကြောင်းပေါ် ရောက်ဖို့လည်းဆိုတော့ Civil Societyတွေ ပေါ်ထွန်းရမယ်ဆိုတာ အလကားပြောတာ မဟုတ်ဘူး။ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံမှာ Civil Society ရဲ့ အားပေါ့နော်၊ အဲဒီမဏ္ဍိုင်ပေါ့။ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထမဏ္ဍိုင်ကြီးတွေနဲ့ အတူပေါ့နော်၊ အဲတာ မရှိလို့ရှိရင် ရရှိထားတဲ့ အခွင့်အရေးတွေ ဆုံးရှုံး သွားနိုင်တယ်။ အခြေအနေ အရပ်ရပ် ကြောင့်ပေါ့နော်။ မူလအကျပ်အတည်းကိုပြန်လည်ဆိုက်ရောက်သွားနိုင်တယ်။

ဇန်နဝါရီ ၂၅ ထုတ် Weekly ELEVEN NEWS အတွဲ (၁၇) အမှတ် (၁၇) တွင်ပါသည့်“လူငယ်ကျောင်းသားမျိုး ဆက်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျော်ကိုကိုနှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျန်းမာရေးဝန်ကြီးဌာန ချမှတ်ပေးတဲ့ ဌာနဆိုင်ရာ သဘောမျိုးမှာ ဆရာဝန်တစ်ယောက်အနေနဲ့ အခက်အခဲတွေ  ရှိခဲ့ပါတယ်။ အဲဒီတုန်းက ကြုံတွေ့ခဲ့ရတာ နှစ်ချက်ရှိတယ်။ တစ်ချက်က ဗဟိုချုပ်ကိုင်မှုများပြားတာ၊ နောက်တစ်ချက်က ငွေရေးကြေးရေး မပြည့်စုံဘူး။ ထောက်ပံ့မှုတွေရခဲ့တယ် ဆိုပေမယ့် ပြင်ပက ပြည့်ပြည့်ဝဝ မထောက်ပံ့နိုင်ပါဘူး။ ဘတ်ဂျက်ပိုင်းကို ဘယ်လောက်ပဲ တိုးပေးတယ်လို့ပြောပြော လုံလောက်တယ်လို့ မရှိခဲ့ဘူး။  ပညာရေနဲ့ ကျန်းမာရေးဝန်ကြီးဌာနတွေဟာ ဘဏ္ဍငွေ ရှာပေးနိုင်တဲ့ဌာနတွေ မဟုတ်ပါဘူး။ အယူဘက်ကချည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆေးရုံတွေမှာရှိတဲ့ စရိတ်မျှပေးအစီအစဉ်က အောင်မြင်တဲ့နေရာ ရှိသလို မအောင်မြင်တဲ့ နေရာတွေလည်း ရှိပါတယ်။ အောင်မြင်တဲ့နေရာတွေမှာ တော်တော်ကြီးကို အောင်မြင်ပါတယ်။ မအောင်မြင်တဲ့နေရာကို ပံ့ပိုးနိုင်ပါတယ်။ ဒါပေမဲ့ အကျိုးအမြတ်အားလုံးရဲ့ ရာခိုင်နှုန်းအနည်းငယ်ကိုပဲ ပံ့ပိုးနိုင်ပြီး ရာခိုင်နှုန်းအချို့ကို အစိုးရထံသွင်းရပါတယ်။ ဥပမာ ဆေးရုံကြီးတစ်ရုံပေါ့၊ ဆေးရုံကြီးတစ်ရုံက ရှာလို့ရတဲ့ဝင်ငွေကို ဆေးရုံပြင်ဆင်ဖို့၊ ဆေးပစ္စည်းဝယ်ဖို့၊ ဝန်ထမ်းတွေကို ချီးမြှင့်ဖို့အတွက် သုံးပိုင်ခွင့်မရှိပါဘူး။ အမြတ်ငွေရာနှုန်းတော်တော်များများကို ဗဟိုကို ပြန်ပေးလိုက်ရပါတယ်။ ဆေးလောကအတွက် အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ နိုင်ငံတကာကပေးတဲ့ပုံပေး နည်းစနစ်က (နိုင်ငံရေးကြောင့်) လက်ခံနိုင်ဖွယ်ရာ သိပ်မရှိသလိုပေးတဲ့ ပမာဏက လည်း အားရစရာမရှိခဲ့ပါဘူး”

ဇန်နဝါရီ ၂၄ ထုတ် The Street View အတွဲ (၁) အမှတ် (၃) တွင်ပါသည့် “ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်မောင်ဝင့်၏ ဆေးလောက အပေါ် ဝေဖန်သုံးသပ်ချက်” မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အဲဒီတော့ ၈၈တွေ ဘာဆက်လုပ်မှာလဲ ဆိုတဲ့မေးခွန်းမှာ နယ်ပယ်အသီးသီးမှာ ရှိပြီးသားဖြစ်တဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေနဲ့ ပြန်ပြီးတော့ လက်တွဲကြဖို့ ထပ်မံ ဖြန့်ကြက်ပြီး အများအကျိုး၊ တိုင်းပြည်အကျိုး၊ လောကပါလတရားသုံးပါးကို ထွန်းကားဖို့ အရေးတွေကို ဆက်ပြီးတော့ ဆောင်ရွက်သွားမှာပါ။ အဲဒါကို ကျွန်တော် ပြောချင်တာပါ။ အရာရာတိုင်းမှာ ကျောင်းသားတွေဟာ ကြားနေရမယ်၊ ဘက်မလိုက်ရဘူးဆိုတဲ့ အတွေးအခေါ် အယူအဆတွေ ရှိခဲ့ပါတယ်။ ယေဘုယျအားဖြင့် မှန်ချင်မှန်ပါလိမ့်မယ်၊ ခြွင်းချက်အနေနဲ့တော့ ကျွန်တော်တို့ဟာ လောကပါလတရား သုံးပါးဖြစ်တဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဆိုတဲ့ အချက်သုံးပါးနဲ့ ပတ်သက်ရင်တော့ လောကပါလ တရားသုံးပါးကို တည်ထောင်သူတွေနဲ့ ဖျက်ဆီးသူတွေကြားမှာ ဘက်မလိုက်ဘဲ အနေနိုင်ပါဘူး။ ကျွန်တော်တို့ လောကပါလ တရားသုံးပါး တည်ထောင်သူဘက်ကနေပြီးတော့ ပြတ်ပြတ် သားသားဘက်လိုက်မှာပါ။ အဲဒါလေးကို ကျွန်တော် အသိပေးပါရစေ”

ဇန်နဝါရီ ၂၆ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂) အမှတ် (၇၉)တွင်ပါသည့် “၈၈မျိုးဆက် ကျောင်းသားများ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည့် မင်းကိုနိုင်၏ နှုတ်ခွန်းဆက်စကား” ဆောင်းပါးမှ မင်းကိုနိုင် ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs