Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၈.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာတို့ ခေတ်မီကြရတော့မည်

************************************

ဆောင်းပါးကဏ္ဍ

မြန်မာတို့ ခေတ်မီကြရတော့မည်

နေသန်မောင်

(ဇန်နဝါရီ ၂၈ ထုတ် The Voice Weekly အတွဲ(၈) အမှတ် (၇) မှ ထုတ်ယူဖော်ပြသည်)

၂၀၁၂နှစ်ဆန်းသို့ရောက်သည်နှင့် မြန်မာပြည်အတွင်း နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများ အလျင်အမြန် ဆောင်ရွက်လိုက်သော မြန်မာအစိုးရ၏နိုင်ငံရေးစေတနာ  (Political Will)ကို အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာ့နိုင်ငံအများစုက ကောင်းချီးသြဘာပေးခြင်းဖြင့် ကြိုဆိုလိုက် သည်။ မြန်မာသည် ကမ္ဘာသို့ နောက်ထ ဘာပေးခြင်းဖြင့် ကြိုဆိုလိုက်သည်။ မြန်မာသည် ကမ္ဘာသို့ နောက်ထပ်တံခါးတစ်ချပ်ကို ဖွင့်လှစ်လိုက်သည်။

ထိုတံခါးချပ်သည် ၂၃နှစ်ကြာ လိပ်ခဲတည်းလည်းဖြစ်ခဲ့ရသည့် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြိုကွဲမှုကြီးကို ဖယ်ရှားလိုက်သည့် လုပ်ဆောင်ချက် ဖြစ်ခြင်းကြောင့် မြန်မာအပေါ်ပိတ်ထားသည့် အလားတူတံခါးချပ်များကို ကမ္ဘာ့အင်အားကြီး နိုင်ငံများကလည်း ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းမှာ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးသည့်အခါ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားမှုများကို ပြန်လည်ဖယ်ရှား ပေးသွားမည်ဆိုသည့် တုံ့ပြန်ဆောင်ရွက်ချက်များ ဖြစ်သည်။ ဥရောပသမဂ္ဂသည် မြန်မာအစိုးရ ခေါင်းဆောင်များအပေါ် ကန့်သတ်ထားမှုများကို ဖယ်ရှား ပေးလိုက်သည်။ အမေရိကန်ပြည်ထောင်စုကလည်း နာမည်ဆိုးဖြင့် ကျော်ကြားနေသော စီးပွားရေး၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုများကို ဖယ်ရှားပေးဖို့ လေသံ ပစ်နေကြသည်။ ကွန်ဂရက်ခေါင်းဆောင်အချို့သည် ဘားမားအစားမြန်မာဟုပင် ပြောင်းလဲခေါ်ဝေါ် ချင်လာကြသည်။

မြန်မာသမ္မတကလည်း လက်ရှိအခြေအနေများမှ နောက်ပြန်မပြန်သွားကြောင်း ကတိပေးနေပြီး ပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် တောင်းဆို ခဲ့သည်။ လာမည့်နွေရာသီသည် မျှော်လင့်ထားသောကြီးမားသည့် အပြောင်းအလဲကြီးများ ပေါ်ပေါက်လာဖို့ အချက်အလက်များကို မြင်တွေ့နေရသည်။ ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲသည်အများကလက်ခံသော သန့်ရှင်းမျှတမှုရှိကြောင်း သက်သေပြနိုင်သည်နှင့် ယခုထက်ထူးခြားသည့် အခြေအနေ ကောင်းများ ပေါ်ပေါက်လာတော့ မည်ဆိုသည်ကိုမူ မည်သူမျှသံသယမရှိကြ။ ထိုပြည်တွင်းရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် ကြီးမားသော နိုင်ငံ တကာဆိုင်ရာ အနေအထားတစ်ရပ်ကိုလည်း ထူထောင်နေခြင်းဖြစ်သည်။ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုနှင့်အတူ ကျွဲကူးရေပါကိစ္စရပ်များ ဆက်တိုက်ပေါ်ပေါက် လာတော့မည်။ ထိုအချက်များမှာ မျှော်လင့်ချက်အတုများမဟုတ်ပါ။

အမေရိကန်ထိပ်တန်းခေါင်းဆောင်များ၏ မြန်မာခရီးစဉ်များ ဆက်တိုက်ပေါ်ပေါက်ပြီးနောက် အမေရိကား၏ အာရှ- ပစိဖိတ် ရာစုနှစ်ဆိုင်ရာ မျှော်မှန်းချက်တွင် မြန်မာသည် အရေးပါသောအနေအထားသို့ ရောက်လာသည်။ (အမေရိကားဟာ ပစိဖိတ်ရဲ့ပါဝါ ဖြစ်တယ်။ မြန်မာပြည်ရဲ့ စတင်မှု အသစ်တွေဟာ မျှော်လင့်ချက်အသစ်ကို ထွန်းညှိပေးလိုက်တာ ဖြစ်တယ်) ဟု အမေရိကန်ပြည်ထောင်စု သမ္မတဘားရက်အိုဘားမား၏ ဇန်န၀ါရီ ၂၄ ရက်နေ့ နိုင်ငံတော် အခြေပြမိန့်ခွန်း ၂၀၁၂၌ ထည့်သွင်းပြောဆိုချက်သည် အံ့သြဖွယ်ရာ ပြောင်းလဲနေသော မြန်မာနိုင်ငံအတွက် နောက်ထပ် ခွန်အားတစ်ခု တိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။

ဆိုရသော် အန်ကယ်လ်ဆမ်တစ်ယောက် အာရှ-ပစိဖိတ်သို့ပြန်လာပါပြီဟု ကြွေးကြော်လိုက်ခြင်း၏ နောက်ကွယ်မှ မဟာဗျူဟာမြောက် အိပ်မက်အရ မဟာဗျူဟာမြောက်လမ်းဆုံကြီးပေါ် ခွထိုင်မိသားဖြစ်နေသော မြန်မာပြည်သည် ၀ါရှင်တန်၏ ပစိဖိတ်ရာစုနှစ်အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ကြောင်း ခိုင်ခိုင်မာမာ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ထိုအချက်သည် အင်မတန်အရေးပါသည်။ ပစိဖိတ်ဒေသတွင် အမေရိကန်တို့ စိုးမိုးထားမှုကို အင်အားဖြည့်တင်းမည့် အစီအစဉ်၌ မြန်မာသည် အဘယ့်ကြောင့် အရေးပါသနည်းဆိုသည့်မေးခွန်းကို မြန်မာတို့ကိုယ်တိုင် စေ့စေ့ငုငု နားလည် သဘောပေါက် ထားရန် လိုအပ်ပါသည်။

ပထမအချက်မှာ အိန္ဒိယ-တရုတ်နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် လမ်းဆုံကြီးပေါ်ရှိ မြန်မာသည် ပထဝီနိုင်ငံရေး၏ လှည့်စားမှုကို ပက်ပင်း ရင်ဆိုင်လိုက်ရချိန် ထိုအနေအထားသစ်သည် အန်ကယ်လ်ဆမ်အတွက် ပစိဖိတ်စိုးမိုးရေး မဟာဗျူဟာအတွင်း ဒုတ်ဒုတ်ထိ ရောက်နေပြီဆိုသောအချက် ဖြစ်သည်။ ဒုတိယအချက်မှာ မြန်မာသည် ကပ္ပလီပင်လယ်နှင့် တောင်တရုတ်ပင်လယ်ကို ဆက်သွယ်ပေးမည့် ပင်မ Gateway ကြီးဖြစ်လာခြင်းပင် ဖြစ်သည်။ ပထမအချက်နှင့် ဒုတိယအချက်တို့အရ မြန်မာသည် အင်အားကြီးနှစ်နိုင်ငံကြားက တံတားကြီးဖြစ်သလို ပင်လယ်ကြီးနှစ်ခုကို ဆက်သွယ်မည့် ဆိပ်ကမ်းကြီး တစ်ခု ဖြစ်နေခြင်းကြောင့် ဝါရှင်တန်သည် မြန်မာကို မရှိမဖြစ်ချစ်တင်းနှောလိုခြင်း ဖြစ်သည်။

အတိုချုပ်ဆိုရသော် ပစိဖိတ်ဒေသကို လွှမ်းမိုးထားနိုင်ရေးအိပ်မက်အတွက် အာရှ၏အနေအထားသစ်ကို ပိုင်ဆိုင်ထားသည့် မြန်မာ၏ အနာဂတ်သည် အမေရိကန်ပြည်ထောင်စု၏ အနာဂတ်ဖြစ်ကြောင်း ရှင်းလင်းစွာ ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်သည်။ မြန်မာသည် အမေရိကန် ပြည်ထောင်စုနှင့် လက်ချင်းချိတ်ထားဖို့ မရှိမဖြစ် လိုအပ်ပါသည်။ အကြောင်းမှာ  ဒေသတွင်း ပထ၀ီနိုင်ငံရေး အခင်းအကျင်းသစ်ကြောင့် အကျိုးစီးပွားများ ခြေချင်းလိမ်လာချိန်တွင် အစစအရာရာ ပြန်လည်နာလန်ထူရန် ကြိုးပမ်းနေရသော မြန်မာသည်အန်ကယ်လ်ဆမ်နှင့်အတူ Dinner တည်ခင်းရန် အရေးကြီးပါသည်။

ထိုအရာသည်လည်း မြန်မာ့အမျိုးသား အကျိုးစီးပွားတစ်ခုပင် ဖြစ်သည်။ မကြာမီ နွေဦးရောက်တော့မည်။ လစ်ဘရယ်ဒီမိုကရေစီ အခင်းအကျင်း သစ်တစ်ခုကို စတင်လျှောက်လှမ်းနေသော မြန်မာနိုင်ငံ၌ နိုင်ငံသားတိုင်း တိုင်းပြည်ပြန်လည်ထူထောင်ရေး၊ နိုင်ငံတော်သစ်တစ်ခု ပီပီပြင်ပြင် တည်ဆောက်ရေးတို့အတွက် လူတိုင်း အလုပ်လုပ်ကြရမည့် ခေတ် ဖြစ်သည်။ ပျင်းရိလေးတွဲ့ဖွယ်ရာ ဖိနှိပ်အုပ်ချုပ်သည့်ခေတ် ကုန်ဆုံးသွားပြီဖြစ်ကြောင်း နိုင်ငံသားတိုင်း သက်သေပြဖို့ရာ အချိန်ကောင်းကြီး ဖြစ်သည်။ ထိုအချိန်သည် ဂလိုဘယ်လမ်းကြောင်းကြီးပေါ် တိုင်းပြည်ကို ဆွဲမတင်ရမည့် အချိန် ဖြစ်သည်။

ဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးများ ပြည့်ဝမှုရှိရေးသည် ခေတ်မီရေး ဖြစ်သည်။ မြန်မာတို့ မကြာခင် ခေတ်မီကြရတော့မည်။

*******************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၈.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ဧပြီလ ၁ ရက်နေ့မှ စတင်၍ နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒ ပြောင်းလဲကျင့်သုံးမည်
  2. မြဝတီ-ကော့ကရိတ်လမ်း တစ်နှစ်အတွင်း အပြီးတည်ဆောက်မည်
  3. ထားဝယ်ရေနက်ဆိပ်ကမ်း၏ လူမှုစီးပွားဆိုင်ရာ အစီရင်ခံစာပြီးပါက ပြည်သူသို့ ဖြန့်ဝေမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နိုင်ငံတော်သမ္မတမှ ရခိုင်ပြည် လွတ်မြောက်ရေးပါတီအား ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်း
  1. ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပါတီကြီးများပြင်ဆင်

 

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ဧပြီလ ၁ ရက်နေ့မှ စတင်၍ နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒ ပြောင်းလဲကျင့်သုံးမည်

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံအတွင်း ကျင့်သုံးလျက်ရှိသည့် နိုင်ငံခြားငွေ လဲလှယ်နှုန်း မူဝါဒများကို ပြောင်းလဲ ကျင့်သုံးတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗပိာုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေလဲလှယ်မှုနှင့် ပတ်သက်၍ လက်ရှိကျင့်သုံးလျက်ရှိသည့် မြန်မာကျပ်ငွေအား SDR (IMF ၏ အထူးထုတ်ယူခွင့် လက်မှတ်)နှင့် ချိတ်ဆက်အသုံးပြုလျက်ရှိသည့်စနစ်ကို ဖျက်သိမ်း၍ အကန့်အသတ်နှင့် နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ်ကို ပြောင်းလဲကျင့်သုံးသွား တော့မည် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ယခုကဲ့သို့ မြန်မာနိုင်ငံခြားငွေ လဲလှယ်နှုန်းစနစ်အား ပြောင်းလဲကျင့်သုံးရခြင်းမှာ နိုင်ငံရှိ တရားဝင်နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ဈေးကွက် ငွေလဲ လှယ်နှုန်းပာူ၍ တစ်မျိုးထက်ပိုနေသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်များကြောင့်ဖြစ်ပြီး လက်ရှိအချိန်တွင် ၎င်းပြဿနာများ ပြေလည်သွားနိုင်ရန်မှာ နိုင်ငံခြားငွေပေါင်းစည်းရေး ပြုလုပ်ရန် လိုအပ်ကြောင်း ဗပာိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်း ပြင်ဆင်ပြုပြင်ပြောင်းလဲသတ်မှတ်နိုင်ရန် နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့(IMF) သည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် တစ်ကြိမ်လာရောက်ခဲ့ပြီး မြန်မာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတော်ဗပိာုဘဏ်အနေဖြင့်လည်း လက်ရှိအချိန်တွင် သီခြားလွတ်လပ်သော အဖွဲ့တစ်ခုအဖြစ် ရပ်တည်နိုင်ရန် ဆောင်ရွက်လျက် ရှိပြီး ထိုသို့ရပ်တည်ရန် ခွင့်ပြုချက်ရရှိပါက နိုင်ငံ၏ တရားဝင်သုံးစွဲငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် အဓိကထားတာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်ဗပိာုဘဏ်မှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဗပိာုဘဏ်ဥပဒေအား ၁၉၉၀ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၅ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်တို့တွင် ဗပိာုဘဏ်၏ တည်ဆဲဥပဒေများအား ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြဝတီ-ကော့ကရိတ်လမ်း တစ်နှစ်အတွင်း အပြီးတည်ဆောက်မည်

ကရင်ပြည်နယ်အတွင်းရှိ မြဝတီ-ကော့ကရိတ် ကားလမ်းအား တစ်နှစ်အချိန်အတိုင်းအတာ အတွင်း၌ပင် အပြီးဖောက်လုပ် တည်ဆောက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြဝတီ-ကော့ကရိတ် ကားလမ်းဖောက်လုပ်ရာတွင် အာရှဖွံ့ဖြိုးဘဏ် အကူအညီဖြင့် ဖောက်လုပ်သွားမည်ဖြစ်ပြီး မြဝတီ-ကော့ကရိတ် လမ်းဖောက် လုပ်ရန် အာရှဖွံ့ဖြိုးဘဏ်မှ မြန်မာနိုင်ငံအား အကူအညီပေးခြင်းမှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။

မြဝတီ-ကော့ကရိတ် ကားလမ်းသည် ကရင်ပြည်နယ်အတွင်းမှ ထွက်ရှိသည့် ကုန်ပစ္စည်းများကို ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပို့ဆောင် ဆက်သွယ်ရာတွင် အဓိကအရေးပါသည့် စီးပွားရေးလမ်းမကြီးတစ်ခုဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ရရှိခဲ့ပြီဖြစ်သည့်အတွက် ၎င်းလမ်းမကြီးကို ဆက်လက်ဆောက်လုပ်ရခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့ဝင်များမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြဝတီ - ကော့ကရိတ် ကားလမ်းကို ၂၀၀၄ ခုနှစ် စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ အကြား ပဋိပက္ခဖြစ်ပွားခဲ့သည့်အတွက် ၎င်းလမ်းဖောက်လုပ်မှုများကို ခေတ္တရပ်နားခဲ့ရပြီး ယခုအစိုးရသစ်လက်ထက်တွင် အစိုးရနှင့် KNU အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သည့်အတွက် ယခုကဲ့သို့ မြဝတီ-ကော့ကရိတ်လမ်းအား ပြန်လည်ဖောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခင် အစိုးရပောာင်းလက်ထက်တွင် ၁၉၉၈ ခုနှစ် စက်တင်ဘာလ၌ စတင်ခဲ့သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးကို မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုများကြောင့် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် မြဝတီကုန်သွယ်မှုလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

ယခု မြန်မာနိုင်ငံ၏ သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်လက်ထက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် မြန်မာ - ထိုင်း နှစ်နိုင်ငံ အစိုးရများ၏ သဘောတူညီချက်များအရ မြဝတီနယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည့်အပြင် မြန်မာ - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား ကိုလည်း ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ထားဝယ်ရေနက်ဆိပ်ကမ်း၏ လူမှုစီးပွားဆိုင်ရာ အစီရင်ခံစာပြီးပါက ပြည်သူသို့ ဖြန့်ဝေမည်

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်မှုများကြောင့် ဒေသတွင်း ပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုစီးပွားရေး ထိခိုက်မှု (SIA) လူမှုစီးပွားဆိုင်ရာ ပျက်စီးဆုံးရှုံးမှု အစီရင်ခံစာ ပြုစုပြီးပါက ပြည်သူလူထု သိရှိနိုင်စေရန် သတင်းထုတ်ဝေ ဖြန့်ချီပေးသွားမည်ဖြစ်ကြောင်း လူမှုရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း၏ လူမှုစီးပွားဆိုင်ရာအစီရင်ခံစာကို ထိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခုအပြင် မြန်မာနိုင်ငံမှ ပညာရှင်များ၊ ဒေသခံများနှင့် လူမှုရေးအဖွဲ့အစည်းတို့မှ ပူးပေါင်းလေ့လာရေးဆွဲလျက်ရှိပြီး ၎င်း ရေးဆွဲမည့်သူများ ပါဝင်နိုင်ရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသို့ တင်ပြခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအစီရင်ခံစာ(EIA-Environment Impact Assesment)၊ လူမှုစီးပွားရေး ထိခိုက်မှု အစီရင်ခံစာ (SIA-Social Impact Assesment)၊ကျန်းမာရေးထိခိုက်မှု အစီရင်ခံစာ(HIA-Health Impact Assesment) တို့ကို လေ့လာ၍ အစီရင်ခံတင်ပြနိုင်ရန် ထိုင်းကုမ္ပဏီတစ်ခုမှ ဌားရမ်းခြင်းဖြစ်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရာတွင် အသုံးပြုနိုင်ရန် အထက်ပါအစီရင်ခံစာကို ရေးဆွဲနေခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အစီရင်စာပြုစုရာတွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်လျက်ရှိသည့် နဘုလယ်ဒေသအတွင်းမှ လူဦးရေနှစ်သောင်းကျော်ကို ထားဝယ်ဖွံ့ဖြိုးရေးအသင်း၊ လောကအလင်း လူမှုရေးအဖွဲ့နှင့် ဒေသခံများမှ စုပေါင်း၍ စစ်တမ်းကောက်ယူ မေးမြန်းထားပြီး ၎င်း အစီရင်ခံစာတွင်စာမျက်နှာ ၅၀၀ ကျော်ပါရှိမည် ဖြစ်ကြောင်း သိရသည်။

၎င်း အစီရင်ခံစာ ပြုစုပြီးပါက သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်၍ ပြည်တွင်း၊ ပြည်ပမီဒီယာနှင့် ပြည်သူလူထု သိရှိနိုင်စေရန် သတင်းထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်မည့် သတင်းများကြောင့် ရေဖြူမြို့နယ်၊ ဘဝါကမ်းခြေအနီး ဘဝါမြို့သစ်နှင့် ပြောင်းမည့် မြေနေရာများတွင် ကျပ်သိန်း ၃၀ မှ ၅၀ အကြားဈေးပေါက်ခဲ့ကြောင်း သိရ သည်။

                YC            

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နိုင်ငံတော်သမ္မတမှ ရခိုင်ပြည် လွတ်မြောက်ရေးပါတီအား ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်း

ဇန်န၀ါရီလ ၂၃ရက်နေ့တွင် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးကော်မတီအဖွဲ့ ဦးသိန်းဇော်မှ အန္ဒိယ၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အခြေစိုက်သည့်ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)သို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ယင်းပါတီ ဒု-ဥက္ကဋ္ဌ ဦးခိုင်စိုးအောင်မှ တစ်ဆင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဒီလို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကမ်းလှမ်းတာကို ကြိုဆိုပါတယ်။ ဒီကမ်းလှမ်းချက်စာကိုလည်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီက ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဦးခိုင်စိုးအောင်ကနေတစ်ဆင့် ပါတီဥက္ကဋ္ဌ ဦးခိုင်ရဲခိုင်ထံသို့ လိပ်မူပြီး ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေးတဲ့အခါမှပဲ အဖြေပေါ်လာမှာလေ။ သူတို့ဆီက သဘောထားကိုသိပြီးတော့မှပဲ ဆက်ပြီး လုပ်ဆောင်သွားရမှာ ဖြစ်တယ်” ဟု ယင်းပါတီ၏ အထွေထွေ အတွင်းရေးမှူး (၂)ဖြစ်သူ ဦးခိုင်သုခမှ ပြောကြားသည်။

ယင်းပါတီ၏ လက်အောက်တွင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်ရှိပြီး ထိုတပ်မတော်နှင့် ပါတီအား ၁၉၇၃-၇၄ခုနှစ်တွင် ဗိုလ်ခိုင်မိုးလင်းက ဦးဆောင်ပြီးတည်ထောင်ခဲ့တာဖြစ်သည်ဟု သိရသည်။

ထို့ပြင် ယင်းပါတီနှင့် တပ်မတော်အား ဦးဆောင်သူ ဗိုလ်ခိုင်မိုးလင်းသည် ရဲဘော်ပေါင်း ၁၂၀ကျော်နှင့် ရခိုင်သို့ ၁၉၇၇ခုနှစ်တွင် ချီတက်ခဲ့ပြီး အစိုးရစစ်တပ်နှင့် တိုက်ပွဲပေါင်း များစွာတိုက်ခိုက်ခဲ့သည်။ နောက်ဆုံးတွင် တိုက်ပွဲတွင် ရှုံးနိမ့်ခြင်းကြောင့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ ပစ္စတို လက်နက်ဖြင့် ကိုယ့်ကိုယ်ကို ပစ်သတ်ခဲ့သည်ဟုလည်း သတင်းဝက်ဆိုက်အချို့၏ ဖော်ပြချက်အရသိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပါတီကြီးများပြင်ဆင်

ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပါတီကြီးအချို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ၎င်းရွေးကောက်ပွဲ တရားမျှတမှု ရှိစေရေးအတွက် ပါတီအချို့၊ နိုင်ငံရေးလေ့လာသူနှင့် နိုင်ငံတကာမှ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

နိုင်ငံရေးအတိုက်အခံပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် မြန်မာတစ်နိုင်ငံလုံးရှိ လစ်လပ် မဲဆန္ဒနယ် (၄၈)နေရာလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ လက်ရှိအချိန်တွင် လစ်လပ်မဲဆန္ဒနယ် (၂၂) နေရာတွင် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းစာရင်း ရရှိထားကြောင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ရှမ်းပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒုတိယသမ္မတ၏ မဲဆန္ဒနယ်များအပါအဝင် မဲဆန္ဒနယ် (၃) ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားရန် လျာထားပြီး ၎င်းပါတီမှ ကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် များမှာ ကလေး၊ လားရှိုးနှင့် မိုးကောင်းမဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့်လည်း လက်ရှိအချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ် လောင်း ၁၂ ဦးကို ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။

ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေးပါတီမှလည်း လက်ရှိအချိန်တွင် မဲဆန္ဒနယ် လေးနေရာ၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ဒီမိုကရေစီပါတီ၊ အမျိုးသားနိုင်ငံရေး မပာာမိတ်များအဖွဲ့ချုပ်နှင့် သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီပါတီသစ်မှ ယခုလာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် သုံးနေရာတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီအချို့မှာ ဝင်ရောက်ယှဉ် ပြိုင်ခြင်း မရှိသော်လည်း ၂၀၁၅ ၌ ကျင်းပမည့် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ခြင်း မရှိသည့် ပါတီတစ်ခုမှ ပြောကြားသည်။

ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့်ပါတီများမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရေတစ်ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ ဝ အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီ၊ စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) (စဒက)နှင့် ညီညွှတ်သော ဒီမို ကရက်တစ်ပါတီ တို့ဖြစ်ကြောင်း သိရသည်။

YC

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“စီးပွားရေးပိတ်ဆို့မှု ဖြေလျှော့ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက အရေးကြီးဆုံး ဖြစ်ပါတယ်၊ သူ့အနေနဲ့လဲ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုက လွတ်မြောက်စေချင်မှာပဲ၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ဧပြီလကို ကျွန်တော်တို့ စောင့်ရမှာပါ၊ ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတစွာနဲ့ ပြီးဆုံးမယ်၊ ဒီကြားထဲမှာ တိုင်းရင်းသားတွေနဲ့ ပြီးဆုံးမယ်၊ ဒီကြားထဲမှာ တိုင်းရင်းသားတွေနဲ့ ပြေလည်သွားမယ်ဆိုရင် အီးယူက အစည်းအဝေးကျင်းပတဲ့ အချိန်မှာ ရလဒ်ကောင်းတွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်”

ဇန်နဝါရီ ၂၄ ထုတ် ကုမုဒြာအတွဲ (၁) အမှတ် (၄၇) တွင်ပါသည့် “စီးပွားရေးပိတ်ဆို့မှု ဖြေလျှော့ပေးဖို့ အချိန်နီးကပ်လာပြီဟုဆို” သတင်းမှ ဒေါက်တာ သန်းမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အခု စီးပွားကူးသန်းဝန်ကြီးကတရားမဝင် မှောင်ခိုလမ်းကြောင်းက ပြုလုပ်နေတဲ့ ကုန်သွယ်မှု ပပျောက်ရေးအတွက် သုံးလအတွင်း ပြုလုပ်သွားမယ်လို့ ပြောထားတယ်။ အဲဒါ ကျွန်တော်တို့ဘက်ကလည်း လိုအပ်တဲ့အချက်အလက်တွေ တင်ပြရမယ်။ အခုဖြစ်နေတာက မှောင်ခိုလမ်းကြောင်းက သွားနေတာ သိတယ်။ ဘယ်လောက်သွားနေတယ် ဆိုတာတော့ အတိအကျ ပြောလို့မရဘူ။ မူဆယ်ဘက်က ရှိသလို၊ မြဝတီဘက်ကလည်း ရှိတာပါပဲ။ နောက်တစ်ခုက တရုတ်ဘက်ကို တရားဝင်တင်သွင်းခွင့်မရလို့ ဈေးနှိမ်ခံရတဲ့ ပစ္စည်းလည်းရှိတယ်။ ဥပမာ ပြောင်းလိုမျိုးပေါ့။ ဒါကြောင့် RUMFCCI ရဲ့ အကူ အညီနဲ့ လုပ်ဆောင်ရမယ့် အပိုင်းတွေလည်းရှိနေတယ်။ ဒီမှာကတော့ လုပ်တာလုပ်နေတယ် capacity မရှိတဲ့ အပိုင်းလည်းရှိတော့ ဒါတွေကို ဘယ်လို ဆက်လုပ် သွားမလဲဆိုတာ ဝန်ကြီးကတော့ အချိန်သုံးလပေးထားတယ်။ ဒီကြားထဲမှာ အကောင်အထည်ဖော်ဆောင်သွားရမှာပါ”

ဇန်နဝါရီ ၂၇ ထုတ် BiWeekly ELEVEN အတွဲ(၄) အမှတ် (၄၃) တွင်ပါသည့် “နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ ဖြေလျှော့ပေးသည့်အပိုင်းတွင် အရည်အသွေးနိမ့်ပစ္စည်းများ ဝင်ရောက်လာနိုင်သည့်အတွက် စနစ်တကျစိစစ်ရန်လိုအပ်” သတင်းမှ မူဆယ်-နမ့်ခမ်းကုန်သည်များအသင်းမှ ဦးမျိုးလှိုင် ဆွေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဘတ်ဂျက်က ဘယ်လောက်ရတယ်၊ ဘာတွေ သုံးနေပါသလဲဆိုတာ ရှိရမယ်။ မြန်မာနိုင်ငံမှာ ၁၉၅၀ တုန်းက ရစ်ချက်မက်ဂရေ့ဆိုတဲ့ ပါမောက္ခ၊ သူက ဟားဗက်က လာပြီး ကျွန်တော်တို့ကို လုပ်ပေးတယ်။ ကျွန်တော် ပြန်ကြည့်တယ်။ အဲဒီမှာ သုံးမျိုး ထွက်လာတယ်။ ဘာတွေသုံးနေလဲ။ ဘယ်လောက်ရတယ်၊ ဘယ်လိုသုံးနေတယ်။ ဒါတွေကို ကျွန်တော်တို့ သတင်းစာတွေထဲမှာလည်း ဆွေးနွေးတယ်။ ဒါမျိုးတွေ လုပ်သင့်တယ်။ ဘတ်ဂျက်ကိစ္စ အကူအညီ တောင်းထားတယ်။ သြစတြေးလျက အကူအညီပေးမယ်။ ဘတ်ဂျက်ကို လူအများနားလည်အောင်၊ လူငယ်တွေ နားလည်အောင်၊ လွှတ်တော်ကနေ နားလည်အောင်”

ဇန်နဝါရီ ၂၇ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၄၃) တွင်ပါသည့် “မြန်မာနိုင်ငံ၏ ဘတ်ဂျက်အား လူအများ နည်းလည်အောင် ရေးဆွဲရန် လိုအပ်ပြီး ဘတ်ဂျက်နှင့် ပတ်သက်၍ သြစတြေးလျက အကူအညီပေးမည်” သတင်းမှ နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဦးမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs