Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃၀.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တရုတ်၊ ကုလားကလေးများနဲ့ တန်းတူ

*************************************************

ဆောင်းပါးကဏ္ဍ

တရုတ်၊ ကုလားကလေးများနဲ့ တန်းတူ

မိုးမြင့်ငြိမ်း

တစ်နေ့သ၌ စာရေးသူ ပညာရေးအင်စတီကျူးရှင်းတစ်ခုတွင် သွားရောက်လေ့လာစဉ် မြန်မာနိုင်ငံ အနာဂတ်အရေးအတွက် များစွာ အလေးအနက်ဆင်ခြင်ရမည့် အရေးတစ်ခုကိုသိစေချင်သောကြောင့် ဤဆောင်းပါးကို ရေးသား တင်ပြလိုက်ခြင်းဖြစ်ပါသည်။ စာရေးသူရောက်ခဲ့သည့် ပညာရေးအင်စတီကျူးရှင်းတွင် အတွေ့ရအများဆုံး ပညာသင်လူငယ်များမှာ မြန်မာပြည်ဖွား တရုတ်နှင့် ကုလားကလေးများ ဖြစ်နေကြသည်။ ထိုကလေး များသည် အထက်လွှာနှင့် လူလတ်တန်းစား အထက်လွှာတို့မှ ဆင်းသက်လာခြင်းဖြစ်သည့်အတွက် ပညာရေးကောင်း ရရှိရန်နှင့် ပညာဆက်လက် သင်ကြားရန် မပူရသောအခြေအနေပင်ဖြစ်သည်။ မြန်မာကလေးများမှာ တရုတ်နှင့် ကုလားကလေးများထက်စာလျှင် လူဦးရေ အချိုးအစားအရ နည်းပါးကြောင်း တွေ့ခဲ့ရသည်။ ဗဟုဝါဒရှုထောင့်မှ စဉ်းစားလျှင် စာရေးသူမှာ လူမျိုးမရွေး၊ ဘာသာမရွေးတန်းတူရည်တူ ပညာသင်ကြားနိုင်မှုနှင့် အသွင်ကွဲ အဆင်ကွဲဖြစ်မှုကို အလေးထားပါသည်။ သို့သော် အမျိုးသားရေးအထိုင်ပေါ်က စဉ်းစားလျှင်တော့ စာရေးသူ အနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်အရေးကို ရင်ဘတ်ပေါ် ကျောက်ပြင်တင်ထားမိသလို ဖြစ်နေမိတော့သည်။

မြန်မာလူမျိုးအများစုမှာ နိုင်ငံရေးနှင့် ခပ်ကင်းကင်းနေလိုသည့် စိတ်အခံများရှိသည့်အလျှောက် အမျိုးသားရေးစိတ်ဓာတ်များမှာ တဖြည်းဖြည်း နည်းပါးလာသည့် အဖြစ်ကို မြန်မာလူ့အဖွဲ့အစည်းအတွင်းတွင် တွေ့မြင်လာရသည်။ စာရေးသူတို့၏ မိဘဘိုးဘွားများ သွင်သင်ဆုံးမခဲ့သည့် စကားတစ်ခု ရှိပါသည်။ “ဘယ်မင်း ပဲတက်တက် ထမင်းစားရဖို့ အရေးကြီးသည်” ဟူ၍ ဖြစ်ပါသည်။ ဤဆုံးမစကားမှာ ယခုလို နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းကြား တရားနည်းလမ်းကျမှုကို ဒီမိုကရေစီအင်စတီကျူးရှင်းများဖြင့် အသွင်ကူးပြောင်း တည်ဆောက်နိုင်သည့် ယခုလို အချိန်အခါမျိုးတွင် မှန်ကန်မှုရှိပါ တော့၏ လားဟု သုံးသပ်မိပါသည်။

မြန်မာနိုင်ငံမှာ ကမ္ဘာကြီးဖြစ်ပျက်ပြောင်းလဲနေသော လမ်းကြောင်းအတိုင်းမနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ တံခါးပိတ်ပြီး နေခဲ့သည့်အတွက်ကြောင့် နိုင်ငံတကာမှ မြောက်ကိုရီးယားလိုနိုင်ငံမျိုးနှင့် တစ်တန်းထား ဖော်ပြခဲ့ကြသည်။ ယခုအခါတွင် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် လိုက်လျောညီထွေဖြစ်ရန် တနည်း အပွင့်လူ့အဖွဲ့အစည်းဖြစ်ရန် နိုင်ငံတော်မှ ဦးဆောင်၍ ပြုပြင်ပြောင်းလဲမှုကို တဆင့်ခြင်း လုပ်ဆောင်လာသည်ကို တွေ့နေရသည်။ ထိုအတွက်ကြောင့် ခေတ်သစ်၊ စနစ်သစ်သို့ အပြောင်းတွင် စိတ်အခံနှင့် စနစ်သစ်နှင့်အဟပ်ညီမည့် အရည်အချင်းများ တည်ဆောက် ထားနိုင်မှာ တစ်မျိုး သားလုံးဦးစားပေးလုပ်ဆောင် ရမည့် အမျိုးသားရေးလိုဖြစ်လာနေပြီ။

စနစ်သစ်တွင် အသုံးဝင်မည့် အရည်အချင်းကို နိုင်ငံသူ၊ နိုင်ငံသားများ မြှင့်တင်ထားနိုင်ခြင်း မရှိခဲ့ပါလျှင် မြန်မာလူမျိုးများ မြန်မာနိုင်ငံတွင်နေပြီး အခြားနိုင်ငံမှ လာရောက်အလုပ်လုပ်ကိုင်သူများ၏ လက်အောက်ခံအဖြစ်နှင့် အရိုးထုတ်ကျေနပ်ရမည့်သဘောပင် ဖြစ်သည်။ စာရေးသူ တိုက်တွန်းလိုသည့် အချက်မှာ “သခင်မျိုးဟေ့ တို့ဗမာ”ဟူသော စိတ်ဓာတ်ကိုပညာအခြေခံဖြင့် တည်ဆောက်ယူရန်ပင် ဖြစ်သည်။ ဤသို့မှ မဟုတ်လျှင် မန္တလေးမြို့ကဲ့သို့ တစ်မြို့လုံးကို ပေါက်ဖော်ကြီးများက သိမ်းပိုက်ထားသလို အခြေအနေမျိုး စိုက်သွားနိုင်ပါသည်။ တရားမဝင် ကုန်သွယ်မှုများ၊ ဆွေးမျိုးအဆက်အသွယ်များ ကြောင့် ယခုအခါတွင် မန္တလေးမြို့သည် ပေါက်ဖော်ကြီးများ၏ စီးပွားရေးစားကျက်လို ဖြစ်နေလေပြီ။ စာရေးသူနှင့်သိသော တရုတ်သူဌေးကြီး တစ်ဦးဆိုလျှင် ဘုံကျောင်းမှ ထောက်ပံ့ထားသည့် တရုတ်ဆံပင်ညှပ်ဆံတွင်သာ ဆံပင်ညှပ်လေ့ ရှိသည်။

စာရေးသူမှာ နိုင်ငံ၏ စီးပွားရေးတည်ဆောက်ရေးနှင့်ပတ်သက်ပြီး အရင်းရှင်စနစ်၏ တရားကိုယ်သဘောများကို ကျောင်းနေဖက် သူငယ်ချင်း တစ်ဦးနှင့် ဆွေးနွေးခဲ့သည်ကို အမှတ်ရမိပါသည်။

စာရေးသူ: “အရင်းရှင်စနစ်ဆိုတာ လောဘကို အခြေခံတာပဲ၊ မက်လုံကို အခြေခံပြီး လူတွေကို ခိုင်းစားတာပဲ။ အဲဒါနဲ့ လူတွေ အလုပ်လုပ်ပြီး နိုင်ငံရဲ့ စီးပွားရေးတက် လာတာ”

သူငယ်ချင်း: “မင်းကလည်းကွာ မက်လုံးပေးတာတော့ ဟုတ်ပါပြီ၊ ခိုင်းစားတာဆိုတာကတော့ အရမ်းရင့်လွန်းပါတယ်၊ ဒါဆို အရင်းရှင်စနစ် ခေတ်ဦးတုန်းက အလုပ်လုပ်တဲ့လူတွေမှာ ဘယ်မှာလဲ မက်လုံး”

စာရေးသူ: “အဲဒီတုန်းက အရိုင်းလေ၊ အခုယဉ်လာတာ၊ လောဘအခြေခံတယ်ဆိုတာတော့ မပြောင်းဘူး၊ အဲဒီတုန်းက အရင်းရှင်ကြီးတွေရဲ့ လောဘကြောင့် အရင်းရှင်စနစ်ကို လူမှန်းကြတာပေါ့”

သူငယ်ချင်း: “ငါကတော့ အရင်းရှင်စနစ်ဆိုတာ လွတ်လပ်မှုရှိတဲ့ စနစ်လို့မြင်တယ်။ မင်းစဉ်းစားကြည့်လေ လွတ်လပ်မှုမရှိတဲ့စနစ်က ဘယ်မှာ ကြာကြာခံတုန်း၊ အရင်းရှင်စနစ်အောင်မြင်လာတာ လွတ်လပ်မှုကြောင့်ပေါ့။ အခုလဲကြည့်လေ စွန့်ဦးတီတွင်အလုပ်လုပ်တဲ့ နည်းပညာ ကုမ္ပဏီတွေက အရင်းကြီးတဲ့လူတွေထက် ပိုအလုပ်ဖြစ် ပိုအောင်မြင်ကြတယ် မဟုတ်လား”

စာရေးသူ: “ မင်းပြောတာက entrepreneur capitalism ဒါဟာ အရိုင်းကနေအယဉ်ကို အဆင့်ဆင့်ကူးပြောင်းသွားပြီး အခု ရောက်ရှိနေတဲ့ နေရာပဲ။ အရင်းရှင်စနစ်မှာ သဘောတရားမှာ လွတ်လပ်မှုလည်းပါတယ်ကွ၊ ဆိုလိုတာကကွာ အရင်းရှင်စနစ်က ပညာ၊ ပညာတတ်ကို အလေးထားတယ်ကွ၊ ပညာတက်ဆိုတာက အခြေအနေမှန်ကို အစွဲကင်းကင်း ကြည့်တတ်တော့ ပြင်စရာရှိတာကို အချိန်မနှောင်းမီ ပြင်တဲ့အတွက် အခုလို ယဉ်ကျေးလာရတာ ပေါ့ကွာ”

သူငယ်ချင်း : “ အေးကွာ၊ ငါတို့နိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလာတာတော့ ကြာပြီး အခုအချိန်အထိ ခြေလက်၊ အဂါင်္မစုံသေးဘူး၊ အရွယ်မရောက်သေးဘူးလို့ပြောလို့ရတာပေါ့ကွာ၊ တကယ့်ဈေးကွက် စီးပွားရေးဝင်လာရင် ဘယ်လိုများ အလုပ်လုပ်ကြမလဲမသိဘူး။ ငါတို့လည်း အရည် အချင်း ဖြည့်ထားရမယ်၊ အဓိကကတော့ အာဆီယံနိုင်ငံတွေနဲ့ ပြိုင်ရမယ့်အရေးပဲ၊ ငါမြင်တာကတော့ ၂၀၁၅ ခုနှစ်မှာဖြစ်လာမယ့် အာဆီယံ စီးပွားရေး အသိုက်အဝိုင်းမှာ ဝင်ပြီး Play နိုင်ဖို့ အရည်အချင်းအပြင် အမျိုးသားရေးစိတ်ဓာတ်လည်း လိုမှာပဲကွ၊"

စာရေးသူ : “ ဟုတ်တာပေါ့ကွာ၊ ဒီအရည်အချင်း၊ ဒီစိတ်ဓာတ်တွေနဲ့ နိုင်ငံဖွံ့ဖြိုးအောင်လုပ်ရမှာပေါ့”

စာရေးသူ သူငယ်ချင်းမှာ ယခုဖြစ်ပေါ်နေတဲ့ ကမ္ဘာစီးပွားရေး မတည်ငြိမ်မှုများအတွက် အရင်းရှင်စနစ်အပေါ် ရိုးသားစွာ ယုံကြည်လို့ မရသေးသည်ကို စာရေးသူအနေဖြင့် နားလည်ပါသည်။ သို့သော် စာရေးသူမြင်သည်မှာ စီးပွားပျက် ကပ်ဖြစ်ရခြင်းမှာ ဈေးကွက်၏ အားနည်းချက်ကြောင့် မဟုတ်၊ မူဝါဒချမှတ်သူများ၏ ကိုယ်ကျိုးစီးပွားကြောင့်သာ ဖြစ်မည်။

အရင်းရှင်စနစ်ဆိုသည်မှာ လောဘကိုအခြေခံသည် ဆိုသော်ငြားလည်း လူတို့အဓိက လိုအပ်သည်မှာ လုံခြုံသည့် လူမှုစီးပွားရေး ဘဝသာ ဖြစ်ပါသည်။ စာရေးသူအနေဖြင့် ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုမရှိခြင်းကြောင့် အစိုးရကဏ္ဍကို မြှင့်တင်သည့် ကိန်းဘောဂဗေဒ တနည်း ရောင်းလိုအား ဘောဂဗေဒကို မြန်မာနိုင်ငံတွင် ကျင့်သုံးအကောင်အထည်ဖော်ရန် မသင့်ဟု မြင်မိပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုမှာ စီးပွားကျဆင်းလျှင် သုံးလေ့ရှိသည့် ကိန်းဘောဂဗေဒကို သုံးနှင့်နေပြီးဖြစ်သည့် အတွက်ကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေး အမှန်တကယ် အသက်ဝင် လိုလျှင် ပုဂ္ဂလိကကဏ္ဍကို မြှင့်တင်ရမည်၊ ဈေးကွက်ကို လွှတ်ထားမှသာလျှင် လွတ်လွတ်လပ်လပ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ သို့သော် အထက်ကဆိုသလို လူမှု စီးပွားရေးဘဝ လုံခြုံမှုရှိစေရန် စီးပွားရေးအင်စတီကျူးရှင်းများ၏ လုပ်ထုံးလုပ်နည်းကိုတော့ မူဝါဒချမှတ်သူများက ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ထားပေးဖို့ လိုပါသည်။

စာရေးသူနှင့် စာရေးသူသူငယ်ချင်းမှာ ဈေးကွက်စီးပွားရေးနှင့် ပတ်သက်ပြီး အမြင်ကွဲလွဲမှု တစ်ချို့ရှိ သော်ငြားလည်း တူညီသည့်အချက်မှာ အမျိုး သားရေးစိတ်ဓာတ်ဖြင့် နိုင်ငံ၏ စီးပွားရေးကို တည်ဆောက်ရမည် ဟူ၍ဖြစ်ပါသည်။ ဂျပန်၊ တောင်ကိုရီးယား၊ တိုင်ဝမ်၊ စင်္ကာပူအစရှိသည့် နိုင်ငံများကို ကြည့်ပါက နိုင်ငံဖွံ့ဖြိုးရမည်ဆိုသော အမျိုးသားရေးစိတ်ဓာတ်ဖြင့် မျိုးဆက်တစ်ဆက်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရယူနိုင်ခဲ့သော အာရှကျား နိုင်ငံများပင် ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲမှုများဖြင့် ပြန်လည်ဆန်းသစ်လာသည့် မြန်မာနိုင်ငံသည်လည်း အမျိုးသားရေးစိတ်အခံဖြင့် နိုင်ငံစီးပွားရေး ကို စနစ်တကျတည်ဆောက်ခဲ့လျှင် မျိုးဆက်တစ်ဆက်အတွင်း စက်မှုဖွံ့ဖြိုးတိုးတက်ပြီးသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာမည်မှာ ဧကန်မလွဲပင်။ ထိုအချိန်အခါ ရောက်လျှင် မြန်မာကလေးများသည် တရုတ်နှင့် ကလေးကလေးများနှင့် တူတန်း နိုင်ငံတကာ အဆင့်အတန်းမီ ကျောင်း များတွင် သင်ကြားနိုင်တော့မည်ကို လူကြီးမိဘများအားလုံကို သိစေလိုပါသည်။

***************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၃၀.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. သုံးထပ်ပိုက်ဖြင့် ငါးဖမ်းခြင်းအား ပြန်လည်ခွင့်ပြု
  2.  ပို့ဆောင်ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီး ၄ ခုအား အများကိုင်ကုမ္ပဏီအဖြစ်ပြောင်းမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်တစ်ဦး ပြောင်းလဲခန့်အပ်
  2. မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများ အိန္ဒိယနိုင်ငံတွင်နှစ်ရက်ကြာ ပြုလုပ်မည့် ဆွေးနွေးပွဲသို့ တက်ရောက်
  3. ရှမ်းပါတီများ ပူးပေါင်း၍ နယ်မြေခွဲခြားလုပ်ကိုင်မည်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

သုံးထပ်ပိုက်ဖြင့် ငါးဖမ်းခြင်းအား ပြန်လည်ခွင့်ပြု

ပင်လယ်ပြင်အတွင်း ငါးဖမ်း၍ အသက်မွေးဝမ်းကျောင်း လုပ်ဆောင်နေရသည့် ရေလုပ်သားများ အဆင်ပြေနိုင်စေရန် ငါးဖမ်းကိရိယာ (သုံးထပ်ပိုက်)ဖြင့် ငါးဖမ်းခြင်းကို ပြန်လည်ခွင့်ပြုပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီလ ၂၄ ရက်နေ့၌ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အစည်းအဝေး၌ ပြောကြားခဲ့သည်။

ယခင်က ၎င်း သုံးထပ်ပိုက်ဖြင့် ငါးဖမ်းယူမှုများကို ငါး၊ ပုဇွန် သယံဇာတများ ပြုန်းတီးစေသည့်အတွက် သက်ဆိုင်ရာမှ အသုံးပြုရန် ပိတ်ပင်ထား ခဲ့သော်လည်း တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေ ရေလုပ်သားများ၏ စားဝတ်နေရေးအဆင်ပြေနိုင်စေရန်နှင့် အအေးခန်း စက်ရုံများအတွက် ငါး၊ ပုဇွန် ကုန်ကြမ်းများရရှိပြီး ပြည်ပသို့ ပိုမိုတင်ပို့ ရောင်းချနိုင်စေရန် ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ သုံးထပ်ပိုက်ဖြင့် ငါးဖမ်းလုပ်ငန်းများ လုပ်ဆောင်နေမှုများကို တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ပုဇွန်မျိုး ပေါက်ဖွားချိန်များဖြစ်သော မေလနှင့် ဇွန်လများတွင် ငါးဖမ်းယူခွင့်များကိုမူ ဆက်လက်တားမြစ်ထားမည်ဖြစ်သော်လည်း ကျန်ဒေသများတွင် သုံးထပ်ပိုက်ဖြင့် လွတ်လပ်စွာ ငါးဖမ်း လုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အမှန်တကယ်မှာ ပင်လယ်ပြင်အတွင်း သုံးထပ်ပိုက်များဖြင့် ငါးဖမ်းယူမှုများကြောင့် ငါးပြုန်းတီးခြင်းမပာုတ်ဘဲ တရုတ်နိုင်ငံမှ VMS ငါးဖမ်းစနစ်နှင့် ကျော့ကောင် ငါးဖမ်းစနစ်များကြောင့် ငါးမျိုးပြုန်းတီးရခြင်းဖြစ်ကြောင်း ရေလုပ်သားတစ်ဦးက ပြောကြားခဲ့သည်။

ပင်လယ်ပြင်အတွင်း သုံးထပ်ပိုက်ဖြင့် ငါးဖမ်းယူမှုများကို ထိုင်းနိုင်ငံမှ စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ၁၉၆၅ ခုနှစ်၌ တနင်္သာရီ၊ ကော့သောင်း ဒေသများတွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

ပို့ဆောင်ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီး ၄ ခုအား အများကိုင်ကုမ္ပဏီအဖြစ်ပြောင်းမည်

ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန ၄ ခုအား အများပိုင် ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲလုပ် ကိုင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပို့ဆောင်ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန ၄ ခုအား အများပိုင်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲနိုင်ရန် လုပ်ငန်းစဉ်များနှင့် လုပ်ငန်းစဉ် ကာကွယ်နိုင်သည့် ဥပဒေများကို ရေးဆွဲလျက်ရှိပြီး နောက်ပိုင်းကာလများတွင် ၎င်းဦးစီးဌာနများရှိ အရင်းအနှီးကိုတွက်ချက်၍ အကျိုးတူ ပူးပေါင်းလုပ်ကိုင်မည့် လုပ်ငန်းရှင်များထံမှ ရှယ်ယာရာခိုင်နှုန်းအလိုက် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အများပိုင်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲလုပ်ကိုင်မည့် ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန ၄ ခုမှာ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ တိုးတက်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနတို့ဖြစ်ပြီး ရေကြောင်းပညာသိပ္ပံကျောင်း၊ လေကြောင်းပို့ဆောင်ရေး၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ မြန်မာ့သင်္ဘော ကျင်းလုပ်ငန်းနှင့် ရေကြောင်းပညာ တက္ကသိုလ်စသည့်ဌာနများနှင့် ၂၀၁၀ ပြည့်နှစ်၌ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးလိုက်သည့် ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

၎င်း ဌာနများအား ပုဂ္ဂလိကပိုင်အဖြစ်သို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုလိုက်ရခြင်းမှာ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး မူဝါဒများအရ ပို့ဆောင်ရေး ဝန်ကြီး ဌာနအနေဖြင့် ကိုယ်ပိုင်ငွေဖြင့်သာ ရပ်တည်ရတော့မည့်အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။

ရေကြောင်းဝန်ကြီးဌာနမှ နိုင်ငံအတွက် နှစ်စဉ်အသားတင်ဘဏ္ဍာ ငွေဘီလီယံကျပ် ၄၀၊ အမေရိကန်ဒေါ်လာ ၅၀ ရှာဖွေပေးနိုင်ရန်နှင့် ၎င်း ရှာဖွေ ပေးထားသည့်ငွေများထဲမှ နိုင်ငံတော်သမ္မတကြီး၏ ခွင့်ပြုချက်ဖြင့် လေယာဉ်များ၊ သင်္ဘောများ ဝယ်ယူတည်ဆောက်ခြင်း၊ ဆိပ်ကမ်း၊ လေယာဉ်ကွင်းများ တိုးချဲ့ တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

                Ref:First Weekly

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်တစ်ဦး ပြောင်းလဲခန့်အပ်

ကျန်းမာရေးချို့ယွင်းမှုများကြောင့် ဇန်နဝါရီလ ၇ ရက်နေ့က နုတ်ထွက်ခွင့်ပြုလိုက်သည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးခင်ဇော်၏ နေရာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီး ဦးမြတ်ကိုအား အစားထိုး ခန့်အပ် တာဝန်ပေးလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဝန်ကြီး ဦးမြတ်ကိုအား တာဝန်ပေးရန် နိုင်ငံတော်သမ္မတရုံးမှ အမိန့် အမှတ် ၅/၂၀၁၂ ဖြင့် ဇန်နဝါရီလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ(က)နှင့် တိုင်းဒေသကြီး (သို့မပာုတ်) ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၆၊ ပုဒ်မခွဲ(က) တို့အရ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်၏ သဘောတူညီချက် ရရှိပြီးသည့် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီး ဦမြတ်ကိုအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဖော်ပြပါရှိသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်သည့် ဦးမြတ်ကိုသည် ဒီဇင်ဘာလအတွင်းက တနင်္သာရီတိုင်း ဒေသကြီး ခေတ္တဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

YC

--------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများ အိန္ဒိယနိုင်ငံတွင်နှစ်ရက်ကြာ ပြုလုပ်မည့် ဆွေးနွေးပွဲသို့ တက်ရောက်

ဇန်နဝါရီလ ၃၀ရက်နေ့တွင် Bridging South and South East Asia ခေါင်းစဉ်ဖြင့် အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် တည်ရှိသည့် Jamia Millia Islamia တက္ကသိုလ်တွင် နှစ်ရက်ကြာ ကျင်းပပြုလုပ်မည့် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများ တက်ရောက်ကြသည်ဟု သိရသည်။

ထိုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများထဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ရှမ်းအမျိုးသား ဒီမိုကရေစီပါတီ၊ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက် တစ်ပါတီ (မြန်မာ)၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ လူမှုရေးအဖွဲ့အစည်းတစ်ချို့မှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ် အသီးသီးများလည်း ပါဝင်ကြောင်း သိရသည်။

“ဒီဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေအနေဖြင့် အိန္ဒိယရဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လေ့လာချင်သည်က တစ်ပိုင်းနှင့် မြန်မာ နိုင်ငံက လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အိန္ဒိယဘက်ကလည်း လေ့လာချင်နေသောကြောင့် အခုလို ဆွေးနွေးပွဲကို တက်ရောက်တာပါ”ဟု ထို ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီတစ်ခုမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုမြန်မာ့အရေးဆွေးနွေးပွဲ၌ ၎င်းတို့ပါတီအနေဖြင့် ကုလားတန်မြစ်ကြောင်း စီမံချက်နှင့်ပတ်သက်၍ ဆွေးနွေးတင် ပြမှုများရှိသည်ဟု ချင်းအမျိုးသားပါတီမှ ဥက္ကဋ္ဌ ဦးဇမ်ကျင့်ပေါ်က ပြောကြားသည်။

                ထိုဆွေးနွေးပွဲအား Jamia Millia Islamia University၊ Tampadipa Institute နှင့် ဘယ်လ်ဂျီယမ် အခြေစိုက် ဥရောပမြန်မာရုံး (EBO) တို့မှ ပူးပေါင်းဆောင်ရွက်ကြသည်ဟု သိရပြီး ယင်းမြန်မာ့အရေးဆွေးနွေးပွဲသို့ အန္ဒိယမှ လွှတ်တော်အမတ်များ၊ သံအမတ်များ၊ တက္ကသိုလ် ပါမောက္ခများ၊ နိုင်ငံခြားရေး အတွင်းဝန်ဟောင်းများနှင့် နာဂလန်းပြည်နယ် ဝန်ကြီးချုပ်လည်း တက်ရောက်သည်ဟု ယင်းဆွေးနွေးပွဲသို့ တက်ရောက်သူ တစ်ဦးထံမှ သိရသည်။

ATM

--------------------------------------------------------------------------------------------------------------------------------

ရှမ်းပါတီများ ပူးပေါင်း၍ နယ်မြေခွဲခြားလုပ်ကိုင်မည်

ရှမ်းပါတီများဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီနှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP) နှစ်ပါတီမှ ပူးပေါင်း၍ နိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ်များကို လုပ်ဆောင်ရာတွင် နယ်မြေခွဲခြား လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းပါတီများအနေဖြင့် အမည်ကွဲပြားခြားနားစွာဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထား ခဲ့သော်လည်း မတူညီသော နယ်မြေများတွင် နိုင်ငံရေးလုပ်ငန်းစဉ်များကို ရှမ်းပါတီများအချင်းချင်း ဆွေးနွေးညှိနှိုင်း၍ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးပါက ဒုတိယ မဲ အများဆုံး ရရှိခဲ့သည့် တိုင်းရင်းသားပါတီတစ်ခုဖြစ်ပြီး ထို့ပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၏ ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ထွန်းဦးသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ စတုတ္ထအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ခဲ့ရာတွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီမှတ်ပုံတင်ခွင့်ပြုချက် လျှောက်ထားလျက်ရှိပြီး SNDP ပါတီမှ ပါတီဝင်အချို့မှာ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TLDP) အဖြစ် ပါတီခွဲထွက်၍ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြည်ထာင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ကြောင်း သိရသည်။

ထို့ပြင် မကြာသေးမီကာလအတွင်းက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများပြုလုပ်ခဲ့သည့် ဗိုလ်ချုပ်ရွက်ဆစ် (RCSS) အဖွဲ့နှင့် ရှမ်းအဖွဲ့အစည်း၊ ၂၀၁၀ ရွေးကောက်ပွဲဝင် ရှမ်းပါတီများက အနာဂါတ်တွင် ပူးပေါင်း လက် တွဲဆောင်ရွက်သွားရန် ဇန်နဝါရီလ ၂၁ ရက်နေ့၌ ရန်ကုန်မြို့ရှိ ကေပါရာဒိုက်ပိာုတယ်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

YC

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အခုနိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေကနေ ပေးအပ်နေတဲ့ ဘဏ္ဍရေးနဲ့ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေမှာတင်ပဲ မူတည်နေတာ မဟုတ်ပါဘူး။ တရားမျှတပြီး ထိရောက်စွာ စီမံခန့်ခွဲပေးနိုင်မယ့် အားကောင်းသော ဥပဒေနဲ့ စည်းမျဉ်းတွေနဲ့ အာမခံချက်ပေးနိုင်ဖို့ တရားရေးဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။

ကျွန်မတို့ နိုင်ငံအတွက် ကျင့်ဝတ်နဲ့လည်းညီ၊ အသစ်လည်းဖြစ်၊ ရှိပြီးသားအပေါ် ထပ်ဆင့်မွမ်းမံတဲ့ ရင်းနှီးမြုပ်နှံမှု မျိုးတွေ ဖြစ်ပေါ်စေမယ့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးဖို့ ဆန္ဒရှိပါတယ်။ ဒါ့အပြင် အနာဂတ် ကမ္ဘာမှာလိုအပ်တဲ့ စားနပ်ရိက္ခာ၊ ရေနဲ့ စွမ်းအင်ဆိုင်ရာတွေနဲ့ ဆက်နွယ်နေတဲ့ လူမှုဝန်းကျင်ကောင်းတစ်ရပ်အတွက် ရေရှည်စံပြ စီးပွားရေးစနစ်တစ်ခုကို စံနမူနာအဖြစ် မြန်မာနိုင်ငံကနေ ယူနိုင်တာမျိုးအထိပါ ကျွန်မတို့ ဖြစ်လာစေချင်ပါ တယ်”

ဖေဖော်ဝါရီ ၁ ထုတ် The Express Times အတွဲ (၁) အမှတ် (၁၈) တွင်ပါသည့် “ဒါဗို့စ် ကမ္ဘာ့စီးပွားရေးညီလာ ခံတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်း” မှ ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“စင်ကာပူဆိုရင် Lucky စင်တာရှိတယ။ အိတ်ချိန်းတွေ အများကြီးဖွင့်ထားတယ်။ ထိုင်းမှာဆို ဂိုးဒင်းမိုင်းရှိတယ်။ သဘောင်္လိုက်တဲ့သူ၊ ငါးဖမ်းတဲ့သူ၊ အလုပ်သမားတွေ လာလွှဲကြတယ်။ စနစ်တကျလည်းရှိတယ်။ မြန်မာကတော့ ပြောင်ဖွင့်ထားပေမယ့် တရားမဝင်ဘူးဆိုတော့၊ လွှဲတော့လွှဲနေကြပေမယ့် အများကြီးမလွှဲကြဘူး”

ဖေဖော်ဝါရီ ၂ ထုတ် Envoy အတွဲ (၂) အမှတ် (၄၁) တွင်ပါသည့် “ပြည်ပနိုင်ငံများတွင် မြန်မာငွေလွှဲကောင်တာများ တရားဝင် ဖြစ်ပေါ်လာရေး ချိတ်ဆက် ပေးရန် လိုအပ်” သတင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

သမ္မတကြီးဦးသိန်းစိန်က ၁။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောဖြစ်တော့ ကျွန်တော်တို့နှစ်ဦး နားလည်မှု ရခဲ့ကြပါတယ်။ ၂။ ပြည်သူတွေက သူ့ကို မဲပေးရင်တော့ သူက လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာမှာပါ။ လွှတ်တော်ကလည်း သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုမယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်။ ဒါ ကျွန်တော်တို့ရဲ့ အစီအစဉ်ပါ။ ၃။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ကျွန်တော်တို့ ယုံကြည်မှု တည်ဆောက်ပြီးပါပြီ။ အကြောင်း အရာတချို့ကို ကျွန်တော်တို့ သဘောတူညီချက်ရပြီးပါပြီ။ ၄။ အမေရိကန်နဲ့ ဥရောပသမဂ္ဂက ကျွန်တော်တို့နိုင်ငံကို စီးပွားရေး ပိတ်ဆို့ထားပါတယ်။ ခုဆိုရင် အနှစ် ၂၀ နီး ဖိပါးရှိပါပြီ။ အဲဒါတွေ လျှော့ပေးတာ၊ ပိတ်ဆို့ ဒဏ်ခတ်တာတွေ ရုပ်သိမ်းသွားတာ ကျွန်တော် မြင်ချင်ပါတယ်။ ၅။ အနောက်နိုင်ငံတွေက ကျွန်တော်တို့ကို ဖြစ်စေချင်တာ ၃ ခုရှိပါတယ်။ ပထမက နိုင်ငံရေးအကျဉ်းသား လွှတ်ရေး၊ ဒုတိယ ရွေးကောက်ပွဲ၊ တတိယ ကျွန်တော်တို့ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားပုဂ္ဂိုလ်တွေ ပါဝင်ရေး ဒီ ၃ ချက်စလုံးကို ကျွန်တော်တို့ ဆောင်ရွက်သွားပြီးပါပြီ။ ၆။ အနောက်နိုင်ငံတွေ ဘက်က ဆောက်ရွက်စရာရှိတာကို ဆောင်ရွက်ရမယ့် အပိုင်းပါပဲ။ ဒီ ၃ ချက်ကို ဆောင်ရွက်ခဲ့တယ်ဆိုတာက ကျွန်တော်တို့နိုင်ငံ ဖိအားပေးခံရလို့ ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံအတွက် လိုအပ်တယ်လို့ ယူဆတဲ့အတွက် ဆောက်ရွက်ခဲ့တာပါ။"

ဇန်နဝါရီ ၃၀ ထုတ် Favourite News အတွဲ (၃) အမှတ် (၁၃၅) တွင်ပါသည့် “ကျွန်တော်တို့ဘက် အားလုံးပြင်ဆင်ထားပြီး အနောက် နိုင်ငံတွေဘက်က ဆောင်ရွက်စရာရှိတာတွေပဲကျန်” သတင်းမှ သမ္မတကြီးဦး သိန်းစိန်နှင့် Washington Post သတင်းထောက် အင်တာဗျူး အနှစ်ချုပ်

***************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs