Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တောအုပ်အစပ်က ကျောင်းကလေး

********************************************

ဆောင်းပါးကဏ္ဍ

တောအုပ်အစပ်က ကျောင်းကလေး

တင်အောင်

လူသူအရောက်အပေါက်နည်းတဲ့ တောင်တန်းကြီးရဲ့ တစ်ဖက်မှာ တောအုပ်တစ်အုပ် ရှိပါတယ်။ အဲ့ဒီတောအုပ်လေးထဲမှာ လူမျိုးစုတစ်စု ရှိနေပါတယ်။ ဒီလူမျိုးတွေဟာ ဘာသာရေးကို လေးစားတဲ့ သူတွေဖြစ်ပြီး ယောက်ကျား မိန်းမ ခွဲခြားမှုကလည်း မရှိဘဲ တန်းတူအခွင့်အရေး ရကြပါတယ်။   ကုသိုလ်ကံက ကောင်းချင်တော့ သူတို့နေထိုင်ရာ တောအုပ်ထဲမှာ အစားရေစာကလည်း ပေါကြွယ်ဝပြန်သတဲ့။ ဒါကြောင့် သူတို့ဟာ အေးချမ်းစွာ နေထိုင်ပြီး ပူပင်ကြောင့်ကြမှုတွေကလည်း ကင်းဝေး၊ ဘာသာရေးကို နှလုံးသွင်းရင်းနဲ့ နေချင့်ဖွယ်ကောင်းလောက်တဲ့ အသိုက်အမြုံကလေးတစ်ခုကို ဖန်တီး ထားနိုင်တယ် ဆိုရမှာပါ။ သူတို့ဟာ တောအုပ်ထဲက လူတွေ။

တောင်တန်းကြီးရဲ့ ဒီဘက်မှာတော့ လွင်ပြင်ကျယ်ကြီးတစ်ခုရှိပြီး အင်မတန်ကို ရုန့်ရင်းကြမ်းတမ်းတဲ့ လူမျိုးစုတစ်စု ရှိပြန်ပါတယ်။ လွင်ပြင် ကျယ်ကြီးဖြစ်တာနဲ့အညီ အစားရေစာကလည်း ရှားပါးပြန်ပါတယ်။ ဒီလူတွေဟာ ဘာသာတရား မရှိကြပါဘူး။ နောက်ပြီးတော့ မိန်းမတွေကို ဦးစားပေးသော် ငြားလည်း မိန်းမတွေဟာ ကလေးပဲမွေးရမယ် ယောက်ကျားတွေဟာ စစ်တိုက်ရမယ်ဆိုတဲ့ မဟာပုရိသဝါဒလည်း ရှိပြန်ပါတယ်။ သူတို့ဟာ လွင်ပြင်ကြီးက လူတွေ။

တောအုပ်ထဲကလူတွေဟာ လွင်ပြင်ကြီးထဲက လူတွေကို မနှစ်မြို့နိုင်ကြပါဘူး။ ဘာသာတရားလည်းမရှိ ယောက်ကျားတွေကသာ ကြီးစိုးပြီး ရုန့်ရင်းကြမ်းတမ်းတဲ့ လွင်ပြင်ကြီးက လူတွေကို ထိတွေ့ဆက်ဆံလိုခြင်း မရှိတာကြောင့် တောင်တန်းကြီးကိုကျော်ပြီး လွင်ပြင်ဘက် သွားလေ့မရှိကြပါဘူး။

အလားတူပဲ လွင်ပြင်ကြီးက လူတွေဟာလည်း တောအုပ်ထဲက လူတွေကို သူတို့ရဲ့စံနှုန်းတွေနဲ့ တိုင်းတာပြီး မနှစ်မြို့ကြပြန်ပါဘူး။ ဘာသာရေး ဆိုတဲ့ အကြောက်တရားကြီးတွေနဲ့ ဖိနှိပ်ခံထားရပြီး သူရဲဘောကြောင်တဲ့သူတွေလို့ မြင်ကြတယ်။ သူတို့အုပ်စုနှစ်စုကြားမှာ အခါအားလျော်စွာ အငြင်းပွားမှု၊ တိုက်ခိုက်မှုတွေလည်း ရှိပြန်တယ်။

တနေ့တော့ တောအုပ်ထဲက လူငယ်တစ်ယောက်ဟာ ဒီအခြေအနေတွေကို ကျော်လွှားဖို့ ကြိုးစားတယ်။ ဒီလူမျိုးစုနှစ်စု ဘယ်လို ပေါင်းသင်း နေထိုင်ကြမလဲဆိုတာတွေပါ။ လူကြီးတွေကတော့ အရိုးစွဲနေပြီ ဖြစ်တဲ့အတွက် ကလေးတွေကနေ ဒီရန်ငြိုးတွေကို သင်ပုန်းချေနိုင်အောင် ကြိုးစားရမယ်လို့ သူတွေးတယ်။ ဒီတော့ ကလေးတွေ တစ်စုတစ်စည်းတည်းဖြစ်အောင် ပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့ ရှာဖွေပြန်တော့ ကျောင်းကလေး တစ်ကျောင်း ဆောက်လိုက်တာ ကောင်းမယ်လို့ သူဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ တောအုပ်အစပ်မှာ ကျောင်းကလေးတစ်ကျောင်းကို သူတည်ထောင်လိုက်တယ်။ နှစ်ဖက် စလုံးက ကလေးတွေကို ကျောင်းလေးမှာ လာတက်ဖို့ စည်းရုံးတယ်။  နှစ်ဖက်ခေါင်းဆောင်တွေနဲ့ မိဘတွေကတော့ စိတ်လက် မသက်မသာနဲ့ဘဲ စောင့် ကြည့်နေကြတယ်။

ကျောင်းကလေးမှာ ကလေးတွေ ပြဿနာ စတက်ပါပြီ။ ဘာသာစကား မတူတာရယ်၊ သွန်သင်ဆုံးမမှု ကွဲပြားတာရယ်ကြောင့် ကလေးတွေဟာ ငြင်းကြခုံကြ၊ ခိုက်ရန်ဖြစ်ကြ၊ ငိုကြနဲ့ ကျောင်းကလေးဟာ ဆူညံနေပါတော့တယ်။ ကျောင်းလေးကို တည်ထောင်တဲ့ ကျောင်းဆရာလူငယ်ဟာ အစပိုင်းမှာ ထိတ်လန့်တုန်လှုပ်မိပေမယ့် ကလေးတွေသဘာဝအရ ရန်ဖြစ်လိုက်ပြန်တည့်ပြီး အတူကစားလိုက်နဲ့ နေကြတာကို တွေ့လာတော့ သူ့ရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝတော့မယ်လို့ ပီတိ ဖြစ်လာပါတယ်။ သူကလည်း ကျောင်းသားလေးတွေကို မျှမျှတတ ဆက်ဆံတယ်။ တန်းတူအခွင့်အရေးပေးပြီး ညီမျှစွာ နေထိုင် ကြစေတယ်။ ဒါပေမယ့် ကျောင်းလာတက်တဲ့ ကျောင်းသားအရေအတွက်က တောအုပ်ထဲက ကလေးတွေက လေးပုံတစ်ပုံသာရှိပြီး လွင်ပြင်ကြီးက ကလေးတွေက သုံးပုံတောင် ရှိပါတယ်။

တနေ့တော့ ကျောင်းဆရာလူငယ်လေးဟာ ပုံမှန်အတိုင်း ကျောင်းကိုလာခဲ့ပါတယ်။ ကျောင်းကိုရောက်တဲ့အခါမှာ သူ့ကို အံအားသင့်စေမယ့် မြင်ကွင်းတစ်ခုက ဆီးကြိုလို့ နေပါတော့တယ်။ သူ့ရဲ့ ကျောင်းကလေးဟာ မီးရှို့ခံထားရပြီး ပြာပုံအဖြစ်သာ ရှိတော့တာပါ။ ဒီကျောင်းလေးကို ဘယ်သူ မီးရှို့တာလဲ၊ တောထဲက လူတွေလား၊ လွင်ပြင်ကြီးက လူတွေလား။

နှစ်ဖက်စလုံးက ဖြစ်နိုင်ပါတယ်။ စာဖတ်သူအနေနဲ့လည်း မိမိနှစ်သက်ရာရှုထောင့်က တွေးနိုင်ပါတယ်။ ဒါပေမယ့် ဒီပုံပြင်လေးမှာ အဓိက ပေးချင်ပုံရတဲ့ အတွေးအမြင်တွေ အများကြီး တွေ့ရတယ်။

တစ်ချက်ကတော့ တောအုပ်ထဲက လူတွေဟာ အစစ အရာရာ ပြည့်စုံနေပါလျှက်နဲ့ ဘာကြောင့်များ ကလေးတွေ ကို ကျောင်းကို ပို့ကြတာလဲ။ လွင်ပြင်ကြီးက လူတွေကရော အစားအစာ မလုံလောက်တဲ့အထဲမှာ  ကလေးတွေကို ကျောင်းပို့ပြီး ကလေးတွေအတွက် အစာပိုရှာကြတာလဲ။ ကျောင်း ဆရာ လူငယ်ကရော ဘာကြောင့်များ ဒီ အသိုက်အဝန်း နှစ်ခုကို ပေါင်းစပ်ချင်ရတာလဲ။ နောက်ဆုံးမှာ ကျောင်းလေးကို မီးရှို့ကြတဲ့ နှစ်ဖက်အုပ်စုတွေရဲ့ ရည်ရွယ်ချက်တွေက ဘာလဲ စသည်ဖြင့် များစွာ တွေးယူနိုင်ပါတယ်။ ဒီမှာ ပေးတဲ့ အတွေးတွေကတော့

(၁) ပညာရေးဆိုတာ စားဝတ်နေရေး ဖူလုံရုံသက်သက် မဟုတ်ဘူး။ ကျောင်းဆိုတာလည်း စာသင်ကြားရုံ သက်သက်မဟုတ်ဘဲ လူမှုရေးတွေ၊ ကလေးဘဝတည်းက ပူးပေါင်းဆောင်ရွက်တတ်မှုတွေ၊ သည်းခံမှုတွေ၊ ချစ်ခင်မှုတွေ ကို ပေါင်းစည်းပေးရာ ဌာနဖြစ်တယ်။ ပြီးတော့ ဘယ်အသိုင်းအဝိုင်းက ကလေးမဆို ပညာရေးကို တန်းတူညီမျှစွာ သင်ကြားခွင့် ရှိရမယ်။ ကျောင်းသားတွေဟာ ခွဲခြားဆက်ဆံခံရခြင်း မရှိစေရဘူးဆိုတဲ့ အတွေးအခေါ်ကို ပေးပါတယ်။

(၂) လူဆိုတာ တစ်ဦးတည်း တစ်ယောက်တည်း၊ တစ်အုပ်စုတည်း ရပ်တည်ရတာ မဟုတ်တဲ့အတွက် အားလုံးပူးပေါင်းနေထိုင်နိုင်အောင် နည်းလမ်းတွေ ရှာဖွေရတာဖြစ်တယ်။ ဒီပုံပြင်လေးဟာ ဂလိုဘယ်လိုက်ဇေးရှင်း သဘောကိုတောင် ဆောင်ထားတာ တွေ့ရတယ်။

(၃) ကျောင်းလေးကို မီးရှို့တဲ့အထဲမှာ တောအုပ်ထဲက လူတွေဖြစ်တယ်ဆိုရင် သူတို့ဟာ ကွန်ဆာဗေးတစ်တွေ ဖြစ်မယ်။ ဥရောပ အလယ်ခေတ် မှာလိုပေါ့။ စားကြသောက်ကြ၊ ပျော်ကြပါးကြ၊ ဘုရားတရားကို နှလုံးသွင်းကြ၊ ကလေးတွေကို ကျောင်းကို ပို့ထားရတာ သူတို့အတွက် မလိုအပ်ဘဲ အချိန် ဖြုန်းရာကျတယ်။ လွင်ပြင်ကြီးက လူတွေဆိုရင်တော့ ကွန်မြူနစ်တွေဖြစ်မယ်။ ကျောင်းမှာ သူတို့ရဲ့ကလေးတွေဟာ လူတွေကို ကြောက်ရွံ့အောင် လုပ်ထားတဲ့ ဘာသာရေးတွေ သင်ကြားခံရလိမ့်မယ်။ ပြီးတော့ အစားအစာ ဖူလုံစွာနဲ့ ကျောင်းတက်နေရတဲ့ ကလေးတွေဟာ အစာရှာရင်း ကျောင်းတက် ရတဲ့ သူတွေကလေးတွေထက် ပိုတော်လိမ့်မယ်။ တစ်ချိန်ချိန်မှာ အဲ့ဒီကလေးတွေက လွင်ပြင်ကြီးက လူတန်းစားတွေကို အုပ် ချုပ်လိမ့်မယ်။ တစ်သက်လုံး မိန်းမတွေကို ခေါင်းဆောင်မတင်ရဘူးတဲ့ လွင်ပြင်ကြီးက လူတွေဟာ မိန်းမတွေ အုပ်ချုပ်တာ ခံရတော့မယ်ဆိုတဲ့ အတွေးတွေနဲ့ ကျောင်းကို မီးရှို့တာလည်း ဖြစ်နိုင်ပါတယ်။ နှစ်ဖက်လုံးမှာလည်း ကျောင်းကိုပို့ချင်တဲ့ မိဘတွေ ရှိဦးမှာပါ။ ဒါဟာ ဘာကိုပြောသလဲဆိုရင် အမြင်မတူတဲ့ အုပ်စုနှစ်စုကြားမှာ ကိုယ့်အတွက်ပဲကြည့်တဲ့ အုပ်စုတွေရှိနေကြသလို အကောင်းမြင်စိတ်နဲ့ ပြောင်းလဲလိုသူတွေလည်း ရှိတာကို ပြောနေတာဖြစ်တယ်။ လူတန်းစား ပဋိပက္ခ တွေနဲ့ နိုင်ငံရေး အယူအဆတွေ ကွဲပြားလာရခြင်းဆိုတဲ့ ပုံစံပါ။

(၄) အဓိက အချက်ကတော့ ကျောင်းကလေး ဘာကြောင့်မီးလောင်သွားရတာလဲ ဆိုတာပါ။ ကျောင်းဆရာလူငယ်ဟာ စေတနာသာ ရှိပြီး ဒီကျောင်းလေးကနေ အနာဂတ်မှာ လူမျိုးစုနှစ်စုအတွက် ဘယ်လို အကျိုးရလဒ် ဖြစ်စေမှာလဲ ဆိုတာကို ချမှတ်နိုင်ခဲ့ခြင်း မရှိတာကို တွေ့ရတာပါ။  ဒါကြောင့် ပညာရေးဟာ တကယ့်ကို လက်တွေ့အသုံးချ ပညာရေး ဖြစ်ဖို့လိုတယ်ဆိုတဲ့ အတွေးအမြင်ကိုလည်း ပေးထားတယ်။

***************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ထိုင်းပုဇွန်ဖြူ ဝင်လာသည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်များ အရှုံးတွေ့
  2. VOA, BBC ရုပ်သံလိုင်း ပြည်တွင်းအခြေစိုက် ထုတ်လွှင့်နိုင်ရန် ကြိုးပမ်း

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မွန်ပြည်နယ်၌ ငြိမ်းချမ်းရေးခရီးစတင်လိုက်မှုကို ဝမ်းသာမိပါကြောင်း အရှေ့တောင်တိုင်း တိုင်းမှူး ပြောကြား
  2. မြန်မာနိုင်ငံသို့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား ရောက်ရှိ
  3. ကွယ်လွန်သည့် လွှတ်တော်ကိုယ်စားလှယ်နေရာတွင် အစားထိုးမည်မပာုတ်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ထိုင်းပုဇွန်ဖြူ ဝင်လာသည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်များ အရှုံးတွေ့

ထိုင်းနိုင်ငံမှ မွေးမြူထုတ်လုပ်လျက်ရှိသော ပုဇွန်ဖြူများ ပြည်တွင်း ရန်ကုန်စံပြငါးဈေးအတွင်းသို့ပင် ဝင်ရောက်လာသည့်အတွက် ပြည်တွင်း ပုဇွန်လုပ်ငန်းရှင်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များမှာ လုပ်ငန်းရပ်ဆိုင်းရမည့် အခြေအနေအထိ အရှုံးတွေ့ကြုံခဲ့ရကြောင်း သိရသည်။

ထိုင်းမွေးမြူထုတ် ပုဇွန်ဖြူများမှာ မြန်မာနိုင်ငံအတွင်းသို့ မြဝတီနယ်စပ်မှတစ်ဆင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး မြန်မာပုဇွန်ဖြူထက် အရည်အသွေး ကောင်းခြင်း၊ ဈေးနှုန်းလျော့နည်းခြင်းတို့ကြောင့် ဗပာိုစံပြငါးဈေးတွင် ထိုင်းပုဇွန်အား ဝယ်ယူသူ များပြားလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုင်းပုဇွန်များ ပြည်တွင်းဈေးကွက်အတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာသည့်အတွက် ပြည်တွင်းရေလုပ်ငန်းရှင်များမှာ လုပ်ငန်း ဆက်လက် လည်ပတ်နိုင်ရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရပြီး ထိုင်းမှ ယခုဝင်ရောက်လာသည့် ပုဇွန်ဖြူများမှာ တရားဝင် ဝင်ရောက်လာခြင်း ပာုတ်မပာုတ် သက်ဆိုင်ရာဌာနများမှ စစ်ဆေးပေးပါရန် ပြည်တွင်း လုပ်ငန်းရှင်များမှ အကူအညီတောင်းခံထားကြောင်း သိရသည်။

ထိုင်းပုဇွန်ဖြူများ ပြည်တွင်းဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှုနှင့် ပတ်သက်၍ ပြည်တွင်းမွေးမြူရေး လုပ်ငန်းရှင်တစ်ဦးမှ “မြန်မာနိုင်ငံမှ လက်ရှိ လုပ်ကိုင်နေတဲ့ မွေးမြူရေးလုပ်ငန်းတွေပာာ အစကတည်းက အခက်အခဲတွေ ရင်ဆိုင်နေရပြီးတော့ လုပ်ကိုင်နေရတာဖြစ်ပါတယ်။ ခုလို ထိုင်းနိုင်ငံက ပုဇွန် ဖြူတွေ မြန်မာပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာတဲ့အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေပာာပိုပြီးခက်ခဲတော့မှာပေါ့ဗျာ” ပာု ပြောကြားသည်။

ထို့ပြင် လာမည့် ၂၀၁၅ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ခွင့် AFTA ကို ကျင့်သုံးတော့မည် ဖြစ်သည့်အတွက် ပြည်တွင်းမှ လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးမမီသော ကုန်ပစ္စည်းများ ထုတ်လုပ်ပါက ပြည်ပကုန်ထုတ်စွမ်းအားကို ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ အရှုံးဖြင့်သာ ရင်ဆိုင်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

                YC

_____________________________________________________________________________________

VOA, BBC ရုပ်သံလိုင်း ပြည်တွင်းအခြေစိုက် ထုတ်လွှင့်နိုင်ရန် ကြိုးပမ်း

ပြည်ပမီဒီယာလိုင်းများဖြစ်သည့် VOA နှင့် BBC ရုပ်သံလိုင်းများသည် မြန်မာနိုင်ငံအတွင်း အခြေစိုက်ရုံးဖွင့်၍ မီဒီယာ လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခြေစိုက် VOA, BBC ရုပ်သံလိုင်းများဖြစ်လာနိုင်ရန် ဝန်ကြီးဌာနနှင့်ဆွေးနွေးရာ၌ ဝန်ကြီးထံမှ တဖြည်းဖြည်း လုပ်ဆောင်ပေးသွား မည်ဆိုသော ကတိစကားကို ရရှိထားပြီဖြစ်ပြီး မြန်မာနိုင်ငံအတွင်း VOA,BBC အခြေစိုက်ရုံး ဖွင့်လှစ်ရန် ခွင့်ပြုချက်ရရှိသည်နှင့် တပြိုင်နက် လာရောက် ရုံးစိုက်၍ မီဒီယာလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း VOA မြန်မာပိုင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိ ပြည်ပအခြေစိုက် VOA,BBC ရုပ်သံလိုင်းများ မြန်မာနိုင်ငံအတွင်း အခြေစိုက်၍ မီဒီယာလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိပါက ရေဒီယိုနှင့် ရုပ်သံလိုင်းကိုသာ အဓိက ထုတ်လွှင့်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း VOA, BBC ရုပ်သံလိုင်း အခြေစိုက် ရုံးဖွင့်လှစ်ခွင့် ရရှိနိုင်စေရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မကြာသေးမီကာလအတွင်းကလည်း VOA,BBC ကဲ့သို့ ပြည်ပမီဒီယာရုပ်သံလိုင်းတစ်ခုဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) မှ မြန်မာနိုင်ငံအတွင်း အခြေစိုက်၍ မီဒီယာလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ပအခြေစိုက် မဇ္စိုမ သတင်းဌာနကလည်း အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာနိုင်ငံအတွင်း သတင်းလွတ်လပ်ခွင့်များ၊ ရယူခွင့်များ ရရှိလာပါက ပြည်တွင်းသို့ပြန်လာ၍ မီဒီယာလုပ်ငန်းများအပြင် အပတ်စဉ်ဂျာနယ်များကိုပါ ထုတ်ဝေမည်ဖြစ်ကြောင်း မဇ္စိုမသတင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

                YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မွန်ပြည်နယ်၌ ငြိမ်းချမ်းရေးခရီးစတင်လိုက်မှုကို ဝမ်းသာမိပါကြောင်း အရှေ့တောင်တိုင်း တိုင်းမှူး ပြောကြား

မွန်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သော ထာဝရငြိမ်းချမ်းရေးခရီးကို စတင်လိုက်သည့်အတွက် အလွန်ဝမ်းမြောက်မိပါကြောင်း အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း ပြောကြားသည်။

မွန်ပြည်သစ်ပါတီနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပဏာမသဘောတူညီချက်ကို ဖေဖော်ဝါရီ ၁ ရက်နေ့၊ မော်လမြိုင်မြို့တွင် နှစ်ဖက် ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးပွဲတွင် ဗိုလ်ချုပ်တင်မောင်ဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ နိုင်ရော့စ ဦးဆောင်သည့်အဖွဲ့သည် အပစ်ခတ်ရပ်စဲရေးကို သဘောတူဆွေးနွေး လက်မှတ်ရေးထိုးခဲ့သည်။

“၉၅ခုနှစ်တုန်းကဆွေးနွေးခဲ့ရတာမျိုးနဲ့တော့မတူဘူး။ အခုက အပြောသက်သက်မဟုတ်ဘဲ လက်တွေ့တွေပါ ပါလာတယ်” ဟု မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ရော့စက ဆိုသည်။

အဆိုပါ မွန်အဖွဲ့သည် အပစ်ခတ်ရပ်စဲရေးအပါအဝင် အချက် ၅ချက်ကို သဘောတူခဲ့ပြီး မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ၌ ခွင့်ပြုချက် တောင်းခံပြီး ယခုလ တတိယအပတ်တွင် အတည်ပြု လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်၌ ထာဝရငြိမ်းချမ်းရေးခရီးကို သွားရောက်နေပြီဖြစ်သည့်အတွက် မဝေးတော့သည့်ကာလတွင် မွန်ပြည်နယ်၌လည်း ထာဝရ ငြိမ်းချမ်းရေးခရီးကို ရောက်ရှိ တော့မည်ဖြစ်ကြောင်း အထက်ပါ ဗိုလ်ချုပ်တင်မောင်ဝင်းက ပြောကြားသည်။

“မွန်နဲ့ ကျွန်တော်တို့က အရင်ကတည်းက သိပ်မတိုက်ခဲ့ကြပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မွန်ပြည်နယ်၌ ငြိမ်းချမ်းရေးဖော်ဆောင်ပြီးနောက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

လက်ရှိအချိန်တွင် သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေး၊ ညှိနှိုင်းဆွေးနွေးရေးလမ်းစဉ်ကို နိုင်ငံရေးအင်အားစုများအပြင် တိုင်းရင်းသား လက်နက်ကိုင်များကလည်း ယုံကြည်လက်ခံပြီး ညှိနှိုင်းဆောင်ရွက်လာပြီ ဖြစ်သည်။

အထက်ပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ်နှစ်ဖွဲ့သည် ပထမအကြိမ်ဆွေးနွေးမှုကို မွန်ပြည်သစ်လက်နက်ကိုင်များ တည်ရှိရာ နှင့်နီးကပ်သော ထိုင်းနိုင်ငံ ဆခရဘူရီ၌ ဆွေးနွေးခဲ့ဖူးသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံသို့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား ရောက်ရှိ

              မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးစောင့်ကြည့်ရေး ကိုယ်စားလှယ် မစ္စတာသောမတ်စ် ကွင်တားနားသည် မြန်မာနိုင်ငံ အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုများကို လေ့လာသုံးသပ်ရန် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

မစ္စတာကွင်တားနား၏ ယခုအကြိမ် မြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်မှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူများနှင့် အခြားသက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်မှာ ခြောက်ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မစ္စတာကွင်တားနား မြန်မာနိုင်ငံသို့ လာရောက်ခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာနေသူတစ်ဦးက “ခုလို ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစောင့်ကြည့်ရေး ကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်တာပာာ မြန်မာအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တွေ့ရတဲ့အတွက် လုပ်ဆောင်ရန် ကျန်ရှိနေသေးတဲ့ ကိစ္စတွေအတွက် လာရောက်သတိပေးတာ ဖြစ်မယ် ထင်တယ်” ပာု ပြောကြားခဲ့သည်။

ထို့ပြင် မစ္စတာ ကွင်တားနား၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်မည်ဖြစ်ပြီး ၂၀၁၂ မတ်လ၌ ကျင်းပမည့် ၁၉ ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အစီရင်ခံစာ တစ်စောင်တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအနေဖြင့်လည်း မစ္စတာ ကွင်တားနားနှင့် တွေ့ခွင့် ရရှိနိုင်စေရန် မျှော်လင့်ထားပြီး ပါတီများအနေဖြင့်လည်း လက်ရှိ အကျဉ်းထောင်အတွင်း ကျန်ရှိနေသေးသည့် အကျဉ်းသားများ လွတ်မြောက်ရေးအတွက် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

                YC

_____________________________________________________________________________________

ကွယ်လွန်သည့် လွှတ်တော်ကိုယ်စားလှယ်နေရာတွင် အစားထိုးမည်မပာုတ်

၂၀၁၂ ဇန်နဝါရီ ၂၈ ရက်နေ့၌ ကွယ်လွန်သွားခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဘိုကြီး (ခေါ်) ဦးအောင်ငွေ၏ နေရာတွင် လက်ရှိအနေအထားအရ ကြားဖြတ်ရွေးကောက်ပွဲကျင်းပ၍ အခြားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး အစားထိုးခန့်အပ်မည် မပာုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဘိုကြီး(ခေါ်) ဦးအောင်ငွေသည် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး တက်ရောက်နေစဉ်အတွင်း ကျန်းမာရေး အခြေအနေများကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂) မှ ရွေး ကောက် ခံရသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ကြောင်း သိရသည်။

ထိုသို့ ကွယ်လွန်သွားသည့် လွှတ်တော်ကိုယ်စားလှယ်၏ နေရာတွင် အခြား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အစားထိုးခန့်အပ်ခြင်းမပြုသည်မှာ ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲရက်မှာ နီးကပ်နေပြီဖြစ်ပြီး လစ်လပ်မဲဆန္ဒနယ် ထပ်တိုးကျင်းပလိုက်ပါက ပါတီများ အနေဖြင့်လည်း ယှဉ်ပြိုင်ရန် ပြင်ဆင်နိုင်ခြင်း မရှိတော့သည့် အတွက် ကြောင့်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခု ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာတွင် နှစ်နေရာမှာ ကွယ်လွန်ခဲ့သော လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး အတွက် အစားထိုးကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

လစ်လပ်မဲဆန္ဒနယ် ထပ်တိုးကျင်းပရသည့် ကွယ်လွန်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးမှာ ထန်းထပင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းတင်နှင့် ရေကြည်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသောင်းပာန်တို့ဖြစ်ပြီး ၎င်းတို့သည် ၂၀၁၁ ခုနှစ်အတွင်း၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

YC

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ တိုင်းပြည်ကလည်း စီမံကိန်းတွေကိုခြိုးခြံသုံးစွဲရင် ပြည်သူတွေပဲ နစ်နာမှာ။ ဒါပေမဲ့ လိုသလိုကြည့်လုပ်လိုက် ဆိုပြီး လွှတ်ပေးနေရင်လည်း မဖြစ်နိုင်ဘူး။ ငွေသုံးတာကို သေသေချာချာစိစစ်ရမှာ စီမံကိန်းတွေအတွက် ငွေချေးမယ့်သူ ရှိရင်တော့ ပျော်စရာပေါ့ဗျာ”

ဖေဖော်ဝါရီ ၁ ထုတ် မြန်မာပို့စ် အတွဲ (၄) အမှတ် (၅) တွင်ပါသည့် “တစ်နှစ်တာဘဏ္ဍာရေးနှင့် စီမံကိန်းကိစ္စ များ တစ်ခု ချင်းစီ တစ်ရက်တည်းအပြီးသတ် မဲခွဲဆုံးဖြတ်မည်” သတင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးဖုန်းမြင့်အောင်၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်

_____________________________________________________________________________________

“အခုပြင်မယ့် အခွန်နှုန်ထားတွေကို အတက်နိုင်ဆုံးလျော့ချ ကောက်ခံသွားဖို့ပဲ ရှိပါတယ်။ တိုးမြှင့်ကောက်ခံဖို့တော့ အစီအစဉ်မရှိပါဘူး။ အဲဒီအတွက်ကို လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြထားပြီးဖြစ်ပါတယ်”

ဇန်နဝါရီ ၃၀ ထုတ် The Messenger အတွဲ (၂) အမှတ် (၃၇) တွင်ပါသည့် “ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အခွန်နှုန်းထားများ ပြင်ဆင် ကောက်ခံမည်”သတင်းမှ ပြည်တွင်းအခွန်များဦးစီဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

_____________________________________________________________________________________

“မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲမှု နိုင်ငံရေးလမ်းစဉ်တစ်ခုပေါ် ရောက်နေပြီဆိုတာ ပြည်သူက အသေအချာ ယုံကြည်လိုက်ပါပြီ။ ဒါပေမယ့် နောက်ပြန် မလှည့် မေးခွန်းကြီးဟာ အဖြေမထွက်သေးတဲ့ ပုစ္ဆာတစ်ပုဒ်လို မြန်မာ ပြည်သူလူထုရဲ့ အသိတရားထဲမှာ ခက်ခဲရှုပ်ထွေးနေတုန်းပဲ။ နိုင်ငံတော်အစိုးရပိုင်းက အကြိမ်ကြိမ်အထပ်ထပ် ပြောနေရင်းနဲ့ကို  နောက်ကြောင်းပြန်မလှည့် စဉ်းစားခန်းကြီးကို မပြီးနိုင်မစီးနိုင် အတွေးသံသရာ ပွားနေကြပါတယ်။ မြန်မာ ပြည်သူ လူထုတင်လားဆိုတော့ မဟုတ်သေးပြန်ဘူး။ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေ၊ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံနိုင်ခွင့်၊ အခွင့်အလမ်းကို စောင့်နေသူတွေရဲ့ စဉ်းစားခန်းဟာလည်း ချီတုံချ တုံ အနေအထားတစ်ရပ် ဖြစ်နေတာကို တွေ့ရပါတယ်။

စစ်ဘက်အုပ်ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေး အသွင်ကူးပြောင်းလိုက်တဲ့ အစိုးရပိုင်းနဲ့ တပ်မတော်ကြားဆက်ဆံရေး၊ အုပ်ချုပ်ရေးအာဏာ အဆင့် အနေအထားတွေကို ပြည်သူလူထုရော၊ မြန်မာပြည်ဖွံ့ဖြိုးမှု လမ်းကြောင်းကို ကူညီထောက်ပံ့နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ စောင့်ကြည့် လေ့လာအကဲခတ်င် ရေရာသေချာတဲ့ လမ်းကြောင်းတစ်ခုကို အလွန်ပဲ မြင်ချင်နေကြပါပြီ”

ဇန်နဝါရီ ၃၁ ထုတ် True NEWS အတွဲ (၄) အမှတ် (၁၉) တွင်ပါသည့် ဆောင်းပါးရှင် လင်းထိုင် (YIT)၏ “နောက်ကြောင်း ပြန်လှည့်မလှည့် စဉ်းစားခန်းကြီး ရပ်ချင်ပြီ” ဆောင်းပါးမှ ကောက်နှုတ်ချက်

***************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs