Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၆.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ကြားဖြတ်ရွေးကောက်ပွဲနှင့် အမျိုးသားရေးတာဝန်

*****************************************

ဆောင်းပါးကဏ္ဍ

ကြားဖြတ်ရွေးကောက်ပွဲနှင့် အမျိုးသားရေးတာဝန်

ပြည်ခိုင်ဖြိုးပါတီ၏ အထူးအစည်းအဝေးတွင် ယင်းပါတီ၏ ဒုဥက္ကဋ္ဌ ဖြစ်သူ သူရဦးရွှေမန်းက လာမည့် ကြားဖြတ် ရွေးကောက်ပွဲများတွင် NLD ရှုံးလျှင် အနောက်နိုင်ငံများက ဝေဖန်မည်၊ NLD က ပြဿနာရှာမည်၊ သို့ရာတွင် ၎င်းတို့နိုင်ပါက တရားမျှတသည်ဟု ဆိုကြလိမ့်မည်၊ ထို့ကြောင့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ အမှားအယွင်းမရှိစေရေး အထူးဂရုပြု ဆောင်ရွက်သွားရမည်ဟု ပြောကြားခဲ့သည်။ ဤသည်မှာ မဟာဗျူဟာအမြင်ရှိသည်ဟု နိုင်ငံရေးလေ့လာသူများက မှတ်ချက်ပြုခြင်းခံရသည့်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ၎င်းတို့၏ အောက်ခြေအဆင့် ပါတီဝင်များအား လာမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် အာဏာကို အလွဲသုံးစားပြု၍ မဲမသမာမှု မပြုရန် သတိပေးလိုက်ခြင်းလည်းဖြစ်သည်။

ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိသော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ပိုမိုရရှိရန် လိုအပ်လျှက်ရှိသည်။ အထူးသဖြင့် အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့က အားလုံးပါဝင်သော နိုင်ငံရေးဖြစ်ရန် တောင်းဆိုထားပေရာ ထိုသို့ အားလုံးပါဝင်သော နိုင်ငံရေးဖြစ်ရန် အစိုးရသစ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိုင်ယာလော့ ပြုလုပ်ခြင်း၊  နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခဲ့ခြင်းနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကိုလည်း ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်း ဝင်လာစေရန် တဖြည်းဖြည်း စည်းရုံးယူခြင်းများကို ပြုလုပ်လျှက် ရှိသည်။ အ ပြောင်းအလဲများ အမှန်တကယ်ဖြစ်ထွန်းနေသည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းမှ လက်ခံယုံကြည်သွားမှသာ အထီးကျန်ဆန်နေခဲ့သော မြန်မာနိုင်ငံအ နေဖြင့် ၎င်းတို့နှင့် ပိုမိုပူးပေါင်းဆောင်ရွက်ခွင့် ရလာမည်ဖြစ်သလို ပိတ်ဆို့မှုများကြောင့် ဖွံ့ဖြိုးမှု နိမ့်ကျနေသော တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရာ တွင် အကူအညီများစွာ ရနိုင်မည်လည်းဖြစ်သည်။ အထူးသဖြင့် စီးပွားရေး ပိတ်ဆို့မှုများကြောင့် လူမှုရေး၊ ပညာရေး အထွေထွေ နိမ့်ကျလျှက်ရှိသည့် မြန် မာပြည်သူများမှာ ယင်းပိတ်ဆို့မှုများ ရုပ်သိမ်းသွားသည်နှင့် တပြိုင်နက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာပြီး အနည်းဆုံး တစ်ဦးချင်းဝင်ငွေ တိုးတက်လာပြီး စားဝတ်နေရေး ဖူလုံလာသည်နှင့်အမျှ ပညာရေးနှင့် ကျန်းမာရေးကဲ့သို့သော ကိစ္စရပ်များတွင် ပိုမို တိုးတက်လာလိမ့်မည်ဖြစ်သည်။ ထို့ ကြောင့် တိုင်းပြည်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အကူအညီနှင့် အသိအမှတ်ပြုမှုမှာ အရေးတကြီး လိုအပ်နေသည်ကို တိုင်းပြည်အား ဦးဆောင် နေသည့် သမ္မတနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့က နားလည်သဘောပေါက်ထားသလို တစ်ချိန်က တပ်မတော်အစိုးရလက်ထက်တွင် နံပါတ်သုံးခေါင်း ဆောင်ဖြစ်ခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းအနေဖြင့်လည်း ထိုအချက်ကို ကောင်းစွာ မြင်ထားသည်ဖြစ်သည်။ ထို့ကြောင့် အနောက်ကမ္ဘာ၏ ပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် ကီးပလေယာဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLDကို ကစားဝိုင်းအတွင်း ဝင်လာစေရေးအတွက် ၎င်းတို့အနေဖြင့် အာသီသ ပြင်းပြနေသည်မှာလည်း ငြင်းဆိုရန်မရှိသည့် အချက်ပင်ဖြစ်သည်။

ထိုသို့ Commanding Highs Level မှ မြင်နိုင်စေကာမူ အောက်ခြေအဆင့် အာဏာပိုင်များ ပြည်ခိုင်ဖြိုးပါတီဝင်များအနေဖြင့် ထိုကိစ္စရပ်များမှာ အမျိုးသားရေး မဟာဗျူဟာဖြစ်သည်ကို မြင်နိုင်ခြင်းမရှိသည့် အခြေအနေတွင်ရှိနေသည်။ ပါတီသန့်ရှင်းရေးကို အင်တိုက်အားတိုက် ပြုလုပ်နေသည့်တိုင် ပါတီမဖြစ်မီ အသင်းဘဝတည်းက ပါလာခဲ့သည့် စုန်းပြူးအတော်များများက လာမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း ၎င်းတို့ပင် အနိုင်ရလိုလျှက် ရှိသည်။ ဤသည်မှာလည်း Commanding Highs Level မှ အပြောင်းအလဲကို လိုလားခြင်းမရှိသည့် ပါတီဥသျှောင်ကြီးများကြောင့် ဖြစ်နိုင်ပေသည်။ မည် သို့ပင် ဆိုစေကာမူ ၎င်းတို့အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲရလဒ်မှာ လွှတ်တော်တွင်း၌ ပြည်ခိုင်ဖြိုးပါတီ၏ လွှမ်းမိုးနိုင်မှုကို မည်သို့မျှ ထိခိုက်စေခြင်း မရှိ သည်ကို သဘောမပေါက်နိုင်ဘဲ ကလေးဆိုးများနှယ်ပင် ရသမျှ အကုန်ယူ၍ အနိုင်ရလိုလျှက် ရှိကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတစ်ဝှမ်း စည်း ရုံးရေး ခရီးစဉ်များအတွင်း ဒေသဆိုင်ရာ ပြည်ခိုင်ဖြိုး ပါတီဝင်အချို့နှင့် အာဏာပိုင်များ၏ အမျိုးမျိုးသော စိတ်အနှောင့်အယှက်ပေးမှု၊ ဒေါ်အောင်ဆန်းစု ကြည်အား သွားရောက် ကြိုဆိုမည့် ပြည်သူလူထုအား ခြိမ်းခြောက်မှု စသည်ဖြင့် တွေ့နေရခြင်းက အထက်ပါအချက်များကို သက်သေခံလျှက် ရှိနေပေ သည်။

ခေါင်းဆောင်မှု စွမ်းရည်နှင့် စီမံခန့်ခွဲမှုကောင်းပြီး လူဖြောင့်စိတ်တိုဟု နာမည်ကြီးသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီးဟောင်း ဦးတင်အေးကလည်း ထိုကိစ္စများကို အလျင်အမြန် ဝင်ရောက် ကိုင်တွယ် ဖြေရှင်းပေးခဲ့ပါသည်။ ရွေးကောက်ပွဲတွင် မိမိနိုင်စေလိုသည့် ကိုယ် စားလှယ် အနိုင်မရလျှင် ပြဿနာပေါ်တတ်သည်ဖြစ်၍ ရွေးကောက်ပွဲဥပဒေကို လေးစားလိုက်နာရန် အထူးသတိပြုစေလိုကြောင်း သတိပေးထားပြီး ဖြစ် သည်။ သို့ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ကိုပင် လျစ်လျူရှု၍ အောက်ခြေအဆင့် ပြည်ခိုင်ဖြိုးပါတီဝင်နှင့် အာဏာပိုင်များက ကြားဖြတ်ရွေးကောက်ပွဲတွင် မသမာမှုပြုလုပ်မည့် အစီအစဉ်ကို ရပ်တန့်လိုခြင်း မရှိသည့် လက္ခဏာများကို တွေ့နေရဆဲဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လည်း လွတ်လပ်သော အဖွဲ့အစည်းအဖြစ် တည်ဆောက်နေသည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲက ကဲ့သို့ အထူးအခွင့်အရေး မရနိုင်တော့သည်မှာ သေချာလျှက်ရှိနေတော့သည်။

သူရဦးရွှေမန်းက အာဏာကို အလွဲသုံးစားပြု၍ ပြည်သူလူထုကို နှိပ်စက်နေသော ပြည်ခိုင်ဖြိုးပါတီဝင်များအား ထိရောက်စွာ အရေးယူတော့မည် ဟု သတိပေး ပြောဆိုထားပြီးဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်မူ တိုင်း၊ မြို့နယ်၊ ခရိုင်နှင့် ရပ်ကွက်ကျေးရွာအဆင့် ကော်မရှင် များအနေဖြင့် ရွေးကောက်ပွဲများတွင် ရည်ရွယ်ချက်ရှိရှိ အမှားကျူးလွန်ခဲ့ပါက မည်သို့မည်ပုံ အရေးယူမည်ဟူသည့် ကြေညာချက်များ ထုတ်ပြန်ထားခြင်း မရှိသေးသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲအတွင်း ဖြစ်ပွားခဲ့သော မဲမသမာမှုများကို စိစစ်ဆုံးဖြတ်ပေးခဲ့စေကာမူ ရည်ရွယ် ချက်ရှိရှိ ဘက်လိုက်ခဲ့ကြသော ကော်မရှင်အဆင့်ဆင့်အား အရေးယူခြင်း မရှိခဲ့သည်ကိုတွေ့ရသည်။ လာမည့် ကြားဖြတ်ရွေးကော်ပွဲများတွင် မဲရုံမှုးများ ရွေးချယ်ခန့်ထားရေးတွင် များစွာဂရုပြုရန် လိုအပ်မည်လည်း ဖြစ်သည်။ ဝန်ထမ်းဘဝ အပြုတ်မခံရဲသော ကျောင်းဆရာဆရာမများကို မဲရုံမှုးခန့်ထားခြင်း ထက် ရွေးကောက်ပွဲများကို သန့်ရှင်းမျှတစေလိုသည့် တာဝန်သိ နိုင်ငံသားများ၏ ဆန္ဒအလျောက် လျှောက်ထားမှုကို လက်ခံစဉ်းစားပေးလျှင် ပို၍ အဆင် ပြေမည်ဖြစ်သည်။ အရေးအကြီးဆုံးမှာ ကော်မရှင်အဆင့်ဆင့်နှင့် မဲရုံမှုးများ၏ ရည်ရွယ်ချက်ရှိရှိ ဘက်လိုက်မှုများကို တိတိကျကျ အရေးယူနိုင်မည့် ဥပဒေ များ ထုတ်ပြန်ရန်သာဖြစ်သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အပြောင်းအလဲကြီးနှစ်ရပ်ကို တွေ့မြင်ရဖွယ်ရှိသည်။ တစ်ခုမှာ မီဒီယာများအား သတင်းယူခွင့်ပြုမည့် ကိစ္စ ဖြစ်သည်။ ရွေးကောက်ပွဲမသမာမှု တိုင်ကြားလာမှုများကို ဗွီဒီယိုအထောက်အထားဖြင့် ဆုံးဖြတ်မည်ဟု ဆိုထားရာ  ပွင့်လင်းမြင်သာမှု များစွာ တိုးတက်လာ သည်ဟု ဆိုရမည်ဖြစ်သည်။ နောက်တစ်ခုမှာ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဝင်ရောက်လေ့လာခွင့်ပြုမည့် ကိစ္စပင်ဖြစ်သည်။ ဤအချက် သည် ရွေးကောက်ပွဲများ သန့်ရှင်းမျှတရေးအတွက် အဓိကကျသည့် အချက်ပင်ဖြစ်သည်။လာမည့် အနာဂတ် ရွေးကောက်ပွဲများအတွက်ပါ အရေးကြီး သည့် ကိစ္စလည်းဖြစ်သည်။

ဆိုရလျှင် ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် ပါတီတစ်ရပ်၏ အနိုင်အရှုံးကို ဆုံးဖြတ်ပေးမည့် ရွေးကောက်ပွဲထက် ပြည်သူလူထု၏ အနာ ဂတ်အတွက် အရေးကြီးသည့် အဆုံးအဖြတ်တစ်ခုဖြစ်ရာ နိုင်ငံရေးပါတီများသာ မက၊ ကော်မရှင်အဆင့်ဆင့်နှင့် မီဒီယာများ၊ နိုင်ငံသားများကပါ အမျိုးသား ရေးတာဝန်အဖြစ် တာဝန်ကိုယ်စီကျေကြရန်သာ အရေးကြီးမည်ဖြစ်ပါကြောင်း။

*****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၅.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. သီးလေးသီးပွဲခွင် ဖျက်သိမ်းရခြင်းနှင့် ပတ်သက်၍ ကျိုက်ခေါက်ဂေါပက ပြန်လည်ဖြေရှင်း
  2. ကုလားတန်မြစ် ဘတ်စုံစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများ စိတ်ပျက်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. လယ်ယာမြေဥပဒေတွင် တောင်သူများလိုအပ်သော အချက်ပါရှိရေးအတွက် တင်ပြထား
  2. နောက်ပြန်လှည့်ချင်သူများအတွက် ခက်ခဲလိမ့်မည်ဟု နိုင်တလညီ ပြောကြား
  3. ချင်းပြည်နယ်ဖွံ့ဖြိုးရေး ဦးစားပေးရန် ချင်းအမျိုးသားပါတီ သတင်းထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

သီးလေးသီးပွဲခွင် ဖျက်သိမ်းရခြင်းနှင့် ပတ်သက်၍ ကျိုက်ခေါက်ဂေါပက ပြန်လည်ဖြေရှင်း

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ရှိ ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်ကြီး၏ တပို့တွဲလ ဗုဒ္ဓပူဇနိယပွဲတော်၌ ကပြ ဖြေဖျော် ခဲ့သည့် သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့၏ တတိယညပွဲခွင် ဖျက်သိမ်းရခြင်းနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျိုက်ခေါက် ဘုရားဂေါပ ကမှ စေတီတော်ရင်ပြင်ပေါ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။        

“သီးလေးသီး” ဆေးရောင်စုံအငြိမ့်အဖွဲ့၏ တတိယညပွဲခွင် ဖျက်သိမ်းရခြင်းမှာ သီးလေးသီးအဖွဲ့သည် ဂေါပကအဖွဲ့ထံ ပွဲကခွင့်မိန့် တောင်းခံရာ ၌ နှစ်ဦးနှစ်ဖက်ချုပ်ဆိုခဲ့သည့် စာချုပ်ပါ အချက်အလက်များအား လိုက်နာခြင်းမရှိသည့်အပြင် သီးလေးသီးအဖွဲ့၏ ပြက်လုံးများမှာ ဂေါပကအဖွဲ့ဝင်လူ ကြီးများ၏ ဂုဏ်သိက္ခာ အားညှိုးနွမ်းစေသည့်အတွက်တို့ကြောင့်ဖြစ်ကြောင်း သိရသည်။        

ထို့ပြင် ၎င်း သတင်းစာရှင်းလင်းပွဲတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ DVB ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့သည့် ဦးအောင်ဇော်ထက်၏ ထုတ်လွှင့်မှု အား ပြန်လည်ဖြေရှင်းပြောကြားခဲ့ကြောင်း သိရသည်။

ကျိုက်ခေါက် စေတီတော်ကြီး၏ ဂေါပကအဖွဲ့ဝင်များသည် သန်လျင်မြို့ သြဝါဒဆရာတော်ကြီး ၁၀ ပါး၏ တာဝန်ပေးချက်အရ စေတီတော်ကြီး၏ ကောင်းကျိုးကို ၁၀ နှစ်ကျော်ကာလတိုင်အောင် အတ္တကိုယ်ကျိုးလုံးဝမဖက်ပဲ စိတ်ထားသန့်ရှင်း စင်ကြယ်စွာဖြင့် သာသနာလုပ်အားဒါနပြုနေသူများဖြစ် သည့်အတွက် DVB မှမှားယွင်းသော သတင်းထုတ်လွှင့်ချက်၊ ပွဲကန်ထရိုက်သွင်းသူ၏ ပုဂ္ဂိုလ်ရေးအရ မနာလိုမုန်းတီးမှုများအပေါ် အခြေခံသည့် မမှန်ကန် သော လီဆယ်စွပ်စွဲလုပ်ကြံမှု၊ လူပုဂ္ဂိုလ်အရ ဂုဏ်သိက္ခာနှင့် အသရေများ ထိခိုက်နစ်နာစေသည့် သီးလေးသီးအဖွဲ့၏ ပြက်လုံးများအပေါ် တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်လူကြီးတစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ရှင်းလင်းပွဲပြုလုပ်ရခြင်းမှာ အခြေအမြစ်လုံးဝမရှိသည့် ယုတ္တိယုတ္တန်မဲ့သူ အချို့၏ မမှန်မကန် လုပ်ရပ်ဆိုးများအား သက်ဆိုင်ရာမှ သိရှိနိုင်စေရန် ဖြစ်ကြောင်း သိရသည်။

Ref:မြန်မာတိုင်းမ်

-----------------------------------------------------------------------------------------------------------------------------------

ကုလားတန်မြစ် ဘတ်စုံစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများ စိတ်ပျက်

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကုလားတန်မြစ် ဘတ်စုံသုံးဖြတ်သန်းပို့ဆောင်ရေး စီမံကိန်းနှင့်ပတ်သက်၍ စစ်တွေမြို့ရှိ ဒေသခံများက စိတ်ပျက် စိုး ရိမ်လျက်ရှိကြောင်း ရခိုင်ဒေသခံများထံမှ သိရသည်။

"ရခိုင်ပြည်သူတွေက ဒီစီမံကိန်းကို ကြိုဆိုပါတယ် ဒါပေမယ့် ကုမ္ပဏီရဲ့ အနေအထားကို မကြိုက်တာ လုပ်ဆောင်နေတာတွေက ပတ်ဝန်းကျင် ထိန်းသိမ်းရေး အားနည်းတာ လုပ်ခလစာ ပြသာနာတက်တာ ခဏခဏဖြစ်တယ် ဘာတွေလုပ်မယ် ဘယ်လိုလုပ်မယ်ဆိုတာ ပွင့်ပွင့်လင်းလင်းမရှိဘူး။ အဲဒီ အတွက် ဒေသခံတွေက စိတ်ပျက်ကြတယ်" ဟု ရခိုင် အမျိုးသားတိုးတက်ရေးပါတီ (RNDP) မှ တာဝန်ရှိသူ ဦးလှစောက ပြောကြားသည်။

စီမံကိန်းအတွက် သဲတူးယူမှုများကြောင့် မြစ်ကြောင်းအနေနှင့် ထိခိုက်လျက်ရှိကြောင်း မြစ်နှင့်ပတ်သက်၍ တာဝန်ယူမှု မရှိကြောင်း အသေးစိတ် လေ့လာမှု မရှိဘဲ လုပ်နည်းလုပ်ဟန်များသည် သဘာဝမကျကြောင်း စစ်တွေမြို့ရှိ ဒေသခံများက တညီတညွတ်တည်း ဆိုကြသည်။

"ဒေသခံတွေက စိတ်ပျက်တယ် တားဆီးနိုင်ခွင့်လည်းမရှိဘူး။ နောက်ဘာဆက်ဖြစ်မလဲမသိဘူး။ ရပ်သွားအောင် လုပ်နိုင်တဲ့ အင်အားလည်းမရှိ ဘူး"ဟု ရန်ကုန်အခြေဆိုက် ရခိုင်ရိုးရာ ဖွံဖြိုးတိုးတက်ရေး လုပ်ဆောင်နေသူတစ်ဦးက စစ်တွေဒေသခံများ၏ အခြေအနေကို ပြောကြားသည်။

ဒေသခံများ၏ စိုးရိမ်းမှုများမှာ အဆိုပါစီမံကိန်းကြောင့် မလွတ်ကင်းသော ဆေးရုံ၊ ဈေးနှင့် လူနေရပ်ကွက်များ ဖယ်ပေးရမည် အခြေအနေဖြစ် ကြောင်း ၎င်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ တိကျသော အာမခံချက် မရှိသေးကြောင်း  RNDP မှ ဦးလှစောက ပြောကြားသည်။

အဆိုပါ ကုလားတန်မြစ် ဘတ်စုံသုံး ကြားခံပို့ဆောင်ရေး စီမံကိန်းနှင့်ပတ်သက်၍ ဖေဖ၀ါရီ ၂၀ ရက်တွင် အမျိုးသားလွှတ်တော်၌  ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဒေါက်တာအေးမောင်က မေးမြန်းခဲ့သည်။

စီမံကိန်း ဧရိယာနှင့်ထိစပ်နေသည့် ပြည်နယ် ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့ဈေးကြီးနှင့် ကုလားတန်မြစ် တလျောက်ရှိ အိုးတန်းရပ်ကွက်၊ ကျေး ပင်ကြီးရပ်ကွက်နေ ပြည်သူများနှင့် မြို့လူထုတစ်ရပ်လုံး၏ ဈေးဆိုင်ခန်းများ၊ အိုးအိမ်များ မြေနေရာများနှင့် ဆေးရုံကြီးတို့သည် စီမံကိန်းနေရာနှင့် လွတ် ကင်းသဖြင့် ဖယ်ရှားရန် အစီအစဉ်မရှိပါကြောင်း ဒေါက်တာအေးမောင်၏ အမေးကို ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ဖြေကြားခဲ့သည်။

အဆိုပါ စီမံကိန်းကြောင့် စစ်တွေဆိပ်ကမ်း၌  တန် ၆၀၀၀ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်စင်း စစ်တွေနှင့် ပလက်ဝတို့တွင် တန်ချိန် ၃၀၀၀  မြစ်တွင်းသွားရေယာဉ်များ ဆိုက်ကပ်ရန် ဆိပ်ခံတံတားနှစ်စင်း ဆက်စပ်နေသော ဆိပ်ကမ်းအဆောက်အအုံများ ရရှိစေမည်ဖြစ်ပါကြောင်း ထို့အပြင် အိန္ဒိ ယ - မြန်မာနယ်စပ်အထိ အဝေးပြေးလမ်းမတစ်ခု ပေါ်ပေါက်လာခြင်းစသည့် အကျိုးကျေးဇူးများ ရှိမည်ဖြစ်ကြောင်း အထက်ပါဝန်ကြီးက ပြန်လည်ဖြေ ကြားသည်။

ယင်း စီမံကိန်းကို အိန္ဒိယကုမ္ပဏီဖြစ်သည့် အီစာကုမ္ပဏီမှ စီစဉ်လုပ်ကိုင်ခြင်းဖြစ်ပြီး ယခင်က EIA   SIA ကိစ္စရပ်များနှင့် ပတ်သက်သည့် အစီရင် ခံစာ မရှိခဲ့သောကြောင့် အိန္ဒိယနိုင်ငံသို့  EIA   SIA ပြုလုပ်ရေးအတွက် ညှိုနှိုင်းသွားမည်ဟုလည်း သိရသည်။

ကုမ္ပဏီကတော့ သေးပါတယ်။ လုပ်ငန်းတွေက နှေးကွေးတယ်။ စရုံပဲရှိသေးတယ်။ လူထုမကျေနပ်မှုတွေကို ပြည်နယ်အစိုးရက ဖြေရှင်းပေးရ မယ် ကုမ္ပဏီက ပြည်နယ်အစိုးရကို ပိုင်နေလားမသိဘူး။ ဒါပေမယ့် အမျိုးသားလွှတ်တော်မှာ ဆွေးနွေးတယ်လို့ သိရတယ်။ သက်ဆိုင်ရာဝန်ကြီးတွေ ပြော ကြားတဲ့အတိုင်း အောက်ခြေမှာ အဲဒီအတိုင်းဖြစ်နေဖို့ လိုပါတယ်" ဟု RNDP မှဦးလှစောက ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းနှင့်ပတ်သက်ပြီး ဆန့်ကျင်လှုပ်ရှားမှုများသည် မြစ်ဆုံစီမံကိန်း၊ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကဲ့သို့ ကြီးကျယ်မှု မရှိခဲ့သော် လည်း လွန်ခဲ့သောနှစ်များတွင်လှုပ်ရှားလုပ်ဆောင်မှုများ ရှိခဲ့ကြောင်း သိရသည်။

စီမံကိန်းကို ၂၀၀၈ ဧပြီ ၂ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ နှစ်နိုင်ငံအစိုးရတို့ လက်မှတ်ရေးထိုးခဲ့ကြသည်ဟုလည်း သတင်းများအရ သိရသည်။

KP

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

လယ်ယာမြေဥပဒေတွင် တောင်သူများလိုအပ်သော အချက်ပါရှိရေးအတွက် တင်ပြထား

မကြာမီအချိန်အတွင်း ထုတ်ပြန်ကြေညာဖွယ်ရှိသည့် လယ်ယာမြေဥပဒေတွင် တောင်သူများအမှန်တကယ်လိုအပ်သည့် အချက်များပါရှိနိုင်စေရန် နိုင်ငံတော်သမ္မတနှင့်တကွ သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌများထံသို့ အချက်ခုနှစ်ချက်ဖြင့် တောင်သူများမှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တင်ပြခဲ့ကြောင်း သိရသည်။

လယ်ယာမြေဥပဒေတွင် တောင်သူတို့အမှန်တကယ်လိုအပ်သည့် ဥပဒေပါရှိရေးအတွက် တင်ပြထားသည့်အချက် ခုနှစ်ချက်ပါ ပန်ကြားလွှာအား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဘိုကလေး(တောင်၊မြောက်)၊ ကျိုက်လတ်နှင့် မော်ကျွန်းမြို့နယ်ရှိ လယ်သမား ၁,၄၂၁ဦးတို့က ပါဝင်၍ လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်ပြီး ၎င်းပန်ကြားလွှာအား နိုင်ငံတော်သမ္မတအပါအဝင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဥပဒေမူကြမ်းကော်မတီ   ဥက္ကဋ္ဌ၊ နိုင်ငံတော်ရှေ့နေချုပ်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးထံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

တောင်သူများ အမှန်တကယ်လိုအပ်သည့် အချက်ခုနှစ်ချက်မှာ လယ်လုပ်သူ လယ်ပိုင်ခွင့်ရရှိရေး၊ လယ်အတွင်းရှိ ရေသယံဇာတပစ္စည်းများကို လယ်သမားများအား ပိုင်ဆိုင်ခွင့်ပေးရန်၊  လယ်သမားကိုယ်စားပြုအစုအဖွဲ့ တရားဝင်မှတ်ပုံတင်ဖွဲ့စည်းခွင့်ရရှိရန်၊ စိုက်ပျိုးရေးအတွက် လုံလောက်သော ချေးငွေရရှိရန်၊ လယ်ယာမြေ အငြင်းပွားမှုများအား မြေယာကော်မတီ၏ အဆုံးအဖြတ်တစ်ခုတည်းသာမက သက်ဆိုင်ရာတရားရုံးတွင် တင်ပြလျှောက်ထား ဆုံးဖြတ်နာယူခွင့် ရရှိရန်၊ ဈေးကွက်တည်ငြိမ်မှုရှိရန်နှင့် လယ်သမားများမှာ ကြိုက်နှစ်သက်သည့်သီးနှံအား လွတ်လပ်စွာ စိုက်ပျိုးခွင့်ရရှိရန် တို့ပင်ဖြစ် ကြောင်း သိရသည်။

၎င်းကိစ္စရပ်နှင့်ပတ်သက်၍ စီးပွားရေးလေ့လာနေသူတစ်ဦးက “တောင်သူတွေ တကယ်ဘာတွေလိုအပ်တယ်ဆိုတာ တောင်သူတွေပဲသိနိုင်ပါ တယ်။ အထက်ပိုင်းက ဘာမှမသိနိုင်ပါဘူး။ နိုင်ငံတော်အစိုးရသစ်အနေနဲ့လည်း တောင်သူတွေအဆင်ပြေနိုင်မယ့်နည်းလမ်းတွေကို တစ်နည်းတစ်ဖုံ လုပ် ဆောင်ပေးသင့်ပါတယ်။ ဒီလို လုပ်ဆောင်ပေးမှသာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေအတွက် တကယ်ကို ကောင်းမွန်တဲ့ အလားအလာကောင်းတွေ ရရှိလာနိုင်မှာပါ” ပာု ပြောကြားခဲ့သည်။

တောင်သူလယ်သမားများ၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်သမားထုကို ကိုယ်စားပြုရပ်တည်ပေးနိုင်သော တောင်သူလယ်သ မား အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးအတွက် တောင်သူလယ်သမားများက ဦးဆောင်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

နောက်ပြန်လှည့်ချင်သူများအတွက် ခက်ခဲလိမ့်မည်ဟု နိုင်တလညီ ပြောကြား

အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးလိုက်သော မွန်ပြည်သစ်ပါတီသည် ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဗဟိုအစိုးရနှင့် စတင် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် နိုင်တလညီ ပြောကြားသည်။

အထက်ပါ ပြည်ထောင်စုအဆင့်တွင် အချက် ၄ချက်ကို နှစ်ဖက်စလုံးက ပဏာမသဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

ယင်း ၄ချက်တွင် အပစ်ခတ်ရပ်စဲရေး စတင်ချိန်မှစ၍ ဒေသတည်ငြိမ်အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်ကဏ္ဍများတွင် ဖွံ့ ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် အစိုးရ ပူးတွဲညှိနှိုင်း၍ ဆောင်ရွက်သွားကြရန် ဟူသောအချက်ပါရှိသည်။

“အပြောတမျိုး အလုပ်တမျိုးလဲ ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ နိုင်ငံတကာဖိအားတွေနဲ့ အခုအခင်းအကျဉ်းတွေအရ နောက်ပြန်လှည့်ချင်သူတွေအဖို့တော့ ခက်ခဲလိမ့်မယ်” ဟု နိုင်တလညီ ပြောဆိုသည်။

မွန်ပြည်သူများမှတချို့သည် စိုးရိမ်စိတ် အနည်းငယ်ရှိသေးသော်လည်း စစ်ဒဏ်ခံခဲ့ရသော ပြည်သူများအတွက် ငြိမ်းချမ်းရေးသာ လိုချင်ကြ ကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ရော့စ ကပြောသည်။

အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များ၏ ငြိမ်းချမ်းရေးခရီးစဉ်သည် နောင်လာမည့်အနာဂတ်တွင် တိုးတက်လာလိမ့်မည်ဟု ယူဆကြသော် လည်း သံသယရှိသူတချို့ ယနေ့အချိန်ထိ လက်နက်ဆက်ကိုင်လျက်ရှိကြောင်း နိုင်တလညီ ကရှင်းပြသည်။

အဆိုပါနှစ်ဖွဲ့သည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး  နှစ်စ်ဦးနှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရန်၊ ပြည် ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့်နေ့ရက်၊ အချိန်နှင့်နေရာတို့ကို ညှိနှိုင်းရန်၊ ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူသည့် သင့်တော်ရာနေရာ၌ (လက်နက်မပါ) ထားရှိရန်၊ သတ်မှတ်နေရာမှအပ အခြားဒေသသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန်၊ နှစ်ဖက်သဘောတူညီမှု ညှိနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန်စသည်တို့ကို ပဏာမ သဘောတူလက်မှတ်ထိုးခဲ့ကြကြောင်း သိရသည်။

မွန်ပြည်သစ်သည် ၁၉၆၂ခုနှစ်တွင် တောခိုခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် နဝတ အစိုးရနှင့် လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ခဲ့ဖူးကြောင်းသိရသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

ချင်းပြည်နယ်ဖွံ့ဖြိုးရေး ဦးစားပေးရန် ချင်းအမျိုးသားပါတီ သတင်းထုတ်ပြန်

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ စစ်တမ်းအရ ချင်းပြည်နယ်သည် မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးမှုနောက်အကျဆုံး ပြည်နယ်တစ်ခုဖြစ်နေသည့်အ တွက် နိုင်ငံတော်၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်တွင် ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန် ချင်းအမျိုးသား ပါတီမှ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ချင်းအမျိုးသားပါတီ၏ ၆၄ နှစ်မြောက် ချင်းပြည်နယ်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်၌ အဓိကအနေဖြင့် ချင်းပြည်နယ်သည် မည်သည့် အတွက်ကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေရသည်ဆိုသည့် အကြောင်းရင်းများကို ဖော်ပြထားပြီး ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုများအတွက် လုပ်ဆောင်ရန် သက်ဆိုင်ရာအစိုးရသို့ တိုက်တွန်းခဲ့သည်။

ထို့ပြင် ချင်းအမျိုးသားပါတီ၏ ထုတ်ပြန်ချက်၌ ချင်းပြည်နယ်မြောက်ပိုင်း နယ်စပ်တွင် ဘိန်းစိုက်ပျိုးများ ရှိနေသည့်အတွက် ယင်းကိစ္စရပ်အား နိုင် နင်းစွာကိုင်တွယ် ဖြေရှင်းဆောင်ရွက်ပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကုလသမဂ္ဂနှင့် ဘာသာရေးအဖွဲ့များကို တောင်းဆိုထားကြောင်း သိရသည်။

နိုင်ငံတော်မှ ချင်းပြည်နယ်အတွင်း ကန်ဒေါ်လာ ၂၁၄ သန်းကျော်အကုန်ကျခံ တည်ဆောက်လျက်ရှိသော ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံ ကိန်းနှင့် ပတ်သက်၍ တိကျသော စစ်တမ်းကောက်ယူကာ ဒေသခံများအား ပွင့်လင်းစွာ ပြသသင့်ကြောင်းနှင့် ဒေသခံများ၏ ဆန္ဒသဘောတရားများအ ရသာ ၎င်း ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းအား ဆောင်ရွက်သင့်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပလက်ဝ-မတူပီ မော်တော်ကားလမ်းဖောက်လုပ်ခြင်းများကဲ့သို့ ပွင့်လင်းမြင် သာမှုရှိသော လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးသင့်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပြည်သူတွေရဲ့ အကျိုးစီးပွားကိုလဲ ကြည့်ဖို့လိုတယ်။ တိုင်းပြည်တည်ဆောက် မယ်ဆိုရင် အချိန်ယူနေလို့မရတဲ့အတွက် လုပ်စရာရှိတာကို ပြတ်ပြတ်သားသားလုပ်ရမယ်။ တချို့ဝန်ကြီးဌာနတွေဆိုရင် မလိုတဲ့ ဝန်ကြီးဌာနတွေရှိတယ်။ အဲဒါတွေမှာ တိုင်းပြည်ဘဏ္ဍာ သုံးမနေ ဘဲနဲ့အခြားလိုအ်တဲ့ ဝန်ကြီးဌာနတွေမှာ ဝန်ထမ်းတွေရဲ့ လစာပဲဖြစ်ဖြစ် ပြန်သုံးစွဲရမယ်။ အခုလက်ရှိဖြစ်နေတာက အစိုးရသစ်ရဲ့ ပေါ်လစီနဲ့ တကယ်လိုက် ပါ ပြောင်းလဲတဲ့ ဝန်ကြီးဌာန အရမ်းနည်းတယ်။ အင်မတန်နည်းတယ်ပြောရတာ တော်တော်ခက်တယ်။ နောက်ပြန်ဆွဲနေတဲ့ ဝန်ကြီးဌာနတွေလဲ ရှိတယ်။ သာတဲ့ဘက်လိုက်မယ်ဆိုတဲ့သူတွေပေါ့။ တချို့ကျတော့လဲ ပြောင်းလဲချင်စိတ်ရှိတယ်။ သိုပေသာ် မိုက်ခရိုနဲ့ မက်ခရိုခွဲ ခြားပြီးမသိဘူး။ စီမံခန့်ခွဲမှု Level မရောက်ဘူး။ ထားပါတော့ မီဒီယာတစ်ခုမှာဆိုရင် အယ်ဒီတာချုပ်က အခရာပဲ။ စီအီးအိုးက နောက်မှပေါ်တာ။ မီဒီယာကိုခန့်ခွဲတာ စီအီးအို မဟုတ်ဘူး။ အယ်ဒီတာချုပ်ကပဲ စီမံခန့်ခွဲတာ။ တကယ် မတတ်ဘဲနဲ့လဲ အယ်ဒီ တာချုပ်နာမည်ခံလို့မရဘူး။ နာမည်ခံရင် အဲဒီမှာ လွဲတာပဲ။ ဒါက မီဒီယာတစ်ခုနဲ့ ဥပမာပေးတာပါ။ ဝန်ကြီးဆို တာ စီမံခန့်ခွဲသူတွေပဲ”

ဖေဖော်ဝါရီ ၂၃ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၈) တွင်ပါသည့် “ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းစ အုပ်ချုပ်ရေးမဏ္ဍိုင် ဘယ်စံနှုန်းနဲ့ လှမ်းနေလဲ” သတင်းဆောင်းပါးမှ The Voice Weekly အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

"ကြားဖြတ်ရွေးကောက်ပွဲဟာ နိုင်ငံတွင်းမှာ ဒီမိုကရေစီလုပ်ငန်းစဉ်တွေ ကျယ်ကျယ်ပြန့်ပြန့် အားပေးလုပ်ကိုင်ဖို့ ရည်ရွယ် ထားတဲ့ မြန်မာအစိုးရရဲ့ စိတ်အားထက်သန်မှုအတွက် အရေးကြီးတဲ့ စမ်းသပ်မှုတစ်ခုပါပဲ။ နိုင်ငံရေးပါတီတွေ အကုန်လုံး လွတ်လွတ်လပ်လပ် ပါဝင်ယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက်ပေးဖို့၊ မကျေနပ်မှုတွေ၊ ကန့်ကွက်မှုတွေကို ပွင့်လင်းမြင်သာမှု ရှိစွာနဲ့ လျင်လျင်မြန်မြန်ဖြေရှင်း ပေးဖို့လည်း လိုပါတယ်"

ဖေဖော်ဝါရီ ၂၄ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၈) အမှတ် (၅၅၈) တွင်ပါသည့် “လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးမှုမရှိဘဲ ငြိမ်းချမ်းရေးနှင့်တိုးတက်မှုကို ရနိုင်မည်မဟုတ်” သတင်းမှ ကုလသမဂ္ဂသံတမန် မစ္စတာဗီဂျေး နမ်ဘီးယား၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

**************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs