Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ထာဝရက အမှန်တရား လက်တွေ့က အရှိတရား

*****************************************

ဆောင်းပါးကဏ္ဍ 

ထာဝရက အမှန်တရား လက်တွေ့က အရှိတရား

အောင်မောင်း

အမှန်တရားဆိုတာ ဘာလဲလို့မေးကြရင် လူတော်တော်များများက အမှန်တရားဆိုတာ………. ဆိုပြီးတော့ မဆုံးတော့တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ပေးလေ့ရှိပါတယ်။ တကယ်တော့လည်း သူတို့ပြောနေတာတွေဟာ အမှန်တရားဆိုတာထက် အမှန်တရားရဲ့ အကြောင်းတွေသာ ဖြစ်ပါတယ်။  ဥပမာ ပြောရရင် တောထဲမှာ သစ်ပင်တွေ ရှိတယ်၊ လေထဲမှာ ငှက်တွေပျံတယ်ဆိုတာကအစ အမှန်တရားကို နတ်စောင့်တယ်၊ အမှန်တရားဆိုတာ တနေ့တော့ ပေါ်မှာပဲ စသည်ဖြင့် ပြောဆိုနေကြတာတွေဟာ Universal Truth လို့ခေါ်တဲ့  ထာဝရအမှန်တရားတွေဖြစ်တတ်ကြပါတယ်။ ကိုယ်တိုင်မကြုံ သေးသမျှ တော့ အမှန်တရားကို ခံစားနိုင်ကြမှာမဟုတ်ပါဘူး။ ကိုယ်တိုင်ကြုံခဲ့ရင်တောင်မှ ကိုယ့်ရဲ့ စိတ်အခံ (Emotion)က လွန်ကဲနေရင် တခါတရံမှာ အမှန်တရား ကို မမြင်နိုင်တော့ဘဲ ငါသာအမှန်ဆိုတဲ့ ကိစ္စတွေလည်းဖြစ်နိုင်ပါသေးတယ်။  ဒီတော့ အမှန်တရားဆိုတာ ဘာလဲလို့မေးရရင် မမြဲသော သဘာဝရှိတာကိုက အမှန်တရားလို့ပဲ အနီးစပ်ဆုံးဖြေရပါလိမ့် မယ်။ ဒါကလည်း ထာဝရအမှန်(Universal Truth) ပါပဲ။

ဆိုကြပါစို့။ မြန်မာအစက တကောင်းကလို့ ဆိုခဲ့တုန်းက သူသည် အမှန်တရားဖြစ်ခဲ့ပါတယ်။  အထောက်အထားတွေမှ ခိုင်ခိုင်လုံလုံ မရှိခဲ့တာကိုး။ နောက်တော့ ကျောက်ဆည်ဘက်မှာ အရိုးစုတွေ၊ အသုံးအဆောင်ပစ္စည်းတွေ တွေ့လာတဲ့နောက်တော့ မြန်မာအစ ကျောက်ဆည်ကလို့ ဖြစ်လာပြန်ပါ တယ်။ ဒီတော့ မြန်မာအစ တကောင်းက မဟုတ်တော့ပြန်ဘူးပေါ့။ နောက်တော့ မြန်မာအစ ပုံတောင်ပုံညာကလို့ ဖြစ်လာပြန်ပါတယ်။ ကျွန်တော်တို့ငယ် ငယ်က ဂြိုလ်ကြီးကိုးလုံးလို့ သင်ခဲ့ရတယ်။ ဒီဘက်ခေတ်မှာတော့ ပလူတိုဂြိုဟ်ဟာ ဂြိုဟ်အရွယ်အစားမပြည့်မီလို့ ဂြိုဟ်အဖြစ်ကနေ ပယ်ဖျက်ခံလိုက်ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကလေးတွေလက်ထက်မှာ နေအဖွဲ့အစည်းမှာ ဂြိုဟ်ကြီးရှစ်လုံးရှိတယ်လို့ သင်ကြားရတော့မှာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ် နှစ်ခုကိုကြည့်ရင် မြန်မာအစ တကောင်းကဆိုတာ အမှန်တရားဖြစ်ခဲ့သလို ဂြိုဟ်ကြီးကိုးလုံး ဆိုတာလည်း အမှန်တရားဖြစ်ခဲ့တာပါပဲ။ မှားတယ်လို့ ပြောလို့ မရပါဘူး။ သို့သော် ခေတ်ကာလတွေ ရွေ့လျားလာပြီး အများသဘောတူ သတ်မှတ်ချက်တွေ ပြောင်းလဲသွားတာနဲ့အမျှ အမှန်တရားဆိုတာလည်း ပုံစံပြောင်းလဲသွားတတ် ပါတယ်။ ဥပမာပြောရရင် အများသဘောတူရင် ဤကိုကျွဲဖတ်လို့ရတယ် ဆိုတဲ့ကိစ္စပါ။ အများကသဘောတူလို့ ဤကို ကျွဲဖတ်သော်ငြား ဤဟာဤပဲ ဖြစ်ပါလိမ့်မယ်။ ကျွဲဖြစ်မလာပါဘူး။ စာထဲမှာ ကျွဲဖြစ်ပေမယ့် အပြင်မှာတော့ ကျွဲဆိုတဲ့သတ္တဝါကြီးကို ဤလို့ခေါ်လို့မရသလို ဤဆိုတဲ့ အသုံးအနှုန်း နေရာမှာ ကျွဲလို့ အစားထိုးရရင်လည်း အတော့်ကို ကမောက်ကမဖြစ်ဦးမယ့် အခြေအနေရှိပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီဆိုတာ အမှားကြီး တစ်ခုကိုပဲ အမှန်လို့ အားလုံးက ယူဆလိုက်ကြရင် အဲ့ဒီအမှားကြီးက အမှန်ဖြစ်လာမလားလို့ တွေးဆချက်တွေလည်း ရှိနေပါတယ်။ မြန်မာပြည်တွင်းက ကမ္ဘာကျော် နိုင်ငံရေး သမားတစ်ဦး(အခုတော့ကွယ်လွန်ပါပြီ) ပြောတဲ့ စကားနဲ့ပြောရရင် ဘယ်သူ့ဘယ်သူမှ အမှားမရှိပါဘူး၊ ရှုထောင့်တွေကွာကုန်လို့ ကကြီးနဲ့ ယပက်လက် ငြင်းနေရတာပါလို့ပဲ ပြောရမှာပါပဲ။ နောက်ဆုံးတော့လည်း အားလုံးထဲမှာ အမှန်တရားရှိနေတဲ့အတွက် အများသဘောညီမယ့် အခြေ အနေတစ်ခုကိုပဲ အမှန်လို့ လက်ခံရတော့တဲ့ အဖြစ်ကို လက်ခံလိုက်ရတာပါ။

အမှန်တရားဆိုတာ အင်မတန်ကို နားထောင်လို့ ကောင်းပါတယ်။  နိုင်ငံရေးမှာ အမှန်တရားကိုပြောရရင် သိပ်ကောင်းတဲ့ စကားလုံးတွေကတော့ လွတ်လပ်စွာ ယုံကြည်ခွင့်၊ လွတ်လပ်စွာ ပြောရေးဆိုပိုင်ခွင့်၊ လွတ်လပ်စွာရှာဖွေ စားသောက်ပိုင်ခွင့် ၊ တရားဥပဒေစိုးမိုးရေး စသည်ဖြင့် အင်မတန် နား ထောင်လို့ကောင်းတဲ့ စကားတွေပါ။ ကွန်မြူနစ်တွေရဲ့ ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်အပ်နှင်းနိုင်ရေး၊ လူတန်းစားညီမျှသော လူ့ဘောင် အဖွဲ့အစည်း ကြီး ဖြစ်ပေါ်လာရေး ဆိုတာတွေဟာ ပိုပြီးတော့တောင် နားထောင်လို့ကောင်းသလို စိတ်ကူးယဉ်လို့လဲ ကောင်းပါသေးတယ်။ သူတို့ပြောတာလည်း အမှန်တရားပါပဲ။ ဒါပေမယ့် အများလက်ခံနိုင်ရဲ့လားဆိုတာကို မတွေးမိခဲ့လို့ဖြစ်ပါတယ်။ အများလက်ခံနိုင်ခြင်း မရှိသလို လူ့အတ္တကြောင့် ကျင့်သုံးနိုင်ခြင်း လည်း မရှိခဲ့တဲ့အတွက် ဖရိုဖရဲဖြစ်ပြီး ကွန်မြူနစ်ဝါဒကြီးပြိုကျခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် အမှန်တရားဆိုတာ အများလက်ခံနိုင်တဲ့ ဖြစ်ရပ်တခုထက် မပို ပါဘူးလို့ပဲ ဆိုရတော့မှာဖြစ်ပါတယ်။

ကျွန်တော့်ကို အဖေကပြောဖူးတယ်။ သူဟာ အတန်းပညာ ထိထိရောက်ရောက် မရှိခဲ့သော်ငြား စာတော့ အလွန်ဖတ်သူတဦး ဖြစ်ပါတယ်။ နိုင်ငံ ရေးဆိုတာကိုလည်း အတော်စိတ်ဝင်စားတဲ့သူပါ။ သူဟာ စစ်တပ်ထဲမှာ ကြီးပြင်းလာရတဲ့အတွက် စစ်တပ်ကို သဘောကျသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့်  ၈၈ အရေးအခင်းအပြီးကနေ စပြီး စစ်တပ်ကို နှစ်သက်မှု လျော့ကျသွားခဲ့ပါတယ်။ သူတို့ခေတ်တုန်းက တပ်မတော်ဟာ တရုတ်ဖြူနဲ့ ဗကပကို အကြီးအကျယ် တိုက်ထုတ်နေရတာကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့တာပေါ့။ တပ်မတော်ဟာ ပျက်စီးသွားပြီလို့ သူမကြာခဏ ပြောလေ့ရှိပါ တယ်။ ဒါပေမယ့် စစ်အစိုးရကို မကြိုက်နှစ်သက်သော်ငြား စစ်တပ်ကို ချစ်စိတ်မပြယ်တဲ့သူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အကောင်းဘက်က ရှုမြင်ပေး လေ့ရှိသလို ဗိုလ်ချုပ်ကြီးခင်ညွန့်တော်ကြောင်းကိုလည်း ချီးကျူးလေ့ရှိပါတယ်။ လူကြီးတွေက စိတ်ကောင်းရှိပေမယ့် ကိုယ်ကျိုးရှာချင်လို့ စစ်တပ်ထဲ ဝင်လာသူတွေ ကြောင့် အောက်ခြေမှာ ပြည်သူတွေ ဘာတွေဖြစ်နေတာလဲဆိုတာကို မသိလို့ ခေတ်ပျက်နေတာလို့ ပြောလေ့ရှိပါတယ်။ မင်းကပ်မင်းမြှောင် တွေကြောင့် ဗိုလ်ချုပ်ကြီးတွေခမျာ သူတို့ကိုသူတို့ ရေမြေသနင်း အရှင်သခင်တွေဆိုတဲ့ ဘဝင်တွေလည်း တက်ကုန်တာလို့ သုံးသပ်ချက်ပေးပါတယ်။ ဦးနေဝင်းကြီးလဲ ဒီလိုပဲ မင်းကပ်မင်းမြှောင်တွေ လိမ်တာခံခဲ့ရတာပဲ။ တိုင်းပြည်ကို ကယ်မရတော့တဲ့ အခြေအနေရောက်မှ သူ့ကိုဖုံးကွယ်ထားတဲ့ ကိစ္စ တွေ သိရတာလို့ ပြောပြပါသေးတယ်။

သူပြောလေ့ရှိတဲ့ကိစ္စကတော့ စစ်အစိုးရလက်ထက် ဒီမိုကရေစီ အရေးလုပ်ရှားမှုတွေဖြစ်ပါတယ်။ သူက စာဖတ်သလို ရုပ်ရှင်တွေ အကြည့်များ တော့ အမေရိကန် ရုပ်ရှင်တွေထဲက နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးကစားကွက်တွေ၊ ရွှေ့ကွက်တွေကို အင်မတန် နှစ်သက်လေ့ရှိသူပါ။ ဒါမှ တကယ့် နိုင်ငံရေးသမားလို့လည်း ဆိုပါတယ်။  လက်ရှိ စစ်အစိုးရလက်ထက်မှာ ဖြစ်နေတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ စစ်အစိုးရဘက်ကလည်း ကိုင်တွယ်ပုံ ကြမ်းသလို ဒီမိုကရက်တွေရဲ့ လှုပ်ရှားမှုကလည်း ရိုင်းရိုင်းပြောရင် ဆင်ကို အပ်နဲ့ထိုးသလိုပဲ ဘာမှ အရာမရောက်တဲ့အပြင် ဆင်နင်းခံရတဲ့ အဖြစ်မျိုးပဲ ဖြစ် နေတယ်လို့ ပြောဆိုလေ့ရှိပါတယ်။ ပြီးတော့ အစိုးရဆိုသူတွေဟာ နိုင်ငံကို အုပ်ချုပ်နေတဲ့အတွက် ခပ်ပေါပေါတွေတော့ မဟုတ်ဘူးလို့ဆိုပါတယ်။ ဥပမာ ပြောရရင် အရှေ့အလယ်ပိုင်းမှာ အာဏာရှင်တွေက ပြည်သူတွေကို ဘာလို့များ အသည်းအသန် ဖိနှိပ်တာလဲ။ ရှင်းပါတယ် အာရပ်တွေဟာ သဲကန္တာရကြီး မှာနေရတဲ့အတွက် ရာသီဥတုဆိုးကြီးကြောင့် အမြဲတစေ ဒေါသထွက်နေရတယ်။ သမိုင်းကြောင်းတွေအရလည်း လက်တုံ့ပြန်တတ်တာတို့၊ ကြမ်းတမ်းတာ တို့ ဆိုတဲ့ စရိုက်တွေရှိတဲ့အတွက် သူတို့ခေါင်းဆောင်တွေဟာ ဒီအာရပ်တွေရဲ့ စိတ်ဓာတ်တွေ ဦးကျိုးသွားတဲ့အထိ ကိုင်တွယ်ရလေတော့ လူသားမဆန် ဘူးဆိုတာတွေ ဖြစ်ကုန်တယ်လို့ ဆိုပြန်ပါရော။ သူက ဆက်ဒမ်ဟူစိန်ကို  ရည်ညွှန်းပြောတာပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ဦးနေဝင်းတို့လည်း ဒီလိုပဲနေ မှာပဲတဲ့။ ဘာလို့လည်းဆိုတော့ မြန်မာလူမျိုးဆိုတာ မဟုတ်မခံဆိုတဲ့ စိတ်ဓာတ်ကနေ ဟုတ်လည်းမခံဘူးဆိုတဲ့ ဗီဇလေးကလည်း ပါနေတာတကြောင်း၊ နောက်တစ်ချက်က နည်းနည်းလေး အခွင့်အရေးပေးရင် များများယူချင်တတ်တဲ့ ဥာဏ်လေးကလည်းရှိ၊ လောက်လေးခွတောင် ကိုင်ခွင့်မပြုတဲ့အထဲကနေ ဖြစ်လိုက်လူသတ်မှုဆိုတာလည်း တပုံတပင် အကယ်၍များ အမေရိကန်မှာလို သေနတ်တွေသာ ကိုင်ခွင့်ပေးလိုက်ရင် ထစ်ကနဲရှိ စိတ်တိုလွယ်တဲ့ဥာဏ် ကြောင့် အချင်းချင်း ပစ်သတ်ကြရင် လူမျိုးတောင် ပြုတ်သွားမလားဘဲတဲ့။ ဒါကြောင့် နိုင်ငံအုပ်ချုပ်နေတဲ့သူတွေဟာ ဘယ်လိုပုံစံနဲ့ အုပ်ချုပ်ပြီး ဘယ် လောက်ကိုင်တွယ်ရမယ်ဆိုတာကို သိနေတာဖြစ်မယ်လို့ ဆိုပါတယ်။

ကျွန်တော်ငယ်ငယ်တုန်းကတော့ အဖေပြောတာတွေကို သိပ်သဘောမကျခဲ့ပါဘူး။ နောက်တော့ တဖြေးဖြေး သိလာပါတယ်။ အဖေပြောနေတာ တွေက ဒီမိုကရေစီရချင်ရင် ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ ကျင့်ဝတ်တွေကို တည်ဆောက်ယူဖို့လိုတယ်လို့ ဆိုချင်တာပါ။ တနည်းအားဖြင့်ပြောရရင် Capacity နဲ့ Rule and Law၊ Institution ဆိုတာတွေကို သူနားလည်သလို ပြောဆိုနေတာ ဖြစ်ပါတယ်။ လူတကိုယ် အကြိုက်တမျိုးဖြစ်တာကြောင့် လူတွေရဲ့စိတ် ဓာတ်တွေကိုလည်း သိဖို့ လိုအပ်ပါလိမ့်မယ်။ မြန်မာဆိုတာ ကိုယ့်ထမင်းအိုးကို လာမခွဲသေးသမျှ ဘယ်သူ့ကိုမှ ရန်ရှာတတ်တာ မဟုတ်ပါဘူး။ ဦးနေဝင်း ခေတ်မှာ လူထုအုံကြွတာ ပြည်သူလူထုရဲ့ ထမင်းအိုးကို ရိုက်ခွဲလို့ဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်မှုတွေက သူတို့လူမျိုးတွေရဲ့ ဓလေ့ ထုံးတမ်းကို နားမလည်လို့ဖြစ်တယ်၊ ထို့အတူပဲ စစ်တပ်က အာဏာမလွှဲတော့တာ နုရင်ဘတ်ဆိုတဲ့ အသုံးအနှုန်းကြောင့်ဖြစ်တယ် ဆိုတာတွေကို သဘော ပေါက်လာပါတယ်။ ဒါဟာ အများက လက်မခံနိုင်တဲ့ အခြေအနေတစ်ရပ်ဖြစ်နေတဲ့အတွက် အမှန်တရားမဟုတ်တော့တာ ဖြစ်တယ်။ အပြစ်ရှိသူကို အပြစ် ပေးရမှာဟာ အမှန်တရားဖြစ်သော်လည်း အာဏာလက်ဝယ်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို စစ်ခုံရုံးတင်ဖို့ဆိုတာကတော့ သူတို့အတွက် အမှန်တရားမဖြစ် နိုင်ပါဘူး။ ဒီမိုကရေစီမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ရှိပေမယ့် အကြောင်းမဲ့ဆဲဆိုတာကို ခွင့်ပြုမှာမဟုတ်ပါဘူး။ ကွမ်းတံတွေးကို စည်းမဲ့ကမ်းမဲ့ ထွေးတာ၊ မျဉ်းကျားကလမ်းကူးဖို့ ဝန်လေးတာတွေက ဒီမိုကရေစီ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဗိုလ်ချုပ်မကွယ်လွန်မီ လမ်းပေါ်တက် ဆေးရိုးလှမ်းချင် တဲ့စိတ်ကြောင့် ဖာနိုင်ငံဖြစ်လိမ့်မယ်လို့ ပြောခဲ့တာ ဖြစ်နိုင်ပါတယ်။

မနေ့က သမ္မတကြီးဦးသိန်းစိန် ပြည်သူကို မိန့်ခွန်းတိုက်ရိုက်ပြောတယ်။ အားလုံးဟာ အများသဘောတူညီနိုင်မယ့် အခြေအနေလေးတွေ ဖြစ်တာ ကြောင့် လက်ရှိအချိန်မှာ အမှန်တရားမဟုတ်တောင် အရှိတရားလို့ ဆိုရမယ့်သဘော ဖြစ်ပါတယ်။ သမ္မတကြီးပြောသွားတဲ့အထဲမှာ လက်နက်တွေကနေ လက်ပ်တော့တွေဖြစ်ဖို့၊ အားလုံးပါဝင်သော နိုင်ငံရေးဖြစ်ဖို့၊ ဥပမာပြောရရင် ဖုန်းနဲ့ ကားကိစ္စတွေ အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်ဆိုတာ မဖြစ်မနေ လုပ်ပေးရမယ့် အချက်တွေဖြစ်သော်ငြား ထာဝရအမှန်တရားဖြစ်သော်ငြား လက်ရှိအခြေအနေမှာလည်း ခက်ခဲတာတွေ ရှိကောင်း ရှိနေနိုင်ပါတယ်။ ဒါပေ မယ့် ကျွန်တော်ကတော့ သမ္မတကြီးပြောသွားတဲ့အချက်တွေထဲက Rule of Law တွေ တည်ဆောက်ဖို့ လိုတယ်ဆိုတာတွေရယ်၊ မိဘပြည်သူတွေကလည်း ထိန်းကျောင်းတည့်မတ်ပေးကြပါဆိုတာ ဒီမိုကရေစီဆိုတာ အစိုးရတင် မဟုတ်ဘူး ပြည်သူမှာပါ ပြုပြင်စရာတွေကို ပြုပြင်ရမယ်၊ ဒီအတွက် Rule of Law တွေလိုတယ်ဆိုတာကို ဆိုလိုချင်ပုံရပါ တယ်။

ဒီမိုကရေစီရှိရင် လူ့အခွင့်အရေးတွေ အပြည့်ရှိတယ်ဆိုတာ မှန်သော်လည်း ဒါက ထာဝရအမှန် ဖြစ်ပါတယ်။ ဦးသန်းရွှေရဲ့ အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဆိုတဲ့စကားလုံးတွေ၊ ဒီမိုကရေစီ အင်အားစုတွေရဲ့ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်စတဲ့ စကားလုံးတွေကလည်း ထာဝရအမှန်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ကတော့ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်အခြေအနေ တွေကို ပြုပြင်ပြီး Rule of Law တွေတည်ဆောက်ဖို့နဲ့ ဒီမိုကရက်တစ် လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်ဖို့ကတော့ လက်တွေ့ အရှိတရားပဲ ဖြစ်နေပါတယ်လို့ ဆိုချင်ပါတော့တယ်။

**********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၃.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မူဆယ်ခရိုင်၌ အထူးစီးပွားရေးဇုန်တည်ဆောက်မည်
  2. မီဒီယာသမားများအတွက် e-Yangon စနစ် အကောင်အထည်ဖော်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. NLDပါတီ၏ မန္တလေးမြို့ ပါတီစည်းရုံးရေး၌ အဆိုတော် လင်းလင်းကူညီ
  2. ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းဖွင့်ပွဲနှင့် သတင်းစာရှင်းလင်းပွဲအား ပြုလုပ်မည်
  1. ကယားပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီး ခန့်အပ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

မူဆယ်ခရိုင်၌ အထူးစီးပွားရေးဇုန်တည်ဆောက်မည်

မူဆယ်ခရိုင်အတွင်း၌ စက်မှုဇုန်(သို့) အထူးစီးပွားရေးဇုန်များ တည်ဆောက်နိုင်ရန် လက်ရှိအချိန်တွင် ၎င်းခရိုင်အတွင်း လေ့လာမှုများ ပြုလုပ် လျက်ရှိကြောင်း နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောင်ခမ်းက ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် လားရှိုးမြို့၌ ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ သည်။

“ဒေသခံလူတန်းစား အမျိုးမျိုးအတွက်နဲ့ မြန်မာနိုင်ငံကနေ အခြားနိုင်ငံခြားတိုင်းပြည်တွေမှာ သွားရောက်အလုပ် လုပ်ကိုင်နေကြတဲ့ အလုပ်သမား တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ပေါက်စေဖို့ ရည်ရွယ်ဆောင်ရွက်တာ ဖြစ်ပါတယ်”ပာု ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။

မူဆယ်ခရိုင်အတွင်း အထူးစီးပွားရေးဇုန် တည်ဆောက်ရာတွင် အများပိုင်ကုမ္ပဏီ၊ တစ်ဦးချင်းပိုင်ကုမ္ပဏီ၊ နိုင်ငံခြားနှင့် ဆက်စပ်ကုမ္ပဏီ၊ နိုင်ငံ ခြားသားပိုင် ကုမ္ပဏီများ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရန် မူဆယ်ခရိုင်အတွင်း လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“မူဆယ်ခရိုင်မှာ အထူးစီးပွားရေးဇုန် တည်ဆောက်နေတာပာာ  ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး၊ စက်မှုဇုန်များ အ ကောင်အထည်ဖော်ပြီး ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုပေါများလာဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်” ပာု ၎င်းက ဆက်လက်ပြောကြားသည်။

မူဆယ်ခရိုင်အတွင်း အထူးစီးပွားရေးဇုန်တည်ဆောက်နေခြင်းနှင့် ပတ်သက်၍ မူဆယ်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “အရင်ရက်တွေ က တော့ မြေစာရင်းရုံးက မြေတိုင်းတာတွေကို လုပ်ဆောင်နေပါတယ်။ ရွှေလီမြစ်တစ်လျှောက်မှာရှိတဲ့ တော်ရွက်ရွာ၊ ပန်ခမ်းရွာဘက်တွေမှာလည်း မြေတိုင်း တာတွေ လုပ်နေပါတယ်။ အဲ့ဘက်ခြမ်းတွေကတော့ မြို့ပြဖြစ်လာနိုင်မယ့် အနေအထားတွေ ရှိတယ်။ ဒီစီးပွားရေးဇုန်ပြီးသွားရင် မူဆယ်မြို့ရဲ့ လမ်းပန်း ဆက်သွယ်ရေးနဲ့ ဒေသခံတွေ အတွက် အလုပ်အကိုင်တွေ ပိုပေါလာမှာဖြစ်လို့ သည်နယ်အတွက်တော့ ကောင်းပါတယ်”ပာု ပြောကြားသည်။

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များ အများအပြား ဖွင့်လှစ်ပေးခဲ့သည့် အပြင် နိုင်ငံခြားပို့ကုန်ကဏ္ဍ မြင့်တက်လာနိုင်စေရန် အခွန်လျှော့ချခြင်း၊ အခွန်ကင်းလွတ်ခွင့် ပြုခြင်းများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

မီဒီယာသမားများအတွက် e-Yangon စနစ် အကောင်အထည်ဖော်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရရုံးများနှင့် ဌာနဆိုင်ရာအသီးသီးမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များကို စုဆောင်း၍ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများနှင့် မီဒိယာသမားများထံ ဖြန့်ဖြူးပေးနိုင်ရန် e-Yangonစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

“ဒီ e -Yangon စီမံချက်ကို အိုင်တီနည်းပညာသုံးပြီးတော့ ပြည်သူတွေနဲ့ မီဒီယာတွေ သတင်းအချက်အလက် သိစေဖို့ ဝန်ဆောင်ပေးသွားမှာပါ။ ဒီစီမံချက်ပာာ e - Gonvernment စနစ်နဲ့ စီမံကိန်းချင်းတူတဲ့အတွက် e -Yangon လို့ အမည်ပေးလိုက်တာပါ။ ”ပာု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း e -Yangon စနစ်ထူထောင်ရခြင်းမှာ နိုင်ငံအတွင်းရှိ ပြည်သူများ အိုင်တီအသုံးချမှု နယ်ပယ် ပိုမိုမြင့်မားလာနိုင် စေရန်၊ အစိုးရဌာနအသီးသီးနှင့် NGO အဖွဲ့အစည်းများမှ ထုတ်ပြန်သည့် သဘောထား၊ ထုတ်ပြန်ချက်များကို ပြည်သူများ အချိန်အနည်းငယ်အတွင်း သတင်း အချက်အလက် သိရှိနိုင်စေရန်နှင့် ပြည်တွင်း၊ ပြည်ပ မီဒီယာများအားလုံး နိုင်ငံတွင်းရှိ သတင်းအချက်အလက်များကို အလွယ်တကူရယူနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

e-Yangon စနစ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရအဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် လုပ်ငန်းကြီးများနှင့် ပြည်တွင်း NGOများ၏ သတင်းထုတ်ပြန်ကြေညာချက်များကို အွန်လိုင်းမှတစ်ဆင့် ပြည်သူနှင့် မီဒီယာများ သိရှိနိုင်စေရန် ဝန်ဆောင်ပေးသွားမည်ဖြစ်ပြီး ယခု စီမံချက်မူကြမ်းအား ငါးလမှ ခြောက်လအတွင်း သက်ဆိုင်ရာသို့ တင်ပြနိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိ အချိန်တွင် e-Yangon စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မည်သည့်ပြည်တွင်းကုမ္ပဏီမှ လာရောက်ပူးပေါင်းခြင်း မရှိ သေးကြောင်း သိရသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

NLDပါတီ၏ မန္တလေးမြို့ ပါတီစည်းရုံးရေး၌ အဆိုတော် လင်းလင်းကူညီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် မန္တလေးမြို့ရှိ ၅၀လမ်းနှင့် ၅၀လမ်း ထောင့်ရှိ အောင်ပင်လယ်ကွင်းပြင်သို့ မတ်လ ၃ရက်နေ့ နေ့လည် ၁နာရီခွဲခန့်တွင် ရောက်ရှိခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့သည်ဟု သတင်းများအရ သိရသည်။

“တံတားဦးလေဆိပ်ကို ရောက်တာတော့ မနက် ၈နာရီကျော်လောက်က စရောက်တာ။ ဒါပေမယ့် လမ်းမှာ ကြိုဆိုတဲ့လူကများတော့ လမ်းပိတ်ပြီး ဟောပြောပွဲလုပ်မယ့် အောင်ပင်လယ်မှာရှိတဲ့ ကွင်းပြင်ထဲကို ၁နာရီခွဲခါနီးမှ ရောက်ရှိလာတာပါ။ ပြီးတော့ ဒေါ်စုက တခြားခရီးစဉ်တွေလို သိပ်ပြီး ပြုံးပြုံးပြ ပြ သိပ်မရှိဘူး။ အောင်ပင်လယ်ကွင်းထဲမှာ လာပြီးစောင့်ဆိုင်းနေတဲ့အထဲမှာ ကိုရင်တွေရယ် ပြီးတော့ သံဃာတော်တွေလည်း ပါပါတယ်။ ပြီးတော့ မိုးက လည်း ဖွဲဖွဲလေးရွာနေတယ်”ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရားဥပဒေစိုးမိုးရေးကိစ္စနှင့် ပတ်သက်၍ မိန့်ခွန်းဟောပြောနေစဉ်တွင် နေမကောင်းဖြစ်သည်ဟု ဆိုပြီး ၁၅မိနစ် ကြာ အနားယူခဲ့ပြီး ထိုသို့ အနားယူနေစဉ်တွင် NLDပါတီမှ ဦးဝင်းတင်သည် လူထုအား ဆက်လက်၍ မိန့်ခွန်းပြောကြားသွားခဲ့သည်ဟုလည်း သတင်းရရှိ သည်။

“ဒေါ်စုက ပထမကတော့ မနက်၉နာရီ အောင်ပင်လယ်ကွင်းပြင်မှာ မိန့်ခွန်းပြောမယ်ဆိုပြီး နေ့လည် ၁နာရီခွဲမှ အောင်ပင်လယ်က ကွင်းပြင်ထဲကို ရောက်လာတယ်။ လမ်းကနေပြီး ကြိုဆိုကြတဲ့လူတွေကလည်း အများကြီးပဲ။ ပြီးတော့ ဒေါ်စုက မိန့်ခွန်းပြောနေရင်းနဲ့ နေမကောင်းဖြစ်လို့ စင်မြင့်အ နောက်မှာ ၁၅မိနစ်လောက် စင်မြင့်အနောက်မှာ အနားယူပြီး ၁၀မိနစ်ကြာ မိန့်ခွန်းပြန်ပြောသွားပါတယ်။ ဒီမန္တလေးခရီးစဉ်မှာ မန္တလေးပြည်သူတွေရဲ့ ကြို ဆိုမှုကတော့ အံမခန်းပဲ”ဟု မန္တလေးမြို့ ဒေသခံတစ်ဦးမှ ပြောကြားသည်။

ထို့နောက် ၎င်း၏ မန္တလေးပါတီစည်းရုံးရေးခရီးစဉ်တွင် အဆိုတော်တစ်ဦးဖြစ်သူ လင်းလင်းမှလည်း ဝင်ရောက်ကူညီခဲ့သည်ဟု သတင်းရရှိပြီး ၎င်းတို့အဖွဲ့သည် အောင်ပင်လယ်ကွင်းအတွင်းမှ နေ့လည် ၂နာရီခွဲခန့်တွင် ပြန်လည်ထွက်ခွာသွားခဲ့ပြီး ပြည်သူလူထုအား နှုတ်ဆက်ခဲ့သည်ဟုလည်း သတင်းရရှိ သည်။

ထို့ပြင် NLDပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ရက်များကလည်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကလော၊ အောင်ပန်းနှင့် ဟဲဟိုးမြို့ များသို့ သွားရောက်၍ ပါတီစည်းရုံးရေးဆင်းခဲ့ပြီး ဟဲဟိုးမြို့နယ်တွင် ရုပ်ရှင်သရုပ်ဆောင် ရဲထိုက်မှ လိုက်လံကူညီဆောင်ရွက်ပေးခဲ့သည်ဟုလည်း သတင်းများအရ သိရသည်။

ATM

--------------------------------------------------------------------------------------------------------------------------------

၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းဖွင့်ပွဲနှင့် သတင်းစာရှင်းလင်းပွဲအား ပြုလုပ်မည်

မတ်လ ၄ရက်နေ့တွင် ၈၈မျိုးဆက်ကျောင်းသားများမှ ဝေဇယန္တာလမ်းမကြီးရှိ သီရိဂုဏ်အိမ်ရာအနီးမှ အမှတ်(၂၈၄)/က ၁၆/၃တွင် “ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း”ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲနှင့် ရုံးခန်းဖွင့်ပွဲအခမ်းအနားအား ပြုလုပ်မည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။

“၈၈ကျောင်းသားမျိုးဆက်တွေက ၄ရက်နေ့ နေ့လည် ၂နာရီမှာ စပြီး ပြုလုပ်ကြမှာပါ။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွေအနေနဲ့ ရှေ့ဆက်ပြီး သွားမယ့် အခြေအနေတွေရယ် ပြီးတော့ သွားခဲ့တဲ့ခရီးစဉ်တွေအကြောင်းကို ပြောသွားမှာ ဖြစ်ပါတယ်။ တက်ရောက်လာတဲ့ သတင်းမီဒီယာသမားတွေနဲ့ လည်း အမေးအဖြေတွေလုပ်သွားမှာပါ”ဟု ၈၈မျိုးဆက်ကျောင်းသား အဖွဲ့ဝင်တစ်ဦးမှ ပြောကြားသည်။

ထို့ပြင် မင်းကိုနိုင်ဦးဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့သည် မကြာသေးမီအချိန်ကာလက ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး အပြန် တွင် ရန်ကုန်လေဆိပ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်ဟုလည်း သတင်းများအရ သိရသည်။

ATM

--------------------------------------------------------------------------------------------------------------------------------

ကယားပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီး ခန့်အပ်

၂၀၁၂ ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင်  ကယားပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးကျော်လင်းမောင်နှင့် ကယားပြည်နယ် တရားလွှတ်တော် တရားသူကြီးအဖြစ် ဦးတင်ဋ္ဌေးတို့အား ခန့်အပ်တာဝန် ပေးအပ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၄) ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေအမှတ် ၈၂၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စု တရား စီရင်ရေး ဥပဒေပုဒ်မ ၅၀တို့အရ ကယားပြည်နယ်လွှတ်တော်မှ သဘောတူညီထားသည့် ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးကျော်လင်း မောင်အား ကယားပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြေငြာစာအမှတ် ၈/ ၂၀၁၂ ဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၄) ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေအမှတ် ၈၂၊ ပုဒ်မခွဲ(ဃ)နှင့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၅၀တို့အရ ကယားပြည်နယ်လွှတ်တော်မှ သဘောတူညီသည့် ဦးတင်ဋ္ဌေးအား ကယားပြည်နယ် တရားလွှတ်တော် တရား သူကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ကြောင်း နိုင်ငံတော် သမ္မတ ရုံးမှ အမိန့်ကြေငြာစာအမှတ် ၉/၂၀၁၂ ထုတ်ပြန်ကြေညာခဲ့သည်။

YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“သစ်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေအားလုံးက တစ်ဘက်နိုင်ငံရဲ့တံတားခြေရင်းဈေးထဲမှာ သေးဆုံးပစ္စည်းတွေအထိ မြန်မာဘက်က ပို့နေတာပေါ့။ သစ်နဲ့ ပတ်သက်တဲ့ သီးသန့်ဈေးကွက် မရှိတာရယ်၊ နေရာချပေးမှု မရှိတာတွေကြောင့် ပျက်သွားပြီး နေရာပြန်ချပေးပြီး တရားဝင် ဒီဘက်မှာ ရောင်းလို့ရမယ်ဆိုရင် နိုင်ငံရဲ့ လိုအပ်တဲ့နေရာတွေကို ရရှိမယ့်အခွန်နဲ့ ဖြည့်ဆည်းနိုင်တာပေါ့”

ဖေဖော်ဝါရီ ၂၉ ထုတ် The Myanmar Post အတွဲ (၄) အမှတ် (၉) တွင်ပါသည့် “သစ်တောထွက်ပစ္စည်းများ တရားမဝင် တင်ပို့မှုကြောင့် နိုင် ငံအခွန်များ ဆုံးရှုံးမှုကို ထိန်းသိမ်းရန်လိုအပ်” သတင်းမှ မြဝတီမြို့ရှိ လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“အခုလက်ရှိ မြန်မာနိုင်ငံမှာက ရှယ်ယာထည့်တယ်၊ ရှယ်ယာဝင်တယ်ဆိုတာ နားထောင်ကောင်းအောင် ပြောနေသလို ဖြစ်နေတယ်။ တကယ်ဖြစ်နေတာ က ရှယ်ယာဝင်တယ်ဆိုတာထက် ငွေတိုးပေးစားသလို ဖြစ်နေတယ်။ ကုမ္ပဏီတစ်ခု ရှုံးတယ်မြတ်တယ်ဆိုတာကို ရှယ်ယာဝင်တဲ့သူကလဲ စိတ်သိပ်မဝင်စား ဘူး။ အချိန်တန်ရင် သူဘယ်လောက်ရမလဲ ဆိုတာကိုပဲ စိတ်ဝင်စားတယ်။ တစ်လဘယ်လောက်ရမလဲပဲ မေးကြတယ်။ နှစ်သိန်းရမလား၊ သုံးသိန်းရမလား မေးကြတယ်။ တကယ်တမ်းကျတော့ ငွေချေးတဲ့သဘောကို တစ်ဖက်လှည့်နဲ့ ရှယ်ယာထည့်တယ် လုပ်ကြတယ်။ ပုဂ္ဂလိကကုမ္ပဏီမှာ တကယ်ဆို ရှယ်ယာ ဆိုတာ ထည့်လို့လဲမရဘူး။ အခု အပြင်မှာလုပ်နေကြတာက သိန်း ၁၀၀ ထည့်မယ် တစ်လကို နှစ်သိန်းပေးမယ်၊ သုံးသိန်းပေးမယ်ဆိုတာ ရှယ်ယာထည့်တာ အစစ်အမှန် မဟုတ်ဘူး။ ငွေတိုးချေးစားကြတာပါ။ ငွေ လက်ခံရင် ရှယ်ယာထည့်ကြောင်း စာချုပ်လေးပေးလိုက်တယ် ဒါပါပဲ”

မတ် ၁ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၉) တွင်ပါသည့်“အများပိုင်ကုမ္ပဏီများတည်ထောင်ကာ နိုင်ငံ့စီးပွားရေးကို တွန်းအားပေး ဆောင်ရွက်ရန် လုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတလမ်းညွှန်”သတင်းမှ ဒေါက်တာစိုးထွန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“နောက်တစ်ခု အရေးကြီးဆုံးကတော့ အခုကိုယ်တွေရဲ့ တိုင်းပြည်က အမှန်တကယ် ဆင်းရဲနေလားဆိုတာကိုပေါ့။ အစိုးရကတော့ ဆင်းရဲပြီးတော့ အစိုးရ ဝန်ထမ်းတွေက ချမ်းသာနေလား။ တိုင်းပြည် တကယ်ဆင်းရဲတာရော ဟုတ်ရဲ့လား။ တိုင်းပြည်မှာ Miss Management တွေ Miss Allocation ဖြစ်နေတယ်ဆိုတာ အခုမှသိလာရတယ်။ အဲဒါတွေကို အခု လွှတ်တော်ထဲမှာ ဆွေးနွေးနေတော့ ဘယ်တုန်းကမှ မလုပ်ခဲ့တာကို လုပ်နေရတော့ ပြောတဲ့သူ ရော၊ အပြောခံရတဲ့သူရော အားလုံးကတော့ အတွေ့အကြုံ အသစ်အဆန်းတွေ ဖြစ်နေတော့ အားလုံးက သဘောထားကြီးဖို့တော့ လိုအပ်တယ်။ ဒီနေ့ အ ထူးသဖြင့် နိုင်ငံရေး၊စီးပွားရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစတာတွေရဲ့ ယန္တရားတွေရဲ့လည်ပတ်မှု တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ အထက်အောက်ပုဂ္ဂိုလ်တွေက သဘော ပေါက်ဖို့တော့ လိုအပ်တယ်”

မတ် ၁ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၉) တွင်ပါသည့် “ဝန်ထမ်းများဘဝ အမှန်တကယ်တိုးတက်အောင် အစွန်တရားများ လွတ်အောင် ကြံဆောင်”သတင်းဆောင်းပါးမှ ဥပဒေပညာရှင်ဦးမော်သန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs