Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၃.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် All Inclusive Economics Process

****************************************

ဆောင်းပါးကဏ္ဍ

မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် All Inclusive Economics Process

ထက်ခိုင်

(Yangon Times အတွဲ (၂၈) အမှတ် (၅၆၀)မှ ထုတ်ယူဖော်ပြသည်)

နိဒါန်း

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ State of the Union Address တွင် အဓိကအားဖြင့် အပိုင်းကြီး (၂) ပိုင်းခွဲခြားသွားသဖြင့် ယင်းအပိုင်း (၂)ပိုင်း အပေါ် လေ့လာဆန်းစစ်ခြင်းအားဖြင့် Stakeholder များအားလုံး မိမိတို့အလုပ်ကို မိမိတို့ လုပ်ဆောင်နိုင်ကြရန် ရည်ရွယ်သည်။ နံပါတ် (၁) အပိုင်းမှာ All Inclusive Political Process ဖြစ်ပြီး ဒုတိယအပိုင်းမှာ All Inclusive Economic Process ဖြစ်သည်။ နိုင်ငံရေးမျက်နှာစာတွင် အားလုံးပါဝင်ခွင့် ပုံပေါ်လာနေခြင်းမှာ နိုင်ငံတော်မှ ဖန်တီးပေးသော Political Space ဖြစ်ပေါ်လာခြင်း၊ ယင်း Poltical Space တွင် Player အားလုံးထပ်မံ ပါဝင်နိုင်စေရန် လမ်းဖွင့်ပေးခြင်း၊ ကျန်ရှိသည့် Playerများကလည်း ယင်း Space တွင် ကစားနိုင်ရန် လျှောက်လှမ်းလာခြင်းစသည့် Process ကို မြင်တွေ့နိုင်သည်။ ဤနေရာတွင် အရေးကြီးသည်မှာ ဖွင့်ပေးသော Space မှာ မည်ကာမတ္တ Space မဟုတ်ဘဲ Level Play Field ဖြစ်စေရန်၊ Level Play Field ဖြစ် လာတော့မည်ဟု ခံစားနိုင်ကြစေရန် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သော နိုင်ငံတော် အပိုင်းမှ အားထုတ်မှုဖြစ်သည်။ (ယင်းအားထုတ်မှုတွင် Player များကို အသိအမှတ်ပြုခြင်း၊ Process တွင်ပါဝင်နိုင်ရန် ကန့်သတ်ချက်များ ဖယ်ရှားပေးခြင်း၊ Processကို ယုံကြည်စေရန်၊ Process အောင်မြင်စေရန် လိုအပ်သလို အလျှော့အတင်း ပြု လုပ်ပေးခြင်း၊ Adjustment တို့ကို ဆောင်ရွက်ပေးခဲ့ရခြင်းဖြစ်သည်။

 

စီးပွားရေးမျက်နှာစာ နောက်ကျကျန်ရစ်ခဲ့ရခြင်း၏ တရားခံ

စူပါပါဝါနိုင်ငံကြီးများအပါအဝင် ပြည်တွင်း၊ ပြည်ပမှ မေးမြန်းနေကြသော စဉ်းစားခန်းဖွင့်၍ Brain Stroming ပြုလုပ်ကာ သဘောထား ထင်မြင် ချက်အမျိုးမျိုး ဖြစ်ပေါ်နေကြသော “နိုင်ငံရေးမျက်နှာစာတွင် ပြုပြင်ပြောင်းလဲမှုများ မြန်နေပြီး စီးပွားရေးမျက်နှာစာတွင် ပြုပြင်ပြောင်းလဲမှုများ မည်သည့် အတွက်ကြောင့် နှေးကွေးနောက်ကျ ကျန်ရစ်ခဲ့ပါသနည်း” ဟူသောမေးခွန်းသည် အထက်ပါမျက်နှာစာနှစ်ခုမှ Process နှစ်ခုကို နှိုင်းယှဉ် စဉ်းစားကြည့် လျှင် ကျေနပ်တန်ဖွယ်ရာ ကောင်းသော အဖြေတစ်ရပ်ရရှိနိုင်မည်ဟု ယူဆမိသည်။

အရှင်းဆုံးအဖြေထုတ်ရလျှင် နိုင်ငံတော်၏ လိုက်လျောမှုသည် အဓိကကျနေသလို ယင်းလိုက်လျောမှုသည် နိုင်ငံတော်သမ္မတကြီးက “ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပဋိညာဉ်မူဘောင်ဟူ၍ ပြောကြားသွားခြင်းကို သတိပြုမိလျှင် အဓိကဇတ်ဆောင်များ မည်သည့်အတွက်ကြောင့် လက်ခံခဲ့သည်ကို မှန်းဆ ကြည့်နိုင်မည်ဖြစ်သည်။ တစ်ဖန် မြန်မာနိုင်ငံရေးတွင် Key Player များ၏ အရေအတွက် လက်ချိုးရေတွက်၍ ခက်ခဲ့သည့်အပြင် အလွယ်တကူ မြင်တွေ့သိရှိနိုင်ခြင်း မရှိသော Hidden Player များလည်းရှိနေသည်ဟု သဘောရသောကြောင့် ဆုံမှတ်တစ်ခုသို့ ရောက်ရှိနိုင်ရေးသည် အလှမ်းဝေး နေခြင်းပင် ဖြစ်သည်။ အလားတူ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကျသော Rule of the Game မှာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ တစ်လွှာ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကတ်လွှာ၊ အသစ်ပြဋ္ဌာန်း/ပြင်ဆင်သော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများက တစ်လွှာ စသည့်အားဖြင့် Regulatory Authority သုံးမျိုးသုံးစားရှိနေပြီး နိုင်ငံရေးနယ်ပယ် ရှင်းလင်းလွယ်ကူမှုမရှိသော အနေအထားကို တွေ့ရှိရသည်။ ဆိုလိုသည်မှာ နိုင်ငံရေးနယ်ပယ်တွင် Rule of the Game မှာ အထင်အရှား ရှင်းလင်းပြတ်သားနေသော်လည်း စီးပွားရေးနယ်ပယ်တွင် ရှင်းလင်း ပြတ်သားမှု မရှိခြင်းကြောင့် မြန်မာ့စီးပွားရေး နောက်ကျနှေးကွေးနေရစ်ခဲ့ခြင်းသာ ဖြစ်သည်။

Player မျိုးစုံ Rule မျိုးစုံ

ဗဟိုဦးစီး စီမံကိန်းစီးပွားရေးစနစ်မှ အသွင်ကူးပြောင်းရခြင်းဖြစ်၍ အတိတ်ကာလ၌ Player အားလုံးပါဝင်ခွင့် ကန့်သတ်ခဲ့သော အနေအထားသည် အထိုင်ပြောင်းသော်လည်း ဟန်ချက်မတည်ငြိမ်သေးသော အခြေအနေသို့ ရောက်ရှိနေချိန် ဖြစ်သည်။ ယနေ့တောင်းဆိုနေသော နိုင်ငံသားတိုင်း အလုပ်လုပ်ပိုင်ခွင့်၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လွယ်ကူရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ တန်းတူရည်တူ ယှဉ်ပြိုင်လုပ်ကိုင်ခွင့် ရရှိရေး အစရှိသည့် Level Play Field သည်လည်း ကောင်း၊ Player အားလုံးပါဝင်နိုင်ခွင့်အတွက်လည်းကောင်း အဓိကဖြစ်သော Rule of the Game ကထိန်းချုပ်ထားသည်ကို မြင်တွေ့နိုင်သည်။ မည်သည့်လုပ်ငန်းများကိုတော့ အမျိုးသားလုံခြုံရေးအရ လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးအရ လည်းကောင်း နိုင်ငံတော်ကသာ လုပ်ကိုင်စေ၊ မည်သည့်လုပ်ငန်းများကိုတော့ ပုဂ္ဂလိကသော် လည်းကောင်း ယှဉ်ပြိုင်လုပ်ကိုင်စေ၊ မည်သည့်လုပ်ငန်း များကိုတော့ ပုဂ္ဂလိကများကသာလုပ်ကိုင်စေ စသည့် တိကျပြတ်သားသော မူဝါဒများလည်း ထွက်ပေါ်လာခြင်း မရှိသေးသဖြင့် လုပ်ပိုင်ခွင့် မကွဲပြား သေးသည့် စပ်ကူးမပ်ကူး အသွင်ကူးပြောင်းရေးလမ်းခုလတ်ဟု ဆိုနိုင်သည်။ ဤသည်တို့ကို ပိုင်းခြားသတ်မှတ်၍ စည်းပြတ်စေရန် စည်းတားပေးခြင်း သည် မရှိမဖြစ် Rule of the Game ဖြစ်သည်။

လက်ရှိအနေအထားကို အရှင်းဆုံးမြင်အောင်ကြည့်လျှင် Player မျိုးစုံ Rlue မျိုးစုံနှင့် စည်းမပြတ်သေးသော သဘောကို မြင်တွေ့နိုင်မည် ဖြစ်သောကြောင့် တန်းတူအခွင့်အရေးရရှိရေးဟု တောင်းဆိုသည့် Player များက တောင်းဆိုနေကြသလို အကျိုးကျေးဇူး ခံစားနေကြရသူများကလည်း နှိုင်းရအားသာချက်ကို မစွန့်လိုကြပေ။ ယင်းသို့ အကျိုးစီးပွား ကွာခြားနေခြင်းကြောင့် လျှေက်လှမ်းနေသော ဂိမ်း၏စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင် သတ်မှတ်ရန် ဝန်လေးနေသူများက တစ်ဖက်၊ တန်းတူအခွင့်အရေးအတွက် ပြင်ဆင်လိုသူများကတစ်ဖက် ကွဲပြားနေခြင်းလည်း ဖြစ်သည်။ ကုန်ထုတ် သတ္တိ တိုးပွားရေးအတွက် ကုန်လုပ်စွမ်းအားစုများ ရယူသုံးစွဲရေးတွင်လည်း အလားတူဖြစ်နေရာ နိုင်ငံသားတိုင်း၏ ပိုင်ခွင့် (ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားပိုင်ခွင့်) သည်လည်း ကွာဟချက်များရှိနေသည်သာဖြစ်သည်။

Institutional Capacity

Player မျိုးစုံ Rule မျိုးစုံ စီးပွားရေးအခင်းအကျင်းမှ Player အားလုံးပါဝင်ပြီး တညီတညွှတ်တည်းသော Rule of the Game စီးပွားရေး အခင်းအကျင်းသို့ ကူးပြောင်းရောက်ရှိလာပြီး ယင်းအခင်းအကျင်း ခိုင်မာတည်တံ့ရေးမှာ Rule of the Game ကို သတ်မှတ်ပေးသော Institution များ၏ Capacity ပေါ်တွင် အထူးပင်မူ တည်နေသည်။ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု နောက်ကျနှေးကွေးနေရခြင်း၏ အခြေခံပြဿနာမှာ Institutional Capacity ပြဿနာသာဖြစ်ကြောင်း တွေ့ရှိနိုင်သည်။ Institutional Capacity ပြဿနာသာ ဖြစ်ကြောင်းတွေ့ရှိနိုင်သည်။ Institutional Capacityသည် လည်း Player မျိုးစုံ၊ Rlue မျိုးစုံကို လျင်လျင်မြန်မြန် စနစ်တကျ ဖြေရှင်းပေးနိုင် မည်လား၊ မည်မျှအထိ ဝေးဝေး လျှောက်နိုင်သ နည်း၊ ယင်း Institutional Capactity ပိုမိုခိုင်မာအားကောင်းအောင် မည်သို့ဆောင်ရွက်ကြမည်နည်းဟူသော Solution ကို နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ Civil Society တို့ အချင်းချင်းအကြားရှိ အညမညသေဘာတရားက အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ ယင်းတို့အနေဖြင့် Player များဘက်သလို့ ခြုံငုံလေ့လာဆန်းစစ်ပြီး စည်းမျဉ်းများ သတ်မှတ်ပေးရမည်ဖြစ်ရာ နိုင်ငံတော်သမ္မတကြီး၏ မျှော်မှန်းချက်ဖြစ်သော “၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ LDC ဘဝမှရုန်းထွက်နိုင်ရေး” ဟူသော ပန်းတိုင်သို့ နိုင်ငံတော်ရော နိုင်ငံသားများပါ ပြိုင်တူရောက်နိုင်ရန်မှာ Institutional Capacity ၏ ခြေလှမ်းများပေါ် မူတည်နေသည်။ မြန်မာ့ စီးပွားရေးဦးမော့ရေးဟူသည်မှာ ရေရှည်သဘောသာမက တစ်ခုလုံးပါဝင်နိုင်စေသောသဘောကို ဖော်ဆောင် ကြရာတွင် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ Civil Society တို့အကြား  မည်မျှအထိ နားလည်မှု၊ ယုံကြည်မှု တည်ဆောက်နိုင်သနည်း ဟူသောအချက်ပေါ်တွင် မူတည်နေရုံသာမက ယင်း ဒေါက်တိုင်ကြီး သုံးခုမှ စုပေါင်းစွမ်းအား Synergy မည်မျှ အထိ ထုတ်ပေးနိုင်သည်ဟူသော အချက်အပေါ်တွင်လည်း မူတည်နေပေသည်။

မြန်မာ့နိုင်ငံရေးတွင် Plyer များအတွက် Political Space များပေါ်လာအောင် ဖန်တီးပေးနိုင်ပြီး Player များကလည်း ပါဝင်ခွင့်ကို လက်ခံ နိုင်ခဲ့ပြီဖြစ်ရာ မြန်မာ့စီးပွားရေးတွင် Player များအတွက် Economics Space များ ပေါ်လာ အောင် ဖန်တီးပေးနိုင်ပြီး Player များကလည်း ပါဝင်ခွင့်ကို လက်ခံနိုင်ရေးမှာ ကြီးမားလှသော စိန်ခေါ်မှုမဟုတ်ဟူ၍ သဘောရသည်။ ယင်း Institution များ အရေးကြီးသလို ယင်းသို့သတ်မှတ်ပေးလိုက်သော Rule of the Game များမှာလည်း အရေးကြီးသဖြင့် ခိုင်မာသော Institution၊ ခိုင်မာသော Rule of the Game များ ထွက်ပေါ်လာဖို့ အသက်တမျှ အရေးကြီး သည်။ အစိုးရများမည်သို့ ပြောင်းပြောင်း၊ မည်သည့်နိုင်ငံရေးပါတီ က အစိုးရဖွဲ့ဖွဲ့ Institution နှင့် Rule of the Game များ ခိုင်မာတည်တံ့ပြီး နိုင်ငံတကာ၊ ပြည်တွင်း အပြောင်းအလဲများနှင့်အညီ လိုက်လျာညီထွေ တုံ့ပြန်ဖြေရှင်းပေး နိုင်သော Capacity အရှည်တည်တံ့မှသာ နိုင်ငံတော်နှင့် နိုင်ငံသားတို့ ပန်းတိုင်ကို အစဉ်အမြဲရောက်ရှိနိုင်မည် ဖြစ်သည်။ သို့ ဖြစ်ရာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးတွင် All Inclusive Political Process တဖြည်ဖြည်းချင်း ပုံပေါ်လာပြီးသည့်နောက် လက်ရှိအနေအထားတွင် ဈေးကွက်စီးပွားရေး အသွင်ကူးပြောင်းရေးတွင် All Inclusive Economic Process တဖြည်းဖြည်းချင်း ပုံပေါ်လာစေရန်အတွက် Stakeholder အားလုံးက မျက်မှောက်ပြုကြရန်အရေးကြီးကြောင်း အလေးအနက်ထား မေတ္တာ ရပ်ခံ တင်ပြလိုက်ရပေသည်။

********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၃.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. အရန်ဆန် နွေစပါး ဝယ်ယူမှု မူဝါဒပြောင်း
  2. မြန်မာနိုင်ငံအတွင်း ဂျပန်စူဇူကီးကားကုမ္ပဏီ ပြန်လည်ရင်းနှီးမြှုပ်နှံရန် စဉ်းစား

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မွန်အမျိုသားဒီမိုကရေစီအဖွဲ့ ပြန်လည်မှတ်ပုံတင်မည်ဖြစ်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဖြင့် ပူးပေါင်းရန်ရှိ
  2. ရခိုင်လွတ်မြောက်ရေးတပ်ဦးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေးမည်
  3. ဇိုမီးအမျိုးသား ကွန်ကရက် ပါတီတည်ထောင်ရန် ဆောင်ရွက်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

အရန်ဆန် နွေစပါး ဝယ်ယူမှု မူဝါဒပြောင်း

နိုင်ငံတော်မှ နွေစပါး အရန်ဆန်ဝယ်ယူရာတွင် ယခင် မိုးစပါးအရန် ဝယ်ယူသကဲ့သို့ တောင်သူများထံမှ ဆန်တိုက်ရိုက်ဝယ်ယူမည် မပာုတ်ဘဲ မြို့နယ်အလိုက် စက်ပိုင်၊ ကုန်သည်များထံမှ စပါးတင်းတစ်ရာလျှင် အနိမ့်ဆုံးဈေး ကျပ်သုံးသိန်းနှစ်သောင်းဖြင့် ဝယ်ယူရန် မူဝါဒပြောင်းလဲ၍ သတ်မှတ် လိုက်ကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အခု နိုင်ငံတော်က နွေစပါး အရန်ဆန်ဝယ်ယူရာမှာ အရင်မိုးစပါး အရန်ဆန်ဝယ်ယူတဲ့ပုံစံမျိုးမပာုတ်ဘဲနဲ့ မူဝါဒပြောင်းပြီး သတ်မှတ်လိုက် တာပါ။ နွေစပါး အရန်ဆန်အတွက် စပါးတစ်တင်းကို ကျပ် ၃၂၀၀၀ နဲ့ ၄၆ ပေါင်နှုန်းထား ဝယ်ယူသွားမှာပါ။ နိုင်ငံတော် နွေစပါး အရန်ဆန်ဝယ်ယူမယ့် သူတွေအနေနဲ့လျှော့ပြီး ဝယ်လို့ မရပါဘူး”ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

နိုင်ငံတော်မှ အရန်ဆန်အဖြစ်ဝယ်ယူမည့် နွေစပါးမှာ ပျက်စီးဆုံးရှုံးမှုများပြားသည့်အတွက် ဆန်စပါးပျက်စီးမှုအပေါ် မူတည်၍ ဖြတ်တောက်မှု နှုန်းထားများကိုလည်း ကျင့်သုံးသွားမည်ဖြစ်ပြီး ယခင် မိုးစပါးဝယ်ယူစဉ်ကဲ့သို့  စပါးတင်းတစ်ရာလျှင် ကျပ် ၃၃၀၀၀၀ နှုန်းနှင့် မပာုတ်ဘဲ နွေစပါး အရန်ဆန်အတွက် ကျပ် ၃၂၀၀၀၀ နှုန်းဖြင့်သာ ဝယ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

“ဆန်စပါး အဓိကထွက်တဲ့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့ကနေ နွေစပါးအရန်ဆန်ကို ဝယ်ယူသွားမှာပါ။ မြို့နယ်အလိုက် အရန်ဆန် ရောင်းဝယ်မည့် စက်ပိုင်တွေ၊ ကုန်သည်တွေအနေနဲ့ ဝယ်ယူထားတဲ့ စပါးတွေကို ကြိတ်ခွဲပြီးတော့ ဆန်တစ်အိတ်ကို ကျပ် ၁၃,၀၀၀ နှုန်းနဲ့ ရန်ကုန်ကို အရောက်ပို့ပေးရမှာပါ”ပာု နိုင်ငံတော် အရန်ဆန် ဝယ်ယူရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့ပြင် နိုင်ငံတော် အရန်ဆန်ဝယ်ယူရေး ကြီးကြပ်ရေးကော်မတီအနေဖြင့် တောင်သူများထံမှ အမှန်တကယ် ဝယ်ယူမှုရှိ၊ မရှိကို စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်အရန်ဆန်ဝယ်ယူရေးအများပိုင် ကုမ္ပဏီဖွဲ့စည်းရန် ဗပိာုသမဝါယမမှ သဘောတူထားသော ရှယ်ယာငွေ ကျပ် ၁၀ ဘီလီယံအား ကုမ္ပဏီများမှ ထည့်ဝင်နိုင်ခြင်းမရှိသေးသည့်အတွက် အများပိုင် ကုမ္ပဏီ အရန်ဆန်စပါး ဝယ်ယူရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။

                နိုင်ငံတော်မှ နွေစပါး အရန်ဆန်ဝယ်ယူမှုကို မတ်လ ၁၅ ရက်နေ့မှ စတင်၍ ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံအတွင်း ဂျပန်စူဇူကီးကားကုမ္ပဏီ ပြန်လည်ရင်းနှီးမြှုပ်နှံရန် စဉ်းစား

ဂျပန်နိုင်ငံ အခြေစိုက် ကမ္ဘာကျော် စူဇူကီးကားကော်ပိုရေးရှင်းမှ မြန်မာနိုင်ငံအတွင်း မော်တော်ယာဉ် ထုတ်လုပ်မှုလုပ်ငန်းများကို ပြန်လည် ရင်းနှီးမြှုပ်နှံရန် စဉ်းစားလျက်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ အခြေစိုက် စူဇူကီးကားကော်ပိုရေးရှင်းသည် ၂၀၁၀ ပြည့်နှစ်ကုန်တွင် မြန်မာ-ဂျပန် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုစာချုပ် သက်တမ်းကုန်ဆုံးခဲ့သည့်အတွက် မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာခဲ့ရပြီး ယခု အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှု လုပ်ငန်းများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံရန် စဉ်းစားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း အစိုးရသစ်လက်ထက်မှ စတင်၍ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုး ဝင်ရောက်လာသည့်နည်းတူ ဂျပန်နိုင်ငံရှိ စူဇူကီး မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီကလည်း ပြန်လည် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဂျပန်နိုင်ငံရှိ ကားထုတ်လုပ်ရေး ကုမ္ပဏီများကလည်း မြန်မာနိုင်ငံအတွင်း မော်တော်ကားထုတ်လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံပိုင်ခွင့် အသိအမှတ်ပြုလိုင်စင်အား မြန်မာအစိုးရထံမှ ရရှိရန်နှင့် ပြည်တွင်းအခြေစိုက်ကုမ္ပဏီများနှင့် ပူးပေါင်း၍ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဂျပန်နိုင်ငံအခြေစိုက် စူဇူကီးကားကုမ္ပဏီမှ ၎င်းတို့နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်လိုသည့် စီးပွားဖက် ကုမ္ပဏီများကို လိုက်လံ ရှာဖွေလျက်ရှိကြောင်း သိရသည်။

စူဇူကီးကုမ္ပဏီမှ ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းခွင်သုံး မော်တော်ယာဉ်အချို့နှင့် ဆိုင်ကယ်များကို မြန်မာနိုင်ငံ၏ အများပိုင်ကုမ္ပဏီ တစ်ခု ဖြစ်သည့် FMIကုမ္ပဏီနှင့် ပူးပေါင်း၍ ပြည်တွင်းသို့ တင်သွင်းလျက်ရှိပြီး စူဇူကီးမော်တော်ယာဉ် ထုတ်လုပ်ရေး ကားကုမ္ပဏီ၏ အကျိုးတူဖက်စပ် လုပ်ငန်းအရ မြန်မာနိုင်ငံအတွင်းစီးနင်းနိုင်ရန် မော်တော်ဆိုင်ကယ် ၁၀၀၀၀ ခန့်နှင့် ကားအစီးရေ ၆၀၀၀ ခန့်ကို တပ်ဆင်ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မွန်အမျိုသားဒီမိုကရေစီအဖွဲ့ ပြန်လည်မှတ်ပုံတင်မည်ဖြစ်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဖြင့် ပူးပေါင်းရန်ရှိ

မတ်လ ၁၁ရက်နေ့တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF)မှ ပါတီဥက္ကဋ္ဌဖြစ်သည့် ဦးနိုင်ငွေသိမ်း၏ အသက် ၉၀နှစ်ပြည့်မွေးနေ့အား အကြိုဂုဏ်ပြုပွဲတစ်ခုကို မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ မွန်ဓမ္မာရုံတစ်ခု၌ ပြုလုပ်ကျင်းပခဲ့ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်၍ လာမည့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ၎င်းတို့ပါတီမှ မှတ်ပုံတင်ပြုလုပ်ခြင်းများ ဆောင်ရွက်မည်ဖြစ်သည်ဟု ဒုတိယဥက္ကဋ္ဌ(၂) ဦးနိုင်တင် အောင်မှ ထုတ်ဖော်ပြောကြားသည်။

“ကျွန်တော်တို့ MNDFပါတီ မှတ်ပုံတင်ပြီးသွားရင်တော့ ဒီလက်ရှိနာမည်နဲ့ပဲ ဆက်လုပ်ဖြစ်ရင် လုပ်ဖြစ်မယ်ပေါ့။ မလုပ်ဖြစ်ရင်တော့ အခြား နာမည် ပြောင်းချင်လည်း ပြောင်းဖြစ်မယ်။ သေတော့မသေချာသေးဘူး။ ပါတီပြန်လည် မှတ်ပုံတင်တာကလည်း ဒီကြားဖြတ်ရွေးကောက်ပွဲပြီးမှ တင်ဖြစ်မှာပါ။ နောက်ပြီး ကျွန်တော်တို့ပါတီနဲ့ လက်ရှိ မွန်ပြည်နယ်တွင်းမှာရှိတဲ့ ပါတီနဲ့လည်း ပူးပေါင်းသွားဖို့ရှိပါတယ်”ဟု မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

ထို့ပြင် ယခုလို ပါတီနှစ်ခုရှိနေရခြင်းမှာလည်း သဘောထားကွဲလွဲခြင်းကြောင့်မဟုတ်ဘဲ မွန်တိုင်းရင်းသားများအား ကိုယ်စားပြုသော ပါတီတစ်ခု ရှိသင့်သော ယုံကြည်ချက်ကြောင့် ၂၀၁၀ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတစ်ခုအား တည်ထောင် ခဲ့ခြင်း ဖြစ်သည်ဟုလည်း ယင်းအဖွဲ့ ထပ်မံပြောကြားသည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF)သည် ၁၉၈၈ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ငါးနေရာ အနိုင်ရသည့် ပါတီဟောင်းတစ်ခုဖြစ်ပြီး စစ်အစိုးရ၏ အသိအမှတ်ပြုခြင်းကို မခံရဘဲ ပါတီခေါင်ဆောင်များ ဖမ်းဆီးခံရသောကြောင့် ထိုပါတီအား ဖျက်သိမ်းခဲ့ရသည်။

ထို့နောက် ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ရက်နေ့တွင် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ခေါင်းဆောင်တစ်ချို့ ပြန်လည်လွတ်မြောက်လာသောကြောင့် ပါတီအား ပြန်လည်ထူထောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရရှိသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ရခိုင်လွတ်မြောက်ရေးတပ်ဦးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေးမည်

မကြာမီရက်ပိုင်းအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်တွင်းလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် ရခိုင်လွတ်မြောက် ရေးတပ်ဦးတို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“လက်ရှိအချိန်မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ဦးဆောင်ပြီးတော့ ပြည်တွင်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပဏာမ ငြိမ်းချမ်းရေးရရှိဖို့ ဆောင်ရွက်နေပါတယ်။ မကြာမီရက်ပိုင်းမှာလည်း ရခိုင်လွတ်မြောက်ရေး တပ်ဦးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ ကြားရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးကောင်းဖို့၊ စီးပွားရေးတိုးတက်ဖို့ဆိုတာ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ အဆင်ပြေမှ ဖြစ်နိုင်မှာပါ”ပာု ၎င်းက ဆက်လက် ဆိုသည်။

“မြန်မာနိုင်ငံမှာက တိုင်းရင်းသားစည်းလုံးညီညွှတ်မှုခိုင်မာမှ တိုင်းပြည် တိုးတက်နိုင်မှာပါ။ ဒီလိုမျိုး ပြည်တွင်းငြိမ်းချမ်းရေးအတွက် လုပ်ဆောင် နေတဲ့နေရာမှာ အစိုးရအနေနဲ့ လက်တွေ့ကျတဲ့ လုပ်ငန်းတွေနဲ့ judge and Equality ဖြစ်ဖို့ လိုပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ရရှိပြီဆိုရင် သူတို့တွေကို တန်း တူအခွင့်အရေးပေးပြီးတော့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုးဖို့အတွက်ကို လုပ်ဆောင်သင့်တယ်”ပာု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ပြည်တွင်းလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် KIA, KIO, KNU အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဇိုမီးအမျိုးသား ကွန်ကရက် ပါတီတည်ထောင်ရန် ဆောင်ရွက်

၁၉၉၃ ခုနှစ်၌ ဖျက်သိမ်းခံပါတီတစ်ခုဖြစ်သည့် ဇိုမီးအမျိုးသားကွန်ကရက်အား တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်နိုင်ရန် ပါတီ မှတ်ပုံတင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဇိုမီးအမျိုးသားကွန်ကရက်ပါတီ မှတ်ပုံတင်ခွင့်ရရှိဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အတွင်းရေးမှူး ပူဂျင်ကန်းလျန်နဲ့ လူကြီးတယောက် သွားပါတယ်။ ကော်မရှင်က ခွင့်ပြုမယ်၊ မပြုဘူးဆိုတာတော့ မသိသေးပါ ဘူး” ပာု ဇိုမီးအမျိုးသားကွန်ကရက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဇိုမီးအမျိုးသားကွန်ကရက်အား ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရခြင်းမှာ မြန်မာနိုင်ငံအစိုးရသစ်မှ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အပြင် ဥပဒေများ ပြင်ဆင်ခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရန်ပာူသည့် စကားရပ်အစား လေးစားလိုက်နာရန်ပာု ပြောင်းလဲပေးခြင်းနှင့် နိုင်ငံတော်သမ္မတကြီးမှ နိုင်ငံရေးအကျဉ်းသားပောာင်းများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း စသည့် ကိစ္စရပ်များကို လုပ်ဆောင်ပြသခဲ့သည့်အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။

“ဇိုမီးအမျိုးသား ကွန်ကရက်ပါတီရဲ့ ပါတီရုံးခွဲတွေကို ရန်ကုန်၊ မန္တလေး၊ ကလေး၊ တီးတိန်၊ ဖလမ်း၊ ပာားခါး၊ တမူး၊ တွန်းဇံနဲ့ တီခါးတို့မှာ ဖွင့်လှစ် ပြီး ပါတီကိစ္စရပ်တွေကို ဆောင်ရွက်သွားမှာပါ”ပာု ဇိုမီးအမျိုးသားကွန်ကရက်မှ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ နိုင်ငံတော်အစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့သည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ရန် ပြန်လည်ပါတီမှတ်ပုံတင်ခဲ့ပြီး ယခင် ဖျက်သိမ်းခံပါတီအချို့မှာလည်း တရားဝင်နိုင်ငံရေး ပါတီအဖြစ် ရပ်တည်နိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ကြောင်း သိရသည်။

YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“နောက်ဆုံးတစ်ခေါက် စီးပွားရေးပျက်အပြီးမှာ လူတွေက ဗဟိုဘဏ်တွေကို တစ်နေရာတည်းမှာ ထိန်းချုပ်ပြီး မလုပ်ခိုင်းတော့ဘဲ သူတို့လုပ်နိုင်တာတွေ အများကြီးချပေးတာ ပိုကောင်းတယ်လို့မြင်လာတယ်။ အမေရိကန်မှာတောင် ဗဟိုဘဏ်က Target နှစ်ခုရှိတယ်။ မြန်မာနိုင်ငံမှာက အမေရိကတို့လို အနေအထားမျိုးမဟုတ်တော့ ဧရိယာတစ်ခုချင်းစီ လိုက်ထားလို့ရတယ်။ ဥပမာ- အမျိုးသမီးတွေရဲ့ကဏ္ဍမှာ Target တွေကို သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး နောက် ငါးနှစ်အတွင်းမှာ အောင်မြင်ရမယ်။ နောက်ခြောက်နှစ်အတွင်းမှာ အောင်မြင်ရမယ် ဆိုတဲ့ Target ထားတာမျိုး၊ စိုက်ပျိုးရေး ကဏ္ဍမှာ ထားတာမျိုးလောက်တော့ ရတယ်။ အဲဒီ Target တွေလိုက်မယ်ဆိုရင် ကျွန်တော်တို့လိုချင်တဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ရမယ်”

မတ် ၁၄ ထုတ် The Express TIMES အတွဲ (၂) အမှတ် (၃) တွင်ပါသည့် “IMF,World Bank တို့လာပါက လက်ခံမှု မပြုသင့်သေးဟုဆို” သတင်းမှ ဖွံ့ဖြိုးဆဲ နိုင်ငံများအကြောင်းလေ့လာနေသူ RICK ROWDEN ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“၂၀၀၈ ခုနှစ်မှာ ဒီစက်မှုဇုန်စပြီ။ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် လျှပ်စစ်ဓာတ်အားလည်းရအောင်၊ နည်းလမ်းကို နည်းမျိုးစုံနဲ့ ရှာနေတယ်။ လတ်တလောမှာတော့ ဒီဇယ်အင်ဂျင်နဲ့ မောင်းနေတယ်။ တနင်္သာရီချောင်းဖျားမှာ ရေအား လျှပ် စစ် ရှိတယ်။ ဒါကို အီတာလျံ- ထိုင်းကပဲ လုပ်မယ်၊ အဲဒါ မစသေးဘူး။အဲဒါလုပ်ရင် အချိန်အများကြီး စောင့်ရဦးမယ်။ ဒီလျှပ်စစ်အတွက် ဘယ်လိုနည်းနဲ့မှ နည်းလမ်းရှာမရဘူးဆိုရင် ကျောက်မီးသွေးပဲ ပြန်စဉ်း စားရမယ်။ Clean Coal Power Plant Technology ကို သုံးရမယ်။ မာတာပွတ်မှာရှိတာက ရေကို ကျောက်မီးသွေးနဲ့ အပူးပေးပြီး တာဘိုင်ကို လည်တာ ပေါ့။ ကိုယ်တို့လုပ်မှာက မာတာပွတ်ကလိုမဟုတ်ဘူး။ နာဂိုရာမှာ လုပ်နေတာရှိတယ်။ ဒါကိုလုပ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို effect မဖြစ်ဘူး၊ ဒီအတိုင်းစာ ရင်တော့ နည်းနည်းလေးတော့ effect ဖြစ်မှာပေါ့။ သဘာဝ ပတ်ဝန်းကျင်နဲ့ ပြောရရင် Pollution ဆိုတာ နယ်နမိတ်မရှိဘူး။ ယိုးဒယားက လုပ်ရင်လည်း ကိုယ်တို့ခံရတာပဲ။ တရုတ်ကလုပ်လည်း ခံရမှာပဲ။ တို့ကမလုပ်ရင် သူတို့ပိုကြိုက်မှာပေါ့။ တို့ကမလုပ်လို့ စက်မှုလုပ်ငန်းတွေ မလုပ်နိုင်ရင် သူတို့ပိုလုပ်မှာပဲ။ ငါတို့လုပ် တာကျတော့  ဝိုင်းတားနေတယ်။ သူတို့လုပ်တာကြတော့ မပျက်ဘူးလား။ ဘာမှ မီးမလိုဘဲနေရမလား။ မဖြစ်နိုင်ဘူး”

မတ် ၁၄ ထုတ် The Express TIMES အတွဲ (၂) အမှတ် (၃) တွင်ပါသည့် “ထားဝယ်စီမံကိန်း အထောက်အကူပြုဥက္ကဋ္ဌ ဦးတင်မောင်ဆွေနှင့် တွေ့ဆုံခြင်း” မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“တချို့တွေကျတော့လဲ မဲစာရင်းစာရွက်မှာ ကိုယ့်နာမည်ပါတာတောင် မဲလာမပေးတာတွေ ရှိတယ်။ နိုင်ငံတကာမှာ ဒီလိုလ်ုလို့ မရဘူး။ မဲပေးကို ပေးရတယ်။ တချို့တွေကျတော့လဲ မဲပေးရတာတအားပျော်တယ်။ အပျော်တွေ လွန်ပြီး

အမှန်ခြစ်တာပုံစံက ပျက်သွားရော။ အဲဒါဆို ပယ်မဲဖြစ်သွားပြီ။ တချို့ကျတော့လဲ အမှန်ခြစ်ကို လွှတ်တော် ကိုယ်စားလှယ်လောင်း နာမည်ရေးထားတဲ့ အကွက်မှာ သွားခြစ်မိတယ်။ တချို့ကျတော့လဲ မျဉ်းကြောင်းတွေအပေါ်ကို အမှန်ခြစ်မိသွားတယ်။ အဲဒါဆိုရင် ပယ်မဲဖြစ်ပြီး၊ တချို့ကလဲ သက်တော်ရာ ကျော် ရှည်ပါစေတွေ ဘာတွေရေးလိုက်တယ်။ အဲဒါလည်း ပယ်မဲပဲ။ မဲပေးတဲ့သူက ကိုယ်ထည့်လိုက်တဲ့မဲကို ပယ်မဲမဖြစ်အောင် ကြိုတင်လေ့လာထားဖို့ လိုပါတယ်”

မတ် ၁၃ ထုတ် THE FLOWER NEWS အတွဲ (၈) အမှတ် (၁၁) တွင်ပါသည့် “ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူအားလုံး စနစ်တကျ မဲပေးနိုင်ရန် အတွက် ကြိုတင်လေ့လာမှုများ ပြုလုပ်ထားသင့်” သတင်းမှ ရွေးကောက်ပွဲမဲပေးခြင်းဆိုင်ရာ လေ့လာသုံးသပ်သူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs