Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၈.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ

*****************************************

ဆောင်းပါးကဏ္ဍ

ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ

ဦးမောင်မောင်ဝင်း(တရားလွှတ်တော်ရှေ့နေ)

(မတ် ၁၅ ထုတ် Popular News အတွဲ (၄) အမှတ် (၁၁) မှ ထုတ်ယူဖော်ပြသည်။)

ရွေးကောက်ပွဲများ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကို ရွေးကောက်ပွဲကော်မရှင် ဥပဒေ အခန်း (၁၃)မှာ ပြဋ္ဌာန်းထားပါတယ်။ ယင်းပြဋ္ဌာန်းချက်များဟာ ပြစ်မှုများ (Offences) ဖြစ်ကြပြီး ရဲအရေးပိုင်ခွင့်ရှိသော ပြစ်မှုများဖြစ်ကြပါတယ်။ ဒါကြောင့် မည်သူမဆို ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ ကျူးလွန်ပါက ပြစ်မှုကြောင်းအရ အရေးယူခံရမည်ဖြစ်ပြီး ထောင်ဒဏ်၊ ငွေဒဏ်များချမှတ် ခံရနိုင်ပါတယ်။ ဒါကြောင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးကြရာမှာ ရှောင်ကြဉ်ရမယ့် ပြုလုပ်မှုများ ဖြစ်ပါတယ်။ ဒီပုဒ်မများအရ မည်သူမဆို ကျူးလွန် ဖောက်ဖျက်ပါက အရေးယူခံရနိုင်ပါတယ်။ ယင်းရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကတော့ -

(၁) ပုဂ္ဂိုလ်တစ်ဦးရဲ့ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ကို ကျင့်သုံးခြင်းမပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာ သုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း၊ လာဘ်ယူခြင်း။

(၂) ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန် လည်းကောင်း၊ ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး၊ အလုပ်အကိုင်နေရာ ပြောင်းရွှေ့မှု သို့မဟုတ် အခြားအခွင့်အရေး တစ်ခုခုကို အသုံးပြုပြီး လာဘ်ပေး၊ လာဘ်ယူပြုခြင်း။

(၃) ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးကိုသော် လည်းကောင်း၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိ သူတစ်ဦးဦးကို သော်လည်းကောင်း ခြိမ်းခြောက်ခြင်း။

(၄) လူမျိုးရေး၊ ဘာသာရေးအကြောင်းပြ၍ မဲပေးရန်၊ မဲမပေးရန် ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ခြင်း၊ ယင်းသို့ပြုရန် အားပေး လှုံ့ဆော် ခြင်း။

(၅) ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်၊ ရွေးကောက်ပွဲပျက်ပြားစေရန် စည်းဝေးဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာများ အသုံးပြု ခြင်း သို့မဟုတ် အခြား နည်းတစ်နည်းနည်းဖြင့် အားထုတ်ခြင်း။

(၆) ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများက ထုတ်ပြန်ထားသော စာရင်း၊ အကြောင်းကြားစာ၊ အခြား စာရွက်စာတမ်းများကို တမင်ကြံရွယ်ချက်ဖြင့် ဖျက်ဆီးခြင်း၊ ဖတ်ရှုမရအောင် ပြုလုပ်ခြင်း။

(၇) မဲစာရင်း၊ မဲလက်မှတ်၊ ကြို တင်မဲလက်မှတ်ကိုလည်းကောင်း၊ ယင်းတို့ပေးပို့ရာ၌ သုံးသော စာအိတ်၊ အထုပ်များကို တမင်ကြံရွယ်၍ ဖျက်ဆီးခြင်း၊ ရေးသွင်းထားခြင်းများကို ဖတ်ရှုမရစေရန်ပြုလုပ်ခြင်း။

(၈) ဆန္ဒမဲလက်မှတ်၊ ကြိုတင်ဆန္ဒ မဲလက်မှတ်ကို မသမာသောနည်းဖြင့် အခြားသူတစ်ဦးအား ပေးခြင်း။

(၉) မဲဆန္ဒလက်မှတ်မှအပ အခြား ပစ္စည်းတစ်ခုခုကို မဲပုံးအတွင်းသို့ ထည့်ခြင်း။

(၁ဝ) အသုံးပြုဆဲမဲပုံးများကို အခွင့် အာဏာမရှိဘဲ ဖွင့်ခြင်း၊ ဆန္ဒမဲလက် မှတ်များကို ဖျက်ဆီးခြင်း။

(၁၁) လွှတ်တော်မဲဆန္ဒနယ် တစ်နယ်ထက်ပိုသော မဲဆန္ဒနယ်များ အတွက် မဲပေးခြင်း။

(၁၂) မဲပေးပိုင်ခွင့်ရှိသော လွှတ်တော် မဲဆန္ဒနယ်အတွက် တစ်ကြိမ်ထက်ပို ၍ ဆန္ဒမဲပေးခြင်း။

(၁၃) သူတစ်ပါးအယောင်ဆောင်၍ ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင် ဆန္ဒမဲလက်မှတ်ကို တောင်းဆိုခြင်း သို့မဟုတ် ဆန္ဒမဲပေးခြင်း။

(၁၄) ရွေးကောက်ပွဲကျင်းပနေစဉ် မဲရုံအတွင်းသို့ ဝင်ခွင့်မရှိဘဲ ဝင်ရောက်ခြင်း။

(၁၅) အတုပြုလုပ်ထားသော ဆန္ဒမဲကို မဲပုံးအတွင်းသို့ ထည့်ခြင်း။

(၁၆) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးကို ဆန္ဒမဲပေးခြင်း မပြုနိုင်စေရန် နှောင့်ယှက်ခြင်း၊ ယင်းပြုလုပ်မှုကို အားပေးကူညီ ခြင်း။

(၁၇) ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံအတွင်း၌ဖြစ်စေ၊ မဲရုံမှ ကိုက် ၅ဝဝ အကွာအတွင်း၌ဖြစ်စေ၊ အောက်ပါပြုလုပ် မှု တစ်ရပ်ရပ်ကို ကျူးလွန်ခြင်း။

(က) မဲဆွယ်ခြင်း။

(ခ) လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးဦးကို မဲဆန္ဒပေးရန် တောင်းဆိုခြင်း၊ တိုက်တွန်းခြင်။

(ဂ) ဆန္ဒမဲပေးရန်သော်လည်းကောင်း၊ မပေးဘဲနေရန်သော်လည်းကောင်း တိုက်တွန်းသွေးဆောင်ခြင်း။ (ဤကိစ္စ၌ အခြားနေရာများ၌ ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ကြော်ငြာ၊ စာရွက်စာတမ်းစသည်တို့ကပ် ထားခြင်း၊ ချိတ်ဆွဲထားခြင်းတို့ မပါဝင်ပါ)

(၁၈) ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ဆန္ဒမဲပေးရန် လာရောက်သူများ စိတ်ငြိုငြင်စေရန် သို့မဟုတ် မဲရုံတွင် တာဝန်ကျသော မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ဝတ္တရားဆောင်ရွက်ခြင်းကို အနှောင့်အယှက်ဖြစ်စေရန် မဲရုံအတွင်း၌ဖြစ်စေ၊ မဲရုံမှ ကိုက် ၅ဝဝ အတွင်း၌ဖြစ်စေ၊ အသံချဲ့စက် အစရှိသော အသံကျယ် အောင် ပြုလုပ်သည့် ကိရိယာတန်ဆာပလာ သုံးစွဲခြင်း၊ အော်ဟစ်ခြင်းအစရှိသော စည်းကမ်းမဲ့ အပြုအမူကို ပြုလုပ်ခြင်း။

(၁၉) မဲဆန္ဒပေးရန် သတ်မှတ်ထား သော အချိန်အတွင်း မဲရုံ၌ မဖွယ်မ ရာသော အမှုပြုခြင်း သို့မဟုတ် မဲ ရုံမှူးက မိမိ တာဝန်ဝတ္တရားအရ ပေးသည့်အမိန့်ကို မနာခံခြင်း၊ မဲရုံမှူး သို့မဟုတ် မဲရုံမှူး၏ အခွင့်အာဏာအရ မဲရုံအဖွဲ့ဝင်တစ်ဦး၏ အမိန့်အရ တာဝန်ကျရဲတပ်ဖွဲ့ဝင် သို့မဟုတ် အခြားလုံခြုံရေး တာဝန်ရှိသူက မဲရုံမှ ဖယ်ရှားခံရပြီးနောက် မဲရုံမှူး၏ ခွင့်ပြုချက် မရှိဘဲ မဲရုံသို့ ပြန် လည်ဝင်ရောက်လာခြင်း။

(၂ဝ) ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ နှင့် စပ်လျဉ်း၍ လိမ်လည်စွပ်စွဲတိုင် တန်းခြင်း။

                ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် မဲဆန္ဒ ပေးပိုင်ခွင့်ရှိသူ၊ လွှတ်တော် ကိုယ်စားလှယ်လောင်း၊ ရွေးကောက်ပွဲကိုယ်စားလှယ်၊ တာဝန်ယူဆောင်ရွက်နေသော ကော်မရှင်အဖွဲ့ခွဲ၊ မဲရုံတစ်ခုခုတွင် ပါဝင်သော အဖွဲ့ဝင်တို့သည် အထောက်အထား ခိုင်လုံစွာ ဖြင့် ရွေးကောက်ပွဲမကျင်းပမီသော်လည်း ကောင်း၊ ကျင်းပနေစဉ် သော်လည်းကောင်း၊ ရွေးကောက်ပွဲ ကျင်းပသောနေ့မှ (၁၅)ရက်အတွင်းသော်လည်း ကောင်း၊ ဥပဒေနှင့်အညီ တိုင်တန်းနိုင်ပါသည်။ ယင်းပြစ်မှုများကို ရွေးကောက်ပွဲကျင်းပနေသော နေ့မှ (၁၅)ရက်အတွင်းသာ တိုင်ကြားရမည်ဟု ကာလ စည်းကမ်း သတ်မှတ်ချက်ကိုလည်း သတိပြုဖို့ လိုပါသည်။

ထို့ပြင်  ရွေးကောက်ပွဲဥပဒေ အခန်း(၁၄)၌ တရားမဲ့ပြုကျင့်မှုများ (Malpractices) ပြဋ္ဌာန်းထားပါသည်။ ယင်း တရားမဲ့ပြုကျင့်မှုများသည် ပြစ်မှုများ (Offences) မဟုတ်ပါ။ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများသည် မည်သူမဆို ပြစ်မှုကျူးလွန်ပါက ရဲအရေးပိုင်သောအမှုအဖြစ် အရေးယူမှာ ဖြစ်ပါတယ်။ တရားမဲ့ပြုကျင့်မှုများကိုတော့ ရဲစခန်းကသော်လည်းကောင်း၊ တရားရုံး များကသော်လည်းကောင်း တရားမဲ့ပြုကျင့်မှုများ ရွေးကောက်ပွဲဥပဒေ အခန်း(၁၄)ရဲ့ ကျူးလွန်ကြောင်းကို ဆုံးဖြတ်နိုင်မည်မဟုတ်ပါ။ ရွေးကောက်ပွဲကော်မရှင်သို့ ရွေးကောက်ပွဲကန့်ကွက်လွှာအဖြစ် တင်သွင်းရပါမယ်။ ရွေးကောက်ပွဲ ကော်မရှင်က ခုံရုံးဖွဲ့ပြီး ဆုံးဖြတ်ပါတယ်။ (ရွေးကောက်ပွဲကန့်ကွက်လွှာ ပြင်ဆင်မှု အမှတ် ၉၊ ဦးကျော်ထွန်းအောင်နှင့် ဦးဦးစောလှ)

အချုပ်အားဖြင့်တော့ အထက်ပါ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများကို မည်သူမဆို ကျူးလွန်ပါက ရဲ အရေးပိုင်သော အမှုအဖြစ် သတ်မှတ်အရေးယူမှု များဟာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဥပဒေပြဋ္ဌာန်းချက်များဖြစ်လို့ သတိချပ်သင့်ကြောင်း တင်ပြ အပ်ပါတယ်။

**********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၈.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ပောာင်းနွမ်းဒေါ်လာများကိုငွေလဲကောင်တာမှ လက်မခံသည့်အတွက် မှောင်ခိုအဖြစ် ရောက်ရှိ
  2. ဝန်ထမ်းလစာအပိုကြေးတိုးမြှင့်သကဲ့သို့ ကုန်ဈေးနှုန်းမတက်နိုင်စေရန် ဆောင်ရွက်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပြည်သူမကြိုက်တာလုပ်လျှင် နောက်ရွေးကောက်ပွဲမှာ ရှုံးလိမ့်မည်ဟု လားရှိုးခရီးစဉ်တွင် ဒီချုပ်ဥက္ကဋ္ဌ ပြောကြား
  1. ပြည်ခိုင်ဖြိုးအားမဲပေးရန် မန်ပန်ပြည်သူ့စစ် လက်နက်အားကိုး ခြိမ်းခြောက်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ပောာင်းနွမ်းဒေါ်လာများကိုငွေလဲကောင်တာမှ လက်မခံသည့်အတွက် မှောင်ခိုအဖြစ် ရောက်ရှိ

မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားများ၏ ပောာင်းနွမ်းဒေါ်လာများကို နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိက ဘဏ်များနှင့် နိုင်ငံခြားငွေတရားဝင်ရောင်းဝယ်သည့် ငွေလဲကောင်တာ(Money Changes) များမှ လက်မခံသည့်အတွက် တရားမဝင် မှောင်ခိုဈေးကွက် အတွင်း ရောက်ရှိသွားကြောင်း သိရသည်။

“နိုင်ငံခြားသားတွေရဲ့ ပောာင်းနွမ်းတစ်ပတ်ရစ်ဒေါ်လာတွေကို တရားဝင်နိုင်ငံခြားငွေ လဲလှယ်နိုင်တဲ့ ဘဏ်တွေ၊ ငွေလဲကောင်တာတွေက လက် မခံလို့ နိုင်ငံခြားသားတွေကအပြင်က တရားမဝင်မှောင်ခိုဈေးကွက်မှာ ဒေါ်လာသွားလဲရတယ်။ ဒီလိုဒေါ်လာတွေက တရားမဝင်ဈေးကွက်ကို ရောက်သွား တော့ ကျွန်တော်နိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေ အများကြီး ထိခိုက်တာပေါ့ဗျာ” ပာု ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုသို့ နိုင်ငံခြားသားများ၏ ပောာင်းနွမ်းတစ်ပတ်ရစ် ဒေါ်လာများ တရားဝင်လဲလှယ်ခွင့် မရသည့်အတွက် နိုင်ငံခြားသားများအနေဖြင့် နိုင်ငံခြားငွေလဲလှယ်ရာတွင် အဓိကအခက်အခဲ ဖြစ်ပေါ်လျက်ရှိပြီး ထိုသို့ ဆက်လက်ဖြစ်ပေါ် နေပါက ပြည်တွင်းရှိခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကိုပါ ထိခိုက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

                “ပြည်တွင်းက တရားဝင်ငွေလဲလို့ရတဲ့ ကောင်တာတွေကမလဲပေးတော့ တရားမဝင်မှာပဲ သွားလဲရတာပေါ့။ ဒီလိုဖြစ်နေမယ်ဆိုရင် နောက်ဆိုရင် နိုင်ငံခြားသားတွေ လာတာတွေ အလာကျဲသွားနိုင်တယ်။ ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးသင့်တယ်”ပာု ၎င်းက ဆက်လက်ဆိုသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဝန်ထမ်းလစာအပိုကြေးတိုးမြှင့်သကဲ့သို့ ကုန်ဈေးနှုန်းမတက်နိုင်စေရန် ဆောင်ရွက်မည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ အမိန့်အမှတ် (၁၀၀/၂၀၁၂)ဖြင့် နိုင်ငံဝန်ထမ်းများ၏ လစာတွင် အပိုထောက်ပံ့ကြးသုံးသောင်း တိုးမြှင့်သကဲ့သို့ ပြည်တွင်းရှိကုန်ဈေးနှုန်းများ တက်ခြင်းမရှိနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“အစိုးရသစ်ကခုဆို နိုင်ငံ့ဝန်ထမ်းတွေရဲ့လစာမှာ အပိုထောက်ပံ့ကြေးအဖြစ် ကျပ်သုံးသောင်း တိုးမြှင့်ပေး လိုက်ပါတယ်။ ခုလိုတိုးမြှင့်ပေးသလိုမျိုး ကုန်ဈေးနှုန်းတက်လာရင် ဝန်ထမ်းလစာ အပိုထောက်ပံ့ကြေးပေးတာ အလကားဖြစ်သွားမှာပေါ့။ ဒီလိုမဖြစ်နိုင်အောင်လို့ ကြပ်မတ် ဆောင်ရွက်သွား မှာပါ” ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

နိုင်ငံတော်မှ နိုင်ငံဝန်ထမ်းများ၏ လစာတွင်အပိုထောက်ပံ့ကြေး တိုးမြှင့်ပေးမှုအပေါ်တွင် ဝင်ရောက် အမြတ်ထုတ်ရန် ကြံစည်လျက်ရှိသည့် မသမာသူစီးပွားရေးသမားများအား စည်ပင်သာယာဈေးနှင့် ကုန်ဈေးနှုန်းဈေးကွက်များမှ နေ့စဉ်စောင့်ကြည့်ကြပ်မတ်၍ အကြောင်းမဲ့ ကုန်ဈေးနှုန်း မြှင့်တင် ခြင်း မလုပ်နိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းကုန်ဈေးနှုန်း ကြီးမြင့်လာနိုင်စေရန် လုပ်ဆောင်နေသူများကိုလည်း ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်သူမကြိုက်တာလုပ်လျှင် နောက်ရွေးကောက်ပွဲမှာ ရှုံးလိမ့်မည်ဟု လားရှိုးခရီးစဉ်တွင် ဒီချုပ်ဥက္ကဋ္ဌ ပြောကြား

ပါတီစည်းရုံးရေးအတွက် မိန့်ခွန်းပြောကြားရန် NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၇ရက်နေ့ မနက်တွင် ရန်ကုန်းလေဆိပ်မှ ထွက်ခွာသွားခဲ့ပြီး လားရှိုးမြို့သို့ နေ့လည် ၁၂နာရီကျော်တွင် ရောက်ရှိခဲ့ပြီး လားရှိုးမြို့နယ်ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတီဘုရားဝင်းရှိ ကွင်းတွင် နေ့လည် ၃နာရီခန့်တွင် မိန့်ခွန်း စတင်ဟောပြောခဲ့သည်ဟု သတင်းရရှိသည်။

“ဒေါ်စုက မနက် ၈နာရီကျော်လောက်မှာ ရန်ကုန်လေဆိပ်ကနေ ထွက်လာတာဖြစ်ပါတယ်။ လားရှိုးကို ၁၂နာရီ လောက်ရောက်တယ်။ ပြီးတော့ လားရှိုးတက္ကသိုလ်အနားမှာရှိတဲ့ ၉၀ရွေးကောက်ပွဲတုန်းက ဝင်ပြိုင်ခဲ့တဲ့ လွှတ်တော် ကိုယ် စားလှယ်ဟောင်း ဦးသန်းဌေး၏ နေအိမ်၌ ခဏနားပါတယ်။”ဟု NLDပါတီအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

                NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ခေတ္တဝင်ရောက်နားခိုခဲ့သည့် ၉၀ရွေးကောက်ပွဲမှ လွှတ်တော်ကိုယ်စားလှယ် အမတ်ဟောင်း တစ်ဦး၏ နေအိမ်မှ ပြန်လည်ထွက်ခွာ၍ ၎င်းမိန့်ခွန်းပြောမည့် ရန်တိုင်းအောင်စေတီဝင်းအတွင်းရှိ ကွင်းပြင်တွင်ပြုလုပ်ထားသော စင်မြင့်သို့ သွားရောက်ခဲ့ပြီး နာရီဝက်ကျော်ကြာ မိန့်ခွန်းပြောခဲ့သည်ဟု သတင်းရရှိသည်။

“မိန့်ခွန်းစပြောတော့ ရန်တိုင်းအောင် ဆုတောင်းပြည့်မြို့ဦးစေတီမှာရှိတဲ့ကွင်းက စင်မြင့်မှာ ၂နာရီနဲ့ မိနစ်၅၀ ကျော် လောက်မှာ စပြောတာ ဖြစ်ပါတယ်။ ပြီးတော့ ဦးသန်းဌေးရဲ့ အိမ်နားတစ်ဝိုက်မှာဆို လာပြီးကြိုဆိုတဲ့လူတွေက နည်းတာမဟုတ်ဘူး။ လမ်းအပြည့်ဘဲ။ ဒေါ်စုထွက်လာတဲ့ လမ်း တလျှောက်မှာလည်း လာရှိုးမြို့ကလူတွေကလည်း စည်စည်ကားကား ကြိုဆိုကြတယ်ဗျ။ အဲလိုကြိုဆိုတဲ့အထဲမှာ ရှမ်းအကတွေလည်း ပါတယ်။ ကွင်းကို လည်း ရောက်ရော အောက်က လူထုက ထောက်ခံတဲ့အသံတွေနဲ့ ပြည့်သွားတယ်”ဟု ယင်းမြို့မှ ဒေသခံတစ်ဦးမှ ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားရာ၌ ယခင်က လာရောက်လည်ပတ်စဉ်တုန်းက ပြည်သူများမှာ ကြောက်နေကြသော်လည်း ယခုတွင် အားလုံးမှာ ရဲရဲဝင့်ဝင့် ရှိလာပြီဖြစ်ကြောင်း၊ အပြောင်းအလဲလိုချင်ပါက မဲရုံသို့သွား၍ မဲထည့်ကြရန်လိုကြောင်း၊၊ တရုတ်နှင့် မြန်မာတို့သည် အိမ်နီးချင်းနိုင်ငံ များဖြစ်သည့်အားလျော်စွာ စီးပွားရေးဆန်ဆန် ဆက်ဆံခြင်းမျိုးမဟုတ်ဘဲ နှစ်ဦးနှစ်ဖက် နားလည်မှုရှိသည့် ဆက်ဆံရေးမျိုးသာ လိုချင်ကြောင်းနှင့် နိုင်ငံရေး သည် လူတိုင်းနှင့် သက်ဆိုင်နေခြင်းကြောင့် တပ်မတော်သားများကပါ NLDပါတီ သို့ မဲပေးကြပါရန် စသည်ဖြင့် ပြောဆိုသွားခဲ့ပြီး နေ့လည် ၃နာရီခွဲ ကျော်တွင် ပြီးဆုံးသွားခဲ့သည်ဟု သတင်း ရရှိသည်။

ယင်းနောက် NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လားရှိုး မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင် မည့် ဦးစိုင်းမြင့်မောင်နှင့် ဦးသန်းဌေးတို့အား ပြည်သူများနှင့် မိတ်ဆက်ပေးသည်ဟုလည်း သိရပြီး ၎င်း၏မဲဆွယ်စည်းရုံးရေးခရီးစဉ်သို့ ရှမ်းတိုင်းရင်းသား များ၊ “ဝ”တိုင်းရင်းသားများနှင့် လားရှိုးမြို့နယ်ရှိ နည်းပညာတက္ကသိုလ်မှ ကျောင်းသူ/သားများနှင့် အခြားမြို့နယ်များဖြစ်သည့် ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ နမ္မတူ၊ သိန်းနီ၊ မိုင်းရယ်၊ တန့်ယန်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့မှ လူများပါ လာရောက်ကြိုဆိုခဲ့ကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ထိုလားရှိုး၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ ကွမ်းလုံမဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသူများမှာ NLDပါတီမှ ဦးစိုင်းမြင့်မောင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဒေါက်တာနန့်ကိန်ဖောင်းတစ်နှင့် ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ ဦးစိုင်းစံမင်းတို့ဖြစ်ကြောင်း သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ပြည်ခိုင်ဖြိုးအားမဲပေးရန် မန်ပန်ပြည်သူ့စစ် လက်နက်အားကိုး ခြိမ်းခြောက်

မကြာမီရက်ပိုင်းအတွင်း ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအား ထောက်ခံမဲပေးရန် ရှမ်းပြည်နယ် တောင်ပိုင်း၊ လားရှိုးမြို့ပတ်ဝန်းကျင် အခြေစိုက် မန်ပန်ပြည်သူ့စစ်က လက်နက်အားကိုးဖြင့် ခြိမ်းခြောက်နေကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရ သည်။

“သူတို့တွေက ကြံ့ခိုင်ရေးကိုသာ မဲပေးဖို့ ပြောတယ်။ ကြိုတင်မဲဖြစ်ဖြစ်၊ ထောက်ခံမဲပေးဖို့ လိုတယ်လို့ ပြောတယ်။ ထောက်ခံမဲ မပေးရင်တော့ ဆိုပြီး ကျွန်တော်တို့ကို သေနတ်ပြတယ်”ဟု လားရှိုးမြို့စွန်တွင် နေထိုင်သူတစ်ဦးက ရန်ကုန် ခရော်နီကယ်သို့ ဆက်သွယ်ပြောကြားသည်။

ယခင်ကလည်း မန်ပန်ပြည်သူ့စစ်အနေဖြင့် ယင်းဒေသအတွင်းရှိ ပြည်သူများအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်သည့် ဖြစ်ရပ်များ ရှိခဲ့ဖူး ကြောင်း ယင်းသတင်းရင်းမြစ်က ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့မှာ မန်ပန်ပြည်သူ့စစ်ရဲ့ခေါင်းဆောင်နာမည်ကိုတောင် ကျယ်ကျယ်မပြောဝံ့တဲ့ ဘဝပါဗျာ”ဟု လားရှိုး မြို့နယ်မှ ဒေသခံတစ်ဦးက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် အမှတ်(၃) အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာ နန်းကိန်းဖောင်းတစ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲချုပ်တို့မှ ဝင်ရောက်ယှဉ်ပြိုင်မည်  ဖြစ်သည်။

မန်ပန်ပြည်သူ့စစ်အဖွဲ့သည် ဘိန်းဘုရင်ခွန်ဆာ၏ MTA အဖွဲ့အားအသွင်ပြောင်းထားသည့် လက်နက်ကိုင် အင်အားစုဖြစ်ကာ တပ်ဖွဲ့ဝင်ဦးရေ ၂၀၀၀ ကျော်ရှိပြီး၊ စိုက်ပျိုးရေးလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်နေကြောင်း သတင်း ထုတ်ပြန်ထားသော်လည်း ဘိန်းစိုက်ပျိုး ရောင်းဝယ် ဖောက်ကားရေး လုပ်ငန်းများနှင့် ဆက်စပ်မှုများရှိကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

   KP

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

 “နိုင်ငံ့ဝန်ထမ်းတွေဟာ ပါတီနိုင်ငံရေးနဲ့ မကင်းရှင်းရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်ပါမယ်။ နောက်ပြီး ပြည်ထောင်စု ဝန်ကြီးတွေအနေနဲ့ ပါတီအဖွဲ့အစည်းရဲ့ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရလို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့အတွက် ပါတီနိုင်ငံရေးတွေမှာ ပါဝင် ဆောင်ရွက်နေမယ်ဆိုရင် သူရဲ့လုပ်ရပ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ရာရောက်ပါလိမ့်မယ်။ အဲဒီလိုဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါအတိုင်း စွပ်စွဲပြစ်တင် ခံရမှာဖြစ်ပြီး စွပ်စွဲပြစ်တင်ချက်ဟာ မှန်ကန်တယ်ဆိုရင် တာဝန်မှရပ်စဲခံရမှာ ဖြစ်ပါတယ်”

မတ် ၁၆ ထုတ် Biweekly ELEVEN အတွဲ (၄) အမှတ် (၅၀) တွင်ပါသည့် “ပြည်ထောင်စုဝန်ကြီးအပါအဝင် နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး မကင်းရှင်းပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်မည်ဖြစ်ကြောင်း သိရ” သတင်းမှ ဥပဒေပညာ ရှင်တစ်ဦး၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့ကတော့ ကျွန်တော်တို့ အဖွဲ့ဝင်တွေကို ညွှန်ကြားတယ်။ မဲစာရင်းမှာ မှားနေတာ၊ ကျန်နေတာ၊ ကလေးတွေ ပါတာ၊ ကွယ်လွန်တဲ့သူတွေ ပါတာ၊ ဒါတွေကို မဲစာရင်းနံပါတ်နဲ့ အတိအကျအသေအချာစာနဲ့ ရေးပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကိုတင်ပါလို့၊ အမြန်ဆုံးကိုတင်ပါလို့ ပြောထားတယ်။ ကော်မရှင်က ရွေးကောက်ပွဲနေ့ မတိုင်ခင်အချိန်အထိ ပြင်နိုင်တယ်လို့ ပြောတယ်။ သူတို့ပြင်ပါလိမ့်မယ်။ လူနာမည်အများကြီးနဲ့ မှတ်ပုံတင်တစ်ခုတည်း ဒါမျိုးတွေကို ကျွန်တော်တို့မှာ ရှိတယ်။ မဲလာမပေးရင် ကိစ္စမရှိဘူး။ မဲလာပေးရင် ကန့်ကွက်မယ်။ မဲရုံကလည်း ကန့်ကွတ်လို့ရတယ်”

မတ် ၁၆ ထုတ် Biweekly ELEVEN အတွဲ (၄) အမှတ် (၅၀) တွင်ပါသည့် “ရန်ကုန်မြို့ မရမ်းကုန်းမြို့ နယ်မဲဆန္ဒ နယ်၌ မဲပေးပိုင်ခွင့်စာရင်းတွင် မှတ်ပုံတင်တစ်ခုတည်းနှင့် လူဦးရေတစ်ထောင်ကျော်ပါဝင်နေဟု သိရ” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

”နိုင်ငံတကာက မြန်မာ့နိုင်ငံရေးနဲ့ နိုင်ငံ့အဓိကနိုင်ငံရေး ခေါင်းဆောင်တွေကို စောင့်ကြည့်လေ့လာနေကြတာကို ကျွန်တော် တို့အားလုံး အသိပါ။ အခုလွှတ်တော် ဆွေးနွေးပွဲမှာ တိုက်ရိုက် နားထောင်ခွင့်ရတဲ့ အတွက်ကြောင့်လည်း နိုင်ငံတကာရဲ့ ဆက်ဆံမှု ပြောင်းလဲလာပါလိမ့်မယ်။ အဓိကအားဖြင့် ပြည်တွင်း လေ့လာစောင့်ကြည့်သူတွေ သိတဲ့အတိုင်း စီးပွားရေးနဲ့ သက်ဆိုင်တဲ့ အခွင့်အလမ်းတွေ ပွင့်လင်းလာလိမ့် မယ်လို့ ယူဆပါတယ်။ နိုင်ငံရဲ့ အဓိကအရေးတွေထဲမှာ နိုင်ငံ တကာနဲ့ဆက်နွှယ်တဲ့ စီးပွားရေးဟာလည်း ထိပ်ဆုံးမှာ ရပ်တည်နေတော့ အခုကိစ္စကြောင့် နိုင်ငံတကာနဲ့ မြန်မာရဲ့ ဆက်နွှယ်နေမယ့် စီးပွားရေးဂယက် အကောင်းဘက် လှုပ်ရှားသွားမှာတော့ အသေအချာပဲလေ”

မတ် ၁၅ ထုတ် Popular News အတွဲ (၄) အမှတ် (၁၁) တွင်ပါသည့် “ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော် လေ့လာရေး ခရီးစဉ် မကြာမီ သတင်းစာရှင်းမည်” သတင်းမှ ကုန်သည်/စက်မှု အသင်းမှ အကြီးတန်းအရာ ရှိတစ်ဦး၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs