Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၈.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. အာရှ၏ခွင်သစ်မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲရှိနေသောကြောင့် ရင်းနှီးမြှုပ်နှံသူများ တုန့်ဆိုင်း

(Bloomberg News မှ 27 Mar 2012 ရက်စွဲပါ "Investors hesitate as frontier market Myanmar faces elections" သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းများ

အာရှ၏ခွင်သစ်မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲရှိနေသောကြောင့် ရင်းနှီးမြှုပ်နှံသူများ တုန့်ဆိုင်း

(Bloomberg News မှ 27 Mar 2012 ရက်စွဲပါ "Investors hesitate as frontier market Myanmar faces elections" သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

နှစ်ပေါင်း ၆၀ အထီးကျန်၊ အပယ်ခံခဲ့ရပြီးနောက် ပိာုတယ်ခန်းရရှိနိုင်မှု အကန့်အသတ်ရှိနေသော မြန်မာနိုင်ငံသို့ ဒရောသောပါး ဝင်ရောက်လာ သော ရင်းနှီးမြှုပ်နှံသူများ၏ ငွေရင်းငွေနှီး သုံးစွဲမှုနည်းပါးခြင်းကြောင့် အာရှစီးပွားရေးနိုင်ငံသစ်အဖြစ် မြန်မာနိုင်ငံ၏ ထွက်ပြူလာမှုသည် လက်တွေ့ထက် မှန်းခြေကသာပိုများနေပေသည်။

အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ Collires International Thailand မှ ဒါရိုက်တာ တိုနီဖီကွန်က "နေ့တိုင်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာကြတဲ့ စီးပွားရေးကိုယ်စားလှယ်အဖွဲ့တွေပာာ စားပွဲပေါ်ကိုတော့ ပိုက်ဆံမထားခဲ့ကြပါဘူး။ မြန်မာနိုင်ငံကိုလာကြတဲ့ စီးပွားရေးအသိုင်းအဝိုင်းအနေနနဲ့ ရိုးသား ဖြောင့်မတ်ဖို့ လိုပါတယ်။ ကျွန်တော်တို့လာကြည့်တာပါ။ ဝယ်ဖို့မပာုတ်ပါဘူးလို့ ပြောဖို့လိုပါတယ်။ ဒေသခံမြန်မာတွေ အထင်မှားအောင် မျှော်လင့်ချက် မပေးသင့်ပါဘူး"ပာု မှတ်ချက်ပေးသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မည့် နောက်သီတင်းပတ် ကြားဖြတ်ရွေးကောက်ပွဲကို အကဲခတ်ရန် စောင့် နေကြသော အနောက်နိုင်ငံအစိုးရများ ချမှတ်ထားကြသည့် အရေးယူပိတ်ဆို့မှု Sanctions များသည် ရင်းနှီးမြှုပ်နှံသူများအတွက် ပထမဆုံး အတားအဆီး ဖြစ်ပြီး ငွေရင်းစီးဝင်မှုဆိုင်ရာ တားမြစ်ချက်များ၊ လည်ပတ်နေသော စတော့အိတ်ချိန်း မရှိခြင်း၊ မစမ်းသပ်ရသေးသော ဥပဒေနယ်ပယ်နှင့် နိမ့်ကျလွန်းသော အခြေခံအဆောက်အဦးကဏ္ဍတို့သည်လည်း ယခင်အာဏာရှင်နိုင်ငံသို့ ရင်းနှီးမြှုပ်နှံခြင်းကို နောက်ပြန်ဆွဲထားသော အကြောင်းရင်းများ ဖြစ်ကြ သည်။

"အကြီးဆုံး မြို့တော်ပောာင်း ရန်ကုန်သို့ စီးပွားရေး ကော်ပရေးရှင်းအမှုဆောင်များနှင့် ခရီးသွားတိုးရစ်များ တသီတတန်း ဝင်ရောက်လာခြင်း ကြောင့် ပြီးခဲ့သော လပိုင်းများအတွင်း ပိာုတယ်ခန်းဈေးနှုန်းများ တစ်ညလျှင် ဒေါ်လာ ၄၀၀ အထိ ခုန်တက်သွားခဲ့သည်။ ကုမ္ပဏီအများစုသည် နှစ်ရှည် စာ ချုပ်ချုပ်ရန် တွန့်ဆုတ်နေခြင်းဖြင့် နိုင်ငံခြားသားများကို ဒေသခံပွဲစားများ မဆက်ဆံချင်အောင် ပြုလုပ်နေကြသည်"ပာု ပီကွန်က ဆိုပါသည်။

"လက်ပေါက်ကပ်တဲ့ ဈေးကွက်"

၁၉၉၃ ခုနှစ်က မြန်မာနိုင်ငံ၌ British American Tobacco Plc (ဗြိတိသျှ အမေရိကန်ဆေးရွက်ကြီး ကုမ္ပဏီ)၏ လုပ်ငန်းထူထောင် ဖွဲ့စည်းမှုကို ကူညီစီစဉ်ပေးခဲ့သော စီးပွားရေးအကြံပေး ကုမ္ပဏီ West Intochina Ltd ထူထောင်သူ Luc de Waegh က "လောလောဆယ်မှာတော့ ဘယ်နေရာမှာမှ ပိုက်ဆံထုတ်ပြီး ရင်းမယ့်လူမရှိပါဘူး။ ဒီဈေးကွက်က လက်ပေါက်ကတ်တယ်။ ဈေးကွက်ကျဉ်းတယ်။ ဒီဈေးကွက်မှာ သုံးနိုင် ဖြုန်းနိုင်တဲ့ ဝင်ငွေမရှိတဲ့ လူတွေပဲ ရှိတယ်။ အနာဂါတ်ကတော့ သိပ်ကိုတောက်ပနေပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ ပိုက်ဆံများများ မရှိကြဘူး"ပာု သုံးသပ်ပြောဆိုသည်။

၁၉၉၉ ခုနှစ် ကမ္ဘာ့ကုန်ဈေးနှုန်းတက်မှုကို ကြိုတင်ပောာကိန်းထုတ်ခဲ့သူ Rogers Holdings ဥက္ကဋ္ဌ ဂျင်မ်ရော်ဂျားကမူ "လူဦးရေ သန်း ၆၀ နေထိုင်သော မြန်မာနိုင်ငံ၌ အခွင့်အလမ်းများကို သဲသဲကွဲကွဲမြင်နေရသည်။ ဖြစ်နိုင်လျှင် ပိုက်ဆံအားလုံးကို မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားချင်သည်"ပာု ပြောကြားသည်။

အရှေ့တောင်အာရှ၌ အင်ဒိုနီးရှားပြီးလျှင် ဒုတိယအကျယ်ဝန်းဆုံး မြန်မာနိုင်ငံ၌ ရွေ၊ ကြေးနီနှင့် ကျောက်မျက်ရတနာသိုက်များ ရှိနေသည်။ ဗြိတိ သျှ ကိုလိုနီခေတ်က ကမ္ဘာ့အကြီးဆုံး ဆန်ကုန်သည်ဖြစ်ခဲ့ပြီး ယခုအခါ ယင်းသရဖူကို အိမ်နီးခြင်းထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးထားရသော မြန်မာနိုင်ငံသည် အင်အားကြီး တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် တည်ရှိသည့်အပြင် ဥရောပနှင့် အရှေ့အာရှအကြား ဆက်သွယ်သော ရေလမ်းကြောင်းများပေါ်တွင် ခွ ၍ တည်ရှိနေသည်။

ပြီးခဲ့သော နှစ်များအတွင်း ပြင်သစ်၏ Total၊ အမေရိကန်မှ Chevron၊ မလေးရှား၏ Petronas စသော ကုမ္ပဏီကြီးများသည် ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့သိုက်များ ရှာဖွေတူးဖော်ရန် မြန်မာနိုင်ငံသို့ ဝင်လာခဲ့ကြသည်။ သို့တိုင်အောင် မရှာဖွေရသေးသော ရေပြင်နယ်နိမိတ်များစွာ ရှိနေသောကြောင့် မလေးရှား၏ ၈ ပုံ ၁ ပုံခန့်ရှိမည်ပာု BP ကိန်းဂဏာန်း အစီရင်ခံစာက ခန့်မှန်းထားသော တွေ့ရှိပြီး ဓာတ်ငွေ့သိုက်များထက် များစွာကြီးကြီးမားမား ကျန်ရှိ နေသော အလားအလာရှိနေသည်။

"စွမ်းအင် ကြွယ်ဝမှုများ"

CLSA Asia-Pacific Markets က ယခုလထုတ်ပြန်သော သုတေသန အစီရင်ခံစာတွင် "မြန်မာနိုင်ငံ၏ ကျယ်ပြန့်လွန်းသော ကမ်းခြေတစ် လျှောက် မရှာဖွေရသေးသော နေရာများစွာ ရှိနေသောကြောင့် မြန်မာနိုင်ငံ၏ ဓါတ်ငွေ့ပိုက်များမှာ ခန့်မှန်းထားသည်ထက် ပိုမိုများပြားနိုင်သည်ဟု ဖော်ပြ ထားသည်။ အာဆီယံ သယ်ယူပို့ဆောင်ရေးကွန်ယက်ကို ချိတ်ဆက်မှုနှင့်အတူ မြန်မာနိုင်ငံ၏ စွမ်းအင်ရင်းမြစ်လုပ်ငန်း ဖွံ့ဖြိုးမှုများက ဒေသတွင်းသို့ နိုင်ငံ ခြားငွေရင်းနှီး စီးဝင်မှုကို တိုးပွားစေလိမ့်မည်”ဟုလည်း သုံးသပ်ထားသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံ၏ တစ်ဦးခြင်း အသားတင်ထုတ်လုပ်မှု GDP သည် တစ်ရက်လျှင် ၂.၂၅ ဒေါ်လာသာရှိ၍ ဗီယက်နမ်၏ ထက်ဝက် (၅၀ရာခိုင်နှုန်း)ခန့်နှင့် အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ၁၄ရာခိုင်နှုန်းမျှသာ ရှိသည်ဟု သိရှိရသည်။ လူဦးရေ ၃၀ လျှင် မိုဘိုင်းဖုန်း တစ်လုံးနှုန်းသာ သုံးစွဲနိုင်ပြီး အင်တာနက် အသုံးပြုသူအလွန်နည်းပါးလွန်းသည်ဟု Nomura Holding Inc. က မတ်လ ၁၄ရက်ထုတ် အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ထို့ပြင် ကီလိုမီတာ ထောင်ချီသော ကမ်းခြေတစ်လျှောက် ဖွံ့ဖြိုးမှုမရှိသောကြောင့် ၂၀၁၀ ခုနှစ်အတွင်း ခရီးသွားတိုးရစ်ဦးရေ ၈၀၀,၀၀၀ မျှသာ လာရောက်ခဲ့ကြရာ၊ ထိုအရေအတွက်သည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ဧည့်သည်ဝင် ရောက်မှုထက် အဆ ၂၀ခန့် လျှော့နည်းနေပေသည်။ ရန်ကုန်မြို့တော် ၏ စုစုပေါင်း ရုံးခန်းပမာဏမှာလည်း ဘန်ကောက်မြို့လယ် စီးပွားရေးရပ်ကွက်မှ အကြီးဆုံး ရုံးခန်းအဆောက်အအုံ Emperor Tower တစ်ခုထဲရှိ ရုံးခန်း ပမာဏ ၏ သုံးပုံတစ်ပုံခန့်သာရှိသည်ဟု Colliers ကုမ္ပဏီက ဆိုပါသည်။

“ခေတ်နောက်ကျ၊ ယိုယွင်းပျက်ဆီးမှု ဆိုးမွေ”

နိုင်ငံတကာနှင့် အဆက်ဖြတ်ထားခဲ့သော စစ်အုပ်ချုပ်ရေး၏ ဆိုးမွေမှာ အရာရာဖွံ့ဖြိုးမှု နိမ့်ကျနေခြင်းပင် ဖြစ်သည်။ အာဏာသိမ်းမှုနှင့် ပြည်သူ ပိုင်သိမ်းမှုများက စီးပွားရေးအင်အားကောင်းကောင်းဖြင့် လင်းလက်နေသော နိုင်ငံကို အရှေ့တောင်အာရှ၏ ရေသေနွံတောထဲမှ နိုင်ငံတစ်နိုင်ငံအဖြစ် ပြောင်းလဲပစ်သည်ဟု ကမ္ဘာ့ဘဏ်က ၁၉၆၀ခုနှစ်တွင် ပြောကြားခဲ့သည်။

၂၀၁၀ရွေးကောက်ပွဲများအပြီး အာဏာရလာသော လက်ရှိသမ္မတ ဦးသိန်းစိန်က ယခင် စီးပွားရေး ချုပ်ချယ်ကန့်သတ်မှုများကို စတင် ဖြေလျော့ ပေးရန် ဆောင်ရွက်နေပြီဖြစ်၍ မြန်မာနိုင်ငံကို အာရှ၏ စီးပွားရေးခွင်သစ်၊ ဈေးကွက်သစ်တစ်ခုဖြစ်လာအောင် ပြုလုပ်နိုင်ဖွယ်ရှိသည်ဟု IMF က ဇန်နဝါရီ လတွင် ထုတ်ဖော်ပြောကြားထားပါသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံသော နိုင်ငံခြားကုမ္ပဏီများ၏ အခွန်သက်သာခွင့် သက်တမ်း ၃နှစ်ကို လွှတ်တော်တွင် ဥပဒေကြမ်းတင်ပြကာ ၈နှစ် အထိ သက်တမ်းတိုးနိုင်ဖွယ်ရှိသည်ဟု မြန်မာနိုင်ငံကို အကဲခတ်နေသော ဘန်ကောက် DFDL ဥပဒေအကျိုးဆောင်ကုမ္ပဏီမှ ရှေ့နေ ရူးပတ်ဟောက ဆိုပါ သည်။

ပြည်သူပိုင်သိမ်းမှုဆိုင်ရာ စည်းကမ်းများကို လျော့ပေးခြင်း၊ ပြည်တွင်းဒေသခံလုပ်သားများအတွက် ဝေစုပိုတောင်းခြင်း စသော အခြားအစီအစဉ် များမှာမူ နိုင်ငံခြားကုမ္ပဏီများကို ဆွဲဆောင်နိုင်အား နည်းလိမ့်မည်ဟု ရူးပတ်ဟောက ဆိုသည်။ အကယ်၍ နိုင်ငံခြားငွေရင်းငွေနှီးများကို အမှန်တကယ် ဆွဲဆောင်လိုသည်ဆိုပါက မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများမှ ပုဂ္ဂလိက အစုရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်ယူနိုင်ခွင့်ဆိုင်ရာ တားမြစ်ချက်များကို လည်း လျော့ပေါ့ ဖြေရှင်းဆောင်ရွက်ပေးရန် လိုသည်ဟု ရူးပတ်ဟောက ပြောကြားသည်။

“ရောထွေးနေတဲ့ ဥပဒေ”

ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်းဟာ တစ်ဖက်မှာ ပြုပြင်ပြောင်းလဲမှုကို ထင်ဟပ်နေသလို အခြားတစ်ဖက်ကကြည့်ရင် မယုံသင်္ကာ ကာကွယ် တတ်သူတွေရဲ့ အစီအစဉ်မျိုးတွေကို ပိုမို တွေ့မြင်နေရပါတယ်။ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုကို ဒီလိုပုံစံမျိုးနဲ့ ကြီးကြီးမားမား ဆွဲဆောင်နိုင်မယ်ဆိုတဲ့ အချက် ကို သံသယဖြစ်မိပါတယ် ဟု ရူးပတ်ဟောက အီးမေးလ်ဖြင့် ပြန်ကြားမှတ်ချက်ပေးသည်။

အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံ ဈေးကွက်ပေါင်းစည်းကြံမည့် သဘောတူညီချက် အကြုံးဝင်သက်ရောက်မည့် ၂၀၁၅တွင်မူ မြန်မာနိုင်ငံ၌ နိုင်ငံခြား ဘဏ်များ လုပ်ကိုင်ခွင့်ရရှိကြတော့မည် ဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးကို ငွေစက္ကူပေါ်တွင် ကြီးကြီးမားမား မှီခိုလည်ပတ်ရအောင် ဖန်တီးခဲ့သည့် ငွေလဲနှုန်း ပေါင်းစုံစနစ်ကို ယခုအခါ အာဏာပိုင်များက ပြင်ဆင်ပြောင်းလဲ ရန် ဆောင်ရွက်လျက်ရှိသည်။

ဘဏ်၏ အမြတ်ငွေ သုံးပုံနှစ်ပုံကို အာရှတိုက်မှ ရရှိနေသော ဗြိတိန် Standard Chartered Plc. ကဲ့သို့သော ဘဏ်များအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်မဝင်မှီ Sanction များ ရုတ်သိမ်းခြင်းကို စောင့်စားနေကြသည်ဟု ယင်းဘဏ်၏ အရှေ့တောင်အာရှ တာဝန်ခံ အကြီးအကဲ နီရတ်ခ်ျဆွာရုပ်က ပြော ကြားပါသည်။

“အချိန်စောနေသေး”

အမေရိကန် ပြည်ထောင်စု၏ Sanctions များက မြန်မာနိုင်ငံ၌ ရင်းနှီးမြှပ်နှံခြင်း၊ မြန်မာနိုင်ငံမှ ပစ္စည်းဝယ်ယူတင်သွင်းခြင်း၊ ငွေလွှဲပြောင်းခြင်း များကို တားမြစ်ထားပြီး မြန်မာအစိုးရနှင့် အပေါင်းအပါများ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားသည်။ အလားတူ ဥရောပသမဂ္ဂ(အီးယူ)ကလည်း မြန်မာနိုင်ငံ နှင့် ကုန်သွယ်ခြင်း၊ လက်နက်ရောင်းချခြင်းတို့ကို တားမြစ်ထားမည်။

“အခုထိကတော့ အချိန်စောပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ တရားဝင် ပြောဆိုဆောင်ရွက်မှုတွေ မပြုလုပ်ခင်မှာ ဘယ်လိုပုံစံမျိုးနဲ့ မြန်မာနိုင်ငံ ပြောင်းလဲနေသလဲဆိုတာကို စောင့်ကြည့်ရဦးမှာပါ”ဟု ဆွာရုပ်က ဘန်ကောက်တွင် သတင်းထောက်များကို ပြောကြားသည်။ ကျွန်တော်တို့ကတော့ ဖောက်သည်တွေနောက်ကို လိုက်ရမှာပါ။ ဖောက်သည်တွေကလည်း အဲဒီမှာ အရာရာလွယ်ကူချောမွေ့လာပြီလို့ လက်တွေ့မြင်ရချိန်မှာ အုံလိုက်ကျင်းလိုက် ရောက်သွားကြမှာပါဟု ယင်းက ရှင်းလင်းပြောဆိုသည်။

Standard Chartered ဘဏ် ယခုကဲ့သို့ သတိကြီးစွာ ထားနေရခြင်းမှာ အကြောင်းအရင်းရှိပါသည်။ ၁၉၆၂တွင် မြန်မာစစ် ခေါင်းဆောင်များ အာ ဏာသိမ်းခဲ့စဉ်က ပြည်သူပိုင်သိမ်းခြင်းခံရသော ဘဏ်များထဲတွင် အဆိုပါ လန်ဒန်အခြေစိုက်ဘဏ်လည်း ပါဝင်ခဲ့သောကြောင့်ပင် ဖြစ်သည်။

“တကယ်လို့ ကုမ္ပဏီအနေနဲ့ စီးပွားရေး၊ နိုင်ငံရေး နောက်ခံအင်အားတစ်မျိုးမျိုး မရှိဘူးဆိုရင် ပြည်သူပိုင်သိမ်းခံရမယ့် အန္တရာယ်ကတော့ ရှိနေဦး မှာပါပဲ။ ခင်ဗျားအနေနဲ့ အဲဒီမှာ အမြစ်တွယ်ပြီးသား ဓလေ့စရိုက်တွေနဲ့ ကြုံဆုံရပါလိမ့်မယ်”ဟု စင်ကာပူအခြေစိုက် Control Risks မှ ပညာရှင် ဂျိုဟန်းစ် လည်းက ပြောကြားထားပါသည်။

*******************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၈.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. အနောက်နိုင်ငံများက ကြားဖြတ်ရွေးကောက်ပွဲကို အရေးယူမှုများ ဖြေလျော့နိုင်ရန် စောင့်ကြည့်နေကြသည်

(27 March 2012 ရက်စွဲပါ Reuters မှ Martin Petty ရေးသားသော West waits on Myanmar vote to start sanctions scale-back ကို ဘာသာပြန်သည်)

****************************************

ဘာသာပြန်သတင်းများ

အနောက်နိုင်ငံများက ကြားဖြတ်ရွေးကောက်ပွဲကို အရေးယူမှုများ ဖြေလျော့နိုင်ရန် စောင့်ကြည့်နေကြသည်

(27 March 2012 ရက်စွဲပါ Reuters မှ Martin Petty ရေးသားသော West waits on Myanmar vote to start sanc tions scale-back ကို ဘာသာပြန်ဆိုသည်)

အနောက်နိုင်ငံများသည် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်တွင် နေရာတစ်နေရာပေးမည့် တနင်္ဂနွေနေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံမှ ကြားဖြတ်ရွေးကောက်ပွဲများ ချောမောစွာ ပြီးမြောက်သွားရန် လိုလားလျက် ရှိသည်။ သို့မှသာ ယင်းတို့သည် အရေးယူမှုများ စတင်ရုတ်သိမ်းလျက် ယင်း တို့၏ ကုမ္ပဏီများ မြန်မာနိုင်ငံမှ ကြားဖြတ် ရွေးကောက်ပွဲများ ချောမောစွာပြီးမြောက်သွားရန် လိုလားလျက် ရှိသည်။ သို့မှသာ ယင်းတို့သည် အရေးယူမှုများ စတင် ရုတ်သိမ်းလျက် ယင်းတို့၏ ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံစေမည် ဖြစ်သည်။

မြန်မာ အရပ်သားအစိုးရသည် လွန်ခဲ့သည့်တစ်နှစ် ယင်း အာဏာရလာကတည်းက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အံ့အားသင့်ဖွယ် လုပ် ဆောင်လာခဲ့သည်။

အနောက်နိုင်ငံ ကုမ္ပဏီများကလည်း မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် တန်းစီလျက် ရှိသည်။ မြန်မာနိုင်ငံသည် အိန္ဒိယနှင့် တရုတ်ကြားတွင်ရှိပြီး စွမ်း အင်၊ ငွေကြေးဝန်ဆောင်မှု၊ တယ်လီဖုန်းဆက်သွယ်ရေး နှင့် ခရီးသွားကဏ္ဍများတွင် ကြီးမားသော အလားအလာများ ရှိသည်။

သံတမန်များက ပြောကြားရာတွင် အကယ်၍ ရွေးကောက်ပွဲများကို အများက လက်ခံခဲ့ပါက ဗီဇာ ပိတ်ပင်ထားခြင်းနှင့် ပိုင်ဆိုင်မှုများ ထိန်းသိမ်း ထားခြင်း ကဲ့သို့သော အမေရိကန်၏ အရေးယူမှုများ ရုတ်သိမ်းသွားဖွယ် ရှိကြောင်း၊ ဥရောပသမဂ္ဂကလည်း သစ်နှင့် ကျောက်မျက်သတ္တုများတွင် ရင်းနှီး မြှုပ်နှံမှု ပိတ်ပင်ထားခြင်းကို ရုတ်သိမ်းသွားနိုင်ကြောင်း ဆိုသည်။

သို့သော် ရွေးကောက်ပွဲများ တရားမျှတကြောင်း ဒေါ်အောင်ဆန်းစုကြည်က လက်မထောင် မီးစိမ်းပြရန် လိုအပ်သည်။

"တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရက်တစ် အတိုက်အခံတွေက ဧပြီလ (၁)ရက် ရွေးကောက်ပွဲတွေက ကောင်းမွန်ကြောင်း အတည် ပြုချက်ရခဲ့ရင်၊ အမေရိကန် အစိုးရ အပိုင်းကလဲ အပေါင်း လက္ခဏာဆောင်ပြီး၊ အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ဆောင်မှုတွေ ရှိလာပါလိမ့်မယ်" ဟု ဝါရှင် တန်အခြေစိုက် U.S Campaign for Burma မှ Jennifer Quigley က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ၊ ကနေဒါ နှင့် သြစတြေးလျတို့ကလည်း ထိုသို့ လုပ်ဆောင်မည် ဖြစ်ကြောင်း ကြိုတင်ပြောဆိုထားကြသည်။ တနင်္လာနေ့က သြစ တြေးလျ နိုင်ငံခြားရေး ဝန်ကြီး Bob Carr သည် ယင်း၏ ကမ္ဘောဒီးယားခရီးစဉ်တွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ယင်းတို့၏ အရေးယူမှုများကို တစ်ဆင့်ခြင်း ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ သို့သော် ရုတ်သိမ်းပေးမည့် အရေးယူမှုတစ်ခုခြင်းအပေါ် အတိုက်အခံနှင့် တိုင်ပင်မှုများ ပြုလုပ်သွားမည် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် ဝေခွဲမရ ဖြစ်နေပုံရသည်။ အကယ်၍ သူမသည် ရွေးကောက်ပွဲရလဒ်ကို အကျုံးဝင်သော အကြောင်းပြချက်များဖြင့် ငြင်းချက် ထုတ်ခဲ့မည်ဆိုလျှင်၊ အရေးယူမှုများကလည်း အင်နှင့်အားနှင့် ဆက်လက်ရှိနေမည်ဖြစ်ရာ၊ အပြောင်းအလဲကို လိုလား နေသော သန်းပေါင်းများစွာသော မြန်မာလူထုကြားတွင် သူမ၏ ပုံရိပ်ထိခိုက်ဖွယ်ရှိကြောင်း သုံးသပ်သူ အချို့က ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်က အရေးယူမှုတွေကို အစိုးရဆီက သူမလိုချင်တာ တောင်းနိုင်အောင် ကိုင်ထားတဲ့ လက်နက်သဖွယ် ရှုမြင်နေပါတယ်။ ဒါဟာ အန္တရာယ် အလွန်များတဲ့ မူဝါဒပါပဲ" ဟု အရေးယူမှုများကို ဝေဖန်ခဲ့သူ ဝါရှင်တန်၏ Georgetown တက္ကသိုလ်မှ David Steinberg က ပြောကြား ခဲ့သည်။

"ဘာကြောင့်လဲဆိုတော့ …. သူမကို ဆင်းရဲမွဲတေမှုကို ဦးစားပေး နားလည်ပေးဖို့ ဖြစ်လာအောင် တွန်းပို့နေတာပါပဲ။ မဟုတ်ရင်တော့ သူမကို ထိ ခိုက်နိုင်ပါတယ်" ဟု ယင်းက ပြောသည်။

ရွေးကောက်ပွဲနေ့တွင် တိုင်ကြားမှုများ ထွက်ပေါ်လာနိုင်သည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၄၉)နှစ်ခန့် စစ်တပ်မှ အုပ်ချုပ်လာခဲ့ခြင်းကြောင့် ရွေး ကောက်ပွဲ ကျင်းပသည့် အတွေ့အကြုံမှာ အကန့်အသတ်နှင့်သာ ရှိခဲ့ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တပ်နောက်ခံပြု USDP ပါတီကို မျက်နှာသာ ပေး၍ မသမာမှုများရှိကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခဲ့ကြပါသည်။

သံတမန်အများစုက မြန်မာနိုင်ငံမှ အုပ်ချုပ်သူများသည် ရိုးသားသည်ဟု ယုံကြည်ကြသည်။ ယင်းတို့သည် လွှတ်တော်ကြီးကို တရားဝင် အသိအ မှတ်ပြုလာကြရေးအတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီကို လွှတ်တော်သို့ ဝင်လာစေလိုကြသည်။

သို့သော် NLD သည် ရလဒ်အတွက် ဖြစ်လာနိုင်သော အငြင်းပွားမှုများအတွက် အကြောင်းတရားများကို ရှာဖွေထားပြီး ဖြစ်သည်။ မဲဝယ်ကြောင်း စွပ်စွဲမှု၊ မဲစာရင်းတွင် သေဆုံးသူများ ပါဝင်နေမှု အပါအဝင် သမ္မတကိုပင် မဲပေးရာတွင် သြဇာ လွှမ်းမိုးမှုရှိရန် ကြိုးစားနေသည်ဟု ပြောဆိုမှုများ ရှိနေ သည်။

အစိုးရကလည်း မျက်နှာသာ မပေးပဲ ရွေးကောက်ပွဲ စောင့်ကြည့်သော အစစ်အမှန် မစ်ရှင်များကို ခွင့်မပြုခဲ့ပေ။ ပြီးခဲ့သည့် အပတ်က အရှေ့ တောင်အာရှမှ ငါးဦး၊ အမေရိကန်၊ အီးယူနှင့် အခြားနိုင်ငံများမှ နှစ်ဦးစီကို လေ့လာသူများအဖြစ် အချိန်နောက်ကျမှ ဖိတ်ကြားခဲ့သည်။

ရွေးကောက်ပွဲရလဒ်ကို မကြည့်ပဲဆိုလျှင် အရေးယူမှုများ မည်သို့ မြန်မြန် ရုတ်သိမ်းသွားမည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။ အရေး ယူမှုများကို တစ်ကြိမ်တည်းနှင့် အားလုံး ရုတ်သိမ်းရန်မှာ မဖြစ်နိုင်ပေ။ အနောက်တိုင်းမှ ရင်းနှီးမြှုပ်နှံသူများမှာ အချိန်နှင့်အမျှ ပြိုင်ဆိုင်နေရခြင်းကြောင့် စိတ်စောလျက် ရှိသည်။ အာရှမှ ကုမ္ပဏီများသည် အခွင့်အလမ်းများရှာရန် မြန်မာနိုင်ငံအတွင်းသို့ သွားရောက်လျက်ရှိပြီး အလျင်အမြန်သိမ်းလျက် ရှိသည်။

အီးယူသည် ဧပြီလ (၂၃) ရက်နေ့တွင် ယင်း၏ အရေးယူမှုကို ပြန်လည် သုံးသပ်မည်ဖြစ်ရာ ဝါရှင်တန်ထက် စော၍ လျော့ပေးဖွယ် ရှိသည်။

အီးယူအဖွဲ့ဝင်နိုင်ငံမှ သံတမန်အချို့၏အဆိုအရ ရွေးကောက်ပွဲသည် အများကလက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း မီးစိမ်းပြခဲ့ပါလျှင် အီးယူ နိုင်ငံခြားရေးရာ ကောင်စီမှ မဲပေး၍ အရေးယူမှု အချို့ ဖယ်ရှားနိုင်ကြောင်း သိရှိရသည်။

လက်နက် ရောင်းဝယ်မှုနှင့် ကုန်သွယ်မှု ပိတ်ပင်ထားခြင်းများသာ ကျန်ခဲ့မည် ဖြစ်သည်။ ထိုကိစ္စ ရုတ်သိမ်းရန် အနည်းဆုံး တစ်နှစ်ခန့် ကြာမည် ဖြစ်ကြောင်း အချို့သံတမန်များက ပြောသည်။

ရွေးကောက်ပွဲသည် တရားမျှတခဲ့ပါက ကနေဒါကလည်း အရေးယူမှုများကို စတင်ရုတ်သိမ်းမည်ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူတစ်ဦးက Reuters သို့ ပြောသည်။

အမေရိကန် ပြည်ထောင်စုအနေဖြင့် ယခု ပြိုင်ပွဲတွင် ဘေး၌ကျန်ရစ်နိုင်သည်။ ယင်း၏ ရှုတ်ထွေးသော ပင့်ကူမျှင်ကဲ့သို့ တစ်ခုနှင့်တစ်ခု ထပ်နေ သော အရေးယူမှုများကို အလျင်အမြန် ဖြေလျော့ရန် လုံးဝ မလွယ်ကူပေ။ ကွန်ဂရက်တွင် ပါတီနှစ်ခုလုံးမှ အရေးယူမှု ရုတ်သိမ်းရေးအတွက် ထောက်ခံ သည့်တိုင် မလွယ်ကူလှပေ။

အမေရိကန်တို့၏ အရေးယူမှုများမှာ ဖက်ဒရယ် ဥပဒေငါးခု၊ သမ္မတ၏ အမိန့်လေးခုတို့ဖြင့် ၁၉၉၀ နှင့် ၂၀၀၈ ခုနှစ်အတွင်း ချမှတ်ထားခြင်း ဖြစ် သည်။ အရေးယူမှု တစ်ခုစီကိုလည်း ရုတ်သိမ်းရမည့် အခြေအနေများ၊ ကုန်ဆုံးရက်များနှင့် အခြား အခြေအနေ အမျိုးမျိုး ထည့်သွင်းထားသည်။

မြန်မာနိုင်ငံတွင် အချို့ အခြေအနေများဖြစ်သော အတိုက်အခံနှင့် ဆက်ဆံရေး ပြုလုပ်ခြင်း၊ မီဒီယာလွတ်လပ်ခွင့်အချို့ ပေးခြင်းများကို လုပ် ဆောင်ခဲ့ပြီး ဖြစ်သည်။

သို့သော် အချို့ ဥပဒေတွင် လိုအပ်ချက် ဖြစ်သော နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးရန်နှင့် ပတ်သက်၍ ထောင်ထဲတွင် မည်မျှကျန် သည်ကို မည်သူမျှ မသိနိုင်။ အမေရိကန်သမ္မတ ကျေနပ်အောင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု အကျိုးစီးပွားနှင့် မပတ်သက်တော့ကြောင်း ကိစ္စများမှာ မလွယ်ကူပေ။

သို့သော် ထိုအရာများ အားလုံးသည် မြန်မာနိုင်ငံအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုကို လျှော့ချလိုသော ကုမ္ပဏီများ အလုံးအရင်း ဝင်ရောက်ရင်း နှီးမြှုပ်နှံလိုသော အမေရိကန်အတွက် အကောင်းအဆိုး ဆုံးဖြတ်ရန် လုံလောက်သော လက္ခဏာများ မဟုတ်သေးပေ။

"လူတိုင်းက မြန်မာနိုင်ငံကို ခုန်ဝင်နေကြတဲ့အချိန်မှာ အမေရိကန်အနေနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ဘေးရောက်နေတော့ ကိုယ်လိုချင်တဲ့ နေရာ မရနိုင်ပါဘူး" ဟု အငြိမ်းစား ကမ္ဘာ့ဘဏ် တာဝန်ရှိသူနှင့် မြန်မာ့စီးပွားရေး ပညာရှင် Bradley Badson က ပြောကြားခဲ့သည်။

"အခု သူတို့မှာ ရှုတ်ထွေးပြီး ဥပဒေဆိုင်ရာတွေ အထပ်ထပ်နဲ့ ကြက်သွန်နီအခွံနွှာရသလို တစ်လွှာခြင်း ဖယ်ထုတ်ရမှာပါ။ မူဝါဒ ပြောင်းသွားပြီ ဆို ရင်တောင် ဒီ ကန့်သတ်ထားတဲ့ ဥပဒေတွေကိုရုတ်သိမ်းဖို့ အချိန်ယူရပါလိမ့်မယ်" ဟု ယင်းက ပြောသည်။

************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs