Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၉.၄.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ရွှေလမ်း၊ ငွေလမ်း ပွင့်လန်းလာသော မြန်မာနှင့် နိုင်ငံတကာ ဆက်ဆံရေး

*****************************************

ဆောင်းပါးကဏ္ဍ

ရွှေလမ်း၊ ငွေလမ်း ပွင့်လန်းလာသော မြန်မာနှင့် နိုင်ငံတကာ ဆက်ဆံရေး

(ဧပြီ ၂၆ ထုတ် Popular News အတွဲ (၄) အမှတ် (၁၆) မှ ထုတ်ယူဖော်ပြသည်။)

သိန်းဌေးမောင်

ဧပြီလအတွင်း မြန်မာနှင့် နိုင်ငံတကာ ဆက်ဆံရေး ခြေလှမ်းများ လျင်မြန်စွာ ဖြစ်ထွန်းလာသည်။ မြန်မာနိုင်ငံသို့ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း သည် ဧပြီလ၊ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ ဧပြီလ ၁၉ ရက်နေ့တွင် ငါးရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ ဥရောပနိုင်ငံများနှင့်လည်း ဝန်ကြီးအဆင့် အပြန်အလှန် ကူးလူးဆက်ဆံမှုများ တွေ့ရသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် ကျင်းပသော အကြိမ် ၂ဝမြောက် အာဆီယံထိပ်သီးအစည်းအဝေး သို့ ဧပြီလ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့သည်။

မြန်မာ-ဂျပန်ဆက်ဆံရေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ယိုရှီ ဟီကိုနိုဒတို့ ဧပြီလ ၂၁ ရက်နေ့တွင် နှစ်နိုင်ငံနှင့် ဒေသဆိုင်ရာ အရေးကိစ္စများ ဆွေး နွေးကြပြီးနောက် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ထွန်းရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူပြုနိုင်ရန် ဂျပန်နိုင်ငံမှ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် လူနည်းစု တိုင်းရင်းသားများနှင့် ဆင်းရဲသားပြည်သူများ၏ စားဝတ်နေရေး တိုးတက်စေရန် စိုက်ပျိုး ရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီနိုင်ငံတော် ရှင်သန်မှုအတွက် လိုအပ်သောစနစ်၊ အဖွဲ့အစည်းများနှင့် လူ့စွမ်းရည် မြှင့်တင်ရေး၊ ရေရှည် တည်တံ့ သော စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးတို့ကို ဦးတည် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှု

ယင်းသို့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ရာ၌ အရေးပါသော သဘောတူညီချက်အဖြစ် မြန်မာနိုင်ငံမှ ဂျပန်သို့ပေးရန်ရှိ ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၂ ဘီလျံကို လျှော်ပေးပြီး ဂျပန်နိုင်ငံမှ ပြည်ပ ဖွံ့ဖြိုးရေး အထောက်အပံ့ကို ပြန်လည် စတင်မည်ဖြစ်သည်။

သီလဝါဆိပ်ကမ်းနှင့် စက်မှုဇုန် ပင်မစီမံကိန်း လုပ်ငန်းအပါအဝင် သဘာဝဘေးအန္တရာယ် စီမံကွပ်ကဲရေး၊ သတင်းနှင့် ဆက်သွယ်ရေး နည်းပ ညာ၊ ဂျပန်-မြန်မာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ စွမ်းအင်နှင့် သတ္တုအရင်းအမြစ် ရှာဖွေ ထုတ်လုပ်ရေးတို့အတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

မဲခေါင်-ဂျပန်ပူးပေါင်းဆောင်ရွက်ရေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် မဲခေါင်ဒေသ ငါးနိုင်ငံဖြစ်သည့် ကမ္ဘောဒီယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်ခဲ့ပြီး ဧပြီလ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ပြီးခဲ့သော သုံးနှစ်ကာလအတွင်း ရည်မှန်းချက်များ အကောင်အထည် ဖော်ဆောင်နိုင်မှုကို သုံးသပ်ခဲ့ကြသည်။ ရည် မှန်းချက်များ အတော်အတန် ပြီးမြောက်ခဲ့ပြီး ဖြစ်သော်လည်း တိုးတက်ဖြစ်ထွန်းလာသော အခြေအနေများအရ ရှေ့ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်း များကို ဆွေးနွေးခဲ့ကြသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများ

ရှေ့လုပ်ငန်းစဉ်တွင် အဓိက မဏ္ဍိုင်ကြီးသုံးရပ် ချမှတ်ထားရှိသည်။ ပထမမဏ္ဍိုင်အဖြစ် မဲခေါင်ဒေသတွင်း ဆက်သွယ်မှု အရှိန်အဟုန် မြှင့်တင် ရေး၊ ဒုတိယမဏ္ဍိုင်အဖြစ် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး၊ တတိယမဏ္ဍိုင်အဖြစ် လူသားများ လုံခြုံရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို သတ်မှတ်ခဲ့ သည်။

ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာများကိုလည်း ဆွေးနွေးကြပြီးနောက် မဲခေါင်ဒေသ ငါးနိုင်ငံ မြန်နှုန်းမြင့် ရထားလမ်း၊ ဆိပ်ကမ်းနှင့် ရေပေးဝေ ရေးစီမံကိန်း အပါအဝင် တစ်နိုင်ငံချင်း အလိုက် ဂျပန်နိုင်ငံက ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ချပြခဲ့သည်။ စီမံကိန်းလုပ်ငန်း စုစုပေါင်း ၅၇ ခု အ တွက် လျာထား ဘတ်ဂျက်မှာ အမေရိကန်ဒေါ်လာ ၂၈ ဘီလျံ ဖြစ်သည်။

အဆိုပါ စီမံကိန်း လုပ်ငန်းများသည် ၂ဝ၁၃ ခုနှစ် ဧပြီလမှစတင်၍် သုံးနှစ်ကြာမည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၄ ဘီလျံ (ဂျပန်ယန်းငွေ ၆ဝဝ ဘီလျံ) အထောက်အပံ့ပေးမည် ဖြစ်သည်။

မြန်မာနိုင်ငံလုပ်ငန်း ၁၂ ရပ်

ယင်းစီမံချက်အရ မြန်မာနိုင်ငံတွင် အောက်ပါ လုပ်ငန်းစီမံကိန်း ၁၂ ရပ်ကို ချမှတ် အကောင်အထည်ဖော်ရန် ပါရှိသည်။

(၁) သီလဝါ ဆိပ်ကမ်း ဖွံ့ဖြိုးရေး၊

(၂) သီလဝါ အထူးစီးပွားရေးဇုန် တည်ထောင်ရေး၊

(၃) ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ် ဓာတ်အားစက်ရုံ အကြီးစား မွမ်းမံရေး၊

(၄) မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး စီမံချက်၊

(၅) NEXI ချေးငွေ ထုတ်ပေးရေး အစီအစဉ် ထူထောင်ရေး၊

(၆) မြန်မာနိုင်ငံအလယ်ပိုင်း ပေါင်းလောင်းရေအား လျှပ်စစ်ဓာတ်အားစက်ရုံ တည်ဆောက်ရေး၊

(၇) ရန်ကုန်ဒေသကြီး ရေပေးဝေရေးနှင့် မိလ္လာအညစ်အကြေး စွန့်ပစ်ရေးလုပ်ငန်း၊

(၈) မြန်မာ့မီးရထားလုပ်ငန်း၏ ရန်ကုန်-မန္တလေး အမြန်ရထားလမ်း ခေတ်မီပြုပြင်ရေး၊

(၉) ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားခွဲရုံများနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ချိရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေး၊

(၁ဝ) အင်တာနက် အသုံးပြုမှု ဖွံ့ဖြိုးရေး၊

(၁၁) ဆက်သွယ်ရေးကွန်ရက်များ ဖွံ့ဖြိုးရေး၊

(၁၂) ထားဝယ်မြို့တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ထိုင်းနိုင်ငံသို့ ဆက်သွယ်ရေးလမ်း ဖောက်လုပ်ရေး၊

လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု

သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာနိုင်ငံ အစိုးရသည် နိုင်ငံတော်၏ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန် မြှင့်တင် နိုင်ရေးအတွက် ကြိုးပမ်းရာတွင် အရင်းခံဖြစ်သော မြန်မာပြည်သူများ၏ ဗလငါးတန်ဖြစ်သည့် ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလ အပြင် မိတ္တဗလကိုပါ အားထည့်ကြိုးပမ်းနေသည်ကို တွေ့ရသည်။ ကိုယ့်အင်အားအပြင် မိတ်သဟာတို့၏ အထောက်အပံ့ဖြင့် တိုးတက်မှုအရှိန် မြင့်မားလာစေမည် ဖြစ်သည်။ ဤတွင် နှစ်နိုင်ငံအစိုးရနှင့် နှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံရေး၊ ဒေသတွင်းနိုင်ငံများနှင့် ပြည်သူများအကြား ဆက်ဆံရေး၊ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်အသီးသီးတွင် အပြန်အလှန် လေးစားချစ်ကြည်မှု အခြေခံဖြင့် အားစိုက်ကြမည်ဆိုလျှင် ပြည်သူအများ မျှော်လင့်နေသည့် ‘ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်’ ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း။

****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၂၉. ၄.၂၀၁၂

ပြည်တွင်းသတင်းများ

  1. လောင်းကစားအားပေးသလိုဖြစ်နေသည့် လှိုင်တရားသူကြီး၏ လာဘ်စားမှု
  1. ကုန်ပစ္စည်း၏ အကောက်ခွန်နှုန်းထား ပြင်ဆင်သတ်မှတ်
  2. အအေးခန်းစက်ရုံများ လက်ခစားစနစ်ဖြင့် လုပ်ကိုင်ခွင့်စတင်ရရှိ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့အား အဆင့်မြင့်အရာရှိများဖြင့် ပြန်လည်ဖွဲ့မည်ဟု ဦးအောင်မင်းပြောကြား
  1. လယ်ယာစိုက်ပျိုးရေးကဏ္ဍအား အဓိကထား ကူညီမည်ဟု အီးယူအကြီးအကဲတစ်ဦးမှ ပြောကြား

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

လောင်းကစားအားပေးသလိုဖြစ်နေသည့် လှိုင်တရားသူကြီး၏ လာဘ်စားမှု

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်၏ ဒုတိယတရားသူကြီးဖြစ်သူ ဦးလှတိုး၏ လာဘ်စား၍ အမှုစစ်ဆေးသည့်ပုံစံသည် လောင်းကစားမှုကို အားပေးသလိုဖြစ်နေပြီး တရားရုံးမှ လောင်းကစားကြွေးဆင့်ခေါ်စာထုတ် တောင်းပေးနေသလိုဖြစ်နေကြောင်း အငြိမ်းစားခရိုင် တရား သူကြီးဟောင်းတစ်ဦးက ပြောကြားသည်။

လွန်ခဲ့သည့် တနှစ်ခန့်က လှိုင်မြို့နယ် ၇ ရပ်ကွက်တွင် နေထိုင်သည့် ဘောလုံးလောင်းကစားဒိုင် ကိုယ်စားလှယ်တစ်ဦးနှင့် ထိုးသားများ လျှော် ကြေးငွေများ ပမာဏ သိန်း ၁၀ဂဏန်းနီးပါး အလျှော်အစားဖြစ်ခဲ့ကြောင်း ထိုးသားများအနေဖြင့် လောင်းကြေးအကြွေးများ ပြန်ဆပ်ရန်အတွက် အတိုးမဲ့ ချေးငွေအနေဖြင့် စားချုပ်လိမ်လည်ချုပ်ဆိုခဲ့သည့်အမှုကို တရားသူကြီးဦလှတိုးမှ အမှုမှန်ပေါ်အောင် မစစ်ဘဲ ဒိုင်ကိုယ်စားလှယ်ထံမှ လာဘ်ယူကာ ဘော လုံးလောင်းကြွေးကို ထောင်ကျနိုင်သောအမှုဟု ခြိမ်းခြောက်ပြောဆိုနေခြင်းသည် လောင်းကစားမှုကို တိုက်ဖျက်ရာမရောက်ပဲ လောင်းကစာကြွေးကို တရားရုံးက တောင်းပေးနေသည့်ပုံစံဖြစ်ကြောင်း အငြိမ်းစား ခရိုင်တရားသူကြီးက လှောင်ပြောင်ပြောဆိုသည်။

"ခေတ်ကမကောင်းတော့ဘူး။ အမှီးအမောက်မတည့်တာတွေများတယ်။ အခု ရယ်စရာမောစရာ ပြောနေပေမဲ့ ရယ်ရတာတစ်ဝက် ရင်မောရတာ တစ်ဝက် ဖြစ်နေတယ်”ဟု အငြိမ်းစားတရားသူကြီး နိုင်ငံ့အနာဂါတ်နှင့်ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုသည်။

ယခုအမှုတွင် တရားသူကြီးတစ်ဦး လာဘ်စားသည့် ခေတ်အနေဖြင့်ကြည့်လျှင် မထူးဆန်းသော်လည်း တိုင်းပြည်ဖွံ့ဖြိုးရေး တိုင်းပြည်တည် ဆောက်ရေးရှုဒေါင့်မှ ကြည့်လျှင် မြန်မာပြည်သူများ ဆင်းရဲတွင်းနက်နေခြင်းမှာ ဌာနဆိုင်ရာဝန်ထမ်း အကျင့်ပျက် လာဘ်စားမှုကြောင့် တရာဥပဒေ စိုးမိုး မှုမရှိပဲ နှစ်လုံး၊ သုံးလုံး၊ တစ်လုံး(ဘောလုံး) လောင်းကစာများ ထူပြောလာပြီး စာရိတ္တရေချိန်များ နိမ့်ပါးသဖြင့် အနာဂါတ်မျိုးဆက်သစ်လူများအတွက် အဆိုးကြော့သံသရာ လည်စေကြောင်း တိုင်းပြည် ဆင်းရဲတွင်းနက်သည့် အကြောင်းတရားကို ဖွံ့ဖြိုးရေးပညာရှင်တစ်ဦးက ထောက်ပြသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

ကုန်ပစ္စည်း၏ အကောက်ခွန်နှုန်းထား ပြင်ဆင်သတ်မှတ်

မြန်မာနိုင်ငံအတွင်း သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများ လုပ်ကိုင်ရာတွင် ကုန်ပစ္စည်းအပေါ် စည်းကြပ် ကောက်ခံလျက်ရှိသော အကောက်ခွန်နှုန်း ထားများကို ယခင် ကျပ် ၄၅၀ ဖြင့် တွက်ချက် ကောက်ခံနေရာမှ ယခုအခါ ဈေးကွက် ဒေါ်လာငွေဈေးနှုန်း(Market Rate)အတိုင်း တွက်ချက်ကောက်ခံ လျက်ရှိကြောင်း အကောက်ခွန်ဦးစီးဌာန ထုတ်ကုန်သွင်းကုန် ကြီးကြပ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းဆွေက ပြောကြားသည်။

မော်တော်ယာဉ်၊ စက်ယန္တရားများ၊ မော်တော်ဆိုင်ကယ်များ၊ ရေယာဉ်များ၊ ယင်းနှင့်ပတ်သက်သော ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများကို ယခင်ကတည်းက ဒေါ်လာငွေဈေးနှုန်းဖြင့် ကောက်ခံခဲ့ခြင်းဖြစ်ပြီး အခြားကုန်ပစ္စည်းများ တစ်ဒေါ်လာလျှင် ၄၅၀ ကျပ်နှုန်းဖြင့် ကောက်ခံခဲ့ကြောင်း၊ ယခု ပစ္စည်းအားလုံးကို Market Rate အတိုင်း ကောက်ခံနေခြင်းဖြစ်ကြောင်း ဦးသိန်းဆွေက ရှင်းလင်းပြောကြားကြောင်း အပတ်စဉ်ထုတ် The Voice ဂျာနယ် တွင် ဖော်ပြပါရှိသည်။

“Market Rate ကို ပြောင်းလဲသတ်မှတ်လိုက်လို့ ဈေးကွက်အခြေအနေ သိသိသာသာပြောင်းလဲသွားတာမျိုး မတွေ့ရသေးဘူး။ ပြောင်းလည်း မပြောင်းနိုင်ဘူး။ ဘာကြောင့်ဆိုတော့ ကုန်ပစ္စည်းကြိုက်သလောက် သွင်းခွင့် ပေးထားတာကိုး”ပာု ဦးသန်းဆွေက ရှင်းသည်။

ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်လုံးနှင့် သစ်မာခွဲသား၊ ကျောက်စိမ်းနှင့် အဖိုးတန်ကျောက်မျက်ရတနာများမှလွဲ၍ အခြားကုန်ပစ္စည်းများကို မတ်လအတွင်းမှ စတင်ကာ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့ကြောင်း အပတ်စဉ် ထုတ် The Voice ဂျာနယ်တွင် ဖော်ပြပါရှိသည်။

Ref:The Voice

-----------------------------------------------------------------------------------------------------------------------------------

အအေးခန်းစက်ရုံများ လက်ခစားစနစ်ဖြင့် လုပ်ကိုင်ခွင့်စတင်ရရှိ

ပြည်ပနိုင်ငံများမှ ငါး၊ ပုစွန် ကုန်ကြမ်းများကို ပြည်တွင်း အအေးခန်းစက်ရုံများသို့ တင်သွင်း၍ လက်ခစားစနစ်ဖြင့် လုပ်ကိုင်ရန် စမ်းသပ်ကာလ အဖြစ် ပြည်တွင်းရှိ အအေးခန်း စက်ရုံများကို ပထမဆုံးခွင့်ပြုပေးခဲ့ကြောင်း ပြည်တွင်းအအေးစက်ရုံတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“မြန်မာနိုင်ငံမှာ ပြည်ပကုန်ကြမ်းသွင်းပြီးတော့ လက်ခစားစနစ်နဲ့ အအေးခန်းလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိတာ အခု ပထမဆုံးအကြိမ်ပါပဲ။ ဒါပေမယ့် ရေထွက်ကုန်ပစ္စည်းတွေက ရှားပါးတော့ လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် မလုပ်နိုင်သေးဘူး။ လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်နိုင်ပြီဆိုရင်တော့ ဝန် ထမ်းတွေ ထပ်တိုးခေါ်ယူမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ပြည်တွင်းရှိ အအေးခန်းစက်ရုံများအနေဖြင့် စက်စွမ်းအားပြည့် လည်ပတ်နိုင်မည်ဆိုပါက တစ်ရက်လျှင် ၃တန်ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ရေ ထွက်ကုန်ကြမ်းများ ရရှိနိုင်ရန် နိုင်ငံတကာနှင့် ချိတ်ဆက် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း သိရသည်။

“လာမယ့် ၂၀၁၅ မှာ ဖြစ်ပေါ်လာမယ့် အာဆီယံဒေသတွင်း လွတ်လပ်စွာကုန်သွယ်ခွင့်(AFTA) အတွက် ကြိုတင်ပြင်ဆင်တာလို့ ထင်ပါတယ်။ နိုင် ငံတော်အနေနဲ့လည်း လုပ်ငန်းရှင်တွေအပေါ်မှာ ဒီ့ထက်ပိုပြီး လျှော့ပေါ့စေချင်တယ်။ ဒါမှလည်း AFTA မှာ ပြည်ပလုပ်ငန်းရှင်တွေ နည်းတူ ယှဉ်ပြိုင်နိုင်မှာ ပေါ့။ အခုလို ပြည်ပကုန်ကြမ်းပေးပြီး ပြည်တွင်း လက်ခစားစနစ်နဲ့ လုပ်ကိုင်ခွင့်ပေးသလိုမျိုး တခြားလုပ်ငန်းကဏ္ဍတွေကိုလည်း ပေးစေလိုပါတယ်”ပာု ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပြည်ပ ကုန်ကြမ်းသွင်း၍ လက်ခစားစနစ်ဖြင့် ပထမဆုံး လုပ်ကိုင်ခွင့်ရရှိသည့် အအေးခန်းစက်ရုံများမှာ ရွှေယမုံ အအေးခန်းစက်ရုံ၊ မင်းဇာနည် အအေးခန်းစက်ရုံ၊ အဏ္ဏဝါဒေဝီ အအေးခန်းစက်ရုံ၊ GFTI အအေးခန်းစက်ရုံ၊ ဂန္ဒီဝင်း အအေးခန်းစက်ရုံ၊ ဂရင်းဝင်း အအေးခန်းစက်ရုံ၊ ဂရိတ် အအေးခန်း စက်ရုံ၊ ရွှေငါး အအေးခန်းစက်ရုံ၊ တီတီ အအေးခန်းစက်ရုံ၊ မြန်မာစီးဖု အအေးခန်းစက်ရုံ၊ အိုးရှင်း ပာားဘတ် အအေးခန်းစက်ရုံ၊ အေးရှားဝင်းနား အအေး ခန်းစက်ရုံတို့ဖြစ်ကြောင်း သိရသည်။

Ref:Street View

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့အား အဆင့်မြင့်အရာရှိများဖြင့် ပြန်လည်ဖွဲ့မည်ဟု ဦးအောင်မင်းပြောကြား

ဧပြီလ ၂၉ရက်နေ့ နေလည် ၁၂နာရီတွင် နေပြည်တော်၌ ပြည်ထောင်စုအဆင့်ရှိဝန်ကြီး ၃ဦးဖြစ်သည့် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်းနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီတို့မှ သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ် ကြောင်း ယင်းသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သည့် သတင်းထောက်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ထိုသတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု မီးရထားဝန်ကြီး ဦးအောင်မင်းမှ ယခုလက်ရှိတွင် ဖွဲ့စည်းထားသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေး ဆွေးနွေးရေးအဖွဲ့အား ပြန်လည်ဖွဲ့စည်းသွားရန် အစီအစဉ်ရှိကြောင်း ပြောကြားသွားသည်ဟု ၎င်း၏ ပြောပြချက်အရ သိရသည်။

“ဒီသတင်းစာရှင်းလင်းပွဲမှာ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကေအိုင်အေနဲ့ ပတ်သက်ပြီး ပြောနေရာက လက်ရှိမှာ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ကို အသစ်ဖွဲ့စည်းမယ်ဆိုပြီး ထည့်ပြောသွားတာပါ။ အဲဒီလိုမျိုး အသစ်ဖွဲ့ တဲ့နေရာမှာလည်း သူ့ထက် အဆင့်မြင့်တဲ့ အစိုးရအဖွဲ့ဝင်တွေကို ထည့်သွင်းသွားမှာဖြစ်ကြောင်းနဲ့ ယခုလက်ရှိမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက် ပြီး ကေအိုင်အေက လုပ်တဲ့ကိစ္စမှာ အထက်ကအမိန့်က အောက်ဘက်ကိုမရောက်တာကြောင့် အခုလိုမျိုးတွေဖြစ်နေတာပါ ဆိုပြီးလည်း ပြောသွားသေး တယ်”ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီမှ မြန်မာနိုင်ငံတွင် ရက် ၇၀ကြာနေထိုင်နိုင်ပြီး ဒေါ်လာ ၇၀ ကျမည့် စီးပွားရေးဗီဇာအား ဆိုက်ရောက်ဗီဇာအဖြစ် ဇွန်လ ၁ရက်နေ့မှ စတင်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး အာဆီယံနိုင်ငံများအတွက် ဗီဇာအမျိုးအစားအားလုံး ကို ဆိုက်ရောက်ဗီဇာအဖြစ် ထုတ်ပေးရန် အစီအစဉ်ရှိကြောင်း ပြည်တွင်းသတင်းထောက်တစ်ဦး၏ ထပ်မံပြောပြချက်အရ သိရှိရသည်။

ထို့ပြင် ယင်းကဲ့သို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့အား ပြန်လည်ဖွဲ့စည်းရာတွင် တပ်မတော်မှ အရာရှိများ၊ အစိုးရဝန်ကြီးများနှင့် အဆင့်မြင့် အစိုးရအဖွဲ့ဝင်များအား ထည့်သွင်း၍ ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ဖွဲ့စည်းရာတွင် မည်သည့်အဆင့်ရှိသည့် မည်သူများဖြင့် ဖွဲ့စည်း သွားမည်ဆိုသည့် အကြောင်းအရာအား ထည့်သွင်းပြောသွားခြင်း မရှိသေးကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

လယ်ယာစိုက်ပျိုးရေးကဏ္ဍအား အဓိကထား ကူညီမည်ဟု အီးယူအကြီးအကဲတစ်ဦးမှ ပြောကြား

ဧပြီလ ၂၈ရက်နေ့ မနက်ပိုင်းအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဥရောပသမဂ္ဂမှ လက်ထောက်ညွှန်ချုပ် နိုင်ငံခြားရေးနဲ့ မူဝါဒရေးရာ အကြီးအကဲ Catherine Ashtonတို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်သွားကြောင်း NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

“သတင်းစာရှင်းလင်းပွဲမလုပ်ခင်မှာ အရင်ဆုံး NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင်ဆုံးတွေ့ပြီး ဆွေးနွေးမှုတွေ ပြုလုပ်သွားပါတယ်။ ပြီး တော့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေ အမြန်ဆုံး ခိုင်မာအောင်လုပ်ဆောင်ဖို့ အီးယူကနေ ပိတ်ဆို့အရေးယူမှုတွေ ကို ဆိုင်းငံ့လိုက်တာဖြစ်တယ်ဆိုတာကိုလည်း ပြောသွားပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်မှ ပြောသည်။

Catherine Ashton သည် မြန်မာနိုင်ငံအား အီးယူမှ ယူရိုသန်းပေါင်း ရာနှင့်ချီကာ အကူအညီများပေးသွားရန် အစီအစဉ်ရှိကြောင်းနှင့် အဓိကအ နေဖြင့် မြန်မာနိုင်ငံ၏ လယ်ယာမြေစိုက်ပျိုးရေး၌ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးသွားမည်ဖြစ်ကြောင်းကိုလည်း ပြောကြားသွားသေးသည်ဟု သတင်း ဖော်ပြချက်များအရ သိရသည်။

ထို့နောက် ၎င်းသည် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အင်းယားမြိုင်လမ်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးခွဲအား ဧပြီလ ၂၇ရက်နေ့ နေ့ လည် ၃နာရီခွဲတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတို့နှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ထို့ပြင် Catherine Ashton သည် မြန်မာနိုင်ငံသို့ အီးယူမှ အဆင့်မြင့်ဆုံးတာဝန်ရှိသူတစ်ဦးအနေဖြင့် ပထမဦးဆုံးအကြိမ် ရောက်ရှိလာပြီး နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်နှင့် မတွေ့ဆုံရသေးပဲ ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အား တနင်္လာနေ့အထိ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း သတင်းဖော်ပြချက် များအရ သိရသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော့်မှာ လယ် ၁၆ ဧက ရှိပါတယ်။ ဘိုးဘွား လက်ထက်ကတည်းက ပိုင်လာတာပါ အဲဒါကို ဒီမြေတွေက လန (၃၉) ဆိုပြီး ပလပ်မြေဖြစ်တယ်ဆိုပြီး ကျွန်တော်တို့ကို ဖယ်ခိုင်းပါတယ်။ ကန့်ကွက်ရင် အရေးယူမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့မှာ ဟိုးတုန်းကတည်းက တရားဝင်စာရွက်စာတမ်း အပြည့် အစုံ အကုန်ရှိပါတယ်”

မေ ၁ ရက်နေ့ထုတ် New Watch အတွဲ (၇) အမှတ် (၄၃) တွင်ပါသည့် “လှိုင်သာယာမှ လယ်သမားများ လယ်လုပ်ခွင့် ဆုံးရှုံးမည်ကို စိုးရိမ်နေရ”သတင်းမှ လယ်သမားတစ်ဦး ကိုရဲခိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့နိုင်ငံမှာ အရင်က တရားဝင်နိုင်ငံခြားငွေ လဲလှယ်တဲ့ ကောင်တာတွေ မရှိသေးလို့ မှောင်ခိုဈေး ကွက်ကို အားကိုးနေရတာကတော့ မှန်တယ်။ ဒါပေမဲ့ အခုချိန်မှာ မှောင်ခိုဈေးကွက်ကြီးက မလိုအပ်တော့ဘူး။ မလိုအပ်တော့တဲ့အပြင် ရှိလည်းရှိမနေသင့်တော့ဘူး။ ဘာလို့လဲဆိုတော့ တရားမဝင် နိုင်ငံ ခြာငွေလဲလှယ်ကောင်တာတွေက ဈေးကွက်ပေါက်ဈေးအတိုင်း တိတိကျကျ ဆောင်ရွက်တယ်။ မှောင်ခိုဈေးကွက်ထဲက ပွဲစားတွေကတော့ ဈေးကွက် ပေါက်ဈေးထက် ပိုရမယ်ဆိုပြီး လာရောင်းတဲ့သူကို မက်လုံးပေးတယ်။ ဝယ်ချင်တဲ့သူတွေကိုဆိုရင်လည်း ဈေးကွက်ပေါက်ဈေးကို နှစ်ရာလောက်ပိုတင်ပြီး ဝယ်ရောင်းလုပ်တယ်။ သူတို့ဒီလိုလုပ်တော့ ပြည်သူတွေအနေနဲ့လည်း နစ်နာတယ်။ ပြီးတော့ တရားဝင်ဈေးကွက်ထဲကို စီးဝင်ရမယ့် နိုင်ငံခြားငွေ တွေဟာ လည်း မစီးဝင်တော့ဘဲ မှောင်ခိုဈေးကွက်ထဲမှာပဲ တဝဲလည်လည် ဖြစ်နေတော့တယ်။ ဒါကြောင့် ဒီလို မှောင်ခိုဈေးကွက်ကြီးကို နိုင်ငံတော် ဗဟိုဘဏ်ရဲ့ စီ စဉ်မှုနဲ့ တိုက်ဖျက်ပေးစေချင်တယ်ဗျာ”

မေ ၁ ရက်နေ့ထုတ် New Watch အတွဲ (၇) အမှတ် (၄၃) တွင်ပါသည့် “နိုင်ငံခြားမှောင်ခိုဈေးကွက်ကြောင့် ပြည်သူများကြား နစ်နာမှုဖြစ်ပေါ်နေ” သ တင်းမှ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှ အငြိမ်းစားအရာရှိတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့ ဆေးပညာအဆင့်အတန်း ဘာကြောင့် နိမ့်ကျလာသလဲဆိုတာကတော့ အထူးပြောစရာ မလိုတော့ပါဘူး။ သင်ကြားရေး အထောက်အကူပြု နည်းပညာတွေချို့တဲ့တာ၊ တကယ်သိ၊ တကယ်တတ်၊ တကယ်တော်တဲ့ ဆရာတွေရှားပါးကုန်တာ၊ ဆေးပညာကို ဂုဏ်ရှိရုံ၊ ပေါ်ပြူလာဖြစ်ချင်ရုံ သက် သက် သင်ကြားနေတဲ့သူတွေများ လာတာ။ ဆေးကျောင်းတော့တက်ပါရဲ့ ဆေးပညာကို ထူးချွန်အောင်လုပ်ဖို့ မကြိုးစားကြတော့ဘဲ မိမိနာမည်နောက်က ဂုဏ်ရှိတဲ့ ဘွဲ့တစ်ခုတပ်ရရုံသက်သက်လောက် သဘောထားပြီး သင်ကြားသူတွေ များလာတာတွေကြောင့်လည်း ပါတယ်။ တကယ်တတ်၊ တကယ်တော် တဲ့ သူတွေခေတ်အခြေအနေကြောင့် နေရာမရခဲ့တဲ့သူတွေလည်း ပါတယ်။ ပါရာစီတမော့လ်နဲ့ ဘိုင်အိုဂျက်ဆစ်တောင် အတူတူပဲလို့ မသိတဲ့သူတွေကြောင့် မြန်မာပြည်ဆေးပညာအဆင့်အတန်းဟာ လျော့ကျသွားတာပါ။ ကျွန်တော်တို့ လူမျိုးတွေရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ တီတွင်မှုဟာ ကမ္ဘာနဲ့ယှဉ်ရင် မညံ့ပါဘူး။ ဒါ ပေမယ့် လုပ်ခွင့်၊ လုပ်ပိုင်ခွင့် ကျဉ်းမြောင်းလာတာနဲ့အမျှ အေးပြီးရောသဘောမျိုး၊ အဲဒီစိတ်ဓာတ်မျိုးရှိသူတွေ ဆေးလောကမှာ များလာတဲ့အတွက်၊ ဆေး ပညာရေးလောကမှာ များလာတဲ့အတွက်လို့ ကျွန်တော်ပြောရမှာပဲ”

ဧပြီ ၂၇ရက်နေ့ထုတ် First Weekly အတွဲ (၁) အမှတ် (၂၅) တွင်ပါသည့် “မြန်မာနိုင်ငံရဲ့ ဆေးပညာအဆင့်အတန်းဟာ တစ်ချိန်က ကမ္ဘာ့ ထိပ်တန်းအဆင့်မှာ ရပ်တည်နိုင်ခဲ့သော်လည်း ယခုအခါ……..တွင်ရောက်ရှိနေ”သတင်းမှ အထူးကုဆရာဝန်ကြီးတစ်ဦး၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

**************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs