Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၎.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ကျွန်တော်တို့၏ ဇတ်လိုက်ကျော်များ

*****************************************

ဆောင်းပါးကဏ္ဍ

ကျွန်တော်တို့၏ ဇတ်လိုက်ကျော်များ

(Popular News ဂျာနယ် No. 16 Vol 1.4 April 26,2012 မှ ကောက်နုတ်ဖော်ပြချက်)

သင်းသင်းသာ

ဘဝစာမျက်နှာများ၏ ဇာတ်လိုက်ကျော်များကို ပြပါဆိုလျှင် ကိုယ့်ရဲ့အခက်အခဲများကို ကူညီပေးနေသူ၊ ဖြေရှင်းပေးနေသူများပင် ဖြစ်လိမ့်မည်။ ကျွန်မတို့ကဲ့သို့ အသံမဲ့သည့်  ပြည်သူများ၏ မျှော်လင့်ချက်ကို နားလည်နိုင်စွမ်းရှိသူများသည်လည်း ကျွန်မတို့၏ ဇာတ်လိုက်ကျော်များပင် ဖြစ်လိမ့်မည်။ အသံအိုးထဲမှာပျောက်ဆုံးနေသည့် အသံများကို…ပွင့်ထွက်လာစေရန် သင်ကြားပေးသူများသည်လည်း ကျွန်မတို့၏ ဇာတ်လိုက်ကျော်အစစ်များပင် ဖြစ်နေ တော့သည်။

ဇတ်လိုက်ဆိုသည်မှာ

ဇာတ်လိုက်ဆိုသောနာမ်စားသည် ကျွန်မတို့ကိုယ်တိုင် ဖြစ်နိုင်သလို သင်တို့ကိုယ်တိုင်လည်း ဖြစ်နိုင်ပါသည်။ မိသားစုအတွက် အသုံးဝင်နေသူ၊ သူငယ်ချင်းမိတ်ဆွေများအတွက် အသုံးဝင်နေသူ၊ မိဘဆွေမျိုးများအတွက် အသုံးဝင်နေသူများသည် လူတစ်ဦးချင်းစီ၏ ဇာတ်လိုက်များ ဖြစ်နေကြသည်။ ဥပေက္ခာမထားဘဲ  နှလုံးသားချင်းနီးကပ်ရန် စောင့်ရှောက်ချင်စိတ် ရှိနေသူများအားလုံးသည် ဇာတ်လိုက်များ ဖြစ်ကြသဖြင့် ကျွန်မတို့အားလုံး ဇာတ်လိုက် ဖြစ်နိုင်ပါသည်။

လွှတ်တော်ထဲမှာ

ယနေ့ ကျွန်မလုပ်ကိုင်နေရသော အလုပ်သည် မီဒီယာအလုပ် သတင်းထောက်အလုပ် ဖြစ်နေသည်။ နေပြည်တော်သို့ ပထမအကြိမ် တတိယ ပုံမှန်လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်ရင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ထိဆက်ဆံခွင့် ရခဲ့သည်။ နိုင်ငံ ရေးသတင်းထောက်ဖြစ်ခွင့် လပိုင်းမျှသာရှိသေးသည့် ကျွန်မအတွက် လွှတ်တော်ကိုယ်စားလှယ်များကို နာမည်နှင့်လူနှင့် တွဲ၍ မသိခဲ့ပါ။ လွှတ်တော်မင်း သားကြီးများဟု တင်စားခေါ်နေကြသည့် ဦးသိန်းညွန့်၊ ဒေါက်တာအေးမောင်၊ ဦးခိုင်မောင်ရည်၊ ဦးကြည်မြင့် (လသာ) တို့လောက်သာ နာမည်နှင့်လူ တွဲ၍ သိသည်။ နာမည်သိပြီး လူမသိသူများက ခပ်များများ   ဖြစ်နေမိသည်။

ဘာမေးမှာလဲ

ထိုလွှတ်တော် အစည်းအဝေးကြီးများထံသို့ ကျွန်မအစီအစဉ်မရှိဘဲ သတင်းယူခွင့် ရခဲ့တော့သည်။ လွှတ်တော်ကိုယ်စားလှယ်များကို ကျွန်မ ဘာမေးမှာလဲ! အားလုံးက NLD မလာခြင်းကိစ္စ၊ လူ့အခွင့်အရေးကော်မရှင် ရှိခြင်းကို ဒေါ်နန်းစာနုက ကန့်ကွက်ပြီးနောက်ပိုင်း…လွှတ်တော်၏ ကော်မတီ ကော်မရှင် အဖွဲ့များအား (ပြည်ထောင်စုအဆင့်) ဝန်ကြီး၊ ဒုတိယဝန်ကြီးအဆင့်အဖြစ် မသတ်မှတ်ရေးကိစ္စ၊ တပ်မတော်သားကိုယ်စားလှယ်များ ပြောင်းလဲ သွားသည့်ကိစ္စ စသဖြင့်စသဖြင့် သတင်းထောက်များက ကျွန်မအထက်ကပြောခဲ့သည့် လွှတ်တော်မင်းသားများထံ စုပြုံမေးနေကြသည်။ (ကျွန်မအတွက် အထူး) မေးစရာမလို။ ကက်ဆက်လေးထိုးရုံဖြင့် အဆင်ပြေမည်။ သို့သော်..ကျွန်မထိုသို့ မလုပ်ခဲ့။ ကျန်နေသေးသည့် လွှတ်တော်ကိုယ်စားလှယ်များကို သာ ချောင်းကြည့်နေမိခဲ့သည်။

ကရင်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် နန်းစောအွာ

ထမင်းစားဆောင်မှ ထွက်လာသော ကရင်အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်အား ကျွန်မဓာတ်ပုံရိုက်ပြီး နှုတ်ဆက်လိုက်သည်။ ထိုသို့နှုတ် ဆက်အပြီး ကျွန်မ နှုတ်ခမ်းဖျားသို့ ရုတ်တရက်လာသည့် မေးခွန်းကို ထုတ်မေးမိသည်။ ”အစ်မရေအစ်မတို့ ကရင်ပြည်နယ်က ပြည်သူအတွက် လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘာတွေ လုပ်ပေးပြီးခဲ့ပြီလဲ”ဟု စတင်မေးလိုက်မိသည်။  သူမက ပညာရေး၊ ကျန်းမာရေးအတွက် လုပ်ကိုင်ပေးနေပုံ၊ ပြည်သူတွေရဲ့ ကြုံတွေ့နေရသည့် အခက်အခဲများကို လေ့လာပြီး ဖြေရှင်းပေးနေပုံတို့ကို ပြောပြခဲ့သည်။ ထို့နောက် (ပြည်သူ့ကိုယ်စားလှယ် တစ်ဦးအနေ ဖြင့် လွှတ်တော်၌) လတ်တလော နောက်ဆုံးမေးခဲ့သည့်   မေးခွန်းကို မေးမြန်းခဲ့ရာ သူမ၏မေးခွန်းမှာ ကြယ်ပွင့်ပြမေးခွန်း မဖြစ်ခဲ့ကြောင်း၊ အိတ်ပိတ်ဖြင့် သာ ဖြေကြားခံရကြောင်း၊ ဝါးလုံးတားပြီး လမ်းတံတားဂိတ်ကြေးကောက်ခံသူများ လျော့ပေးဖို့ မေးသည့်မေးခွန်းအား ဝါးလုံးတားဂိတ်မရှိဘူးဟုသာ ဖြေ ကြားခံခဲ့ရကြောင်း၊ မေးခွန်းတခြားအဖြေတခြားဖြစ်ကြောင်း၊ ထိုဂိတ်များရှိနေခြင်းကို သူမကိုယ်တိုင် ကွင်းဆင်းပြီးလေ့လာထားကြောင်း၊ ဂိတ် ၃ဝ ထိရှိနေ ခြင်းမှ လျော့ပေါ့ပေးစေလိုကြောင်း ဖြေကြားခဲ့သည်။

ကချင်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ

ကချင်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူမှလည်း သူမမေးထားသည့်မေးခွန်းကို မဖြေကြားသေးကြောင်း၊ သူမမေးထားသည့်မေးခွန်း အား မဖြေကြားဘဲ ဝန်ကြီးဌာနမှဆင်း၍ စီမံချက်လုပ်ငန်းများကိုလုပ်ကိုင်နေကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကမေးလာ၍ အရေးယူဆောင်ရွက်နေ မှုကို လွှတ်တော်၌ မှတ်တမ်းတင်လိုကြောင်း ပြောကြားခဲ့ပါသည်။ သူမမေးသည့်မေးခွန်းမှာ ကချင်ပြည်နယ်၌ အကြီးစားဘိန်းရောင်းသည့်သူများကို ဖမ်းဆီးပေးစေလိုကြောင်း၊ အမှိုက်ပုံးများထဲတွင် ဆေးထိုးအပ်များကိုတွေ့နေရကြောင်း၊ သူမအနေဖြင့် ဥပဒေပညာရှင်ပီပီ ဘိန်းရောင်းသူများ၏ အရင်း အမြစ်ကို အမြစ်ပြတ်သည်အထိ ဖြေရှင်းပေးစေလိုကြောင်း   ပြောကြားခဲ့ပါသည်။

ပါတီမှအမျိုးသမီးတစ်ဦး

ကျွန်မအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များကို ချောင်းကြည့်ရန်အတွက် အားလပ်ချိန်တွင် စုရုံးနေကြသည့် လွှတ်တော်ကိုယ်စားလှယ်များ အနီးသို့ မယောင်မလည်ဖြင့်သွားခဲ့သည်။ ရင်ထိုးအဝိုင်း တပ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက အခြားလွှတ်တော်ကိုယ်စားလှယ်များအား သူမရေးထား သည့် စာရွက်အား ပြနေသည်။ အားလုံးကဝိုင်းဖတ်ပြီး “ကောင်းလိုက်တာ” ဆိုသည့်အသံကို ကြားခဲ့ရသည်။ ထိုအခါ စာရေးသားခဲ့သူ လွှတ်တော်ကိုယ်စား လှယ်မှ ကိုယ်အိမ်မက်ထဲမှာ ဒီတစ်ခါ လွှတ်တော်တက်ရင် ဘာတင်ရရင်ကောင်းမလဲ ရှာနေတုန်း  ဒီကိစ္စကိုသွားတွေ့တာ ဒီကိစ္စကိုအဖြေရှာပေးနိုင်ရင် အ ကျိုးရှိလိမ့်မယ်လို့ လက်ခနဲတွေးမိသွားတယ်။ ပြန်တောင်မအိပ်တော့ဘဲနဲ့ (တစ်ခါတည်းထရေးတယ်) ပုဒ်မတွေလည်းရှာခဲ့တာပေါ့။  ဒီတစ်ပတ်မှာလည်း (လွှတ်တော်ကို) တင်စရာရသွားပြီ။ သူမ၏ဟန်ပန်က လူငယ်လေးတစ်ဦးကဲ့သို့ တက်ကြွနေသည်။ သူမရရှိထားသောရတနာအတွက် ဂုဏ်ယူမဆုံးဖြစ်နေ သည်။ သူမတို့ (အမျိုးသမီး)အဖွဲ့ကိုကြည့်ရင် ကျွန်မလည်း ဂုဏ်ယူစွာဖြင့် သူမတို့အနားသို့ကပ်ခဲ့သည်။ အစ်မရေ အစ်မရေးထားတဲ့ မေးခွန်းလား (အဆိုလား) ညီမကိုဓာတ်ပုံရိုက်ခွင့်ပြုပါလား။  ပြည်သူတွေအတွက် တင်ပြလို့ရတာပေါ့ဟု ပြောခဲ့မိသည်။  ပြည်သူတွေအတွက် လုပ်ပေးမည်ဆိုလျှင် ကျွန်မအနေဖြင့် ကျေနပ်ရပေမည်။

ရိုးသားမှုကိုအခြေခံ

မည်သို့ပင်ဖြစ်စေ ကျွန်မထိတွေ့ခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်အများစုတွင် နိုင်ငံရေးပရိယာယ်မရှိကြောင်း ဖမ်းစားမိခဲ့သည်။ သူတို့လာ သည့် မြို့ရွာဒေသအသီးသီးမှ အဆင်မပြေမှုများ၊ ပြဿနာများကိုသာ ကိုယ့်ဒေသခံများအတွက် တောင်းဆိုဖို့ တစ်စုတဝေးတည်းရောက်နေကြောင်း သိ ခွင့်ရလိုက်သည်။ မြန်မာလူမျိုးပီပီ ရိုးသားမှုအခြေခံသည့် နိုင်ငံရေးစိတ်ဓာတ်ဖြင့်သာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဖြူဖြူစင်စင် တွေ့ခွင့်ရသည့် အတွက် ကျွန်မ ကြည်နူးမိသည်။  သူတို့အားလုံးသည် ကျွန်မတို့၏ ဇာတ်လိုက်ကျော်များဖြစ်ကြောင်း၊ ကျွန်မတို့၏ ပျောက်ဆုံးနေသောအသံများကို ပြန် ခေါ်ပေးနေသော၊ ကျွန်မတို့၏ ပြဿနာများကို ဖြေရှင်းပေးနေသောသူများဖြစ်ကြောင်း လွှတ်တော်တံခါးဝများမှ ချောင်းကြည့်ပြီး သိခွင့်ရခဲ့သည်။ ရိုးသား သည့် နိုင်ငံရေး စိတ်ဓာတ်များသာ တိုးပွားနိုင်ပါစေ…

စကားချပ် – လွှတ်တော်ပြင်ပရှိဇာတ်လိုက်ကျော်များကိုလည်းမမေ့ပါ။ နောင်အလျဉ်းသင့်သည့်အခါ မှတ်တမ်းတင်ပါဦးမည်။

 *****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၎. ၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. စာနယ်ဇင်းဥပဒေအား ပြဋ္ဌာန်းပေးသွားပြီး အွန်လိုင်းမီဒီယာများ မှတ်ပုံတင်ခွင့်ပြုမည်ဟု ဒုဝန်ကြီးပြော
  2. နေပြည်တော်ရှိ ပိာုတယ်များ လုံခြုံရေးတိုးမြှင့်ရမည်
  3. ဂျီအက်စ်အမ်ဖုန်းများ အင်တာနက်ဝန်ဆောင်မှု ၇ရက်နေ့တွင် စတင်ရရှိမည်ဖြစ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အလုပ်သမားနေ့အထိမ်းအမှတ်ကျောက်တိုင်အား ပြန်လည်ရှင်းလင်း၍ မေဒေးနေ့ကျင်းပ
  2. ၈၈ကျောင်းသားများမှ တောင်ကြီးတွင် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲပြုလုပ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

စာနယ်ဇင်းဥပဒေအား ပြဋ္ဌာန်းပေးသွားပြီး အွန်လိုင်းမီဒီယာများ မှတ်ပုံတင်ခွင့်ပြုမည်ဟု ဒုဝန်ကြီးပြော

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်းမှ အွန်လိုင်းမီဒီယာများနှင့် ပတ်သက်၍ အခြားမီဒီယာများကဲ့သို့ မှတ်ပုံတင်ခွင့်ပြုလုပ်နိုင်ရန် ၎င်းတို့အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခြေအနေတွင် ပြည်တွင်းရှိ အွန်လိုင်းမီဒီယာများသည် စာပေစိစစ်ရေးသို့ တင်စရာမလိုဘဲ ဖော်ပြနေ ကြကြောင်းနှင့် မကြာမီ စာနယ်ဇင်းဥပဒေနှင့်ပတ်သက်၍ လွှတ်တော်သို့ပြဋ္ဌာန်းပြီးပါက ယင်းကဲ့သို့ မှတ်ပုံတင်ခြင်းကိစ္စရပ်အား ပြုလုပ်မည်ဖြစ်ကြောင်း မေလ ၃ရက်နေ့၌ မနက် ၉နာရီတွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (Word Press Freedom Day)အခမ်းအနား၌ ပြောကြားသွား ကြောင်း ယင်းပွဲသို့တက်ရောက်သည့် စာနယ်ဇင်းမီဒီယာသမားတစ်ဦးထံမှ သိရသည်။

“ဒုဝန်ကြီးပြောသွားတဲ့အထဲမှာတော့ အရင်ဆုံး လွှတ်တော်ကို သတင်းမီဒီယာဥပဒေမူကြမ်း အတည်ပြုပြီးတဲ့အချိန်မှာ အွန်လိုင်းမီဒီယာတွေကို မှတ်ပုံတင်ဖို့ကိစ္စနဲ့ပတ်သက်ပြီး လုပ်ဆောင်ပေးမယ်လို့ ပြောသွားပါတယ်။ ပြီးတော့ လောလောဆယ်မှာ အွန်လိုင်းမီဒီယာတွေက စာပေစိစစ်ရေးကို တင်စရာမလိုပဲ ရေးသားနေကြတာဖြစ်တယ်ဆိုတာကိုလည်း ပြောသွားသေးတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သတင်းသမားတွေအနေနဲ့ ကျင့်ဝတ်တွေ အတတ် ပညာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ကိုလည်း ဥပဒေထဲမှာ ထည့်သွင်းဖော်ပြထားကြောင်းနဲ့ လွတ်လပ်တဲ့ စာနယ်ဇင်းသတင်းဆရာများအသင်းတွေ မြန်မာနိုင်ငံ စာရေးဆရာများအသင်းတွေ ပြန်ဖွဲ့စည်းဖြစ်အောင်လည်း ကူညီပေးပါတယ်ဆိုတဲ့အကြောင်း ထည့်သွင်းပြောကြားသွားပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်မှ ပြောသည်။

ထို့ပြင် ပြည်တွင်းပြည်ပစာနယ်ဇင်းသမားများမှလည်း မှတ်ပုံတင်သည်မှစ၍ ပုံနှိပ်ထုတ်ဝေဖြန့်ချီသည်အထိ ဆင်ဆာမရှိသင့်ကြောင်းနှင့် ပတ် သက်၍လည်း မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီမှ သဘောထားတစ်ရပ်အား ထုတ်ပြန်ကြေညာလိုက်ကြောင်း သတင်းရရှိ သည်။

ထို့နောက် ယင်းသဘောထားထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဒုတိယဝန်ကြီး ဦးစိုးဝင်းမှ စာနယ်ဇင်းဥပဒေထဲတွင် မလိုလားအပ်သည့် ဥပဒေများ အား ပြန်လည် ပယ်ဖျက်သွားမည်ဖြစ်ကြောင်းနှင့် စာနယ်ဇင်းဥပဒေကိုလည်း ပြဋ္ဌာန်းပေးသွားမည်ဖြစ်ကြောင်း ၎င်းမှ ပြောကြားသည်။

ယင်းအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးစိုးဝင်းမှ ဖိတ်ကြားထားသည့် ပြည်တွင်းပြည်ပမီဒီယာသမားများမှ တက်ရောက်ခဲ့ကြပြီး ၁၉၉၃ခုနှစ် ဒီဇင် ဘာလအတွင်း ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မေလ ၃ရက်နေ့အား ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အဖြစ် သတ်မှတ်ပေးခဲ့သည် ဟု သတင်းများအရ သိရှိရပြီး ယင်းအခမ်းအနားအား UNESCO အဖွဲ့မှ နှစ်စဉ်ကျင်းပပေးလေ့ရှိကြောင်း သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

နေပြည်တော်ရှိ ပိာုတယ်များ လုံခြုံရေးတိုးမြှင့်ရမည်

နေပြည်တော်ရှိ ပိာုတယ်များ လုံခြုံရေးတိုးမြှင့်သွားရမည်ဖြစ်ကြောင်း ၂၀၁၂ ဧပြီ ၂၇ ရက်နေ့တွင် နေပြည်တော်ရှိ ရွိုင်ရယ်ပာိုတယ်၌ ကျင်းပခဲ့ သည့် လုံခြုံရေးဆိုင်ရာအစည်းအဝေးတွင် ပိာုတယ်နှင့် ခရီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားသည်။

“ဒီစည်းဝေးပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ၊ နေပြည်တော်မှာရှိတဲ့ ပိာုတယ်အသီးသီးက အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတွေနဲ့ လုံခြုံ ရေးခေါင်းဆောင်တွေက ဆွေးနွေးပြီး နေပြည်တော်မှာရှိတဲ့ ပိာုတယ်တွေကို လုံခြုံရေးတိုးမြှင့်ဖို့အတွက် ဝန်ကြီးက မှာကြားခဲ့တာပါ။ နေပြည်တော်မှာရှိတဲ့ ပိာုတယ်တွေမှာ ခုနှစ်ပေအမြင့်ရှိတဲ့ ခြံစည်းရိုးတွေ ကာရံထားရမယ်လို့ ညွှန်ကြားထားပေမယ့် ဒီလိုမျိုး လုံခြုံရေးအပြည့်လုပ်ဆောင်တဲ့ ပိာုတယ်တွေက တော့ နည်းပါးပါတယ်”ပာု ယင်းအစည်းအဝေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက ဆိုသည်။

နေပြည်တော်ရှိ ပိာုတယ်များတွင် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် ဧပြီလအတွင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စစ်တမ်းတစ်ရပ်ကောက်ယူခဲ့ပြီး သင်္ဂဟ၊ မန်းမြန်မာနှင့် ဇမ္ဗူသီရိဟိုတယ်တို့တွင်သာ လုံခြုံရေး အပြည့်အဝလုပ်ဆောင်ထားကြောင်း စစ်တမ်းများ၌ ဖော်ပြ ခဲ့သည်။

“နေပြည်တော်မှာရှိတဲ့ ပိာုတယ်ဝင်ပေါက်တွေမှာ CCTV ကင်မရာတွေ ထပ်တိုးတပ်ဆင်ဖို့အတွက် ဝန်ကြီးက မှာကြားခဲ့ပါတယ်။ ပြီးတော့ နေပြည်တော်ပိာုတယ်တွေမှာ အခန်းသော့စနစ်တွေကို ကွန်ပျူတာစနစ်အဖြစ် အမြန်ဆုံးပြောင်းလဲဖို့နဲ့ ဒီပာိုတယ်တွေမှာ လာရောက်တည်းခိုသူတွေကို ဝန် ဆောင်မှုအပြည့်ပေးဖို့အတွက်လည်း မှာကြားခဲ့ပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

နေပြည်တော်ရှိ ပိာုတယ်အချို့တွင် လုံခြုံရေးဆိုင်ရာ အားနည်းချက်များကြောင့် ပစ္စည်းပျောက်ရှမှုများကို မကြာခဏကြုံတွေ့ရလေ့ ရှိသည့် အတွက် ပာိုတယ်များတွင် လုံခြုံရေးဆိုင်ရာ သတိပေးချက်များကို အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာများဖြင့် စာများကပ်၍ သတိပေးထားပြီး ဧည့်သည် များ၏ တန်ဖိုးကြီးပစ္စည်းများ သိမ်းဆည်းနိုင်ရန် နေပြည်တော်ပိာုတယ်များတွင် Safe Box များထားရှိကြောင်း သိရသည်။

Ref:မြန်မာတိုင်းမ်

-----------------------------------------------------------------------------------------------------------------------------------

ဂျီအက်စ်အမ်ဖုန်းများ အင်တာနက်ဝန်ဆောင်မှု ၇ရက်နေ့တွင် စတင်ရရှိမည်ဖြစ်

ဂျီအက်အမ်ဖုန်းများ အင်တာနက်ဝန်ဆောင်မှုအား ထက်ဝက်လျော့ချ၍ ၅လပိုင်း ၇ရက်နေ့တွင် ချပေးမည်ဆိုသည့် ကြေညာချက်တစ်စောင်အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မေလ ၂ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“စမှာကတော့ ၇ရက်နေ့မှ စဖွင့်မှာပါ။ ဂျီအက်စ်အမ်ဖုန်းတွေမှာ အင်တာနက်တပ်ဆင်တဲ့အခါ လွယ်ကူစေအောင်လို့ ဆိုင်ကြီးတစ်ချို့ကိုလည်း ချ ပေးထားမှာပါ။ ဆက်သွယ်ရေးရုံးမှာ လျှောက်လဲရပါတယ်။ ပြီးတော့ အင်တာနက်သုံးစွဲခကိုလည်း ဂျီအက်စ်အမ်တွေမှာ တပ်ဆင်သုံးစွဲတဲ့အခါ ယခင်နှုန်း ထားထက် တစ်ဝက် လျော့ချပေးထားပါတယ်”ဟု ၎င်းမှ ပြောသည်။

ထို့နောက် အင်တာနက်ဝန်ဆောင်မှုပေးရာတွင် ဂျီအက်စ်အမ်ဖုန်းများသာမက WCDMA (3G)နှင့် CDMA (EVDO) တို့တွင်လည်း တပ်ဆင် အသုံးပြုနိုင်ပြီး ဂျီအက်စ်အမ်အင်တာနက်တပ်ဆင်ခအား ၁၀၀၀၀ကျပ်နှင့် အသုံးစွဲခ တစ်မိနစ်လျှင် ၂ကျပ်နှုန်း၊ WCDMA (3G)အား အင်တာနက်တပ်ဆင် ခ ၁၀၀၀၀ကျပ်နှင့် အသုံးပြုခတစ်မိနစ် ၄ကျပ်ဖြင့် သတ်မှတ်ထားပြီး CDMA (EVDO)ကို အင်တာနက်တပ်ဆင်ခ ၃၀၀၀၀ကျပ်နှင့် သုံးစွဲခ တစ်မိနစ်လျှင် ၄ ကျပ်နှုန်းဖြင့် သတ်မှတ်ထားကြောင်း ယင်းထုတ်ပြန်ကြေညာချက်မှ သိရသည်။

ထို့ပြင် ယင်းဖုန်းများ အင်တာနက်တပ်ဆင်လျှင် လွယ်ကူစေရန် မြို့တွင်းရှိ ဖုန်းဆိုင်အချို့အား ချထားပေးမည်ဖြစ်ပြီး မကြာသေးမီက ထုတ်လုပ် ဖြန့်ချီလိုက်သည့် ၂သိန်း/၂သိန်းခွဲတန်ဖုန်းများလည်း ပါဝင်ကြောင်းနှင့် သက်ဆိုင်ရာဌာနများကိုလည်း ဆောင်ရွက်ရမည့်ကဏ္ဍများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရန် အကြောင်းကြားထားသေးကြောင်း ယင်းကြေညာချက်ထဲမှ ဖော်ပြချက်အရ သိရှိရသည်။

ATM

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အလုပ်သမားနေ့အထိမ်းအမှတ်ကျောက်တိုင်အား ပြန်လည်ရှင်းလင်း၍ မေဒေးနေ့ကျင်းပ

မြန်မာနိုင်ငံတွင် တစ်ခုတည်းရှိသည့် ချောက်မြို့နယ်၌ ပြုလုပ်ထားသည့် အလုပ်သမားနေ့ အထိမ်းအမှတ်ကျောက်တိုင်တွင် အလုပ်သမားနေ့ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်ဟု ယင်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ပထမတော့ မေဒေးကျောက်တိုင်က ခြုံတွေနဲ့ဖုံးနေတာ။ အဲဒါ ချောက်မြို့နယ်မှာရှိတဲ့ ကျွန်တော်တို့ပါတီက မြို့နယ်စည်းရုံးရေးကော်မတီက သက်ဆိုင်ရာကို ကျောက်တိုင်ရှင်းလင်းခွင့်တောင်းပြီး အလုပ်သမားနေ့မတိုင်ခင် အပြီးရှင်းလင်းပြီးတော့ ကျင်းပပြုလုပ်တာဖြစ်ပါတယ်”ဟု ၎င်းမှ ပြော သည်။

ယင်းအခမ်းအနားဖြစ်မြောက်ရေးအတွက် ချောက်မြို့နယ်ရှိ NDFပါတီမှ မြို့နယ်စည်းရုံးရေးကော်မတီမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာသို့ ထိုကျောက်တိုင်အား ပြန်လည်ရှင်းလင်း၍ အလုပ်သမားနေ့အခမ်းအနားအား ကျင်းပခွင့်ပြုရန် ဓာတ်ပုံအထောက်အထားများနှင့် ပြန်လည်ရှင်းလင်းခွင့်စာ အား သက်ဆိုင်ရာသို့ တင်ပြခဲ့ပြီး သက်ဆိုင်ရာမှ ရှင်းလင်းခွင့်ပြုသောကြောင့် ကျင်းပမည့်နေ့မတိုင်မီ အပြီးရှင်းလင်းခဲ့ပြီး အလုပ်သမားနေ့အခမ်းအနား အား ယင်းကျောက်တိုင်အရှေ့တွင် ပန်းခြင်းများချိတ်ဆွဲ၍ ကျင်းပပြုလုပ်ခဲ့ကြသည်ဟု ၎င်း၏ပြောပြချက်အရ သိရသည်။

ထို့ပြင် ယင်းအခမ်းအနားသို့ NDFပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီတို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်ဟုလည်း သတင်းရရှိသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

၈၈ကျောင်းသားများမှ တောင်ကြီးတွင် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲပြုလုပ်

မေလ ၃ရက်နေ့ မနက် ၉နာရီခွဲအချိန်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရောက်ရှိနေကြသည့် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ သည် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအဝေးခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုအား ရှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုခန်းမ၌ ကျင်းပပြု လုပ်ကြောင်း ယင်းအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ဒီပွဲမှာ အရင်ဆုံး ကျွန်တော်တို့ထဲက အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုဂျင်မီက တစ်ဦးချင်းစီကိုလိုက်ပြီး မိတ်ဆက်ပေးတယ်။ ပြီးတော့ တက်ရောက်လာတဲ့ ဒေသခံပြည်သူတွေက ရင်းနှီးပွင့်လင်းစွာနဲ့ မေးမြန်းဆွေးနွေးကြပါတယ်။ အဲဒီလိုဆွေးနွေးကြတဲ့အခါမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုဌေးကြွယ်တို့က ဦးဆောင်ပြီး ဆွေးနွေးမှုတွေပြုလုပ်ကြပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်မှ ဆက်လက်ပြောကြားသည်။

ထို့ပြင် ၎င်းတို့သည် ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအား ရည်စူး၍ ငှက်လွှတ်ဆုတောင်းမှုများကို အခမ်းအနားမစတင်မီအချိန် တွင် ပြုလုပ်၍ ဒီမိုကရေစီအရေးတွင် ကျရှုံးသွားကြသည့် သူများအား ဂုဏ်ပြုပန်းများချခြင်းတို့ကိုလည်း ပြုလုပ်သွားသည်ဟု ယင်းပွဲသို့ တက်ရောက်သည့် ဒေသခံတစ်ဦး၏ ပြောပြချက်အရ ထပ်မံသိရှိရသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကုန်စည်ပို့ဆောင်တဲ့နေရာမှာ လမ်းတံတားကြေးတွေကို အကြောင်းပြပြီး သယ်ယူခနှုန်းထားတွေကို လိုတာထက် ပိုမိုတောင်းခံနေရင် ကုန်စည်စီးဆင်မှုနဲ့ ကုန်ဈေးနှုန်းကို ထိခိုက်နိုင်တာကြောင့် အသင်းအနေနဲ့ အမြဲမပြတ် ကြပ်မတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကုန်စည်ထွက်တဲ့ ဒေသကနေ စားသုံးသူရှိတဲ့ ဒေသကို ပို့တဲ့အခါမှာ သယ်ယူစရိတ်ကြီးမြင့်ခြင်း၊ ကြားခံအဆင့်များပြားခြင်းတွေကြောင့် သယ်ယူတဲ့လမ်းခရီးမှာ မလိုလားအပ်တဲ့ အတားအဆီးတွေ ဖြစ် နိုင်တာကြောင့် ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်”

မေ ၄ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၉) အမှတ် ၅၆၇ တွင်ပါသည့် “အာဆီယံဒေတွင်းပို့ဆောင်ရေးကဏ္ဍ အဆင့်မြင့်တင်ရန်လို”သတင်းမှ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်းရေးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ဦးအောင်မင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်တက်ရေး၊ မတက်ရေး ခဏခဏမေးနေတဲ့ကိစ္စဆိုတော့ အခုဒီအတွက် အဖြေရ ပါပြီ။ လွှတ်တော်အတွင်းတိုင်းရင်းသားပါတီတွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေ (တစည) အားလုံးစုပေါင်းပြီးတော့ ကျွန်မတို့ကို လွှတ်တော်တက်ဖို့ စာ ပို့ကြပါတယ်။ လွှတတော်ထဲမှာမှ အတူတူပူးပေါင်းပြီး ပြောင်းလဲစေချင်တဲ့ အချက်တွေကို ပြောင်းလဲချင်ပါတယ်လို့ မေတ္တာရပ်ခံကြပါတယ်။ ဒီစာက အင်မ တန်မှ မဟာမိတ်သဘောတရား ဆောင်ပါတယ်။ အားလုံးက ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုတဲ့ သဘောတရားကို ဖော်ပြပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ရေးထားတဲ့စာမှာလည်း တိုင်းရင်းသားပါတီတွေနဲ့ တခြားတစ်သီးပုဂ္ဂလကိုယ်စားလှယ် အားလုံးပေါင်း ၁၆ယောက် လက်မှတ်ထိုး ထားပါတယ်။ အဲဒီစာဆိုလည်းအင်မတန်မှ ပူးပေါင်းဆောင်ရွက်ချင်တဲ့ သဘောနဲ့လွှတ်တော်အတွင်းမှာတိုင်းရင်းသားပါတီတွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့အတူ ပြောင်းသင့်တဲ့ကိစ္စတွေကိုပြောင်းဖို့ အထူးသဖြင့် ကျွန်မတို့လိုချင်နေတဲ့ ဒီကျမ်းကျိန်စာရဲ့စာသားတွေကိုပြောင်းဖို့ ဝိုင်းဝန်ပြီး မေတ္တာရပ်ခံ တာလည်း ပါတယ်။ ကျွန်မတို့အနေနဲ့လည်း ဒါတွေအားလုံးကို သုံးသပ်ပြီးတော့ သဘောထားကြီးကြီးနဲ့ လိုက်လျောသင့်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်မတို့က လွှတ်တော်အတွင်းကနေပြီး တခြားအဖွဲ့အစည်းတွေ၊ အထူးသဖြင့် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အတူတူပူးပေါင်းပြီး လုပ်ချင် တဲ့ဆန္ဒ အများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်မတို့လိုက်လျောမယ်”

မေ ၄ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၉) အမှတ် ၅၆၇ တွင်ပါသည့် “ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်ပြီ အင်န်အယ်လ်ဒီကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆို”သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

Venus: အခုသမ္မတကြီးက လာဘ်ပေးလာဘ်ယူမှုဟာ လူတစ်ဦးချင်းစီကိုသာမကပဲ လူ့အဖွဲ့အစည်းကိုပါ ထိခိုက်နိုင်တယ်လို့ပြောတယ်။ ဒေါ်အောင်ဆန်းစု ကြည်ကလည်း တရားဥပဒေစိုးမိုးရေးကို အရေးကြီးကိစ္စလုပ်ပြီးပြောနေပြီ။ မြန်မာနိုင်ငံကိုလာလည်တဲ့ နိုင်ငံတကာခေါင်းဆောင်တွေကလည်း ဒီနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးရှိဖို့ တိုက်တွန်းကြတယ်။ အဲတော့ ဘယ်လိုအချက်အလက်တွေကို ပြုပြင်သင့်လဲ။ တရားသူကြီးတွေ လုပ်ပိုင်ခွင့်သုံးလို့မရအောင် power လျှော့ရမှာလား။ အရေးတကြီး ပြင်ကိုပြင်ရမယ့်ဟာကိုပြောပါ။

UTM: နံပါတစ်ပြောရမယ်ဆိုရင် တရားရေးလောကကိုအထက်ကနေအောက်အထိကို ပြုပြင်ပြောင်းလဲဖို့အတွက် တရားသူကြီးကို ဟေ့ ငါဘယ်သူလဲ၊ ငါဝန်ကြီး၊ ငါသမ္မတလေ၊ ငါဒု-သမ္မတလေ၊ ငါလွှတ်တော်ဥက္ကဋ္ဌလေ၊ လွှတ်တော်အမတ်လေဆိုပြီး ပြောလို့မရဘူး။ အဂတိဆိုတာ ပိုက်ဆံယူမှ အဂတိမ ဟုတ်ဘူး ဒါဘယ်သူအောက်မေ့လဲ၊ ဘယ်သူ့ကုမ္ပဏီအောက်မေ့လဲဆိုတာကလဲ အဲဒါအဂတိပဲ။ အဲဒါက ပိုက်ဆံယူတာထက် ပိုဆိုးတယ်။ ပိုက်ဆံလည်း မရဘဲနဲ့ လုပ်ပေးရတာ။ မလုပ်ပေးရင် အန္တရာယ်ရှိလို့ လုပ်ပေးရတာလေ။ တရားသူကြီးတွေ တရားသူကြီးစိတ်ဓာတ်ရှိရမယ်။ တို့နိုင်ငံမှာ တရားသူကြီး ဆိုတဲ့သူတွေက တရားသူကြီးစိတ်ဓာတ် မရှိဘူး။ တရားသူကြီးတဲ့ မြင့်မြတ်တဲ့အလုပ်ကို တို့တွေကံကြီးလို့ လုပ်ရပါလားဆိုတဲ့ စိတ်ထားမျိုးနဲ့ မဟုတ်ဘဲနဲ့ ဒါကြီးက စားပေါက်ကောင်းတယ်ကွဆိုပြီး လုပ်ကြတာများနေတယ်။ အဲလိုလူတွေ တရားသူကြီးမပြောနဲ့ တရားရုံးမှာပြောတာတောင် မဖြစ်သင့်တဲ့လူတွေ။

မေ ၃ ထုတ် Venus News အတွဲ (၃) အမှတ် (၄၁) တွင်ပါသည့် “ဥပဒေပညာရှင် ဦးသန်းမောင်နှင့်အင်တာဗျူး” ကောက်နှုတ်ချက်

**************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs