Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၅.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ရေအားလျှပ်စစ်

*****************************************

ဆောင်းပါးကဏ္ဍ

ရေအားလျှပ်စစ်

(မြန်မာတိုင်းမ်ဂျာနယ် အတွဲ ၂၉ ၊ အမှတ် ၅၆၇ မှ ကောက်နုတ်ဖော်ပြချက်)

မြင့်သန်းကျော်

ရန်ကုန်မြို့တော်ကို မီးအလှည့်ကျပေးလိုက်တော့ မြို့တော်ကြီးမှာ လှုပ်လှုပ်ရှားရှားတွေ အများကြီး ဖြစ်ကြရပါတယ်။ ယနေ့ကမ္ဘာမှာ လျှပ်စစ်ဟာ အရာရာနဲ့ပတ်သက်နေပြီလို့ ပြောရမတတ်ပါပဲ။ မီးဖြတ်တာ ကမ္ဘာနဲ့ အဆက်ဖြတ်ခံရတာပါပဲ။ နောက်ဆက်တွဲက စက်ရုံတွေ ဒီဇယ်ဈေးမြင့်နေတဲ့အချိန်မှာ မီးစက်တွေနဲ့ စက်တွေလည်ပတ်ရတော့ ထုတ်လုပ်ရေးစရိတ်တွေ တက်မယ်။ လျှပ်စစ်နဲ့ပတ်သက်သမျှ လုပ်ငန်းတွေမှာ အပိုကုန်ကျစရိတ်တွေ ရှိလာပါ တယ်။ ဒါတွေကို ထုတ်လုပ်သူတွေနဲ့ ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းရှင်တွေက ခဏတာ စိုက်ထုတ်ကျခံရပေမယ့် နောက်ဆုံးမှာတော့ သုံးစွဲသူတွေဟာ တန် ဖိုးကြီးကျခံ သုံးစွဲရတော့တာပါပဲ။ ဒါဟာ မြန်မာနိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံးနေရာတစ်ခုရဲ့ နစ်နာမှုပါပဲ။

နောက်အကျိုးဆက်က အဲဒီဒေသနဲ့ စီးပွားရေးဆက်နွှယ်မှုတွေရှိနေရတဲ့ တစ်ပြည်လုံးနဲ့ ဆက်သွယ်မှုပါ။ မြန်မာပြည်ရဲ့ အဓိကစီးပွားရေးမြို့တော် များကို စီးပွားရေးအထောက်အကူပြုတဲ့ လျှပ်စစ်ကို လုံလောက်အောင်မပေးနိုင်တာဟာ တစ်ပြည်လုံးကို တိုးတက်မှုမရှိစေတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ် လာပါလိမ့်မယ်။ စက်မှုဇုန်တွေ ဘယ်မှာပဲရှိပါစေ၊ အလုံးအရင်းလိုက်က ရန်ကုန်တိုင်းထဲမှာဖြစ်နေတော့ ရန်ကုန်ဧရိယာမီးမမှန်တာနဲ့ ငွေကြေးဖောင်းပွမှု တွေကို မလွဲမသွေ ရင်ဆိုင်ရပါလိမ့်မယ်။ ကုန်ဈေးနှုန်းတွေ မြင့်တက်လာပါမယ်။ ရေဖိုး၊ တယ်လီဖုန်းပြောခ၊ ကားရပ်နားခ၊ လမ်းတံတားဖြတ်သန်းခ၊ ဘီး ခွန်၊ လျှပ်စစ်မီတာခ၊ နိုင်ငံတော်ရဲ့ မီးရထားခ အကောက်ခွန်ကင်းလွတ်ခွင့်ရ Company ရဲ့ ယာဉ်စီးခ၊ အသီးသီးတွေရဲ့အခ ဈေးနှုန်းအမျိုးမျိုးကလည်း မသက်မသာရှိနေစဉ်မှာ မြန်မာပြည်ရဲ့ လူနေထူထပ်ဆုံးနေရာ ရန်ကုန်မြို့တော်ကြီးမှာ စည်ပင်သာယာက သူသတ်မှတ်ထားတဲ့ သူတို့ရောင်းတဲ့ အမှိုက် အိတ်နဲ့မှ အမှိုက်သိမ်းမယ့်အခြေအနေ ဖြစ်လာပြန်တယ်။

ရေးချင်တာက အခွန်အတုပ်ကြီးလေးခြင်းကိုပါ။ ခုလို မီးမမှန်လို့ဖြစ်လာမယ့် ကုန်ဈေးနှုန်း ကြီးမြင့်လာတာကလည်း နူရာဝဲစွဲ လဲရာသူခိုးထောင်း ဖြစ်လာပြန်ပါပြီ။ ဆိုးတာက ကုန်ဈေးနှုန်းတွေဟာ တက်ပြီးရင် ပြန်မကျတော့ ပြည်သူတွေမှာ ခါးစည်းခံရုံမှအပ တခြားမရှိတော့ဘူးပေါ့။ ပြည်သူဟာ ၀န် ထမ်းဖြစ်နေရင် လာဘ်စားဖို့ဘက်ကို ကျိန်းသေ ဦးတည် လာနိုင်ပြီပေါ့။

လျှပ်စစ်နဲ့ နိုင်ငံရေးဘက် ခဏရေးပါရစေ။ ရုရှားပြည်ကြီးမှာ ၁၉၁၇ အောက်တိုဘာလမှာ လီနင်ခေါင်းဆောင်တဲ့ တော်လှန်ရေးသမားတွေ ဇာဘု ရင်နန်းတော်ကို တစ်ဟုန်ထိုး ၀င်ရောက်တိုက်ခိုက်ပြီး ဇာဘုရင်မိသားစုကို အဆုံးစီရင်ကာ ပစ္စည်းမဲ့အာဏာရှင်ဝါဒအဖြစ် ကွန်မြူနစ်အာဏာရှင်စနစ်ကို တည်ထောင်ခဲ့ပါတယ်။ လီနင်ဟာ ရုရှားနိုင်ငံကြီးကို လျှပ်စစ်ဓာတ်အား ဖူလုံရေးမူဝါဒချမှတ်ပြီး ရေအားလျှပ်စစ်တွေ အလျှံပယ်ရအောင် ကြံဆောင်ခဲ့ ပါတယ်။ သူနောက်ဆက်ခံတဲ့ အာဏာရှင်အသီးသီးဟာ လျှပ်စစ်ဓာတ် အားရရှိရေး ဆက်လက်ဆောင်ရွက်တဲ့အတွက် ကွန်မြူနစ်စနစ်ရုရှားဟာ လျှပ်စစ်နဲ့ ပတ်သက်ရင် အဆင်ပြေခဲ့ပြီး အကျိုးဆက်က လျှပ်စစ်ကြောင့် အသေးစားစက်မှုလုပ်ငန်းများ ဖြစ်ပေါ်လာလို့ အထိုက်အလျောက် တိုးတက်လာခဲ့ပါတယ်။ လျှပ်စစ်လုံလောက်မှုနဲ့ စက်ပစ္စည်းတွေ၊ စစ်လက်နက်ပစ္စည်းတွေ၊ လေယာဉ်တွေထုတ်ရင်း အင်အားရှိလာတဲ့နောက်ပိုင်း ကမ္ဘာစစ်ကြီးနှစ်ခုမှာ သူ့ရဲ့အင်ပါ ယာကို တဖြည်းဖြည်းချဲ့ထွင်နိုင်ခဲ့တာ ဆိုဗီယက်ယူနီယံအဖြစ်ထိ အရှိန်အ၀ါ ထွန်းတောက်ခဲ့ပါတယ်။ အထိုက်အလျောက်တိုးတက်မှုရှိရာက စစ်ရှုံးဂျာမနီ ကို မဟာမိတ်တွေနဲ့အပြိုင် ၀င်သိမ်းရင်း ဂျာမန်ပညာရှင်တွေကိုရသွားပြီး ကမ္ဘာရဲ့ ပထမဆုံးဂြိုဟ်တု၊ ပထမဆုံးလူလိုက်ပါတဲ့ ဂြိုဟ်တုတွေ အသီးသီး လွှတ် တင်နိုင်သည်အထိ အောင်မြင်ခဲ့တာဟာ လျှပ်စစ်မီးလုံလောက်မှုက ပံ့ပိုးပေးလိုက်တဲ့ အသေးစားကနေ အကြီးစားစက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးသွားတယ်ဆို တဲ့ ဥပမာပါ။ နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်မှု အဓိကစွမ်းအားတွေထဲမှာ လျှပ်စစ်စွမ်းအင်ဟာ အရေးပါတဲ့နေရာမှာ ပါဝင်ပါတယ်။ အုပ်စိုးမှုမှုတစ်ခုဖြစ်တဲ့ ကွန်မြူနစ်စနစ်နိုင်ငံဟာ လျှပ်စစ်ဖူလုံမှုကျေးဇူးကြောင့် စစ်လက်နက်ပစ္စည်းမျိုးစုံထုတ်ပြီး ကမ္ဘာရဲ့ လက်နက်တင်ပို့မှု ထိပ်တန်း နိုင်ငံတစ်နိုင်ငံ ဖြစ်လာပေမယ့် အုပ်ချုပ်မှုမှာ ဒီမိုကရေစီကျင့်စဉ် မကျင့်သုံးနိုင်တဲ့အတွက် ဒီမိုကရေစီဝါဒအသားကျနေတဲ့ အမေရိကန်ကို မယှဉ်နိုင်ခဲ့ပါ။ ဒါကြောင့် ရုရှားအာဏာရှင်တစ်ယောက်က အမေရိကန်ကို အမီလိုက်ရေး ကြွေးကြော်လှုံ့ဆော်စဉ်က အမေရိကန်ကိုမီရင် ဘာလုပ်ပေးမလဲမေးတော့ မီရင် ကျော်တက်မယ် ဖြေတယ်ပေါ့။ မေးတဲ့လူက ကွန်မြူနစ်စနစ်ကို နာကြည်းလွန်းလို့ မီရင်တော့ ကျွန်တော် ဆင်းနေခဲ့မယ်တဲ့လေ။ သရော်စာတစ်ခုပါ။ ၁၉၉၀ ခုနှစ်မှာ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသည်ထိ စနစ်ဆိုးကြီးတစ်ခု နှစ်ပေါင်း ၇၀ ကျော် ရပ်တည်နိုင်ခဲ့တာ လျှပ်စစ်ဓာတ်အား လုံလောက်ခြင်းရဲ့ အကျိုး ကြောင့် စက်မှုဖွံ့ဖြိုးခြင်းတွေက ကျားကန်ပေးထားလို့ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးမြို့ကြီးတွေမှာ လျှပ်စစ်စွမ်းအင်မလုံလောက်ရင် ကုန်ဈေး နှုန်းတွေတက်ပြီး ငွေကြေးဖောင်းပွမှု ကြီးထွားလာပါမယ်။ တစ်နှစ်နဲ့ပြီးမယ့် ကိစ္စတော့မဟုတ်ပါ။ ရေရှည်ခံစားနေကြရမှာပါ။

မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဟာ ရေအားလျှပ်စစ်သာ အဓိကအသုံးပြုပါတယ်။ ရေအားလျှပ်စစ်အတွက် ရေကာတာတွေကို တည်ဆောက်ရာမှာ သတ် မှတ်တဲ့ ရေလှောင်တမံကို မတည်ဆောက်မီမှာ ရေစီးအားတွေကို အသေအချာလေ့လာစိစစ်ပြီးမှ တည်ဆောက်တာပါ။ နွေရာသီအတွက် လိုအပ်တဲ့ ရေ ပမာဏလှောင်ထားနိုင်ဖို့ကိုပါ တွက်ချက်ရပါတယ်။ ရေစီးဝင်မှု အနည်းဆုံးပမာဏအပေါ် အခြေခံပြီး ပုံစံပြုရတာပါ။ ရေအားလျှပ်စစ်ဟာ ရပ်ထားရင် အပျက်များပါတယ်။ နွေရာသီ တိုင်းစက်တွေ လျော့လည်တယ်ဆိုတာ မရှိရအောင် ပုံစံ Design မှာပါပြီး ဖြစ်ရပါတယ်။ ခုလိုဖြစ်လာတဲ့ အကြောင်းထဲက ဖြစ်နိုင်တာတစ်ချက်က ရေလှောင်တမံကို မူလသတ်မှတ်တဲ့ အမြင့်ပေရောက်သည်ထိ မဆောက်လို့ ဖြစ်နိုင်ပါတယ်။ ဆည်ကြီးတွေဟာ ကြီးရင်ကြီးသ လောက် အမြင့်ပေလျော့ရင် အကျိုးမဲ့တတ်ပါတယ်။ သတ်မှတ်တဲ့ အမြင့်ပေထိ တည်ဆောက်ခြင်းဟုတ်မဟုတ် ပြန်ပြီး လေ့လာဆန်းစစ်သင့်ပါတယ်။ ပေါင်းလောင်းရေကာတာဆိုရင် သတ်မှတ်အမြင့်ထိ မတည်ဆောက်လိုက်ရဘဲ ရေအားလျှပ်စစ်ကို ထုတ်လိုက်တယ်ဆိုတဲ့သတင်း ကြားဖူးခဲ့ပါတယ်။ ရေ အားလျှပ်စစ်ထုတ်တဲ့ ရေကာတာကြီးတွေရဲ့ ရေကာတာအမြင့်တွေကို မူရင်းပုံစံ Design အတိုင်း ဖြစ်မဖြစ် ပြန်လည်လေ့လာဆန်းစစ်ပြီး အဖြေ ရှာသင့် ပါတယ်။ တကယ်လို့ သတ်မှတ်အမြင့်ပေထက် လျှော့ဆောက်ထားရင် ဧရိယာကြီးလွန်းတဲ့ ရေကာတာတွေမှာ တည်ဆောက်တဲ့ စရိတ်ငွေတွေဟာ သိန်း ထောင်သောင်းချီတဲ့ လေလွင့်မှုကြီးတွေပါပဲ။ မူလသတ်မှတ်ပြီး Design ပုံစံပါ အမြင့်ပေထက် လျှော့ဆောက်ထားပြီး မူလသတ်မှတ်ငွေ ကျခံသုံးစွဲပြီးဖြစ် နေရင်တော့ ကြီးမားလွန်းတဲ့ လွဲမှားမှုကြီးတစ်ခုပါပဲ။ လတ်တလောမှာလည်း တည်ဆောက်ဆဲ၊ တည်ဆောက်ဖို့လျာထားဆဲ ရေအားလျှပ်စစ်စီမံကိန်းကြီး တွေရှိပါတယ်။ ဆောက်တဲ့ရေအားလျှပ်စစ်တွေကို အိမ်နီးချင်းနိုင်ငံကိုရောင်းစားဖို့ ရည်ရွယ်တာမျိုးတွေလည်း ပြန်စဉ်းစားပေးစေချင်ပါတယ်။ ရေအားလျှပ် စစ်စီမံကိန်းကြီးတွေမှာ ရေလှောင်တမံတွေကို မူလသတ်မှတ်တဲ့ စံချိန်စံညွှန်းအတိုင်းအတာ ရေကာတာသတ်မှတ်တဲ့ အမြင့်အထိ ရောက်အောင် တည် ဆောက်ပေးပါမှ အောင်မြင်တဲ့ ရေအားလျှပ်စစ်လုပ်ငန်းကြီးတွေ ရေရှည်တည်တံ့နိုင်မယ် ထင်မိကြောင်းပါခင်ဗျား။

  *****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၅. ၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. နေပြည်တော်သို့ သံရုံးအချို့ ပြောင်းရွှေ့မည်
  1. မြစ်ကြီးနားဗုံးပေါက် တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးဒဏ်ရာရရှိ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကိုယ်စားလှယ်အချို့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွင် ဒုတိယသမ္မတကို ဦးဆောင်စေချင်
  1. တပ်မတော်၏  တိုက်ခိုက်မှုများကြောင့် ကေအိုင်အေတပ်ဖွဲ့ဝင်များ ကျရှုံး
  1. ပြည်ပရောက် နိုင်ငံသားများ ပြည်တော်ပြန်ရေး ဒီမိုမိတ်ဆွေ(၁၀)ပါတီ သမ္မတထံစာတင်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

နေပြည်တော်သို့ သံရုံးအချို့ ပြောင်းရွှေ့မည်

လက်ရှိ ရန်ကုန်၌ ဖွင့်လှစ်ထားရှိသည့် ဘင်္ဂလားဒေ့ရှ်သံရုံး၊ ဗြိတိန်နိုင်ငံ သံတမန်ရေးရာ ညှိနှိုင်းဆောင်ရွက်ရေးရုံးနှင့် အခြားသံရုံးအချို့တို့ကို မြန်မာနိုင်ငံ၏ ပထမမြို့တော်ဖြစ်သည့် နေပြည်တော်သို့ မကြာမီကာလအတွင်း ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သံရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့ကြောင်း အပတ်စဉ်ထုတ် The Voice ဂျာနယ်တွင် ဖော်ပြပါရှိချက်အရ သိရသည်။

“သံရုံးအများစုကတော့ နေပြည်တော်ကိုပဲ ပြောင်းရွှေ့ဖွင့်လှစ်ရမယ်လို့ကြားပါတယ်။ ဘယ်အချိန်မှ ပြောင်းရွှေ့ဖွင့်လှစ်မယ်ဆိုတဲ့ အချိန်အတိအ ကျကို မသိရသေးရပါဘူး။ ပိာုမှာ သံရုံးတွေဖွင့်လှစ်နိုင်ဖို့အတွက် အဆောက်အဦးတွေ ဆောက်ရဦးမှာပါ”ပာု နိုင်ငံခြားရေးသံရုံးတစ်ခုမှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ဒဏ်ခပ်မှုများ ပြုလုပ်ထားသည့် ဗြိတိန်နိုင်ငံမှလည်း နေပြည်တော်၌ ဗြိတိန်ညှိနှိုင်း ရေးရုံးဖွင့်လှစ်နိုင်ရန် မြန်မာနိုင်ငံရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး သံရုံးများသို့ နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်ရခြင်းမှာ နေပြည်တော်၌ မြန်မာအစိုးရ၊ လွှတ်တော်တို့နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံနိုင်ရန်အတွက်ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများအတွက် ၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ဥရောပသမဂ္ဂရုံးကို ရန်ကုန်၌ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံတကာမှ သံရုံးပေါင်း ၇၀ ကျော် တရားဝင်ရုံးစိုက်၍ နိုင်ငံခြားရေးရာကိစ္စရပ်များကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။               

Ref:The Voice

-----------------------------------------------------------------------------------------------------------------------------------

မြစ်ကြီးနားဗုံးပေါက် တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးဒဏ်ရာရရှိ

မေလ ၅ရက်နေ့ မနက် ၆နာရီခွဲအချိန်တွင် ကချင်းပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ တပ်ကုန်းကျေးရွာတွင် ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယင်းကျေးရွာမှ ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ပေါက်တာကတော့ ခြောက်နာရီခွဲမှာ တစ်လုံး ပြီးတော့ ခုနှစ်နာရီကျော်မှာ တစ်လုံးပေါက်တာပဲ။ အဲဒီမှာ ရဲတပ်ကြပ်တစ်ဦးနဲ့ ရဲတပ်သားတစ်ဦး ဒဏ်ရာရသွားတယ်။ အရေးပေါ်အခြေအနေနဲ့ ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတယ်”ဟု ၎င်းမှ ပြောသည်။

ယင်းပေါက်ကွဲမှုတွင် မြစ်ကြီးနားမြို့နယ်မှ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး မြစ်ကြီးနားမြို့နယ်ရှိ ပြည်သူ့ ဆေးရုံကြီးတွင် အရေးပေါ်အခြေအနေဖြင့် ဆေးကုသမှုခံယူနေကြောင်းနှင့် သက်ဆိုင်ရာမှလည်း ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောပြချက်အရ သိရှိရသည်။

ATM

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကိုယ်စားလှယ်အချို့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွင် ဒုတိယသမ္မတကို ဦးဆောင်စေချင်

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွင် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းအား ဦးဆောင်ရန် ပြည်သူ့လွှတ်တော်အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်အချို့မှ ဆန္ဒရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော KIO/KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများမှာ ၁၁ လခန့်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း လက်ရှိ အချိန်ထိတိုင် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးသဘောတူညီချက်များ ရရှိခြင်းမရှိသေးသည့်အတွက် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွင် ဒေါက်တာစိုင်းမောက်ခမ်းအား ဦးဆောင်ရန် လွှတ်တော်ကိုယ်စားလှယ်များမှ ဆန္ဒဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သိရသည်။

“အခု ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ တော်တော်ကို အခြေအနေဆိုးနေတယ်လို့ကြားတယ်။ ပြည်တွင်းတိုက်ပွဲတွေဖြစ်လာပြီဆို တကယ် တမ်း နစ်နာရတာက ပြည်သူပဲ။ ပြီးတော့ KIO/KIA တပ်တွေနဲ့ တပ်မတော်တို့တိုက်ပွဲတွေဖြစ်နေတာ လတော်တော်ကိုကြာနေပြီ။ ခုထိ ငြိမ်းချမ်းရေးမရ သေးဘူး။ ဒီတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှာ အပြောင်းအလဲအနေနဲ့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကို ဦးဆောင်စေချင်တာပါ”ပာု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်အတွင်းတွင်လည်း တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အချို့မှ ပူးပေါင်း၍ အစိုးရ၏ ငြိမ်းချမ်းရေးဖော် ဆောင်ရေးအဖွဲ့တွင် ဒေါက်တာစိုင်းမောက်ခမ်းအား ဦးဆောင်ရန် ဆန္ဒပြုထားပြီး KIO/KIA နှင့် မြန်မာ့တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေးအတွက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ တိုင်းရင်းသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီအသီးသီးမှ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောကြားသည်။

လက်ရှိအချိန်တွင် တိုင်းရင်းသားပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များမှ ပူးပေါင်း၍ တိုင်းရင်းသားများဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲ လျက်ရှိကြောင်း သိရသည်။

Ref:Street View

-----------------------------------------------------------------------------------------------------------------------------------

တပ်မတော်၏  တိုက်ခိုက်မှုများကြောင့် ကေအိုင်အေတပ်ဖွဲ့ဝင်များ ကျရှုံး

တပ်မတော်စစ်ကြောင်းများ၏ တိုက်ခိုက်မှုများကြောင့် ၂၀၁၂ ဧပြီ ၂၉ ရက်နေ့တွင် ကေအိုင်အေ(ကချင်)လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အထိ အခိုက် အကျအရှုံးများစွာဖြင့် အမှတ်(၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ်၏ တောင်ဘက်နှင့် အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့ကြကြောင်း နိုင်ငံပိုင် သတင်းစာများ၏ ဖော်ပြချက်အရ သိရှိရသည်။

ယခုကဲ့သို့ ဆုတ်ခွာထွက်ပြေးခဲ့ကြသည့် ကေအိုင်အေ(ကချင်)လက်နက်ကိုင်တပ်ဖွဲ့များသည် ၂၀၁၂ ဧပြီ ၂၇ ရက်နေ့၌ကချင်ပြည်နယ်၊ ပန်ဝါ မြို့နယ်ခွဲ လုပီကျေးရွာအနီးတည်ရှိသော ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးချုပ်ရုံး ကွပ်ကဲမှုအောက်ရှိ အမှတ်(၁၀၀၂) နယ်ခြားစောင့်တပ်အား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များပင်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆုတ်ခွာထွက်ပြေးခဲ့သည့် ကေအိုင်အေ(ကချင်)လက်နက်ကိုင်တပ်ဖွဲ့များအား တပ်မတော်စစ်ကြောင်းများမှ ဆက်လက် ရှင်းလင်းတိုက် ခိုက်ခဲ့သည့်အတွက် ၂၀၁၂ မေလ ၃ ရက်နေ့တွင် ကေအိုင်အေ(ကချင်)လက်နက်ကိုင်တပ်ဖွဲ့ထံမှ လက်နက် ၁၄ လက်၊ အလောင်း ၂၉ လောင်း၊ ခဲယမ်းနှင့် မိုင်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်မှ စစ်သည်နှစ်ဦး ကျဆုံးခဲ့ကာ အရာရှိ သုံးဦးနှင့် စစ်သည် ၁၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ ကြောင်း ယင်းသတင်းစာများ၏ ဖော်ပြချက်အရ ထပ်မံသိရှိရသည်။

“အခု အကျအရှုံးများစွာနဲ့ ထွက်ပြေးသွားတဲ့ ကေအိုင်အေ သောင်းကျန်းသူတွေပာာ အထမ်းသမားအဖြစ် အသုံးပြုဖို့ လမ်းခရီးတစ်လျှောက်မှာရှိ တဲ့ ဒေသခံတိုင်းရင်းသား ၃၄၅ ဦးကို အဓမ္မဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြပါတယ်”ပာု ၎င်းတို့လက်မှ ထွက်ပြေးလွတ်မြောက်လာသည့် အထမ်းသမားနှစ်ဦး က ဆိုသည်။

ထို့ပြင် ၂၀၁၂ ဧပြီ ၂၉ ရက်နေ့၌ နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သော မီဒီယာတွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းက ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ဖြစ်သော လိုင်ဇာကို လုံးဝ ထိုးစစ်ဆင်မည်မပာုတ်ကြောင်းကို နိုင်ငံတော် သမ္မတကြီးက ပြောကြားကြောင်း ပြောကြားခဲ့သည်။

                YC

-----------------------------------------------------------------------------------------------------------------------------------

ပြည်ပရောက် နိုင်ငံသားများ ပြည်တော်ပြန်ရေး ဒီမိုမိတ်ဆွေ(၁၀)ပါတီ သမ္မတထံစာတင်

ယခင် အစိုးရပောာင်းနှင့် နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိသွားသည့် မြန်မာနိုင်ငံသားများ ပြည်တော်ပြန် လာနိုင်ရေးအတွက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန် ဒီမိုကရေစီမိတ်ဆွေ(၁၀)ပါတီမှ နိုင်ငံတော်သမ္မတထံသို့ ဧပြီ ၃၀ ရက်နေ့ တွင် စာတင်ခဲ့ကြောင်း ယင်းပါတီများမှ တာဝန်ရှိသူတစ်ချို့၏ ပြောကြားချက်အရ သိရှိရသည်။

ဒီမိုကရေစီမိတ်ဆွေ(၁၀)ပါတီ၏ ပြည်ပရောက် နိုင်ငံသားများ ပြည်တော်ပြန်လာရေးအတွက် လွတ်ငြိမ်းခွင့်ဥပဒေပြဋ္ဌာန်းရန် ဒီမိုကရေစီမိတ်ဆွေမှ ခေါင်းဆောင်များမှ လက်မှတ်ရေးထိုး၍  နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့ပြီးပြည်ပရောက် နိုင်ငံသားများ ပြည်တော်ပြန်လာရေး ဒီမိုမိတ်ဆွေ(၁၀)ပါတီ စာတင်ခြင်းမှ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။

“ပြည်ပကိုရောက်ရှိနေတဲ့ နိုင်ငံသားတွေအားလုံးကို ဆိုလိုတာမပာုတ်ပါဘူး။ နိုင်ငံရေးမှုနဲ့ ရောက်ရှိသွားတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပဲဆိုလိုတာပါ။တစ်ချို့တွေက ပြန်လာချင်ပေမယ့် ခုချိန်ထိ စိုးရိမ်စိတ်ကရှိနေတုန်းပဲ။ ဒီလို နိုင်ငံသားတွေအတွက် အဆင်ပြေနိုင်မယ့် ဥပဒေတစ်ရပ် ပြဋ္ဌာန်း ပေးဖို့ကို တောင်းဆိုတာပါ”ပာု ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဒီမိုကရေစီမိတ်ဆွေပါတီများမှ နိုင်ငံတော်သမ္မတထံသို့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းရေးပေးပို့သည့် ဒုတိယစာကို ပထမအကြိမ်တင်ခဲ့ပြီးဖြစ်သည့် “နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း အမိန့်အမှတ်(၂၈/၂၀၁၁) နှင့်ပတ်သက်၍ ဒီမိုကရေစီမိတ်ဆွေပါတီများ ၏ သဘောထားပေးပို့ခြင်း” စာနှင့်အတူ ပူးတွဲပေးပို့ခဲ့ကြောင်း ၎င်း၏ ထပ်မံပြောကြားချက်အရ သိရသည်။

“ပြည်ပကိုရောက်နေတဲ့မြန်မာတွေ ကိုယ့်နိုင်ငံကို ပြန်လာသင့်ပါပြီ။ ခုလည်း အစိုးရသစ်ကလျှော့ပေါ့မှုတွေကို အများကြီး လုပ်ပေးနေတာပဲ။ သူတို့ တွေပြန်လာပြီးတော့ ကိုယ့်နိုင်ငံအတွက် အကျိုးပြုတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်သင့်ပါပြီ”ပာု မြန်မာ့အရေးလေ့လာနေသူတစ်ဦးကဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းတစ်ခုတွင် ပြည်ပရောက်မြန်မာနိုင်ငံသားများ ပြည်တော်ပြန်လာရေးအတွက် ဖိတ်ခေါ် ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

YC

 ****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အဓိကကတော့ မော်နထရီနဲ့ ဖိုင်နယ်ရှယ်ပေါ်လစီတွေပဲ။ အစိုးရက ဒီပေါ်လစီတွေကို ဘယ်လိုကိုင်တွယ်မလဲ၊ ဒီပေါ်လစီတွေကို ကျင့်သုံးပြီး စီးပွားရေး လုပ်ငန်းတွေအတွက် ငွေကြေးလုပ်ငန်းတွေကို ဘယ်လောက်ထောက်ကူပေးနိုင်မလဲ ဆိုတာတွေက အရေးပါနေပါတယ်။ ဘဏ်ကစပြီး မရွှေ့သမျှ ကျွန် တော်တို့တွေက ဘာလုပ်လို့ရမလဲ။ ပိုက်ဆံမှမရှိတာ။ ဘဏ်တွေကစရွေ့တော့မှ စီးပွားရေးလုပ်ငန်းတွေကလည်း ကြီးကြီးမားမား ရွေ့လာကြမှာပေါ့။ အ ရေးကြီးတာက စီးပွားရေးပြုပြင်ပြောင်းလဲတဲ့အခါ ငွေရေးကြေးရေး အထောက်အပံ့တွေ လိုတယ်။ ဒီအထောက်အပံ့တွေကိုပေးနိုင်တဲ့ ဘဏ်လိုအဖွဲ့ အစည်းတွေ အားကောင်းဖို့လိုတယ်။ ဘဏ်တွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးတယ်။ ဘဏ်တွေက ဘယ်လောက်ထောက်ပံ့ပေးနိုင်မလဲဆိုတဲ့အပေါ် မူတည်ပြီး စီးပွားရေးဖွံ့ဖြိုးမှုက မြန်ဆန်မယ်၊ နှေးကွေးမယ်”

မေ ၃ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၁၆) တွင်ပါသည့် “စီးပွားရေးဖြေလျှော့မှုများ မြန်မာ့စီးပွားရေးကို ဘယ်လောက်ရွေ့သွားစေမလဲ”သတင်း ဆောင်းပါးမှ ဦးနှင်းဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အီးယူ အနေအထားကတော့ ဆိုင်းငံ့အနေအထားပဲရှိသေးတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေကောင်းတွေ ရှိရဲ့လား။ ဥပဒေတွေက ခိုင်မာမှုရှိရဲ့ လား၊ ဘဏ်စနစ်ရော အခြေခိုင်ပြီလား။ လက်ရှိ ကြိုးနီစနစ်တွေကိုလဲ ပြင်ဆင်ပြီးပြီလား။ အဲဒါတွေကို ပြင်ဆင်ဖို့လိုအပ်တယ်။ လာဘ်စားမှုတွေကို ပြုပြင်ဖို့ လိုတယ်။ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေကို လျှော့ပေးဖို့လိုအပ်တယ်။ နိုင်ငံခြားမှာ export လုပ်ရင် လိုင်စင်လုပ်စရာမလိုဘူး။ ဒီမှာကတော့ အကုန်လုံး လုပ်ရတယ်။ ဖွင့်လိုက်တာပဲရှိတယ်။ ဖွင့်လိုက်လို့လဲ တကယ်တမ်းတော့ လာချင်မှလာမှာ။ လာနိုင်အောင် ဆွဲဆောင်ဖို့တော့ လိုအပ်တယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက တအားမျှော်လင့် ချက်ကြီးတယ်။ ဖွင့်လိုက်တာနဲ့ ပြောင်းလဲသွားမယ်လို့ ထင်တယ်။ အမှန်တကယ်ကတော့ ဖွင့်လိုက်တာနဲ့ ပြောင်းလဲ သွားမယ်လို့ ထင်တယ်။ အမှန်တကယ်ကတော့ ဖွင့်လိုက်တာနဲ့ သူတို့လာချင်အောင်ဆွဲဆောင်နိုင်ဖို့က အရေးကြီးတယ်။ တိုင်းပြည်က ဘယ်လောက်ပဲ သယံဇာတပေါကြွယ်ပြီး ရင်းနှီးမြုပ်နှံမှုတွေမရှိရင် စီးပွားရေးက မတိုးတက်နိုင်ဘူး”

မေ ၃ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၁၆) တွင်ပါသည့် “စီးပွားရေးဖြေလျှော့မှုများ မြန်မာ့စီးပွားရေးကို ဘယ်လောက်ရွေ့သွားစေမလဲ”သတင်း ဆောင်းပါးမှ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“လွှတ်တော်ပြင်ပမှာ အခြေခံဥပဒေပြင်ဆင်ဖို့ လုပ်နေတာထက်စာရင် လွှတ်တော်ထဲဝင်ပြီး အခြေခံဥပဒေက ပေးထားတဲ့အတိုင်း အခြေခံဥပဒေကို ပြင်ဆင်မှုလုပ်ဖို့ လိုအပ်တယ်။ ဘယ်လောက်ပဲ အခြေခံဥပဒေကို ပြင်ချင်ရင် ပြင်ဆင်ခွင့်အခြေအနေပေးမှ ပြင်လို့ရမှာ အဲဒီအခြေအနေတစ်ရပ် ဖြစ်လာဖို့ က လွှတ်တော်အတွင်းက လုပ်ဆောင်ဖို့ လိုအပ်တယ်”

မေ ၃ ထုတ် Popular News အတွဲ (၄) အမှတ် (၁၇) တွင်ပါသည့် “အခြေခံဥပဒေပြင်ဆင်ရေး ဒီချုပ်နှင့်အတူ တူညီရာ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ကိုယ်စားလှယ်အချို့ဆို”သတင်းမှ NLD လွှတ်တော်ဝင်ရောက်ခြင်းအပေါ် ဦးထွန်းရီ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 

*************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs