Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၈.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မူဝါဒများ၊ လုပ်ထုံးလုပ်နည်းဟန်များ၊ ဆက်လက်လုပ်ဆောင်ခြင်းများ

*****************************************

ဆောင်းပါးကဏ္ဍ

မူဝါဒများ၊ လုပ်ထုံးလုပ်နည်းဟန်များ၊ ဆက်လက်လုပ်ဆောင်ခြင်းများ

ဒေါက်တာလှိုင်မိုး

(Weekly Eleven Journal No.31 Vol.7 မှ ကောက်နှုတ်ဖော်ပြချက်)

မည်သည့်လုပ်ငန်းလုပ်လုပ်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ (Aims & Objectives) များ ပြည့်မီအောင်မြင်ရန် ထိပ်ပိုင်းမှ တာဝန်ရှိသူများက မူဝါဒ များ (policies) ရေးဆွဲကြရလေသည်။

၎င်းမူဝါဒများကို လွှတ်တော်တွင်းမှာ အဖွဲ့ငယ်များဖွဲ့၍ဖြစ်စေ (သို့မဟုတ်) သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခု(သို့မဟုတ်) ၀န်ကြီးဌာနနှစ်ခုသုံးခုနှင့် ဆက်စပ်နေလျှင်လည်း ပါဝင်သင့်သော ၀န်ကြီးဌာနများကိုလွှဲအပ်၍ဖြစ်စေ မူဝါဒများရေးဆွဲစေခြင်းများ ရှိကောင်းရှိပါမည်။

မူဝါဒများ၏ ဘောင်အတွင်း၌ ရှိနေမည့် လုပ်နည်းလုပ်ဟန်များ (Procedures) ကို ထပ်ဆင့် ဆွေးနွေးရေးဆွဲကြရပါမည်။ ၎င်းလုပ်နည်းလုပ်ဟန် များသည် လိုက်နာကျင့်သုံးဆောင်ရွက်ကြရမည့် စည်းမျဉ်းစည်းကမ်း (Rules & Regulations) အဖြစ်  ပေါ်ပေါက်လာကြမည်ဖြစ်သည်။ ၎င်းအဆင့်အထိ မှာ ၀န်ကြီးဌာန၌သာ ဒုဝန်ကြီးများ၊ ညွှန်ချုပ်များ၊ ညွှန်မှူးများနှင့် စည်းဝေးဆွေးနွေး ရေးဆွဲကြရမည်ဟု ထင်မြင်မိပါသည်။ သည်နောက်မှသာ ဆက်လက် လုပ်ဆောင်ခြင်းများ (Procedings) အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ တာဝန်ရှိပုဂ္ဂိုလ်များထံ ညွှန်ကြားချက်များ ပို့ကြရလိမ့်မည်ဟု မြင်မိပါ သည်။

သို့ရာတွင် ကျွန်ုပ်တို့မြန်မာနိုင်ငံ၌ မူဝါဒများ ရေးဆွဲရာတွင်သော်လည်းကောင်း၊ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲရာတွင်သော်လည်းကောင်း အသေးစိတ် ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းကို ပေးသင့်သောအချိန်ပေး၍ မပြုလုပ်ခဲ့ကြခြင်းကြောင့်လော၊ တတ်သိနားလည်သော ပညာရှင်များ ပါဝင်ခဲ့ခြင်း မရှိသောကြောင့်လော၊ ပီပြင်မှု နည်းပါးသည်ကို တွေ့နေရသည်။

ဥပမာ- ကားများတင်သွင်းသည့်ကိစ္စ၌ ပထမပိုင်းကတည်းက ပီပြင်သော စည်းမျဉ်းစည်းကမ်းများ ထွက်ပေါ်မလာခဲ့ချေ။ မကြာခဏ ပြုပြင်နေခဲ့ ကြရသည်ကို ကားကိစ္စ စိတ်ဝင်စားသူတိုင်း သိရှိနေပြီးဖြစ်သည်။

ဤသို့ မဖြစ်သင့်ဟုထင်ပါသည်။ ပေးသင့်သောအချိန်ပေး၍ ပါဝင်သင့်သူများပါဝင်ကာ စည်းဝေးဆွေးနွေးခြင်းများကို လိုအပ်သလို တစ်ကြိမ်မက နှစ်ကြိမ်သုံးကြိမ် ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်သင့်ပါသည်။ သည့်တိုင် တာဝန်ခံရသည့်ဝန်ကြီး စသည်ထံ ပြန်လည် တင်ပြသင့်ပါ သေးသည်။ တာဝန်ခံရသည့်ပုဂ္ဂိုလ်က ပြင်ဆင်သင့်သည်များ ပြင်ဆင်အတည်ပြုပြီးမှသာ စည်းမျဉ်းစည်းကမ်းများအဖြစ် ထွက်ပေါ်သင့်ပါသည်။ ဤသို့မ ဟုတ်ဘဲ အကြီးအကဲတစ်ဦးတည်း၏ သဘောဆန္ဒဖြင့် ညွှန်ကြားခြင်း (Directing) မျိုးကို ရှောင်ရှားသင့်ပေသည်။

မြန်မာနိုင်ငံ၌ ဖြစ်စဉ်အချို့ကိုကြည့်လျှင် လုံလောက်သောအချိန် မပေးဘဲ ဆွေးနွေးခြင်းမျိုး၊ ပါသင့်သောပညာရှင်များ တာဝန်ရှိသူများ မပါဝင်ခဲ့ ဘဲ ဆွေးနွေးခဲ့ခြင်းမျိုး၊ တစ်ဦးတစ်ယောက်၏ ညွှန်ကြားခြင်းဖြင့်သာ ဆုံးဖြတ်ခဲ့ကြခြင်းမျိုးများကြောင့် ဆုံးဖြတ်ချက်အမှားများ ပေါ်ပေါက်ခဲ့ကြရပေသည်။ မြစ်ဆုံပြဿနာသည် ထင်ရှားသောသာဓက ဖြစ်ပါသည်။

အင်္ဂလိပ်တို့ လက်ကိုင်ထားသည့် Slow and steady wins the race ကို မမေ့သင့်ပေ။ ယခုခေတ်သည် Slow မဖြစ်သင့်တော့ပါဟု စောဒက တတ်လိုပါက တက်နိုင်ပါသည်။ အလျင်အမြန် (Fast) မဖြစ်သင့်ဆိုသည်ကိုလည်း သတိမူသင့်ပေသည်။ အမြန်လိုလျှင် အမှားတွေတွေ့တတ်ခြင်းမှာ သဘာဝနိယာမပင် ဖြစ်ပါသည်။ နှေးလွန်းခြင်း၊ မြန်လွန်းခြင်းမဟုတ်ဘဲ မနှေးမမြန် (Steady) ကိုဖြင့် အများစုလက်ခံနိုင်မည် ထင်ပါသည်။ စည်းစနစ် ကျနဖို့က အဓိက၊ အရည်အသွေးပါပါနှင့် ပီပီပြင်ပြင်ဖြစ်ဖို့က အဓိကဖြစ်သည်ဟု ယူဆပါသည်။ အလွန်အရေးကြီးသော အကြောင်းအရာဖြစ်လျှင် Slow + Steady ကပင် ပီပီပြင်ပြင်နှင့် အောင်မြင်မှုကို ဖြစ်ထွန်းစေနိုင်ပါသည်။ အရေးပေါ်ကိစ္စများအတွက်ကိုမူ အလျင်အမြန် ဆောင်ရွက်ခြင်းသည် သဘာဝကျ ပါသည်။

မြန်မာနိုင်ငံ၌ ဖြစ်စဉ်အချို့ကို ကြည့်လျှင် လုံလောက်သောအချိန် မပေးဘဲ ဆွေးနွေးခြင်းမျိုး၊ ပါသင့်သောပညာရှင်များ တာဝန်ရှိသူများ မပါဝင်ခဲ့ ဘဲ ဆွေးနွေးခဲ့ခြင်းမျိုး၊ တစ်ဦးတစ်ယောက်၏ ညွှန်ကြားခြင်းဖြင့်သာ ဆုံးဖြတ်ခဲ့ကြခြင်းမျိုးများကြောင့် ဆုံးဖြတ်ချက်အမှားများ ပေါ်ပေါက်ခဲ့ကြရပေသည်။ မြစ်ဆုံပြဿနာသည် ထင်ရှားသောသာဓကဖြစ်ပါသည်။

ဆင်းရဲသားလျော့ပါးရေးအစီအစဉ်ပင်လျှင် စည်းစနစ်ကျနပီပြင်မှု နည်းပါးသည်ဟုဆိုလျှင် မှားမည်မထင်ပါ။ မူအားဖြင့်ကောင်းသော်လည်း စည်းမျဉ်းစည်းကမ်းနှင့် အကောင်အထည်ဖော်မှုမှာအလွန် အားပျော့နေလေသည်။

ယနေ့လိုဒီမိုကရေစီကိုစတင် အကောင်အထည်ဖော်နေသည့် ကာလတွင် ပြည်သူအများစုနှင့် သက်ဆိုင်သော လုပ်ငန်းရပ်တိုင်းအတွက် ဆောင် ရွက်ရန် ရှိလာပြီဆိုသောအခါ တာဝန်ရှိသူများ၊ တတ်သိပညာရှင်များပါဝင်သည့် စည်းဝေးဆွေးနွေးခြင်းမျိုးကို တစ်ကြိမ်မက လိုအပ်လျှင်လိုအပ်သလို နှစ်ကြိမ်သုံးကြိမ် (သို့မဟုတ်) အကြိမ်ကြိမ် ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ပြုလုပ်သင့်ပါသည်။ ပေးသင့်သည့်အချိန်များ ပေးကြရပါမည်။ ၎င်းနောက် ပြန်လည်သုံးသပ်ခြင်း၊ အတည်ပြုခြင်းများအဆင့်ဆင့် ပြုလုပ်ပြီးမှသာ အကောင်အထည်ဖော်ရန် ညွှန်ကြားချက်များ ပေးပို့သင့်ပါသည်။ တစ်ချို့လုပ်ရပ်မှာ အမျိုးသားအဆင့်အထိ ဆွေးနွေးပွဲများ ပြုလုပ်ရမည်ဖြစ်သော်လည်း တစ်ချို့မှာ ပြည်ထောင်စုဝန်ကြီးဌာနအဆင့်၌သာ ပြုလုပ်ကြရပါမည်။ တစ်ချို့မှာ လည်း ပြည်ထောင်စုဝန်ကြီးဌာနအဆင့်၌ပင် ပြုလုပ်ကြရပါမည်။ တချို့မှာလည်း တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဆင့်များ၌သာ စည်းဝေး ဆွေးနွေးခြင်းများ ပြုလုပ်ကြရမည်ဖြစ်ပါသည်။ သို့မှသာ အများပြည်သူတို့အတွက် တရားမျှမှု၊ ညီမျှမှု၊ လွတ်လပ်မှုဆိုသည့် လောကပါလတရားများ ဖြစ် ထွန်းပါလိမ့်မည်။

 *****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၈. ၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. စာတိုက်လုပ်ငန်း ပုဂ္ဂလိကကုမ္ပဏီသုံးခုနှင့် ပူးပေါင်းလုပ်ကိုင်မည်
  2. ဇေကမ္ဘာနှင့် အိုး၊ အိမ် လယ်ယာမြေကိစ္စနှင့် ပတ်သက်၍ အငြင်းပွားရမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အမေရိကန်နှင့် ကနေဒါနိုင်ငံတို့မှ အရေးယူမှု ထပ်မံလျော့ပေါ့
  1. ဒုသမ္မတသတင်း ဦးဝင်းမြင့်မသိဟုဆို
  1. ၀န်ကြီးဌာနတစ်ချို့ တွေ့ဆုံပွဲအမည်ခံကာ သတင်းထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

စာတိုက်လုပ်ငန်း ပုဂ္ဂလိကကုမ္ပဏီသုံးခုနှင့် ပူးပေါင်းလုပ်ကိုင်မည်

မြန်မာ့စာတိုက်လုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီသုံးခုနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ မြန်မာ့စာတိုက်ကို ပုဂ္ဂလိကကုမ္ပဏီသုံးခုနှင့် ပူးပေါင်းလုပ်ကိုင်ရခြင်းမှာ နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် နှင့် ပုဂ္ဂလိက ပါဝင်ဆောင်ရွက်မှုအခန်းကဏ္ဍ အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ စာတိုက်လုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး လုပ်ကိုင်သွားမှာပါ။ ပြည်သူတွေကို နိုင်ငံတကာ အဆင့်မီတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက်ပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

မြန်မာ့စာတိုက်လုပ်ငန်းအား ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းကာ ပြည်သူများ ယခုထက်ပိုမိုကောင်းမွန်သော စာတိုက်ဝန်ဆောင်မှုများကို တစ်ခုတည်း မပာုတ်ဘဲ နှစ်သက်ရာရွေးချယ် အသုံးပြုနိုင်ရေး၊ စာတိုက်လုပ်ငန်းများ တိုးချဲ့ပေးခြင်းနှင့် အိုင်တီနည်းပညာများ အသုံးပြု၍ ဝန်ဆောင်မှု ကောင်းများပေးနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်တွင်းအမြန်ချောပို့ ဝန်ဆောင်မှုလုပ်ငန်းအား Public Private Partnership(PPP) ပုံစံဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ပြည်တွင်းအမြန်ချောပို့ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန် ပြည်တွင်းကုမ္ပဏီကိုးခုမှ လာရောက်ဆက်သွယ်ခဲ့ပြီး ယင်းသို့လာရောက်ဆက်သွယ် ခဲ့သည့် ပြည်တွင်းကုမ္ပဏီများထဲမှ သတ်မှတ်စည်းကမ်းချက်နှင့် ကိုက်ညီသည့် ကုမ္ပဏီသုံးခုကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မြန်မာ့စာတိုက်လုပ်ငန်းမှ စာပို့တိုက် ၁၃၉၀ ဖွင့်လှစ်ထားပြီး စာပို့လုပ်ငန်း ဝန်ဆောင်မှုများ လုပ်ကိုင်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။

Ref:ရန်ကုန်တိုင်းမ်

-----------------------------------------------------------------------------------------------------------------------------------

ဇေကမ္ဘာနှင့် အိုး၊ အိမ် လယ်ယာမြေကိစ္စနှင့် ပတ်သက်၍ အငြင်းပွားရမည်

မင်္ဂလာဒုံမြို့နယ်ရှိ ရွှေနံ့သာလယ်ယာမြေများမှာ ဇေကမ္ဘာကုမ္ပဏီမှ ပိုင်ဆိုင်ခြင်းမရှိကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်သည့်အတွက် မကြာမီကာလအတွင်း ဇေကမ္ဘာနှင့် အိုး၊ အိမ်တို့ အငြင်းပွားရတော့မည်ဖြစ်ကြောင်း သိရသည်။

“လယ်ယာမြေတွေက ခုချိန်ထိကို လယ်ယာမြေတွေ အဖြစ်နဲ့ပဲရှိနေသေးတာ။  အိုး၊အိမ်တစ်ခုတည်းက မပာုတ်ဘူး။ တိုင်းဒေသကြီးအစိုးရက လည်း ခုချိန်ထိ လယ်ယာမြေအဆင့်အနေနဲ့ပဲထားတယ်။ ဒီလယ်ယာမြေတွေအပေါ်မှာ ဇေကမ္ဘာကလုပ်ငန်းတွေ လာလုပ်ကိုင်မယ်ဆိုရင်တော့ လယ်ယာ မြေဖျက်ဆီးမှု ဖြစ်သွားပြီ။ ခုချိန်က တကယ့်ကို အငြင်းပွားရတော့မယ့် အခြေအနေကိုရောက်နေပြီ”ပာု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ယင်းလယ်ယာမြေများတွင် တောင်သူလယ်သမားများမှ တောင်ယာလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယင်းလုပ်ကိုင်နေမှုများ ကို ဇေကမ္ဘာကုမ္ပဏီမှ လာရောက်တားမြစ်ခဲ့သည့်အတွက် ယခုကဲ့သို့ ဇေကမ္ဘာနှင့် အိုး၊ အိမ်တို့ အငြင်းပွားရခြင်းဖြစ်ကြောင်း သိရသည်။

“လယ်သမားတွေက ဒီလယ်ယာမြေတွေပေါ်မှာ လယ်စိုက်ပြီးစားနေရတာလေ။ ဒါကိုလယ်မလုပ်ရဘူး၊ ဘာမှမလုပ်ရဘူးဆိုပြီး လာတားနေတော့ လယ်ယာလုပ်သားတွေ ဘာနဲ့သွားစားကြမလဲ။ ပြီးတော့ ကျွန်မတို့တွေ လယ်ဆက်လုပ်မယ်ဆိုရင် ရဲတွေခေါ်ပြီး ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်တယ်။ လယ် လုပ်သားတွေက တနေ့လုပ်မှ တနေ့စားရတာလေ။ အခု လယ်လုပ်သားတွေ ဘယ်လိုဖြစ်နေလဲဆိုတော့ ဖမ်းချင်လည်းဖမ်း၊ ငတ်တာထက်စာရင် အဖမ်းခံရတာ ကမှ သက်သာဦး မယ်ဆိုပြီး ဆက်လုပ်နေတယ်”ပာု လယ်သမားတစ်ဦးက ဆိုသည်။

လက်ရှိလယ်ယာမြေများတွင် လုပ်လုပ်ကိုင်လျက်ရှိသော တောင်သူလယ်သမားများမှာ ရာသီဥတုဖောက်ပြန်မှုများ၊ လယ်ယာမြေ လုပ်သားရှားပါးမှုများ ဒဏ်ကြောင့် အခက်အခဲအကြပ်အတည်းများစွာဖြင့် လုပ်ကိုင်စားသောက်နေရကြောင်း တောင်သူတစ်ဦးက ပြောကြားသည်။

Ref:Venus

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အမေရိကန်နှင့် ကနေဒါနိုင်ငံတို့မှ အရေးယူမှု ထပ်မံလျော့ပေါ့

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာစီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားသည့် အမေရိကန်နှင့် ကနေဒါနိုင်ငံတို့မှ အရေးယူမှုများကို ထပ်မံ လျော့ပေါ့ပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာလုပ်ငန်းများ၊ ဘာသာရေးဆိုင်ရာလုပ်ငန်းများနှင့် အခြားအမြတ်အစွန်း ရရှိရေးအတွက်မပာုတ်သာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက် အကူဖြစ်စေမည့် ငွေကြေးလွှဲပြောင်းပေးပို့မှုများကို ခွင့်ပြုသည့် General License No.14-C ကို ပယ်ဖျက်ပေးကြောင်း ထုတ်ပြန်ကြေညာ သည်။

ထို့အတူ ကနေဒါနိုင်ငံမှလည်း မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှု ပြုလုပ်ထား သည့် ကုန်ပစ္စည်းတင်သွင်းမှု၊ တင်ပို့မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် ပိတ်ပင်တားမြစ်ချက်များ၊ သင်္ဘောများ၊ လေယာဉ်များဆိုက်ကပ်၊ ဆင်းသက်၊ ရပ်နားမှု အပေါ် တားမြစ်ချက်များနှင့် ဘဏ္ဍာရေးငွေကြေး ဝန်ဆောင်မှု ပေးအပ်ခြင်း၊ ရယူခြင်းများအပေါ် ပိတ်ပင်တားမြစ်ချက်များကို ဖယ်ရှားပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြပါရှိသည်။

“အခုလိုအမေရိကန်နဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို တဖြည်းဖြည်း ဖယ်ရှားပေးနေပါပြီ။ မြန်မာအစိုးရ အနေနဲ့လည်း ဒီအပေါ်မှာ တန်ဖိုးထားဖို့ လိုပါလိမ့်မယ်။ နောက်ကြောင်းပြန်မလှည့်ဘဲ ရှေ့ကိုဆက်သွားဖို့အတွက် လိုပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ အနာဂါတ် စီးပွားရေးပာာလည်း ဒီထက်ပိုပြီး တိုးတက်လာတော့မှာပါ”ပာု မြန်မာ့နိုင်ငံရေးလေ့လာနေသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနိုင်ရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှု ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ(EU) တို့မှ ဖြေလျှော့မှုများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဝန်ကြီးဌာနတစ်ချို့ တွေ့ဆုံပွဲအမည်ခံကာ သတင်းထုတ်ပြန်

ပြည်ထောင်စုအဆင့် သတင်းထုတ်ပြန်ရေးအဖွဲ့ လုပ်ဆောင်ချက်ကို အားမလိုအားမရဖြစ်လာသော ၀န်ကြီးဌာနတစ်ချို့သည့် တွေ့ဆုံပွဲအမည်ခံ ကာ ၀န်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ပြည်သူများသိရှိအောင် ကြိုးပမ်းလာကြောင်း ရန်ကုန်မြို့တော်အခြေစိုက် သတင်းအယ်ဒီတာတစ်ဦးက ပြော ကြားသည်။

သမ္မတဦးသိန်းစိန် အစိုးရ၏ ၀န်ကြီးဌာနတစ်ချို့ဖြစ်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရထားပို့ဆောင် ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာမှ ၀န်ကြီးများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ချို့ နိုင်ငံတကာသိရှိရေးနှင့် ပြည်သူများ အချိန်နှင့်တပြေးညီ သိရှိနိင်ရေးအတွက် သတင်းမီဒီယာများ ငွေကုန်ကြေးကျခံကာ ဖိတ်ခေါ်ပြီး တွေ့ဆုံပွဲအမည်ခံ သတင်း စာရှင်းလင်းပွဲလို ပြုလုပ်လာကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

”ဦးကျော်ဆန်းသတင်းစာရှင်းလင်းပွဲနဲ့ ကွာတာကတော့ စထိုင်ကတည်းက မေးချင်တာမေး အားလုံးဖြေပေးတာ ဘာမှ မိန့်ခွန်းခြွေ သြ၀ါဒမပေး ဘူး။ သတင်းတွေပဲပေးတယ်။ ဆင်ခြေမပေးဘူး။ PR က ဦးကျော်ဆန်းနဲ့ ဘာမှမဆိုင်ဘူး”ဟု ၎င်းကဆိုသည်။

ယခု မေလအတွင်းကျင်းပခဲ့သည့် စက်မှုဝန်ကြီးဌာနတွေ့ဆုံပွဲနှင့် စီပွားကူးသန်းတွေ့ဆုံပွဲများတွင် နိုင်ငံအတွက် အရေးပါသည့် ငြိမ်းချမ်းရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းသည့်သတင်း၊ ကားတင်သွင်းသည့်မူဝါဒ ဖြေလျှော့မှုသတင်းများအပါအ၀င် ပြည်သူများ သိသင့်သိထိုက်သောသတင်းများကို စိတ်ရှည် လက်ရှည် ပွင့်ပွင့်လင်းလင်း ဖြေကြားပေးကြာင်း အကြီးတန်း သတင်းထောက်တစ်ဦးက ပြောကြားသည်။

ကမ္ဘာကြီး၏ သတင်းနည်းပညာခေတ်၌ နိုင်ငံတကာတွင် ပြန်ကြားရေးဝန်ကြီးဌာနဆိုသည်မှာ နိုင်ငံအများစုတွင် ယခုမထားရှိပဲ သက်ဆိုင်ရာ ၀န်ကြီးဌာနတွင်သာ သတင်းပြန်ကြားရေးတာဝန်ခံများ ထားရှိသတင်းထုတ်ပြန်သည့် ပုံစံကို ကျင့်သုံးလာကြောင်း သတင်းသဘာဝအရ သွက်လက် လတ်ဆတ်ရန် လိုအပ်သဖြင့် ဌာတစ်ခုတည်းက ထိန်းချုပ်လုပ်ကိုင်လျှင် သတင်းစီးဆင်းမှု အလျဉ်းလျှော့ ပိတ်ဆို့စေသည်ဟု အမေရိကန်နိင်ငံသူ ရိုက်မစ် ချယ်ဆိုသည့် သတင်းစာဆရာတစ်ဦးက ပြောကြာသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

ဝန်ကြီးဌာနတစ်ချို့ တွေ့ဆုံပွဲ အမည်ခံကာ သတင်းထုတ်ပြန်

ပြည်ထောင်စု အဆင့်သတင်းထုတ်ပြန်ရေးအဖွဲ့ လုပ်ဆောင်ချက်ကို အားမလိုအားမရဖြစ်လာသော ၀န်ကြီးဌာနတစ်ချို့သည် တွေ့ဆုံပွဲအမည်ခံ ကာ ၀န်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ပြည်သူများသိရှိအောင် ကြိုးပမ်းလာကြောင်း ရန်ကုန်မြို့တော်အခြေစိုက် သတင်းအယ်ဒီတာတစ်ဦးက ပြော ကြားသည်။

သမ္မတဦးသိန်းစိန် အစိုးရ၏ ၀န်ကြီးဌာနတစ်ချို့ဖြစ်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရထားပို့ဆောင် ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၀န်ကြီးများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းစဉ်တစ်ချို့ နိင်ငံတကာသိရှိရေးနှင့် ပြည်သူများ အချိန်နှင့်တပြေးညီ သိရှိနိင်ရေးအတွက် သတင်းမီဒီယာများ ငွေကုန်ကြေးကျခံကာ ဖိတ်ခေါ် ပြီး တွေ့ဆုံပွဲအမည်ခံ သတင်းစာရှင်းလင်းပွဲလို ပြုလုပ်လာကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

”ဦးကျော်ဆန်းသတင်းစာရှင်းလင်းပွဲနဲ့ ကွာတာကတော့ စထိုင်ကတည်းက မေးချင်တာမေး အားလုံးဖြေပေးတာ ဘာမှ မိန့်ခွန်းခြွေ သြ၀ါမပေးဘူး သတင်းတွေပဲပေးတယ် ဆင်ခြေမပေးဘူး PR က ဦးကျော်ဆန်းနဲ့ ဘာမှမဆိုင်ဘူး”ဟု ၎င်းကဆိုသည်။

ယခု မေလအတွင်းကျင်းပခဲ့သည့် စက်မှုဝန်ကြီးဌာနတွေ့ဆုံပွဲနှင့် စီပွားကူးသန်းတွေ့ဆုံပွဲများတွင် နိုင်ငံအတွက်အရေးပါသည့် ငြိမ်းချမ်းရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းသည့် သတင်း၊ ကားတင်သွင်းသည့်မူဝါဒ ဖြေလျှော့မှုသတင်းများအပါအ၀င် ပြည်သူများ သိသင့်သိထိုက်သောသတင်းများကို စိတ်ရှည် လက်ရှည် ပွင့်ပွင့်လင်းလင်း ဖြေကြားပေးကြာင်း အကြီးတန်းသတင်းထောက်တစ်ဦးက ပြောကြားသည်။

ကမ္ဘာကြီး၏ သတင်းနည်းပညာခေတ်၌ နိင်ငံတကာတွင် ပြန်ကြားရေးဝန်ကြီးဌာနဆိုသည်မှာ နိင်ငံအများစုတွင် ယခုမထားရှိပဲ သက်ဆိုင်ရာဝန် ကြီးဌာနတွင်သာ သတင်းပြန်ကြားရေးတာဝန်ခံများ ထားရှိသတင်းထုတ်ပြန်သည့် ပုံစံကို ကျင့်သုံးလာကြောင်း သတင်းသဘာဝအရ သွက်လက်လတ် ဆတ်ရန် လိုအပ်သဖြင့် ဌာတစ်ခုတည်းက ထိန်းချုပ်လုပ်ကိုင်လျှင် သတင်းစီးဆင်းမှု အလျဉ်းလျှော့ ပိတ်ဆို့စေသည် အမေရိကန်နိုင်ငံသူ ရိုက်မစ်ချယ် ဆိုသည့် သတင်းစာဆရာတစ်ဦးက ပြောကြာသည်။

MP

 ****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဘာသာရေးအဆုံးအမအောက်မှာ သီလနဲ့ ကိုယ်ကျင့်တရားကို အလေးအနက်ထားတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ဆရာသော်တာဆွေ ပြောတဲ့ အချက်က အကျင့်စရိုက်ဆိုးတွေ ယနေ့အထိ မပျောက်နိုင်သေးတာ မလိုလားအပ်ပါဘူး။ သိက္ခာ သမာဓိနဲ့ပြည့်စုံတဲ့ ကျွန်တော်တို့ မြန်မာလူမျိုး အများစု ကြီးက ဒီလိုလူ့မာနကင်းတဲ့ လူနည်းစုကို လက်သင့်မခံကြဘဲ ပြုပြင်ထိန်းကျောင်းပြီး ခေတ်သစ်ကို လက်တွဲခေါ်ငင်ကြရပါမယ်။ အောင်မြင်တဲ့ လူ့အဖွဲ့ စည်းရဲ့ ဦးဆောင်လမ်းပြ နိုင်ငံတစ်ခုလည်းဖြစ်၊ အစဉ်အလာနဲ့ စည်းကမ်းထိန်းသိမ်းရာမှာ ကမ္ဘာကလေးစားရတဲ့ တိုင်းပြည်လည်းဖြစ်တဲ့ ဗြိတိန်နိုင်ငံ မှာတောင် လွန်ခဲ့တဲ့လများက လူငယ်လူရွယ်တွေဟာ သူများပစ္စည်း၊ သူများဆိုင်တွေကို ဖျက်ဆီးလုယက်မှုတွေလုပ်လို့ ဝန်ကြီးချုပ်ကိုယ်တိုင်က အင်အား သုံး နှိမ်နင်းစေခဲ့တာကို မှတ်မိကြပါလိမ့်မယ်။ ဒီလိုနိုင်ငံကြီးတွေဟာ ပုံမှန်ဆိုလျှင် ဘူတာရုံလို လူစည်ကားရာတွေမှာ သတင်းစာတွေကို အပုံလိုက် ဒီအတိုင်းချထားပြီး ဘေးမှာ စုဘူးတစ်ခုချထားပေးပါတယ်။ ဖတ်ချင်တဲ့လူက စုဘူးထဲကို ကိုယ့်အသိစိတ်နဲ့ ကိုယ်ပြား ၆၀ ထည့်ပြီး သတင်းစာကို ယူသွားတာပါပဲ”

မေ ၇ ထုတ် The Voice Weekly အတွဲ (၈) အမှတ် (၂၀) တွင်ပါသည့် ဆောင်းပါးရှင် ဇွဲနေဝင်း၏ “စိတ်ကောင်းပြင်လို့ နိမိတ်ကောင်းမြင်စို့” ဆောင်းပါး မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“if it is quite successful he may be contend it his work” ဆိုတဲ့ အချက်ရမယ်။ “Future is unpredictable” ဆိုတဲ့ စကားလုံးတွေကို သုံးခဲ့ပါတယ်။ ဒီစကားလုံးကို အဓိပ္ပါယ်ကောက်ယူပြီး အခုလို ရေးသားဖော်ပြတာ ဖြစ်မယ်ထင်တယ်။ အဲဒီစကားလုံးတွေကို ဆက်စပ်စဉ်းစားကြည့်ရင်တော့ အနားယူ မယ်၊ မယူဘူးဆိုတဲ့ဟာကို စဉ်းစားလို့ရတာပေါ့။ တွေးကြည့်ပေါ့။ လက်ရှိ သမ္မတကြီးဟာ ပြုပြင်ပြောင်းလဲမှုတွေကို ဦးဆောင်လုပ်ကိုင်ခဲ့သူဖြစ်တယ်။ ဥ ယျာဉ်မှူးတစ်ယောက်လိုပေါ့။ သူစိုက်ပျိုးခဲ့တဲ့ အပင်လေးတွေ ကြီးထွားရှင်သန်လာတယ်ဆိုရင် ဥယျာဉ်မှူးတစ်ယောက်အနေနဲ့ ကျေနပ်နှစ်သိမ့်လို့ ရနေပါ ပြီ။ ဒီသဘောပါပဲ။ ဒါတောင်မှပဲ ပြုပြင်ပြောင်းလဲရေး အကူးအပြောင်းလုပ်ငန်းတွေ အပြည့်အဝအောင်မြင်ဆိုရင် “quite successful” ဆိုတဲ့ ဝိသေသနပုဒ် ကို သုံးထားတာ။ အဲဒီသတင်းဆောင်းပါးမှာ တွေ့နိုင်ပါလိမ့်မယ်”

မေ ၉ ထုတ် The Express Times အတွဲ (၂) အမှတ် (၈) တွင်ပါသည့် “နိုင်ငံတော်သမ္မတဦးသိန်းစိန် ၂၀၁၅ ခုနှစ်တွင် အနားယူမည့်ကိစ္စ သမ္မတအကြံ ပေးဦးကိုကိုလှိုင်ပြောကြား” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အလုပ်သမားရေးရာ ဥပဒေမူကြမ်းကို သိသူက အလွန်နည်းနေတယ်။ ဒါကလည်း ဒီအလုပ်မားဥပဒေမူကြမ်းထွက်တာ မကြားတာလည်း ပါပါတယ်။ ၂၀၁၁ မှာ ဥပဒေစထွက်တော့လည်း ပါပါတယ်။ ၂၀၁၁ မှာ ဥပဒေ စထွက်တော့လည်း  တကယ်တမ်း အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းတာ နည်းနေ သေးတယ်။ အလုပ်သမားတွေက အဖွဲ့တွေကို ကောင်းကောင်းမဖွဲ့နိုင်သေးဘူး။ နည်းဥပဒေတွေကို နားမလည်လို့ပါ။ တကယ်လက်တွေ့ ဆောင်ရွက်တဲ့ သူတွေက အဖွဲ့အစည်းကို အကောင်အထည်ဖော်တဲ့နေရာမှာ အရင်က အတွေ့အကြုံမရှိတဲ့တွက် အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆွေးနွေးတဲ့အခါမှာ အလုပ်သ မားတွေနဲ့ စည်းရုံးရေးဆောင်ရွက်တဲ့အခါမှာ လိုအပ်ချက်တွေရှိနေတော့ အခက်အခဲတွေရှိနေတယ်”

မေ ၉ ထုတ် newday news အတွဲ (၁) အမှတ် (၉) တွင်ပါသည့် “လုပ်ငန်းရှင်ကြီးများက အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းရေးဥပဒေများကို ဖုံး ကွယ်ထားခြင်းတို့ကြောင့် အလုပ်သမားများ အခက်ကြုံ”သတင်းမှ ဥပဒေပညာရှင် ဒေါက်တာညိုညိုသင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs