Transparency Myanmar

transparency.myanmar@gmail.com

သတင်းလွှာ စာဖတ်သူများခင်ဗျာ..

သတင်းလွှာ အတွဲ (၂) အမှတ် (၁၆) ကို ပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာ
၁။ ဒုသမ္မတလောင်း ထင်ကြေးပေးမှု မြင့်တက်
၂။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့နော်ဝေနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ
၃။ စာနယ်ဇင်းသမားများ ဆွေးနွေးပွဲ ပိုလန်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်
၎။ မဲလက်မှတ်များတွင် ဖယောင်းသုတ်မှု မှန်ကန်မှုမရှိကြောင်း သတင်းထုတ်ပြန်
၅။ ဝန်ကြီးဌာနတစ်ချို့ တွေ့ဆုံပွဲအမည်ခံကာ သတင်းထုတ်ပြန်
၆။ ဇောတိက ဦးခင်လှိုင် နဂါးနီပြည်သူ့ပါတီ ဖွဲ့စည်းတည်ထောင်မည်
၇။ Hi Mo စက်ရုံမှ ဆန္ဒပြမှု အချက် ၄၄ချက် သဘောတူပြေလည်
၈။ ကျုးကျော်နေထိုင်သူများအား ပါတီတစ်ခုမှ ကူညီပေးခ ငွေတောင်းခံ
၉။ ဈေးခွန်ကိစ္စ ပထမဦးဆုံးအကြိမ် ပြည်နယ်ဝန်ကြီးချုပ်အိမ်သို့ သွာရောက်တောင်းဆို
၁၀။ သရုပ်ဆောင်ကျော်သူ ရုပ်ရှင်ရိုက်ခွင့်ပြန်ရ စတဲ့သတင်းတွေအပြင်
အင်တာဗျူးကဏ္ဍ၊ ဆောင်းပါးများကဏ္ဍ၊ နိုင်ငံတကာ သတင်းများကဏ္ဍကိုလည်း
ထူးထူးခြားခြား ထည့်သွင်းထားပါတယ်။

လေးစားလျှက်
သတင်းလွှာအဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံသတင်းရ
အောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည်
မူရင်းမီဒီယာများ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား
မဟုတ်ပါကြောင်း။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၀.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီထဲက ဒီမိုကရေစီ နောက်ပြန်ဆွဲသမားများ

*****************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီထဲက ဒီမိုကရေစီ နောက်ပြန်ဆွဲသမားများ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းပြည့်ဝတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုမဟုတ်ခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲဟာလည်း အငြင်းပွားစရာတွေအတိနဲ့ ပြီးဆုံးခဲ့ရတာဖြစ်ပြီး အရင်အစိုးရဟောင်းလက်ထက်က ပုဂ္ဂိုလ်တွေအများစုပဲ သမ္မတ၊ ဒုသမ္မတ၊ လွှတ်တော်နှစ်ရပ်ရဲ့ ဥက္ကဋ္ဌ များနဲ့ ဝန်ကြီးတော်တော်များများ ပြန်ဖြစ်ခဲ့ကြတယ်။ ဒါ့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေဟာ အစိုးရဟောင်းကို အသက် ဆက်ဖို့အတွက်ပဲ ဖြစ်တယ်ဆိုရင်တော့ မှားပါလိမ့်မယ်။

၂၀၁၀ရွေးကောက်ပွဲပြီးဆုံးချိန်ကစလို့ မြန်မာပြည်သူတွေဟာ သူတို့ရဲ့သက်တမ်းအတွင်းမှာ မကြုံဖူးသေးတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက် တိုက်ကြုံတွေ့လာရတယ်။ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်ဟာ မြန်မာနိုင်ငံအတွက် အရေးတကြီးလိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှု တွေကို ဆက်တိုက် လုပ်ဆောင်လာခဲ့ပါတယ်။ ပင်စင်လစာတိုး ပေးခဲ့တာမျိုးကစပြီး ပြည်သူတွေ အဖြစ်ချင်ဆုံးဆန္ဒတွေဖြစ်တဲ့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်း ပစ်တာ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တာ၊ နောက်ဆုံးအဆင့် တပ်မတော်အစိုးရလက်ထက်က ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်ခဲ့တဲ့ ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီး NLD ရွေးကောက်ပွဲဝင်လာနိုင်အောင် လမ်းဖွင့်ပေးခဲ့တာတွေကို လုပ်ဆောင်ခဲ့ရတဲ့ အခြေအနေတွေဟာ သမ္မ တ ဦးသိန်းစိန်အတွက်တော့ လွယ်ကူတဲ့ ကိစ္စရပ်တွေမဟုတ်ခဲ့ပါဘူး။  ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ချုပ်ကိုင်ခဲ့တဲ့ အာဏာကို လွှဲပြောင်းပေးပြီး ရာထူးက အနားယူဖို့ ဆုံးဖြတ်တဲ့ ကိစ္စကို မဟာဗျူဟာကျကျ လုပ်ဆောင်ခဲ့ပါတယ်။ အဓိကတော့ နောက်တက် လာမယ့်အစိုးရက သူနဲ့ သူ့ရဲ့ မိသားစုလုံခြုံရေးအတွက်  အန္တရာယ်မပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ ၁၉၉၀တုန်းကလို လက်စားချေမယ်ဆိုတဲ့ စကားမျိုးတွေ ပြန်မလာအောင် ၂၀၀၈ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာ အစိုးရဟောင်းရဲ့ လုပ်ဆောင်ချက်တွေကို နောက်ကြောင်း ပြန်စစ်ဆေးခြင်း မပြုရလို့ ထည့်သွင်းရေးဆွဲခဲ့သလို နိုင်ငံရေးပုံစံ အသစ်မှာ အစိုးရနဲ့ လွှတ်တော်တွေထဲမှာလည်း သူ့စိတ်ကြိုက်လူတွေကို ရွေးချယ်ခန့်ထားခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေနဲ့ သဘောထား တင်းမာသူတွေကို နိုင်ငံရေးပုံစံအသစ်မှာရော မွှေထားခဲ့ပြီးတော့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းက ထင်ရာစိုင်းလို့ မရအောင် အပြန်အလှန်ထိန်းချုပ်မယ့် လူတွေ ထည့်ထားခဲ့တယ်။ ဒါကြောင့် သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အစိုးရအဖွဲ့အတွင်းက ပြုပြင်ပြောင်းလဲရေး လိုလား သူတစ်ချို့ဟာ အစိုးရအဖွဲ့နဲ့ လွှတ်တော်အတွင်းက သဘောထားတင်းမာသူတွေရဲ့ အနှောင့်အယှက်ပြုမှုကို မကြာခဏ ခံရတာဖြစ်တယ်။ ဒါကြောင့်လည်း မြန်မာ့နိုင်ငံရေးဟာ အပြောင်းအလဲကောင်းတွေ ဆက်တိုက်ဖြစ်ပေါ်နေပေမယ့် တစ်ခါတစ်ရံမှာ တွေဝေနေမှုတွေကို ကြုံတွေ့နေရတာဖြစ်တယ်။ သမ္မတ ဦးသိန်းစိန်ကတော့ သူ့အစိုးရအဖွဲ့အတွင်းမှာ ခေါင်းမာဂိုဏ်းနဲ့ အပျော့ဂိုဏ်းဆိုပြီး ကွဲပြားနေတာမျိုးမရှိဘဲ အားလုံးက ကိုယ့်အိုင်ဒီယာနဲ့ကိုယ် ပြည်သူ့အ ကျိုးအတွက် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပေမယ့် အစိုးရနဲ့ လွှတ်တော်အတွင်းမှာ ခေါင်းမာသူအချို့ ရှိနေတာကတော့ အမှန်ပါပဲ။

စစ်အစိုးရလက်ထက်မှာ အတွင်းရေးမှူး(၁)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သဘောထားတင်းမာသူလို့ နာမည်ကြီးတဲ့ ဒုသမ္မတ ဦးတင်အောင်မြင့် ဦးကို ရသုံးမှန်းခြေငွေစာရင်း ကိစ္စရပ်မှာ ဦးဆောင်စေခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဝန်ထမ်းလစာတိုးပေးဖို့ အဆိုပြု၊ အစိုးရအဖွဲ့က တိုးမ ပေးနိုင်ဖြစ်ပြီး သမ္မတနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအကြား ထိပ်တိုက်တိုးမလို ဖြစ်ခဲ့ရတဲ့ ပြဿနာတွေဟာ ဒုသမ္မတရဲ့ ကုလားဖန်ထိုးမှု အများကြီးပါတယ် လို့ ပြောလို့ရတယ်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကိုတော့ ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုပြောတဲ့ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို တုံ့နှေး အောင် ကဖျက်ကယက်လုပ်နေသူလို့ ရှုမြင်ကြပါတယ်။ လွတ်လပ်စွာပြောဆိုရေးသားခွင့်က အနားယူနေတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ မိသားစုကို ထိခိုက်လာမှာ စိုးလို့ ဦးကျော်ဆန်းကိုပဲ ပြန်ကြားရေးဝန်ကြီးနေရာမှာ တည်မြဲစေခဲ့တာလားလို့လည်း စဉ်းစားစရာပါ။ နောက်ထပ် သဘောထားတင်းမာသူလို့ နာမည်ကြီး တဲ့ ဦးအောင်သောင်းဆိုရင် ဒီပဲယင်းကိစ္စမှာ တာဝန်ရှိသူတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီး ၂၀၁၀ရွေးကောက်ပွဲမှာ အရှက်ရစေခဲ့တဲ့ ကြိုတင်မဲကိစ္စ ကို ဦးဆောင်သူတွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်တယ်။ ဦးအောင်မင်းရဲ့ ငြိမ်းချမ်းရေးအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များစွာနဲ့ ငြိမ်းချမ်းရေးတွေ ရယူနိုင်သော်လည်း ဦးအောင်သောင်းရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကတော့ ဒီကနေ့ နိုင်ငံတကာကရော ပြည်တွင်းကပါ စိုးရိမ်တ ကြီး ပြောဆိုနေကြတဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်သွားအောင် KIA အဖွဲ့နဲ့ တစ်စုံတစ်ရာ သဘောတူညီမှုရအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ KIA ရဲ့ အဆိုအရတော့ ဦးအောင်သောင်းဟာ သဘောထားမမှန်ဘူး၊ အစိုးရကို အမှန်အတိုင်း တင်ပြခြင်းမရှိဘူး၊ ရိုးသားမှုမရှိဘူးလို့ စွပ်စွဲထားပါတယ်။

ခုတလောမှာတော့ မြန်မာ့နိုင်ငံရေးအတွက် သတင်းကောင်းတစ်ချို့ကြားနေရတယ်။ ဦးအောင်သောင်းဟာ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ကနေ နှုတ်ထွက်သွားပြီး အသစ်ပြန်လည်ဖွဲ့စည်းမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးအဆင့်အဖွဲ့မှာ ဒုသမ္မတတစ်ဦးဖြစ်တဲ့ ဒေါက်တာစိုင်းမောက်ခမ်း အပါ အဝင် လွှတ်တော်ထဲက တိုင်းရင်းသားကိုယ်စားလှယ်တွေ ပါဝင်လာဖို့ ရှိတယ်ဆိုတဲ့အချက်ပါ။ ဦးအောင်သောင်းရဲ့ အခန်းကဏ္ဍ ကျဆင်းသွားတာဟာ ခေါင်းမာဂိုဏ်းတွေ ပြိုကွဲမှုရဲ့အစဖြစ်မလား။ ခေါင်းအမာဆုံးလို့ ယူဆထားခြင်းခံရတဲ့ ဒုသမ္မတ သီဟသူရ တင်အောင်မြင့်ဦးလည်း ကျန်းမာရေးမကောင်း လို့ ရာထူးကနေ နှုတ်ထွက်သွားပြီလို့ ဆိုကြပါတယ်။  ခေါင်းမာဂိုဏ်းထဲက တစ်ဦးဖြစ်တဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းကတော့ မီဒီယာတွေရဲ့ ကောင်းမှု ကြောင့် အသံသိပ်မထွက်တော့သလို၊ လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်ကလည်း လွှတ်တော်မှာ ကိုယ်စားလှယ်တွေကို တောင်းပန်ခဲ့ရတယ်။  ခေါင်းမာသူ တွေရဲ့ အခန်းကဏ္ဍ ကျဆင်းသွားတဲ့ မြန်မာ့နိုင်ငံရေးဟာ အပြောင်းအလဲကောင်းတွေကို ပိုပြီးမျှော်လင့်နိုင်တော့မှာလားလို့ ရင်ခုန်စရာရှိလာပါပြီ။ သူတို့ တွေရဲ့ ကျဆုံးမှုနဲ့အတူ သူတို့တွေရဲ့ လက်ဝေခံတွေလို့ခေါ်တဲ့ ခေတ်ပျက်သူဌေး ခရိုနီတွေရဲ့ လက်ဝါးကြီးအုပ်မှုတွေလည်း လျော့ကျသွားနိုင်တာမို့ စီးပွား ရေးကိစ္စရပ်တွေမှာလည်း မျှမျှတတ လုပ်ကိုင်နိုင်တော့မယ်လို့ မျှော်လင့်လို့ရနေပါပြီ။ ဒီကြားထဲမှာ ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံကို လှိုက်လှိုက်လှဲလှဲ ထိတွေ့ ဆက်ဆံလာကြပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက် လုပ်ဆောင်လာတာကြောင့် မြန်မာ့ဒီမိုကရေစီအရေးဟာ ရှေ့ဆက်ဖို့ပဲရှိတော့တယ်၊ နောက် ကြောင်းပြန်မလှည့်တော့ဘူးလို့ ယတိပြတ်ပြောနိုင်ပြီလို့ ဆိုရမှာလား။

ခေါင်းမာဂိုဏ်းဆိုတာက အစိုးရအဟောင်းလက်ထက်က လူတွေလို့ ယူဆကြတာကတော့ သူတို့တွေဟာ အာဏာရပုဂ္ဂိုလ်တွေဖြစ်နေတာရယ်၊ ချမ်းသာကြွယ်ဝမှုနဲ့ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူတွေကို ငဲ့ညှာမှုမရှိခဲ့တာတွေရယ်ကြောင့်ပဲ ဖြစ်ပါတယ်။ သမ္မတနဲ့ အစိုးရအဖွဲ့အတွင်းက ပြုပြင် ပြောင်းလဲရေးလိုလားသူအချို့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ ခေါင်းမာဂိုဏ်းကလူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်လာရင် ခေါင်းမာဂိုဏ်းက လူတွေက ငြိမ်နေမှာမဟုတ်ဘူး၊ ဗိုလ်ချုပ်မှူးကြီးအနားကို ပြန်ကပ်ပြီး အာဏာသိမ်းဖို့ လုပ်ဆောင်ကြရမှာပဲ ဖြစ်တယ်။ ဒါကြောင့် ခေါင်းမာဂိုဏ်းကလူတွေဟာ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီအရေးကို နောက်ကြောင်းပြန်လှည့်အောင် လုပ်မယ့်သူတွေလို့ မြင်နိုင်စရာရှိပါတယ်။ အခု သူတို့တွေ အနားယူသွားတာတွေကြောင့် မြန် မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး နောက်ကြောင်းပြန်လှည့်ဖို့ နည်းသွားပြီး စစ်တပ်အာဏာသိမ်းမှု နောက်တစ်ကြိမ်မဖြစ်နိုင်တော့ဘူးလို့ ဆိုကောင်းဆိုနိုင်ပေ မယ့် အခြားတစ်ဖက်မှာ နောက်ကြောင်းပြန်အောင်လုပ်မယ့် အုပ်စုတွေက ပြည်သူတွေကြားထဲမှာပဲ ရောနှောပြီး တိတ်တိတ်ဆိတ်ဆိတ် ရှိနေခြင်းပါပဲ။

ခေါင်းမာသူ (Hardliner) ဆိုတာက ကိုယ့်ရဲ့ အယူအဆတစ်ခု၊ ကိုယ့်ရဲ့ အကျိုးစီးပွားတစ်ခုကို ပြင်းပြင်းထန်ထန် ကာကွယ်ပြီး ညှိညှိနှိုင်းနှိုင်း မရှိဘဲ ငါတကော ကောသူများလို့ အဓိပ္ပါယ်ဖွင့်နိုင်ပါတယ်။ ဒီမိုကရေစီမှာလည်း အစွန်းရောက်သွားတဲ့ ခေါင်းမာသူတွေ ရှိပါတယ်။ ပြည်သူတွေက သူတို့ကို ခေါင်းမာသူ တွေလို့ မထင်ကြဘဲ ဟီးရိုးကြီးတွေလို့ ထင်ကြတဲ့ အကြောင်းအရင်းကတော့ သူတို့ဟာ စစ်အစိုးရဘက်က ခေါင်းမာသူတွေလို အာဏာလည်း မရှိ၊ ချမ်းသာ ကြွယ်ဝမှုလည်း မရှိခဲ့တဲ့အပြင်  အစိုးရဟောင်းလက်ထက်မှာ ဖမ်းဆီးညှဉ်းပမ်း နှိပ်စက်ခံရပြီး ပြည်သူတွေဘက်က မားမားမတ်မတ် ရပ် တည်ခဲ့တယ်ဆိုတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်မှာ ညှဉ်းပမ်းဖိနှိပ်ခံနေရတဲ့ ပြည်သူတွေဟာ စစ်အစိုးရရဲ့ ရန်သူဖြစ်တဲ့ ဒီမိုကရေစီ ခေါင်းမာဂိုဏ်းသား များကို ဟီးရိုးကြီးများသဖွယ် အထင်ကြီးလေးစားခဲ့ကြတာပါပဲ။  သူတို့တွေဟာလည်း ဒီမိုကရေစီနဲ့ ပတ်သက်ရင် နှုန်းစံအခြေပြုတဲ့ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီ ကို တပြားသားမှ မလျော့ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ဒီမိုကရေစီ အစွန်းရောက်မှုကြောင့် တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေး တုံ့ဆိုင်းခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ နုရင်ဘတ်စစ်ခုံရုံးကိစ္စ၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန့်ကျင်ရေးနဲ့၊ ၂၀၁၀ ရွေးကောက် ပွဲ သပိတ်မှောက်ရေး၊ မဲမပေးရေးလှုပ်ရှားမှုတွေကို စောစောစီးစီး ဒီမိုကရေစီစတင်နိုင်မယ့် အခြေအနေတွေကို တုံ့ဆိုင်းစေခဲ့တာပါပဲ။ ဒီကနေ့အထိလည်း ထိပ်တိုက်ရင်ဆိုင်ရေး လမ်းစဉ်ကနေလုံးဝမချတဲ့ ငါနဲ့မတူငါ့ရန်သူဆိုတဲ့ ရန်ငါစည်းစိတ်တွေနဲ့ ဒီမိုကရေစီခေါင်းမာဂိုဏ်းသားများရဲ့ အပြုအမူတွေဟာ စစ်အာဏာသိမ်းမှုကို ပြန်လည်ပေါ်ပေါက်စေပြီး ဒီမိုကရေစီအရေး နောက်ကြောင်းပြန်လှည့်သွားနိုင်မယ့် အခြေအနေတွေ ဖြစ်ပွားဖို့ ရှိနေပါတယ်။ ဒုသမ္မတ ရာထူးက နှုတ်ထွက်တာဟာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲဝင်လာတာကို ကြောက်လို့ဆိုတဲ့ အရေးအသားမျိုးတွေ၊ တပ်မတော်သား ၂၅ရာခိုင် နှုန်းကို လွှတ်တော်ထဲကနေ ဖယ်ထုတ်ပစ်ရမယ်ဆိုတဲ့ ကြွေးကြော်သံတွေဟာ နုရင်ဘတ်လိုကိစ္စကို ပြန်လည်အမှတ်ရစေပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာ သွားနေတဲ့ နိုင်ငံရေးစနစ်က သူသေကိုယ်သေ၊  အနိုင်အရှုံးပေါ်ဖို့အတွက် တစ်ယောက်သေပေးမှ ရမယ်ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘဲ နှစ်ဦးနှစ်ဖက်ညှိညှိနှိုင်းနှိုင်းနဲ့ နှစ်ဖက်လုံးက အနိုင်ရစေ (Win-Win) ဆိုတဲ့ ပုံစံဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နှစ်ဖက်လုံးက အနိုင်ရစေမယ်ကိစ္စကို အကောင်အထည် ဖော်ခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်လာတဲ့အတွက် ဦးသိန်းစိန်ရဲ့ ပြု ပြင်ပြောင်းလဲရေး ကိစ္စတွေကို နိုင်ငံတကာက ပိုမိုအကူအညီပေးလာကြပြီး မြန်မာ့ဒီမိုကရေစီအရေး အရှေ့ကို ပိုရောက်လာတယ်။ တစ်ချိန်တည်းမှာပဲ တစ်ချိန်က အဖမ်းအဆီးခံ၊ နေအိမ်အကျယ်ချုပ်ကျခံနေရပြီး နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘာမှလုပ်ခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်အမတ် ဖြစ်လာတယ်။ NLD က နိုင်ငံရေးသမားအချို့ဟာ တစ်ချိန်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပေမယ့် အခုတော့ လွှတ်တော်ကြီးပေါ်မှာ တက်ပြီး ပြည်သူတွေရဲ့ အခက်အခဲတွေကို ပြောကြားခွင့် ရနေပြီဖြစ်တယ်။ စေ့စပ်ညှိနှိုင်းခြင်းဖြင့် နှစ်ဦးနှစ်ဖက်အရှုံးမရှိတဲ့ နှစ်ဦးနှစ်ဖက်လုံး အနိုင်ရတဲ့အပြင် ရရှိတဲ့ အနိုင်တွေဟာ လည်း ဒီမိုကရေစီအောင်ပွဲ၊ ပြည်သူ့အောင်ပွဲ ဆိုတဲ့အခြေအနေကိုရောက်အောင် သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်ဆောင်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အထက်မှာ ဆိုခဲ့သလိုပဲ ဒီမိုကရေစီခေါင်းမာသူကြီးများရဲ့ ဆတ်ဆတ်ထိမခံ ရန်လိုတဲ့ ထိပ်တိုက်တွေ့ဖို့ ကြိုးစားနေတဲ့ လုပ်ရပ်တွေကို လည်း မြင်တွေ့နေရတာဖြစ်တယ်။ သူတို့ရဲ့ ပြောဆိုမှုတွေဟာ ဒီမိုကရေစီစံနှုန်းအရ မှားတယ်လို့ မပြောနိုင်ပေမယ့် စေ့စပ်ညှိနှိုင်းမှုကနေ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ပြီး နှစ်ဦးနှစ်ဖက် အနိုင်ရအောင် စဉ်းစားရတဲ့ အခြေအနေနဲ့ကတော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာပါပဲ။ ပြောရရင်တော့ ဖြစ် ပေါ်နေတဲ့ အခြေအနေတွေကို လက်တွေ့ကျကျ ရှုမြင်ခြင်းမရှိဘဲ ဒီမိုကရေစီစံနှုန်း ပေတံကြီးနဲ့ တိုင်းတာပြီး ရန်ငါစည်းစိတ်ဓာတ်နဲ့ ထိပ်တိုက် ရင်ဆိုင်လို သူ ဒီမိုကရေစီ ခေါင်းမာဂိုဏ်းသားများရဲ့ လုပ်ရပ်တွေဟာ လွှတ်တော်ထဲက အာဏာရပါတီထဲက ခေါင်းမာတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ တပ်မတော်သား တွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရင် နောက်တစ်ကြိမ် အာဏာသိမ်းမှုဆိုတာ ဖြစ်သွားနိုင်စရာအခြေအနေ အများကြီး ရှိပါတယ်။ ဒီလိုသာ ဖြစ်သွား ခဲ့ရင်တော့ ပြုပြင်ပြောင်းလဲရေးဝါဒီများဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့အတွင်းမှ ပြုပြင်ပြောင်းလဲရေးလိုလားသူများ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌများ အနေနဲ့လည်း ဘာမှ တတ်နိုင်တော့မယ် မထင်ပါဘူး။ ကံမကောင်းရင် သူတို့ရဲ့ အခန်းကဏ္ဍတောင် ချုပ်ငြိမ်းသွားနိုင်ပါတယ်။ ခွင့်လွှတ်သည်းခံပြီး သင် ပုန်းချေပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးဆပ်ခဲ့ရမှုတွေလည်း သဲထဲရေသွန် ဖြစ်သွားနိုင်စရာ ရှိပါတယ်။ အခုတောင် ဒေါ်အောင်ဆန်းစုကြည် လွှတ် တော်တက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ ခေါင်းမာဂိုဏ်းသားအချို့ရဲ့ ဝေဖန်မှုကို ကြုံတွေ့နေရပြီး ငါနဲ့မတူ ငါ့ရန်သူ စစ်အာဏာရှင် ဆန့်ကျင်ရေးက နေ  ဒေါ်အောင်ဆန်းစုကြည်ဆန့်ကျင်ရေးနဲ့ တပ်မတော်ဆန့်ကျင်ရေးတွေအထိ ဖြစ်လာပါတယ်။ စစ်အာဏာရှင်ဆိုတဲ့ စနစ်ဆိုးကြီးကို ပြောင်းလဲဖို့ လုပ်တဲ့ အခါမှာ စနစ်ကိုသာ ပြောင်းလဲဖို့ လုပ်ရတာဖြစ်ပြီး ပုဂ္ဂိုလ်ရေးဆန့်ကျင်မှုနဲ့ တပ်မတော်ဆန့်ကျင်မှုတွေ မဖြစ်ဖို့လိုအပ်ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေး ဟာ တပ်မတော်ဆန့်ကျင်ရေးဖြစ်လို့ မရပါဘူး။

နိဂုံးချုပ်ပြောရရင်တော့ အာဏာ၊ ငွေကြေးနဲ့ လုပ်ပိုင်ခွင့်တွေကြောင့် အစိုးရအဖွဲ့ထဲက ခေါင်းမာသူတွေလို့ ထင်ထင်ပေါ်ပေါ်ရှိတဲ့ သူတွေရဲ့ အခန်းကဏ္ဍ လျော့ပါးသွားပေမယ့် ပြည်သူတွေကြားမှာတင် ရောနှော ပျောက်ကွယ်နေတဲ့ ဒီမိုကရေစီ ခေါင်းမာဂိုဏ်းသားများရဲ့ အန္တရာယ်ကလည်း  တိုင်းပြည်နောက်ကြောင်း ပြန်လှည့်သွားနိုင်တဲ့ အရေးအတွက် မမြင်ရတဲ့ အန္တရာယ်အဖြစ် ရှိနေတာကို တွေ့နေရတာပဲဖြစ်ပါတော့တယ်။

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၁၁.၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. သရုပ်ဆောင်ကျော်သူ ရုပ်ရှင်ရိုက်ခွင့်ပြန်ရ
  2. စက်ရုံတချို့ ထပ်မံဆန္ဒပြမှုဖြစ်ပေါ်
  3. Hi Mo စက်ရုံမှ ဆန္ဒပြမှု အချက် ၄၄ချက် သဘောတူပြေလည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဆွစ်ဇာလန်နိုင်ငံမှ အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်း
  1. စာနယ်ဇင်းသမားများ ဆွေးနွေးပွဲ ပိုလန်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

သရုပ်ဆောင်ကျော်သူ ရုပ်ရှင်ရိုက်ခွင့်ပြန်ရ

ရုပ်ရှင်ရိုက်ကူးခွင့်အား အစိုးရမှ နှစ်ရှည်ပိတ်ပင်ခြင်းခံထားရသည့် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ ကျော်သူအား မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ရုပ်ရှင်ရိုက်ခွင့်အား ပြန်လည်ပေးအပ်လိုက်ပြီဖြစ်ကြောင်း ယင်းရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၏ ပြောကြားချက်အရ သိရသည်။

“ကိုကျော်သူလို တကယ်တော်ပြီး တကယ်ထူးချွန်တဲ့ လေးစားရတဲ့ ပုဂ္ဂိုလ်ကို အခုလို ရုပ်ရှင်ရိုက်ခွင့်ပြန်ပေးတာ ဝမ်းသာမိပါတယ်”ဟု ၎င်းမှ ပြောကြား သည်။

သရုပ်ဆောင်ကျော်သူသည် ပြီးခဲ့သည့် နှစ်များစွာကပင် အနုပညာလုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်ပင်ခံခဲ့ရသူတစ်ဦးဖြစ်ပြီး အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာဝန်ကြီးဌာနများအား စာတင်ပြီး သရုပ်ဆောင်ကျော်သူအား ရုပ်ရှင်ရိုက်ကူးခွင့် ပိတ်ပင်ထားခြင်းရှိမရှိအား မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မေလ ၂၉ရက်နေ့က ကျွန်တော်တို့ဆီ စာပြန်လာတယ်။ အရင်နှစ်ကလည်း ဦးကျော်သူပါတဲ့ ရုပ်ရှင်ကားနှစ်ကား ထုတ်လုပ်ခွင့်ပေးလိုက်ပြီလို့ ပြော တယ်။ ပိတ်ထားတယ် မပိတ်ထားဘူးတော့ ပေါ်တင်မပြောတော့ဘူး။ ပြီးတော့ အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဆုံးဖြတ်ချက်နဲ့ ရုပ်ရှင်ရိုက်ကူးတာကို ပိတ်ပင်ခြင်း မရှိတော့ဘူးဆိုတဲ့ အကြောင်းကြားစာပေးပို့လိုက်ပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်မှ ဆက်လက် ပြောကြားသည်။

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ ကျော်သူသည် ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေး၌ ပါဝင်လှုပ်ရှားခဲ့သူများအား စားနပ်ရိက္ခာများ ဝေငှခြင်း နှင့်ပတ်သက်၍ ပြုလုပ်မှုများကြောင့် ယင်းအချိန်မှစ၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်ရိုက်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရပြီး ၂၀၁၂ မေလမှစတင်၍ ရုပ်ရှင် ရိုက်ကူးခွင့်အား ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အလင်းရောင်

-----------------------------------------------------------------------------------------------------------------------------------

စက်ရုံတချို့ ထပ်မံဆန္ဒပြမှုဖြစ်ပေါ်

လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုံ ၄တွင် Hi Mo ဆံပင်တုစက်ရုံဆန္ဒပြမှုနှင့်အတူ အခြားစက်ရုံတစ်ချို့မှလည်း ထပ်မံဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိ ကြောင်း ယင်းစက်ရုံမှ ဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“တကယ်တော့ ကျွန်မတို့က အေးဆေးနေချင်တာ။ လစာနည်းပြီး အဆင်မပြေလွန်းလို့ အခုလိုမျိုး ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ရတာပါ။ ပြီး တော့ တကယ်ဆိုရင် ဒီလိုဆူပူနေရမှာမဟုတ်ဘူး။ အလုပ်ရှင် အလုပ်သမားအချင်းချင်း ပြေလည်အောင် ညှိနှိုင်းရမှာ”ဟု အလုပ်သမားဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

ထို့ပြင် ယင်းကဲ့သို့ ထပ်မံဆန္ဒပြသည့် စက်ရုံမှာ YES အထည်ချုပ်စက်ရုံမှ ဝန်ထမ်းများ အခြေခံလစာနည်းပါးခြင်းနှင့် အဆင်မပြေမှုများဖြစ်ခြင်း တို့ကြောင့် ဖြစ်သည်ဟု ယင်းစက်ရုံမှ ဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ကျွန်မတို့က လစာလည်း ရတာအရမ်းနည်းတယ်။ အခုက လစာတိုးတောင်းတာလည်း မဟုတ်ပါဘူး။ ရှားပါးစရိတ်ကိုပဲ ၂၀၀၀၀တိုးပေးဖို့ တောင်းတာပါ။ ဒါကိုညှိနှိုင်းလို့ရတာပါ”ဟု ၎င်းမှ ဆက်လက်ဆိုသည်။

ထို့နောက် New Way အထည်ချုပ်စက်ရုံတွင် လုပ်ငန်းအတွေ့အကြုံမရှိသည့် ဝါရင့်ကျွမ်းကျင်အလုပ်သမား ၄၀ကျော်အား အလုပ်ထုတ်၍ အလုပ်သင်များအား လစာနည်းနည်းဖြင့် တစ်ဖက်လှည့်ခေါ်ယူမှုများရှိနေပြီး ယင်းကိစ္စနှင့် ပတ်သက်၍လည်း အလုပ်သမားများမှ ဆန္ဒပြတောင်းဆိုမှု များ ပြုလုပ်လျက်ရှိသည်ဟုလည်း ယင်းစက်ရုံမှ ဝါရင့်အလုပ်သမားတစ်ဦး၏ ပြောပြချက်အရ ထပ်မံသိရှိရသည်။

“ဒီစက်ရုံမှလုပ်တာ ၁၃နှစ်ရှိသွားပြီး။ စက်ကျွမ်းကျင်တော့ ယုံကြည်မှုလဲရှိတယ်။ ဒါပေမယ့် လစာထုတ်တော့ ပုံမှန်ရတဲ့ လစာထက် အများကြီး လျော့ပြီး ထုတ်ပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ မပြောဘူး။ ဒီလဆိုရင် ၃သောင်းကျော်လောက်ပဲရတယ်။ အဲဒါကြောင့် အခုလိုမျိုး ဆန္ဒထုတ်ဖော်ပြီး တောင်းဆိုမှုပြုလုပ်တာပါ”ဟု ၎င်းမှ ပြောကြားသည်။

ထို့ကဲ့သို့ စက်ရုံများတွင် ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာဌာနများ၏ ဖြေရှင်းမှုများမှာ အားနည်းနေသေးပြီး ယခု လောလောဆယ်တွင် စက်ရုံတစ်ခုဖြစ်သည့် Hi Mo ဆံပင်တုစက်ရုံတစ်ခုသာ ပြေလည်မှုရရှိသေးသည်ဟု ဝမင်းအထည်ချုပ်စက်ရုံမှ ဆန္ဒပြမှုတွင်ပါဝင် သည့် ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ထို့နောက်လှိုင်သာယာမြို့နယ်တွင် စက်ရုံအလုပ်ရုံများ အများအပြားတည်ရှိပြီး စက်ရုံအချို့မှ ဝန်ထမ်းများသည် အခြေခံလစာ နည်းပါးမှု ကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားလာခဲ့ပြီး ယင်းကဲ့သို့ ဆန္ဒပြမှုများသည် မေလ ၉ရက်နေ့မှစတင်၍ စက်ရုံ ၄ ရုံမှ ဆန္ဒပြခဲ့ကြောင်းနှင့် ယင်းစက်ရုံ ၄ရုံမှာ Hi Mo ဆံပင်တုစက်ရုံ၊ YES အထည်ချုပ်စက်ရုံ၊ New Way အထည်ချုပ်စက်ရုံနှင့် ဝမင်းအထည်ချုပ်စက်ရုံတို့ဖြစ်ကြောင်း ယင်းမြို့နယ်ရှိ အလုပ်သမား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ထို့နောက် မေလ ၉ရက်နေ့တွင် Hi Mo ဆံပင်တုစက်ရုံမှ ဝန်ထမ်း ၂၀၀၀နီးပါး၏ ဆန္ဒပြတောင်းဆိုခဲ့သည့် တောင်းဆိုညှိနှိုင်းမှုသည် မေလ ၁၀ ရက်နေ့ ညနေ ၄နာရီတွင် ညှိနှိုင်းမှုပြေလည်ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ပြောပြချက်အရ ထပ်မံသိရှိရသည်။

အလင်းရောင်

-----------------------------------------------------------------------------------------------------------------------------------

Hi Mo စက်ရုံမှ ဆန္ဒပြမှု အချက် ၄၄ချက် သဘောတူပြေလည်

Hi Mo ဆံပင်တုစက်ရုံမှ ဝန်ထမ်းများသည် မေလ ၉ရက်နေ့တွင် အချက် ၇၈ချက်ဖြင့် တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး မေလ ၁၀ရက်နေ့ တွင် အချက် ၄၄ချက်ဖြင့် သဘောတူပြေလည်သွားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

“ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် ပြေလည်အောင် ညှိနှိုင်းပေးလိုက်ပါပြီ။ သဘောတူချက်အတိုင်း မလိုက်နာလို့ကတော့ အရေးယူ မှာပါ”ဟု ၎င်းမှ ပြောကြားသည်။

ထိုသဘောတူညီမှု မှတ်တမ်းစာချုပ်အား မေလ ၁၀ရက်နေ့တွင် တောင်းဆိုမှုအချက် ၄၄ချက်အား သဘောတူကြောင်း လက်မှတ်ရေးထိုးမှု များ ပြုလုပ်ခဲ့ကြသည်ဟု သိရှိရသည်။

ယင်းသဘောတူညီလက်မှတ်ရေးထိုးခဲ့သည့် အချက် ၄၄ချက်တွင် အလုပ်သမားများ တစ်နှစ်လျှင် ရသင့်သည့် ခွင့်ရက်များအား ဥပဒေနှင့်အ ညီ ခံစားခွင့်ပြုရန်၊ ယင်းခွင့်များနှင့် ပတ်သက်၍ လစာဖြတ်တောက်မှုများ မပြုလုပ်ရန်၊ ယခုကဲ့သို့ တောင်းဆိုသည့် အလုပ်သမားများအား ဌာနပြောင်း ခြင်းများ မပြုလုပ်ရန်၊ စက်ရုံအတွင်း အလုပ်သမားများအလုပ်လုပ်သည့်ခုံပေါ်တွင် ဘုရားပုံအသေးကပ်ခွင့်ပြုရန်၊ အဆောင်နေအလုပ်သမားများအား အလုပ်နှင့် မသက်ဆိုင်သည့်ကိစ္စများ မခိုင်းရန်နှင့် စသည့် အဆောင်နေအလုပ်သမားများ နှင့်ပတ်သက်၍ တောင်းဆိုချက်များလည်း ပါရှိကြောင်း ဆန္ဒပြတောင်းဆိုသည့် အဆောင်နေ စက်ရုံဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

“ပထမတော့ အချက် ၇၈ချက်နဲ့ တောင်းဆိုဆန္ဒပြတာပေါ့။ ဒါပေမယ့် တကယ်တမ်းသဘောတူညီချက် လက်မှတ်ထိုးတော့ ၄၄ချက်နဲ့ပဲ ပြေ လည်သွားတယ်။ အဲဒီအချက်တွေထဲမှာ အဆောင်နေတဲ့သူတွေအတွက် ခံစားခွင့် ရပိုင်ခွင့်တွေတော်တော် များများပါတယ်။ အဆောင်သန့်ရှင်းဖို့နဲ့ အဆောင်စည်းမျဉ်းစည်းကမ်းတွေကို အရင်မူလက ကျင့်သုံးတဲ့အတိုင်း ပြန်ခွင့်ပေးဖို့တွေ ပါပါတယ်”ဟု ၎င်းမှ ပြောသည်။

ထို့နောက် ကျန်းမာရေးနှင့် ပတ်သက်၍ အလုပ်သမားများ၏ ဆေးကုသစရိတ်အား အလုပ်ရှင်မှ တာဝန်ယူ ဆောင်ရွက်ပေးရန်၊ အလုပ်သမား အခွင့်အရေးအား တန်းတူရရှိရန်၊ လုပ်ငန်းခွင်အတွင်း ကျန်းမာရေးမကောင်းပါက စက်ရုံမှ တာဝန်ယူဆောင်ရွက်ပေးရန်၊ ၆လတစ်ကြိမ် လစာတိုးပေး သည့် ကိစ္စနှင့် ပတ်သက်၍ ကြော်ငြာဆိုင်းဘုတ်တွင် ရှင်းရှင်းလင်းလင်း ကပ်ထားပေးရန်နှင့် ယခုဆန္ဒပြတောင်းဆိုသည့် နှစ်ရက်အား on duty အဖြစ် သတ်မှတ်ပေးပြီး မေလ ၁၁ရက်နေ့မှစ၍ အေးချမ်းစွာဝင်ရောက်လုပ်ကိုင်နိုင်ရန်ဆိုသည့် အချက်များလည်း ပါရှိသည်ဟု ၎င်းမှ ဆက်လက်ပြောကြား သည်။

ထို့ပြင် ယင်းသဘောတူညီလက်မှတ်ရေးထိုးသည့် တောင်းဆိုသူကိုယ်စားလှယ်အဖြစ် ဒေါ်ယမင်းလွင်နှင့် High Art ဆံပင်တုစက်ရုံမှ အလုပ် ရှင်အမည်ခံ ဒေါ်နန်းသောင်းရင်တို့သည်  အလုပ်သမားကြီးကြပ်ရေးကော်မတီမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ ရှေ့မှောက်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ပြောကြာချက်အရ ထပ်မံသိရှိရသည်။

အလင်းရောင်

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဆွစ်ဇာလန်နိုင်ငံမှ အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်း

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားသော ဆွစ်ဇာလန်နိုင်ငံမှ မြန်မာအစိုးရသစ်လက်ထက် ပြုပြင် ပြောင်းလဲမှုများကြောင့် ၂၀၁၂ မေလ ၉ ရက်နေ့တွင် ယင်းစီးပွားရေးပိတ်ဆို့မှုများကို ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း AFP သတင်းဌာနမှ ဖော်ပြထားသည်။

မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းလိုက်သည့် ဆွစ်ဇာလန်နိုင်ငံအနေဖြင့် စက်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချခြင်းနှင့် ဖိနှိပ် ချုပ်ချယ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ တင်ပို့ရောင်းချမှုများကိုမူ ဆက်လက်ထားရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအခြေအနေ မတည်ငြိမ် မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဒီမိုကရေစီသွေဖီသည့် ပြုလုပ်မှုများကို တွေ့ရှိပါက ယခုရုတ်သိမ်းလိုက်သည့် စီးပွားရေးပိတ်ဆို့မှုများကို ပြန် လည်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင် ပြုလုပ်ခဲ့သည့်ဆွစ်ဇာလန် အစိုးရအဖွဲ့ အစည်းအဝေးတွင် မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်း လဲမှုများကို ထောက်ခံအားပေးကြောင်း ပြသသည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို ရုတ်သိမ်းရန် ဆွစ် ဇာလန်ဝန်ကြီးများက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကြာသေးမီ ကာလအတွင်းက မြန်မာအစိုးရသစ်၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ကနေဒါနိုင်ငံတို့မှ ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မြန်မာနိုင်ငံ အား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) နိုင်ငံများက ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။

Ref:Bi Weekly

-----------------------------------------------------------------------------------------------------------------------------------

စာနယ်ဇင်းသမားများ ဆွေးနွေးပွဲ ပိုလန်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်

မေလ ၉ရက်နေ့တွင်ကျင်းပပြုလုပ်သည့် စာနယ်ဇင်းသမားများ ဆွေးနွေးပွဲသို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီး Mr. Radek Sikorski မှ တက်ရောက် ပါဝင်ဆွေးနွေးခဲ့ပြီး NLDပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှလည်း တက်ရောက်ခဲ့ကြောင်း ယင်းပွဲသို့ တက်ရောက်ခဲ့သည့် စာနယ်ဇင်းသမားတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

“ပိုလန်နိုင်ငံခြားရေးဝန်ကြီးက လက်ရှိပြုပြင်ပြောင်းလဲနေတာက ဒီနိုင်ငံတစ်ခုတည်းမဟုတ်ပဲ ဒီနိုင်ငံကို ကူညီမယ့်သူတွေ အများကြီး ရောက်လာ မှာတွေ၊ အဲဒီထဲမှာ ပိုလန်နိုင်ငံလည်းပါတယ်ဆိုတာတွေကို ပြောသွားတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကို ရောက်နေပြီလို့ တော့ မျှော်လင့်လို့ရတယ်ဆိုတာရယ် ပြီးတော့ စာနယ်ဇင်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုမျိုး နိုင်ငံရေးသမားတွေကို စောင့်ကြည့်တဲ့အခါမှာ စာနယ်ဇင်းတွေက ပိုပြီးအရေးကြီးတယ်ဆိုတာရယ်။ စာနယ်ဇင်းတွေအနေနဲ့လည်း ဒီမိုကရေစီလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ကင်းကွာနေလို့ မဖြစ်ဘူးဆိုတာ တွေကို ထည့်သွင်းပြောသွားပါတယ်”ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ပိုလန်နိုင်ငံမှ ယခုကဲ့သို့ လာရောက်ဆွေးနွေးသည့်အတွက် ကျေးဇူးတင် ကြောင်းနှင့် လက်ရှိပြုပြင်ပြောင်းလဲမှုများ၌ လိုချင်သည့်ပန်းတိုင်အား ရောက်ရှိရန်အတွက် ဆက်လက်လျှောက်လှမ်းရဦးမည်ဖြစ်ကြောင်းနှင့် ယခုအခြေ အနေတွင် သင်တန်းပို့ချမှုများ လိုအပ်နေသေးကြောင်းကိုလည်း ပြန်လည် ပြောကြားခဲ့သည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။

ထို့နောက် ပိုလန်နိုင်ငံခြားရေးဝန်ကြီး Mr. Radek Sikorskiသည် သုံးရက်ကြာ ခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မေလ ၁၀ရက်နေ့တွင် ၈၈မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် မီဒီယာအခန်းကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်သွားခဲ့ ကြောင်း ၈၈မျိုးဆက်ကျောင်းသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကန့်သတ်ထားတယ်ဆိုတာ ဆန်ရှင်လုပ်ပြီးတော့ ယူအင်န်ဂါးဗားမန့်ကောင်စီကနေပြီးတော့ မြန်မာပြည်ကိုလည်းအကန်ကယ်တို့ ဒီ NGO တွေနဲ့လည်း ပေါင်းလုပ်ရမယ်။ အောက်ခြေဘက်ကဟာတွေကို လုပ်ပေးဖို့ပဲရှိတယ်။ ကျွန်တော်တို့ institutional capacity building တို့ လုပ်လို့မရဘူး။ ကျွန်တော်တို့ industry တွေ ဘာတွေမှာလည်း help လုပ်လို့မရဘူး။ commerce မှာလဲ လုပ်လို့မရဘူး။ အစိုးရကို ပံ့ပိုးပြီးတော့ ကူညီဖို့ဟာတွေမှာလည်း တစ်ခုမှမရ ဘူး။ အဲဒီတော့ very limit ပေါ့နော်။ agricultural ကဟာတွေရယ်၊ Poverty Alleviation ဟာတွေရယ်၊ micro credit အဲဟာလိုမျိုးလေးတွေရယ်ပေါ့လေ။ အဲဒါတွေတော့ လုပ်ပေးခဲ့တာပေါ့လေ။ အခုတော့ country program တွေကို normalize လုပ်တဲ့အခါကျတော့ မြန်မာပြည်ကို တစ်နှစ်ကို သန်းဘယ် လောက်ပဲဖြစ်ဖြစ် အတိအကျမသိပါဘူး။ ဆိုပါတော့ သန်း ၉၀ ပေးမယ်ဆိုရင် ဒီ ၉၀ ကို အစိုးရက အဓိကဘယ်နေရာ အစိုးရက property အနေနဲ့ ဘယ် လိုသုံးမှာလဲ၊ အဲဒီလို ကင်းရှင်းလွှတ်ပေးထားတာပေါ့နော်။ အဲဒီတော့ ပညာရေး၊ ကျန်းမာရေး၊ poverty alleviation နောက်ပြီးတော့ capacity building အကုန်လုံးပါသွားတာပေါ့နော်။ အဲဒါကို normal operation လို့ ခေါ်တာပေါ့”

မေ ၁၀ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၁၇) တွင်ပါသည့် “ကုလသမဂ္ဂရဲ့ အကန့်အသတ်မဲ့ပူးပေါင်းကူညီလာမှု မြန်မာဖွံ့ဖြိုးရေးကို ဘယ်လောက် တွန်းအားပေးမလဲ”သတင်းမှ ဦးကျော်လွင်လှ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် ဦးကျော်လွင်လှ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“၂၀၀၇ ခုနှစ်အထက်ကို အင်ဂျင်ပါဝါမရွေးဘဲနဲ့ တင်သွင်းခွင့် ပြုလိုက်ပြီ။ တင်သွင်းချင်တဲ့သူက ဘဏ်စာအုပ်မှာ ငွေသွင်းပေါ့နော်။ နိုင်ငံခြားငွေပေါ့ခင်ဗျ။ MFTB တို့ MICB တို့ပေါ့။ သွင်းပြီးတဲ့ အခါကျရင် အဲဒီငွေနဲ့သွင်းလို့ရတယ်လို့ပြောပါတယ်။ ဘာကွဲသလဲဆိုတော့ အဲဒီမှာ လက်ရှိ ဒီစီမံချက်နဲ့အပ်ထားတဲ့ “န” နဲ့ “ပ” နှစ်မျိုးရှိတယ်လေ။ ပထမရောင်းနေတာက ၁၄၄သိန်းလောက်နဲ့ ရောင်းနေတဲ့ကားတွေက အဲဒီအသံကြားကြားချင်းမှာ တနင်္ဂနွေနေ့ကပေါ့၊ မနေ့ က ဝယ်မယ့်သူမရှိတော့ဘူး။ ဘယ်လောက်ဖြစ်ကုန်လဲဆိုတော့ ၁၁၀ တွေ ၁၁၅ တွေ ဖြစ်ကုန်တယ်။ ကောင်းတာကတော့ ဘာပဲပြောပြော အားလုံးက စီးလို့တော့ရသွားတာပေါ့။ ဒါပေမဲ့ လက်ရှိမော် တော်ကြီးကတော့ မဝယ်ရဲတော့ဘူးပေါ့။ ကားဈေးကွက်ကြီးက လောလောဆယ်မှာ ရပ်တန့်သွားတာ ပေါ့နော်”

မေ ၁၆ ထုတ် The HOT NEWS အတွဲ (၂) အမှတ် (၈၉) တွင်ပါသည့် “ကားလွတ်လပ်စွာတင်သွင်းခွင့်ပြု ကြောင်းစီးပွား/ကူးသန်းဝန်ကြီးပြော”သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကားတွေနဲ့ ပတ်သက်ပြီး ပြဿနာတွေကို ကြားရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီကားကိစ္စတွေကို နားလည်လို့ တက်လို့ လုပ်တာမဟုတ်ပါဘူး။ စေတနာရှိလို့ လုပ်ပေးတာပါ။ ဖြစ်တဲ့အမှားတွေကလည်း စေတနာအမှားတွေပါလို့ ကျွန်တော်ပြောချင်ပါတယ်”

မေ ၁၂ ထုတ် UNITY အတွဲ (၁) အမှတ် (၇) တွင်ပါသည့် “စက်မှုဝန်ကြီးကဘတ်စ်ကားများအားအများပိုင် ကုမ္ပဏီဖွဲ့၍ အဆင့်မီကားသစ်များဖြင့် ပြေးဆွဲ စေလို”သတင်းမှ ရထားပို့ဆောင်ရေးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 **************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs