Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၃.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လူဦးရေ အချိုးအစား ပြောင်းလဲမှု၏ စိန်ခေါ်မှုများ၊ အာရှသည် မချမ်းသာခင် အိုမင်းနေပြီ

*****************************************

ဆောင်းပါးကဏ္ဍ

လူဦးရေ အချိုးအစား ပြောင်းလဲမှု၏ စိန်ခေါ်မှုများ၊ အာရှသည် မချမ်းသာခင် အိုမင်းနေပြီ

(မြန်မာတိုင်းမ်ဂျာနယ် အတွဲ ၂၉ ၊ အမှတ် ၅၆၈ မှ ကောက်နုတ်ဖော်ပြချက်)

အယ်ဒိုဝါဒိုကလင်

အာရှဒေသရှိ လူဦးရေအချိုးအစားဟာ အလျင်အမြန်ကိုပဲ ပြောင်းလဲနေပါတယ်။ ဒီလိုပြောင်းလဲမှုမှာ မြန်မာနိုင်ငံလည်း တစ်နိုင်ငံအပါဝင် ဖြစ်ပါ တယ်။ ယခုအချိန်က စတင်ရေတွက်ပြီး လာမယ့် နှစ်ပေါင်း ၂၀ အတွင်းမှာ အာရှမှာ အသက် ၆၀ ကျော်ရှိတဲ့လူဦးရေက ကလေးဦးရေထက် ပိုများပြားလာ ပါလိမ့်မယ်။

လက်ရှိအချိန်အထိတော့ မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အို ၅ ဒသမ ၅ သန်း ရှိပြီး ၂၀၂၅ နှစ်ကျရင်တော့ ဒီအရေအတွက်ဟာ နှစ်ဆ ဖြစ်လာပါ လိမ့်မယ်။

အဲဒီအချိန်မှာ လူငါးဦးလျှင် တစ်ဦးက အသက် ၆၀ ကျော်တဲ့လူတွေ ဖြစ်လာပါလိမ့်မယ်။ သမိုင်းတစ်လျှောက် လူဦးရေဖွဲ့စည်းမှုပုံစံဟာ ပိရမစ်တွေ ပုံစံအတိုင်း ရှိပါတယ်။

အောက်ခြေမှာ ကလေးဦးရေများပြားပြီး အပေါ်ရောက်လာတာနဲ့ ပိရမစ်အတိုင်း ကျဉ်းသွားကာ သက်ကြီးရွယ်အို အနည်းငယ်သာ ထိပ်ပိုင်းမှာ ရှိပါတော့တယ်။ ဒါပေမယ့် မြန်မာအပါအ၀င် ကမ္ဘာပေါ်မှာ အပြောင်းအလဲဟာ လျင်မြန်စွာ ပြောင်းလဲနေပါတယ်။

ပိရမစ်ပုံစံနဲ့ လူဦးရေဖွဲ့စည်းမှုဟာ မိုးမျှော်တိုက်များအသွင်ကို ပြောင်းလဲနေပါတယ်။ ၁၉၇၀ ခုနှစ်က ၁၄ နှစ်အောက် ကလေးသူငယ်ဦးရေဟာ အများဆုံးဖြစ်ပြီး အောက်ဆုံးလိုင်း သုံးခုမှာ ရှိနေပါတယ်။

ဒါပေမယ့် ၂၀၁၀ ပြည့်နှစ်မှာ အသက် ၂၀ မှ ၅၀ အကြား လူဦးရေဟာ အများဆုံးဖြစ်လာပါတယ်။ လာမယ့် ၂၀၃၀ မှာတော့ အသက် ၆၀ ကျော် လူဦးရေဟာ အသက် ၁၄ နှစ်အောက် လူဦးရေထက် ပိုများလာမည်ဖြစ်ပြီး၊ ၂၀၅၀ ခုနှစ်အရောက်မှာ သက်ကြီးရွယ်အိုဦးရေက ငါးနှစ်အောက် ကလေးဦး ရေထက် ပိုများပြားလာပါလိမ့်မယ်။

ဒါ့ပြင် အသက် ၈၀ ကျော်လူဦးရေလည်း များပြားလာမှာဖြစ်ပြီး ထိုထဲက အများစုက အမျိုးသမီးများဖြစ်ကြပါတယ်။

လူဦးရေအချိုးအစား ပြောင်းလဲတာဟာ မြန်မာပြည်တစ်ခုတည်းတင် မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာပြည်အတွက် ထူးခြားတာကတော့ လူဦးရေ အချိုးအစား ပြောင်းလဲမှုက အလွန်လျင်မြန်တာပဲ ဖြစ်ပါတယ်။

ဖွံ့ဖြိုးပြီး ဥရောပနိုင်ငံတွေမှာဆိုရင် ဒီလိုပြောင်းလဲမှုတွေဟာ နှစ် ၁၀၀ လောက်အချိန်ယူရပါတယ်။ မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံတွေမှာ တော့ ဒီအပြောင်းလဲဟာ ၂၅၊ ၃၀ နှစ်လောက်ပဲ ကြာပါတယ်။

အာရှနိုင်ငံတွေက ဒီအပြောင်းအလဲနဲ့ လိုက်လျောညီအောင် ကြိုးစားဖို့ ဥရောပလို အချိန်သိပ်မရပါဘူး။ ဒီကိစ္စက အမျိုးသားမဟာဗျူဟာ စီမံကိန်း ရေးဆွဲရေးမှာ ထည့်သွင်း စဉ်းစားရမယ့် စိန်ခေါ်မှုတစ်ခုပါပဲ။

ဒီလို လူဦးရေအချိုးအစား ပြောင်းလဲမှု ကြီးမားလာခြင်းရဲ့ အကြောင်းအရင်းက ဘာပါလဲ။ အခြေခံအားဖြင့်တော့ အကြောင်းအရင်း နှစ်ချက်ရှိပါ တယ်။ အဲဒီအချက် နှစ်ချက်ကတော့ မွေးဖွားနှုန်း ကျဆင်းလာခြင်းနဲ့ လူတွေ သက်တမ်း ပိုရှည်လာလို့ပါပဲ။

ယခုခေတ် အမျိုးသမီးတွေဟာ သူတို့ရှေ့ကမျိုးဆက်တွေထက်စာရင် ကလေးမွေးဖွားနှုန်းကျဆင်းလာပြီး ယခုခေတ်လူအများစုဟာ ၂၀ ရာစု ခေတ်က လူတွေထက် ပိုပြီးအသက်ရှည်ကြလို့ပါပဲ။

ကုလသမဂ္ဂ၏ စာရင်းများအရ မွေးဖွားနှုန်းကျဆင်းခြင်းသည် ဂျပန်၊ တောင်ကိုရီးယား၊ အီတလီနဲ့ စင်ကာပူနိုင်ငံတွေမှာ နိုင်ငံလုံး အတိုင်းအတာ ထိ လူဦးရေကျဆင်းခြင်းမဖြစ်ခင် လူဦးရေတည်ငြိမ်မှုကို ဖြစ်စေပါတယ်။

လူဦးရေပညာရှင်များရဲ့အဆိုအရ အမျိုးသမီးတစ်ဦးမှ ပျမ်းမျှ ကလေး ၂ ဒသမ ၁ ယောက်မွေးမှသာ လက်ရှိလူဦးရေအတိုင်း ဆက်လက် ထိန်းချုပ်နိုင်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။

ဒီနှုန်းထက်ကျော်ပြီး မွေးဖွားနှုန်းများခဲ့ရင်တော့ လူဦးရေတိုးပွားလာမှာဖြစ်ပြီး အဆိုပါနှုန်းထက် နည်းရင်တော့ လူဦးရေ လျော့ကျမှာဖြစ်ပါတယ်။ အံ့ဩစွာပဲ ယနေ့အချိန်မှာ အာရှဟာ ကမ္ဘာပေါ်မှာ မွေးဖွားမှုနှုန်း အနည်းဆုံးဒေသဖြစ်နေပါတယ်။

ဒီနှုန်းထားဟာ အမျိုးသမီးတစ်ဦးလျှင် ကလေးတစ်ယောက်နှုန်းသာ မွေးဖွားတဲ့ တောင်ကိုရီးယား၊ စင်ကာပူနဲ့ ဂျပန်တင် မကပါဘူး၊ တခြား သိပ် မချမ်းသာသေးတဲ့နိုင်ငံတွေမှာပါ ဖြစ်နေပါပြီ။

တောင်ကိုရီးယား၊ စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေက မွေးဖွားနှုန်းဟာ လက်ရှိလူဦးရေကို ပြည့်မီအောင် အစားမထိုးနိုင်ပါဘူး။ အာရှနိုင်ငံတွေဖြစ်တဲ့ ဗီယက် နမ်ရဲ့ ကလေးမွေးဖွားနှုန်းဟာ ဗြိတိန်နိုင်ငံထက် နည်းနေပြီး မြန်မာနိုင်ငံရဲ့ ကလေးမွေးဖွားနှုန်း (အမျိုးသမီးတစ်ဦးလျှင် ကလေးမွေးဖွားနှုန်း ၁ ဒသမ ၉၄ ဦး) ဟာလည်း ပြင်သစ်နိုင်ငံရဲ့ ၁ ဒသမ ၉၉ ထက် နည်းနေပါတယ်။

မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၄ ခုနှစ်မှာပြုလုပ်မယ့် တစ်နိုင်ငံလုံးအတိုင်းအတာ သန်းခေါင်စာရင်း ကောက်ခံမှုရဲ့ ရလဒ်က သက်သေပြပါလိမ့် မယ်။ လူဦးရေတည်ဆောက်ပုံ ပြောင်းလဲမှုရဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုက လူတွေသက်တမ်း ပိုရှည်လာလို့ပါပဲ။

ယနေ့ခေတ်မှာမွေးတဲ့ ကလေးတစ်ဦးဟာ ၁၉၈၀ ခုနှစ်က မွေးတဲ့လူထက် အသက် ၁၀ နှစ်ပိုရှည်နိုင်မယ်လို့ ယူဆရပါတယ်။ လူတွေ သက်တမ်း ရှည်ကြာစွာ ပိုနေလာကြရတဲ့အတွက်ကြောင့် သက်ကြီးရွယ်အိုဆိုတဲ့ အတွေးအခေါ် သဘောတရားကို ပြန်ပြီးစဉ်းစားဖို့ လိုအပ်လာပါပြီ။ ကျွန်တော်တို့ရဲ့ အဘိုး၊ အဘွားများကို စဉ်းစားကြည့်လိုက်ရင် သူတို့ဟာ အသက် ၅၅ နှစ်၊ ဒါမှမဟုတ် ၆၀ ရှိမယ်လို့ ကျွန်တော်တို့တွေးမိကြမှာပါပဲ။

ဒါပေမယ့် အခုအခါမှာတော့ ဒီအသက်အပိုင်းခြားရှိ လူတွေထဲက အများစုဟာ ကျန်းမာဆဲဖြစ်သလို တက်ကြွပြီး လုပ်နိုင်ကိုင်နိုင်ဆဲဖြစ်တဲ့ လူတွေ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ မြင်တွေ့ရနေပါပြီ။

ဒီလူဦးရေအချိုးအစား ပြောင်းလဲခြင်းဟာ မြန်မာနိုင်ငံအတွက်တော့ အခွင့်အလမ်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၀ လူဦးရေအချိုး အစား ပိရမစ်ကိုကြည့်ရင် အလုပ်လုပ်နိုင်တဲ့ ၁၄ နှစ်က နှစ် ၆၀ အတွင်း လူအများစုရှိနေလို့ပါပဲ။

ဒီလိုအလုပ်လုပ်နိုင်တဲ့ လူဦးရေအချိုးအစားက မှီခိုနေထိုင်သူတွေရဲ့ လူဦးရေကို ကျော်လွန်သွားတာကို လူဦးရေ ပြောင်းလဲမှုအချိုးလို့ ခေါ်ပါ တယ်။

ဒါပေမယ့် ဂျပန်နိုင်ငံလိုမျိုး လူဦးရေအချိုး အစားပြောင်းလဲမှု အကျိုးရလဒ် ရှေ့ရောက်နေတဲ့နိုင်ငံတွေမှာတော့ အလုပ်လုပ်နိုင်တဲ့ လူဦးရေအချိုးက နည်းနေပြီး အဲဒီအုပ်စုက အလုပ်မလုပ်နိုင်တဲ့လူတွေကို ထောက်ပံ့နေရလို့ပါပဲ။

ဒီလိုဖြစ်စဉ်ကို လုပ်သားများထွက်ပြေးခြင်းလို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာကတော့ လူဦးရေ အချိုးအစားပြောင်းလဲမှု အကျိုးရလဒ် ဖြစ်စဉ်က နှစ် ၂၀၊ ၃၀ လောက်ထိ ရှိနေမှာပါ။ ဒီလိုအချိန်မှာ တိုင်းပြည်အနေနဲ့ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်သလို မတူညီတဲ့ လူဦးရေ တည်ဆောက်ပုံ အတွက်လည်း ပြင်ဆင်ဖို့လိုအပ်ပါတယ်။

ဒါ့ပြင် လူမှုရေးကဏ္ဍနဲ့ စီးပွားရေးစီမံကိန်းရေးဆွဲ ရေးဆွဲတဲ့ ကဏ္ဍတွေမှာ ဒီအခွင့်အလမ်းကို နောက်ထပ်ငါးနှစ်၊ ၁၀ နှစ် စောင့်စရာ မလိုဘဲ ယခုအချိန်ကတည်းကကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

လူဦးရေတည်ဆောက်ပုံ အချိုးအစား ပြောင်းလဲခြင်းဟာ လူမှုရေးနဲ့ စီးပွားရေးကဏ္ဍတွေကို များစွာ အကျိုးသက်ရောက်မှုရှိပါတယ်။ ပိုပြီး ခေတ် မီဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာဆိုရင် အငြိမ်းစားယူနိုင်တဲ့ အသက်အရွယ်အပိုင်းအခြား၊ ပင်စင်အတွက် ကုန်ကျစရိတ် စတာတွေကို အကြိတ်အနယ် ဆွေးနွေးနေပါပြီ။

ဒါပေမယ့် မြန်မာနိုင်ငံအပါအ၀င် မြန်မာနဲ့ ဖွံ့ဖြိုးမှုတူညီတဲ့ တခြားနိုင်ငံတွေမှာတော့ လူအနည်းစုပဲ အငြိမ်းစားပင်စင်အတွက် စိုးရိမ်စရာရှိပြီး လယ်သမားတွေ၊ ၀န်ထမ်းမဟုတ်တဲ့ အလုပ်သမားတွေ အလုပ်ဆက်လက်လုပ်နေကြပြီး ပင်စင်မရှိပါဘူး။

ဒါပေမယ့် သက်ကြီးရွယ်အိုတွေအတွက် ၀င်ငွေရရှိအောင် လုပ်ဆောင်ပေးခြင်းဟာ လူမှုရေးနဲ့ စီးပွားရေး မဟာဗျူဟာစီမံကိန်းများ ရေးဆွဲရာမှာ အရေးကြီးပါတယ်။ ဒါဟာ ကျန်းမာရေးကဏ္ဍအတွက် အကြီးအကျယ် စိန်ခေါ်မှုတစ်ခုပါပဲ။

ကူးစက်နိုင်တဲ့ရောဂါတွေကို အာရုံစိုက် နေရာကနေ သက်ကြီးရွယ်အိုတွေမှာ အဖြစ်များတဲ့ မကူးဆက်နိုင်သောရောဂါတွေ၊ ဒါမှမဟုတ် နာတာ ရှည်ရောဂါတွေ များပြားလာမှုကို ကျန်းမာရေးကဏ္ဍအနေနဲ့ လိုက်လျောညီအောင်ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ကူးစက်နိုင်တဲ့ ရောဂါအများစုဟာ ကုသနိုင်ပါတယ်။ အယ်ဇိုင်းမား၊ အဆစ်ရောင်နာ၊ သွေးတိုးရောဂါ၊ စိတ်ကစဥ့်ကလျားရောဂါ၊ သို့မဟုတ် ဆီးချို သွေးချိုရောဂါတွေဟာ အရှင်းပျောက်ကင်းအောင် မကုသနိုင်ပေမယ့် ကာကွယ်နိုင်သလို သက်ရှည်ကျန်းမာစွာ နေထိုင်အောင် စီမံလုပ်ဆောင်နိုင်ပါတယ်။

ကျန်းမာရေးစနစ်တွေရဲ့ စံချိန်စံညွှန်းတွေကို ပြောင်းလဲလာတဲ့ လူဦးရေ တည်ဆောက်မှုနဲ့အညီ ပြန်လည်သတ်မှတ်ရန် လိုအပ်တယ်ဆိုတာ အထင်အရှားပါပဲ။ လူတွေဟာ ကလေးအနည်းငယ်ပဲယူကြပြီး မိသားစုအများအပြားဟာ အလုပ်အကိုင်ရဖို့အတွက် မြို့ကြီးပြကြီးတွေကို ရွှေ့ပြောင်း နေထိုင်ကြတဲ့အတွက်ကြောင့် ကလေးတွေဟာ သက်ကြီးရွယ်အိုများနဲ့ နေလာကြရပါတယ်။

ဒါကြောင့် အဘွားအိုတွေကို စောင့်ရှောက်ဖို့ နည်းလမ်းကောင်းတွေ လိုအပ်လာပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်နဲ့ ကျိုက်လတ် ဒေသတွေမှာ ရပ်ရွာအဖွဲ့ အစည်းတွေက ကျန်းမာရေးမကောင်းတဲ့၊ အထီးကျန်ဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေအတွက် စောင့်ရှောက်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။

ဒီနည်းလမ်းဟာ အလွန်ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပြီး ကျန်ဒေသတွေကိုလည်း ဆက်လက်တိုးချဲ့ လုပ်ကိုင်နိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေ နဲ့ သူတို့ရဲ့ အသေးစိတ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရန် လူမှုရေး၊ စီးပွားရေးပေါ်လစီများ လိုပါပေတယ်။

ဒီမူဝါဒတွေဟာ အသက်ကြီးပေမယ့် တက်တက်ကြွကြွ လှုပ်ရှားနေတဲ့ သက်ကြီးရွယ်အိုများကို ထောက်ခံအားပေးနိုင်မှာ ဖြစ်သလို၊ မိမိတို့ကိုယ် ကိုကိုယ် စောင့်ရှောက်ခြင်းမရှိနိုင်ဘဲ အကူအညီလိုအပ်နေတဲ့ အားနည်းသူတွေကို ကာကွယ်နိုင်ရန် လိုအပ်ပါတယ်။

ဒီလိုလုပ်ဆောင်တာ အမြော်အမြင်ရှိလှတဲ့ အစီစဉ်အဖြစ်ပြီး ငယ်ရွယ်စဉ်က တိုင်းပြည်ကို အကျိုးပြုခဲ့သူများ အသက်ကြီးလာတဲ့အချိန်မှာ ပျော်ရွင် ချမ်းမြေ့စေရန်၊ သက်ကြီးရွယ်အိုများဟာ တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်စေဘဲ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးကျေးဇူးအဖြစ် လူအများ သိမြင်စေရန် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၁၃.၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ရွှေဖြူတူးဖော်မှု  လားပာူအမျိုးသမီးအဖွဲ့ မှ ကန့်ကွက်
  1. နယ်စပ်ကုန်သွယ်ရေး စခန်းအသစ်များ ထပ်ဖွင့်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပိုလန်သမ္မတပောာင်း မြန်မာနိုင်ငံသို့ လာရောက်မည်
  2. ဦးဝင်းတင်ဖောင်ဒေးရှင်းမှ ဒုတိယအကြိမ် နိုင်/ကျဉ်းမိသားစုများအား အလှူငွေပေးအပ်
  3. ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ပုသိမ်သို့ သွားရောက်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ရွှေဖြူတူးဖော်မှု  လားပာူအမျိုးသမီးအဖွဲ့ မှ ကန့်ကွက်

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းတွင် ကုမ္ပဏီများမှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ရွှေဖြူတူးဖော်မှုများကို လားပာူအမျိုးသမီးအဖွဲ့မှ ကန့်ကွက်ခဲ့ပြီး ယင်းကိစ္စရပ်အား ရပ်တန့်ပေးရန် ၂၀၁၂ မေလ ၈ ရက်နေ့တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။

“ရွှေဖြူအတွက် သိမ်းယူခြင်းဆိုတဲ့ အစီရင်ခံစာထွက်ပြီးတော့မှ ဒီကိစ္စတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့တာပါ”ပာု အဆိုပါအဖွဲ့တွင် ပါဝင်သူ တစ်ဦးက ဆိုသည်။

ထိုသို့ ရှမ်းပြည်နယ် အရှေ့ပိုင်း၌ ကုမ္ပဏီများမှ ရွှေဖြူတူးယူနေမှုများကြောင့် ဒေသခံများ၏ လယ်ယာမြေများ ဆုံးရှုံးခဲ့ရသည့်အပြင် ရှမ်းပြည် နယ် အရှေ့ပိုင်း တာချီလိတ်မြို့ မြောက်ဘက်တောင်တန်းဒေသတွင် နေထိုင်သော လူပေါင်း ၂၀၀ ခန့် ထိခိုက်နစ်နာခဲ့ရကြောင်း သိရသည်။

“ခုလို တူးကြတဲ့အတွက် ဒေသခံတွေရဲ့ လယ်ယာမြေတွေ အများကြီး ဆုံးရှုံးသွားတယ်။ အရင်က မိသားစုတွေ အများကြီးနေထိုင်မှီခိုကြပြီး ဝင်ငွေ ရှာကြတယ်။ အခု ကုမ္ပဏီတွေအများကြီး ဝင်လာတော့ တောတွေလည်း အများကြီး ပြုန်းတီးသွားတယ်။ တချို့တောတွေကို သူတို့က ကန့်သတ်နယ်မြေ လုပ်လိုက်တော့ ဒေသခံတွေအတွက် ရှာဖွေစားသောက်ဖို့ နေရာအခက်အခဲ ဖြစ်သွားတယ်”ပာု လားပာူ အမျိုးသမီးအစည်းအရုံး၏ ပြည်တွင်းတာဝန်ခံ နာဗစ် ဘိုက ပြောကြားကြောင်း အပတ်စဉ်ထုတ် Unity ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ထိုသို့ ရွှေဖြူတူးဖော်နေမှုများကြောင့် ဒေသခံပြည်သူများမှာ စီးပွားရေးနှင့် နေထိုင်ရေး အခက်အခဲများ ကြုံတွေ့နေရပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများမှာလည်း ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။

“ဒေသမှာရှိတဲ့သူတွေက မိသားစုဝင်ငွေအဖြစ်နဲ့ သစ်တောတွေကို မှီခိုပြီးတော့ သစ်တောထွက် ဆေးဝါးပစ္စည်းတွေ၊ ပာင်းသီးပာင်းရွက်တွေ စုဆောင်း ပြီးတော့ တာချီလိတ်ကို တင်ပို့ရောင်းချကြရတယ်။ အခု ကုမ္ပဏီတွေက အများကြီးရှိလာတဲ့အခါကျတော့ သစ်တောထွက်ပစ္စည်းတွေ မရှာနိုင် တော့ဘူး”ပာု ဒေသခံတစ်ဦးက ပြောကြားကြောင်း အပတ်စဉ်ထုတ် Unity ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၌ ရွှေဖြူတူးဖော်မှုများကို ၂၀၀၇ ခုနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းဒေသထွက် ရွှေဖြူများမှာ အရည်အသွေး ပြည့်မီခြင်းကြောင်း ၂၀၀၉ ခုနှစ်တွင် ရွှေဖြူတူးဖော်သည့် ကုမ္ပဏီများ ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။

Ref:Unity

-----------------------------------------------------------------------------------------------------------------------------------

နယ်စပ်ကုန်သွယ်ရေး စခန်းအသစ်များ ထပ်ဖွင့်မည်

၂၀၁၂ မေလ ၆ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် စီးပွား/ကူးသန်း ဝန်ကြီးဌာနနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံအတွင်း တနင်္သာရီ၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်များတွင် နယ်စပ်ကုန်သွယ် ရေး စခန်းအသစ်များကို ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“တနင်္သာရီ-မြိတ်မှာဆိုရင် မောတောင်၊ ကယားပြည်နယ်မှာဆိုရင် မယ်ဆယ်နဲ့ ချင်းပြည်နယ်မှာ နယ်စပ်ဈေးဖွင့်ဖို့ စီစဉ်နေတယ်၊ မောတော နယ်စပ် ကုန် သွယ်ရေးစခန်းဖွင့်ဖို့ ညှိနှိုင်းမှု စလုပ်နေပြီ၊ မကြာမီဖွင့်ဖို့ ရှိတယ်”ပာု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားကြောင်း အပတ်စဉ်ထုတ် မော်ဒန်ဂျာနယ် တွင်ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာနိုင်စေရန် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ရာတွင် နယ်မြေအေးချမ်း သာယာ ရေး၊ နှစ်နိုင်ငံ သဘောတူညီမှုရရှိရေးနှင့် ထိုက်သင့်သည့် ကုန်သွယ်မှုပမာဏ ရရှိသည့် ဒေသများတွင်သာ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် မယ်ဆယ် နယ်စပ်ကုန်သွယ်ရေး စခန်းအသစ် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ထားသည့် နယ်မြေများမှာ တမူး၊ ရိဒ်၊ မောင်တော၊ စစ်တွေ၊ ဗန်းမော် (လွယ်ဂျယ်)၊ မူဆယ် ၁၀၅ မိုင်၊ ချင်းရွှေပောာ်(ကွမ်လုံ)၊ တာချီလိတ်၊ မြဝတီ၊ မြိတ်နှင့် ကော့သောင်းဒေသတို့တွင် ဖွင့်လှစ်ထားရှိပြီး ပြည်တွင်းထွက်ကုန် ပစ္စည်း များနှင့် ပြည်ပမှ ထွက်ရှိသည့် ကုန်ပစ္စည်းများအတွက် လွတ်လပ်စွာ ကုန်သွယ်ခွင့်ပြုထားကြောင်း သိရသည်။

“လက်ရှိ တစ်နှစ်အတွင်း မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈.၁၅ ဘီလျံအထိ ဖြစ်ပါတယ်။ အရင်နှစ်ကထက် ကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဘီလျံ တက်လာတယ်လို့ ဆိုပါတယ်။ စားအုန်းဆီကို အရင်က ကုမ္ပဏီတစ်ခုတည်းကိုပဲ တင်သွင်းခွင့်ပြုရာကနေ အခု နိုင်ငံခြားငွေ ရှိတဲ့ ကုမ္ပဏီတွေ လွတ်လပ်စွာ တင်သွင်းခွင့်ရနေပြီ ဖြစ်ပါတယ်”ပာု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၁ ဒီဇင်ဘာလ ၇ ရက်နေ့မှစတင်၍ အချိုမှုန့်၊ အချိုရည်၊ ဘီစကွတ်မျိုးစုံ၊ စည်သွပ်ဘူး (အသားနဲ့ အသီးစုံ)နှင့် ခေါက်ဆွဲခြောက် အမျိုးမျိုးကို နယ်စပ်ဒေသမှတစ်ဆင့် လွတ်လပ်စွာ တင်သွင်းရောင်းချမှုများကို ခွင့်ပြုပေးသည်။

Ref:မော်ဒန်

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပိုလန်သမ္မတပောာင်း မြန်မာနိုင်ငံသို့ လာရောက်မည်

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ပိုလန်သမ္မတပောာင်း Lech Walesa မှ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

ပိုလန်သမ္မတပောာင်း Lech Walsea သည် စစ်အေးကာလ၌ အမေရိကန်နှင့်အပြိုင် ကွန်မြူနစ် အရှေ့အုပ်စုအတွင်း ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက် လာနိုင်စေရန် လွတ်လပ်သော အလုပ်သမားသမဂ္ဂ တည်ထောင်၍ ဦးဆောင်ကြိုးပမ်းခဲ့သူဖြစ်ကြောင်း သတင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ မေလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားပိာုတယ်၌ Democracy: Lessons Lerned အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့ပြီး ယင်း အလုပ်ရုံဆွေးနွေးပွဲတွင် Lech Walsea Institute မှ ဥက္ကဋ္ဌ Piotr က ယခုနှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် ပိုလန်သမ္မတပောာင်း Lech Walsea မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

ပိုလန်သမ္မတပောာင်း Lech Walesa သည် စစ်အေးကာလအတွင်း၌ ကမ္ဘာ့အင်အားကြီး ကွန်မြူနစ်နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့သည့် ဆိုဗီယက် အရှေ့အုပ်စုနိုင်ငံများတွင် ကွန်မြူနစ်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၉၀ ခုနှစ်မှ စတင်၍ ၁၉၉၅ ခုနှစ်ထိတိုင် ပိုလန် နိုင်ငံသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၎င်းသည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို   ၁၉၈၃ ခုနှစ်တွင် ရရှိခဲ့သည်ဟုလည်း သမိုင်းများအရ သိရှိရသည်။

ထို့ပြင် မကြာသေးမီကာလအတွင်းက ပိုလန်နိုင်ငံခြားရေးဝန်ကြီး  Mr.  Radek Sikorski သည် မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်လည်ပတ်ခဲ့ပြီး မေလ  ၁၀ရက်နေ့တွင်  ၈၈မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံ၍ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့်  မီဒီယာအခန်းကဏ္ဍကိစ္စရပ်များနှင့်  ပတ်သက်၍  ဆွေးနွေး မှုများ  ပြုလုပ်သွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသ ခဲ့သည့်အတွက် နိုင်ငံတကာမှ ပြန်လည်အရေးယူမှုများ ပြုလုပ်လာပြီး မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများမှ ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Ref:The Voice

-----------------------------------------------------------------------------------------------------------------------------------

ဦးဝင်းတင်ဖောင်ဒေးရှင်းမှ ဒုတိယအကြိမ် နိုင်/ကျဉ်းမိသားစုများအား အလှူငွေပေးအပ်

ဦးဝင်းတင်ဖောင်ဒေးရှင်း ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်ပွဲ အခမ်းအနားအား ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ကျင်းပခဲ့ ကြောင်း သိရပြီး အဆိုပါအခမ်းအနားအား နေ့လည် (၂) နာရီ ခန့်တွင် စတင်ကျင်းပခဲ့ပြီး ဦးဝင်းတင်မှ အမှာစကားပြောကြားသွားသည်။

အဆိုပါ အလှူငွေပေးအပ်ပွဲ အခမ်းအနားမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ်မြောက်တွင် ၃၇ သိန်း လှူဒါန်း ခဲ့ပြီး၊ ယခုဒုတိယအကြိမ်၌ ၃၄ သိန်းအား နိုင်ငံရေးအကျဉ်းသား ၉ ဦးနှင့် လူပုဂ္ဂိုလ်တစ်ဦးတို့ကို ပေးအပ်လူဒါန်းသွားမည်ဖြစ်ကြောင်း ၎င်း၏ မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားသွားသည်။

ပေးအပ်မည့်ပုဂ္ဂိုလ်မှာ ယခင် နေသူရိန်ရုပ်ရှင်ရုံပိုင်ရှင်ကြီး၏ဇနီး အသက်(၉၃)နှစ်အရွယ်ရှိသည့် ဒေါ်ကြည်ဖြစ်သည်။ ဖဆပလ ပထမအကြိမ် အစည်း အဝေးကြီးကို စတင်ကျင်းပခဲ့သည့် နေသူရိန်ရုပ်ရှင်ရုံမှာ မြန်မာ့နိုင်ငံရေးသမိုင်းတွင် အရေးပါသောနေရာတခု ဖြစ်သည်။ ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် ယခင်ကျောင်းသားသမဂ္ဂအဆောက်အအုံ၏ ကျောင်းစောင့်ဖြစ်ခဲ့ဖူးသူ ဘကြီးဦးကံသိန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဦးဝင်းတင်သည် ပြည်ထဲရေးဝန်ကြီးမှ နိုင်ငံရေးအကျဉ်းသားမရှိဟု ပြောသော်ငြားလည်း အဖွဲ့ချူပ်မှလူများပင် ကုန်စင်အောင် မလွတ်သေး ကြောင်း၊ ယခုမြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသား ၄၀၀ နီးပါးရှိကြောင်း ထပ်မံ ပြောကြားသွားသည်။

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းအား မတည်ငွေသိန်းတရာဖြင့် တည်ထောင်ခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအသုံးစရိတ် အတွက် သော်လည်းကောင်း၊ ၎င်းတို့၏ မိသားစုဘဝများ ပြန်လည်တည်ထောင်ရာတွင်လည်းကောင်း အသုံးပြုရန် ပေးအပ်ခြင်းဖြစ်ပြီး အဆိုပါထောက်ပံ့ ကြေးငွေများအား ၎င်းတို့၏ မိသားစုဝင်များမှဖြစ်စေ၊ အသင်းအဖွဲ့များမှဖြစ်စေ၊ ကိုယ်တိုင်ပင်ဖြစ်စေ လျောက်ထားနိုင်ပြီး လျောက်ထားသူများကို ယင်းဖောင်ဒေးရှင်းမှ စီစစ် ရွေးချယ်သွားမည်ဖြစ်ကြောင်းကိုလည်း ၎င်း၏ ပြောကြားချက်များအရ သိရှိရသည်။

အဆိုပါအခမ်းအနား၌ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးကြည်သန်းမှလည်း ကျေးဇူးတင်စကား ပြောကြားရာတွင် "ကျတော်တို့ကို ဒီလို ပြန်လည်ချီးမြှင့်ခြင်းခံရလိမ့်မယ်လို့ တခါမှ အိမ်မက်လေးတောင်မမက်ခဲ့ဖူးပါဘူး။ သမ္မတကြီး ဦးသိန်းစိန်ကိုလဲ အခုကျွန်တော် ဒီနေရာကနေ တောင်းဆိုလိုက် ပါရစေ။ ကျတော်တို့ဟာအတူတူဆိုရင်၊ ဒီမိုကရေစီလမ်းကြောင်းကို လျောက်လှမ်းနေသူတွေချင်း အတူတူဆိုတာ မှန်တယ်ဆိုရင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေအကုန်လုံးကို အမြန်ဆုံးလွတ်ပေးပါလို့ တောင်းဆိုလိုက်ပါတယ်"ဟု ပြောကြားသည်။

ထောက်ပံငွေပေးအပ်ခြင်း အစီအစဉ်အား (၂)လတစ်ကြိမ် ဖြစ်မြောက်အောင် ကြိုးပမ်းသွားမည်ဖြစ်ပြီး နိုင်ငံရပ်ခြားရှိ ပြည်ပရောက်မြန်မာများပါ ပါဝင် လှူဒါန်းနိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းကိုလည်း ထပ်မံသိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏စစ်တမ်းအရ အဖွဲ့ချုပ်၏ ကျန်ရှိသည့်နိုင်ငံရေးအကျဉ်းသားဦးရေမှာ (၃၁၆) ဦးဖြစ်ကြောင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

PL

-----------------------------------------------------------------------------------------------------------------------------------

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ပုသိမ်သို့ သွားရောက်

မေလ ၁၂ရက်နေ့၌ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ခရီးစဉ်အဖြစ် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့သည် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ပုသိမ်မြို့နယ်သို့ သွားရောက်ခဲ့ကြောင်း ယင်းအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့က ဒီခရီးစဉ်မှာ မြောင်းမြဘုန်းကြီးကျောင်းမှာ လူထုနဲ့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအကြောင်းနဲ့ ပတ်သက်ပြီး ဟောပြော တွေ့ဆုံမှုတွေ ပြုလုပ်မယ်ဆိုပြီး စီစဉ်ထားတယ်။ ဒါပေမယ့် ဒေသခံအာဏာပိုင်တွေရဲ့ တားမြစ်မှုကြောင့် အဲဒီမှာ မပြုလုပ်လိုက်ရဘဲ ပုသိမ်မြို့နယ်က NLDရုံးမှာပဲ ဟောပြောလိုက်ရပါတယ်”ဟု ၎င်းမှဆိုသည်။

ထိုပြင် ယင်းမြို့နယ်မှ ဒေသခံများသည် လယ်ယာမြေပြဿနာများနှင့် ဧည့်စာရင်းပြဿနာ အခက်အခဲများကို အဓိကထား၍ ပြောဆိုခဲ့ကြပြီး ငွေဆောင် တွင် လယ်ယာမြေအသိမ်းခံရခြင်းနှင့် ပတ်သက်၍လည်း လေ့လာမှုများ ပြုလုပ်သွားခဲ့သည်ဟုလည်း ယင်းမြို့နယ်မှ ဒေသခံတစ်ဦး၏ ပြောပြ ချက်အရ သိရသည်။

ထို့နောက် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သည် ပုသိမ်မြို့နယ် ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား သွားရောက်အလေးပြုမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့သည် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ခရီးစဉ်ဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ သွား ရောက်၍ ဆောင်ရွက်မှုများ ပြုလုပ်နေကြခြင်းဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

ATM

 ****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်ဟာ မြန်မာနိုင်ငံသားဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲကိုသွားပြီး အစစ်ဆေးခံဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့နဲ့ ပတ်သက်တဲ့အဖွဲ့ (DEA) ရှိပါတယ်။ ထိုင်းနိုင်ငံက DEAနဲ့ပူးပေါင်းပြီး ကျွန်တော် တို့နိုင်ငံမှာ တွေ့ဆုံမေးမြန်းမယ် ဆိုရင်တော့ ဖြစ်နိုင်ပါလိမ့်မယ်”

မေလ ၁၂ ရက်နေ့ထုတ် The Voice Weekly အတွဲ (၈) အမှတ် (၂၁) တွင်ပါသည့် “မြဝတီနယ်စပ်တံတားပိတ်ပစ်မည်ဟု ဗိုလ်နှုတ်ခမ်းမွှေး ခြိမ်းခြောက်” သတင်းမှ ဗိုလ်ချုပ် စောလားပွယ်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ပန်းချီရွာက ပြည်သူတစ်ဦးက မူလက ပါဝါမီတာလျှောက်ဖို့ မီးလင်းရေး ကော်မတီကို သိန်း ၅၀ လှူမယ်၊ ပထမ ငါးသိန်း ပေးထားတယ်၊ နောက်တော့ ပါဝါမီတာ မယူတော့ဘူး။ အိမ်သုံးမီတာပဲ လျှောက်တော့မယ်။ အလှူငွေလည်း ၁၀သိန်းပြည့်အောင် ထည့်မယ်လို့ပြောတာကို မီးလင်းရေးကော်မတီက လက်မခံဘဲ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာဆီကို လှမ်းကန့်ကွက်တာ၊ အိမ်သုံးမီတာအတွက်လည်း မီးလင်းရေး ကော်မတီကို ငွေသွင်းပြီးသား။ ဒါကို ကျွန်တော်တို့ပါတီရဲ့ စာစောင်က ရေးလို့ စာပေစိစစ်ရေးကိုတိုင်တာ။ အခုသွားရှင်းခဲ့ပြီ၊ စာပေစိစစ်ရေးက တာဝန်ရှိသူတွေက  ဒီကိစ္စဟာ ခေါ်ယူဆွေးနွေးရုံ သက်သက်ဖြစ်ပြီး အရေးယူဖို့ ခေါ်တာ မဟုတ်သလို စာပေလက်စွဲ ၄၂နဲ့လည်း မငြိစွန်းသေးဘူး။ ခေါ်ယူသတိပေးတာလည်း မဟုတ်ပါဘူးလို့ ကျွန်တော့်ကို ပြောလိုက်ပါပြီ။ မန္တလေးကို ပြန်ရောက်တာနဲ့ အဲ့ဒီ မီးလင်းရေးကော်မတီကို ပါတီရဲ့ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုလုပ်မှုနဲ့ တရားစွဲမှာ ဖြစ်ပါတယ်”

မေလ ၁၂ ရက်နေ့ထုတ် The Voice Weekly အတွဲ (၈) အမှတ် (၂၁) တွင်ပါသည့် “  ပြည်သူ့လုပ်သားစာစဉ် ဥပဒေနှင့် ငြိစွန်းခြင်းမရှိ၍ တိုင်ကြားသူကို တရား ပြန်စွဲမည်ဟုဆို” သတင်းမှ မန္တလေးအခြေစိုက် ပြည်သူ့ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဘင်္ဂလားဒေ့ရှ်က ကုန်သည်တွေ ဘယ်သူမှ စစ်တွေကို မသွားကြဘူး။ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲသလို ဝေးလည်းဝေးတယ်။ ဗီဇာလည်း (၇)ရက်ပဲ ရတယ် ဆိုတော့ ဘင်္ဂလားဒေ့ရှ်က စီပွားရေးသမားတွေက စစ်တွေကို မသွားကြဘူး။ မောင်တောမှာဆိုရင် နတ်မြစ်ကို မော်တော်ဘုတ်နဲ့ ဖြတ်ကူးပြီး  ချက်ချင်းဝင် ချက်ချင်းပြန်ထွက်နိုင်တယ်။ ဒါကြောင့် မောင်တောက နယ်စပ်စီးပွားရေးဈေးကွက်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုနေပါတယ်”

မေလ ၁၂ ရက်နေ့ထုတ် Unityအတွဲ (၁) အမှတ် (၇) တွင်ပါသည့်  မြန်မာကုန်များ မှောင်ခိုတင်ပို့ရာမှ ဖမ်းဆီခံနေရ” သတင်းမှ နယ်စပ်တွင် စီပွားရေး လုပ်ကိုင် နေသူ ဦးကျော်ရွှေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 **************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs