Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၆.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လွတ်လပ်စွာထုတ်ဖော်ရေးသား ပြောဆိုခွင့် မီဒီယာလွတ်လပ်ခွင့်နှင့် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့အစည်းများ

*****************************************

ဆောင်းပါးကဏ္ဍ

 လွတ်လပ်စွာထုတ်ဖော်ရေးသား ပြောဆိုခွင့် မီဒီယာလွတ်လပ်ခွင့်နှင့် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့အစည်းများ

အောင်မောင်း

မီဒီယာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်တွင် မည်သည်ပုံနှိပ်ပစ္စည်းကိုမဆို အသုံးပြု၍လည်းကောင်း၊ အီလက်ထရောနစ်ကို အသုံးပြု၍လည်းကောင်း ဆက်သွယ်ရေးနှင့် လူတို့၏ အတွေးများ စိတ်ခံစားချက်များကို လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ရှိခြင်း ဖြစ်သည်။ လိုအပ်သည်ထက် ပိုမိုတင်းကျပ်ထားသော အစိုးရတစ်ရပ်ကို စောင်းပါးရိပ်ခြည် တိုက်ခိုက်နေလင့်ကစား မီဒီယာကို ကာကွယ်ပေးသာ ဥပဒေများကို ထိုနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်သော်လည်းကောင်း၊ ပြဌာန်းထားသော ဥပဒေကြောင်းအရသော်လည်းကောင်း  ကာကွယ်ပေးထားပြီး မီဒီယာကလည်း အခက်အခဲအမျိုးမျိုး ရှိသည့် တိုင် ယင်း၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမြဲဖြစ်သည်။ ဤသည်မှာပင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်နှင့် ပတ်သတ်သော အလှတရားဟုပင် ဆိုရမည်ဖြစ်သည်။

မျိုးသားအကျိုးစီးပွားကို ထိခိုက်နိုင်သော ကိစ္စရပ်များမှအပ မည်သည့်သတင်းကို အများပြည်သူသို့ ထုတ်ဖော်ရေးသားခွင့် ရှိသည်၊ လျှို့ဝှက်ထားခွင့် ရှိသည်တို့ကို သတင်းအမျိုးအစားအပေါ် မူတည်၍၊ နိုင်ငံတော် လျှို့ဝှက်ချက်အပေါ် မူတည်၍၊ အကဲဆတ်ခံနိုင်မှုအပေါ် မူတည်၍ ဆုံးဖြတ်ပေးရသည်။ ထို့ကြောင့် နိုင်ငံအစိုးရများအနေဖြင့် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ကာကွယ်ရန်အတွက် မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ သီးခြားဥပဒေများ ပြဋ္ဌာန်းပေးလေ့ ရှိ သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင်မူ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်နှင့် ပတ်သက်၍ “တစ်ဦးတစ်ယောက်သည် တစ်ဦးတစ် ယောက်၏ လွှမ်းမိုးမှု၊ ခြိမ်းခြောက်မှု၊ နှပ်ကြောင်းပေးမှုမပါဘဲ မိမိ၏ယုံကြည်ချက်နှင့် သဘောထားအမြင်ကို လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ လွတ်လပ်စွာ ရေးသားခွင့်နှင့် ပတ်သက်၍ သိပ္ပံနည်းကျ သုတေသနရလဒ်များ ပြုလုပ်ပြီး လွတ်လပ်စွာ ရေးသားခွင့်ကို ကာကွယ်ပေးမည့် ဥပဒေများ၏ အတိမ်အနက်ကို သတ်မှတ်ပေးရလေ့ရှိသည်။ လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်၏ ဥပဒေသများမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်ကိုလည်း သက်ရောက်အကာအကွယ် ပေးလေ့ရှိသည်။ ကမ္ဘာ့စံနှုန်းအရမူ အစိုးရမဟုတ်သော အဖွဲ့အစည်းများက လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့်နှင့် ပတ်သက်၍ အခြေခံအခွင့် အရေးများ သတ်မှတ်ပေးလေ့ ရှိပါသည်။

နယ်စည်းမခြား သတင်းသမားများအဖွဲ့၏ ထုတ်ပြန်ချက်အရ  နိုင်ငံတကာမှ ဂျာနယ်လစ် အမြောက်အများမှာ လုပ်ကြံခံရခြင်း၊ ပိတ်ပင်ခံရခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခံရခြင်းတို့အပြင် အစိုးရမီဒီယာ၏ လက်ဝါးကြီးအုပ်မှုကိုလည်း ခံစားနေရသည်ဟု ဆိုသည်။ ပြည်တွင်းမှ လွတ်လပ်သော မီဒီယာသမား အများစုသည် နိုင်ငံခြားသား ဂျာနယ်လစ်များနည်းတူ အခက်အခဲများ ကြုံတွေ့ရသည်ဟုလည်း သိရသည်။

သတင်းသမားများ ကာကွယ် စောင့်ရှောက်ရေးကော်မတီ( The Committee to Protect Journalist CPJ) သည် မီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်၍  နိုင်ငံတကာရှိ ဂျာနယ်လစ်များနှင့် ဆက်သွယ်ပြီး မူရင်း သတင်း အချက်အလက်များ ကောက်ယူခြင်း၊ တိကျသော သုတေသနပြုမှုများ ပြုလုပ်ခြင်းဖြင့် သတင်း သမားများကို ကူညီကာကွယ်ပေးလျှက်ရှိသည်။ CPJ အနေဖြင့် International Freedom of Expression Exchange ဟုခေါ်သည့် ကမ္ဘာသုံးနက်ဝပ်တစ်ခု တည်ဆောက်ထားပြီး ဂျာနယ်လစ်များ တရားမဲ့ပြုကျင့်ခံရမှုမှ ကာကွယ်စောင့်ရှောက်ရန်အတွက် နောက်ဆုံးရသတင်းများ မျှဝေခြင်း၊ ဂျာနယ်လစ်များ အနိုင် အထက်ပြုကျင့်ခံရခြင်း၊ လုပ်ကြံခံရခြင်းတို့မှ ကာကွယ်ပေးလျှက်ရှိသည်။ CPJ ဝန်ထမ်းများသည် ဂျာနယ်လစ်များ အနိုင်အထက်ပြုကျင့် ခံရခြင်း၏ နောက်ကွယ်မှု ကိစ္စရပ်များကို ခိုင်မာသော၊ အမှီအခိုကင်းသော သုတေသနပြုမှုများမှတဆင့် သတင်းအချက်အလက် ရရှိနိုင်ရန် သတိကြီးစွာ ထား၍ ဆောင်ရွက်ပါသည်။ အမေရိကန်တွင် အခြေစိုက်သည့် Freedom House ကမူ နိုင်ငံတစ်နိုင်ငံ၏ ယေဘုယျ နိုင်ငံရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် အခြေ အနေတို့ကို ပို၍ ဇောင်းပေးလေ့လာပြီး ယင်းနိုင်ငံ၏ မီဒီယာလွတ်လပ်ခွင့်မှာ အကန့်အသတ်နှင့်ရှိခြင်းလော၊ ဥပဒေ များအတိုင်း လွတ်လပ်ခွင့်ရှိခြင်းလောဟု ဆုံးဖြတ်သည်။ ထို့ကြောင့် လွတ်လပ်စွာ ရေးသားခွင့်၊ ပြောဆိုခွင့်တို့အတွက် ရေးသားခွင့် ပြောဆိုခွင့်တို့အတွက် ရေခံမြေခံ အခြေအနေ မည်မျှပေးထားသနည်းဆိုသည့် အချက် ပေါ်တွင် တိုင်းတာ သည်ဟု ဆိုရမည်ဖြစ်သည်။

လွတ်လပ်စွာရေးသားခွင့်၊ ပြောဆိုခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်တို့အတွက် အမေရိကန်အခြေစိုက် Freedom House အဖွဲ့မှ ကမ္ဘာတစ်လွှားရှိ နိုင်ငံများ၊ အငြင်းပွားနေသော နယ်နိမိတ်များ၏ လွတ်လပ်စွာရေးသား၊ ပြောဆိုပိုင်ခွင့် အတိုင်းအတာနှင့် အစိုးရက ခွင့်ပြုထားသည့် ခေါင်းကြီးပိုင်း အယ်ဒီတာ့အာဘော်တို့ အပေါ်တွင် တစ်မှတ်မှ အမှတ်တစ်ရာအထိပေး၍ ကမ္ဘာ့နိုင်ငံများ၏ လွတ်လပ်စွာရေးသားပြောဆိုပိုင်ခွင့် အဆင့်အတန်း သတ်မှတ်ချက်ကို နှစ်စဉ်ထုတ်ပြန်ပေး သည်။

၂၀၁၀ခုနှစ် ထုတ်ပြန်ချက်အရ ဖင်လန်၊ အိုက်စလန်၊ နယ်သာလန်၊ နော်ဝေနှင့်  ဆွီဒင်တို့က အစဉ်အလိုက် မီဒီယာ လွတ်လပ်ခွင့်အရှိဆုံး နိုင်ငံများအဖြစ် သတ်မှတ်ခြင်းခံရပြီး  မြောက်ကိုရီးယား၊ တာခ့်မင်းနစ္စတန်၊ အီရန်နှင့် မြန်မာ နိုင်ငံတို့က လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခွင့်နှင့် မီဒီယာလွတ်လပ်ခွင့် အတင်းကျပ်ဆုံး နိုင်ငံများအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၁၆. ၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ၂၀၁၅ ၌ မြန်မာ့ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်နိုင်ရန် ဆွေးနွေး
  2. မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍတွင် ဗီယက်နမ်နိုင်ငံ ပထမဆုံးအကြိမ် ရင်းနှီးမြှုပ်နှံ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မြန်မာ လူမှုစီးပွားရေးကောင်စီဖွဲ့စည်းမည်
  2. မြောက်ကိုရီးယားထံမှ နှစ်အတန်ကြာ လက်နက်များ ဝယ်ယူခဲ့ကြောင်း သမ္မတဝန်ခံ
  3. ပါတီဝင်များ ပြောင်းရွှေ့မှုကြောင့် NDF ပါတီပြင်ဆင်ဖွဲ့စည်းမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

၂၀၁၅ ၌ မြန်မာ့ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်နိုင်ရန် ဆွေးနွေး

လာမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်နိုင်ရန် လက်ရှိအချိန်တွင် တရုတ်၊ အီးယူတို့နှင့် ဆွေးနွေးလျက် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဆက်သွယ်ရေးကဏ္ဍမှာ အဓိကအသုံးဝင်လာမယ့် ဆက်သွယ်ရေးဂြိုလ်တုကို လာမယ့် ၂၀၁၅ မှာ လွှတ်တင်နိုင်ဖို့အတွက် ဆွေးနွေးနေပါတယ်။ ဒီဂြိုလ်တုကို လွှတ်တင်ပြီးရင်တော့ နိုင်ငံတကာမှာလည်း မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာတက်လာနိုင်တဲ့အပြင် ဆက်သွယ်ရေးကဏ္ဍမှာလည်း တော်တော်ကြီးကို ကောင်းမွန်လာနိုင်မှာပါ”ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

လက်ရှိ မြန်မာ့ဆက်သွယ်ရေးအတွက် အရေးပါသည့် ဂြိုလ်တုကို ထိုင်းနိုင်ငံမှ ဌားယူသုံးစွဲနေရပြီး တစ်နှစ်လျှင် ဂြိုလ်တုဌားရမ်းခငွေ အများအပြား ပေးနေရကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ဖုန်းဆက်သွယ်မှုများအတွက် ဖိုင်ဘာကွန်ရက်ကို အဓိကသုံးစွဲနေရပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက် များ တိုးချဲ့တည်ဆောက်နိုင်ရန် စင်္ကာပူနိုင်ငံမှ နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်သည့် International Telecommunication Holding Ltd(ITHL) နှင့် ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

“စင်္ကာပူနည်းပညာကုမ္ပဏီကြီးတစ်ခုနဲ့ ဖိုင်ဘာကွန်ရက်တွေ ချိတ်ဆက်ဖို့အတွက် ဆွေးနွေးနေပါတယ်။ ပြီတော့ အင်တာနက်ဆိုင် မြန်နှုန်းမြင့်လာဖို့ အတွက် အဓိကလိုအပ်တဲ့ Optical Fiber Cable Network တွေ၊ တယ်လီဖုန်းကဏ္ဍ ကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့ နည်းပညာ၊ အချက်အလက်တွေကို စင်္ကာပူနိုင်ငံနဲ့ အကျိုးတူဆောင်ရွက်သွားမှာပါ”ပာု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်နိုင်စေရန် ၂၀၁၃ ဆီးဂိမ်းမတိုင်မတီဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အင်တာနက်မြန်နှုန်း မြှင့်တင်ရေးကိစ္စရပ်များအတွက် မြန်မာ့ဆက်သွယ်ရေးမှ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍတွင် ဗီယက်နမ်နိုင်ငံ ပထမဆုံးအကြိမ် ရင်းနှီးမြှုပ်နှံ

မြန်မာနိုင်ငံ၏ အဓိကထွက်ကုန်ဖြစ်သည့် ဆန်စပါးကဏ္ဍတွင် ဗီယက်နမ်နိုင်ငံမှ ပထမဆုံးအကြိမ်အဖြစ် လာရောက် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာဆန်စပါးကဏ္ဍတွင် ဗီယက်နမ်နိုင်ငံမှ လာရောက်ရင်းနှီး မြှုပ်နှံမှုများပြုလုပ်ရန် သဘောတူညီချက် ရရှိခဲ့ပြီး မြန်မာနိုင်ငံမှ ထွက်ရှိသော ဆန်စပါး အရည်အသွေး ပြည့်မီရေး၊ စိုက်ပျိုးရေးနည်းပညာ တိုးတက်ဖွံ့ ဖြိုးမှုများနှင့် ဆန်စက်များ၊ စပါးကြိတ်ခွဲမှုများကို ဗီယက်နမ်နိုင်ငံ၏ နည်း ပညာများဖြင့် စနစ်တကျ ပံ့ပိုးပေးသွားနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြပါရှိသည်။

“ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် အခုလို နိုင်ငံရပ်ခြားက ရင်းနှီးမြှုပ်နှံတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံကနေ အခုလို ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် ရင်းနှီးမြှုပ်နှံသွားဖို့ ရှိပါတယ်။ လက်ရှိမှာ အသင်းအနေနဲ့ လက်တွေ့ ကွင်းဆင်း ဆောင်ရွက်မှုတွေ စတင်လုပ်ဆောင်နေပါပြီ။ လာမယ့် မိုးစပါးပေါ်ချိန်အတွင်းလောက်မှာပဲ စတင်အကောင်အထည် ဖော်ပါလိမ့်မယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍတွင် အရည်အသွေးကောင်းမွန်စေရန် လိုအပ်ချက်များစွာ ရှိနေပြီး အိန္ဒိယဆန်များသည် ကမ္ဘာ့ ဆန်ဈေးကွက်၌ ဈေးနှုန်းသက်သာခြင်းတို့ကြောင့်  ဈေးကွက်ပြိုင်ဆိုင်မှုများကို ရင်ဆိုင်ရလျက်ရှိကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မြန်မာ လူမှုစီးပွားရေးကောင်စီဖွဲ့စည်းမည်

နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ မကြာမီကာလအတွင်း အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် မြန်မာနိုင်ငံ လူမှုစီးပွားရေးကောင်စီ (National Economic and Social Advisory)ကို ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း  လူမှုစီးပွားရေး ကောင်စီဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

“နိုင်ငံတော်သမ္မတကြီးက ညွှန်ကြားထားတာပါ။ လူမှုစီးပွားရေးကောင်စီကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းမှာပါ။ ကဏ္ဍအသီးသီးက ပညာရှင်တွေ ပါဝင်မှာ ပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

မြန်မာလူမှုစီးပွားရေးကောင်စီ ဖွဲ့စည်းရာတွင် စီးပွားရေးပညာရှင်များ၊ ဘဏ်ပညာရှင်များ၊ နည်းပညာပိုင်းဆိုင်ရာ ပညာရှင်များ၊ စီမံခန့်ခွဲရေး ပညာရှင်များ၊ စိုက်ပျိုးရေးပညာရှင်များနှင့် ကဏ္ဍပေါင်းစုံမှ အသိပညာရှင်၊ အတက်ပညာရှင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်မည် ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၁ တွင် နိုင်ငံတော် သမ္မတ၏ နိုင်ငံရေးနှင့် စီးပွားရေး သမ္မတအကြံပေးအဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်သည့်အတွက် ယခုအခါ နိုင်ငံတော် အတွက် လိုအပ်သည့် မြန်မာလူမှုစီးပွားရေးကောင်စီကို ထပ်မံဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၂ မေလ ၁၀ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ ကျင်းပခဲ့သည့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမို ထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ပြည်သူတွေရဲ့ လူမှုစီးပွားရေး ဘဝတိုးတက်ရေးအတွက် လူမှုအဖွဲ့အစည်းများကို ပုဂ္ဂလိကကဏ္ဍအချင်းချင်း ပေါင်းစပ်ညှိနှိုင်းနိုင်ရန်နှင့် အစိုးရသို့ အကြံပြု ပူးပေါင်းဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ လူမ စီးပွားရေးအကြံပေးကောင်စီကို ဖွဲ့စည်းပြီးဆောင်ရွက်သွားမည်”ပာု ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးပါသည့်အတွက် အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ အများနှင့် သက်ဆိုင်သော ကုမ္ပဏီများ၊ သမဝါယမအသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းများအနေဖြင့် ပြည်သူတို့၏ လူမှုစီးပွားရေးကို မြှင့်တင်ကြိုးပမ်းရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဥိးသိန်းစိန်က ပြောကြားသည်။

YC

--------------------------------------------------------------------------------------------------------------------------------

မြောက်ကိုရီးယားထံမှ နှစ်အတန်ကြာ လက်နက်များ ဝယ်ယူခဲ့ကြောင်း သမ္မတဝန်ခံ

မြန်မာနိုင်ငံ၏ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံသည် နှစ်ပေါင်း ၂၀ ကြာအချိန်အထိ မြောက်ကိုရီးယားနိုင်ငံထံမှ လက်နက် အမြောက် အမြားဝယ်ယူခဲ့ကြောင်း ဝန်ခံခဲ့ပြီး ထပ်မံ၍ မြောက်ကိုရီးယားထံမှ လက်နက်များ ဝယ်ယူတော့မည်မပာုတ်ကြောင်း တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်အား ကတိပေးပြောကြားခဲ့ကြောင်း အပတ်စဉ်ထုတ် 7Day News ဂျာနယ်တွင်ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံသို့ မေလ ၁၄ ရက်နေ့ညနေတွင် ရောက်ရှိလာသည့် တောင်ကိုရီးယားသမ္မတအီမြောင်ဘတ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ရာတွင် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံအနေနှင့် မြောက်ကိုရီးယားနိုင်ငံနှင့် နျုကလီးယားဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှု လုံးဝမရှိခဲ့ကြောင်း၊ သို့သော် သာမန်လက်နက်ဝယ်ယူမှုတွေတော့ ရှိခဲ့သည်ပာု ပြောကြားခဲ့ကြောင်း အေပီသတင်းဌာနမှ ဖော်ပြခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ပြုံယမ်းနျူကလီးယားနှင့် ဒုံးကျည်ကိစ္စအစီအစဉ်အဆုံးသတ်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ချမှတ်ထားသော စည်းမျဉ်းစည်ကမ်းများကိုလိုက်နာမည့်အကြောင်း တောင်ကိုရီးယားသမ္မတအား ကတိ ပေးပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ချောချောမွေ့မွေ့နှင့် ရှေ့သို့ဆက်လက်ချီတက်နေပါက မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်း တွေ့ဆုံပွဲတွင် တောင်ကိုရီးယားနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အပံ့နှင့် ချေးငွေများ တိုးမြှင့် ပေးရန်အတွက်လည်း တောင်ကိုရီးယား သမ္မတက ကမ်းလှမ်းခဲ့ပြီး မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံအကြား စွမ်းအင်၊ အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုနှင့် အခြေခံအဆောက်အအုံများ တိုးမြှင့်ပူးပေါင်း တည်ဆောက်ရန်လည်း သဘောတူညီခဲ့ ကြသည်။

Ref:7Day News

--------------------------------------------------------------------------------------------------------------------------------

ပါတီဝင်များ ပြောင်းရွှေ့မှုကြောင့် NDF ပါတီပြင်ဆင်ဖွဲ့စည်းမည်

၂၀၁၀ ရွေးကောက်ပွဲဝင် အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီအနေဖြင့် လက်ရှိအချိန်တွင် ပါတီဝင်များ၏ ပါတီအပြောင်းအရွှေ့ များပြားမှု များကြောင့် လာမည့် ၂၀၁၅ တွင်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း NDF ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NDF)ပါတီ၌ ထိပ်ပိုင်းခေါင်းဆောင်များ အပါအဝင် ပါတီဝင်များသည် အခြားပါတီများသို့ ပြောင်းရွှေ့မှု များပြားနေသည့် အတွက် ပါတီစနစ်ကျရန်နှင့် ခိုင်မာမှု ရှိနိုင်စေရန် လာမည့်ဇွန်လအတွင်း ဗပာိုဦးစီးအစည်းအဝေးခေါ်ယူ၍ ပါတီပြန်လည်ပြင်ဆင်ရေးများကို ဆောင်ရွက်သွားမည် ဖြစ်ပြီး ပါတီတွင်း လစ်လပ်နေရာများတွင် ပြန်လည် ဖြည့်တင်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပါတီကို ပြန်ပြီးစနစ်ကျစေဖို့အတွက် ဗပိာုဦးစီး အစည်းအဝေးခေါ်ပြီး ပြင်ဆင်ဖွဲ့စည်းပါမယ်။ အခုဆိုရင် ပါတီဝင် တော်တော်များများ ထွက်ကုန်ပါပြီ။ ဒီလူတွေနေရာမှာ ပြန်ဖြည့်ရပါမယ်။ နောင်လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်လည်း ရည်ရွယ်ပါတယ်”ပာု အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ တရားဝင်မှတ်ပုံတင်၍ ယှဉ်ပြိုင် ခဲ့သည့်အတွက် NDF ပါတီအတွင်းရှိ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပါတီဝင်များမှာ NLD ပါတီသို့ ပြောင်းရွှေ့သွားခဲ့ပြီး ထိုသို့ပြောင်းရွှေ့မှုများကြောင့် NDF ပါတီအတွင်း ပါတီဝင်အင်အားစုများ နည်းပါးသွားခဲ့ရကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက ဝင်ပြိုင်ပါတယ်။ ဒီတော့ NDF ပါတီရဲ့ ပါတီဝင် တော်တော်များများက NLD ပါတီကို ဝင်သွားပါတယ်။ ကျွန်တော်တို့အနေနဲ့ စိတ်မပျက်ပါဘူး။  ပါတီမှာ ချမှတ်လုပ်ဆောင်နေတဲ့ မူဝါဒတွေကို ပိုပြီးအရှိန်အပာုန် မြှင့်လုပ်ဆောင်သွားမှာပါ”ပာု NDF ပါတီဝင်တစ်ဦးက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့် အပါအဝင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နှင့် ဒေါ်စန်းစန်းတို့ နှုတ်ထွက်ခဲ့ကြကြောင်း သိရသည်။

YC

 ****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“မတ်လက လစာတိုးပေးဖို့သွားပြောတာ သူဌေးခရီးထွက်နေတဲ့အတွက် ပြန်လာရင် လုပ်ပေးမယ်ပြောပါတယ်။ ထပ်စောင့်တာ ဘာမှမထူးပါဘူး။ နောက်ထပ် သွားပြောတော့ သွားပြောတဲ့ဌာနတစ်ခုပဲ တစ်ယောက်ကျပ် ၅၀၀၀ အထိပဲ တိုးပေးပါတယ်။ ဌာနက လူအကုန်တောင် မပါပါဘူး။ နောက်ထပ်လည်း တစ်ရက် ပျက်ရင် ကျပ် ၈၀၀၀ ကျပ်အထိဖြတ်တာ၊ အိုတီမဆင်းရင် သန့်ရှင်းရေးလုပ်ရတာ၊ အစားအသောက် အဆင်မပြေတာတွေကအစ ကြုံတွေ့ရပါတယ်။ အဓိက ကတော့ အခြေခံလစာတိုးပေးဖို့ပါ”

မေ ၁၆ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၃၂) တွင်ပါသည့် “မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများ အကြား အခြေခံလုပ်ခလစာ အနိမ့်ဆုံ်းဖြစ်နေ ပြည်ပမှရင်းနှီးမြုပ်နှံမှုများဖြင့် လုပ်ကိုင်နေသော စက်ရုံများ၌ လုပ်ခလစာ နည်းပါးမှုကြောင့် အလုပ်သမားများ၏ တောင်းဆိုမှုများ ယခုနှစ်အတွင်း ဆက်တိုက်ဖြစ်ပေါ်” သတင်းမှ Hair Art ဆံပင်တု စက် ရုံ(B) မှ လုပ်သက်သုံးနှစ်ကျော်ရှိသူ မလဲ့လဲ့ခင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“သမ္မတကြီးက ပြည်သူတွေ ဘတ်စ်ကားစီးရာမှာ  ပင်ပင်ပန်းပန်းခက်ခက်ခဲခဲ စီးနေကြတာကို သိပါတယ်။ ဒါကြောင့်လည်း ဒီကိစ္စကို အကောင်းဆုံး ဖြစ်အောင် လုပ်ဖို့ အထူးညွန်ကြားထားပါတယ်။ အဓိကက ကျွန်တော်တို့ရဲ့ တိုင်းပြည်မှာ လိုအပ်တာက ဘတ်စ်ကားပါ။ ဒါပေမဲ့ ပြဿနာက ဘတ်စ်ကားက အခြားကား တွေထက် ဈေးမြင့်တယ်။ ဒါတွေကို ညှိနှိုင်းပေါင်းစပ်ပြီးတော့ ဘတ်စ်ကားတင်သွင်းတဲ့အဖွဲ့တွေကို  ကျွန်တော်တို့ ကူညီပေးမှာပါ။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမှာပါ”

မေ ၁၄ ထုတ် The Messenger အတွဲ (၂)အမှတ် (၅၁) တွင်ပါသည့် “မိသားစုတစ်စု ကားတစ်စီးပိုင်ဖို့ နီးပြီလား” သတင်းမှ စီးပွား ကူးသန်းဝန်ကြီး ဦးဝင်းမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“သူတို့အနေနဲ့ သွားလိုက် ပြန်လိုက်လုပ်နိုင်ရင်လည်း ကျွန်တော်တို့ခက်ခဲနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလို ကိစ္စမျိုးတွေမှာ လုပ်နိုင်မယ်၊ သူတို့ကိုယ်တိုင် ကလည်း ဒီမှာ ရေးဆွဲထားတဲ့ Framework တွေ၊ စီးပွားရေး Road map တွေ၊ ကျန်တဲ့ကဏ္ဍအလိုက်ကိစ္စတွေမှာ သူတို့ဝင်ဆွေးနွေးနိုင်မယ်၊ Debate လုပ်နိုင် မယ်။ Check and Balance ပိုလုပ် နိုင်မယ်”

မေ ၁၇ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၉၄) တွင်ပါသည့် “ပြည်ပရောက် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လာရန် စီးပွားရေးလုပ်ငန်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန်လိုအပ်”သတင်းမှ စီးပွားရေးပညာရှင် ဦးမော်သန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs