Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၇.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မဝေးတော့သော ရွှေပြည်တော်ခရီး

*****************************************

ဆောင်းပါးကဏ္ဍ

မဝေးတော့သော ရွှေပြည်တော်ခရီး

မိုးမြင့်ငြိမ်း

နိုင်ငံတော်ကိုဦးဆောင်သည့် အစိုးရတစ်ရပ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတနည်း နိုင်ငံတော်ပန်းတိုင် ရောက်ရှိရေးအတွက် မိမိတို့အစိုးရလက် ထက်တွင် ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများ၊ ဖွံ့ဖြိုးရေးအတား အဆီးများကို ကျော်ဖြတ်ရစမြဲဖြစ်သည်။ ဖွံ့ဖြိုးရေးဆိုသည့် ရေဆန်ခရီးကို ဆန်တက် ရင်း ပြည်သူများ ကြွယ်ဝချမ်းသာအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့လျှင် အောင်မြင်သည့် အစိုးရ၊ စွမ်းဆောင်ရည်ပြည့်သည့် အစိုးရဖြစ်သည်ဟု သတ်မှတ်ကြ သည်။ ထိုသို့ဖြစ်လာအောင်လည်း အစိုးရခေါင်းဆောင်ပိုင်းတွင် ဖွံ့ဖြိုးရေးအိမ်မက်များကို စွဲမြဲစွာ မက်နေဖို့လိုသည်။ သို့မှသာ အိမ်မက်များကို လက်တွေ့ အကောင်အထည်ဖော်သည့် အခါမှာလည်း ရေရှည်သက်လုံကောင်းကောင်းဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ရောဂါရင့်နေသည့် လူမမာလို

နှစ်ပေါင်းများစွာပစ်ပယ်ထားသည့် ကြိုးနီအုပ်ချုပ်ရေးစနစ်၊ မပီပြင်သည့် ဈေးကွက်စီးပွားရေး၊ ချို့တဲ့သည့် ကျန်းမာရေးစနစ်၊ အရည်အသွေး မပြည့်ဝသည့် ပညာရေးစနစ်နှင့် ဖိနှိပ်ထားခဲ့သည့်အတွက် နိုင်ငံရေးနှင့် ခပ်ကင်းကင်းနေလိုသည့် ပြည်သူများ၏ စိတ်ဓာတ်တို့ကြောင့် ယခုအခါတွင် မြန်မာနိုင်ငံမှာ ရောဂါရင့်နေသည့် လူနာတစ်ဦးလို ဖြစ်နေသည်။ ထိုသို့ ရှိရှိသမျှသော ကဏ္ဍစုံတွင် အားနေသည်ဖြစ်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ် ဆောင်မည်ဆိုလျှင်လည်း ဘယ်အခန်းကဏ္ဍကို စတင်ကိုင်တွယ်ရမည်မှန်းမသိ ဖြစ်နေရသည်။ ယခုအခါတွင် နိုင်ငံတော်သမ္မတကြီးက ပြုပြင်ပြောင်းလဲမှု များကို အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမိုထိရောက်စွာ ပြုပြင်ပြောင်း လဲ ကြိုးပမ်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး”တွင် သူ၏လမ်းညွှန်ချက်များကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။

နိုင်ငံ၏ အဂ္ဂဗျူဟာ

ထိုသို့ မဟာဗျူဟာအဆင့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေသော်ငြားလည်း တစ်နိုင်ငံလုံး ရည်မှန်းချက်ထား အကောင်အထည်ဖော်ရ မည့် အဂ္ဂဗျူဟာရှိမှသာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို ဟန်ချက်ညီညီဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သို့ဆိုလျှင် မြန်မာနိုင်ငံ၏ အဂ္ဂဗျူဟာမှာ အဘယ်နည်း။ မည်သို့သော် မဟာဗျူဟာများက ယင်းအဂ္ဂဗျူဟာကို အထောက်အပံ့ပေး ပြည်စုံစေသနည်းဟူ၍ ဖြစ်သည်။ စာရေးသူ၏ သုံးသပ်ကြည့်သလောက် လက်ရှိအစိုးရအနေဖြင့် ယင်းတို့၏ သက်တမ်းအတွင်း နိုင်ငံအဆင့် မဟာဗျူဟာကိစ္စရပ် သုံးမျိုးကို အကောင်အထည်ဖော်နိုင်မှ နိုင်ငံတော် ပန်းတိုင်ရောက်ရှိရေးဟူသော အဂ္ဂဗျူဟာ ရည် မှန်းချက်ကို ပြည့်ဝနိုင်မည်ဖြစ်သည်။ ယင်းတို့၏ သက်တမ်းအတွင်း ရရှိဖို့ခဲယဉ်းသော ကိစ္စရပ် များ ပါဝင်နိုင်မည် ဖြစ်သော်ငြားလည်း အနည်းဆုံးတော့ နောင်လာမည့် အစိုးရအတွက် လမ်းကြောင်းမှန်ကို ခင်းပေးလိုက်သလို ဖြစ်မည်။

မဟာဗျူဟာသုံးရပ်

အဆိုပါ နိုင်ငံအဆင့် အကောင်အထည်ဖော်ရမည့် မဟာဗျူဟာသုံးရပ်မှာ လက်နက်ကိုင်တိုင်းရင်းသားများနှင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ခြင်း၊ အမျိုးသားအဆင့်ဖွံ့ဖြိုးရေး မဟာဗျူဟာဖြင့် စီးပွားရေးအပြောင်းအလဲ၊ အုပ်ချုပ်ရေးအပြောင်းအလဲများကို ထိထိရောက်ရောက် ဆောင် ရွက်ခြင်းနှင့် ဒီမိုကရေစီ ဖွံ့ဖြိုးရှင်သန်အောင် စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး အပြန်အလှန် ယုံကြည်မှုရှိရှိ နားလည်မှုရှိရှိ တည်ဆောက်နိုင်မှုသည် လည်း နိုင်ငံ၏ မဟာဗျူဟာအဆင့် အကောင်အထည်ဖော်မှုဖြစ်သည်။ ထာဝရငြိမ်းချမ်းရေးဆိုလျှင် ယခုအခါ လက်နက်ကိုင်တိုင်းရင်းသား ၁၀ ဖွဲ့နှင့် ပထ မအဆင့် ငြိမ်းချမ်းရေးသဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ပြီး ဖြစ်သည်။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်ရေးအပြောင်းအလဲ၊ စီးပွားရေးအ ပြောင်းအလဲများသည်လည်း ယခုအခါတွင် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာဒုတိယအဆင့်တို့ ရောက်ရှိလာပြီဖြစ်သည်။ နိုင်ငံရေး အပြောင်းအလဲများကို ဆက်တိုက်ဆိုသလို ဆောင်ရွက်ခဲ့သလို ကြားဖြတ်ရွေးကောက်ပွဲ၏ တရားမျှတမှုသည်လည်း စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး၏ ပထမအဆင့် နှင်းခဲ ပျော်ချိန်နှင့် အပြန်အလှန် ယုံကြည်မှုတို့ အစပျိုးရာလည်း ဖြစ်သည်။

မှန်ကန်မှုရှိရှိဆက်ပြောင်းလဲဖို့

မြန်မာနိုင်ငံ၏ လက်ရှိအစိုးရသစ်သည် နိုင်ငံတကာတွင် တရားဝင်မှုရှိအောင် အရေးတကြီး ပြုပြင်ပြောင်းလဲမှုများကို အစိုးရသက်တမ်းတစ်နှစ် ကျော်အတွင်း ပြုလုပ်နိုင်ခဲ့သည့်အတွက် ယခုအခါတွင် တရားနည်းလမ်းကျသည့် အစိုးရဖြစ်သည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းမှ အသိအမှတ်ပြုမှုကို ရရှိ ပြီးဖြစ်သည်။ သြဇာရှိ သတင်းမီဒီယာများ၊ IMF၊ World Bank တို့လို နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာနိုင်ငံသည် စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ် လာနိုင်ချေရှိသည်ဟု သုံးသပ်ကြသည်။ ထိုအတွက်ကြောင့်လည်း နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံသူများက မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံရန် တာစူ နေပြီဖြစ်သည်။ ထိုသို့သော အခွင့်အလမ်းကောင်းများရှိသော အသစ်ပေါ်ထွန်းလာမည့် ဈေးကွက်တစ်ခုဖြစ်သောကြောင့် အမေရိကန်နိုင်ငံမှ သြဇာရှိ လွှတ် တော်အမတ် ဂျွန်မတ်ကိန်းပင်လျှင် အမေရိကန်မှ ရင်းနှီးမြုပ်နှံသူများ လက်ဦးရယူနိုင်ရန် စီးပွားရေးနှင့် ပတ်သက်သော အရေးယူပိတ်ဆို့မှုများကို ဖယ်ရှား ပေးဖို့ အိုဘားမားအစိုးရကို တောင်းဆိုခဲ့သည်။ ထိုသို့ မြန်မာနိုင်ငံ၏ ပထမအဆင့် မဟာဗျူဟာအပြောင်းအလဲများကိုပင် စစ်မှန်သည်ဟု နိုင်ငံတကာအသိ အမှတ်ပြုမှု ရရှိနေသေးလျှင် နောက်ထပ်အဆင့်များကို မှန်ကန်မှုရှိရှိ ဆောင်ရွက်နိုင်ခဲ့လျှင် ရွှေပြည်တော်မျှော်တိုင်း ဝေးတော့မည်မဟုတ်ပေ။                    

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၁၇. ၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြန်မာနိုင်ငံသို့ အမေရိကန်ကုန်သည်ကြီးများအသင်း ပထမဆုံးအကြိမ် လာရောက်မည်
  2. ကလို့ထူးဘောအဖွဲ့ပိုင် နယ်မြေအတွင်း ထိုင်းကုမ္ပဏီမှ သတ္တုတူးဖော်ရန် သဘောတူညီမှုရ
  3. သက်ကြီး ပင်စင်ခံစားခွင့်ပေးမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မြန်မာနိုင်ငံအား အရေးယူပိတ်ဆို့မှုများ ဖြေလျော့ရန် အင်အားကြီးရှစ်နိုင်ငံ(G8) မှ စဉ်းစား
  1. ညီနောင်တိုင်းရင်းသားပါတီများစုပေါင်း၍ ၂၀၁၅ ရွေးကောက်ပွဲဝင်ရောက်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

မြန်မာနိုင်ငံသို့ အမေရိကန်ကုန်သည်ကြီးများအသင်း ပထမဆုံးအကြိမ် လာရောက်မည်

မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံ၏ သက်တမ်း ၁၀၀ ရှိသည့် အမေရိကန်ကုန်သည်ကြီးများအသင်း(US Chamber of Commerrce)မှ မေလ ၁၆ ရက် နေ့မှ စတင်၍ ၄ ရက်တာ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အမေရိကန်ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံသို့ လာရောက်ရခြင်းမှာ မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိသည့် နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေ အခွင့်အလမ်းများကို သိရှိစေနိုင်ရန်နှင့် ၎င်းတို့၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ သမ္မတအကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီ မေလ ၁၆ ရက်နေ့မှာ အမေရိကန်နိုင်ငံက သက်တမ်းရင့်နေပြီဖြစ်တဲ့ ကုန်သည်ကြီးများအသင်းက ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို လာရောက် မယ်လို့ ကြားပါတယ်။ သူတို့ရဲ့ ဒီခရီးစဉ်မှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ကဏ္ဍတွေကိုလည်း ဆွေးနွေးကြလိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး အနာဂါတ်ကတော့ အကောင်းဘက်ကို ဦးတည်နေပြီလို့ ဆိုလို့ရပါပြီ”ပာု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

နှစ် ၁၀၀ သက်တမ်းရှိ အမေရိကန်ကုန်သည်ကြီးများအသင်း(US Chamber of Commerrce)အသင်းကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ အခြေစိုက် အဖြစ် ၁၉၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် သုံးသန်းကျော်ပါဝင်သည့် ကမ္ဘာ့အကြီးဆုံး စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ဧပြီ ၂၀ ရက်နေ့တွင် အမေရိကန်ကုန်သည်ကြီးများအသင်းမှ မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ နှစ်ပေါင်းများစွာ စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို ရုတ်သိမ်းပေးရန် အမေရိကန်သမ္မတ အိုးဘားမားထံသို့ တင်ပြတောင်းဆိုခဲ့သည်။

Ref:7Day News

-----------------------------------------------------------------------------------------------------------------------------------

ကလို့ထူးဘောအဖွဲ့ပိုင် နယ်မြေအတွင်း ထိုင်းကုမ္ပဏီမှ သတ္တုတူးဖော်ရန် သဘောတူညီမှုရ

ကလို့ထူးဘောအဖွဲ့ပိုင် နယ်မြေအတွင်း ထိုင်းနိုင်ငံ ချန်ဌေးသတ္တုမိုင်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီတစ်ခုမှ သတ္တုတူးဖော်ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း ကလိုထူးဘောသတ္တုတူးဖော်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံ၏ ချန်ဌေး သတ္တုမိုင်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ ကလိုထူးဘောသတ္တုတူးဖော်ရေး ကုမ္ပဏီနှင့် အချက် ၅ချက်ပါ  နှစ် ၂၀ သက်တမ်း ရှိသည့် သဘောတူညီမှု စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ကလို့ထူးဘောကုမ္ပဏီမှ တာဝန်ယူထားသည့် သတ္တုတူးဖော်ရေးနယ်မြေ အားလုံးသို့ ထိုင်းကုမ္ပဏီတစ်ခု ဖြစ်သည့် ချန်ဌေးသတ္တုတူးဖော်ရေးလုပ်ငန်းအား စစ်ဆေးလေ့လာတူးဖော်ရန် ခွင့်ပြုပေးခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ဆီမှာ သတ္တုတူးဖော်ဖို့အတွက် လာတဲ့သူတွေ တော်တော်များပါတယ်။ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ထိုင်းနိုင်ငံကုမ္ပဏီနဲ့ပဲ စာချုပ် ချုပ်ဆိုခဲ့တာပါ။ ကျွန်တော်တို့ဘက်က ချန်ဌေးကုမ္ပဏီဘေးကင်းဖို့တွေ၊ ဒေသခံတွေနဲ့ ဖြစ်တဲ့ပြဿနာတွေကို ဖြေရှင်းပေးဖို့နဲ့ လူနဲ့ စက်ပစ္စည်းတွေ ကို ပြဿနာ တစုံတရာမရှိဘဲနဲ့ ကလိုထူးဘောပိုင်နယ်မြေအတွင်းကို ဘေးကင်းစွာ ရောက်ရှိလာနိုင်ဖို့အတွက် သဘောတူညီခဲ့ကြတာပါ”ပာု ကလို့ထူးဘော သတ္တုတူး ဖော်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စာချုပ်ပါ အချက်များအရ ကလိုထူးဘောအဖွဲ့မှ ချန်ဌေးသတ္တုတူးဖော်ရေးလုပ်ငန်း၏ ဆောင်ရွက်မှုများအပေါ် ဘေးကင်းလုံခြုံစေရေးအတွက် ဆောင် ရွက်ရသကဲ့သို့ ချန်ဌေးကုမ္ပဏီအနေဖြင့်လည်း လူအင်အားနှင့်နည်းပညာ အကူအညီများ၊ စက်နှင့် ပစ္စည်းကိရိယာများနှင့် ကုန်ကျစရိတ်များအား လုံးကို တာဝန် ယူခဲ့ရကြောင်း သိရသည်။

Ref:Popular News

--------------------------------------------------------------------------------------------------------------------------------

သက်ကြီး ပင်စင်ခံစားခွင့်ပေးမည်

မြန်မာနိုင်ငံအတွင်းရှိ သက်ကြီးရွယ်အိုများအတွက် နိုင်ငံဝန်ထမ်းပောာင်းများအားပေးသည့် ပင်စင်လစာမပာုတ်သည့် သက်ကြီးပင်စင်ပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မြန်မာနိုင်ငံအတွင်းမှာ လုပ်ကိုင်မစားသောက်နိုင်တော့တဲ့ အဘိုးအဘွားတွေအတွက် သက်ကြီးပင်စင်ဆိုပြီးပေးမယ့် အစီအစဉ်သစ်ပါ။ ပြည်ထောင်စု လွှတ်တော်မှ တင်ပြထားတဲ့ လူမှုဖူလုံရေးဥပဒေသစ်မှာ သက်ကြီးပင်စင်ကိစ္စကိုပါ ထည့်သွင်းဖော်ပြခဲ့တာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ဆိုသည်။

ပြည်တွင်းရှိ သက်ကြီးရွယ်အိုများ သက်ကြီးပင်စင်ခံစားခွင့်ရနိုင်စေရန် အာမခံကြေးများ ပေးသွင်းရမည်ဖြစ်သော်လည်း လက်ရှိအချိန်တွင် သက် ကြီးပင်စင်ကြေးရရှိရန် ပေးသွင်းရမည့် အာမခံကြေးနှင့် ခံစားခွင့်များကို အတိအကျ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

“အစိုးရဝန်ထမ်းတွေကိုပေးတဲ့ ပင်စင်လစာဆိုတာက သက်သက်ပါ။ အခုပေးဖို့အတွက် ပြင်ဆင်နေတဲ့ သက်ကြီးပင်စင်က သက်သက်ပါ။ အစိုးရ ဝန်ထမ်းတွေဆိုရင်တော့ နိုင်ငံကပေးတဲ့ ပင်စင်လစာအပြင်ကို သက်ကြီးပင်စင်ခံစားခွင့်ကိုပါ ထပ်ရမှာပါ”ပာု လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ သက်ကြီးရွယ်အိုများအား စောင့်ရှောက်မှုများပေးနိုင်ရန် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဥပဒေကို ရေးဆွဲရန် ပြင်ဆင် လျက်ရှိပြီး သက်ကြီးပင်စင်ပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

                Ref:7Day News

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မြန်မာနိုင်ငံအား အရေးယူပိတ်ဆို့မှုများ ဖြေလျော့ရန် အင်အားကြီးရှစ်နိုင်ငံ(G8) မှ စဉ်းစား

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် ကမ္ဘာ့စက်မှုအင်အားကြီး ရှစ်နိုင်ငံ(G8)မှ မြန်မာနိုင်ငံအစိုးရ သစ်၏ ပြုပြင်ပြောင်းလဲမှုများအတွက် ဖြေလျော့မှုများ ပြုလုပ်ပေးရန် စဉ်းစားလျက်ရှိကြောင်း အေအက်ဖ်ပီသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ယခုကဲ့သို့ ကမ္ဘာ့အင်အားကြီးရှင်နိုင်ငံ(G8)မှ မြန်မာနိုင်ငံအား အရေးယူပိတ်ဆို့မှုများ ဖြေလျော့ရန် စဉ်းစားရခြင်းမှာ မြန်မာနိုင်ငံအနေဖြင့် အမျိုး သားပြန်လည် စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီဖြစ်ထွန်းရေး ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရာတွင် ပိုမိုတိုးတက်မှုများ ရှိလာနိုင်စေရန်နှင့် ယင်း ကိစ္စရပ်များအပေါ် ထောက်ပံ့အားပေးသည့်သဘောဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အင်အားကြီး ရှစ်နိုင်ငံ(G8)မှာ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ယူကေ၊ အမေရိကန်၊ ကနေဒါနှင့် ရုရှားနိုင်ငံတို့ဖြစ်ပြီး မကြာသေးမီကာ လအတွင်းက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့အရေးယူမှုများကို အမေရိကန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ကနေဒါ၊ သြစတြေး လျ၊ ဆွစ်ဇာလန်နှင့် နော်ဝေနိုင်ငံတို့မှ ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

“အခုလို ကမ္ဘာအင်အားကြီးနိုင်ငံတွေကပါ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဖြေလျော့ပေးဖို့ စဉ်းစားနေပြီဆိုတော့ နိုင်ငံတော် သမ္မတကြီးအနေနဲ့ ဒီအတိုင်း ရှေ့ကိုဆက်သွားသင့်ပါတယ်။ သမ္မတကြီးကလည်း ဒီအတိုင်းသွားမယ်။ ပိတ်ဆို့မှုတွေအားလုံးကိုလည်း တဖြည်းဖြည်းကနေ အကုန်လုံးရုတ်သိမ်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အလားအလာတွေ အားကောင်းလာနိုင်တော့မှာပါ”ပာု မြန်မာ့အရေးလေ့လာနေသူ တစ်ဦးက ဆိုသည်။

ထို့ပြင် ၂၀၁၂ မေလ ၁၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ၏ ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရအနေဖြင့် တိုးတက်ပြောင်းလဲမှုများကို စီစဉ်ထားသည်ထက် ပိုမိုအကောင်အထည်ဖော်ဆောင်ရေးအား အထောက်အကူပြုစေရန်အတွက် ယင်းနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုအားလုံးကို ရပ်ဆိုင်းထားရန် အမေရိကန်အစိုးရအား တိုက်တွန်းပြောကြားခဲ့ကြောင်း AFP သတင်းဌာနမှ ဖော်ပြချက်အရ သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

ညီနောင်တိုင်းရင်းသားပါတီများစုပေါင်း၍ ၂၀၁၅ ရွေးကောက်ပွဲဝင်ရောက်မည်

နောင်လာမည့် ၂၀၁၂ ရွေးကောက်ပွဲတွင် ညီနောင်တိုင်းရင်းသားပါတီများမှ စုပေါင်း၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“၂၀၁၅ မှာ တိုင်းရင်းသားပါတီတွေ ဂရု(ပ်)လိုက်ဝင်မယ်။ ပိုပြီးခိုင်မာအောင်လဲ တိုင်းရင်းသားပါတီစစ်စစ်တွေကို ညီနောင်ပါတီတွေထဲကို ဝင် ရောက်ဖို့ ဖိတ်ခေါ်သွားမယ်။ ဒါကြောင့် ညီနောင်တိုင်းရင်းသားပါတီများ (N.B.F) ရဲ့ အခြေခံမူကို ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့ပါတယ်။ အခုဆိုရင် ညီနောင်ပါ တီခြောက်ခု ပူးပေါင်းပြီးပြီ။ ပြည်နယ်ကိုယ်စားပြုပါတီကြီးတွေကို အခိုင်အမာ ပူးပေါင်းထားပြီးပါပြီ”ပာု ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ အတွင်းရေးမှူး ဦးစိုင်းလှ ကျော်က ပြောကြားကြောင်း အပတ်စဉ်ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြပါရှိသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲအား ညီနောင်တိုင်းရင်းသားများ ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် တိုင်းရင်းသားပါတီ များအား စုစည်းရာတွင် (N.B.F) မှ ထုတ်ပြန်ထားသော အခြေခံမူများနှင့် ကိုက်ညီသော မည်သည့် လူမျိုးစုတိုင်းရင်းသား ပါတီစစ်စစ်များကိုမဆို လက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

ညီနောင်တိုင်းရင်းသားပါတီများ (N.B.F) မှ ထုတ်ပြန်ထားသည့် အခြေခံမူများမှာ တရားဝင်မှတ်ပုံတင်ရရှိပြီးသော လူမျိုးစုတိုင်းရင်းသားပါတီ ဖြစ်ရန်၊ Federal(စစ်မှန်သော ပြည်ထောင်စုစနစ်)ကို လက်ခံသည့် နိုင်ငံရေးပါတီဖြစ်ရန်၊  ဒီမိုကရေစီအရေး တန်းတူရေးနှင့် လူ့အခွင့်အရေးများကို ဦးထိပ်ထား ကြိုးပမ်း ဆောင်ရွက်သော ပါတီဖြစ်ရန်၊ မည်သည့်ပါတီ၊ အဖွဲးအစည်း၊ ပုဂ္ဂိုလ်၏ သြဇာလွှမ်းမိုးမှုခြင်းခံရသော ပါတီ စကား၊ စာပေ၊ ယဉ်ကျေးမှု နှင့် ဓလေ့ထုံးတမ်းများကို တန်ဖိုးထားချစ်မြတ်နိုးသော ပါတီဖြစ်ရန်၊ တိုင်ရင်းသားညီနောင်ပါတီများ အချင်းချင်း သွေးကွဲစေမည့်၊ ညီညွှတ်ရေးကို ထိပါး စေမည့် အပြုအမူ၊ အပြောအဆိုများ ရှောင်ရှားရန် စသည့် အချက်ခြောက်ချက်ဖြစ်သည်။

လက်ရှိအချိန်တွင် တိုင်းရင်းသားညီနောင် ၆ ပါတီကို စုစည်းခဲ့ပြီးဖြစ်ပြီး ယင်းပါတီများမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုး သားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ကယန်းအမျိုးသား ပါတီတို့ ဖြစ်ကြောင်း သိရသည်။

Ref:ရန်ကုန်တိုင်းမ်

 ****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဟိုတယ်နဲ့ပတ်သက်လို့ ဝန်ထမ်းခေါ်တဲ့နှုန်းကအရင်ခရီးသွားရာသီကတည်းက မြင့်နေတာအခုလက်ရှိအချိန် အထိကျမသွားသေးပါဘူး။ အခုနောက်ပိုင်း တချို့ဇုန်တွေမှာ ဟိုတယ်အသစ်တွေလည်းဖွင့်တာတွေရှိတော့ များနေတုန်းပဲ။ နောက် အရင်ကမဖွင့်တဲ့ဟိုတယ်တွေလည်း အခုဖွင့်ဖို့လုပ်နေကြတော့ ဟိုတယ်တစ်လုံးစာဌာနစုံအတွက်ခေါ်ဖို့ ကမ်းလှမ်းတာမျိုးတွေလည်း ရှိပါတယ်။ အခုလက်ရှိ ပြည်တွင်းအလုပ်ခေါ်နှုန်းက ပြည်ပနဲ့ တန်းတူနီးပါးလောက် ရှိပါတယ်။ ပြည်တွင်းမှာအလုပ်ခေါ်တဲ့နှုန်းနဲ့ ဝန်ထမ်းရရှိမှုနှုန်းကလက်ရှိမှာမမျှဘူးဖြစ်နေပါ တယ်”

မေ ၁၈ BiWeeklyELEVENအတွဲ (၅) အမှတ် (၇) တွင်ပါသည့် “ပြည်တွင်းဟိုတယ်ဝန်ဆောင်မှုပိုင်းဆိုင်ရာအလုပ်ခေါ်နှုန်း ပြည်ပနိုင်ငံများနှင့်တန်းတူ နီးပါးရှိနေ”သတင်းမှ Star Resourse Hospitality & Tourism Management Acadamy မှ မန်နေဂျင်းဒါရိုက်တာနေရည်အောင်၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“အချက်နှစ်ချက်နဲ့ပြောလို့ရတယ်။ တစ်ချက်ကဖျာခင်းတဲ့သူတွေရှိတယ်။ ဒီလူမျိုးတွေဆို ဒီလိုလုပ်တာကောင်းတယ်။ နောက်တစ်ခုကဈေးကွက်မရှိလို့ ဒါမှ မဟုတ် ရင်းနှီးမြှုပ်နှံဖို့ အင်အားဆက်မရှိတော့လို့၊ ဒါ့အပြင် သူတို့တွေအတွက် အကာအကွယ်မရှိမှာကို စိုးရိမ်တဲ့အတွက်ကြောင့် အခြေအနေစောင့်ကြည့် တဲ့သဘော ရှိနေတဲ့သူတွေအတွက်ဆိုရင် စဉ်းစားစရာတစ်ခုအနေနဲ့ ရှိသွားမယ်”

မေ ၁၇ ထုတ် The Popular News အတွဲ (၄) အမှတ် (၁၉) တွင်ပါသည့် “အယောင်ပြလုပ်ငန်းများကို မကြာမီခွင့်ပြုမိန့်ရုပ်မည်”သတင်းမှ ကုန်သည် စက်မှုအသင်းအချုပ် ဒုတိယဥက္ကဋ္ဌ တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“ရုပ်ပုံကားချပ်ကြီးတစ်ခုလုံးကို ကြည့်ဖို့လိုသလိုပဲ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အခါ ဘာတွေလိုလာမလဲဆိုတော့ အစိုးရကနေလုပ်တဲ့အပိုင်းမှာ civil society တွေပါလာအောင်လုပ်ဖို့လိုတယ်။ အစိုးရကလဲဆွေးနွေးမယ်၊ civil society လဲပါမယ်။ နိုင်ငံတကာကလဲကူညီမယ်။ ဒီလိုမျိုးပြည့်ပြည့်စုံစုံလေး စဉ်းစားပြီးနောက် ဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက်အထိ ကြိုတွေးပြီးလုပ်ရမယ်လို့ထင်တယ်။ ဘာပဲဖြစ်ဖြစ် တိုင်းပြည်ကောင်းကျိုးအတွက်၊ ငြိမ်းချမ်းရေး အတွက် အပေးအယူလုပ်တတ်တဲ့စိတ်မျိုးရှိဖို့လိုတယ်။ Sprit of Compromise ရှိဖို့လိုတယ်”

မေ ၁၇ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၁၈) တွင်ပါသည့် “လက်နက်ကိုင်ပဋိပက္ခအရေးထောင့် ပေါင်းစုံဖြေရှင်းရေးမှသည် ထာဝရငြိမ်းချမ်းရေး ဆီသို့”သတင်းမှ ဦးအောင်နိုင်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs