Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၈.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ၂၀၁၂-၁၃ နိုင်ငံတော်ဘတ်ဂျက်ကိုတစေ့တစောင်းဆန်းစစ်လေ့လာခြင်းနှင့် လူတိုင်းသာတူညီမျှ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြံပြုချက်အချို့

*****************************************

ဆောင်းပါးကဏ္ဍ

၂၀၁၂-၁၃ နိုင်ငံတော်ဘတ်ဂျက်ကို တစေ့တစောင်းဆန်းစစ်လေ့လာခြင်းနှင့် လူတိုင်းသာတူညီမျှ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြံပြုချက်အချို့

ဦးစိုးသိန်း (ဒု-ညွှန်ချုပ်-အငြိမ်းစား၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန) နှင့် ယိုရှီမိ (ယူနီဆက်ဖ်မြန်မာ)

မြန်မာတိုင်းဂျာနယ် အတွဲ ၂၉ ၊ အမှတ် ၅၆၈ (၁၁ - ၁၇ ၊ ၅ ၊ ၂၀၁၂)

၂၀၁၂-၁၃ ဘတ်ဂျက်ဥပဒေကိုအခြေခံ ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်ဘတ်ဂျက်ကို တစေ့တစောင်း ဆန်းစစ်လေ့လာမှု ပြုမိသည်။ ယခုနှစ်သည် ပြည်ထောင်စုအသွင်သဏ္ဌာန်ဖြင့် နိုင်ငံတော်ဘတ်ဂျက် ရေးဆွဲပြုစု ခြင်း၏ ဒုတိယမြောက်နှစ်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွန်ခဲ့သည့်နှစ်မှစ၍ ပြည်ထောင်စုစနစ် ဘတ်ဂျက်ပုံ စံသို့ စတင်ပြောင်းလဲခဲ့ရာ များစွာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။

သို့သော် ဤသို့အသွင်ကူးပြောင်းမှုမျိုးသည် မျှော်လင့်တွက်ဆထားသကဲ့သို့ လွယ်ကူချောမွေ့ရန် အလွန်ခဲယဉ်းမည်ဖြစ်သည်။ လက်ရှိ ဘတ် ဂျက်ရေးဆွဲမှုပုံစံက ဗဟိုချုပ်ကိုင်သည့် နိုင်ငံရေးနှင့် စီးပွားရေးစနစ်ကို အခြေတည်၍ ပေါ်ပေါက်ခဲ့သည့်ပုံစံ ဖြစ်သည်။ ဤဘတ်ဂျက်ရေးဆွဲမှုပုံစံသည် နှစ် ပေါင်း ၄၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သိသာထင် ရှားသည့် ပြောင်းလဲမှုများ မရှိခဲ့ပါ။

အသင့်အတင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သည်ဆိုဦးတော့၊ ခေတ်သစ်လူ့ဘောင်ဖွဲ့စည်းမှု အသွင်သဏ္ဌာန်နှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချလာ သည့် အခြေအနေများနှင့် လိုက်လျောညီထွေရှိရန် ခက်ခဲလှပေသည်။ ခေတ်သစ် စနစ်သစ် နိုင်ငံရေး၊ စီးပွားရေး ပတ်ဝန်းကျင်နှင့်ကိုက်ညီမှုရှိသည့် ဘတ် ဂျက်ရေးဆွဲမှုပုံစံသစ်ကို စတင်စဉ်းစား ဆောင်ရွက်သင့်ပြီ ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွင် ဖော်ပြပါရှိသည့် ပြည်သူများ၏လိုအပ်ချက်များကို အစိုးရပိုင်းဆိုင်ရာ ၀န်ဆောင်မှုများက တုံ့ပြန်ဖြည့်စွမ်းပေးရန် ဆိုသည့် အခွင့်အရေးကို ထင်ဟပ်စေနိုင်သည့် ထိရောက်မှုရှိသော အသင့်အတင့် ပြုပြင်ပြောင်းလဲမှုများကိုပင် ယနေ့အထိ မတွေ့မြင်ရသေးဟု ယူဆပါ သည်။ ငွေလဲလှယ်နှုန်းပေါင်းစည်းရေး (Exchange Rate Unification) ကို လွန်ခဲ့သည့်နှစ်အနည်းငယ်ကစ၍ ဆောင်ရွက်ခဲ့သည်။ မြန်မာကျပ်ငွေကို အထူးငွေထုတ်ခွင့် (Special Drawing Right) နှင့် ချိတ်ဆက်ကာ ပုံသေနှုန်းသတ်မှတ်ခဲ့ခြင်းကို ပယ်ဖျက်၍ စီမံအုပ်ချုပ်သည့် နှုန်းရှင်စနစ်ကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ကျင့်သုံးခဲ့သည်။ ယခင်က ဘတ်ဂျက်ရေးဆွဲရာတွင် အမေရိကန်တစ်ဒေါ်လာလျှင် ခြောက်ကျပ်ဖြင့် တွက်ချက်ရာမှ ၂၀၁၂-၁၃ ခုနှစ် ဘတ်ဂျက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၈၀၀ ဖြင့် တွက်ချက်ခဲ့သည်။

ငွေလဲလှယ်နှုန်းပေါင်းစည်းမှုကြောင့် အစိုးရကဏ္ဍပိုင်းဆိုင်ရာရငွေများ တိုးတက်လာမည်ဟု မျှော်မှန်းကြသည်။ သဘာဝဓာတ်ငွေ့ ပြည်ပသို့ တင် ပို့ရောင်းချရငွေသည် ရေရှည်တွင် နိုင်ငံ၏ဘဏ္ဍာရေးအခြေအနေကို တိုးတက်ကောင်းမွန်ရန် အဓိက ဖြည့်စွမ်းပေးနိုင်မည်ဖြစ်သည်။ လောလောဆယ်တွင် လည်း နိုင်ငံ၏ ဘဏ္ဍာငွေကျပ်တည်းမှုကို အထိုက်အလျောက် ဖြေလျှော့နိုင်ပါသည်။ သို့ရာတွင် လက်တွေ့အခြေအနေအရ အသုံးစရိတ်များကို တင်း ကျပ်စွာ စီမံမှုပြုရန် လိုအပ်လျက်ရှိပါသေးသည်။ အစဉ်တစိုက် ဘတ်ဂျက်လိုငွေပြမှုများကို ကျော်လွှားနိုင်ခြင်းမရှိသေးပါ။ ဤဘဏ္ဍာနှစ်အတွက် လိုငွေပြ မှုက ကျပ်ဘီလျံ ၂,၀၀၀ ခန့် ရှိပါသည်။ GDP တန်ဖိုး၏ လေးရာခိုင်နှုန်းကျော် ရှိပါသည်။ ဤအချိုးအဆသည် အပြည်ပြည်ဆိုင်ရာစံနှုန်းနှင့် နှိုင်းယှဉ်ပါက များလှသည်ဟု မဆိုနိုင်ပါ။

သို့ရာတွင် အစဉ်တစိုက် လိုငွေပြနေခြင်းနှင့် ဘဏ္ဍာငွေဖြည့်စွမ်းသည့်နည်းလမ်း အားနည်းမှုများကြောင့်လည်းကောင်း၊ ရှေ့လာမည့်နှစ်များတွင် လည်း ရငွေတိုးတက်ရရှိရေးအတွက် ပြုပြင်ပြောင်းလဲရန် ကန့်သတ်ချက်များရှိနေဆဲဖြစ်၍လည်းကောင်း၊ ဘတ်ဂျက်လိုငွေမြင့်မားမှုသည် ဆက်လက်တည် ရှိနေဦးမည် ဖြစ်ပါသည်။ နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေကို အဓိကကန့်သတ်ခက်ခဲစေသည့် အခြားအကြောင်းတစ်ရပ်မှာ နိုင်ငံတော်၏ စီးပွားရေး လုပ်ငန်းများ ဖြစ်ပါသည်။ နိုင်ငံတော် စီးပွားရေးလုပ်ငန်းများ အသုံးစရိတ်က နိုင်ငံစုစုပေါင်းအသုံးစရိတ်၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည်။ သို့ရာတွင် နိုင်ငံတော် စီးပွားရေးအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်နိမ့်ကျမှုနှင့် စီးပွားရေးရှင်သန်နိုင်မှု အလားအလာနည်းပါးမှုများကြောင့် နိုင်ငံတော်အတွက် ကြီးမားလှသည့် ငွေကြေးဝန်တာဖြစ်စေသည်ဟု အများက ယူဆကြသည်။

ယင်းအဖွဲ့အစည်းများအတွက် နိုင်ငံတော်မှ ပံ့ပိုးနေရမှုများကို ဖြတ်တောက်သင့်သည်ဟု အားလုံးက ယူဆကြသည်။ ဤသို့ ဆောင်ရွက်ခြင်း သည် သေးငယ်ကျဉ်းမြောင်းသည့် သီးသန့်အစုတစ်စုထက် ပြည်သူများအတွက် ကြီးမားသောအကျိုးအမြတ်ကို ရရှိစေသည်ဟု ယူဆကြသည်။ သို့သော် နိုင်ငံတော်စီးပွားရေးအဖွဲ့အစည်းများအတွက် သင့်တော်သည့်မူဝါဒနှင့် နည်းဗျူဟာတစ်ရပ်ချမှတ်ရန်မှာ ကြီးမားသောစိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါ သည်။

ယနေ့အထိ သင့်မြတ်လျော်ကန်သောအဖြေတစ်ရပ် မရှိသေးပါ။ ဘဏ္ဍာငွေရှာဖွေရေးတွင် ဆောင်ရွက်ရန်ကိစ္စရပ် အများအပြားအနက် အခွန် ကောက်ခံမှုစနစ် ပြုပြင်ပြောင်းလဲရေးမှာ ထိပ်ဆုံးတွင် ရပ်တည်နေပါသည်။ အခွန်ကောက်ခံရရှိငွေမှာ GDP ၏ သုံးရာခိုင်နှုန်းခန့်သာရှိ၍ အာရှနိုင်ငံများ အတွင်း၌ပင် အနည်းဆုံးဖြစ်သည်။ အခွန်ငွေတိုးတက်ရရှိစေရန် အခွန်စနစ်ကိုပြောင်းလဲရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်ရန် အရေးကြီးပါ သည်။ ထို့အတူ ချမ်းသာသူများမှ ဆင်းရဲသူများသို့ မျှဝေသည့်စနစ်ပုံစံမျိုး ဖြစ်ရန် လိုအပ်ပါသည်။

မကြာမီက ပို့ကုန်ခွန်များလျှော့ချခဲ့ခြင်းသည် မှန်ကန်သောခြေလှမ်းတစ်ရပ်ဖြစ်၍ ကြိုဆိုအပ်ပါသည်။ နောက်တစ်ဆင့်ဆောင်ရွက်နိုင်သည့်ကိစ္စ မှာ ထပ်ဆင့်တန်ဖိုးခွန် (Value Added Tax) ကောက်ခံခြင်း ဖြစ်နိုင်ပါသည်။ ဤသို့ကောက်ခံမှုစနစ်တွင် ကောက်ခံရရှိငွေ၏ အချိုးအစားတစ်ရပ်ကို Social Sector အတွက် သုံးစွဲမည်ဟု သတ်မှတ်ဖယ်ချန်နိုင်မည်ဆိုလျှင် မည်မျှကောင်းမည်နည်းဟ စိတ်ကူးယဉ်မိပါသည်။ သို့သော် ဤသို့သောအခွန်စနစ်တစ် ရပ် စတင်ကျင့်သုံးနိုင်ရန် နှစ်အတော်ကြာ အချိန်ယူရဦးမည်ဟု ယူဆပါသည်။

တရားဝင်မဟုတ်သည့် စီးပွားရေးကဏ္ဍက ကြီးမားဆဲဖြစ်၍ အစိုးရကဏ္ဍ၏ စွမ်းဆောင်နိုင်မှုစွမ်းရည်နှင့် တာဝန်ခံနိုင်မှုအနေအထား အားနည်းမှု များကြောင့် ဖြစ်ပါသည်။ အထက်တွင် ဖော်ပြခဲ့သောအကြောင်းအချက်များအရ နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေ တိုးတက်မှုရှိရေးသည် မြင်သာသည့် အနာဂတ်အချိန်ကာလတစ်ရပ်အထိ ကန့်သတ်မှုများ ရှိနေဦးမည် ဖြစ်ပါသည်။ စီးပွားရေးအသိုက်အ၀န်းအပါအ၀င် ပြည်သူများက၊ အထူးသဖြင့် ပြည်သူ့ လွှတ်တော်အတွင်း ဘတ်ဂျက်ရငွေနှင့် အသုံးစရိတ်မျှတရန် မူဝါဒချမှတ်ကျင့်သုံးရေး တင်းကျပ်သည့်ဘဏ္ဍာရေးမူဝါဒကို ဆွေးနွေးတောင်းဆိုလာနိုင် ကြပါ သည်။

ဤသို့ဖြင့် အသုံးစရိတ်ဖြတ်တောက်မှုများကို အစိုးရကဏ္ဍအတော်များများ ကြုံတွေ့ရဖွယ်ရှိပါသည်။ သို့သော် အချို့အရေးကြီးသည့် အစိုးရက ဏ္ဍများ၊ အထူးသဖြင့် Social Sector ကဲ့သို့သော ကဏ္ဍများအနေနှင့်မူ အသုံးစရိတ် ဖြတ်တောက်ခံရမှုမှ ကင်းလွတ်ဖွယ်ရှိပါသည်။ လူသားအရင်းအမြစ် ရင်းနှီးမြှုပ်နှံမှုသည် ပြည်သူပြည်သားအားလုံး စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုနှင့် လူမှုဘ၀တည်ငြိမ်မှုရရှိရေးအတွက် အလွန်အရေးကြီးသည့်အချက် ဖြစ် သည်ကို အစိုးရဌာနဆိုင်ရာ တာဝန်ခံများနှင့် ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များ လက်ခံယုံကြည်ကြပါက ယင်းကဏ္ဍများအနေနှင့် အသုံးစရိတ်ဦးစား ပေးခွဲဝေမှု၏ အသီးအပွင့်ကို ရရှိနိုင်မည် ဖြစ်ပါသည်။

အံ့ဩလောက်စွာပင် ယခုနှစ်ဘတ်ဂျက်တွင် Social Sectorအတွက် အားတက်ဖွယ်ရာအခြေအနေများကို တွေ့မြင်ရသည်။ ယေဘုယျအားဖြင့် ယခုနှစ်တွင် Social Sector သို့ အသုံးစရိတ်ခွဲဝေပေးမှုသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်က သိသာစွာတိုးတက်ခဲ့သည်။ ပညာရေးကဏ္ဍ၏ သာမန်အသုံးစ ရိတ်သည် ၂၀၁၁-၁၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက နှစ်ဆ တိုးတက်ခဲ့သည်။

ငွေလုံးငွေရင်းအသုံးစရိတ်တွင်မူ ငါးဆခန့် တိုးတက်ခဲ့သည်ကို တွေ့ရသည်။ ဤသို့ဖြင့် ပညာရေးကဏ္ဍ၏ အသုံးစရိတ်နှစ်ရပ်ပေါင်းသည် GDP ၏ သုညဒသမ ၇ ရာခိုင်နှုန်း မှ ၁ ဒသမ ၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့သည်။ ထို့အတူပင် ကျန်းမာရေးကဏ္ဍတွင်လည်း ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက သာမန် အသုံးစရိတ်တွင် ၂ ဒသမ ၅ ဆနှင့် ငွေလုံးငွေရင်းအသုံးစရိတ်တွင် လေးဆကျော်တိုးမြှင့်ခဲ့၍ အသုံးစရိတ်နှစ်ရပ်ပေါင်းသည် GDP ၏ သုညဒသမ ၂ ရာခိုင်နှုန်းမှ သုညဒသမ ၈ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့ပါသည်။ အဆိုပါကဏ္ဍများအတွက် ဤသို့ အသုံးစရိတ်များ အထူးသိသာစွာ တိုးမြှင့်ခွဲဝေပေးခဲ့သော် လည်း အမှန်တကယ် လုံလောက်မှုမရှိသေးသည်ကို ဒေသတွင်း နှိုင်းယှဉ်အချိုးများအရလည်းကောင်း၊ ဥဿုံတန်ဖိုးများအရလည်းကောင်း တွေ့မြင်နိုင်ပါ သည်။

Social Sector တွင် ရင်းနှီးမြှုပ်နှံမှု၏ အရေးပါမှုကို သိရှိလက်ခံ၍ ဆယ်စုနှစ်အတော်ကြာကပင် စတင်ရင်းနှီး ဆောင်ရွက်ခဲ့ကြသော အိမ်နီးချင်း နိုင်ငံများကို အမှီလိုက်ရန်၊ ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေးအရည်အသွေးနှင့် ၀န်ဆောင်မှုရရှိနိုင်သည့် အခွင့်အရေးများကို များစွာ မြှင့်တင်ရန် လိုအပ်ပါသေးသည်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှစ၍ အစိုးရ၀န်ထမ်းလစာများ သိသိသာသာတိုးမြင့်ခဲ့ခြင်းသည် ဤကဏ္ဍများ၏ အသုံးစရိတ်များ တိုးတက်ခဲ့ရခြင်းတွင် အကြောင်းတစ်ရပ်ဖြစ်ကြောင်း တွေ့ရသည်။

ထို့ပြင် ငွေလဲလှယ်နှုန်းပြောင်းလဲတွက်ချက်ခဲ့ခြင်းသည်လည်း သာမန်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်နှစ်ရပ်စလုံးတွင် နိုင်ငံခြားငွေဖြင့် ကျခံသုံးစွဲ သည့် အသုံးစရိတ်များအလိုအလျောက် တိုးမြင့်လာစေသည့် အကြောင်းတစ်ရပ်ဖြစ်ပါသည်။ ပညာရေးနှင့် အထူးသဖြင့် ကျန်းမာရေးအသုံးစရိတ်များတွင် ပြည်ပနိုင်ငံ/အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများဖြင့်ဆောင်ရွက်သည့် လုပ်ငန်းရပ်အတော်များများပါဝင်ရာ အသုံးစရိတ်တိုးမြှင့်မှု၏ အချို့အစိတ်အ ပိုင်းသည် အမှန်တကယ် ပစ္စည်းနှင့် ၀န်ဆောင်မှုအသုံးစရိတ် တိုးမြင့်ပြောင်းလဲခြင်းမဟုတ်ဟု ဆိုနိုင်ပါသည်။

သို့ရာတွင် ဤကဏ္ဍများအတွက် အသုံးစရိတ်များတိုးမြှင့်ခွဲဝေမှုသည် အထက်တွင်ဖော်ပြခဲ့သည့် အကြောင်းများကြောင့် တိုးမြှင့်ခဲ့ရမှုများထက် များစွာပိုမိုမြင့်မားကြောင်း သိသာထင်ရှားလှပါသည်။ Social Sector တွင် တိုးမြှင့်ရင်းနှီးမြှုပ်နှံရန် အစိုးရမူဝါဒ၏ ရောင်ပြန်ဟပ်မှုတွင် အသုံးစရိတ်များ ဦးစားပေးအစီအစဉ်အရ တိုးမြှင့်ခွဲဝေရရှိခဲ့ခြင်းဖြစ်သည်ဟု ယူဆဖွယ်ဖြစ်ပါသည်။

အရေးကြီးသည့် နောက်မေးခွန်းမှာ" Social Sector ကို ကြာမြင့်စွာလျစ်လျူရှုခဲ့ခြင်းအား အဆုံးသတ်ဖွယ်ရှိသည့် အားတက်ဖွယ်ရာအလားအ လာဖြင့် တိုးမြင့်ခွဲဝေရရှိခဲ့သည့် ဘဏ္ဍာငွေများကို သက်ဆိုင်ရာဝန်ကြီးဌာနများက သုံးစွဲမှုနှင့် အကျိုးရလဒ်ပြန်ရမှု တိုးတက်ကောင်းမွန်အောင် မည်သို့ ဆောင်ရွက်သနည်း"ဆိုသောမေးခွန်း ဖြစ်ပါသည်။ ခွဲဝေရရှိသည့် ဘဏ္ဍာငွေများကို စွမ်းဆောင်ရည်ပြည့်ဝစွာ အကျိုးရှိရှိသုံးစွဲခြင်းသည် လွှတ်တော်ဥပဒေ ပြုကိုယ်စားလှယ်များ၏ အခိုင်အမာယုံကြည်မှုဖြင့် နောင်အသုံးစရိတ်ခွဲဝေမှုများ တိုးမြှင့်ရရှိစေရေးတွင် ထောက်ခံပြောဆိုမှုများကို ရရှိစေမည်ဖြစ်ပါသည်။

အလေအလွင့် ပြုန်းတီးမှုများနှင့် စွမ်းဆောင်ရည်နိမ့်ကျသော သုံးစွဲမှုများသည် နောက်နှစ်အသုံးစရိတ်များ တိုးမြှင့်ခွဲဝေပေးခြင်းကို မေးခွန်းထုတ် ရန် လမ်းခင်းပေးသည့်သဖွယ် ဖြစ်ပါသည်။ သာတူညီမျှတိုးတက်ရေးနှင့် Social Sector ဆောင်ရွက်ချက်များ တိုးတက်ကောင်းမွန်ရေးတွင် ခွဲဝေရရှိသည့် ဘဏ္ဍာငွေများကို အကာအကွယ်နည်းပါးသည့် အုပ်စုများဖြစ်သော၊ ရောက်ပေါက်ရန်ခက်ခဲသည့် ဝေးလံခေါင်းပါးဒေသများတွင် နေထိုင်ကြသည့် ဆင်းရဲ နွမ်းပါးသူများနှင့် လူမှုဘ၀ အခွင့်အလမ်းဆုံးရှုံးရသူများကဲ့သို့သော အုပ်စုများသို့ ဦးတည်၍ သုံးစွဲသင့်ပါသည်။

ဥပမာအားဖြင့် ကျေးလက်ဒေသများတွင် တာဝန်ထမ်းဆောင်သည့် သားဖွားဆရာမများ၏ အရေအတွက်ကို တိုးမြှင့်သင့်ပါသည်။ ကျေးလက်ဒေ သများကိုအခြေခံသည့် အခြေခံပညာသင်ကြားသည့် ကျောင်းများကို မြို့များတွင်အခြေခံသည့် အထက်တန်းပညာသင် ကျောင်းများထက် ပိုမိုဦးစားပေး ကျခံသုံးစွဲသင့်ပါသည်။

နိုင်ငံတော်ဘတ်ဂျက်၏ အသေးစိတ်အခြေအနေများကို ကျွန်တော်တို့သိရှိခွင့်မရှိသေး၍ မသိရှိနိုင်ပါ။ သို့ဖြစ်ရာ Social Sector တိုးတက်ဖွံ့ဖြိုး ရေးအတွက် အသုံးစရိတ်ခွဲဝေမှုများနှင့် ကျခံသုံးစွဲမှုများအတွက် ခိုင်မာသည့် ကျွန်တော်တို့အမြင်များကို ဆွေးနွေးတင်ပြခြင်း မပြုနိုင်ပါ။ အစဉ်အလာအား ဖြင့် သိုသိုသိပ်သိပ်ရှိမှုနှင့် ငွေရေးကြေးရေး သတင်းအချက်အလက်များထုတ်ပြန်မှု ကန့်သတ်ချက်များက ပြည်သူလူထုအပါအ၀င် မူဝါဒချမှတ်သူများ၊ ခွဲ ခြမ်းစိတ်ဖြာလိုသူများအတွက် လက်လှမ်းမမီသည့်အခြေအနေနှင့် ကြုံတွေ့စေပါသည်။

ဘတ်ဂျက်ပြုစုရေးဆွဲမှု၊ ခွဲဝေသုံးစွဲမှု၊ သုံးစွဲမှုပုံစံသဏ္ဌာန်များနှင့် ပတ်သက်၍ ထင်သာမြင်သာရှိမှုမှာ အားနည်းလျက်ပင် ရှိပါသေးသည်။ ဘတ် ဂျက်ရေးဆွဲမှုဖြစ်စဉ်၊ ဘတ်ဂျက်ဖွဲ့စည်းမှုပုံသဏ္ဌာန်နှင့် ဘတ်ဂျက်အသုံးစရိတ်ခွဲဝေသည့် စနစ်များမှာ နားလည်နိုင်ရန်နှင့် ခွဲခြမ်းစိတ်ဖြာရန် အလွန်ခဲယဉ်း လှပါသည်။ အဓိကအကြောင်းမှာ သက်ဆိုင်ရာ အစိုးရဌာနများအနေနှင့် သတင်းအချက်အလက်များကို မိမိတို့အဖွဲ့အစည်း၏ ပြင်ပမှဟုယူဆသူများသို့ ထုတ်ပေးရန် အလွန်ဝန်လေးကြ၍ ဖြစ်ပါသည်။

ထင်သာမြင်သာရှိမှုကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လိုသည့်ဆန္ဒ ရှိသည်ဆိုသည့်တိုင် ပြည့်စုံလုံလောက်သော စာရင်းအင်းစုစည်း ထားရှိမှုမျိုးတွင် အားနည်းသေးသဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည့် ကိစ္စရပ်များအပေါ် အပြည့်အ၀နားလည်နိုင်ရန် ခက်ခဲမှုများ ရှိနိုင်ပါသေးသည်။

အလျင်အမြန်ပြောင်းလဲနေသည့် နိုင်ငံရေး၊ စီးပွားရေး ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိမည့် အရပ်ရပ်စီမံအုပ်ချုပ်မှု တိုးတက်ကောင်းမွန်ရေး လိုအပ်ချက်ကို နိုင်ငံတော်အစိုးရက ဖော်ဆောင်သွားမည်ဟု မျှော်မှန်းမိပေသည်။

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၁၈. ၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. စာနယ်ဇင်းကောင်စီကို ၀င်ရောက်ရန် စားနယ်ဇင်းသုံးဖွဲ့ ငြင်းဆန်
  2. သတင်းဂျာနယ်များ စာပေစိစစ်ရေး လုံးဝ ကင်းလွတ်ခွင့်ရတော့မည်
  3. အလုံသစ်တောဝန်းပုလဲနှင့်ငါး ဦးပိုင်သိမ်းပိုက်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပိတ်ဆို့မှုရုတ်သိမ်းရေး အနီးကပ်စောင့်ကြည့်မည်ပာု အမေရိကန်မှ ပြောကြား
  1. KIA တပ်သားစုဆောင်းရေးအတွက် ရွာသားများအား ဖမ်းဆီးခေါ်ဆောင်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

စာနယ်ဇင်းကောင်စီကို ၀င်ရောက်ရန် စားနယ်ဇင်းသုံးဖွဲ့ ငြင်းဆန်

ပြန်ကြားရေးဝန်ကြီး ဦးဆောင်ဖွဲ့စည်းမည့် စာနယ်ဇင်ကောင်စီတွင် ပါဝင်ရန် စာနယ်သမားများစုစည်ထားသော အဖွဲ့သုံးဖွဲ့စလုံး တညီတညွတ် တည်းငြင်းဆန်လိုက်ကြောင်း လူငယ်အယ်ဒီတာတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင် မြန်မာနိုင်ငံစာနယ်ဇင်းအဖွဲ့(MJA0)၊ မြန်မာနိုင်ငံဇာနယ်ဇင်းသမဂ္ဂ(MJU)၊ မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ယက် (MJN) တို့ တာဝန်ရှိသူဦးဆောင်သူများ သီးခြားစီတွေ့ရန် အမြုတေ စာနယ်ဇင်းကောင်စီဖွဲ့စည်းရာ၌ ပါဝင်ရန် ပြန်ကြားရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၏ ဖိတ်ခေါ်မှုအား သုံးဖွဲ့စလုံးက ပြတ်ပြတ်သားသားငြင်းပယ်ခဲ့သည်ဟု ၎င်းကဆိုသည်။

ဦးကျော်ဆန်းသည် သမ္မတ၏ ညွန်ကြားချက်ဟုဆိုပြီး စာနယ်ဇင်းကောင်စီကို ၎င်းသဘောအတိုင်း ပြန်ကြားရေး၏ အသုံးချခံ အမည်ခံအဖွဲ့အ ဖြစ် ပုံဖော်ရန် ကြိုးစားသည်ဟု စာနယ်ဇင်သမားများမှ သုံးသပ်ကြောင်း ဇာနယ်ဇင်သမားများက ၎င်းတို့၏ဆန္ဒဖြင့် ကိုယ်တိုင်ကိုယ်ကျဖွဲ့စည်းသော လွတ် လပ်သည့် စာနယ်ဇင်းကောင်စီကိုသာ လိုလားကြောင်း လူငယ်သတင်းသမားတစ်ဦးက ပြောကြားသည်။

”သမ္မတက ဖွဲ့စေချင်တာတမျိုး ဦးကျော်ဆန်း ကလယ်ဖန်ထိုးတယ်လို့ ထင်နေကြတယ်။ ဘာလို့ဆို ဦးကျော်ဆန်းက ၄၈ခုနှစ်ကနဲ့ ၆၂ ကြားက သတင်းစာလွတ်လပ်ခွင့် မပေးဘူးလို့ပြောသွားလို့ပဲ”ဟု ဆိုသည်။

နိင်ငံတကာတွင် စာနယ်ဇင်ကောင်စီများ လွတ်ပြီး ဂုဏ်သီက္ခာ သြဇာမြင့်မားကာ သတင်းစာများနှင့် အစိုးရကြား ပဋိပက္ခများသာမက ပြည်သူ များနှင့် သတင်းစာများကြား ပဋိပက္ခများကို ကြားဝင်ဖြေရှင်းပေးနိုင်ကာ ဒီမိုကရေစီ၏ အခြေခံစံနှုန်း သတင်းစာလွတ်လပ်ခွင့်ကို သိက္ခာရှိရှိ ဖော်ဆောင် ပေးကြောင်း နိုင်ငံခြားသတင်းထောက်တစ်ဦးက ပြောကြားသည်။

”စာနယ်ဇင်းဥပဒေကိုလည်း သတင်းစာသမားတွေကို အသိမပေးချင်ဘူးဖုံးထားတယ်။ သူရိုးရိုးသားသားလုပ်တာပါလို့ ထည့်ပြောနေကထဲက မရိုးသားတော့ဘူး။ ပြန်ကြားရေးဝန်ကြီးဆိုတာ သတင်းစာလွတ်လပ်ခွင့်ကို ဖော်ဆောင်ပေးသူပဲဖြစ်ရမှာ။ အခုသတင်းစာလွတ်လပ်ခွင့်မပေးချင်လို့ မဖြစ် ညစ်ကျယ်လုပ်နေတာ”ဟု ၎င်းကဆိုသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

သတင်းဂျာနယ်များ စာပေစိစစ်ရေး လုံးဝ ကင်းလွတ်ခွင့်ရတော့မည်

၂၀၁၂ ဇွန်လအကုန်မှ စတင်၍ ပြည်တွင်းရှိ သတင်းဂျာနယ်များအားလုံးကို စာပေစိစစ်ရေးကင်းလွတ်ခွင့်ပြုတော့မည်ဖြစ်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၂ မေလ ၁၅ ရက်နေ့တွင် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ စတုတ္ထအဆင့်ဖြေလျော့မှုအဖြစ် အထွေထွေစာမူများအနက် ဝတ္ထု စာမူများကို ထုတ်တင်စနစ်ဖြင့် ပြောင်းလဲထုတ်ဝေခွင့်ပြုပြီး ၂၀၁၂ ဇွန်လ ၃၀ ရက်နေ့မှ စတင်၍ ပြည်တွင်းထုတ် သတင်းဂျာနယ်များအားလုံးကို စာပေစိစစ်ရေး ကင်းလွတ်ခွင့်ပြုသွားတော့မည်ဖြစ်ကြောင်း သိရသည်။

“ပြည်တွင်းက သတင်းဂျာနယ်တွေအားလုံးကို ဒီဇွန်လကုန်ကစပြီး စာပေစိစစ်ရေး ကင်းလွတ်ခွင့်ပေးတော့မယ်ဆိုတော့ မီဒီယာတွေပာာ လွတ် လပ်စွာ ရေးသားထုတ်ဝေ ဖြန့်ချီခွင့်တွေရတော့မှာပါ။ တခုပဲရှိတယ်။ ပြည်တွင်းမီဒီယာတွေအနေနဲ့လည်း ကိုယ့်တာဝန်ကိုယ်ယူနိုင်ဖို့ လိုအပ်ပါတယ်။”ပာု ပြည်တွင်းဂျာနယ်တစ်စောင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈  အခန်း(၈)၏ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအပိုင်း ပုဒ်မ ၃၅၄(က)တွင် ဖော်ပြထား သည်မှာ နိုင်ငံသားများသည် မိမိတို့၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဆဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်များ ရရှိမည်ဖြစ် ကြောင်း ဖော်ပြပါရှိသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ အညီ စာပေစိစစ်ရေးက အဆင့်ဆင့်ဖြေလျော့မှုတွေ ပြုလုပ်ပေးခဲ့တာပါ။ အစိုးရသစ်လက်ထက်ကစပြီး စာပေ လောကနဲ့ ပတ်သက်ပြီး မူဝါဒလေးရပ်ချပေးခဲ့ပါတယ်။  ပထမဆအဆင့်၊ ဒုတိယအဆင့်နဲ့ တတိယအဆင့်တွေမှာ အောင်မြင်မှုရခဲ့တဲ့အတွက် အခုနောက် ဆုံးအဆင့်အနေနဲ့ ပြည်တွင်းသတင်းဂျာနယ်တွေအားလုံးကို စာပေစိစစ်ရေးကင်းလွတ်ခွင့်ပြုခဲ့တာပါ”ပာု စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်တက်လာပြီးနောက် ၂၀၁၁ ဇွန်လ ၁၀ ရက်နေ့တွင် စာပေစိစစ်ရေးဌာနမှ ပထမအဆင့်ဖြေလျော့မှုအနေဖြင့် ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေစာမူများကို အုပ်စု(၁)နှင့် အုပ်စု(၂) ပာူ၍ ခွဲခြားပြီး အုပ်စု(၁)ပါ ထုတ်ဝေစာများကို ထုတ်တင်စနစ်သို့ ခွင့်ပြုခဲ့ပြီး ဒုတိယအဆင့် အနေဖြင့် အုပ်စု(၂) တွင်ပါဝင်သည့် စီးပွားရေး၊ မှုခင်းနှင့် ဥပဒေဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေစာမူများကို ၂၀၀၉ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ဖြေ လျော့မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် စာပေစိစစ်ရေးဌာန၏ တတိယဖြေလျော့မှုများအဖြစ် ၂၀၁၂ မတ်လ ၁ ရက်နေ့တွင် ပညာရေးဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေ စာမူများကို ထုတ်တင်စနစ်သို့ ပြောင်းလဲထုတ်ဝေခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

အလုံသစ်တောဝန်းပုလဲနှင့်ငါး ဦးပိုင်သိမ်းပိုက်

ရန်ကုန်မြို့၏ စီပွားရေးအချက်အခြာကျသော အလုံမြို့နယ်ရှိ သစ်တောဝန်းနှင့် ပုလဲနှင့်ငါးနေရာကို မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်မှ လွှဲပြောင်း မည့်သတင်းကြောင့် ဒေသခံများ၊ မှီခိုအငြိမ်းစား၊ ၀န်ထမ်းများ နစ်နာကြေးတစ်စုံတရာမရပဲ လက်လွှတ်ထွက်ခွာရမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရှိရ သည်။

ပုလဲနှင့်ငါးဝန်းအနီးတွင် လူနေအိမ်တစ်ချို့ရှိပြီး ဆိပ်ကမ်းဆောက်လျှင် လျှော်ကြေးမရပဲ ထွက်ခွာရမည့်သဘောရှိသည်ဟု သီရိမင်္ဂလာဈေးတွင် ကုန်တင်ကုန်ချလုပ်သားအဖြစ် လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

သစ်တောဝန်း မှတ်တိုင်းအနီးရှိ ၀န်ထမ်းအိမ်ယာများကို လမ်းဖောက်ရန်ဖျက်စဉ်ကလည်း ဆိပ်ကမ်းမြို့နယ် ယုဇနအိမ်ယာတွင် နေရာချထား ပေးမည်ဟု ဆိုသော်လည်း ခိုင်မာမှုမရှိကြောင်း အထူးသဖြင့် အငြိမ်းစားဝန်ထမ်းများနှင့် သစ်တောဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားသူ များ၏ မှီခိုသူမိသားစုများ နေထိုင်ရေးအခက်အခဲဖြစ်နိုင်ကြောင်း သစ်တောဝန်ထမ်းတစ်ဦးက ပြောကြားသည်။

MP

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပိတ်ဆို့မှုရုတ်သိမ်းရေး အနီးကပ်စောင့်ကြည့်မည်ပာု အမေရိကန်မှ ပြောကြား

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုအရေးယူမှုများ ရုတ်သိမ်းရေးအတွက် အနီးကပ်စောင့်ကြည့်လေ့လာ မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံမှ ထိပ်တန်းခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

“မြန်မာနိုင်ငံအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ အမေရိကန်နိုင်ငံက အပြုသဘောဆောင်ပြီး တုန့်ပြန်လျက်ရှိပါတယ်။ အချန်မရွေး နောက်ကြောင်းပြန်လှည့်နိုင်တဲ့ အလားအလာတွေရှိပါတယ်။ ဒီအပေါ်မှာ သေသေချာချာ လေ့လာဆန်းစစ်သင့်ပါတယ်”ပာု အမေရိကန်နိုင်ငံမှ ထိပ်တန်း ခေါင်းဆောင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ပါတီစုံအထွေထွေရွေးကောက်ပွဲပြီးနောက် သမ္မတဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသော အမေရိ ကန်နိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ(EU)မှ ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ပြီး ၂၀၁၂ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် လွှတ်တော်တွင်းလစ်လပ် နေရာ ပြန်လည်ဖြည့်တင်းသည့် ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတစွာ ကျင်းပပေးခဲ့သည့်အတွက် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂအ ဖွဲ့ဝင်နိုင်ငံများမှ ထပ်မံဖြေလျော့မှုများ ပြုလုပ်သည်။

“ခုဆို မြန်မာအစိုးရသစ်က တော်တော်ကိုပြောင်းလဲမှုတွေလုပ်နေပါပြီ။ ဒီပြောင်းလဲမှုတွေပာာ နောက်ကြောင်းပြန်မလှည့်ဖို့ပဲလိုပါတယ်။ သမ္မတ ကြီးရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အမေရိကန်နိုင်ငံက ခုဆို အနီးကပ်စောင့်ကြည့်ပြီးမှ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးမယ်ဆိုတော့ ပိုကောင်းတာပေါ့။ မြန်မာနိုင်ငံရေးရဲ့ အနာဂါတ်ကတော့ ကောင်းမွန်ဖို့တွေပဲရှိပါတော့တယ်”ပာု မြန်မာ့နိုင်ငံရေးလေ့လာနေသူတစ်ဦးက ဆိုသည်။

၂၀၁၂ မေလ ၁၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ၏ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစိုးရအနေဖြင့် တိုးတက်ပြောင်းလဲမှုများကို စီစဉ်ထားသည်ထက် ပိုမို အကောင်အထည်ဖော်ဆောင်ရေးအား အထောက်အကူပြုစေရန်အတွက် ယင်း နိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုအားလုံးကို ရပ်ဆိုင်းထားရန် အမေရိကန်အစိုးရအား တိုက်တွန်းပြောကြားခဲ့ကြောင်း AFP သတင်းဌာနမှ ဖော်ပြ ချက်အရ သိရှိရသည်။

၂၀၁၂ ဧပြီ ၂၀ ရက်နေ့တွင် အမေရိကန်ကုန်သည်ကြီးများအသင်းမှ မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ နှစ်ပေါင်းများစွာ စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို ရုတ်သိမ်းပေးရန် အမေရိကန်သမ္မတ အိုးဘားမားထံသို့ တင်ပြတောင်းဆိုခဲ့သည်။

YC

--------------------------------------------------------------------------------------------------------------------------------

KIA တပ်သားစုဆောင်းရေးအတွက် ရွာသားများအား ဖမ်းဆီးခေါ်ဆောင်

မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)မှ တပ်သား စုဆောင်းရေးအတွက် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ နမ့်ဝါကျေးရွာမှ ရွာသားများကို အဓမ္မဖမ်းဆီးခဲ့ကြကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ရွာထဲကို KIA က တပ်သားတွေ အတင်းဝင်ပြီး ရွာသား ၁၂ ဦးခန့်ကို ဖမ်းဆီးသွားတာပါ။ KIA မှာ တပ်သားလိုအပ်ချက်ကြောင့်လို့ ပြောပါတယ်။ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၃ ဦး ဖြစ်ပါတယ်။  တခြားရွာတွေမှာလည်း ဒီအတိုင်းပဲ ရွာထဲကို အတင်းဝင် တပ်သားစုဆောင်းရေးအတွက်ဆိုပြီး ရွာသား တွေကို ဖမ်းဆီးသွားတယ်လို့ ကြားပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ရွာမှာရှိတဲ့လူတွေလည်း အထိတ်တလန့်နဲ့ နေထိုင်နေရတာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် (KIA) တပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့ ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့်အ တွက် ဒေသခံပြည်သူလူထုမှာ ဒုက္ခသည်များစခန်းသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး လက်ရှိအချိန်တွင် ကချင်စစ်ပြေးဒုက္ခသည်များစခန်းမှ ဒေသခံပြည် သူလူထုမှာ အကူအညီများ အထူးလိုအပ်လျက်ရှိကြောင်း သိရသည်။

“အိမ်ကိုပြန်ချင်ပေမယ့် မပြန်ရဲသေးဘူး။ စားဝတ်နေရေးအတွက်လည်း တော်တော်ကိုခက်ခဲနေတယ်။ ဒီစခန်းမှာလည်း တချို့ဆို စစ်ဒဏ်တွေ ကြောင့် နည်းနည်းကြောင်တောင်တောင်ဖြစ်နေပြီ။ ဒီမှာရှိတဲ့အမျိုးသမီးအများစုက စစ်ထဲပါသွားတဲ့ မိသားစုတွေအတွက် တော်တော်ကို စိတ်ပူနေကြ တယ်။ KIA က တပ်သားစုဆောင်းရေးဆိုပြီး အတင်းဝင်ဖမ်းနေတော့ ဘယ်သူမှကို အိမ်မပြန်ရဲတော့ဘူး”ပာု ကချင်စစ်ပြေးဒုက္ခသည်စခန်းမှ ဒေသခံတစ် ဦးက ဆိုသည်။

ထိုသို့ ကချင်စစ်ပြေးဒုက္ခသည်များစခန်းတွင် ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံပြည်သူလူထုမှာ ပိုမိုများပြားလာသည့်အတွက် အရေးပေါ် အကူအညီများ အများအပြားလိုအပ်လျက်ရှိပြီး ပြည်တွင်းပြည်ပမှ အလှူရှင်များကို ဒေသခံ များမှ မျှော်လင့်လျက်ရှိကြောင်း သိရသည်။

                Ref:Unity

 ****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“သဘောထားပျော့ပျောင်းတဲ့ စစ်ဘက်ခေါင်းဆောင်တွေဟာ အရင်ဆုံးနိုင်ငံရေးမှာ လွှတ်တော်အတွင်းက သူတို့ရဲ့နေရာတွေကို တစ်ဆင့်ချင်း လျှော့ချပေး တယ်။ နောက်အခုဆိုရင် စီးပွားရေးမှာပါ တစ်ဆင့်ချင်းဘေးထွက်ပေးဖို့ အရပ်ဘက်ခေါင်းဆောင်ပိုင်းက ဆွဲဆောင်နှစ်သိမ့်နိုင်ခဲ့တာဖြစ်ပါတယ်”

မေ ၁၇ ထုတ် 7DAYS NEWS အတွဲ (၁၁) အမှတ် (၁၀) တွင်ပါသည့် “ပြည်သူချစ်သောတပ်မတော်အဖြစ်”သတင်းမှ တပ်မတော်အရေးကျွမ်းကျင်သူ ဦးဝင်းမင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“ရေလုပ်ငန်းထဲမှာ လာရင်းနှီးမြှုပ်နှံချင်တယ်ဆိုတာမျိုးတွေကတော့ ရှိနေပါတယ်။ ဒါပေမယ့် လာမယ့်သူတွေက ငါးပုစွန်မွေးမြူရေးအပိုင်းမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ထက် ပင်လယ်ပြင်ဖမ်းဆီးရေးအပိုင်းကိုပဲ စိတ်ဝင်စားကြတာများပါတယ်။ ပင်လယ်ပြင် ဖမ်းဆီးရေးအပိုင်းကျတော့လည်း ဒီမှာက အကန့် အသတ်တွေ ရှိနေပါတယ်။ သယံဇာတထိန်းသိမ်းရေး ရှုထောင့်ဘက်ကလည်း စဉ်းစားဖို့လိုတယ်။ မွေးမြူရေးအပိုင်းမှာတော့ ရင်းနှီးမြှုပ်နှံဖို့ အများကြီး ရှိတယ်။ ဒါပေမယ့် သိပ်စိတ်မဝင်စားကြဘူး။ မွေးမြူရေးနဲ့ ရေထွက်ပစ္စည်းပြုပြင်ထုတ်လုပ်ရေးအပိုင်းမှာကျတော့ လာရောက်ရင်းနှီးမြှုပ်နှံဖို့က အခြေခံ အဆောက်အဦးပိုင်းက ကောင်းဖို့လိုတယ်။ ဒီမှာက လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိမှုအပိုင်းတွေ လိုပါသေးတယ်”

မေ ၁၈ BiWeeklyELEVEN အတွဲ (၅) အမှတ် (၇) တွင်ပါသည့် “ရေလုပ်ငန်းနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှုပြုရန် ပြည်ပနိုင်ငံအချို့မှ စိတ်ဝင်တစားဆွေး နွေးမှုရှိနေသော်လည်း မွေးမြူရေးအပိုင်းထက် ဖမ်းဆီရေးအပိုင်းတွင်သာ ရင်းနှီးမြှုပ်နှံလိုကြောင်းသိရ”သတင်းမှ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာ ဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“အစ်မတို့ အဓိကတောင်းဆိုတာတော့ အခြေခံလစာနဲ့ OT ကြေးတိုးပေးဖို့ပါပဲ။ နောက်ပြီးအခုလို ဖြစ်သွားတယ်ဆိုတာကလည်း အခုအလုပ်သမားဥပဒေ ထွက်ပြီ။ ဥပဒေအရ အလုပ်သမားအဖွဲ့အစည်းကို ဖွဲ့စည်းလို့ရတယ်လို့ အခြားစက်ရုံကလူတွေကပြောတော့ အခုအစ်မတို့ ခုနှစ် ယောက်ကိုပဲ ကလေးတွေ ကခေါင်းဆောင် အနေနဲ့ ခိုင်းလိုက်တာ။ အဲဒါကိုအလုပ်ရှင်ကသဘောမတူတော့ အခုလိုဖြစ်တာ”

မေ ၁၇ ထုတ် 7DAYS NEWS အတွဲ (၁၁) အမှတ် (၁၀) တွင်ပါသည့် “လုပ်ခလစာနည်းသော စက်မှုဇုန်လုပ်သားများ ဆန္ဒပြတောင်းဆိုမှုများလာ” သတင်းမှ ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်သူမယမင်းလွင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs