Transparency Myanmar

transparency.myanmar@gmail.com

သတင်းလွှာစာဖတ်သူများခင်ဗျာ..

သတင်းလွှာအတွဲ (၂) အမှတ် (၁၈) ကိုပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာ
၁။မီးရရှိရေးအထင်ကရမြို့နယ်များနှင့် တိုင်းဒေသကြီးအချို့၌
တောင်းဆိုဆန္ဒပြုမှုများ ဖြစ်ပွားလျက်ရှိ
၂။ ဒုတိယသမ္မတတာဝန်ထမ်းဆောင်နေဆဲ ဖြစ်ကြောင်းသမ္မတအကြံပေးအဖွဲ့ခေါင်းဆောင်ပြောကြား
၃။ ဇိုမီးအမျိုးသားကွန်ကရက်ပါတီအမည်သုံးခွင့်မရ
၎။ မော်တော်ယာဉ်များ၌ ခွပ်ဒေါင်းအလံလွှင့်ထူမှုအတွက် တိုင်းကော်မရှင်မှ NLD
သို့ အကြောင်း ကြားစာပေးပို့
၅။ ငြိမ်းချမ်းရေးကိစ္စများဆောင်ရွက်နိုင်ရန် မွန်ပြည်သစ်ပါတီမှ
ဆက်ဆံရေးနှင့် စီးပွားရေးရုံးများဖွင့်လှစ်
၆။ မြန်မာခရိုနီများ၏အခွန်ထမ်းဆောင်မှုကိုနိုင်ငံတကာရင်းနှီးမြုပ်နှံသူများစိတ်ဝင်စား
၇။ UMFCCI ဥက္ကဋ္ဌဦးဝင်းအောင်သတင်းမှောင်ချ
၈။ မြန်မာဘဏ်များအမေရိကန်နှင့်အီးယူနိုင်ငံရှိဘဏ်များနှင့်စတင်ချိတ်ဆက်
စတဲ့သတင်းတွေအပြင်
အင်တာဗျူးကဏ္ဍ၊ ဆောင်းပါးများကဏ္ဍ၊ နိုင်ငံတကာသတင်းများကဏ္ဍကိုလည်း
ထူးထူးခြားခြားထည့်သွင်းထားပါတယ်။

လေးစားလျှက်
သတင်းလွှာအဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံအတွင်းရှိဖတ်သူများဒေါင့်စုံသတင်းရ
အောင် ဖော်ပြခြင်းသာ ဖြစ်ပြီးဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည်
မူရင်းမီဒီယာများ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား
မဟုတ်ပါကြောင်း။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၆.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဘကြီးညို၏ အောက်ကစ

*****************************************

ဆောင်းပါးကဏ္ဍ

ဘကြီးညို၏ အောက်ကစ

ဦးတင်မောင်လတ် (မွန်ပြည်နယ်ကျောင်းကျန်းမာရေး)

မြန်မာတိုင်းမ်ဂျာနယ် အတွဲ ၂၉ ၊ အမှတ် ၅၇၀ (၂၅ - ၃၁ ၊ ၅ ၊ ၂၀၁၂)မှ ကူးယူဖော်ပြချက်

ရိုးသားသော မွန်လူမျိုး ဘကြီးညို ... မွန်နာမည်ကိုတော့ နိုင်ကွန်ဒေဟု ခေါ်ကြသည်။ မွန်ပြည်နယ်၏ အေးချမ်းသော မွန်ရွာကလေးတစ်ရွာတွင် မူလတန်းပြဆရာအဖြစ် အသက်မွေးဝမ်းကျောင်း ပြုလုပ်ခဲ့သူဖြစ်၏။ ဆရာညိုသည် သူ၏ကျောင်းဆရာအလုပ်ကို အလွန်တန်ဖိုးထားပြီး ၎င်း၏တပည့် ကလေးများအပေါ် သံယောဇဉ်ကြီးမား သော ဆရာတစ်ယောက်ဖြစ်၏။

၎င်း၏ ခေတ်က မိမိနေထိုင်ရာ မွန်ရွာကလေးတွင် ကျူရှင်ဆိုသည်မှာ ကြားတောင်မကြားဘူးချေ။

လူပျိုကြီးဖြစ်၍ မိသားစု သံယောဇဉ်ဟူ၍ သူ့တွင်မရှိ။ သူ တွယ်တာရသော သံယောဇဉ်ဆိုသည် မှာ သူ့တပည့်ကလေးများသာ ဖြစ်၏။ မိမိ၏စေ တနာ၊ မေတ္တာ၊ ကရုဏာများကို ၀ါသနာများဖြင့် ပေါင်းစပ်ပြီး ရစ်ပတ် ဖွဲ့နှောင်ထားသော သူ့သံယောဇဉ်ကြောင့် ဉာဏ်ရည်နိမ့်ပြီး အထူးသဖြင့် စာမလိုက် နိုင်သော သူ၏တပည့်ကလေးငယ်များအား ညနေ ၅ နာရီမှ ၆ နာရီအထိ မိမိအိမ်တွင် အခမဲ့ စာသင်ပေးပြန်သည်။

စာအသံများဖြင့် အသံမစဲ ညံဆူနေသော သူ့အိမ်ရှေ့ ဖြတ်သန်းလျှောက်လှမ်းသွားသည့်အခါ စာသင်သံ၊ စာအံသံများကို ကြားရသဖြင့် ၀မ်းသာပီ တိ ဖြစ်ရလေသည်။ မေတ္တာ စေတနာကြီးမားသော မြတ်ဆရာ ဘကြီးညိုပါတကား။ အသက် ၆၀ ပြည့်သည့်အခါ ဘကြီးညို အနားရလေပြီ။ ရရှိသော ပင်စင်လစာ ငါးရာ ခြောက်ရာဖြင့် မြန်မာအိုတော့ ကျောင်းကြိုကျောင်းကြားဆိုသည့်စကားအတိုင်း ဆရာတော်ကြီးဦးဇင်း ဦးနိုင်ဒုတ်ကျောင်းတွင် ကပ္ပိယ ရာထူးဖြင့် အလုပ်ရလေပြီ။ ဆရာတော်ကြီးကျွေးသော ထမင်းကိုစား၍ ဆရာတော်ကြီးပေးသော ကျောင်းနေရာလေးတွင် ကျောခင်းလဲလျောင်းရင်း ရာဂ ဏန်းဖြင့် မိမိရရှိသော ပင်စင်လစာငွေမှာ မိမိအတွက် ကွမ်းဖိုး၊ ဆေးဖိုးတော့ ရလေသည်။ တုံးလုံးစာတော့ရ၏။ သို့သော် ပက်လက်စာတော့ မရှိ။ ပင်စင်လ စာများ တိုးလာလေမလားဟု ဘကြီးညို မျှော်ခဲ့သည်။ စစ်အစိုးရခေတ်တစ်လျှောက်လုံးပါပဲ။ သို့သော် ကံကောင်းထောက်မ၍ အရပ်သားအစိုးရသစ် ပေါ် ထွန်းလာသောအခါ ဘကြီးညို အနှစ်နှစ်အလလက စောင့်မျှော်ခဲ့သော ပင်စင်လစာငွေများ တိုးမြင့်ခံစားခဲ့ရလေပြီ။

ရာဂဏန်း အရေအတွက်ရှိသော ပင်စင်လစာငွေများ သောင်းဂဏန်းနှင့်ချီပြီး တစ်သောင်းကျော် ရရှိလာသဖြင့် ဘကြီးညို အပျော်ကြီး ပျော်နေ သည်။ သူ၏ဦးဦးဖျားဖျား တိုးမြှင့်ပင်စင်လစာငွေတစ်သောင်း ကျော်ဖြင့် ဆရာတော်ကြီးအား ဆွမ်းတစ်အုပ်နှင့် သင်္ကန်းတစ်စုံ ကပ်လှူလေသည်။ ရာဂ ဏန်းဖြင့်သာရရှိသော ပင်စင်လစာငွေမှ သောင်းဂဏန်းနှင့်ချီသော ပင်စင်လစာငွေ တစ်သောင်းကျော် ရရှိလာသဖြင့် ကွမ်းဖိုး၊ ဆေးလိပ်ဖိုးထက်တော့ ပိုပြီ ပေါ့။ ပုဆိုးအသစ်ကလေး၊ အင်္ကျီအသစ်ကလေး တစ်ထည်တစ်လေလောက်တော့ ၀ယ်ဝတ်နိုင်ပြီလေ။ ငပိရည်ချို၊ မျှစ်ချဉ်ဟင်း၊ ချဉ်ပေါင်ဟင်း တစ်ခါတစ် ရံ ၀က်သားဟင်း၊ ငါးဟင်းလေးစားနေရသော ဘကြီးညို ခုတော့ ချိုချဉ်ကလေးများလည်း ၀ယ်စားနိုင်လေပြီ။

ဆရာတော်ကျွေးသော ထမင်းဟင်းဖြင့် အသက်ရှင်နေရသော ဘကြီးညို နံနက်ညဝတ်ပြုလေတိုင်း နိုင်ငံတော်သမ္မတကြီး အသက်ရှည်ရန် ကျန်း မာရန် ဆုတောင်းရသည်မှာအမော။ အဘယ်ကြောင့်ဆိုသော် ဤသမ္မတကြီးလက်ထက် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာတိုး၍ ရရှိကြသောကြောင့်ပင် နိုင်ငံတော်အစိုးရအား အငြိမ်းစားလစာနည်း ၀န်ထမ်းများအတွက် ဤထက်ပို၍ ပင်စင်လစာငွေများ တိုးပေးနိုင်ပါရန် ဆုတောင်းရသည်အမော။

အမှန်တော့လည်း အသက်ရွယ်အိုမင်းလာသော ဘကြီးညိုကဲ့သို့သော အငြိမ်းစားဝန်ထမ်းငယ်လေးများအတွက် နိုင်ငံတော်၏ ထောက်ပံ့ငွေသည် သာ တစ်ခုတည်းသော အားကိုးရာဖြစ်၏။ တစ်သိန်းခွဲ နှစ်သိန်းနီးပါးရရှိသော အဆင့်မြင့်ဝန်ထမ်းများ၏ ပင်စင်လစာမှာ ဘ၀အတွက် ပူပင်စရာမရှိတော့ သော်လည်း တစ်သောင်းကျော် နှစ်သောင်းကျော်ရရှိသည့် ပြန်တမ်းဝင်အောက် အငြိမ်းစားလစာမှာ အလွန်ကွာခြားလှ၏။ ဘ၀အတွက် ရပ်တည်နိုင်ရန် လည်း အလွန်ခက်ခဲ၏။

လက်ရှိဝန်ထမ်းများအား အပိုကြေး ငွေကျပ်သုံးသောင်းစီ တိုးမြှင့်ပေးခဲ့ပါလျှင် လစာနည်း အငြိမ်းစားဝန်ထမ်းများအတွက်လည်း အထိုက်အ လျောက် တိုးမြှင့်ပေးသင့်သည်ဟု ဘကြီးညို ယုံကြည်သည်။ အငြိမ်းစားဝန်ထမ်းများမှာ အနည်းငယ်သောလစာဖြင့် ၎င်းအပေါ် အခြေခံ၍ရရှိသော အ နည်းငယ်သောပင်စင်ဖြင့် နှစ်ပေါင်း ၃၀ ကျော် နိုင်ငံတာဝန်ကို ကျေပွန်စွာထမ်းရွက်ခဲ့ပြီးသူများ ဖြစ်၏။ နေ့စဉ် ထမင်းနှစ်နပ်စားနေရသော ၀န်ထမ်းများ နည်းတူ ပြန်တမ်းဝင်အောက် အနည်းငယ်သော ပင်စင်လစာဖြင့် ဘ၀နေ၀င်ချိန်ကို ဖြတ်သန်းနေရသော ၀န်ထမ်းကောင်း၊ ၀န်ထမ်းဟောင်းတို့အတွက် စား ရေး၊ ၀တ်ရေးထက် နာရေးသေရေးစရိတ်က ပိုလာသည်။

ဤသည်ကို နိုင်ငံတော်မှ ပြန်လည်စဉ်းစားပြီး စာနာစိတ် ကရုဏာစိတ်တို့ဖြင့် အတိုင်းအတာတစ်ခုခုဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း ဘကြီးညို ယုံကြည်၏။

ဧပြီလ ၁ ရက်နေ့မှစ၍ ၀န်ထမ်းများ အပိုကြေးငွေ သုံးသောင်းကျပ်စီ ခံစားခွင့်ပြုသော အမိန့်ကြော်ငြာစာနှင့်အတူ အငြိမ်းစားဝန်ထမ်းများအ တွက် တစ်စုံတစ်ခုသော အတိုင်းအတာဖြင့် တိုးမြှင့်ထောက်ပံ့ငွေများ ခံစားနိုင်သည့် အမိန့်ပြန်တမ်းများ ပါမလာသဖြင့် ဘကြီးညို စိတ်ပျက်အားငယ်မိ သည်။

ဘကြီးညိုအတွက် ဘုရားဝတ်ပြုလေတိုင်း ထပ်မံဆုတောင်းရမည်မှလွဲ၍ အဘယ်မှာ တတ်နိုင်ပေဦးမည်နည်း။ ဘကြီးညိုတစ်ယောက် နံနက်တစ် ကြိမ်၊ ညတစ်ကြိမ်အပြင် နေ့လယ်တစ်ကြိမ် အပိုဆောင်း၍ မြတ်ဗုဒ္ဓအား ၀တ်ပြု ဆုတောင်းနေပြန်သည်။

ဘကြီးညို၏ တစ်နေ့သုံးကြိမ် ဘုရားရှင်အား ၀တ်ပြုဆုတောင်းခဲ့ပုံများကို မွန်ကိုရင်လေး ဇ၀န၏ ပြောပြချက်အရ ဤသို့ သိရှိရပါသည်။

ဘကြီးညိုသည် မွန်လူမျိုးဖြစ်သည့်အလျောက် ဘုရားဝတ်ပြုဆုတောင်းခြင်းကို မွန်ဘာသာဖြင့် ဆိုလေသည်။

မြန်မာလို ဩကာသ၊ ဩကာသ၊ ဩကာသဆိုသည်ကို မွန်ဘာသာ၊ မွန် အသံထွက်ဖြင့် "အောက်ကစ၊ အောက်ကစ၊ အောက်ကစ" ဟု ဆိုလေ သည်။ ဤသို့မွန်ဘာသာဖြင့် "အောက်ကစ" သုံးကြိမ်ရွတ်ဆို၍ ဘုရားဝတ်ပြု ဆုတောင်းခဲ့ပုံများကို မွန်ကိုရင်လေး ဇ၀နက ဤသို့ မြန်မာလိုပြန်ပြသည်။

"အရှင်မြတ်ဘုရား တပည့်တော်မောင်ညိုသည် ကျောင်းဆရာတစ်ဦးအနေဖြင့် နှစ်ပေါင်းသုံးဆယ်ကျော် နိုင်ငံတာဝန်ကို ကျေပွန်စွာထမ်းရွက်ခဲ့ ပြီး ဖြစ်ပါသည်ဘုရား။ နိုင်ငံတော်မှ ပေးအပ်ခဲ့သော ၀န်ထမ်းကောင်းဆုတံဆိပ်နှင့် ငြိမ်ဝပ်ပိပြားရေးဆိုင်ရာ ဆုတံဆိပ်များလည်း ရရှိခဲ့ပြီးဖြစ်ပါသည် ဘုရား။ ယခုနိုင်ငံတော်တာဝန် ထမ်းဆောင်နေသူဝန်ထမ်းများ အပိုထောက်ပံ့ကြေးငွေများ သုံးသောင်း ရရှိခဲ့သော်လည်း နိုင်ငံတော်အတွက် အနှစ်သုံး ဆယ်ကျော် တာဝန်ထမ်းရွက်ပြီးဖြစ်သော တပည်တော်တို့ အငြိမ်းစားဝန်ထမ်းဟောင်းများ အပိုကြေးငွေ တစ်သောင်းလောက်တော့ မရထိုက်ပေဘူးလား ဘုရား။ အငြိမ်းစားလစာငွေ တစ်သိန်း တစ်သိန်းအထက် ရရှိကြသော စစ်ဘက်နယ်ဘက် အကြီးစားဝန်ထမ်းများအတွက်တော့ တပည့်တော်မဆိုလိုပါဘု ရား။ ပြန်တမ်းဝင်မဟုတ်သော အရာရှိများနှင့် အောက်ဝန်ထမ်းဟောင်းများအတွက်တော့ အပိုကြေးငွေ အထိုက်အလျောက်ရရှိရန် အရှင်ဘုရား ကူညီမစ ပေးပါဘုရား။ ဒကာကြီး သူရဦးရွှေမန်းကိုလည်း အငြိမ်းစားဝန်ထမ်းငယ်များအတွက် အပိုထောက်ပံ့ကြေးငွေ ကူညီပံ့ပိုးပေးရန် လွှတ်တော်တွင် ထပ်မံ တင်ပြပေးပါရန် တိုက်တွန်းပေးပါဘုရား။ ပြည်ခိုင်ဖြိုးအမတ်မင်းတစ်ဦးကလည်း လွှတ်တော်တွင် ၅,၀၀၀ ကျပ်တန် လက်ကိုင်ဖုန်းကိုင်ဆောင်နိုင်ရန် တင် ပြမည်ဟု ကြားသိရသဖြင့် တပည့်တော်တို့ ပြန်တမ်းဝင် အောက်ဝန်ထမ်းငယ်များအတွက်လည်း အပိုထောက်ပံ့ကြေးငွေ တစ်သောင်းလောက်တော့ ထပ်မံ ပံ့ပိုးရန် တင်ပြပေးရေးအတွက် တိုက်တွန်းပေးပါဘုရား။ စစ်တပ်မှကိုယ်စားလှယ်ကြီးများ၊ NDF၊ NLD နှင့် အခြားပါတီအသီးသီးနှင့် တိုင်းရင်းသားကိုယ် စားလှယ်များကလည်း ၀ိုင်းဝန်းထောက်ခံပေးရန် တိုက်တွန်းပေးပါဘုရား။ တပည့်တော်ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုအစုစုကို နိုင်ငံတော် သမ္မတကြီး နှင့်တကွ ၀န်ကြီးအဖွဲ့ဝင်အားလုံး လွှတ်တော်ဥက္ကဋ္ဌကြီးများနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအားလုံးတို့အား အမျှပေးဝေပါ၏။ ထိုပုဂ္ဂိုလ် များအားလုံး အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် နိုင်ငံနှင့် လူမျိုးတို့၏အကျိုး၊ နိုင်ငံနှင့် နိုင်ငံသားများ၏အကျိုး၊ နိုင်ငံ့ဝန်ထမ်းနှင့် နိုင်ငံတော်အငြိမ်း စားဝန်ထမ်းတို့၏ အကျိုးကို သက်တော်ရာကျော်ရှည်သည့်တိုင်အောင် ထမ်းရွက်နိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သပါသည်ဘုရား။ "အောက်ကစ၊ အောက် ကစ၊ ပွုင့်လီအောက်ကစ" ဩကာသ၊ ဩကာသ သုံးလီ ဩကာသဟု နိဂုံးချုပ်ဝတ်ပြုရွတ်ဆိုမှုအပြီး ကိုရင်လေးဇ၀န၏ မွန်ဘာသာဖြင့် "စပ်ထု၊ စပ်ထု၊ စပ်ထု (သာဓု၊ သာဓု၊ သာဓု) သုံးကြိမ်ခေါ်ဆိုမှုနှင့်အတူ ရိုက်ခတ်လိုက်သော ကြေးစည်သံသည် ဆရာတော်၏ ကျောင်းတစ်ကျောင်းလုံး ပဲ့တင်ထပ်အောင် မြည်ဟီးသွားလေတော့သည်။

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၂၆.၅.၂၀၁၂

ပြည်တွင်းသတင်း

  1. နိုင်ငံတော်သို့ ရွှေပေးသွင်းရန် ကျန်ရှိသည့် ရွှေတူးဖော်မှု ကုမ္ပဏီများအား အရေးယူမည်
  2. နေပြည်တော်ရှိ နိုင်ငံပိုင်လုပ်ငန်းအချို့ ရပ်နားလိုက်သည့် အိမ်ခြံမြေဝယ်ယူမှုကျဆင်း
  3. အဂတိလိုက်စားမှုများ ကင်းနိုင်စေရန် ရန်ကုန်ရှိရုံးဌာနများတွင် အိုင်တီနည်းပညာသုံးမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒုတိယသမ္မတရာထူးတွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်း သမ္မတအကြံပေးအဖွဲ့ခေါင်းဆောင် ပြောကြား
  2. ကချင်ပြည်နယ်အတွင်းရှိ တာဝါတိုင်တစ်ချို့အား ထပ်မံမိုင်းဖေါက်ခွဲမှု ဖြစ်ပွား

သတင်းနှင့် ဆောင်ပါးများမှ ကောက်နုတ်ချက်များ

****************************************

ပြည်တွင်းသတင်းများ

နိုင်ငံတော်သို့ ရွှေပေးသွင်းရန် ကျန်ရှိသည့် ရွှေတူးဖော်မှု ကုမ္ပဏီများအား အရေးယူမည်

မြန်မာနိုင်ငံအတွင်း ရွှေသတ္တုအသေးစား ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများအနက် နိုင်ငံတော်သို့ ရွှေပေးသွင်းရန်ကျန် ရှိသည့် ကုမ္ပဏီများအား အရေးယူဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ မေလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။

“ရွှေသတ္တုတွင်းလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတစ်ချို့က ခုချိန်ထိကို နိုင်ငံတော်ကိုလည်း ရွှေတွေလုံးဝပေးသွင်းခြင်းမရှိဘူး။ တစ်ချို့ ကုမ္ပဏီတွေကျတော့ ပေးတော့ပေးတယ်။ ဒါပေမယ့် တော်တော်များများကို ကျန်နေသေးတယ်။ ဒီကုမ္ပဏီတွေကို အခုအရေးယူဆောင်ရွက်တော့မှာပါ”ပာု ၎င်းက ပြောကြားသည်။

သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်း လုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် ရွှေသတ္တု အသေးစား ထုတ်လုပ်မှုလုပ် ငန်းအား စာချုပ်ချုပ်ဆိုလုပ်ကိုင်ခဲ့ရာတွင် အချို့ကုမ္ပဏီများသည် ၂၀၀၇ ခုနှစ်မှစတင်၍ လုပ်ငန်းပါစာချုပ်အတိုင်း နိုင်ငံတော်သို့ပေးသွင်းရမည့် (၁၄) ပဲ ရည်နှင့်အထက် ရွှေများအား ပေးသွင်းရန် ပျက်ကွက်ခဲ့သည့်အတွက်  ယင်းကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအား အမည်ပျက်စာရင်းသွင်းခြင်းအပြင် တည်ဆဲ တရားဥပဒေများ၊ လုပ်ငန်းစာ ချုပ်ပါ စည်းကမ်းချက်များအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ နိုင်ငံပိုင်သတင်းစာ ထဲတွင် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ရွှေသတ္တုတူးဖော်ခွင့်ရ ကုမ္ပဏီများအနေဖြင့်လည်း ရွှေတူးဖော်မှုလုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်အခဲ အကြပ်အတည်းများနှင့် လုပ်ကိုင်ရ လျက်ရှိပြီး ရွှေတူးဖော်ရာတွင် အသုံးပြုရသည့် စရိတ်စကများမှာလည်း ကြီးမြင့်နေသည့်အတွက် ယင်းလုပ်ငန်းများတွင် အရှုံးပေါ်လျက်ရှိကြောင်း သိရ သည်။

“ကျွန်တော်တို့ ရွှေထုတ်တဲ့ လုပ်ငန်းအချို့မှာလည်း အရှုံးပေါ်တာတွေရှိပါတယ်။ အလုပ်သမားကြေးတွေပေးရတာတွေ၊ လိုအပ်ချက်တွေကို ဖြည့် ဆည်းရတာတွေ၊ တူးဖော်လို့မရတာတွေနဲ့ တော်တော်ကို အရှုံးများပါတယ်။ ဒါကြောင့် နိုင်ငံ တော်ကိုပေးသွင်းရမယ့် (၁၄)ပဲရည်ကိုမမှီဘူး။ဒါကြောင့် မပေး သွင်းနိုင်သေးတာပါ”ပာု ရွှေတူးဖော်မှုလုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သတ္တုတွင်းဝန်ကြီးဌာမှ ရွှေပေးသွင်းရန် ကျန်ရှိနေသေးသည့် ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များအား နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပြီး ၂၀၁၂ မေလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံတော်သို့ ပေးသွင်းရမည့်ရွှေများကို လာရောက်ပေး သွင်းရန်နှင့် လာရောက်ပေးသွင်းခြင်းမရှိသည့် ကုမ္ပဏီများ အား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်း စာများ၌ ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

နေပြည်တော်ရှိ နိုင်ငံပိုင်လုပ်ငန်းအချို့ ရပ်နားလိုက်သည့် အိမ်ခြံမြေဝယ်ယူမှုကျဆင်း

၂၀၁၂ ခုနှစ်အစပိုင်းတွင် နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေများကြောင့် နေပြည်တော်ရှိ နိုင်ငံပိုင်လုပ်ငန်းများအားလုံးကို ရပ်နားခဲ့သည့်အ တွက်  ယနေ့ချိန်ထိတိုင် နေပြည်တော်ရှိ အိမ်ခြံမြေဈေးကွက်တွင် ဝယ်ယူမှုများ ကျဆင်းလျက်ရှိကြောင်း နေပြည်တော်ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

“အရင်ဘဏ္ဍာနှစ်မကုန်ခင်မှာ နေပြည်တော်မှာရှိတဲ့ နိုင်ငံပိုင်ဆောက်လုပ်ရေးလုပ်ငန်းတွေအားလုံးကို ရပ်နားလိုက်ရတယ်။ ဒီတော့ နေပြည်တော် မှာ အိမ်ဝယ်မယ့်လူတွေကလည်း မဝယ်ရဲဘူး။ နေပြည်တော်က စီမံကိန်းတွေ ရပ်လိုက်ပြီဆိုရင် တခြားဘာမှလုပ်စရာမရှိတော့ဘူး။ ဒီတော့ ဘယ်သူကမှ စွန့်စားပြီး နေပြည်တော်မှာ အိမ်မဝယ်တော့ဘူး”ပာု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

နေပြည်တော်မြို့တော်သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့်အပြင် အစိုးရဝန်ကြီးဌာနများ ရုံးစိုက်ရာ အုပ်ချုပ်ရေးမြို့တော်အဖြစ် လူသိများ သော်လည်း ယခုနှစ်ပိုင်းတွင် အိမ်ခြံမြေဝယ်ယူမှုများ နည်းပါးလာခဲ့သည့်အပြင် လက်ရှိ ဆောက်လုပ်ဆဲဖြစ်သည့် နိုင်ငံပိုင်ဆောက်လုပ်ရေးလုပ်ငန်းအချို့ ကိုလည်း ရပ်တန့်ထားခဲ့သည့်အတွက် မကြာမီကာလအတွင်း မြို့တော်အဖြစ်မှ မြို့ငယ်အဖြစ်သို့ ဆင်းသက်သွားနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦး က သုံးသပ်ပြောကြားသည်။

“အိမ်ခြံမြေဈေးတွေက အခုနှစ်ပိုင်းမှာကို ဝယ်သူမရှိသလောက်ကို နည်းပါးသွားပြီ။ တစ်ချို့ နိုင်ငံပိုင်အဆောက်အအုံတွေဆိုရင် ဆက်တောင်မ ဆောက်ဘူး။ ရပ်နားထားရတယ်။ ဘတ်ဂျက်အခြေအနေတွေကြောင့်လို့တော့ ကြားတယ်။ ကျွန်တော်ထင်တယ်။ နေပြည်တော်ကမကြာဘူး မြို့တော်ကနေ မြို့ငယ်အထိကို ဆင်းသွားမယ်ထင်တယ်”ပာု ၎င်းက ဆက်လက်သုံးသပ်သည်။

ထို့ပြင် နေပြည်တော်အတွင်း မြေကွက်များ ဝယ်ယူထားသူများအနေဖြင့် ခြောက်လအတွင်း အိမ်ရာများဆောက်လုပ်ရန် သက်ဆိုင်ရာမှ ညွှန်ကြား ထားသော်လည်း ပိုင်ရှင်များက ဆောင်လုပ်ခြင်းမရှိသည့်အတွက် မြေကွက်များကို ပြန်လည်သိမ်းဆည်းမှုများရှိပြီး အိမ်ရာများဆောက်လုပ်ရာတွင် ကန့် သတ်ချက်များရှိသည့်အတွက် နေပြည်တော်အိမ်ခြံမြေ ဝယ်ယူမှုများမှာ တစ်နေ့တစ်ခြား ပိုမိုနည်းပါးလာလျက်ရှိကြောင်း နေပြည်တော်ရှိ အိမ်ခြံမြေအကျိုး ဆောင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

အဂတိလိုက်စားမှုများ ကင်းနိုင်စေရန် ရန်ကုန်ရှိရုံးဌာနများတွင် အိုင်တီနည်းပညာသုံးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရရုံးဌာနများတွင် အဂတိလိုက်စားမှုများ ကင်းရှင်းပပျောက်နိုင်စေရန် အိုင်တီနည်းပညာများ အသုံးပြု၍ အဂ တိလိုက်စားမှုပပျောက်ရေး ဖြေရှင်းဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ရန်ကုန်တိုင်းဒေသကြီးထဲမှာ ရှိတဲ့ အစိုးရရုံးဌာနတွေမှာ အိုင်တီနည်းပညာကို အသုံးပြုပြီးဆောင်ရွက်တော့မှာ။ အဓိက ကတော့ အကျင့်ပျက်ခြ စားမှုတွေ၊ အဂတိလိုက်စားမှုတွေ ပပျောက်သွားနိုင်စေဖို့အတွက် ရည်ရွယ်ပါတယ်။ လက်ရှိကတော့ ရန်ကုန်ကရုံးဌာနတွေမှာ အိုင်တီနည်းပညာသုံးဖို့ အတွက် စပြီးအကောင်အထည်ဖော်မယ်။ နောက်ပိုင်းကိုတော့ တခြား ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက ရုံးတွေမှာပါ အိုင်တီနည်းပညာသုံး ဆောင်ရွက်နိုင် ဖို့အတွက် လုပ်ဆောင်မယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

အာဆီယံဒေသတွင်းနိုင်ငံများအပြင် အခြားဖွံ့ဖြိုးပြီးနိုင်ငံများတွင်လည်း အစိုးရရုံးဌာနများမှ လုပ်ငန်းများ လုပ်ဆောင်ရာတွင် အိုင်တီနည်းပညာ များ အသုံးပြုကာ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်အတွက် ဖွံ့ဖြိုးဆဲဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့်လည်း အစိုးရ ၏ ရုံးဌာနများတွင် အိုင်တီနည်းပညာများအသုံးပြု၍ အဂတိလိုက်စားမှုများ ကင်းရှင်းပပျောက်လာနိုင်စေရန် ယခုကဲ့သို့ အိုင်တီနည်းပညာများအသုံပြုရန် စတင်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခု လက်ရှိ e-government စနစ်ဖြစ်ဖို့အတွက် အကောင်အထည်ဖော်နေတယ်။ အခက်အခဲတွေကတော့ အများကြီးရှိနေသေးတယ်။ မြန်မာနိုင် ငံက ခုမှဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်နေတော့ တချို့ဌာနတွေမှာဆိုရင် ကွန်ပျူတာကိုတောင် သိပ်မသုံးတက်သေးဘူး။ တော်တော်ကို လေ့ကျင့်ယူနိုင်မှဖြစ် မှာ”ပာု မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆရာ၊ ဆရာမ ၈၀၀ ကျော်ကို အိုင်တီနည်းပညာများဖြင့် စာသင်ကြားတက်မြောက်စေရန် သင်တန်းများပို့ချလျက်ရှိပြီး အခြား အစိုးရရုံးဌာနများတွင်လည်း အိုင်တီနည်းပညာ အသုံးပြုတက်နိုင်စေရန် သင်တန်းများ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဒုတိယသမ္မတရာထူးတွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်း သမ္မတအကြံပေးအဖွဲ့ခေါင်းဆောင် ပြောကြား

မေလ ၂၄ရက်နေ့ မနက်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်သည် အသက် ၆၁နှစ် အရွယ်ရှိပြီဖြစ်ပြီး ကျန်းမာရေးကြောင့် တာဝန်မှ နှုတ်ထွက်စာတင်ထားသည့် ဒုတိယသမ္မတ ဦးတင်အောင် မြင့်ဦးနှင့် ပတ်သက်၍ ၎င်းသည် လက်ရှိအခြေ အနေ၌ ဒုတိယသမ္မတရာထူး၌ တည်ရှိနေပြီး တာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်း ရန်ကုန်မြို့ ချင်းတွင်းလမ်းရှိ နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့ရုံးခန်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ပြောကြားသွားခဲ့ကြောင်း ယင်းပွဲသို့ တက်ရောက်သည့် ပြည်တွင်းမီဒီယာတစ်ဦးထံမှ သိရှိရသည်။

“သူပြောတာကတော့ ဒီမေလ ၃ရက်နေ့က ထွက်ရှိလာတဲ့ ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးပါနေတယ်ဆိုတဲ့အတွက် ကြောင့် သူ့တာဝန် သူ့နေရာနဲ့သူ ရှိနေတုန်းပဲဆိုတာ ပြတာပဲလို့ ပြောသွားတယ်။ ပြီးတော့ အဲဒီငြိမ်းချမ်းရေးအဖွဲ့ဖွဲ့စည်းတဲ့ ကြေညာချက်ထဲမှာ ပါနေတဲ့ အတွက်ကြောင့်လည်း ဘာမှသိပ်ပြီး စဉ်းစားနေစရာမလိုတော့ပါ ဘူးလို့လည်း ပြောသွားပါသေးတယ်”ဟု ၎င်းမှ ဆက်လက်ဆိုသည်။

အဆိုပါ သတင်းစာရှင်းလင်နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သည့် ယင်းအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်၊ စီးပွားရေးအကြံပေး ဒေါက်တာနေဇင်လတ်နှင့် ဥပဒေအကြံပေးများဖြစ်ကြသည့် ဦးစစ်အေးနှင့် ဒေါ်ခင်မျိုးမြင့်တို့မှ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ၏ အဓိကပြုလုပ်ရခြင်းအကြောင်းအရင်းသည် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက် တာဦးမြင့်၏ “ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး ပြည်သူသို့အိတ်ဖွင့်ပေးစာ”နှင့် ပတ်သက်၍ ပြုလုပ်ရခြင်းဖြစ် ကြောင်း နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်မှ ပြောကြားသည်။

ထိုပြည်သူသို့ အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍လည်း နိုင်ငံတော်သမ္မတအကြံပေးရုံး၏ သဘောထားဆန္ဒအလျောက်မဟုတ်သလို ကြိုတင်သိရှိ ခြင်းမျိုးမရှိကြောင်းနှင့် စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်မှ ယင်းစာထဲတွင် ထည့်သွင်းဖော်ပြထားသည်များကိုလည်း ကန့်ကွက်ခြင်း မျိုးမဟုတ်ကြောင်း ယင်းသတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားသွားကြောင်း သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------

ကချင်ပြည်နယ်အတွင်းရှိ တာဝါတိုင်တစ်ချို့အား ထပ်မံမိုင်းဖေါက်ခွဲမှု ဖြစ်ပွား

ကချင်ပြည်နယ်ရှိ နမ့်ခမ်း-မူဆယ် ၆၆ ကေဗွီဓာတ်အားလိုင်းရှိ H-Pole ကွန်ကရစ်ဓာတ်တိုင်အမှတ် (၂၄၉) အား တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)မှ ထပ်မံမိုင်းဖေါက်ခွဲမှုများ ဖြစ်ပွားကြောင်း မေလ ၂၆ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြချက်အရ သိရှိရသည်။

“ဖြစ်တာက မေလ ၂၅ရက်နေ့မှာ ဖြစ်တာပေါ့။ မသင်္ကာလို့ သွားကြည့်တော့ H-Pole ကွန်ကရစ်ဓာတ်တိုင်တစ်တိုင်က စောင်းနေတယ်။ အဲဒါနဲ့ သက်ဆိုင်ရာဒေသခံရဲတွေကိုအကြောင်းကြားလို့ သူတို့လာကြည့်တော့ ဟုတ်တယ်ပေါ့။ မိုင်းခွဲသွားတယ်ဆိုတာ သိရတယ်။ မိုင်းနဲ့တူတဲ့ အရာတွေလည်း တွေ့တယ်ဆိုပြီး ပြောတယ်”ဟု မျက်မြင်သက်သေဒေသခံတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ဒေသခံတစ်ဦးမှ သက်ဆိုင်ရာဒေသခံရဲတပ်ဖွဲ့အား သွားရောက်အကြောင်းကြားခဲ့ကြောင်း၊ သက်ဆိုင် ရာဒေသခံရဲတပ်ဖွဲ့မှလည်း ယင်းကွန်ကရစ်ဓာတ်တိုင်အား စစ်ဆေးမှုများ ပြုလုပ်ကြရာ၌ အခြားကျန်ရှိနေသေးသည့် တာဝါတိုင်များတွင်လည်း ပေါက်ကွဲ စေတတ်သည့်အရာ(မိုင်း)ဟု ယူဆရသည့် မသင်္ကာဖွယ်ရာ ပစ္စည်းများ တွေ့ရှိကြောင်းနှင့် ယင်းကဲ့သို့ မိုင်းဖေါက်ခွဲသူများမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြချက်အရ သိရှိရသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်သတ္တပတ်ကျော်တွင်လည်း ရွေလီ-မန်စံ၌ ၂၄၀ကေဗွီ ဓာတ်အားလိုင်းရှိသည့် တာဝါတိုင်များအား KIA လက်နက်ကိုင်အဖွဲ့ မှ မိုင်းဖေါက်ခွဲမှုများ ပြုလုပ်ခဲ့ပြီး ယခုအချိန်တွင် ယင်းတာဝါတိုင်များအနက် တာဝါတိုင် ၃တိုင်အား ပြန်လည်ပြုပြင်ပြီးဖြစ်သော်လည်း အမှတ် (၇၃) တာဝါတိုင်အား မေလကုန်ပိုင်းအတွင်း ပြန်လည်ကောင်းမွန်စေရန် လုပ် ဆောင်နေကြောင်း သိရသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကြားမှဝင်လာတယ်ဆိုတဲ့ သဘောတရားက အထူးသဖြင့် ပညာရှင်မဟုတ်ဘူး။ ကျွမ်းကျင်တဲ့လူမဟုတ်ဘူး။ ဒါကြောင့် ဒေါက်တာလှမြင့် (စီးပွားရေးပညာ ရှင်) ပြောတာက စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်တဲ့အခါမှာ လူမှန်နေရာမှန်ပြီလား ပြန်ကြည့်ရမယ်”

မေ ၂၄ ထုတ် 7Days News အတွဲ (၁၁) အမှတ် (၁၁) တွင်ပါသည့် “အစိုးရဌာနများတွင် ကြားဖြတ်အလုပ်ဝင်သူများကြောင့် ရှိရင်းစွဲဝန်ထမ်းများ စိတ် ဓာတ်ကျနိုင်”သတင်းမှ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ (အငြိမ်းစား) ဦးသန်းလွင်၏  ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------

“အချို့စီးပွားရေးပညာရှင်များအနေဖြင့် စီးပွားရေးနှင့် နိုင်ငံရေးအပြောင်းအလဲကာလများတွင် အခက်အခဲများကို  တစ်စုံတစ်ခုသောကာလအထိ တွေ့ကြုံ ရမည်။ ရင်ဆိုင်ကျော်ဖြတ်ရမည်ဟု ဆိုလေ့ရှိကြပါသည်။ စာရေးသူအနေဖြင့် ပိတ်ပင်တားဆီးထားသည့် အခြေအနေတစ်ရပ်မှ ပွင့်လင်းလွတ်လပ်စွာ လုပ် ကိုင်ခွင့်ရရှိသည့် အခြေအနေတစ်ရပ်မှ ပွင့်လင်းလွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိသည့် ခေတ်ကာလကို ပြုပြင်ပြောင်းလဲမည်ဆိုပါက ကုန်ထုတ်လုပ်ငန်း များသည် ဆင့်ကဲတိုးတက်ဖြစ်ထွန်းမှုများသာ ဖြစ်ပေါ်လာရမည်ဖြစ်ကြောင်း ယုံကြည်မှတ်ယူထားပါသည်။ ပို၍ ပွင့်လင်းလွတ်လပ်စွာ လုပ်ကိုင်ဆောင် ရွက်ခွင့်ရရှိသည့် ခေတ်ကာလဖြစ်ပါက ပို၍ပို၍ ဆင့်ကဲဆင့်ကဲ တိုးတက်ဖြစ်ထွန်းမှုများသာ ဖြစ်ပေါ်လာသင့်ပါသည်။ ထူးခြားစွာပင် ရှိရင်းစွဲအနေအထား ထက်ပို၍ တိုးတက်မလာဘဲ အခက်အခဲများသာ တွေ့ကြုံရင်ဆိုင်နေရပြီဆိုပါက တစ်စုံတစ်ရာ မှားယွင်းမှုဖြစ်ပေါ်နေပြီဟု ယူဆသတ်မှတ်သင့်ပါသည်။ ဖြစ်ပေါ်ကြုံတွေ့နေရသည့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်မည့် အထူးအစီအမံကောင်းများ အချိန်မီချမှတ်ဆောင်ရွက်ပေးသင့်သည်ဟု ယုံကြည် ယူဆပါသည်”

မေ ၂၄ ထုတ် 7Days News အတွဲ (၁၁) အမှတ် (၁၁) တွင်ပါသည့် ဆောင်းပါးရှင် မောင်ဧရာဝတီ ရေးသားသည့် “ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှု၏ စီးပွား ရေးမျှခြေ ပျက်ယွင်းခြင်း” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------

“အခုစစ်တမ်းမှာ လယ်ယာကဏ္ဍမဟုတ်တဲ့နေရာတွေမှာ တိုးတက်အောင်လုပ်ဖို့လိုတယ်လို့ မီးမောင်းထိုးပြတယ်။ မြန်မာနိုင်ငံရဲ့လူဦးရေ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်နေပြည်သူတွေဖြစ်ပြီး လယ်ယာကဏ္ဍမှာ ပါဝင်ပတ်သက်နေတယ်။ ဒီနေရာမှာ သူတို့အတွက် အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းတွေ ပေါ်ထွက်လာ ဖို့လိုတယ်။ လယ်ယာကဏ္ဍဟာ ရာသီအလိုက်ဖြစ်တဲ့အတွက် တစ်နှစ်ပတ်လုံး အလုပ်အကိုင် အခွင့်အလမ်းမရှိဘူး။ ဒီလိုအသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့နဲ့ ကျေးလက်ဒေသဖွံ့ဖြိုးဖို့ဆိုရင် မုန့်လုံးစက္ကူကပ်သလိုပဲ။ နောက်ဆုံးကျတော့ လျှပ်စစ်မီး ပုံမှန်ရရှိဖို့က အရေးကြီးပါတယ်”

မေ ၁၉ ထုတ် The TRADE TIMES အတွဲ (၁) အမှတ် (၇) တွင်ပါသည့် “၂၀၁၂ တွင် မြန်မာ့စီးပွားရေး ၆ ရာခိုင်နှုန်းကျော်တိုးမည်” သတင်းမှ ဒေါက်တာ အောင်ထွန်းသက်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs